Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုးကျောင်းသားသမဂ္ဂ (MZP) က နယ်စပ်အရေးနှင့်ပတ်သက်ပြီး အိန္ဒိယ၀န်ကြီးချုပ်နှင့် ပြည်ထဲရေး၀န်ကြီးပုံ မီးရှို့

မီဇိုးကျောင်းသားသမဂ္ဂ (MZP) က နယ်စပ်အရေးနှင့်ပတ်သက်ပြီး အိန္ဒိယ၀န်ကြီးချုပ်နှင့် ပြည်ထဲရေး၀န်ကြီးပုံ မီးရှို့

0
By Editor on February 1, 2024 Khonumthung

(005MK)

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး နယ်စပ်တဖက်တချက်စီ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ဖျက်သိမ်းမည့်အစီစဉ်ကို ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယ ၀န်ကြီးချုပ် Narendra Modi နှင့် ပြည်ထဲရေး၀န်ကြီး Amit Shah တို့၏ ရုပ်ပုံကို မီဇိုးကျောင်းသားသမဂ္ဂ (MZP) က မီးရှို့ခဲ့ကြသည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့က အိုင်ဇောလ်မြို့ရှိ မီဇိုးကျောင်းသားသမဂ္ဂ (MZP) ရုံးရှေ့တွင် အိန္ဒိယ၀န်ကြီးချုပ် Narendra Modi နှင့် ပြည်ထဲရေး၀န်ကြီး Amit Shah တို့၏ ရုပ်ပုံကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်။

ချင်း (ဇိုး) မျိုးနွယ်စုများသည် မိမိတို့ဆန္ဒအရမဟုတ်ဘဲ နိုင်ငံတကာနယ်နိမိတ်မျဉ်း ၃ ခု အိန္ဒိယ-မြန်မာ-ဘဂ်လာဒေရှ့် နိုင်ငံ တို့တွင် ပိုင်းခြားခံခဲ့ကြရသည့်အပြင် အိန္ဒိယနိုင်ငံထဲမှာလည်း ပြည်နယ်အသီးသီးမှာ ထပ်မံပိုင်းခြားနေထိုင်ခဲ့ကြရသည်ဟု MZP က ဆိုသည်။

“ကျနော်တို့ဇိုး (ချင်း) မျိုးနွယ်တွေကို ပိုင်းခြားစေတဲ့ နယ်နိမိတ်မျဉ်းတွေဟာ မိမိတို့သဘောဆန္ဒမပါဘဲ ဗြိတိသျှအစိုးရက သတ်မှတ်ခဲ့တာဖြစ်ပါတယ်၊ ဒါကြောင့် မိမိတို့အနေနဲ့ ဘယ်လိုနည်းနဲ့မှ လက်ခံလို့မရဘူး” ဟု MZP က ဆိုသည်။

ထို့ကြောင့် အိန္ဒိယအစိုးရက နယ်စပ်တလျှောက်ခြံစည်းခတ်ပြီး လွတ်လပ်စွာဖြတ်သန်းသွားခွင့် FRM ဖြတ်သိမ်းမည့်ကိစ္စ ကို ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း MZP ကပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မီဇိုးကျောင်းသားသမဂ္ဂ (MZP) အနေဖြင့် ဇန်န၀◌ါရီလ ၂၂ ရက် နေ့ကလည်း အိန္ဒိယ၀န်ကြီးချုပ်ထံ အိပ်ဖွင့်ပေးစာပေးပို့ခဲ့ပြီးဖြစ်သည်။

မီဇိုရမ်ပြည်နယ်အခြေစိုက် Zo Reunification Organization (ZORO) ကလည်း ဇန်န၀ါရီလ ၂၉ ရက်နေ့က အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ကိုလည်း ဖျက်သိမ်းမည့် အိန္ဒိယအစီစဉ်ကို ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်းပြသသည့်အနေဖြင့် အဓိကကြိုးကိုင်သူဖြစ်သည့် အိန္ဒိယ ပြည်ထဲရေး၀န်ကြီး၏ ရုပ်ပုံကို မီးရှို့ဖျက်စီးခဲ့ကြပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.