Author: Editor

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်က စစ်ကောင်စီတပ်၏ အထိုင်စခန်းကြီးဖြစ်သော “နှုံးဘူး” ဗျူဟာကုန်း အပြီးသိမ်းပိုက်နိုင်ရေး ယနေ့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်ဟု ရက္ခိုင်တပ်တော် (AA) က ဒီဇင်ဘာလ ၆ ရက်မှာ သတင်းထုတ်ပြန်သည်။ စစ်ကောင်စီသည် “နှုံးဘူး” ဗျူဟာ မကျရေးအတွက် ယနေ့ မနက်ပိုင်းတွင် ဂျက်လေယာဉ်များ၊ လက်နက်ကြီး ပစ်ကူ အမြောက်အများဖြင့် ခုခံတိုက်ခိုက်နေသည်ဟု သိရသည်။ ရက္ခိုင်တပ်တော် က “နှုံးဘူး” ဗျူဟာကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်မှုသည် ယနေ့ ဒီဇင်ဘာလ ၆ ရက်တွင် ၂၃ ရက်အထိ ကြာမြှင့်လာပြီးဖြစ်ကာ အဆိုပါဗျူဟာကုန်းကို သိမ်းပိုက်ရရှိနိုင်ရေး အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲမှာ ပြင်းထန်လျက်ရှိသည်ဟု သိရသည်။ “တရွန်အိုင်” ဗျူဟာကုန်း စခန်းကြီးတစ်ခုလုံးကို ၂၁ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာလ ၄ ရက်က ရက္ခိုင်တပ်တော် AA က အပြီးသတ်သိမ်းယူထားပြီဖြစ်သည်။ “နှုံးဘူး” နှင့် “တရွန်အိုင်” ဗျူဟာကုန်းတိုက်ပွဲများအတွင်း စစ်ကောင်စီသည် လေကြောင်း၊ လက်နက်ကြီး ပစ်ကူ အများအပြားဖြင့် ခုခံတိုက်ခိုက်နေပြီး Chemical Warfare Agents ဓာတုဓာတ်ငွေ့ ပါသောဗုံးများလည်း အသုံးပြုသည်ဟု AA က ထုတ်ပြန်ထားသည်။ ယင်းဗျူဟာကုန်းတိုက်ပွဲများအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော မရာနယ်မြေ‌ ဒေသကွယ်ရေးတပ်ဖွဲ့ MDF သည် AA တပ်ဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည်ဟု သိရသည်။ ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါရှိသော “တရွန်အိုင်ဗျူဟာ” ကုန်းသိမ်းတိုက်ပွဲတွင် ရက္ခိုင်တပ်တော် AA…

Read More

(006SV) လူမှုပတ်၀န်းကျင်းအသိုင်းအ၀န်းမှာ အမျိုးသမီးတွေဆိုတာ နူးညံ့သိမ့်မွေ့ရမယ်လို့ ဘောင်ခတ်ထားတဲ့ ပုံသေကားချပ် အမြင်တွေနဲ့ သတ်မှတ်လေ့ရှိပေမယ့် ဒါဟာ မအန်ဇလာအတွက်တော့ မဟုတ်ပါဘူး။ အသက် ၂၀ ၀န်းကျင်အရွယ်သာရှိသေးတဲ့ မအန်ဇလာဟာ ချင်းပြည်နယ် မတူပီမြို့ကဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားတဲ့နောက်ပိုင်းမှာတော့ အမျိုးသားတွေနဲ့တန်းတူ လက်နက်ကိုင်တော်လှန်ရေးထဲပါ၀◌င်ဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်အောက်က ပြည်သူတွေရဲ့ နစ္စဓူ၀ခံစားနေရတဲ့ အခြေအနေကို လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ သူမဟာ မိဘတွေခွင့်မပြုတဲ့ကြားထဲကနေ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Matupi တပ်ဖွဲ့မှာ ၀◌င်ရောက်ပြီး ယနေ့ချိန်ထိ အမျိုးသား လွတ်မြောက်ရေး အာဏာရှင်စနစ်ကို အမြစ်ဖျက်ချေမှုန်းရေးအတွက် တိုက်ပွဲ၀င် နေသူတစ်ဦးဖြစ်ပါတယ်။ “ကျမစသွားတုန်းကဆိုရင် အိမ်ကနေထွက်ပြေးပြီးမှ သွားတာ၊ အိမ်ကလည်းမလွတ်ချင်ဘူး မိန်းကလေး ဒီအလုပ်က ယောကျား လေးတွေလုပ်တဲ့အလုပ်။ယောကျား လေးတွေ တောင် အကုန်လုံးမပါဝင်နိုင်တဲ့အလုပ်လေ တအားအန္တရာယ် ရှိတယ်၊ မိဘတွေရဲ့ သဘောထားတော့ စစ်မြေပြင်မှာ သွားရမယ်ဆိုရင် စစ်တိုက်ရမယ်၊သေတော့မယ် အဲ့လိုမျိုးခံယူ ထားကြတယ်လေ ကိုယ့်ရဲ့သား သမီးတွေအတွက် စိုးရိမ်တယ်၊ မသွားခိုင်းစေချင်ဘူး၊ ပညာတွေသင်စေချင်တယ်ပေါ့၊ ဒါပေမယ့် ညီမတို့ဖက်က ကျတော့ အဲ့လိုမျိုး လက်ပိုက်ကြည့်မနေနိူင်ဘူး” လို့ မအန်ဇလာကပြေပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုတွေ ပေါ်ပေါက်လာချိန် ချင်းပြည်နယ်မှာလည်း ချင်းကာကွယ်ရေး တပ်ဖွဲ့ CDF တွေ၊ ဒေသနဲ့ မျိုးနွယ်အလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ထူထောင်လာကြပြီး ချင်းအမျိုးသမီးတွေလည်း စစ်အာဏာ ရှင် တော်လှန်ရေးထဲ အုံနဲ့ကျင်းနဲ့ ပါဝင်လာကြပါတယ်။ ချင်းကာကွယ်ရေးတပ်ပေါင်းစုလို့ ခေါ်လို့ရတဲ့ CJDC (Chinland Joint Defense Committee) အဖွဲ့ဝင်…

Read More

မကြာခင်ရက်ပိုင်းအတွင်း ကျင်းပပြုလုပ်မည့် ချင်းလဲန်းကောင်စီဖြစ်မြောက်ရေး ညီလာခံမှာ ချင်းလက်နက်ကိုင်တော် လှန်ရေး ၃ ဖွဲ့က တက်ရောက်မည်မဟုတ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့စွဲဖြင့် ပူးတွဲထုတ်ပြန်ကြေညာလိုက်သည်။ ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် အချို့သော ချင်းလွှတ်တော်ကိုယ်စားလှယ်များမှ ဦးဆောင်ကာ လာမည့် ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက်နေ့အထိ ချင်းလဲန်းကောင်စီဖြစ်မြောက်ရေး ညီလာခံတစ်ရပ် ခေါ်ယူကျင်းပရန် စီစဉ်နေသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO), ချင်းအမျိုးသားကောင်စီ (မင်းတပ်) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး စသည့် ၃ ဖွဲ့၏ ယနေ့ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ ယင်းညီလာခံသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အပြင် တန်းတူညီမျှရေးမရှိသောကြောင့် ချင်းအမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း သုံးသပ်တွေ့ရှိရသည်ဟု အဆိုပါ ၃ ဖွဲ့ကဆိုသည်။ ထို့ကြောင့် အဆိုပါ ချင်းလဲန်းကောင်စီဖြစ်မြောက်ရေးညီလာခံတွင် မင်းတပ်မြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့အား ကိုယ်စားပြုသည့် နိုင်ငံရေးနှင့် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ကြသော ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC-Mindat/CDF-Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) တို့မှ တက်ရောက်မည်မဟုတ်ကြောင်း ပူးတွဲထုတ်ပြန်ကြေညာထားသည်။ ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ချင်းပြည်နယ်အစိုးရ ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီများ ဖွဲ့စည်းကာ ဆောင်ရွက်လျှက်ရှိပြီး ယခင်ကလည်း ညီလာခံတစ်ရပ်ခေါ်ယူချင်းပခဲ့ပြီးဖြစ်သည်။ ထိုညီလာခံတွင် ချင်းတော်လှန်ရေးအင်အားစုထဲက CNO/CNDF နှင့် ZFU/PDF-Zoland တို့သာ တက်ရောက်ခြင်းမရှိခဲ့ပေ။ ယခု ပြန်လည်ကျင်းပမည့် ညီလာခံတွင်မူ CNO/CNDF နှင့် ZFU/PDF-Zoland အပြင် ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC-Mindat/CDF-Mindat)…

Read More

(002MG) စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကြောင်းထိုးလာမူများရှိနေပြီး ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း အသင့်အနေအထားမှာ ရှိနေကြသည်ဟု သိရသည်။ အင်အား ၂၀၀ ၀န်းကျင်ရှိမည့်ဟု ခန့်မှန်းရသော စစ်ကောင်စီတပ်ဖွဲ့သည် ခမ်းပတ်မြို့ဘက်သို့ ဦးတည်ချီတက်လာကြပြီး ယမန်နေ့က စောဘွားရေရှင်ကျေးရွာအရှေ့၊ လက်ဆေးကန်ဘက်တွင် ရောက်ရှိလာကြပြီဟုသိရပြီး နှစ်ဘက် စောင့်ကြည့်အနေအထားဖြင့် အချိန်မရွေး ထိတွေ့တိုက်ပွဲဖြစ်လာနိုင်သည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO- Upper Chindwin Region တပ်မဟာ ၄၊ တပ်မဟာမှူးကပြောသည်။ “ခမ်းပတ်မြို့နဲ့လည်း သိပ်ပြီးနီးတာမဟုတ်ဘူး ခပ်လှမ်းလှမ်းမှာပဲရှိသေးတယ် ရွာလူတွေလည်း သိပ်ပြီးတော့ တောထဲမသွားဖို့လည်း တားထားတယ် အကုန်လုံး၊ မြို့ထဲမဝင်နိုင်အောင်တော့ ကာဖို့တော့ အစီအစဥ်ရှိတယ်၊ သူတို့ မြို့နားကပ်ရင်တော့ ဘယ်ချိန်မဆို တိုက်ပွဲဖြစ်နိုင်တဲ့အချိန်မှာတော့ရှိတယ်” ဟု CNO UCR က တပ်မဟာမူးက ပြောသည်။ ကလေး-တမူးကားလမ်းမပေါ်တွင်တည်ရှိသော ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက နိုဝင်ဘာလ (၇) ရက်က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသော ကလေး-တမူး ကားလမ်းမပေါ်တွင်တည်ရှိသော ခမ်းပတ်မြို့သည် စစ်ရး စီးပွာရေးအရ အချက်အချာကျသော မြို့ဖြစ်သောကြောင့် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာခြင်းဖြစ်နိုင်သည်ဟု သိရသည်။ ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့များ ခမ်းပတ်မြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့်သတင်းကြောင့် ခမ်းပတ်မြို့ပေါ်ရပ်ကွက်တချို့နှင့် ကလေး-တမူးလမ်းမပေါ်တွင်ရှိသည့် နန်းခေါက်ခေါက်ကျေးရွာမှ ပြည်သူများသည်လည်း စစ်ဘေးတိမ်းရှောင်လာကြသူများလည်းရှိသည်ဟု ခမ်းပတ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အခုကအဲ့သတင်းကြောင့် ဟိုပြေးဒီပြေးဖြစ်နေကြတာ၊ အမှတ် (၁) ရပ်ကွက်က ၂၊ ၃ ဘက်ကိုပြေးကြတယ်၊ တချို့ကတော့ တောင်နဲ့နီးတဲ့ အမျိုးတွေစီ ညမှာသွားအိပ်တယ်၊ မနက်ကြရင်အိမ်ပြန်လာတယ်” ဟု…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ပြည်သူများ မြင်ချင်နေသည့် စစ်ဆင်ရေးတိုက်ပွဲ ဖော်ဆောင်နေပြီး မကြာမီမှာ သတင်းထုတ်ပြန်ပေးမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ယနေ့မှာ ကြေညာသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ -မင်းတပ်က တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲလျက်ရှိနေသော်လည်း လက်ရှိမှာ အသေးစိတ် ဖြေဆို၍မရသေးသည့်အတွက် မကြာမီ ထုတ်ပြန်ပေးသွားမည်ဟု CDF – မင်းတပ်မှ တာဝန်ရှိသူများက ပြောသည်။ တိုက်ပွဲများ ဆင်နွှဲနေကြသည့် CDF – မင်းတပ်အတွက် ဆုတောင်းပေးကြရန်လည်း CDF – မင်းတပ်၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနက ထုတ်ပြန်ထားသည်။ ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်ကလည်း မင်းတပ်မြို့ပေါ်၊ ဘဝသစ်ရပ်ကွက်၊ စာတိုက်ရုံးအနီးမှာ စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ရာ စစ်ကောင်စီက ၁ ဦး ပွဲချင်းပြီး သေဆုံးကာ၊ ၆ ဦး ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသနေစဉ် တစ်ဦး ထပ်မံသေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။ မင်းတပ်မြို့ပေါ်တွင် ထိတွေ့ပစ်ခတ်မှုများ ပြန်ဖြစ်ပွားလာပြီး စစ်ကောင်စီက လမ်းမပေါ်နှင့် နေအိမ်အပြင်ထွက်သူများကိုလည်း မသင်္ကာလျှင် ပစ်မိန့်ပေးထားသည့်အတွက် မြို့တွင်းတိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု ဒေသခံတချို့က ပြောသည်။ ယခုနှစ်အတွင်း မင်းတပ်မြို့နယ်တွင် ထိတွေ့တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ ၇၂ ဦးသေဆုံးပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်၊ CDF မင်းတပ်မှ တိုက်ပွဲအတွင်း ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

Read More

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသကို ဆက်သွယ်သော အဓိကလမ်းမကြီးဖြစ်သော ကလေး-သိုင်းငင်း ကားလမ်းကြီးသည် လုံခြုံရေးအခြေအနေကြောင့် အသုံးပြု၍မရသေးသည့်အပေါ် ပြည်သူများအနေဖြင့် သည်းခံနားလည်ပေးကြရန် CDF CDM Siyin က ယနေ့တောင်းဆိုလိုက်သည်။ ကလေး-သိုင်းငင်း လမ်းမကြီးကို နိုဝင်ဘာ ၂၇ ရက်ကစတင်ပြီး ဖြတ်သန်းသွားလာခြင်းမပြုရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Civic Défense Militia -CDM-Siyin က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ “ကလေး – သိုင်းငင်း (တီးတိန်-ဖလမ်း) လမ်းမကြီးအား များမကြာခင် စကစလက်ထဲမှ ပြည်သူ့ဆန္ဒသဘောအတိုင်း ပြန်လည်အသုံးပြုနိူင်ဖို့ရန် ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် အချိန်ခဏ ဆက်ပြီး သည်းခံနားလည်ပေးကြဖို့ အနူးညွှတ်တောင်းပန်လိုပါသည်” ဟု CDF CDM Siyin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သိုင်းငင်းကျေးရွာသည် ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်-ဖလမ်းမြို့သို့သွားရာလမ်းကြောင်းပေါ်တွင် တည်ရှိသည့်ရွာဖြစ်ပြီး ထိုနေရာတွင် စစ်ကောင်စီတပ်က စခန်းချတပ်စွဲထားခြင်းဖြစ်သည်။ ယင်းစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် ဒီဇင်ဘာလ ၂ ရက်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူမှုကြောင့် စခန်းအား သိမ်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Read More

(003PT) မြန်မာ့နွေဦးတော်လှန်ရေးမှာ တူမီးသေနတ်ကို စွဲကိုင်ပြီး စစ်အာဏာရှင်ကို အစောဆုံး အန်တုခဲ့တဲ့ ချင်းလူမျိုးတွေရဲ့ တော်လှန်ရေးကို အခြေခံရိုက်ကူးထားတဲ့ “Ram Rian (My Duty)” ဇာတ်လမ်းတို ရုပ်ရှင်မှတ်တမ်းကို နို၀င်ဘာလ ၂၆ ရက်နေ့က ကိုးရီးယားနိုင်ငံမှာ ပထမဆုံးအကြိမ် ပြသလိုက်ပြီဖြစ်ပါတယ်။ ဒီ ရုပ်ရှင်မှတ်တမ်းကို ချင်းလူမျိုး Salai Tial Bawi Ling က ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး စစ်ကောင်စီကြောင့် ပြာပုံအတိဖြစ်ခဲ့ရတဲ့ ထန်တလန်မြို့ကို နောက်ခံထားပြီး စစ်ရဲ့ အနိဌာရုံ မြင်ကွင်းတွေကို မြင်တွေ့ရမယ်လို့ သူကပြောပါတယ်။ ဒီရုပ်ရှင်ဇာတ်လမ်းတိုနဲ့ပတ်သက်ပြီး ရိုက်ကူးပုံဖော်ထားတဲ့ Salai Tial Bawi Ling ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ အရင်ဆုံး ဆရာ့အကြောင်းလေးနဲ့ ခုရိုက်ကူးပုံဖော်ထားတဲ့ Ramrian အကြောင်းလေး မိတ်ဆက်ပါဦး။ ဖြေ။ ။ ကျွန်တော် အမေရိကန်ကနေ Photo Journalist နဲ့ ၂၀၁၂ မှာ စတက်ပြီး ၂၀၁၅ မှာ ကျောင်းပြီးတယ်။ အဲ့ဒါပြီးပြီးချင်း CNF ဥက္ကဌ Pu Zing Cung ကနေပြီး ကျွန်တော့်ကို CNA သမိုင်းဆိုပြီးတော့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတယ်။ အဲ့ဒီတုန်းက ၂၀၁၅ စက်တင်ဘာက နေစပြီးရိုက်ဖြစ်တယ်။ ကျွန်တော်တို့ ချင်းတော်လှန်ရေး အရင်က ပြီးခဲ့တဲ့ ၈ နှစ်ကပေါ့။ သူ့ရဲ့ Title က RO…

Read More

(003PT) ကလေး-ဖလမ်း လမ်းမကြီးအသွားလာပိတ်ပင်ထားခြင်းကြောင့် ဖလမ်းမြို့နယ်အတွင်း ဓာတ်ဆီ တစ်ဂါလံ ၆၀,၀၀၀ အထိမြင့်တက်လာသည့်အတွက် ဆိုင်ကယ် အသုံးပြုမှုနည်းလာပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်ရာတွင်လည်း အခက်ကြုံနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ပြည်သူအများစုမှာ တောင်ယာထွက်သီးနှံများ သယ်ယူပို့ဆောင်ရာတွင် ဆိုင်ကယ်ကို အဓိကထား အသုံးပြုလေ့ရှိကြပြီး ယခုကဲ့သို့ ဓာတ်ဆီစျေးနှုန်းမြင့်တက်မှုကြောင့် တောင်ယာလုပ်ငန်းမှာ အခက်ခဲကြုံတွေ့နေကြရခြင်းဖြစ်သည်။ ကလေး-ဖလမ်း လမ်မကြီးဘေးရှိ ဗားလုံကျေးရွာခံတစ်ဦးက “ကျွန်မတို့က ခါတိုင်းဆို တောင်ယာသွားရင်လည်း ဆိုင်ကယ်ပဲသုံးတာ၊ အထူးသဖြင့် ကော်ဖီထုပ်တွေသယ်တဲ့အခါ ဆိုင်ကယ်နဲ့ပဲသယ်တာ၊ အခုတော့ လူကပဲထမ်းနေရ တယ် အိမ်အထိ ၃ မိုင်လောက်ကို။ ပြီးတော့ ခြေလျှင်နဲ့ပဲသွားလာနေရတော့တယ်။ ဓာတ်ဆီဝယ်ဖို့တောင် ရွာထဲမှာ မရှိသလောက်ပဲအခု” ဟု ပြောသည်။ စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်ကိုဆက်သွယ်သော ကလေး-သိုင်းငင်း-ဖလမ်း ကားလမ်းမကြီးကို ချင်းကာ ကွယ်ရေးတပ်ဖွဲ့များက လုံခြုံရေးအခြေအနေကြောင့် အကန့်သန့်မရှိ အသွားလာပိတ်ပင်ထားခြင်းဖြစ်ပြီး အခြေခံစား သောက်ကုန်နှင့် လောင်စာဆီများ ၀င်ရောက်နိုင်ခြင်းမရှိသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။ ယင်းကြောင့် ချင်းတောင်ဒေက သီးနှံများ အရောင်အဝယ်လုပ်ကိုင်သူများနှင့် တောင်ယာစိုက်မျိုးရေးလုပ်ကိုင်သူများမှာ အကြပ်အတည်း ထပ်ဆင့်ကြုံတွေ့နေရသည်ဟု တောင်ယာလုပ်ကိုင်သူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့က တောင်ယာကထွက်တဲ့ ကော်ဖီထုပ်နဲ့ အာလူးတွေ၊ ကောက်ပဲသီးနှံတွေအားလုံးက ကလေးကို ကားနဲ့သည်ပြီး ရောင်းနေရတာ။ အခုက ကားလမ်းကလည်းပိတ်တော့ သီးနှံတွေက ရောင်းလို့မရဘူး။ သီးနှံတွေကလည်း သူ့အချိန်နဲ့အခါ ယူရတာ၊ မဟုတ်ရင် ရစ်ကုန်ပြီးတော့ ပုပ်သိုးတာ ဖော်ဖီထုတ်တွေဆို။ အခုလလည်း ဒီတိုင်း တောင်ယာမှာ ထားလိုက်တယ် မယူတော့ဘူး။ ဝတ်စာအတွက် ပဲယူဖြစ်တယ်”…

Read More

(005MK) အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်အထွေထွေရွေးကောက်ပွဲမှာ အတိုက်ခံနိုင်ငံရေးပါတီ Zoram People Movement (ZPM) က မဲဆန္ဒနေရာအများစုမှာ အနိုင်ရရှိထားသည်ဟု ဒေသတွင်း ရုပ်သံသတင်းဌာန Zonet က ဖော်ပြသည်။ နို၀င်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီးခဲ့သော မီဇိုရမ်ပြည်နယ်ရွေးကောက်ပွဲ မဲရလာဒ်ကို ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းကစ၍ ရေတွက်ကြရာမှာ မဲဆန္ဒနယ်မြေ ၄၀ တွင် ZPM ပါတီက ၂၇ နေရာ၊ လက်ရှိအစိုးရ MNF ပါတီက ၁၀ နေရာ၊ BJP ပါတီက ၂ နေရာနှင့် INC ပါတီက ၁ တစ်နေရာရရှိခဲ့သည်ဟု Zonet ကဖော်ြပသည်။ အိန္ဒိယ ရွေးကောက်ပွဲကော်မရှင်မှ မီဇိုရမ်ပြည်နယ် ရွေးကောက်ပွဲမှာ အနိုင်ရရှိသော ပါတီကို တရား၀င် ထုတ်ပြန်ကြေညာခြင်းမရှိသေးသော်လည်း မဲရေတွက်မှုအခြေအနေမှာ အပြီးသတ်ပိုင်း ရောက်ရှိသွားပြီဖြစ်သည်။ လက်ရှိ မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် ပူးဇိုးရမ်းထန်းငါလည်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ မဲရေတွက်သည့် မဲရုံများမှ ရရှိလာသော စာရင်းများအရ Zoram People Movement (ZPM) ပါတီက မဲဆန္ဒနယ်မြေ ၂၇ နေရာမှာ အနိုင်ရရှိကြောင်း သေချာသွားပြီဖြစ်ကာ အစိုးရသစ်ဖွဲ့စည်းနိုင်တော့မည်ဖြစ်သည်ဟု သိရသည်။ Zoram People Movement (ZPM) ပါတီသည် ဒေသအခြေပြု အမျိုးသားရေးပါတီတစ်ခုဖြစ်ပြီး အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်စသည့် ၃ နိုင်ငံတွင် ကွဲပြားနေထိုင်ကြသော ချင်း-လူရှိုင်း-ကူကီး မျိုးနွယ်စုများ ပေါင်းစည်းညီညွတ်ရေးကို လိုလားသော အမျိုးသားရေးပါတီတစ်ခုဖြစ်သည်ဟု…

Read More

(002MG) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ထန်းတပင်ကျေးရွာတွင် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်ကာ နေအိမ်များမီးရှို့မှုကြောင့် နေအိမ် ၅၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး ယနေ့မနက်တွင်လည်း ထပ်မံမီးရှို့နေသည်ဟု ထန်းတပင်ဒေသခံတစ်ဦးက ပြောသည်။ ထန်းတပင် ဒေသခံက “မနေ့က မီးလောင်တာ ၅၀ လောင်ထားတယ်။ အခုကျတော့ ဒီမနက်ကနေပြန်စတယ် မီးက၊ မီးခိုးတွေလည်း အများကြီးပဲ ကျွန်တော့အိမ်လည်း လောင်သွားပြီ” ဟု ပြောသည်။ ထန်းတပင်ကျေးရွာတွင် ယမန်နေ့က ထွက်မပြေးနိုင်သည့် သက်ကြီးဘိုးဘွား (၇) ဦးကို ယနေ့မနက်ပိုင်းက တမူးမြို့ နင့် လေးမိုင်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့က ခေါ်ဆောင်လာပြီး မိသားစုဝင်များက သွားရောက်ခေါ်ယူကြရသည်ဟု ၎င်းတို့ကို ကူညီပေးခဲ့သူကပြောသည်။ ကလေး-တမူးမြို့ကားလမ်းမပေါ်တွင်တည်ရှိသော ထန်းတပင်ကျေးရွာထဲကို ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာကြပြီး ပြည်သူများအားလုံးကို ဘောလုံးကွင်းထဲသို့ခေါ်ဆောင်ကာ နေအိမ်များကို စတင်မီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ ယခုလက်ရှိ ထန်းတပင်ကျေးရွာက ပြည်သူများအားလုံသည် အဝတ်တထည်ကိုယ်တခုဖြင့် တမူးမြို့နင့် နီးစပ်ရာတော တောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု သိရသည်။ “တရွာလုံးထွက်ပြေးကြတာဖိနပ်တောင်ယူချိန်မရဘူးတခါထဲထွက်ပြေးကြတာ။ဖမ်းတဲ့သူတွေကျတော့ဘောလုံးကွင်းမှာစု ပြီးတော့ ခဗျားတို့တော့ တမူးဖက်သွားတော့လို့ ပြောတာ။ မနေ့က ဖမ်းတဲ့သူတွေလည်ပြန်လွတ်လိုက်ပြီ။ ပြန်လို့မရသေးဘူး။ ခုကျ တော့ ရွာမှာ စစ်သားတွေကဘုရား ကျောင်းမှာစခန်းချတယ်” ဟု ထန်းတပင်ရွာသားတစ်ဦးက ပြောသည်။ ထန်းတပင်ကျေးရွာက အသက် ၁၃ နစ်အရွယ် အမျိုးသမီးတစ်ဦး ထွက်ပြေးတိမ်းရွောင်ရင်း ပျောက်ဆုံးခဲ့သည့်အပြင် အသက် ၄၅ နစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရှိကာ ရွာခံတစ်ဦးသေဆုံးမှုလည်းရှိသည်ဟု သိရသည်။ ထန်းတပင်ကျေးရွာသည် တမူးမြို့နှင့်…

Read More