Author: Editor

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့အနီးကို ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု CDF – ကန်ပက်လက် တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဘာစစ်ရေးလှုပ်ရှားမှုမှမရှိဘဲနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာပါ။ ဘာဗုံး အမျိုးအစားနဲ့ ပစ်ခတ်တယ်ဆိုတာ အတည် မပြုနိုင်သေးပါဘူး။ သုံးသပ်မိသလောက် Rocket တွေ ဖြစ်ဖို့များတယ်။ မြေပြင်အခြေနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၁၄ ရက် မနက် ၁၁ နာရီခန့်တွင် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့နှင့် လောင်းရှည်ကြားရှိ ကျင်ဒွေးရောက်ခါနီး ၇ မိုင်ခန့်အကွာရှိ နေရာများကို စစ်ကောင်စီက ဂျက်လေယာဉ်တစ်စီးဖြင့် ဗုံး ၈ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကျင်ဒွေးမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသကဲ့သို့ ကန်ပက်လက်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟု သိရသည်။ ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသကဲ့သို့ အဆောက်အဦးများလည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။ စစ်ကောင်စီ၏ လော်ဘီချန်နယ်တချို့တွင် ကျင်ဒွေးမြို့စစ်စခန်းများကို တိုက်ခိုက်ရန် လောင်းရှည်အနောက်ဖက် ရွာများမှတစ်ဆင့် ကားများဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တက်သွားကြသည်ဟု သတင်းများ ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်က ပျံ့နှံ့နေခဲ့သည်။

Read More

(005MK) မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုးသဲကျေးရွာတွင် မြန်မာနိုင်ငံသား ၂ ဦးထံမှ ရူပီးငွေ ၁၀ သိန်းကျော်တန်ဖိုးရှိသော ဆေးခြောက်များကို အာသံရိုင်ဖယ်နှင့် မီဇိုရမ်မူးယစ်ဌာနတို့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ အာသံရိုင်ဖယ်တပ်နှင့် မီဇိုရမ်မူးယစ်တိုက်ဖျက်ရေးဌာနတို့သည် ကြိုတင်သတင်းရရှိမှုအပေါ် ဇိုးသဲကျေးရွာတွင် စုံစမ်းစစ် ဆေးမှုများဆောင်ရွက်ရာမှာ ချင်းပြည်နယ် တွန်းဇံမြို့နယ် ဒါရ်ခိုင်ကျေးရွာက ချင်းလူမျိုး ၂ ဦးထံမှ အဆိုပါ ဆေးခြောက်များကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးရမိခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူ ၂ ဦးမှာ ဒါရ်ခိုင်ကျေးရွာက အသက် ၂၅ နှစ်အရွယ် Ginsiansiam နှင့် အသက် ၃၅ နှစ်အရွယ် ထန်လမ်းကျင်တို့ဖြစ်ကြသည်ဟု ဒေသတွင်သတင်းမှာဖော်ပြသည်။ ဖမ်းဆီးထားသည့် ဆေးခြောက်များကို မီဇိုရမ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနက သိမ်းဆီးထားပြီး ဖမ်းဆီးခံသူနှစ်ဦးကို ဉပဒေကြောင်းအရ ဆက်လက်အရေးသွားမည်ဟု သိရသည်။

Read More

(002MG) စစ်ကိုင်တိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို ပြန်လည်ရရှိရန် စစ်ကောင်စီက လေကြောင်းဖြင့်တိုက်ခိုက်နေပြီး ယနေ့ ဒီဇင်ဘာလ ၁၃ ရက် ၂ နာရီတွင်လည်း ထပ်မံဗုံကြဲခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ခမ်းပတ်မြို့ခံတစ်ဦးက “၂ နာရီတုန်းက ဂျက်ဖိုက်တာနဲ့ ဗုံးတစ်တခါကြဲတာ၊ ၅ မိနစ်ကြာမှာလည်း နောက်တခါ ထပ်ကြဲတယ်။ အမှတ် ၁ ရပ်ကွက်ထဲကို ကြဲတာ” ဟု ပြောသည်။ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသည့်အခြေအနေကို မူ မသိရှိရပေ။ ယမန်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့က လေကြောင်အသုံးပြုပြီး ဗုံး (၄) ကြိမ် ကြဲခဲ့သည့်အပြင် မြေပြင်တွင်လည်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ခမ်းပတ်မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်လာသောကြောင့် လက်ရှိတွင် မြို့ခံပြည်သူအားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။

Read More

“မတက်ရောက်နိုင်သေးတဲ့ ၃ ဖွဲ့နဲ့လည်း ညီလာခံပြီးရင် တွေ့ဆုံဖို့ရှိတယ်။ သူတို့ ပါဝင်လာနိုင်ရေးကို တံခါးဖွင့်ထားပါတယ်” (006SV) ပထဆုံးအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ဒီဇင်ဘာလ ၄ ရက်မှ ၇ ရက်အထိ ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်၊ Victoria Base တွင် အောင်မြင်စွာကျင်းပခဲ့ပြီး ချင်းလူမျိုးများ ကိုယ်တိုင်ရေးဆွဲ ပြဌာန်းသည့် ချင်းပြည်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုခဲ့ကြသည်။ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည် တည်ဆောက်ရန်၊ နိုင်ငံရေးနှင့် အမျိုးသားတန်း တူရေး၊ အာမခံချက် ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရန် နှင့် ဒီမိုကရေစီစနစ်တည်ဆောက်ရန် စသည့် ရည်မှန်းချက် ၃ ခုနှင့်လည်း ချင်းပြည်ကောင်စီကို ဖွဲ့စည်းခဲ့ကြပါသည်။ ချင်းပြည်ကောင်စီက လွှတ်တော်၊ အစိုးရနှင့် တရားလွှတော်ချုပ်တို့ကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမည်ဖြစ်သည်။ ချင်းပြည်ကောင်စီညီလာခံမှာ အစုအဖွဲ့ (၃) ခု ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်များ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်အစု အဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့်ဒေသအစုအဖွဲ့မှကိုယ်စားလှယ်များမှ ၁၄ ဖွဲ့ တက်ရောက်ခဲ့ကြပြီး ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)နှင့် ကန်ပက်လက်မြို့နယ်ကောင်စီ/ CDF-ကန်ပက်လက်တို့က တက်ရောက်ခြင်းမရှိခဲ့ပေ။ ဤသို့ ချင်းပြည်နယ်၏ လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် တော်လှန်ရေးအရှိန်အဟုန်မြှင့်နေသည့်ကာလ ချင်းပြည်ညီလာခံမှ တဆင့် ချင်းပြည်ကောင်စီနှင့် ချင်းပြည် အုပ်ချုပ်ရေး ယန္တရားများကို ဖွဲ့စည်းနိုင်မှုက ချင်းတော်လှန်ရေးကို ဘယ်လိုအရွေ့တွေ ဖြစ်ပေါ်လာနိုင်မလဲ ချင်းပြည်ကောင်စီ…

Read More

ရေး – Salai Kuebungbelမြန်မာ့နွေဦးတော်လှန်ရေး ၂ နှစ်နဲ့ ၈ လကျော်ကြာလာချိန် ၂၀၂၃ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကြိုတင်ထင် မှတ် မထားကြသည့် တော်လှန်ရေးအချိုးအကွေ့တစ်ကွေ့ကို ရောက်ရှိစေမည့် စစ်ကောင်စီ ဆန့်ကျင်ရေး ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့ ရခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) တို့မှ တညီတညွတ်တည်း ကြေငြာချက်ထုတ်ပြန်၍ စတင်လိုက်သည်။ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် မန္တလေးတိုင်းတို့တွင် စစ်ဆင်ရေးပထမပိုင်း ငါးရက်အတွင်း စစ်ကောင်စီစခန်း ၉၀ ခန့်နှင့် သေနင်္ဂဗျူဟာကျသည့်မြို့အချို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက် လိုက်သည်။ (ဧရာဝတီ ၄ နိုဝင်ဘာ ၂၀၂၃) ချင်းတော်လှန်ရေးအဖွဲ့များ၏ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် အောင်ပွဲများ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်စောစောတွင် ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်သော ချင်းတော်လှန်ရေး အင်အားစုများသည် အိန္ဒိယနယ်စပ်မှ မြန်မာစစ်တပ်စခန်းနှစ်ခုကို သိမ်းပိုက်သည်။ နာရီပိုင်းအတွင်း ထိုစခန်းများကို သိမ်းပိုက်ကာ စစ်ကောင်စီတပ်သား ၄၃ ဦးသည် အိန္ဒိယနိုင်ငံ မီဇိုရမ် (Mizoram) ပြည်နယ်သို့ ထွက်ပြေးရသည်။ ထိုနေ့ကုန်ဆုံးသောအခါ အရေးပါသည့် အိန္ဒိယနယ်စပ်မြို့ ရိဒ်ခေါဒါရ် (Rihkhawdar) တွင် ချင်းအလံလွှင့်ထူနိုင်သည်။ ရိဒ်ခေါဒါရ်-ဇိုးခေါထာရ် (Rihkhawdar-Zokhawthar) အိန္ဒိယနယ်စပ် ဖြတ်ကျော်ရေး စခန်းသည် မြန်မာမှ အိန္ဒိယသို့သွားသည့် အဓိက ကုန်းလမ်းများအနက် တစ်ခုဖြစ်သည်။ မြန်မာတွင် ၂၀၂၁ ခုနှစ်…

Read More

(006SV) မြန်မာပြည်သူလူထုတစ်ရပ်လုံးက မျှော်လင့်တောင့်တနေသော နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည်မဟုတ်ဘဲ ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ လူထုတစ်ရပ်လုံးနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်ညမှာ သတင်းထုတ်ပြန်သည်။ လတ်တလောတွင် တွေ့မြင်နေရသော သတင်းများကြောင့် မြန်မာပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေသည်ကို မိမိတို့အနေဖြင့် သိရှိရ၍ အဆိုပါကိစ္စရပ်များအပေါ် များစွာစိုးရိမ်ပူပန်မှုမရှိကြစေရန် ပြောကြားလိုသည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်လာခြင်းဖြစ်သည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည့်အထိ လုပ်သင့်လုပ်ထိုင်သည်များကို လူထုတစ်ရပ်လုံးနှင့် လက်တွဲကာ လုပ်ဆောင်သွားမည်ဟု အသိပေးအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ အကူအညီဖြင့် ညီနောင်မဟာမိတ်အဖွဲ့များနှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ပြီး သဘောတူညီမှုတချို့ရရှိခဲ့သည်ဟု ဒီဇင်ဘာလ ၁၁ ရက်က သတင်းများ ထွက်ပေါ်လာပြီးနောက် ယမန်နေ့ညမှာ မြောက်ပိုင်းညီနောင် မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်လာခြင်းဖြစ်သည်။ ထို့အပြင် မြန်မာလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသော နိုင်ငံရေးရည်မှန်းချက်မျာကို မိမိတို့အနေဖြင့် မည်သည့်အခါမှ လျစ်လျူရှုသွားမည်မဟုတ်သည့်အပြင် နောက်လှည့်၍သွားမည်သူများ မဟုတ်ကြောင်း မြောက်ပိုင်း (၃) ဖွဲ့က လူထုကို အသိပေးထုတ်ပြန်သည်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း တရုတ်အကူအညီနှင့် ညီနောင်မဟာမိတ်အဖွဲ့များဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်၊ ထပ်မံတွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များလည်း ရှိသည်ဟု စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ အတည်ပြုဖြေကြားခဲ့သည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး၏ ၄၇ ရက်တာအတွင်း စစ်ကောင်စီ စခန်းပေါင်း ၂၈၀ ကျော်၊ မြို့ကြီးတချို့…

Read More

(003PT) ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းကို ဆက်သွယ်သော ကလေး-သိုင်းငင်းလမ်း ပိတ်ထားမှုကြောင့် ဖလမ်းမြို့နယ် ဗားလုံးကျေးရွာအနီးတွင် ကုန်တင်ကားနှင့် ခရီးသည်တင်ကား အစီး ၁၀၀ ခန့် ၂ ပတ်ကျော်ကြာ ပိတ်မိသောင်တင်နေပြီဟု သိရသည်။ ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်-ဖလမ်း-ဟားခါးဘက်သို့ဆက်သွယ်သော ကားလမ်းမကြီးကို လုံခြုံရေး အခြေအနေကြောင့် နို၀င်ဘာလ ၂၇ ရက်နေ့ကစ၍ CDF CDM-Siyin တပ်ဖွဲ့က ဖြတ်သန်းသွားလာခွင့်ပိတ်ထားခြင်းဖြစ်ပြီး ဖလမ်း-ဟားခါးဘက်မှ ကလေးမြို့သို့ ဆင်းလာသော ကုန်တင်ကားနှင့် ခရီးသည်တင်ကားအစီး ၁၀၀ ခန့်မှာ ဖလမ်းမြို့နယ် ဗားလုံ၊ နယူးစွမ်ပီးရွာနှင့် တီးတိန်မြို့နယ် ဇောင်ကုန်ကျေးရွာတို့တွင် ပိတ်မိနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။ ချင်းတောင်မှ ကလေးမြို့ဘက်သို့ဆင်းမည့် အဆိုပါယာဉ်တန်း ပိတ်မိနေသည်မှာ ၂ ပတ်ကျော်လာပြီဖြစ်၍ ကားသမားများ အစားအသောက်ပိုင်းမှာ အခက်ကြုံနေကြရပြီး ကျေးရွာဒေသခံများက ကျွေးမွေးနေကြရသည်ဟု သိရသည်။ “ကျွန်တော်တို့ ကျေးရွာက လူထုက ကျွေးမွေးတယ်။ ဝတ်တွေသတ်ပြီးပေးတယ်၊ ကြက်ဥတွေပေးတယ် ပြီးတော့ ဆန်တွေလည်းပေးတယ်” ဟု ဗားလုံကျေးရွာခံတစ်ဦးက ပြောသည်။ ကားလမ်းပိတ်ဆို့မှုကြောင့် သောင်တင်နေကြသော ခရီးသွားပြည်သူများမှာ ၎င်းတို့၏ မိသားစု၀င်များက ဆိုင်ကယ်ဖြင့် လာရောက်ခေါ်ယူကာ အိမ်ပြန်လှည့်ခဲ့ကြရသည်ဟု သိရသည်။ ခရီးသည်တင်ကားနှင့် ကိုယ်ပိုင်အိမ်စီးကားများမှာ ဖလမ်းမြို့ဘက်သို့ပြန်လှည့်ကာ ‌ေ၀ဘူလလမ်းမှတဆင့် ကလေးမြို့သို့ ပြန်လှည့်ကြသော်လည်း နတ်ချောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်က လမ်းပိတ်ထားခြင်းကြောင့် အခက်ကြုံနေကြရသည်ဟု သိရသည်။ “တစ်ချို့ ခြောက်ဘီးကားတွေက ဝေဘူလမြို့ဖက်ကနေ ပတ်ပြီးသွားကြတယ် အစတော့ နတ်ချောင်းဘက်ကနေ ဝင်လို့ရတယ်၊ ဒါပေမဲ့ အခုတော့ ဝင်လို့မရကြတော့ဘူးလို့ပြောတယ်။ အခုက သုံးပတ်မြောက် ပိတ်မိနေကြတာ”…

Read More

(003PT) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရှင်းလက်ဝ ကျေးရွာအနီးတွင် ဆိုင်ကယ်ဖြင့် ခရီးသွားပြည်သူတစ်ဦး မိုင်းနင်းမိ၍ အပြင်းထန်ဒဏ်ရာရရှိကာ အရေးပေါ်ဆေးရုံတင်ထားရသည်ဟု သိရသည်။ပလက်ဝမြို့နယ်၊ ကောက်ကြီးဝကျေးရွာတွင်နေထိုင်သူ အသက် ၄၄ နှစ်ရှီ ဦးကျော်ထွန်းသည် ဒီဇင်ဘာလ ၈ ရက်နေ့က ရှင်းလက်ဝကျေးရွာသို့ ဆေးဝယ်ရန် ဆိုင်ကယ်ဖြင့်သွားနေစဥ် ရှင်းလက်ဝ ရွာအနီး လမ်းမတွင် မိုင်းတက်နင်းမိရာမှ ခြေထောက်တွင် ဒဏ်ရာအပြင်းထန်ရရှိခဲ့ခြင်းသည်။ဒဏ်ရာရရှိသူ ဦးကျော်ထွန်းကို ပလက်ဝဆေးရုံသို့ ပို့ဆောင်ရန်ကြိုးစားခဲ့သော်လည် လမ်းပန်းဆက်သွယ်ရေး အသွားလာ ပိတ်ပင်ထားမှုကြောင့် ဒီဇင်ဘာလ ၉ ရက်နေ့က မိဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ရှိ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း ပလက်ဝမြို့နယ် စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။“ဒဏ်ရာကတော့ အပြင်းထန်ကတော့ ခြေဖဝါး နည်းနည်း ပွမ်းပဲ့တဲ့အနေထားရှိတယ်။ ပြီးတော့ ပေါင်းတွေလည်း ကျည်အစတွေ ထိတဲ့ဟာတွေရှိတယ်၊ ဓာတ်မှန်တွေရိုက်ပြီးမှ Operation လုပ်မယ်လို့တော့ ဒေါက်တာက ချိန်းထား တာရှိတယ်။ ဆိုတော့ အခက်ခဲတစ်ခုက ပြည်ပမှာလဲ သူ့ရဲ့ညီအစ်ကို အသိုင်းအဝိုင်းကမရှိတဲ့အခါမှာကျတော့ ငွေရေးကြေးရေးက အခက်ခဲရှိတယ်။ ပံ့ပို့မယ့်လူက မရှိဘူး” ဟု စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။မိုင်းဒဏ်ရာကြောင့် ဒဏ်ရာရရှိသူ ဦးထွန်းကျော်သည် မိသားစုဝင် ၆ ဦးရှိပြီး တောင်ယာလုပ်ငန်းကို လုပ်ကိုင်စားသောနေသည့် သာမန်ပြည်သူတစ်ဦးဖြစ်သည်။ ဦးကျော်ထွန်းအား အကူအညီ အထောက်ပံ့များပေးလိုသူများရှိပါက ယခု ဖုန်းနံဘတ် ၉၂၃၃၆၇၆၁၅၁ တွင် ဆက်သွယ် မေးမြန်းလှူဒါန်းနိုင်သည်။

Read More

(002MG) အာဏာသိမ်းစစ်ကောင်စီအဖွဲ့ထဲတွင် ပူးပေါင်းပါ၀င်သော ချင်းတိုင်းရင်းသား ဒေါက်တာမှုထန်းအပါအ၀င် စစ်ကောင်စီ ထပ်ပိုင်းအရာရှိ ၄ ဦးနှင့် လက်နက်ပွဲစား ကုမ္ပဏီ ၂ ခုတို့ကို ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ကထုတ်ပြန်သော ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုထဲတွင် ချင်းပြည်နယ် ထန်တလန်မြို့ ဇာတိ၊ ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌလည်းဖြစ် စစ်ကောင်စီအဖွဲ့၀င် ဒေါက်တာမှုထန်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုးတို့ပါ၀င်သည်။ ထို့အပြင် စစ်ကောင်စီကို လက်နက်ပစ္စည်းများ ပံ့ပိုးနေသည့် Star Sapphire Group OF Companies၊ Royal Shune Lei Company Limited တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း ဥရောပသမဂ္ ဂ(အီးယူ) ကထုတ်ပြန်သည်။ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုစာရင်းထဲပါသူများ၏ ငွေကြေးများကို သိမ်းဆည်းကာ ခရီးသွားလာခွင့်ကိုလည်း ပိတ်ပင်သွားမည်ဟု ထုတ်ပြန်ထားသည်။ လက်ရှိတွင် ဥရောပသမဂ္ဂ (အီးယူ) သည် မြန်မာနိုင်ငံမှ အဖွဲ့အစည်း (၂၁) ခုနှင့် လူပုဂ္ဂိုလ် (၁၀၃) ဦးတို့ကို ပိတ်ဆို့အရေးယူထားပြီးဖြစ်ကာ ယင်းစာရင်းထဲတွင် ပါဝင်သူများ၏ ပိုင်ဆိုင်မူများကို ဆိုင်းငံ့ထားခြင်း၊ငွေကြေးလွဲပြောင်းပေးအပ်မူ များကို တားမြစ်ခြင်းနှင့် ခရီးသွားလာခြင်းတို့ကိုပိတ်ပင်ထားသည်ဟု RFA ကဖော်ပြထားသည်။ ဥရောပသမဂ္ဂ (အီးယူ) ၏ ဒဏ်ခတ်ပိတ်ဆို့မှုတွင် ပါ၀◌င်လာသော ဒေါက်တာမှုထန်သည် ZCD ပါတီ အထွေထွေအတွင်း ရေးမူး ပူးဂင်ကမ်းလျန်အစား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနစ် ဖေဖော်ဝါရီလ…

Read More

(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော “နှုံးဘူး” ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဗျူဟာမှူး အလောင်းအပါအဝင် အလောင်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က ယနေ့မှာ သတင်းထုတ်ပြန်သည်။ နှုံးဘူးဗျူဟာကုန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၇ ရက်အကြာ ဒီဇင်ဘာလ ၁၀ ရက် ည ၁၁ နာရီ ၄၅ မီနစ်တွင် ဗျူဟာကုန်းတစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ရက္ခိုင့်တပ်တော် AA သည် နှုံးဘူးဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရေးအတွက် တစ်လနီးပါးအကြာ နေ့စဉ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအများအပြားဖြင့် အပြင်းအထန် ပြန်လည်ခုခံခဲ့သည်ဟု သိရသည်။ “နှုံးဘူး” ဗျူဟာကုန်းတိုက်ပွဲတွင် “နှုံးဘူး” ဗျူဟာမှူးအလောင်းအပါအဝင် စစ်ကောင်စီတပ်သားတချို့၏ အလောင်းများကိုလည်း တွေ့ရှိခဲ့ရပြီး လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။ ထပ်မိသိမ်းပိုက်ရန် ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းများကို ဆက်လက်သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ၏ အခိုင်အမာစစ်စခန်းများဖြစ်သော တရွန်အိုင်နှင့် နှုံးဘူး ဗျူဟာကုန်းများကို ရက္ခိုင်တပ်တော် AA က နိုဝင်ဘာလ ၁၄ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တရွန်အိုင် ဗျူဟာကုန်းတစ်ခုလုံးကို ၂၁ ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ဒီဇင်ဘာလ ၄ ရက်က အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် – အိန္ဒိယ – မြန်မာ…

Read More