Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည် မရာဒေသတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား စစ်ရေးအရှိန်မြင့်လာပြီး၊ အပြန်အလှန် ပစ်ခတ်မှုများ ပိုပြင်းထန်လာ

ချင်းပြည် မရာဒေသတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား စစ်ရေးအရှိန်မြင့်လာပြီး၊ အပြန်အလှန် ပစ်ခတ်မှုများ ပိုပြင်းထန်လာ

0
By Editor on February 3, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မရာဒေသတွင် CNA ၊ CDF- Mara အပါအဝင် ချင်းပူးပေါင်းတပ်ဖွဲ့ (၇) ဖွဲ့နှင့် မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ MDF/ MTC တို့အကြား စစ်ရေးအရှိန်မြင့်လာပြီးနောက် အချင်းချင်းတိုက်ပွဲများ (၃) ရက်ကြာ အပြင်းအထန် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

CNA၊ CDF- Mara ၊CDF- Paletwa၊ CDF- Thanglang၊ CDF – Zophei၊ CDF- Lautu နှင့် CDF – Senthang စသည့် ချင်းပေါင်းတပ်ဖွဲ့က MDF တပ်ဖွဲ့၏ စခန်းတစ်ခုကို ဇန်နဝါရီလ ၃၁ ရက်မှ စတင်၍ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်အထိ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MDF/ MTC) အထွေထွေအတွင်းရေးမှူးက ပြောသည်။

“CNA နဲ့ CDF- Mara နဲ့ မဟာမိတ်တွေက ဒီနေ့ကတော့ ဒရုန်းနဲ့တင် မဟုတ်ပဲနဲ့ လက်နက်နဲ့ပါ လာတိုက်နေ တာပါ။ အခုလည်း တိုက်နေကြတယ်။ အခုလောလောဆယ်ကတော့ MDF ကိုအပြတ်ချေမှုန်းမယ်၊ မရာနယ်မြေမှာ ချင်းပြည် နယ်မှာ မမြင်စေရမယ်ဆိုတဲ့ သဘောထားနဲ့ CNA ဦးဆောင်ပြီးတော့ CDF- Mara နဲ့ မဟာမိတ်များက စခန်းကို လာပြီး NUG က ထောက်ပံ့တဲ့ လက်နက်တွေ၊ ဒရုန်းတွေနဲ့ လာတိုက်ခိုက်နေတာဖြစ်ပါတယ်” ဟု (MDF/ MTC) အထွေထွေအတွင်းရေးမှူးက ပြောသည်။

ဇန်နဝါရီလ ၃၁ ရက်က ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်တွင် ဒရုန်းဗုံးများအသုံးပြုကာ ချင်းပူးပေါင်းတပ်ဖွဲ့ (၇) ဖွဲ့က အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လာကာ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်မှာပင် ဒရုန်းဖြင့် အကြိမ်ပေါင်း ၃၀ ကျော် တိုက်ခိုက်ခံခဲ့ရသည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း MDF က ထိခိုက်ကျဆုံးမှုများ မရှိကြောင်း၊ ချင်းပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂ ဦးကျဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာများရရှိကြောင်း သိရသော်လည်း အတည်ပြုရန်ခက်ခဲကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူက ပြောသည်။

CDF- Mara မှ တာဝန်ရှိသူက တိုက်ပွဲအကြောင်း၊ အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိမှုသတင်းကို မသိရသေးသောကြောင့် အတည်မပြုနိုင်ကြောင်း ခိုနူမ်းသုန်ကို ပြောသည်။

“စစ်ရေးတင်းမာနေတာတော့ အားလုံးအသိပါ။ ဒဏ်ရာသတင်းတော့ ခုချိန်ထိ ဘာမှမသိရပါဘူး” ဟု CDF – Mara မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် CDF- Mara တပ်ဖွဲ့ဝင် (၅) ဦးကို MDF အဖွဲ့မှ ဖမ်းဆီးထားပြီး MDF တိုက်ခိုက်မှုကြောင့် CDF- Mara တပ်သား (၂) ဦးနှင့် CNA မှ တပ်သား ၁ ဦးတို့ ကျဆုံးခဲ့ရကြောင်း၊ ကျဆုံးသူများထဲမှ CDF – Mara ရဲဘော်တစ်ဦးနှင့် CNA ရဲဘော်တစ်ဦးတို့မှာ ဇန်နဝါရီလ ၂၄ ရက်က CDF – Mara စခန်းကို တိုက်ခိုက်ခံရမှုမှာ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

CNA ရဲဘော်၏ အလောင်းကို ပြန်လည်းရရှိချိန်တွင် ဦးခေါင်းမှာ ကွဲအက်နေကာ လက်နက်ကြီး၊ လက်နက်ငယ် ဒဏ်ရာမဟုတ်သော ဒဏ်ရာများကို ခန္ဓာကိုယ်ပေါ်တွင် တွေ့ရှိခဲ့ရသည်ဟု CDF- Mara၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် CDF Mara နှင့် မဟာမိတ်များအနေဖြင့် MDF ကို စစ်ရေးနှင့် အုပ်ချုပ်ရေးအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၄ ရက်က ထုတ်ပြန်ပြီး တစ်ပတ်ခန့်အကြာတွင် ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်လာခြင်းဖြစ်သည်။

“CNA ရဲဘော်ကို သူတို့ပစ်သတ်ထားတယ်၊၊ အလောင်းကို ရမစရာမရှိအောင် လုပ်ထားတော့ CNA ဘက်က ပါဝင်လာမယ်ဆိုရင် သဘာဝကျပါတယ်” ဟု CDF Mara မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ပြည်သူလူထု ထိခိုက်နစ်နာမှု မရှိစေရန်နှင့် ချင်းညီအစ်ကို အချင်းချင်းကြား မလိုလားအပ်သော ပဋိပက္ခများ မရှိစေရန် ပြင်းထန်သော စစ်ရေးအရ ပြန်လည်တုံပြန်မှုများကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး ခံစစ်အဖြစ်သာ ခုခံနေကြောင်း မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။

MDF ကို ခြေမှုန်းရန် အင်အားအလုံးအရင်းသုံးပြီး စစ်ရေးအရ တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်တန့်ရန် သက်ဆိုင်သော အဖွဲ့များကို အသိပေးလိုကြောင်း၊ လိုက်နာခြင်း မရှိပါက ကျယ်ပြန်လာမည့် နောက်ဆက်တွဲ ပြသာနာများ ရှိလာလိမ့်မည်ဖြစ်ကြောင်း မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီမှ အထွေအထွေ အတွင်းရေးမှူးက ပြောသည်။

“ကျနော်တို့ကတော့ လိုအပ်ရင် လိုအပ်သလို မဟာမိတ်ကို ခေါ်သင့်ရင် ခေါ်ရမှာပဲ။ အခုက ၃ ရက် ရှိပြီ။ သူတို့ အခြေအနေကို ကြည့်ပြီးမှ လိုအပ်ရင် မဟာမိတ်ကို ခေါ်ပြီး ကာကွယ်တိုက်ခိုက်ရမှာဖြစ်တယ်” ၎င်းက ပြောသည်။

MDF သည် ရက္ခိုင်တပ်တော် (AA) ၊ မင်းတပ် – CDF တို့နှင့် စစ်အာဏာရှင်တော်လှန်ရေးအတွက် မဟာမိတ် ဖွဲ့ထားကြောင်း၊ ချင်းညီနောင်တွင်လည်း စစ်ရေးနှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရန် မကြာသေးခင်ရက်ပိုင်းက ၀◌င်ရောက်ပူးပေါင်းထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.