Author: Editor

ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MoU) ကို မတ်လ (၂၁) ရက်နေ့က Victoria Base တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု YPDF က ထုတ်ပြန်သည်။ နွေဦးတော်လှန်ရေးကာလ ပြီးဆုံးချိန်ထိ စစ်အာဏာရှင် အမြစ်ဖြတ် တိုက်ထုတ်တော်လှန်ရေး၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရေးတို့အတွက် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့အကြား သဘောတူညီချက်ရယူကာ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု YPDF ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ နားလည်မှု စာချွန်လွှာကို ချင်းအမျိုးသားတပ်မတော် (CNA) မှ စစ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဌာန တာဝန်ရှိသူများ၊ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှ ဗဟိုဦးဆောင်ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးနှင့် တပ်ဖွဲ့တာဝန်ရှိသူများ တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ယောနယ်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ ကျော၊ လောင်းရှည် စသည့်မြို့နယ်အတွင်းရှိ ယောဒေသ၊ ယောလူမျိုးအကျိူးကိုအမှန်တကယ်လိုလားပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေးကို လိုလားသူများစုပေါင်းကာ ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်သည်ဟု သိရသည်။

Read More

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလုံလာကြသော မြန်မာစစ်ဘေးရှောင်များကို နိုင်ငံတကာ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Adventist Development and Relief Agency က အကူအညီများ ပေးအပ်သွားမည်ဟု သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ DC အစည်းအဝေးခန်းမတွင် ယနေ့မတ်လ ၂၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီမှာ မြန်မာစစ် ဘေးရှောင်များအား ကူညီထောက်ပံ့မည့်စီမံကိန်း ‘Protection and Humanitarian Assistance to new arrivals from Myanmar in Mizoram 2023’ ကို Adventist Development and Relief Agency အဖွဲ့နှင့် Champhai District Level Committee on Myanmar Refugees မှ တာဝန်ရှိပုဂ္ဂိုလ်များက ဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရ ပြန်ကြားရေးဌာနကထုတ်ပြန်သည်။ Adventist Development and Relief Agency သည် မီဇိုရမ်ပြည်နယ်တောင်ပိုင်း ခရိုင် ၄ ခုတွင် စစ်ဘေးရှောင်ကူညီရေး အစီစဉ်များကို ယမန်နှစ်က စတင်ခဲ့ပြီးနောက် ယခုနှစ်တွင် အဆိုပါ ခရိုင် ၄ ခုအပြင် ကျန်ဖိုင်းနှင့် အိုင်ဇောလ်ခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောများအား ကူညီထောက်ပံ့မည့်စီမံကိန်းကို စတင်မည်ဟုဆိုသည်။ ယင်းစီမံကိန်းတွင် စစ်ဘေးရှောင်များအား ရိက္ခာထောက်ပံ့ခြင်းနှင့် ၎င်းတို့၏နေ့စဉ်လိုအပ်ချက်များဖြည့်ဆည်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျောင်းနေရွယ်ကလေးငယ်များ၏ လိုအပ်ချက်များဖြည့်ဆည်းပေးခြင်းနှင့် Children Friendly Space များဖန်တီးပေးခြင်းတို့ပါဝင်မည်ဖြစ်ပြီး စီမံကိန်းကာလမှာ ၁၂ လကြာမြင့်မည်ဟု သိရသည်။…

Read More

မီဇိုရမ်ပြည်နယ် ရှီဟာခရိုင် တွီပန်းကျေးရွာက စစ်ဘေးရှောင်စခန်းတွင် မတ်လ ၁၆ ရက်နေ့က ကြားကာလအခြေခံပညာ အထက်တန်းကျောင်းဖွင့်လှစ်ခဲ့ကြသည်ဟု သိရသည်။ ယင်းကျောင်းဖွင့်ပွဲအခမ်းအနားကို မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့နှင့် Matupi Chin Refugee Community တို့မှဦး ဆောင်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ တွီးပန်းကျေးရွာစစ်ဘေးရှောင်စခန်း အခြေခံပညာရေးအထက်တန်းကျောင်းတွင် Kg တန်းမှ Grade 10 အထိရှိပြီး ကျောင်းသားကျောင်းသူ ၇၀ ကျော်နှင့် ကျောင်းဆရာ၊ ဆရာမ ၇ ဦးရှိသည် မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။ မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့အနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်းရှိ အိုင်ဇောလ်၊ လုံးလဲ၊ လောင်တလိုင်နှင့် ရှီဟာ စသော ခရိုင် ၄ ခုအတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ကျောင်းပေါင်း ၄၀ ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ တစ်ထောင်ကျော် သင်ကြားပေးလျက်ရှိသည်ဟု သိရသည်။ အလားတူ ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း ကျောင်းပေါင်း တစ်ရာကျော်ဖွင့်လှစ်နိုင်ပြီး ကျောင်းသားကျောင်းသူ ၉ ထောင်ကျော်ခန့်ရှိသည်ဟု သိရသည်။ ယခုလက်ရှိအနေအထားတွင် ကျောင်းသားကျောင်းသူများအတွက် ကျောင်းသင်ထောက်ကူပစ္စည်းများလိုအပ်သည့်အပြင် ကျောင်းဆောင်အတွက်လိုအပ်ချက်များလည်းရှိနေသည်ဟု သိရသည်။ ဓာတ်ပုံ – MCRC, Chris Born

Read More

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Kanpetlet တပ်ရင်း-၅ (ခေါ်နူးတပ်ရင်း) အတွက် မောင်းပြန်တစ်လက်ဝယ်ယူရန် ရံပုံငွေ ရှာဖွေသည့်အနေဖြင့် “နွားနောက် တစ်ကောင်ယူ၊ ခေါ်နူးအတွက် လှူ” ဆိုသည့် ကံစမ်းမဲအစီစဉ်ကို ယနေ့ မတ်လ ၂၀ ရက်နေ့ကစတင်လိုက်သည်။ ယင်းအစီစဉ်ကို မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့အထိသတ်မှတ်ကာ လက်မှတ်တစ်စောင်ကို မြန်မာကျပ်ငွေ တစ်သောင်းကျပ်သတ်မှတ်ပြီး ပထမဆုရရှိသူသည် ချင်းလူမျိုးများ တန်ဖိုးထားသော နွားနောက်တစ်ကောင် ရရှိမည်ဖြစ်သည်။ နွားနောက်သည် ချင်းလူမျိုးများ၏ ဘာသာရေးပွဲများ၊ လူမှုရေးပွဲ များတွင် မရှိမဖြစ်အသုံးပြုကြရသော ဘိုးဘွားစဉ်ဆက် တန်ဖိုးထားလက်ဆင့်ကမ်းမွေးမြူလာခဲ့ကြသော ချင်းတောင်၏ အမှတ်သင်္ကေတတစ်ခုဖြစ်သည်။ ချင်းလူမျိုးများအနေဖြင့် သား/ သမီးများအား ဂုဏ်ပြုပေးချင်သည်အခါတွင်သော်လည်းကောင်း၊ ချီးမြှင့်ချင်သည့် အခါတွင်သော်လည်းကောင်း နွားနောက်ကိုသာ တန်ဖိုးထား ပေးကမ်းကြသည့် အစဉ်အလာများလည်းရှိပြီး အိမ်ထောင်ပြုသည့်အခါတွင်လည်း နွားနောက်ကို မင်္ဂလာကြေးအဖြစ် မရှိမဖြစ် ထည့်သွင်း ပေးဆောင်ရသော တန်းဖိုးကြီးပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ နွားနောက်သည် ချင်းလူမျိုးများ၏ လူနေမှုဘဝထဲတွင် အခြားသောပစ္စည်းများထက်ပို၍ ပေးကမ်းရာတွင်လည်းကောင်း၊ ရယူပိုင်ဆိုင်ရာတွင် လည်းကောင်း အမြတ်တနိုးတန်ဖိုးထားကြပြီး ယခုကမ်းစမ်းမဲအစီစဉ်တွင် ထိုကဲ့သို့ ချင်းလူမျိုးများအတွက် တန်ဖိုးရှိသော နွားနောက်ကို ရယူနိုင်မည့်အခွင့်အလမ်းရရှိမည်ဖြစ်သည်။ CDF-Kanpetlet အတွက် ရံပုံငွေရှာဖွေသော ယခုကံစမ်းမဲအစီစဉ်တွင် ဆုမဲပေါင်း ၄ ဆုနှင့် အထူးဆုများပါဝင်ပြီး ယင်းတို့မှာ ပထမဆု-နွားနောက်ထီး (၁)ကောင် (ကာလတန်ကြေး-၁၀သိန်း)၊ ဒုတိယဆု- ဖုန်း (ကာလတန်ကြေး-၅ သိန်း)တတိယဆု- ဂစ်တာ (ကာလတန်ကြေး-၂သိန်း)၊ စတုတ္တဆု- Charles & Kate အိတ် ( ကာလတန်ကြေး…

Read More

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့ တက်လာသော စစ်ကောင်စီယာဉ်တန်းသည် ကလေး-ဖလမ်းကားလမ်းမပေါ်တွင် အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အနည်းဆုံး စစ်ကောင်စီတပ်သား အယောက် (၃၀) ကျော် သေဆုံးခဲ့သည်ဟု သိရသည်။ သံချပ်ကာကား ၂ စီးအပါအဝင် ကုန်တင်ကားအစီး ၃၀၊ အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် မတ်လ ၇ ရက်နှင့် ၉ ရက်နေ့က ကလေးမြို့မှ ချင်းတောင်သို့ချီတက်လာကြပြီး ဖလမ်းမြို့မဝင်ခင် လမ်းခရီးတစ်လျှောက်လုံးတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အပြင် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး ၃၀ ခန့်သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တပ်မဟာမှုး ကို Lian No က ပြောသည်။ “ဖလမ်းမြို့နယ်မဝင်ခင်တုန်းက တပ်ဖွဲ့ ၄ ခုပေါင်းပြီး သိုင်းငင်းနဲ့ဗားလုံကြားထဲမှာ သူတို့တိုက်ပွဲဖြစ်ကြတယ်။ အဲ့မှာ သေချာပေါက် ခြောက်ယောက်သေတယ်။ ဗားလုံကနေ ထင်းရှုးစခန်းကြားထဲမှာ သုံးရက်ဆက်တိုက် တိုက်ခိုက်တာပေါ့ မိုင်အားဖြင့် ရှစ်မိုင်လောက်ဝေးပေမယ့် အဲ့မှာတင် သုံးညဆက်တိုက်အိပ်တယ်လေ ကျွန်တော်တို့ တိုက်ခိုက်လွန်းလို့။ အဲ့မှာတော့ အယောက် (၃၀) ထိခိုက်ကျဆုံးတာ။ ဒါပေမယ့် ကျန်တဲ့ထိခိုက်မှုကိုတော့ ကျွန်တော်တို့ အတိအကျမပြောနိုင်ခဲ့ဘူး။ လူကိုယ်တိုင်လမ်းလျှောက်ပြီး မိုင်းရှာနေတဲ့ ရှေ့ပြေးဖွဲ့တွေကို မိုင်းထောင်ထားတဲ့ အပေါ်တည့်တည့်မှာရပ်နေလို့ မိုင်းဆွဲလိုက်တာ လူပါပျေက်သွားတဲ့ဟာတွေနဲ့” ဟု CNDF တပ်မဟာမှုး ကို Lian No က ပြောသည်။ စစ်ကောင်စီယာဉ်တန်းသည် ကလေး-ဖလမ်းကားလမ်းမပေါ်ရှိ ဘဲကမ်နှင့် နယူးစွမ်ပီးကျေးရွာကြား၊ ဗားလုံးနှင့် ထင်းရှှုးစခန်းအကြား၊ စီဇာမွလ်နှင့် ကြောင်ဟဲကျေးရွာတို့တွင်…

Read More

ယခုလက်ရှိဆင်နွှဲနေသော တော်လှန်ရေးတိုက်ပွဲတွင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အရေးတော်ပုံအောင်မြင်သည်အ ထိ လက်တွဲတိုက်ပွဲဝင်ကြရန် မတ်လ ၂၀ ရက်နေ့ကျရောက်သော ၃၅ နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် ချင်းအမျိူးသားတပ်ဦး CNF က တိုက်တွန်းတောင်းဆိုလိုက်သည်။ မတ်လ ၂၀ ရက်နေ့သည် ချင်းအမျိုးသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ပြန်လည်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည်ဆောက်ရေးအတွက် ချင်းအမျိူးသားလက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့သည့် ၃၅ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ဖြစ်ပြီး ချင်းအမျိုးသားများဆုံးရှုံးနစ်နာခဲ့သော အခွင့်အရေးများအတွက် နိုင်ငံရေး၊ စစ်ရေးအပြင် သံရေးတမန်ရေး လှုပ်ရှားမှုအရှိန်ကို တိုးမြင့်တိုက်ပွဲဝင်သွားမည်ဟု ချင်းအမျိုးသားတပ်ဦးကဆိုသည်။ “ပြည်သူလူထုတရပ်လုံးအနေနဲ့ မိမိကျွမ်းကျင်မှုအလိုက် အရေးတော်ပုံအောင်မြင်သည်အထိ လက်တွဲတိုက်ပွဲဝင်ကြပါရန်နှင့် တဆက်တည်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်ခြင်း၊ အခွင့်အရေးတောင်းဆိုမှုများကို အထူးရှောင် ရှားကြရန် အလေးအနက် တိုက်တွန်းသည်” ဟု ၃၅ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ချင်းအမျိုးသားတပ်ဦး/တပ်မတော် သည် ပြည်သူ့တော်လှန်ရေးလမ်းစဉ်ကို အခိုင်အမာစွဲကိုင်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ရာတွင် နိုင်ငံရေးရပ် တည်ချက်တူညီသော မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့်မဆို လက်တွဲကာ အဆုံးတိုင်တိုက်ပွဲဝင်သွားမည်ဟုလည်း ဖော်ပြထားသည်။ တော်လှန်ရေးကာအတွင်း အသက်ပေးလှူကြသည့် အာဇာနည်ရဲဘော်ရဲမေများ၊ ချင်းအမျိုးသားပြည်သူများအား ဦးညွတ်ဂါရဝပြုသည်ဟု CNF ကဖော်ပြသည်။ စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်ရာတွင် ချင်းအမျိုးသားပြည်သူများ၏ အနစ်နာခံမှု၊ ပံ့ပိုးကူညီမှုနှင့် ပေးဆပ်မှုများ အပေါ် အထူးဂုဏ်ယူလေးစားကြောင်း၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး စစ်ရေးအကြပ်အတည်း ကြောင့် လူမှုဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်နေရသော ချင်းပြည်သူနှင့် တနိုင်ငံလုံးပြည်သူများအား စာနာနားလည်ပေးပါကြောင်း အလေးအနက်ဖော်ပြလိုသည်ဟု CNF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့်ပြည်သူများဆုံးရှုံးခဲ့ရသော လူမှုဘဝပြန်လည်ထူထောင်ရေးအတွက်…

Read More

ယောဒေသ ထီးလင်းမြို့မှ ထွက်လာသော စစ်ကောင်စီယာဉ်တန်းကို ထွက်ကြိုလာသော အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ကို ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က မတ်လ ၁၉ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်က ၃ ဦး ပွဲချင်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု YPDF က ထုတ်ပြန်သည်။ ထီးလင်းမြို့မှထွက်လာသော စစ်ယာဉ်တန်းအား ထွက်ကြိုလာသည့် ခလရ (၅၀) မှကား ၄ စီးကို မတ်လ ၁၉ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲခန့်တွင် ဂန့်ဂေါမြို့နယ် ရှောက်ပင်နှင့် ခေါက်ခူရွာကြားတွင် YPDF တပ်ဖွဲ့မှ အသင့်ပြင်ဆင်ထားသော မိုင်းကွင်းအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီနှင့် ပျူစောထီးများ အယောက် ၂၀ ခန့်မှာ ပြေပြင်သို့လဲကျသွားခဲ့ပြီး ၃ ဦးမှာ ပွဲချင်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု YPDF က ဆိုသည်။ မိုင်းဒဏ်ကြောင့် အထိနာသွားသော စစ်ကောင်စီစစ်ကြောင်းသည် မိုင်းမိသည့်နေရာတွင် ခေတ္တရပ်နားကာ ရှေ့ဆက်မတိုးတော့ပဲ ဂန့်ဂေါမြို့ဘက်သို့ နောက်ကြောင်းပြန်လှည့်သွားခဲ့ပြီး YPDF ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း သိရသည်။ ထီးလင်းမြို့မှ ထွက်ခွါလာသော ယာဉ်တန်းစစ်ကြောင်းသည်လည်း လမ်းတစ်လျှောက် ကာကွယ်ရေးတပ်ဖွဲ့များ၏ အသင့်စောင့်ကြိုတိုက်ခိုက်မှုများကြောင့် အထိနာနေကြပြီး ယာဉ်တန်းဖြတ်သန်းရာလမ်းတစ်လျှောက် ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ခေတ္တတိမ်းရှောင်ကြရန် အချိန်မရွေး တိုက်ပွဲကြီးငယ်ဖြစ်လာနိုင်သောကြောင့် သတိအနေအထားဖြင့်နေပေးကြရန် YPDF က မေတ္တာရပ်ခံထားသည်။ ထို့အပြင် ယောဒေသရှိ စစ်ကောင်စီတပ်များရှိရာနေရာသို့ အချိန်မရွေး ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်သည့်အတွက်…

Read More

စစ်ကောင်စီက နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေသစ်တရပ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဲဒီပါတီမှတ်ပုံတင်ဥပဒေသစ်အရ ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်ရမှာဖြစ်ပြီး၊ မှတ်ပုံ ပြန်မတင်ပါက နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်မည်ဟုဖော်ပြထားပါတယ်။ စစ်ကောင်စီဟာ နိုင်ငံရေးပါတီတွေကို ပါတီမှတ်ပုံပြန်လည်တင်ကြဖို့ပြောဆိုနေပေမယ့် ရွေးကောက်ပွဲကျင်းပမယ် မကျင်းပဘူးဆိုတာ အသေအခြာပြောဆိုထားတာမျိုးလည်းမရှိပါဘူး။ နိုင်ငံရေးလေ့လာသုံးသူတွေတချိူ့ကတော့ လက်ရှိနိုင်ငံရေး စစ်ရေးအခြေအနေကြောင့် စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း သုံးသပ်တာမျိုးရှိပါတယ်။ ဒါပေမယ့် စစ်ကောင်စီထုတ်ပြန်တဲ့ အဲဒီဥပဒေသစ်အရ နိုင်ငံရေးပါတီတွေဟာ မှတ်ပုံပြန်မတင်ဘူးဆိုရင် တရားဝင်နိုင်ငံရေး ပါတီအဖြစ်ကနေ ပြယ်ဖျက်ခံရမယ့်အခြေအနေမှာလည်းရှိနေပြီး နိုင်ငံရေးပါတီ ၂၀ ဝန်းကျင်လောက်ကတော့ ပါတီမှတ်ပုံ ပြန်လည်တင်ပြီလို့ သိရပါတယ်။ လက်ရှိ ချင်းပြည်နယ်မှာ ချင်းပါတီ သုံးပါတီပူးပေါင်းထားတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ Zomi Congress for Democracy ပါတီ၊ ခူမီးအမျိုးသားပါတီ၊ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေပါတီ၊ ချင်းတိုင်းရင်းသားများပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့ အသီးသီးရှိကြပါတယ်။ ယခုကဲ့သို့အခြေအနေမျိုးမှာ ချင်းနိုင်ငံရေးပါတီတွေကလည်း ပါတီမှတ်ပုံတင်ရေး မတင်ရေးအပေါ် ဒွိဟဖြစ်နေကြပြီး ယနေ့ချိန်ထိတော့ ဘယ်ချင်းနိုင်ငံရေးပါတီမှ စစ်ကောင်စီထံ ပါတီမှတ်ပုံတင်တာမျိုးတော့မရှိသေးဘူး။ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော နိုင်ငံရေး စစ်ရေးအခြေအနေကြားထဲမှာ ချင်းနိုင်ငံရေးပါတီအနေနဲ့ ပါတီမှတ်ပုံ ပြန်တင်သင့် လား မသင့်လားဆိုတဲ့အပေါ်မှာ ချင်းအရပ်ဖက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေနှင့်ပြည်သူလူထု တွေရဲ့သဘောထားအမြင်ကို စုစည်းတင်ပြလိုက်ပါတယ်။ Salai Mang Hre Lian (Program Director- Chin Human Right Organization) အခုစစ်ကောင်စီရဲ့ အဓိက နိုင်ငံရေးထွက်ပေါက်က ရွေးကောက်ပွဲပေါ့နော်။ ဆိုတော့ ရွေးကောက်ပွဲကျင်းပပြီးတော့…

Read More

ရေး – Salai Van Cung Lian (UK) တို့ဗမာအစည်းအရုံးဝင် ချင်းအမျိုးသားသခင်များ ၁၉၃၆ ခုနှစ် မတ်လအတွင်း အဖွဲ့၏ ညီလာခံကြီးအား ကျင်းပခဲ့ကြပြီး လိုလားချက်များကို ပြည်မနိုင်ငံရေး ပါတီများက ထောက်ခံလာအောင်ဆောင်ရွက်ရင်း တို့ဗမာအစည်းအရုံးအဖွဲ့ နှင့် ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေးအဖွဲ့တို့ ရင်းနှီးစွာဆက်သွယ်မိကြသည်။ တို့ဗမာအစည်းအရုံးသည်လည်း သခင်ဝါဒအား တောင်တန်းနယ်များသို့ တိုးချဲ့ရန် ဆုံးဖြတ်ပြီးသည် နှင့်အမျှ ချင်းတောင်တွင် ဦးဝမ္မသူးမောင်း (သခင်အောင်မောင်း)၊ ဦးကီးဖေလိန်း (သခင်အောင်မင်း)၊ ဦးအွမ်နိန် (သခင်အောင်ညွန့်) စသော တို့ဗမာ အစည်းအရုံးဝင် ချင်းအမျိုးသားသခင်များ ပေါ်ပေါက်လာခဲ့သည်။ ကန်ပက်လက်အရေးခင်း (၁၉၄၀ ဖေဖော်ဝါရီ ၂၀) ဝရဲရွာညီလာခံ၏ ဆုံးဖြတ်ချက်များအရအဖွဲ့၏ တောင်းဆိုချက်များကို အရေးဆိုရန် ဦးအွမ်နိန် နှင့် ဦးကီးမာန်တို့အား ပခုက္ကူမြို့ ဝံသာနု အမတ်များမှတစ်ဆင့် လည်းကောင်း၊ ဦးထန်တမ် ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၂၇ ဦးနှင့်အတူ ပါလီမန်သို့လည်းကောင်း၊ နောက်ပြီး ဦးဝမ္မသူးမောင်းကိုယ်တိုင် ဗဟိုအစိုးရသို့ အဖွဲ့၏တောင်းဆိုချက်များအား တင်ပြခဲ့သည်။ အဖွဲ့၏လှုပ်ရှားမှုသည်လည်း တစ်နေ့တစ်ခြားပြင်းထန်လာပြီး ဗြိတိသျှအာဏာရှင်တို့သည်လည်း အဖွဲ့၏လှုပ်ရှားမှုများအား အလေးထားလာခဲ့သည်။ ကန်ပက်လက်ဒေသ မငြိမ်မသက်ဖြစ်မှုများအား ဖြေရှင်းရန်အတွက် မကွေးတိုင်းဝန်ရှင်တော်မင်းကြီး Mr.Mcracken နှင့် ချင်းတောင်အရေးပိုင် Mr.Naylor တို့သည် ဗဟိုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဦးဝမ္မသူးမောင်း ခေါင်းဆောင်သော အဖွဲ့၊ နောက်ပြီး ကန်ပက်လက်၊ မင်တပ်နယ် တိုက်သူကြီး နှင့် ရွာသူကြီးတို့သည် ကန်ပက်လက် ဘော်လုံးကွင်း၌ ၁၉၄၀ ခုနှစ် ဖေဖော်ဝါရီ (၂၀) တွင်…

Read More

ရေး – Salai Van Cung Lian (UK) နိဒါန်း လူမျိုးတစ်မျိုးတွင်အမျိုးသားနေ့ ရှိအံ့ရှိထိုက်သည့် အားလျော်စွာ ချင်းလူမျိုးတို့အတွက် ချင်းအမျိုးသားနေ့ ကိုရုပ်လုံး ပေါ်အောင်အကောင်အထည်ဖော်ရာတွင် အဓိကဗိသုကာ တစ်ဦးဖြစ်သူ၊ တိုင်းတစ်ပါးသား လက်အောက်ဘဝ၌ ကောင်းစားနေရခြင်းထက် အချုပ်အချာအာဏာပိုင် လွပ်လပ်သောနိုင်ငံသားဘဝတွင် ဆင်းရဲသားအဖြစ်နေရသည်က ပို၍မွန်မြတ်သည် ဟုခံယူပြီး ဗြိတိသျှနယ်ချဲ့တော်လှန်ရေးအား ဦးဆောင်ခဲ့သည့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း၏ အကြောင်းမကြားဖူးသူ ရှိလိမ့်မည်မထင်။ ဦးဝမ္မသူးမောင်း အကြောင်းမသိသေးသူ၊ မကြားဖူးသူ ရှိနိုင်သော် ငြားလည်းဘဲ သူဦးဆောင် အကောင်ထည်ဖော်ခဲ့သည့် ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးတို့အတွက် မော်ကွန်းတင်ရသည်သာမက နောင်အစဉ် ထာဝရဥဒါန်းတွင်ရပ်မည့် နေ့ထူနေ့မြတ်ကိုမူ အားလုံးသိရှိကြမည် ဟုယုံကြည်မိပါသည်။ ဤဆောင်းပါတွင် ဦးဝမ္မသူးမောင်း၏ အမျိုးသားရေးအတွက် ဆောင်ရွက်ချက်များကို ဖော်ပြသွားမည်ဖြစ်သည်။ ငယ်စဉ်ဘဝနှင့် ဗြိတိသျှစစ်တပ်ထဲသို့ အမှုထမ်းခြင်း ဦးဝမ္မသူးမောင်းသည် ၁၉၀၀ ခုနှစ် ဧပြီလတွင် ဦးမောင်းထန်းပက်နှင့် ဒေါ်လောမာန်ရောင်တို့မှ ဖွားမြင်ပြီး၊ မွေးရပ်ဇာတိ ဝမ္မသူးရွာ (မင်းတပ်မြို့နယ်) ကိုအစွဲပြု၍ ဝမ္မသူးမောင်းဟု ခေါ်ကြခြင်းဖြစ်သည်။ သူ၏နာမည် အရင်းမှာ ထန်းပက်မောင်းဖြစ်ပြီး နယ်ချဲ့ဗြတိသျှ နှင့် ဖက်ဆစ်ဂျပန် တော်လှန်စဉ်ကာလအချိန်များတွင် သခင်အောင်မောင်း ဟုလူသိများခဲ့သည်။ ဦးဝမ္မသူးမောင်းသည် ၁၉၁၀ ခုနှစ်တွင်မင်းတပ်မြို့ အစိုးရမူလတန်းကျောင်း၌ စတုတ္ထတန်းအထိ သင်ကြားခဲ့ပြီးနောက် ၁၉၁၅ ခုနှစ်တွင် ယောဒေသ တောင်းတက် ဘုန်းကြီးကျောင်း၌ ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ဗြိတိသျှကျေးစားတပ်သို့ ဝင်ရောက်ခဲ့သည်။ ၁၉၁၈ တွင်အန္ဒိယရာထူးအဆင့် Havildar (တပ်ကြပ်ကြီး)၊ ၁၉၁၉…

Read More