ချင်းပြည်နယ် ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက် (Canmary ကွက်စိပ်) တွင် ယနေ့ ညနေပိုင်း ၃ နာရီခွဲဝန်းကျင်ခန့်က ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဖလမ်းမြို့ အ.ထ.က ၁ ကျောင်းဝင်းအတွင်း လုံခြုံရေးယူနေသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များကို ချင်းအမျိုးသားတပ်မတော်မှ ရဲဘော်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု The Rihli Voice က ဖော်ပြသည်။ ၎င်းပစ်ခတ်မှုတွင် ဒေသခံကလေးတစ်ဦး၏ပေါင်ပေါ် ကျဉ်ထိမှန်ခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားသည့် ဖါရ်ထောက်ရပ်ကွက်အတွင်းရှိ လူ ၃၀ ဝန်းကျင်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းစီးခေါ်သွားခဲ့ရာ ည ၉း၀၀ နာရီနောက်ပိုင်း ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားသည်ဟု သိရသည်။
Author: Editor
ချင်းပြည်နယ် တီးတိန်မြို့နယ် ကျိန်းပီးကွတ်ကျေးရွာတွင် Zomi Revolutionary Army- Eastern Command (ZRA-EC) က ဒေသခံပြည်သူ တစ်ရာကျော်ကို ပြည်သူ့စစ်သင်တန်းပေးခဲ့သည်ဟု သိရသည်။ အဆိုပါ ပြည်သူ့စစ်သင်တန်းကို ဇန်နဝါရီ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ သုံးရက်ကြာ ပို့ချခဲ့ပြီး တက်ရောက်သူ ၁၂၀ ဦးခန့်ရှိသည်ဟု သိရသည်။ Zomi National Volunteer ဟု အမည်ပေးပြီး ယခုပို့ချသည့် ပြည်သူ့စစ်သင်တန်းမှာ အပတ်စဉ် ၈ ကြိမ်မြောက်ဖြစ်သည်ဟု သိရသည်။ Zomi Revolutionary Army- Eastern Command (ZRA-EC) သည် စစ်အာဏာရှင်စနစ်ကို တော်လှန်သော ချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့ဖြစ်ပြီး ချင်းအမျိုးသားတပ်မတော် CNA အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များလည်း တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ ZRA-EC အနေဖြင့် မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ဒေသခံပြည်သူများအား ပြည်သူ့စစ်သင်တန်းများ ပို့ချသည်ကိုမူ မသိရပေ။
လာမယ့် သြဂုတ်လထဲမှာ ကျင်းပပြုလုပ်ဖို့ စစ်ကောင်စီကစီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်က မြို့နယ်တချို့မှာ လူဦးရေသန်းခေါင်စာရင်းနဲ့ အိမ်ထောင်စုစာရင်းတွေကို တစ်အိမ်တက်ဆင်း လိုက်လံကောက်ခံမှုတွေရှိနေတယ်လို့ သိရပါတယ်။ ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့မှာတော့ ဇန်နဝါရီလ ၁၃ ရက်နေ့က ရဲ၊ စစ်သားနဲ့ Non-CDM ဝန်ထမ်းတွေက သန်းခေါင်းစာရင်းတွေလိုက်လံကောက်ခံနေတယ်လို့ ဟားခါးမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။ “မြို့သစ်ရပ်ကွက်မှာတော့နှစ်ရက်သုံးရက်လောက်ရှိပြီကောက်နေပြီ၊ Non- CDMတွေ၊ ရဲ တွေ၊ စစ်သားတွေ ပါတယ်။ အဓိကတော့သူတို့ကောက်တဲ့အချိန်မှာ Non- CDM တွေကပဲကောက်ပြီးတော့ သူတို့က အနီး အနားမှာ လက်နက်တွေနဲ့ ကင်းစောင့်ပေးတာမျိုး၊ သူတို့သန်းခေါင်စာရင်းလိုက်ကောက်နေတယ်ဆို တော့ သူတို့လိုက်ကောက်တဲ့အတိုင်းပါပဲ ကျွန်တော်တို့မဲမထည့်ရင်တောင်မှ သူတို့မဲရေတွက်မှာပဲယူဆမိတယ်။ လုံးဝတရားမျှတမှုရှိမှာတော့မဟုတ်ဘူးသေချာတယ်။” ဟု ပြောပါတယ်။ ဖလမ်းမြို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ထွေအုပ်ဝန်ထမ်းတွေက သန်းခေါင်စာရင်းတွေကို တစ်အိမ်တက်ဆင် း လိုက်လံကောက်ခံနေပြီး ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သူ့အမြင်ကို ဖလမ်းဒေသခံတစ်ဦးက ခုလိုပြောဆိုပါတယ်။ “အိမ်တိုင်ရာရောက် လူဘယ်နှစ်ရောက်ရှိလဲ၊ အိမ်ထောင်စုစာရင်းနဲ့သူတို့က မြေပြင်စာရင်းကောက်တယ် ထည့်စရာမှမလိုတာ မထည့်ချင်ရင်မထည့်လို့ရတာပဲဆိုပြီး ကြည့်နေကြတာပဲ၊ ဆန္ဒမဲဆိုတာ ဆန္ဒမရှိရင် မထည့်ဘူးပေါ့ ကိုယ့်ရဲ့ရွေးချယ်ခွင့်ပဲ။ မဲကောက်လို့ ထည့်ကိုထည့်ရမယ်ဆိုတာမရှိတာ။” ဟု ပြောပါတယ်။ အလားတူ မတူပီမြို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့က အိမ်ထောင်စုစာရင်း စစ်ဆေးတာအပြင် လူဦးရေစာရင်း ကောက်ခံမှုတွေရှိနေတယ်လို့ သိရပါတယ်။ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ကန့်ကွက်ထားပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်သူမှန်သမျှကို ပြင်းထန်စွာ အရေးယူမယ်လို့ ကြေညာထားကြပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း ဟားခါးမြို့ပေါ်မှာ သန်းခေါင်စာရင်းကောက်ခံနေတဲ့ ရဲတပ်ဖွဲ့ကို…
ချင်းပြည်နယ် ဖလမ်းမြို့နယ် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း ရိခေါဒါရ်မြို့တွင် ယနေ့ မနက်ပိုင်း ၉ နာရီကျော်ကျော်ခန့်က စစ်ကောင်စီတပ်ဖွဲ့နင့် အမည်မသိ လက်နက်ကိုင်တို့ကြား ပတ်ခတ်မှုဖြစ်ပွားတယ်လို့ သိရသည်။ ရိခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက်တောင်ကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ တစ်ဘက် တောင်ကုန်းပေါ်မှ လှန်းပစ်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့မှ ပြန်လည်ခုခံပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လိုက်သော ကျည်ဆံများသည် မြို့တွင်း ကုန်တင်ကုန်ချကော်မတီရုံး အဆောက်အအုံပေါ် ကျရောက်ခဲ့ပြီး အဆောက်အအုံများ ပြက်ဆီးထိခိုက်မှုမရှိသော်လည်း ၎င်း လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေးငယ် တစ်ဦးရဲ့ လက်ကိုထိခိုက်ပြီး ဆေးရုံသို့ပို့ဆောင်ကာ စိုးရိမ်ရသော အခြေနေမရှိဘူးလို့ ဒေသခံတွေပြောပြချက်အရ သိရသည်။ စစ်ကောင်စီတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်သူနှစ်ဦးမှာ တီအိုချောင်းကိုဖြတ်ကာ အိန္ဒိယနိုင်ငံဘက်သို့ ကူးလာချိန်တွင် အာသံရိုင်ဖိုင်တပ်ဖွဲ့က ခဲယမ်းများနင့်အတူ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံမှတစ်ဆင့် ကြားသိရသည်။ ယင်းပစ်ခတ်မှုကြောင့် အမှတ် ၂ ရပ်ကွက်နေ ပြည်သူများသည် တဖက် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ ထွက်ပြေးခဲ့ကြသော်လည်း ယခုအခါ ပြန်လည်ငြိမ်းသက်ပြီဖြစ်သောကြောင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပြီဟု သိရသည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဇန်နဝါရီလ ၉ ရက်နေ့က အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၃) အတွင်း လီလောင်း (Li Lawng) ကျေးရွာမှာ ဇန်နဝါရီလ ၉ ရက်ညက စစ်ကြောင်းထိုးပြီး ပြန်လှည့်လာတဲ့ ခလရ ၂၇၄ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းသေဆုံးခဲ့ပြီး အစ်မဖြစ်သူ နဖူးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “ရွာထဲကိုကျော်သွားပြီ ညကြီးမှ ပြန်လှည့်လာပြီးတော့ သူတို့အိမ်နဲ့ လမ်းက နီးနီးလေးဆိုတော့ ကားလမ်းကနေ သူတို့ ပစ်လိုက်တာ။ အခု သေသွားတဲ့သူနဲ့ သူ့အစ်မက လက်ဆွဲကိုင်ပြီးတော့ အိမ်ဘေးဖက်ပြေးတော့ သူတို့က သေနတ်နဲ့ ပစ်လိုက်တာ။ မျက်နှာက ဘာမှရစရာမရှိဘူး၊ သူ့မျက်နှာက အကုန်လုံး နှာခေါင်းရော၊ ပါးစပ်လည်း အကုန်လုံး စုတ်ပြတ်သတ်နေတာ၊ ရင်ဘတ်အောက်တည့်တည့်မှာ အရှေ့ကနေ အနောက်ကို ထိုးဝင်သွားတာ သူတို့ပစ်တာ၊ သူ့အစ်မကျတော့ နှဖူးမှာ ရှပ်ထိသွားတာ။” လို့ သေဆုံးသူနဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ရဲ့ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အမျိုးသမီးမှာ မဟာသီလို့သိရပြီး သူမရဲ့ဖခင်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ကူလီထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်တဲ့ညမှာ သမီးဖြစ်သူ ပစ်သတ်ခံရတာဖြစ်ပါတယ်။ လီလောင်ကျေးရွာဟာ စစ်ကောင်စီတပ်ဖွဲ့တွေ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိတာကြောင့် ရွာသားအများစုဟာလည်း ကျေးရွာအတွင်း မနေထိုင်ရဲကြပဲ ထွက်ပြေးလေ့ရှိပါတယ်။ မဟာသီရဲ့ ရုပ်အလောင်းကို သဂြိုလ်တဲ့နေ့မှာလည်း…
ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် စာသင်ကျောင်းများအားလုံးကို ဇန်နဝါရီလ ၁၆ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်ဟု ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာနက ထုတ်ပြန်သည်။ “အားလုံးသိပြီးတဲ့အတိုင်းပေါ့နော်၊ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတယ်ဆိုတော့ ဒီစာသင်ကျောင်းတွေ၊ ပြည်သူနဲ့ဆိုင်တဲ့နေရာတွေလည်းမချန်ပဲနဲ့ ဗုံးကြဲတာတွေလုပ်တဲ့အတွက်ကြောင့် အခု ကျွန်တော်တို့ ဒီ ဝိတိုရိယစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း ကင်းထောက်လေယာဉ်တွေလည်း စိုးရိမ်စရာ ကောင်းလောက်အောင် ခဏခဏ ကျွန်တော် တို့ဘက် ကင်းလာထောက်တဲ့အတွက်ကြောင့် အဲ့တာ ကျွန်တော်တို့အတွက် မလုံခြုံဘူးလို့ ခံစားရလို့ပေါ့နော်၊ ကျွန်တော် တို့ ကျောင်းပိတ်လိုက်ရတာဖြစ်ပါတယ်” ဟု (Public Administration, Thantlang Education Department) ပညာရေးဌာနတာဝန်ခံ Salai Cross Thang က ပြောသည်။ စာသင်ကျောင်းများပိတ်ပင်ထားသည့် အချိန်ကာလအတွင်း ပြည်သူများအနေဖြင့် ကျောင်းဧရိယာအတွင်း ဆော့ကစားခြင်းများ၊ ပျော်ပွဲစားထွက်ခြင်းများ လူစုလူဝေးဖြင့် နေထိုင်ခြင်းများ မပြုလုပ်ကြရန်လည်း Public Administration, Than tlang Education Department က သတိပေးတားမြစ်ထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က ထန်တလန်မြို့နယ်အတွင်းတည်ရှိသော ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ပြီးသည့်နောက်တွင်လည်း စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်သည် ထန်တလန်မြို့နယ်တွင် ထပ်မံ ပျံသန်းလာသည့်အတွက် နောက်ထပ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ ထန်တလန်မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှဖွင့်လှစ်ထားသော ကျောင်းပေါင်း ၉၅…
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ငလိုင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် CDF-Matupi တပ်ဖွဲ့အကြားဖြစ်ပွားသည့် တိုက်ပွဲတွင် CDF-Matupi က ရဲဘော်တစ်ဦးကျဆုံးပြီး သေနတ် ၄ လက်နှင့် ကျည်ဆံအမြောက်များ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီခန့်က မတူပီ-ဟားခါးလမ်းမပေါ်ရှိ ငလိုင်ကျေးရွာကို အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာတွင် CDF-Matupi တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ ယင်းတိုက်ပွဲတွင် CDF-Matupi မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး မောင်းပြန် (M4) သေနတ် ၂ လက်၊ ခါးချိူးသေနတ် ၂ လက်၊ မော်တော်ဆိုင်ကယ် ၁၁ စီး၊ လက်ကိုင်ဖုန်း ၇ လုံး၊ မောင်းပြန်ကျည် အမြောက်အများနှင့် မြန်မာကျပ်ငွေ ၁၅ သိန်း လက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု CDF-Matupi က ယနေ့ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။ “ကျွန်တော်တို့ထက် သာလွန်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ဒီရှေ့တန်း Post ကို နည်းနည်းလေး ပြန်ပြီးတော့ ဆုတ်ခွာလိုက်ရတယ်” ဟု CDF- Matupi တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ အာရွန်က ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ငလိုင်ကျေးရွာက လူနေအိမ်များကိုလည်း ဖောက်ထွင်းကာ ယနေ့ဇန်နဝါရီလ ၁၆ ရက်နေ့မနက် ပိုင်း ၇ နာရီခန့်တွင် အိမ်သုံးလုံးကို စက်ကြီးနှင့်ဖြိုခွင်း၍ နှစ်လုံး မီးရှို့ဖျက်ဆီးခဲ့သည်ဟု CDF-Matupi က ဆိုသည်။ ငလိုင်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်ကလည်း…
စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် အိန္ဒိယလေပိုင်နက်ထဲကို ပျံသန်းလာပြီး အိန္ဒိယပိုက်နက်နယ်မြေထဲကို ဗုံးနှစ်ကြိမ် ကြဲချခဲ့သည့် လုပ်ရပ်နှင့်ပတ်သက်၍ အိန္ဒိယပြည်ထဲရေးဝန်ကြီးထံသို့ စာရေးသားတင်ပြသွားမည်ဟု မီဇိုရမ်ပြည်နယ်က အင်အားကြီး အရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့ကပြောဆိုလိုက်သည်။ မီဇိုရမ်ပြည်နယ်ထဲက အင်အားကြီးအရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့ဖြစ်သည့် Central Young Mizo Association (CYMA), Mizo Upa Pawl (MUP), Mizo Hmeichhia Insuihkhawm Pawl (MHIP), Mizo Zirlai Pawl (MZP) နှင့် Mizo Student Union (MSU) တို့မှ ခေါင်းဆောင်များသည် ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့က CYMA ရုံးတွင် တွေ့ဆုံခဲ့ကြပြီး စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကာ အိန္ဒိယပြည်ထဲရေးဝန်ကြီးထံ စာရေးသားပေးပို့ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “မြန်မာစစ်တပ်က အိန္ဒိယလေပိုင်နက်ထဲကို ပျံသန်းလာပြီး အိန္ဒိယပိုင်နက်နယ်မြေထဲမှာ ဗုံး ၂ ကြိမ် လာကြဲချတာဟာ အိန္ဒိယရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးကို ခြိမ်းခြောက်လာတာဖြစ်ပြီး ယင်းအတွက်စိုးရိမ်မကင်းဖြစ်ရပြီး ပြင်းထန်စွာ ကန့်ကွက်သည်” ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ၏ လုံခြုံရေးနှင့် ဂုဏ်သိက္ခာအား ထိန်းသိမ်းကာကွယ်နိုင်ရေးဆောင်ရွက်ရန် အိန္ဒိယအစိုးရကို တိုက်တွန်းတောင်းဆိုပြီး ယင်းကိစ္စကိုအကောင်အထည်ဖော်ဆောင်ရွက်ရန် အိန္ဒိယပြည်ထဲရေးဝန်ကြီးထံ စာရေးသားပေးပို့သွားမည်ဟု မီဇိုရမ်ပြည်နယ်ထဲက အင်အားကြီးအရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့က ဆိုသည်။ ၎င်းတို့အနေဖြင့် မကြာခင်ရက်ပိုင်းအတွင်းမှာ မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး Governor ထံမှတဆင့် အိန္ဒိယပြည်ထဲရေးဝန်ကြီးထံ စာရေးသားပေးပို့သွားမည်ဟု သိရသည်။…
စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ပိုင်နက်အတွင်း ဗုံးကြဲချမှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ယင်းကိစ္စအပေါ် ကိုင်တွယ်ဖြေရှင်းပေးရန် မီဇိုးလူငယ်အသင်း (YMA) က အိန္ဒိယဗဟိုအစိုးရကို တောင်းဆိုလိုက်သည်။ အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်း တည်ရှိသော ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ် ဝိတိုရိယစခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက ကြဲချလိုက်သည့် ဗုံးတစ်လုံးသည် မီဇိုရမ်ပြည်နယ် Farkawn နယ်မြေထဲသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် Tuipuiral Group YMA က ဇန်နဝါရီလ ၁၂ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ စစ်ကောင်စီက ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ် ဝိတိုရိယစခန်းအား တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း၊ မီဇိုရမ်ပိုင်နက်ထဲတွင်လည်း ဗုံးကြဲချသည့်အပြင် နယ်စပ်ချောင်းတွင် သဲတင်ကားတစ်စီးလည်း ပျက်စီးခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီသည် ယခင်ကလည်း လေးစားမှုတစုံတရာမရှိပဲ အိန္ဒိယပိုင်နက်အတွင်းသို့ တိုက်လေယာဉ်များ မကြာခဏ ပျံသန်းခဲ့ပြီး ယခုတကြိမ်တွင် ဗုံးကြဲချလာခြင်းဖြစ်သည်ဟု Tuipuiral Group YMA က ဆိုသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နယ်စပ်ရှိ အိန္ဒိယနိုင်ငံသား တောင်သူလယ်သမားများနှင့် သဲလုပ်ငန်းလုပ်ကိုင်သူများ အထိတ်တလန့်ဖြစ်ကြရပြီး လက်ရှိအချိန်ထိ ၎င်းတို့၏လုပ်ငန်းခွင်များသို့ ပြန်မဝင်ရဲကြသေးပဲ စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။ စစ်ကောင်စီ၏လုပ်ရပ်သည် နိုင်ငံတကာဥပဒေအား ချိူးဖောက်ရာရောက်ပြီး အိန္ဒိယပိုင်နက်အတွင်း တိုက်လေယာဉ်များ ပျံသန်းကာ ဗုံးကြဲချမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် အိန္ဒိယအစိုးရကို အလေးအနက်တောင်းဆိုသည်ဟု ၎င်းတို့၏…
ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတည်ရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF/CNA ဗဟိုဌာနချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ တိုက်လေယာဉ်နှင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ချင်းအမျိုးသားတပ်မတော်က ရဲမေ ၂ ဦးအပါအဝင် ၅ ဦးကျဆုံးခဲ့ပါတယ်။ CNF/CNA ဗဟိုဌာနချုပ် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ CNF ဗဟိုဌာနချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အခြေအနေအသေးစိတ်ကို ပြောပြလို့ရမလား။ ဖြေ။ ။ စစ်ကောင်စီက ကျွန်တော်တို့ ဗဟိုဌာနချုပ်ကို နှစ်ကြိမ် ဗုံးလာကြဲတာပေါ့နော်။ ပထမတစ်ကြိမ်က ညနေ ၄ နာရီပေါ့၊ ဒုတိယအကြိမ်ကတော့ ညနေ ၅ နာရီခန့်မှာပေါ့။ ဒီပထမတစ်ကြိမ်တုန်းကတော့ ဗုံးကြဲလေယာဉ် ၅ စီးလာပြီး တော့မှ ၅ ကြိမ်ကြဲတယ်၊ အဲ့ဒီမှာ တစ်လုံးကတော့ အိန္ဒိယဘက်ကျသွားတာပေါ့နော်။ အဲဒီနေ့ဖြစ်စဉ်မှာ ကျွန်တော်တို့ ရဲမေ နဲ့ ရဲဘော် ၅ ဦးကျသွားတာပေါ့၊ အဆောက်အအုံတစ်ချို့လည်းပျက်စီးတယ်၊ ဒုတိယ တစ်ကြိမ်ကတော့ တိုက်လေယာဉ် ၃ စီးလာတယ် ဒါပေမဲ့ ၂ စီးကပဲ ဗုံးကြဲတယ်ပေါ့နော်။ တစ်စီးကတော့ ပြန်ခေါက်သွားတယ်။ ဒုတိယအကြိမ်ကတော့ ဒီ အရ ပ်ဘက်ပြည်သူတွေနေတဲ့ ဆေးရုံ ဆေးခန်းက အဆောက်အုံတစ်ချို့ပျက်စီးသွားတာပေါ့နော်။ ကျွန်တော်တို့ဘက်က မနေ့ ကတော့ အထိခိုက်တော့မရှိဘူးပေါ့။ အားလုံး ဗုံးကြဲလေယာဉ်က ၈ စီးလာပြီးတော့ ဗုံးအလုံးကျတဲ့နေရာက ၉ နေရာ…