Author: Editor

(005MK) ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီ မြို့သိမ်းတိုက်ပွဲအတွင်း မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးခိုလုံသွားကြသော ဗိုလ်ကြီးတစ်ဦးအပါအ၀င် စစ်ကောင်စီတပ်သား အယောက် ၃၀ ကို အိန္ဒိယဗဟိုအစိုးရက ရဟတ်ယာဉ်ဖြင့်ခေါ်ထုတ်ပြီး ယနေ့တွင် စစ်ကောင်စီထံ ပြန်ပို့လိုက်သည်ဟု မီဇိုရမ်ဒေသတွင်းသတင်းမှာ ဖော်ပြသည်။ လိုင်လင်းပီမြို့က စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နို၀င်ဘာလ ၂၄ ရက်နေ့မှာ အပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သားများသည် လက်နက်ချအညံ့မခံဘဲ တဖက်အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားကြသည်။ ဗိုလ်ကြီးရန်နိုင်ဦး ဦးဆောင်သော စစ်ကောင်စီတပ်သား အယောက် ၃၀ တို့သည် မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှီဟာခရိုင် နယ်စပ်ကျေးရွာ Tuipang ရွာမှာ တပ်စွဲထားသော အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ နို၀င်ဘာလ ၂၈ ရက်နေ့က ၀င်ရောက်ခိုလုံခဲ့ကြသည်။ ထိုသို့ ခိုလုံခဲ့ကြပြီးနောက် ယနေ့မနက်ပိုင်း ၉ နာရီခွဲခန့်တွင် Tuipang ကျေးရွာမှ ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်သွားကြပြီး မဏိပူရ် ပြည်နယ် နယ်စပ်မြို့ မိုးရေကတဆင့် တမူးမြို့ဘက်သို့ လွှဲပြောင်းမည်ဟု မီဇိုရမ်ဒေသတွင်းသတင်း Bengvarna မှာဖော်ပြသည်။ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ချင်းပြည်နယ်တွင် မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်ဖော်ဆောင်ရာမှာ ရိခေါဒါရ်မြို့နှင့် သီးဘွာလ်းတပ်စခန်းက စစ်ကောင်စီတပ်သား ၇၁ ဦးသည် မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလုံခဲ့ကြပြီး နို၀င်ဘာလအတွင်းမှာပဲ အိန္ဒိယဗဟိုအစိုးရက စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ခဲ့ပြီးဖြစ်သည်။

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ် ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ လက်နက်ချအညံ့ခံခဲ့ပြီး ယင်းတို့ကို စစ်ရေးဆိုင်ရာ လုပ်ထုံလုပ်နည်းအရ ဆက်လက်ကိုင်တွယ်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “ရေဇွာမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄၀ ဦးကို အရှင်ဖမ်းမိတယ်။ ဖမ်းမိသူတွေထဲမှာ ဘယ်လိုရာထူးတွေ ပါသလဲ မသိရသေးဘူး။ ကျနော်တို့မှာ စစ်သုံ့ပန်းဆိုင်ရာ ဥပဒေရှိပါတယ်။ အဲဒါနဲ့ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ ရေဇွာမြို့သိမ်းတိုက်ပွဲကို “ZZLMS စစ်ဆင်ရေး” ဟု အမည်ပေးပြီး ချင်းအမျိုးသားတပ်မတော် CNF/CNA ၏ ဦးဆောင်မှုဖြင့် ZZLMS ညီနောင်ချင်းတပ်ဖွဲ့ဟုခေါ်သော CDF-Zotung, Zophei, CDF- Lautu ၊ CDF- Mara၊ CDF-Senthang နှင့် CDF မတူပီ ပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၆ ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ နိုဝင်ဘာလ ၂၉ ရက်တွင် ရေဇွာမြို့ကို အလုံစုံသိမ်းပိုက်နိုင်ခဲ့ပြီး CNF/CNA မှ ရဲဘော်တစ်ဦး၊ CDF Zotung မှ ရဲဘော် (၁) ဦး၊ CDF- Mara မှ ရဲဘော် (၁)ဦး၊ CDF-Lautu မှ (၁) ဦး စုစုပေါင်း (၄) ဦးတို့ ကျဆုံးခဲ့သည်၊ တပ်သား ၅ ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးကာ စစ်ကောင်စီတပ်သား ၄၀ မှာ လက်နက်ချခဲ့ပြီး…

Read More

(005MK) အိန္ဒိယ-မြန်မာနယ်စပ်အနီး ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီ မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားကြသော ဗိုလ်ကြီးတစ်ဦးအပါအ၀င် စစ်ကောင်စီတပ်သား အယောက် ၃၀ သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှီဟာခရိုင်ထဲကို ၀င်ရောက်ခိုလုံခဲ့ကြသည်ဟု သိရသည်။ လိုင်လင်းပီမြို့မှာ အထိုင်တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နို၀င်ဘာလ ၂၄ ရက်နေ့မှာ အပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများသည် လက်နက်ချအညံ့မခံဘဲ တဖက်အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားကြခြင်းဖြစ်သည်။ ဗိုလ်ကြီး ရန်နိုင်ဦး ဦးဆောင်သော စစ်ကောင်စီတပ်သား အယောက် ၃၀ တို့သည် မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှီဟာခရိုင် နယ်စပ်ကျေးရွာ Tuipang ရွာမှာတပ်စွဲထားသော အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ နို၀င်ဘာလ ၂၈ ရက်နေ့က ၀င်ရောက်ခိုလုံခဲ့ကြခြင်းဖြစ်သည်ဟု မီဇိုရမ် ဒေသထုတ်သတင်းများတွင် ဖော်ပြာသည်။ ၎င်းတို့ကို အာသံရိုင်ဖယ်တပ်ဖွဲ့က ထိန်းသိမ်းထားပြီး လိုအပ်သော စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရ သည်။ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ချင်းပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မြို့သိမ်းတိုက်ပွဲများ ဆက်တိုက် ဖော်ဆောင်ခဲ့ကြပြီး အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်း အခြေစိုက်ရာမြို့ ရိခေါဒါရ်မြို့ကို နို၀င်ဘာလ ၁၃ ရက်နေ့မှာ သိမ်းပိုက်ကာ စစ်ကောင်စီတပ်သား ၄၂ ဦးသည် တဖက် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလုံခဲ့ကြသည်။ ထို့အပြင် နို၀င်ဘာလ ၁၅ ရက်နေ့ကလည်း ဖလမ်းမြို့နယ် သီးဘွာလ်တပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တိုက်ခိုက်သိမ်းခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂၉ ယောက်တို့သည် မီဇိုရမ်ပြည်နယ်သို့ ထပ်မံထွက်ပြေးခိုလုံခဲ့ကြသည်။ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလုံကြသော…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ချိတ်ဆက်ဆောင်ရွက်ရာမှာ အဓိကအချက်အချာကျပြီး လေယာဉ်ကွင်းရှိသည့် လိုင်လင်းပီမြို့တွင် ပြည်သူ့အုပ်ချုပ်ရေး စတင်လည်ပတ်နိုင်ရန် ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် CDF – Mara တို့ ပူးတွဲ ဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယ-မြန်မာနယ်စပ်အနီးမှာတည်ရှိသည့် လိုင်လင်းပီမြို့သည် ချင်းပြည်နယ်တွင် ချင်းပူးပေါင်းတပ်များက ရိခေါဒါရ်မြို့ သိမ်းပြီး နောက် နှစ်ပတ်နီးပါးအကြာတွင် ဒုတိယမြောက် သိမ်းပိုက်နိုင်သည့် မြို့ဖြစ်ပြီး အခုရက်ပိုင်းမှာပင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း များဖော်ဆောင်နိုင်ရန် CNF/CNA နှင့် CDF – Mara တို့ ညှိနှိုင်းဆွေးနေပြီဖြစ်သည်။ “ကျွန်တော်တို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ လက်ရှိ CDF-Mara ကနေ ဦးဆောင်မှုနှင့် အဲ့ဒီမှာ နယ်မြေ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးနှင့် ကျွန်တော်တို့ အဲ့ဒီမြို့အုပ်ချုပ်ရေးကို ဒေသခံတွေကိုယ်တိုင်ဦးဆောင်တဲ့ အုပ်ချုပ်ရေးကို ကျွန်တော်တို့က ဖော်ဆောင်ဖို့ဖြစ်ပါလိမ့်မယ်” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။ ချင်းပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CNF/CNA၊ CDF- Mara၊ CDF- Matupi ၊ CDF- Lautu၊ CDF- Zophei၊ CDF- Thantlang ဒရုန်းတပ်ဖွဲ့တို့သည် နိုဝင်ဘာလ ၁၉ ရက်တွင် ပြည်သူများကို ဘေးလွတ်ရာသို့ စစ်ဘေးရှောင်ရန် အသိပေးပြီး လိုင်လင်းပီမြို့က ခလရ – ၃၀၄ အထိုင်စခန်းကို စတင်တိုက်ခိုက်ခဲ့ရာ ငါးရက်အကြာ နိုဝင်ဘာလ ၂၄ ရက်တွင် မြို့ကို အပြီးသိမ်းနိုင်ခဲ့ခြင်း ဖြစ် သည်။ စစ်ကောင်စီသည် လိုင်လင်းပီမြို့ မကျရေးအတွက် ဂျက်တိုက်လေယာဉ်ဖြင့် ၁၀…

Read More

ရေး – 006SV ချင်းပြည်နယ်မြောက်ပိုင်း အိန္ဒိယ- မြန်မာနယ်စပ်၊ အမှတ် – ၂ ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ ရိခေါဒါရ်မြို့ဟာ မကြာခင်မှာ ချင်းပြည်နယ်ထဲက မြို့တွေထဲမှာ ပထမဦးဆုံး ပြည်သူ့အုပ်ချုပ်ရေးစတင်လည်ပတ်တဲ့ မြို့ဖြစ်လာတော့မှာလို့ ဆိုရမှာပါ။ ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲမှာရှိတဲ့ ရိခေါဒါရ်မြို့ဟာ အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးမှာ တမူး-မိုးရေးပြီးရင် ဒုတိယ အရေးကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီအတွက် စီးပွားရေးအရသော်လည်းကောင်း စစ်ရေးအရေသော်လည်းကောင်း မဟာဗျူဟာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီရိခေါဒါရ်မြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းတွေကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူဖို့ အရင်က ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။ ဒါပေမယ့် နို၀◌င်ဘာလ ၁၃ ရက်နေ့မှာတော့ ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်မှုနဲ့ CDF – Hualngoram ၊ CDF- ထန်တလန်၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDA)၊ CDF -Zanniatram (ဇန်ညှက်ရမ်) စတဲ့ ချင်းပူးပေါင်းတပ်တွေက ရိခေါဒါရ်မြို့မှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုစလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်။ ဒီလိုသိမ်းပိုက်ပြီး ရက်ပိုင်းအကြာမှာပဲ ပြည်သူ့အုပ်ချုပ် ရေးစနစ်အကောင်အထည်ဖော်ဆောင်ဖို့ စတင်လာခဲ့ကြတာဖြစ်ပါတယ်။ ရိခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဘာကြောင့်သိမ်းပိုက်ခဲ့ရတာလဲဆိုတာနဲ့ ပတ်သက်ပြီး ချင်းအမျိုးသား တပ်ဦး CAN/ CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ခုလိုပြောဆိုပါတယ်။ “ရိခေါဒါရ်မြို့က အမှတ်(၂) အိန္ဒိယ- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မွာရွိတယ်၊အဲ့ကုန်သွယ်ရေးလမ်း ကြောင်းကို ထိန်းတဲ့မြို့ဖြစ်တယ်။ ဒီနေ့ကျွန်တော်တို့ တော်လှန်ရေးက စစ်ကောင်စီအမြစ်ပြုတ်တိုက်ဖို့ဆိုရင် အဲ့ဒီစစ်ရေးနဲ့ စစ်ရေးအပြင် သူ့ကို အထောက်အပံ့ပြုနေတဲ့ကုန်သွယ် ၊စီးပွား၊…

Read More

ရေး – 001RB အမိုးအကာ၀ါးတွေနဲ့ဆောက်ထားတဲ့ ဒီအိမ်လေးတွေဟာ အ ေ၀းကနေကြည့်ရင်တော့ တောင်ယာထဲက တဲတွေလို့ ထင်ရ ပေမယ့် တကယ်တော့ ဒါဟာ မြန်မာစစ်ဘေးရှောင်တွေ ခိုလုံနေကြတဲ့ အိမ်လေးတွေဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်ရဲ့ မြို့တော်အိုင်ဇောလ်ကနေ ၁၅ မိုင်လောက်ကွာ‌ေ၀◌းတဲ့ Tuirial ဆိုတဲ့ကျေးရွာ ထဲက မြန်မာစစ်ဘေး ရှောင်စခန်းဖြစ်ပါတယ်။ ဒါဟာ မီဇိုရမ်ပြည်နယ်ထဲက မြန်မာစစ်ဘေးရှောင်စခန်းမြောက်များစွာထဲ က တစ်ခုပါ။ ဒေါ်ကီလ်းသဲ (အမည်လွှဲ) တို့မိသားစုဟာ ဒီစစ်ဘေးရှောင်စခန်းမှာ နေလာခဲ့တာ ခုဆိုရင် တစ်နှစ်ကျော်ကျော်ရှိသွားပါပြီ။ ကိုယ့်အိမ်ကိုယ့်ယာမဟုတ်တဲ့ နိုင်ငံရပ်ခြားမှာ အလုပ်အကိုင်ရှာပါးပြီး စား၀◌တ်နေရေးခက်ခဲလှပေမယ့် စိုးရိမ်ကြောက် လန့်ရမယ့် စစ်သားတွေမရှိတာကြောင့် မြန်မာနိုင်ငံထက်စာရင် လုံခြုံမှုရှိတယ်လို့သူမကဆိုပါတယ်။ ဒီစစ်ဘေးရှောင်စခန်းမှာတော့ သူကြောက်လန့်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေမရှိတော့ပေမယ့် ၀◌မ်းတထွာအတွက် နေ့စဉ် ရုန်းကန်လှုပ်ရှားရတာ သူအဖို့မလွယ်ကူလှပါဘူး။ ကျောင်းနေရွယ် ကလေး ၃ ယောက်မိခင် ဒေါ်ကီလ်းသဲတို့မိသားစုဟာ နေ့စဉ်စား၀◌တ်နေရေးအတွက် အမျိုးသားဖြစ်သူရဲ့ ပုံမှန်မရှိနိုင်တဲ့ ကြုံရာကျပန်းအလုပ်ကို အဓိကအားထားနေရတယ်လို့ သူမကဆိုပါတယ်။ “ကျမအမျိုးသားကတော့ ရှိတဲ့အလုပ်မှန်သမျှကို လုပ်တယ် တောထဲက သစ်တုံးတွေ ထမ်းတာ၊ တောင်ယာခြံပေါင်းရှင်း ဖို့ရှိရင် သွားတယ်၊ ပြီးတော့ အိမ်ဆောက်တဲ့နေရာ ပန်းရံလုပ်ဖို့ရှိရင်လိုက်တယ် အကုန်ရှိသမျှအလုပ်ကို လုပ်ရတယ်၊ ကျမ ကတော့ ဘာမှအလုပ်မရှိဘူး တခါတလေမှာ တောင်ယာပေါင်းရှင်းဖို့ခေါ်ရင်လိုက်တယ် မရှိရင်တော့ ဘာမှလုပ်စရာမရှိဘူး လေ နေ့တိုင်းလိုလိုကတော့ အိမ်မှုကိစ္စနဲ့ ကလေးတွေကိုကြည့်ရှုထိန်းရတာ ကျမရဲ့ အလုပ်ပါပဲ” ဒေါ်ကီလ်းသဲတို့မိသားစုဟာ စစ်ကိုင်းတိုင်း ကလေးမြို့နယ် စက္ကန့်ကျေးရွာကဖြစ်ပါတယ်။ စက္ကန့်ကျေးရွာဟာ ချင်းလူမျိုးတွေနေထိုင်ကြတဲ့ရွာဖြစ်ပြီး ရွာအနီးနားနဲ့ ရွာထဲမှာ စစ်ကောင်စီတပ်နဲ့…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ရေးအရှိန် မြင့်တင်လာတော့မည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ များ တပ်စွဲနေရာယူထားသည့် နေရာအနီးတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ဒီဇင်ဘာ ၁၅ ရက်နေ့နောက်ဆုံး ထားပြီး ရှောင်တိမ်းကြရန် ကလေးခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေး ထုတ်ပြန်သည်။ ကလေးမြို့နယ်အတွင်းရှိ စကစတပ်ရင်းများ၊ စကစတပ်စခန်းများ၊ ရဲစခန်းများ၊ စကစဂိတ်များ၊ စကစတပ်စွဲရာနေရာများ အပါအဝင် ပျူစောထီးကျေးရွာအနီးတို့တွင် နေထိုင်ကြသည့်ပြည်သူများ ဘေးလွတ်ရာကို အချိန်မီရှောင်တိမ်းကြရန် အလေးအနက်တိုက်တွန်းသည်ဟု နို၀◌င်ဘာလ ၂၆ ရက်စွဲဖြင့် ကလေးရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်ကြောင့် ကလေးမြို့အတွင်း စစ်ကောင်စီတပ်များအထိုင်ချတပ်စွဲရာအနီးအနား၊ မြို့တော်ခန်းမ၊ ၂၂၈ တပ်ရင်း အနီးတို့မှ ပြည်သူများသည်လည်း နီးစပ်ရာ ဆွေးမျိုးတို့ထံ တိမ်းရှောင်သူများလည်းရှိနေပြီး စစ်ကောင်စီဘက်က လည်း တိမ်းရှောင်ပါက နေအိမ်များ မီးရှို့မည်ဟု ခြိမ်ခြောက်မှုရှိနေသည်ဟု သိရသည်။ ၂၂၈ တပ်နဲ့အနီးတွင် နေထိုင်သူပြည်သူတစ်ဦးက “လူငယ်တွေက အသိပေးလာတယ်အဒါကြောင့် အိမ်မှာရှိတဲ့သက် ကြီးသူတွေကိုပဲ အရင် ရှောင်ဖို့ တခြားရပ်ကွက်ဖက်ကို ပို့ထားသေးတယ်။ ရှောင်တဲ့ သူတွေလည်း ရှောင်ကြတယ်။ လူငယ်တွေသတိပေးတာကို စကစတွေကကြားလို့ထင်တယ်။ ထွက်တဲ့သူ တွေရဲ့အိမ် မီးရိူ့မယ်လို့ ပြောပြန်တယ်။ ထွက်ရမလို ဒီတိုင်းပဲ ဆက်နေရမလို ဖြစ်နေတယ်” ဟုပြောသည်။ ကလေးမြို့ပေါ်အခြေစိုက် ၂၂၈ တပ်သည် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်း၊ရပ်ကွက်အတွင်း ယခင်ထက် ကင်းလှည့် ခြင်းများပြုလုပ်လာသောကြောင့် ပြည်သူများ စိုးရိမ်မှုမြင့်တက်လာသည်ဟု ယင်းရပ်ကွက်တွင်နေထိုင်သူများထံမှသိရသည်။ ယခုရက်ပိုင်း ကလေးမြို့တွင် ကားလမ်းများပိတ်ထားခြင်းကြောင့် ဓာတ်ဆီအပါအဝင်ကုန်စျေးနုန်းများ အဆမတန် မြင့် တက်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့မှ…

Read More

(006SV) ပြည်သူ့ရင်ခွင်ခိုလှုံလာကြမည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များအတွက် အထူးခြွင်းချက်ကာလအဖြစ် လွတ်ငြိမ်းချမ်းသာခွင့်မူဝါဒကို ချမှတ်ဖော်ဆောင်နေသောကြောင့် အချိန်မနှောင်းခင် ပြည်သူ့ရင်ခွင့် ခိုလှုံကြရန် NUG၊ CNF အပါအဝင် တော်လှန်ရေးအင်းအားစုများက စုပေါင်းတိုက်တွန်းလာသည်။ လွတ်ငြိမ်းချမ်းသာခွင့်မူဝါဒတွင် စစ်မြေပြင်မှာ ပြည်သူ့တော်လှန်ရေးအင်အားစုများထံ လက်နက်အပ်နှံလျက် ပြည်သူကို သစ္စာခံမည့်အကြောင်း သဘောထားဖော်ပြလာသူများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း ပြုလုပ်မည် မဟုတ်ဘဲ မိသားစုထံ ပြန်လိုက ပြန်နိုင်အောင် ကူညီစီစဉ်ပေးမည်၊ မိသားစုဝင်များ အတူပါလာလျှင် ၎င်းတို့၏ ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် လုံခြုံရေးကို တာဝန်ယူမည်၊ ပြန်လည်အခြေချ နေထိုင်နိုင်ရန် လိုအပ်သော ထောက်ပံ့မှုများကို အစွမ်းကုန်ကူညီဆောင် ရွက်ပေးမည်ဟု ပူးတွဲထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ “အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်မတော်သား၊ ရဲတပ်ဝင်များ၊ ပြည်သူ့စစ်များနှင့် အတင်း အဓမ္မရှေ့တန်း စေလွှတ်ခံ ရသူများအတွက် အထူးတိုက်တွန်းတွန်းချက်နှိုးဆော်ချက်” ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ Kachin Ginra People’s Embrace Zinlum Komiti (KPEZ)၊ ချင်းအမျိုးသားတပ်ဦး CNF၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့က ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်မှာ ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့များမှ တစ်ဦးချင်းဖြစ်စေ၊ တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်စေ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်းရင်သား တော်လှန်ရေးအင်အားစုနှင့် t.me/MyanmarPeople တယ်လီဂရမ်အကောင့်သို့ ဆက်သွယ်၍ စစ်အုပ်စုကို စွန့်ခွာကာ ပြည်သူ့ရင်ခွင့်သို့ ခိုလှုံရန် ထပ်မံတိုက်တွန်းလာခြင်းဖြစ်သည်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေးဟူသော…

Read More

(006SV) ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် ပထမအဆင့် မြို့သိမ်းအကြိုတိုက်ပွဲဖော်ဆောင်သည့်အနေဖြင့် မြို့ပေါ်အခြေစိုက် စစ်ကောင်စီ စခန်းအားလုံးကို ၂ ရက်တာ တပြိုက်နက်တိုက်ခိုက်သော စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်မှ ၇ ဦးထက်မနည်း သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ သည်ဟု CDF- ဟားခါးမှ တာ၀◌န်ရှိသူတစ်ဦးကပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်က စတင်သော မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆို သည့်အနေဖြင့် Rung Operation ပထမအဆင့် မြို့သိမ်းအကြိုတိုက်ပွဲအဖြစ် နိုဝင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင်း ဟားခါးမြို့တွင်းက စစ်ကောင်စီစခန်းအားလုံးကို တပြိုက်နက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF – ဟားခါးမှ တာဝန်ရှိသူက ပြောသည်။ “ဟားခါးမြို့တော် မြို့တွင်းထဲမှာ Rung operation အနေနဲ့ မြို့တွင်းက စစ်တပ်စခန်းရှိသမျှ အကုန်လုံးကို မနေ့က တိုက်ခိုက် တာဖြစ်တယ်။ အဓိက ရည်မှန်းချက်ကတော့ ညီနောင်သုံးဖွဲ့ ဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ တစ်လပြည့်အထိန်းအမှတ်ကို ကျနော်တို့လည်း ပါဝင်တယ်။ အားပေးတယ်ပေါ့နော။ စကစနေတဲ့ နေရာတွေ၊ ဟားခါးမှာ ဝန်ကြီးအိမ်ယာတွေ လုံခြုံရေး စခန်းတွေ တပ်ကုန်းတွေကို သူတို့အများဆုံးနေတဲ့ နေရာတွေကို စစ်ဆင်ရေး လုပ်တာဖြစ်တယ်” ဟု CDF- ဟားခါးမှ တာ၀◌န်ရှိသူတစ်ဦးက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၇ ဦးထက် မနည်းသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာများရရှိကာ CDF -…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်၊ ဘဝသစ်ရပ်ကွက်တွင် စစ်ကောင်စီတပ်နှင့် CDF – မင်းတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက ထိခိုက်ကျဆုံးမှုရှိပြီး လက်နက်ကြီးကျည်များ မြို့မနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်း ကျရောက် ပေါက်ကွဲ၍ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာများရရှိသည်ဟု ဒေသခံများကပြောသည်။ “မနေ့က မင်းတပ်က ဘဝသစ်ရပ်ကွက်က စကစနဲ့ ထိတွေ့မှုဖြစ်တာမှာ ၂၇၄ တပ်ကနေ တောက်လျှောက် ၁၂၀ မမ လက်နက်ကြီးနဲ့ လှမ်းလှမ်းပစ်နေတာ၊ ပစ်တော့ မလှမ်းမကမ်းမှာရှိတဲ့ ဘုရားကျောင်းဝန်းထဲ ကျတယ်။ ပြည်သူနေအိမ်တွေ လည်း မှန်တွေကွဲ ၊ အိမ်တံခါးတွေ ပျက်စီးတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၂၆ ရက် မနက်ပိုင်းက မင်းတပ်မြို့၊ ဘဝသစ်ရပ်ကွက် မိခင်ကလေးဆေးရုံးအနီး နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၂ ဦးမှာ သေဆုံးပြီး၊ ၃ ဦးခန့်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်၊ ၎င်းတို့၏ လက်နက် ၂ လက်ကို ယူရန် ကြိုးစားသော်လည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်သောကြောင့် ပြန်ဆုတ်ခဲ့ရသည်ဟု တိုက်ပွဲအခြေအနေကို သိသော မင်းတပ်ဒေသခံက ပြောသည်။ စစ်ကောင်စီက ထိခိုက်ဒဏ်ရာ ရရှိသော ရဲဘော်များကို ၂၇၄ တပ်ရင်းထဲက ဆေးခန်းတွင် ဆေးကုသမှု ပေးနေသည်၊ တိုက်ပွဲဖြစ်ပွားသော နေရာအနီးက ပြည်သူ့နေအိမ်တစ်လုံးမှာ ထိခိုက်ပျက်စီးများလည်း ရှိသည်ဟု သိရသည်။ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းတပ်မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝန်းထဲ လက်နက်ကြီးကျည် ၃ လုံးကျရာမှ အသက် ၅၀…

Read More