Author: Editor

မီဇိုရမ်ပြည်နယ်အတွင်းရှိ အင်အားကြီးသော အရပ်ဖက်အဖွဲ့အစည်းများဖြစ်သည့် CYMA, CYLA နှင့် MTP တို့သည် ဧပြီလ ၁၈ ရက်နေ့က Lunglei မြို့တွင် တွေ့ဆုံခဲ့ကြပြီး မြန်မာစစ်ဘေးရှောင်အရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ Central Young Mizo Association, Central Young Lai Association နှင့် Mara Thyutlia Py စသည့်အဖွဲ့ ၃ ဖွဲ့မှေ ခါင်းဆောင်များသည် Lunglei မြို့တွင် တွေ့ဆုံခဲ့ကြပြီး အိမ်နီးနိုင်ငံတို့မှ ဝင်ရောက်လာကြသော စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင် ဖော်ပြသည်။ Central YMA ဥက္ကဌ Pu R. Lalngheta က “အိမ်နီးချင်းနိုင်ငံတွေကနေ အသက်ဘေး လုံခြုံရေးအတွက် စစ်ဘေးရှောင်လာကြသူတွေနဲ့ပတ်သက်ပြီး စည်းစည်းလုံးလုံးနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးခဲ့ကြတယ်” ဟု ပြောဆိုကြောင်း သတင်းစာကဆိုသည်။ အဆိုပါဆွေးနွေးပွဲတွင် စစ်ဘေေးရှာင်အရေးနှင့်ပတ်သက်၍ ဆွေးနွေးကြေသော အချက်တချို့မှာ အိမ်နီးချင်းနိုင်ငံမှ အသက်ဘေးလုံခြုံရေးအတွက် စစ်ဘေးရှောင်လာကြသူများအား သေချာလေ့လာပြီး နည်းစနစ်တကျဖြင့် စာရင်းပြုစုရန်၊ စစ်ဘေးရှောင်နှင့်ပတ်သက်သော သတင်းအချက်အလက် ဖလှယ်ရန်၊ မီဇိုရမ်ပြည်နယ်သူ/ပြည်နယ်သားများ၏ ဆန္ဒသဘောထားအတိုင်း နေထိုင်ရမည်၊ စစ်ဘေးရှောင်များအနေဖြင့် မိမိနေရာထိုင်ပြောင်းရွှေ့မည်ဆိုပါက ရပ်ကွက်၊ ကျေးရွာက အရပ်ဖက်အဖွဲ့အစည်းများကို အသိပေးအကြောင်းကြားရန်၊ CYMA, CYLA နှင့် MTP တို့မှ စစ်ဘေး ရှောင်အတွက် လူဦးရေစာရင်း (Census) ကောက်ခံပါက အခြား NGO အဖွဲ့အစည်းများမှ ပါဝင်စွပ်ဖက်ခြင်းမပြုရန်၊ အကယ်၍အခြားအဖွဲ့အစည်းက…

Read More

မီဇိုရမ်ပြည်နယ်ကို ခိုလုံလာကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် ယာယီတဲများတည်ဆောက်ရန် လိုအပ်နေသော မိုးကာများကို မီဇိုရမ်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော ZORO က ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်တွင် နေ့စဉ်နှင့်အမျှ မြန်မာနိုင်ငံက ညီအကိုစစ်ဘေးရှောင်ပြည်သူများ တိုးလာနေပြီး ၎င်းတို့နေထိုင်ရန် ယာယီတဲများဆောက်လုပ်ရန် မိုးကာစများလို အပ်ကြောင်း အကူအညီတောင်းခံလာသည့်အပေါ် ကူညီပံ့ပိုးနိုင်ခဲ့သည်ဟု Zo Reunification Organization (ZORO) အဖွဲ့က ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။ ယင်းမိုးကာစများကို ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာက စစ်ဘေးရှောင်များထံ ZORO အဖွဲ့ကိုယ်စား Tuipuiral Group YMA ဥက္ကဌ Pu Papuia က ဧပြီလ ၁၇ ရက်နေ့က ပေးအပ်ခဲ့သည်ဟု ZORO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့အပြင် အိုင်ဇောလ်ခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်များနေထိုင်ကြသော Nghalchawm, Sihhmui, YHAI, Durtlang စစ်ဘေးရှောင်စခန်းများတွင်လည်း ရူပီးငွေ ၂ သိန်းကျော်ခန့်တန်ဖိုးရှိသော ဆန်၊ အာလူး၊ ကျောင်းနေရွယ်ကလေးငယ်များ အတွက်လိုအပ်သောအသုံးအဆောင်များကိုလည်း ZORO အဖွဲ့က ပေးအပ်ခဲ့သည်ဟု သိရသည်။ ZORO အဖွဲ့အစည်းသည် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့် ၃ နိုင်ငံတွင် နေထိုင်ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် တစည်းတလုံးတည်း ပြန်လည်ပေါင်းစည်းနေထိုင်နိုင်ရန်အတွက် လှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မီဇိုရမ်ပြည်နယ်အတွင်းရှိ သြဇာရှိသော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Read More

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်တွင် စစ်ကောင်စီကိုဆန့်ကျင်သော တော်လှန်သင်္ကြန် ဆန္ဒဖော်ထုတ်ခဲ့သူ ၄ ဦးကို ဧပြီလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့မိသားစုဝင်တချိူ့ကိုပါ နေအိမ်အထိလိုက်လံဖမ်းဆီးခဲ့သည်ဟု စုံစမ်း သိရှိရသည်။ ကလေးမြို့ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမ တံတာဦးတွင် ဧပြီလ ၁၆ ရက်နေ့မွန်းလွဲပိုင်း ၂ နာရီခန့်တွင် တော်လှန်သင်္ကြန် လျှပ်တပြတ်ဆန္ဒဖော်ထုတ်ခဲ့သူများအနက် ကိုသန်းစိုးဦး၊ မကျိန်ဒွန့်ကိမ်၊ မနှင်းစံနှင့် ကိုမျိုးကိုဝင်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးခဲ့သည်။ အဖမ်းခံရသူများအနက် ကလေးမြို့မွန်းလိုင်ရပ်ကွက်တွင် နေထိုင်သော မကျိန်ဒွန့်ကိမ်၏နေအိမ်ကို ယင်းနေ့ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များကားဖြင့် ရောက်ရှိလာကြပြီး နေအိမ်မှာရှိနေသော အသက် ၆၀ အရွယ် နာမကျန်းမိခင်ဖြစ်သူနှင့် တူမတော်စပ်သူ မကြားမပြော မသန်စွမ်း အမျိုးသမီးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကာ နေအိမ်ကိုလည်း ချိတ်ပိတ်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “သူတို့နေအိမ်မှာ အမျိုးသမီးတွေပဲရှိတာ ဖခင်ဖြစ်သူနဲ့ အကိုဖြစ်သူက တခြားအရပ်မှာ မိသားစု စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေကြတာအိမ်မှာ အမေဖြစ်သူကလဲ နာမကျန်းဖြစ်ပြီး ခြေထောက်တစ်ဖက် အားနည်းသူဖြစ်တယ်၊ နောက် သူ့အကိုရဲ့သမီးဖြစ်သူက စကားမပြောတတ်ဘူး သူတို့ဆီနေနေတာ စစ်ကောင်စီက အိမ်မှာရှိတဲ့သူအားလုံး ဖမ်းခေါ်သွားကြတာ အခုထိ အိမ်ပြန်မရောက်သေးဘူး။” ဟု ၎င်းတို့နှင့် နီးစပ်သူဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့များက မည်သည့်ကိစ္စကြောင့် မကျိန်ဒွန့်ကိမ်၏ မိခင်ဖြစ်သူနှင့် တူမ မသန်စွမ်းအမျိုးသမီးတို့အား ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမူ မသိရပဲ ယနေ့ချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသောကြောင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြကြောင်း သူက ဆက်ပြောသည်။ ယမန်နေ့ ဧပြီလ ၁၆ ရက်နေ့သည် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အတက်နေ့ဖြစ်ပြီး…

Read More

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရမ်ထလို (Ramthlo) ရွာမှာ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဒေသခံ ဇနီးမောင်နှံ ၂ ဦး တောင်ယာသွားစဉ်မှာ မိုင်းနင်းမိ၍ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြပြီး ဇနီးဖြစ်သူမှာ သေဆုံးခဲ့သည်ဟု သိရသည်။ ဖလမ်းမြို့မှ ၂၂ မိုင်ကွာဝေးပြီး ဖလမ်း-ဟားခါးလမ်းပေါ်တွင်တည်ရှိသော ရမ်ထလိုကျေးရွာတွင် ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းက ဒေသခံ ဦးဖွန်းကြီးနှင့် ဒေါ်မဆန်းတို့သည် တောင်ယာသွားစဉ်မှာ မိုင်းနင်းမိ၍ ပေါက်ကွဲမှုကြောင့် နှစ်ဦးစလုံး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြပြီးနောက် ဇနီးဖြစ်သူမှာ သွေးထွက်လွန်မှုကြောင့် သေဆုံးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “ရွာနား ရမ်ထလိုမရောက်ခင်မှာ လမ်းအောက်က ခြံအသေးလေးလုပ်နေတာစားဖို့ ဟင်းသီးဟင်းရွက်သွားခူးတာ မိုင်းနင်းမိပြီးမှ သူ့မိန်းမက ဆုံးသွားတယ် သူ့အမျိုးသားက အခုဖလမ်းဆေးရုံ ခွဲခန်းထဲ မှာရှိနေတုန်းပဲ” ဟု ရမ်ထလိုရွာသားတစ်ဦးက ပြောသည်။ ဦးဖွန်ကြီးတို့ဇနီးမောင်နှံသည် မိုင်းပေါက်ကွဲမှုကြောင့် ညာဖက်ခြေထောက်နှင့် လက်မောင်းဒဏ်ရာရရှိခဲ့ကြပြီး ဖလမ်းဆေးရုံသို့ပို့ဆောင်စဉ် အမျိုးသမီးဖြစ်သူမှာ သွေးထွက်လွန်၍ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့တွင် သား ၄ ဦးနှင့် ၄ နှစ်အရွယ် သမီး ၁ ဦး ရှိသည်ဟုသိရသည်။ ရမ်ထလိုကျေးရွာသည် စစ်ကောင်စီတပ် စစ်ကြောင်းထိုးထွက်လာချိန်တွင် မကြာခဏဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်းများပြုလုပ်သောကြောင့် ဒေသခံများမှာ ရွာထဲတွင် မနေရဲဘဲ တောထဲ တောင်ထဲသို့ တိမ်းရှောင်လေ့ရှိကြသည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ကလည်း ရမ်ထလိုကျေးရွာက ပြည်သူနေအိမ် ၁၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့က…

Read More

ချင်းပြည်နယ် မင်းတပ်မြို့နယ်တိုက်နယ်အမှတ် ၁ ပန်းပါကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာကြောင့် ထပ်မံသေဆုံးခဲ့ရပြီး သေဆုံးဦးရေ ၃ ဦးထိရှိလာပြီဖြစ်သည်။ ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်း ၃ နာရီနှင့် ၄ နာရီကြားတွင် ပန်းပါကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်ဖြင့် ၆ ကြိမ် တိုက်ခိုက်ကာ ဗုံး ၁၇ လုံးကြဲချခဲ့ပြီး အသက် ၄ နှစ်အောက် ကလေးငယ်တစ်ဦးနှင့် အသက် ၇၀ အရွယ် အမျိူးသမီးတစ်ဦး သေဆုံးကာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Mindat ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင့် လူနေအိမ် ၂ လုံးမီးလောင်ပြီး လူနေအိမ် ၉ လုံး ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူများထဲမှ အဆိုပါအမျိုးသမီးသည် ပြင်းထန်ဒဏ်ရာကြောင့် ၁၆ ရက်နေ့ညတွင် ထပ်မံသေဆုံးခဲ့ရခြင်းဖြစ်သည်။ စစ်ကော်ငစီတပ်ဖွဲ့သည်မင်းတပ်မြို့နယ်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီး (ဟောင်ဝစ်ဇာအမြောက်) ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လာနေသည့်အတွက် ပြည်သူများအနေဖြင့် ပုန်းခိုကျင်းများတူးထားကြရန် ဧပြီလ ၁၄ ရက်နေ့က CDF-Mindat က ထုတ်ပြန်ခဲ့သေးသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်လာနေပြီး ပြီးခဲ့သည့်မတ်လ ၃၀ ရက်နေ့ ထန်တလန်မြို့နယ် ခွါဖိုးကျေးရွာနှင့် ဧပြီလ ၁၀ ရက်နေ့က ဖလမ်းမြို့နယ် ဝေဘူလကျေးရွာတို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင်…

Read More

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ်တောင်ပိုင်းမတူပီမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး၊ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများဖြတ်တောက်ခံထားရမှု အချိန်ကြာမြင့်လာသည်နှင့်အမျှ မြို့တွင်းနေ ပြည်သူများ နေထိုင်စားသောက်ရေးအပြင် လူမှုစီးပွားကြပ်တည်းမှု ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု သိရသည်။ မတူပီမြို့နယ်တွင် ကုန်စည်စီးဆင်းမှု လုံးဝနီးပါးရပ်တန့်လာခြင်းကြောင့် ဒေသခံများအနေဖြင့် အခြေခံစားသောက်ကုန်များဝယ်ယူရန် ခက်ခဲလာသည့်အပြင် ဒေသတွင်း အဖြစ်အပျက်များကိုပင် မသိရှိနိုင်တော့သည့်အထိ ဖြစ်လာသောကြောင့် အတော်လေး အခက်အခဲများ ကြုံနေကြရခြင်းဖြစ်သည်ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ “ခရီးသည်ကားတွေဆို ၁ လ လောက်ရှိနေပြီ လမ်းမှာ ဟိုဖက်မသွားခိုင်းလိုက်၊ ဒီဖက်မသွားခိုင်းနဲ့ဆိုတော့ လမ်းမှာ ကြန့်ကြာနေတာ ပိတ်မိနေတာ။ အခုလမ်းခုလတ်မှာ ဖုန်းလည်းပြောလို့မရတော့ဘူး။ ဘယ်လိုမှကို ဆက်သွယ် မရတော့တာ။ ကြိုးဖုန်းလည်းမရတော့တာ အိမ်နဲ့ အဆက်သွယ်ပြတ် ဖုန်းမပြောတာ ၂ လ လောက်ရှိပြီ။ အကုန်ုလုံး ဖြတ်ပြီးပြီး ကျွန်တော်တို့ငယ်ငယ်တုန်းကလိုပါ့။ကိုယ့်အိမ်က လူတွေ ဘယ်လိုအ ခြေ အနေလဲ၊ ကျန်းမာလားဆိုတာ ဘာမှမသိရဘူး” ဟု ပြည်မသို့ ရောက်ရှိနေသည့် မတူပီမြို့ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်များကို အင်တာနက်လိုင်း ဖြတ်တောက်ထားဆဲဖြစ် သည့်အပြင် လက်ရှိတွင်လည်း ကြိုးဖုန်းလိုင်း ထပ်မံဖြတ်တောက်ထားသည်မှာ ၃ လ နီးပါးရှိပြီဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များ၏ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ခြင်း၊ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ သယ်ယူခွင့်ကန့်သတ်ပိတ်ဆိုခြင်း၊ သတင်းအချက်အလက်အမှောင်ချထားခြင်း စသည့် ဖြတ်လေး ဖြတ်ဗျူဟာ မှာ နယ်ဘက်ကျေးရွာများထက် စစ်ကောင်စီအခြေစိုက်ရာ မြို့တွင်းနေပြည်သူလူထုများမှာ အများဆုံးအခက် ကြုံနေရခြင်းဖြစ်ကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပါထောင်းက ပြောသည်။ “ကျွန်တော်တို့…

Read More

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖားမြို့တွင် ကျောင်းပိတ်ရက်အိမ်ပြန်လာသော ချင်းကျောင်းသား ၇ ဦးကို အင်ဖားမြို့ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။ အိန္ဒိယနိုင်ငံ ဘန်ဂလောရ် (Bangalore) မြိုသို့ ကျောင်းတက်ရောက်သူ မိန်းကလေး ၃ ဦးအပါဝင် မြန်မာနိုင်ငံ သား ၇ ဦးတို့မှာ ကျောင်းပိတ်ရက်အတွင်း မြန်မာနိုင်ငံအပြန်ခရီး မဏိပူရ်ပြည်နယ် အင်ဖားမြို့ Tulihal လေဆိပ်မှာ ဧပြီ ၁၁ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဟိန္ဒူစတန်တိုင်းမ်သင်းစာကဖော်ပြသည်။ အဖမ်းခံရသူများမှာ Suan Khan Khai, Niang Lun Kim, Thang Lam Cin, Kam Sian Khai, Cing Nuam Vung, Cing Nun Eng နှင့် Cing Suan Sang တို့ဖြစ်ကြပြီး ၎င်းတို့သည် စစ်ကိုင်းတိုင်း ကလေးမြို့၊ ချင်းပြည်နယ် လွန်မွလ်ကျေးရွာနှင့် သွေးမွေးရွာ ဇာတိများဖြစ်ကြသည်ဟု သိရသည်။ ထိုသို့ဖမ်းဆီးခံရမှုကြောင့် မိသားစုဝင်များမှ မဏိပူရ်ပြည်နယ်ရှိ အရပ်ဖက်လူမှုကူညီရေးအဖွဲ့ ZYA ကို ဆက်သွယ်ကာ အကူညီတောင်းဆိုမှုကြောင့် ZYA အဖွဲ့ ခေါင်းဆောင်များက ရဲအရာရှိများထံသွားရောက် ညှိနှိုင်းကြည့်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဆိုသည်။ “ရောက်တဲ့အချိန်မှာ ရဲအရာရှိတွေနဲ့စကားပြောပြီး ညှိနိုင်းကြည့်တော့ ဌာနဆိုင်ရာ အစိုးရလူကြီးတွေစီမှာ ရောက်သွားပြီးဆိုတော့ ဘာမှညှိနှိုင်းလို့မရတော့ဘူး ဆိုပြီး ရဲတွေကပြန်ပြောတယ်။ အဲ့လိုဖြစ်တဲ့အခါကြတော့ သူတို့အတွက် အစားစာတွေ၊ ညဝတ်အစောင်တွေ၊ ခြင်ထောင်တွေ၊ သွားတိုက်တံ နဲ့ သွားတိုက်ဆေး စတဲ့ လိုအပ်မယ့်ဟာတွေကို စီစဉ်ပေးလိုက်တယ်”…

Read More

ချင်းပြည်နယ် ဟားခါးမြို့က စစ်ကောင်စီလက်အောက်ခံ ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ငိုင်ဟောက်နြောင် (Ngai Hau Niang) ကို ဧပြီလ ၁၂ ရက်နေ့က အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဧပြီလ ၁၂ ရက် နေ့ခင်းပိုင်းအချိန်တွင် သေနတ်ကိုင်ဆောင်သူ အမည်မသိလူတချို့က ဒေါ်ငိုင်ဟောက်နြောင်အိမ်သို့ လာရောက်ပြီး မေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်းသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “သူက အရင်ကလည်း ပြည်နယ်အစိုးရရုံးမှာ စစ်ကောင်စီကျင်းပတဲ့ ချင်းအမျိုးသားနေ့မှာပါဝင်ခဲ့တဲ့ ဗီဒီယိုဖိုင်တွေရှိလို့ လူငယ်တွေရဲ့သတိပေးခြင်း ခံရပြီးသား၊ အခုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလို့ ထင်ရတဲ့ အရပ်သားဝတ်စုံနဲ့ လူငယ် တစ်ချို့က သူ့အိမ်ကို သွားပြီး မေးစရာရှိတယ်လို့ ပြောပြီးတော့ ခေါ်သွားကြတာ အခုထိ ပြန်မလွတ်လာသေးဘူး” ဟု သူကပြောသည်။ ဖမ်းဆီးခံရသူ ဒေါ်ငိုင်ဟောက်နြောင်သည် ဟားခါးမြို့ ယဉ်ကျေးမှုရုံးဝန်းရှိ ဝန်ထမ်းအိမ်ယာတွင် မိသားစုလိုက် နေထိုင်ကာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်တွင်လည်း CDM ပြုလုပ်ခြင်းမရှိဘဲ လက်အောက်ခံဝန်ထမ်းတစ်ချို့နှင့်အတူ ရုံးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေသူဟုသိရသည်။ ၎င်းအား ဖမ်းဆီးသွားပြီးနောက် နေအိမ်တွင် စစ်ကောင်စီတပ်သားများ အဖွဲ့လိုက်ရောက်ရှိလာပြီး သားဖြစ်သူထံ အကျိူးအကြောင်းမေးမြန်းပြီးနောက် ပြန်လှညှ့်ထွက်သွားကြသည်ဟု သိရသည်။ ယခုလက်ရှိဟားခါးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ရုံးဝန်ထမ်း အကြီးအကဲတချိူ့မှာ ၎င်းတို့နေအိမ်တွင်ပင် မနေရဲြကတော့ဘဲ ပုန်းရှောင်နေကြသူများလည်းရှိနေပြီး အချို့မှာ အလုပ်မှ နုတ်ထွက်ကြသူများရှိသည်ဟု သိရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း အသစ်ဝင်လာသော စစ်ကောင်စီဝန် ထမ်းများနှင့် တစ်ခြားနယ်မှ ဟားခါးမြို့နယ်တွင်ပြောင်းရွှေ့လာသောဝန်ထမ်းများအားလုံး ၂၀၂၃ ခုနှစ် မေလမကုန်မီ ပြည်သူပိုင်အိမ်ယာမှဆင်းကာ တစ်ခြားနယ်မှပြောင်းရွှေ့လာသူများသည်…

Read More

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက် Network for Chin Community Development (NCCD) က ချင်းပြည်သူများအတွက် အခြေခံလူထုဖွံ့ဖြိုးရေး ရက်တိုသင်တန်းကို မတ်လ (၂၈) မှ ဧပြီလ (၁) ရက်နေ့ထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါသင်တန်းတွင် သင်တန်းသူ/သင်တန်းသား အယောက် (၃၀) ဦး ပါဝင်နိုင်ခဲ့ပြီး သင်တန်းတွင် အခြေခံဖွံ့ဖြိုးရေးအကြောင်း၊ လူ့အခွင့်အရေး၊ ချင်းနိုင်ငံရေးသမိုင်း၊ ပြည်သူများသိသင့်သိထိုက်သော မီဒီယာအကြောင်း၊ လက်ရှိမြန်မာရေးအခြေနေ၊ မြန်မာတောင်သူလယ်သမားအကြောင်း၊ Need Assessment၊ စီမံကိန်းကြီး ကြပ်ကွပ်ကဲခြင်းနှင့် မဟာဗျူဟာရေးဆွဲခြင်းစသည်များကို သင်ကြားပို့ချနိုင်ခဲ့ကြသည်ဟု NCCD ကထုတ်ပြန်သည်။ ထို့ပြင် ထန်တလန်မြို့နယ်၊ Sopum ကျေးရွာနှင့် Tahtlang ကျေးရွာများတွင် လူထုဖွံ့ဖြိုးရေးစီမံကန်းကိုလည်း ချပေးနိုင်ခဲ့သည်ဟု ဆိုသည်။ NCCD သည် ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ချင်းမြေယာမူဝါဒဥပဒေများအပြင် ကျေးလက်ဒေသမှ ချင်းပြည်သူများအတွက် အခြေခံလိုအပ်ချက်များ ကူညီပံ့ပိုးခြင်းနှင့် တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် ပံ့ပိုးကူညီပေးနေသည့် အဖွဲ့ဖြစ်သည်။

Read More

ချင်းပြည်နယ် ဟားခါးမြို့ကို ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့လာသည့် တင့်ကား ၂ စီးအပါအဝင် စစ်ကောင်စီယာဉ်တန်းအားလုံးကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။ တင့်ကား ၂ စီးအပါအဝင် စစ်ကောင်စီယာဉ်တန်း ကားအစီး ၃၀ ခန့်သည် ရိက္ခာနှင့် လက်နက်ခဲယမ်းများတင်ဆောင်ကာ စစ်ကိုင်းတိုင်း ကလေးမြို့မှ မတ်လ ၇ နေ့ကတည်းက ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး လမ်းခရီးတလျှောက်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုင်ခြင်းနှင့် ဒရုန်းဖြင့်တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့သည်။ “ကျနော်တို့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လမ်းတစ်လျှောက်လုံးမှာ တိုက်ခိုက်ခဲ့တယ် ဒီနေ့ ၁၃ ရက်နေ့မှာတော့ သူတို့ရဲ့ ယာဉ်အားလုံး ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် အဲဒီမှာ စစ်သုံးတင့်ကား ၂ စီးအပါအဝင် မြေထိုးစက်ရယ် သူတို့ ရိက္ခာသယ်လာတဲ့ ၆ ဘီးကားနဲ့ ၁၂ ဘီးကားတွေ ဟားခါးကို တစ်စီးမှ ဝင်နိုင်မှာမဟုတ်တော့ပါဘူး” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။ ဖလမ်းနှင့် ဟားခါးကြားတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ဧပြီလ ၁၁ နေ့အထိ စစ်ကောင်စီတင့်ကားတစ်စီးအပါအဝင် ကား ၁၀ စီးကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြပြီး ဧပြီလ ၁၃ ရက်နေ့ ချွန်ကျူံးကျေးရွာတိုက်ပွဲတွင် ကျန်ရှိသော စစ်ကောင်စီယာဉ်များအားလုံး ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့မှ တက်လာသည့်အချိန်တွင် အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိသော်လည်း ယခုလက်ရှိတွင် အင်အား ၄၀ ဝန်းကျင်ခန့်သာ ကျန်တော့သည့်အတွက် စစ်ကောင်စီဘက်က ၁၀၀ ကျော်သေဆုံးပြီဟု ယူဆရကြောင်း ဆလိုင်းထက်နီကပြောသည်။ “ကျနော်တို့အနေနဲ့ အတိအကျ အတည်ပြုမှုမရပေမယ့်…

Read More