Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF ပလက်ဝ ရဲဘော် ၂၅၀ ထက်မနည်းမှာ တောစီးဖိနပ်မရှိဘဲ စစ်ရေးလှုပ်ရှားနေရ

CDF ပလက်ဝ ရဲဘော် ၂၅၀ ထက်မနည်းမှာ တောစီးဖိနပ်မရှိဘဲ စစ်ရေးလှုပ်ရှားနေရ

0
By Editor on November 4, 2023 Headline

SV

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း စစ်အာဏာရှင်ကို ခုခံတိုက်ခိုက်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝ၏ ရဲဘော်၊ ရဲမေ ၂၅၀ ထက်မနည်းမှာ တောစီးဖိနပ် မရှိဘဲ စစ်ရေးလှုပ်ရှားနေရသောကြောင့် အခက်အခဲကြုံတွေ့နေရပြီး အရေးပေါ်လို အပ်နေသည်ဟု ပလက်ဝမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။

“ရဲဘော် ၂၅၀ အတွက် ဆိုတာကလည်း များများလှူရင်တော့ များများ ဝယ်လို့ ရနိုင်တာပေါ့နော်။ ၂၅၀ ရရင်လည်း ကျနော်တို့ အတွက် အများကြီး ခံသာတာပေါ့လေ။ ကျန်တာကို အဆင်ပြေသလို ဖဲ့ထုတ်ပြီး ဝယ်လို့ ရတာပေါ့။ အခုအရေးပေါ်လိုအပ်နေတဲ့ အရံ ၂၅၀ သာရရင် မြေပြင်မှာရှိတဲ့ ရဲဘော်တော်တော်များများကို အဆင်ပြေစေတယ်” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။

CDF- ပလက်ဝ၏ ရဲဘော်ရဲမေများသည် တောစီးဖိနပ် မရှိ၍ အရေးပေါ် လိုအပ်နေသောကြောင့် နည်းလမ်းရှာကြံပြီး ပို့ပေးခဲ့ သော်လည်း ရဲဘော်ထက်ဝတ်မျှ မလောက်ငှပဲ ရှိနေသည်၊ ကျန်ရဲဘော်များ ဖိနပ်မရှိဘဲ စစ်ရေးလှုပ်ရှားနေရသောကြောင့် ပြည်တွင်း၊ ပြည်ပ ပြည်သူများ၏ အကူအညီများ လိုအပ်နေသည်ဟု သူက ပြောသည်။

ဆလိုင်းမျိုးထိုက်သည် ပလက်ဝမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သကဲ့သို့ ပလက်ဝမြို့နယ် ပြည်သူ့ အုပ်ချုပ် ရေးဥက္ကဌလည်းဖြစ်သည်။

တချို့ရဲဘော်များသည် တောစီးဖိနပ်မရှိဘဲ နေရသည်မှာ အချိန်ကြာမြှင့်လာပြီး တောစီးဖိနပ် မလုံလောက်မှုမှာ တော်လှန်ရေး စတင်ကတည်းက အခက်အခဲအဖြစ် ရှိနေခဲ့သည်၊ လက်ရှိတောစီးဖိနပ်များမှာလည်း ၃လခန့် အသုံးပြုလိုက်ပါက လုံးဝ ပျက်စီးသွားပြီး အရေးပေါ်တောစီးဖိနပ်အရန်အဖြစ်လည်း ရဲဘော်၊ ရဲမေများမှာ မရှိကြကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိတွင် အိန္ဒိယရူပီး ၆၀၀ တန် တောစီးဖိနပ်မှာ ခြောက်လခန့် အကြမ်းခံ အသုံးပြု၍ ရသောကြောင့် CDF ပလက်ဝ ရဲဘော်ရဲမေများအတွက် အရေးပေါ် လိုအပ်နေသည့် တောစီးဖိနပ် ၂၅၀ အရံ ဝယ်ယူနိုင်ရန်  ကြိုးပမ်းနေပြီး ကူညီထောက်ပံ့မှုများ လိုအပ်နေခြင်းဖြစ်သည်။

CDF ပလက်ဝမှ တပ်ရင်းမှူးတစ်ဦးသည် တောစီးဖိနပ်မရှိခြင်းကြောင့် စစ်ရေးလှုပ်ရှားနေစဉ် ကျွတ်ကိုက်ရာမှ အဆိပ်တက်ပြီး အိန္ဒိယဘက်ခြမ်းထိ ဆေးသွားကုရမှု ဖြစ်စဉ်ရှိခဲ့သည်၊ တချို့ရဲဘော်များမှာလည်း ထိလွယ်ချလွယ်သော အနာတရ ဒဏ်ရာများ ရရှိနိုင်မှု အများကြီးဖြစ်ပေါ်နေစေသည်ဟု သိရသည်။

ထို့အပြင် ပလက်ဝမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊၊ ကာကွယ်ရေးအဖွဲ့၊ ပညာရေး၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေး ကော်မတီများ စနစ်တကျ လည်ပတ်နိုင်ရေးအတွက် ဆက်သွယ်ရေးစကားပြောစက် (အိုက်ကွန်စက်) အလုံး ၆၀ ခန့် အရေးပေါ် လိုအပ်နေသည်ဟု ပလက်ဝမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။

အိုက်ကွန်တစ်လုံးကို အိန္ဒိယရူပီး ၂၀၀၀ ခန့် တန်ကြေးရှိနေပြီး လတ်တလောတွင် အိုက်ကွန် ၅ လုံးစာသာ ရရှိထားသောကြောင့် ပြည်တွင်းပြည်ပ ပြည်သူများ တတ်နိုင်သလောက် ကူညီကြရန် မေတ္တရပ်ခံထားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝသည် တပ်ရင်းဌာနချုပ်၊ တပ်ရင်း (၃) ရင်းဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

(အောက်ပါလင့်တွင် သွားရောက်ဆက်သွယ်နိုင်ပါသည်။)

https://www.facebook.com/chinlanddefenceforce.paletwa

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.