ချင်းပြည်နယ် ပလက်ဝမြို့နယ် ဘွေလီကျေးရွာက စစ်ကောင်စီ ဂိတ်စခန်းတစ်ခုကို CDF ပလက်ဝက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CDF ပလက်ဝက ဒီဇင်ဘာ ၁၇ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဒီဇင်ဘာလ (၁၆) ရက် နံနက် (၇) နာရီအချိန်က ပလက်ဝ-မတူပီ နယ်စပ်မှာ စစ်ကောင်စီစခန်းချထားသော ဘွေလီဂိတ်စခန်းကို CDF ပလက်ဝက စတင်ဝင်ရောက်ပစ်ခတ်ခဲ့ရာကနေ (၁၅) မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်မှာပါရှိသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက် (၂) ဦးသေဆုံး၊ (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး CDF ပလက်ဝရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီဘက်က လက်နက်ကြီးများ ပြန်လည်ပစ်ခတ်မှုကြောင့် ဘွေလီကျေးရွာနှင့် တွီဆော့ကုန်းကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရသည်ဟု CDF-Paletwa က သတင်းထုတ်ပြန်ထားသည်။
Author: Editor
ချင်းပြည်နယ် မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော တပ်သား မျိုးသက်ပိုင်သည် ယမန်နေ့ ဒီဇင်ဘာ ၁၆ ရက်နေ့က CDM ပြုလုပ်ခဲ့ပြီး CDF-Mindat ထံ ဝင်ရောက်ခိုလှုံခဲ့သည်ဟု သိရသည်။ တပ်သား မျိုးသက်ပိုင်သည် ၎င်းနှင့်အတူ MA 1 တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံ ၆၅ တောင့်၊ ကျည်ကာဝတ်စုံ တစ်စုံတို့ဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခဲ့ခြင်းဖြစ်သည်ဟု CDF-Mindat က ထုတ်ပြန်သည်။
ချင်းပြည်နယ် တီးတိန်မြို့အနီး Sezang ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဒီဇင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စကစတပ်သား အများအပြား သေဆုံးမှုရှိနိုင်သည်ဟု သိရသည်။ တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉) တပ်ရင်းမှ အင်အား ၄၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဒီဇင်ဘာလ ၁၅ ရက်နေ့က Sezang ကျေးရွာအတွင်းရှိ စာသင်ကျောင်းတွင် ညအိပ်တပ်စွဲခဲ့ကြပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့နံနက်ပိုင်း ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် PDF Zoland နှင့် CDM Siyin ပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PDF Zoland က သတင်းထုတ်ပြန်သည်။ နှစ်နာရီခန့်ကြာမြင့်သော အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က အသေအပျောက်နှင့် ဒဏ်ရာရသူအများအပြားရှိနိုင်ပြီး Sezang ကျေးရွာမှ ဆုတ်ခွါသွားခဲ့ကြသည်ဟု PDF Zoland က ဆိုသည်။ အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ရေး – ဆလိုင်းထွန်းလှကျော် နိဒါန်း၊ နောက်ခံအကြောင်းရင်းနှင့် ရည်ရွယ်ချက် ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှု အနှေးကွေးဆုံး မြို့နယ်တစ်ခု ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးအရလည်း သွားလာရခက်ခဲသော မြို့နယ်တစ်ခု ဖြစ်သည်။ အလားတူ ပလက်ဝမြို့နယ်မှာ ချင်းပြည်နယ်အတွင်းရှိ အခြားသော မြို့နယ်များနှင့်လည်း ဆက်သွယ်သွားလာနိုင်ရန် မလွယ်ကူသည့် ဒေသတစ်ခု ဖြစ်နေသောကြောင့် ပလက်ဝမြို့နယ်ကို ချင်းပြည်နယ်၏ သီးခြားဆန်သော ဒေသတစ်ခုဟု ပြောဆိုမှုများလည်း ရှိနေကြသည်။ ပလက်ဝမြို့နယ်သည် အိန္ဒိယ၏ ကုလားတန် စီမံကိန်း စတင်သော နေရာဖြစ်နေသည့်အပြင် အဆိုပါစီမံကိန်းကို အခြေခံ၍ နိုင်ငံတွင်း အဆင်းရဲဆုံး ပြည်နယ်ဖြစ် နေသော ချင်းပြည်နယ်အတွက် စီးပွားရေးတံခါးပေါက်တည်ရာ ဌာနတစ်ခုလည်း ဖြစ်နေသည်။ အလားတူ ပလက်ဝမြို့နယ်မှာ ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက် ရှိကာ ချင်းပြည်နယ်အတွင်း မတူကွဲပြားသော လူမျိုးစုထွေပြားမှုများ အများဆုံးရှိနေသည့် မြို့နယ်တစ် ခုလည်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်မှ စတင်ကာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ ချင်းပြည်နယ် ပလက်ဝမြို့နယ်အ တွင်း ပေါ်ပေါ်ထင်ထင် အခြေချလာခဲ့ကြပြီး စစ်ရေးလှုပ်ရှားမှုများကို ရံဖန်ရံခါ ပြုလုပ်လာခဲ့ကြသည်။ ထိုနောက်ပိုင်းများတွင် မြန်မာစစ်တပ်နှင့် AA တို့၏ ပလက်ဝမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများမှာ တစ်စတစ်စဖြင့် တိုးများလာခဲ့ရာ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ နှစ်များအတွင်း၌ တိုက်ပွဲများကို ကျယ်ကျယ်ပြန့် ပြန့်နှင့် ကြီးကြီးမားမား ဖော်ဆောင်လာခဲ့ကြသည်။ ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့၏ ကြီးမား ပြင်းထန်သည့် တိုက်ပွဲများကြောင့် ပလက်ဝဒေသခံပြည်သူများမှာ သောင်းနှင့်ချီ၍…
ရေး- ဆလိုင်းထွန်းလှကျော် တောင်တန်းတွေနဲ့ စုစည်းထားတဲ့မြေ၊ မိုးတိမ်တွေနဲ့ နီးစပ်တဲ့ မြေ၊ မြူခိုးတွေ လွှမ်းခြုံထားတဲ့ တိုင်းပြည်ငယ်။ လူဦးရေနည်းပြီး မျိုးနွယ်စုတွေများတဲ့ မြေ၊ လက်နက်ကိုင်တပ်တွေ အလျှံပယ်ပေါလာတဲ့ မြေ၊ အကွဲအပြဲဆီပဲ တိုက်ရိုက်ဦးတည်လာတဲ့ တိုင်းပြည်ငယ်။ ဒီတိုင်းပြည်ငယ်ဟာ ချင်းတွေစုပေါင်းပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်မြေ။ တောင်တန်းသခင်တွေရဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေး အာဏာသိမ်းစစ်တပ်ရဲ့ စစ်အုပ်ချုပ်ရေးကာလဟာ ၁ နှစ်နဲ့ ၈ လ အကုန်ပိုင်းကို ရောက်လာခဲ့ပါပြီ။ ဒီအတောအတွင်း မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူတစ်ရပ်လုံးကနေ အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကို ကြိုးပမ်းလာခဲ့ကြတာဟာ အခုဆိုရင် လက်နက်ကိုင်တော်လှန်ရေးအထိပါ အပြန့်ကျယ်သွားခဲ့ရပါပြီ။ အာဏာရှင်ရဲ့ ယန္တရားတွေ ဟာလည်း စက်သွားတွေ မစုံတော့ဘဲ လည်ပတ်နေရတဲ့ ဂီယာအုံတွေလို – လည်ပတ်မှုတွေ မမှန်တော့တာ (ဗရမ်းဗတာ ဖြစ်တာ) လည်ပတ်လို့ မရေတာ့တာ (ရပ်တန့် နေရတာ) တွေ ဖြစ်လာခဲ့ပါတယ်။ အာဏာသိမ်း နောက်ပိုင်းကနေ ဒီနေ့အချိန်ထိ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဖြစ်တဲ့ အကြမ်းမဖက်တဲ့ အာဏာဖီဆန်မှုတွေနဲ့ ဆန္ဒပြမှုတွေမှာ မိုးတိမ်တွေ၊ မြူခိုးတွေနဲ့အတူ တောင်တန်းတွေပေါ်မှာ မွေ့လျော် စံနေကြတဲ့ ချင်းလူမျိုတွေလည်း အာဏာရှင်စနစ် ကျဆုံးရေး၊ ဒီမိုကေရစီ ပြန်လည်ရရှိရေးနဲ့ ဖက်ဒရယ်တည်ဆောက်ရေး ကြွေးကြော်သံတွေကို တောင်တန်းတွေ တခွင်လုံးမှာ ဟိန်းနေအောင် ကြွေးကြော်ခဲ့ကြကာ ရှေ့တန်းကနေပါဝင်ခဲ့ကြပါတယ်။ ချင်းလူမျိုးတွေရဲ့ အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရစီ ကြွေးကြော်သံတွေဟာ တောင်တန်း တွေသာမက မြေပြန့်တွေမှာပါ ဖုံးလွှမ်းခဲ့ပြီး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဘီလူးဆိုင်းကြောင့် တူမီးနဲ့ဝင်ကလာကြတဲ့ တောင်တန်းသခင်တွေ အာဏာသိမ်းစစ်တပ်က အကြမ်းမဖက်ဘဲ…
ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်-ကလေးအကြား ပြေးဆွဲလျှက်ရှိသော ခရီးသည်တင်နှင့် ကုန်တင်ယာဉ်များ အဝင်/အထွက်အားလုံး ဒီဇင်ဘာလ ၁၈ ရက်နေ့ကစ၍ တားမြစ်ပိတ်ပင်ကြောင်း အွန်လိုင်းပေါ်ထွက်ပေါ်လာသည့် ကြေညာချက်သည် တရားမဝင်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့နှင့် စစ်ကိုင်းတိုင်းကလေးမြို့အကြား ပြေးဆွဲသောယာဉ်လိုင်းများ နယ်မြေလုံခြုံရေးလိုအပ်ချက်အရ အဝင်/အထွက်အားလုံး ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့အထိ လုံးဝ (လုံးဝ) တားမြစ်ထားပြီး ၎င်းတားမြစ်ထားခြင်းအပေါ် ပြည်သူများနှင့် ကုန်သည်များ အလေးထားလိုက်နာဆောင်ရွက်ပေးကြရန် အထူးမေတ္တာရပ်ခံထုတ်ပြန်အပ်ပါသည်ဟုဆိုကာ CNF အမှတ်တံဆိတ်ဖြင့် ကြေညာချက်တစ်စောင် ဒီဇင်ဘာလ ၁၇ ရက်နေ့က အွန်လိုင်းပေါ်မှာ ပြန့်နှံံ့လာခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ဗဟိုကနေ ဘာညွန်ကြားချက်မှမရှိတဲ့အတွက် ဒီစာက အကျူံးမဝင်ပါဘူး၊ အဲဒီအပေါ် မတွေဝေကြဖို့ကိုလည်း ပြည်သူလူထုကို မေတ္တာရပ်ခံလိုပါတယ်” ဟု ခိုနူမ်းသုန်ကိုပြောသည်။ ကလေး-ရိလမ်းကြောင်းသည် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။
ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်သားများ လက်နက်အပြည့်အစုံဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့က ထွက်ပြေးကြသောကြောင့် စစ်ကောင်စီတပ်က မတူပီမြို့ နေရာအနှံ့ အပူတပြင်း လိုက်လံရှာဖွေနေကြသည့်အပြင် မတူပီမြို့ အဝင်/အထွက်တို့ကိုလည်း ပိတ်ထားသည်ဟု သိရသည်။ “၃ ရက်လောက်ရှိပြီ ဟိုတနေ့ မနက်ပိုင်းက စစ်သားတွေ ထွက်ပြေးလို့ ဘယ်နှစ်ယောက်ပြေးမှန်မသိဘူး တိကျမသိရဘူး၊ အခုဒီမှာ ထွေအုပ်ရော၊ တခြားတပ်သားတွေလည်း အကုန်လုံး လိုက်ရှာကြတယ် တခြားဖက်မှာ၊ ချန်းပြန်းဖက်မှာ အယောက် ၄၀ လောက် အဲ့လိုတပ်ဖြန့်ပြီးတော့ လိုက်ရှာပြီး လိုက်ကြတာပေါ့” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ လက်နက်အပြည့်စုံဖြင့် ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများသည် မတူပီမြို့ ထွေအုပ်ရုံး လုံခြုံရေးနှင့် ခလရ ၁၄၀ တပ်ရင်း လုံခြုံရေးတပ်သား စုစုပေါင် ၄ ဦး ထွက်ပြေးသည်ဟု မြို့ခံများက ပြောဆိုကြသော်လည်း အရေအတွက် အတိအကျကိုမူ မသိရှိရပေ။ အဆိုပါဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ မတူပီမြို့ အဝင်/အထွက်ဂိတ်များ ပိတ်ထားလိုက်ပြီး ပခုဣူမှ ကားဖြင့်ပြန်လာကြသည့် ခရီးသည်ကားများ မတူပီမြို့မရောက်ခင် လည်မျိုချောင်းတွင် ပိတ်မိနေကြသည်မှာ ၂ ရက်ရှိနေပြီဖြစ်ပြီး ၎င်းတို့စားသောက်ရန်အတွက် မိသားစုဝင်များမှ ဆန်အပါအဝင် ဟင်းချက်ပြုတ်စရာများကို ပို့ဆောင်ပေးကြရသည်ဟု သိရသည်။ “ဂိတ်တွေလည်း အားလုံးပိတ်တော့ ခရီးသည်တွေ ခက်ခဲဖြစ်နေကြတာ လေမျိုချောင်းမှာ ၂ ညလောက် အိပ်နေကြရတယ်” မတူပီမြို့ခံတစ်ဦးက ပြောသည်။ မတူပီမြို့တွင် စစ်ကောင်စီတပ်ရင်း ခလရ ၁၄၀၊ ခလရ ၃၀၄ နှင့် စစ်ဗျူဟာတို့ရှိပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း…
“CDM မလုပ်လိုက်ရလို့ပဲ နောင်တဆိုတာရှိမယ်။ CDM လုပ်လို့ နောင်တဆိုတာတော့မရှိဘူး” လို့ ဆရာမထရေစီ (အမည်လွဲ) က သူမရဲ့ ခံယူချက်ကို ပြတ်ပြတ်သားသား ရှင်းပြပါတယ်။ သူမဟာ ချင်းပြည်နယ်တောင်ပိုင်း တောင်ပေါ်မြို့လေးဖြစ်တဲ့ မတူပီမြို့မှာ ကျောင်းဆရာမအလုပ်ကို လုပ်ကိုင်ရင်း မိသားစုသုံးယောက် ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့သူပါ။ ငြိမ်းချမ်းလှပတဲ့ တောင်ပေါ်မြို့လေးက ကလေးတွေကို စာတွေသင်ကြားပေးရင်း ပျော်မွှေ့နေတဲ့ ကျောင်းဆရာမ တယောက်ပေါ့။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံ့အာဏာကို အဓမ္မသိမ်းယူလိုက်တဲ့အချိန်မှာတော့ ဆရာမထရေစီတို့ရဲ့ ငြိမ်းချမ်းတဲ့ တောင်ပေါ်ဒေသလေးဟာလည်း တစ်နိုင်ငံလုံးကြုံတွေ့နေရသလို စစ်အာဏာရှင် ဂြိုလ်ဆိုးဝင်မွှေတဲ့ဒဏ်ကို ကြုံတွေ့ခံစားခဲ့ကြရပါတယ်။ ရန်ကုန်၊ မန္တလေးတို့လို အထင်ကရမြို့ပြကြီးတွေအပါအဝင် တောင်ပေါ်မြေပြန့်ဒေသအသီးသီးမှာရှိတဲ့ အစိုးရဝန်ထမ်းတွေဟာ ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေကို စွန့်လွှတ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ကြပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးအပါအဝင် ဌာနဆိုင်ရာအသီးသီးကပါဝင်တဲ့ CDM လှုပ်ရှားမှုတွေထဲမှာ ဆရာမထရေစီတို့ရဲ့ ချင်းတောင်တန်းဒေသကလည်း အားအကောင်းဆုံးအဖြစ်နဲ့ ပါဝင်ခဲ့ကြပါတယ်။ အစိုးရဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုကြောင့် ဌာနဆိုင်ရာယန္တယားတွေ မလည်ပတ်နိုင်တဲ့အထိ ဖြစ်လာတဲ့အခါ အာဏာသိမ်းစစ်ကောင်စီက CDM ဝန်ထမ်းတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်လာတဲ့အတွက် အသက်ရှင်ရပ်တည်ရေးနဲ့ လုံခြုံရေးအတွက်ပါ စိုးရိမ်ခဲ့ကြရပါတယ်။ ဒီလိုအခြေအနေတွေကို ဆရာမထရေစီလည်း ကြုံခဲ့ရပါတယ်။ “ကျမချိန်းခြောက်မှုတွေ၊ ပတ်ဝန်ကျင်ရဲ့ဖိအားတွေ ရင်ဆိုင်ခဲ့ရပါတယ်။ တချို့က CDM မလုပ်ဘူးလားဆိုတဲ့ အကြည့်နဲ့ကြည့်တယ်။ တချို့ကတော့ ဘယ်အိမ်က အစိုးရဝန်ထမ်းအိမ်လဲ။ ဒလန်များဖြစ်မလားဆိုတာတွေနဲ့…
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုကြောင့် တောင်ယာထဲစစ်ဘေးတိမ်းရှောင်နေတဲ့စစ်ဘေးရှောင်ပြည်သူ ၄ ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကန်ပက်လက်မြို့နယ် မြက်ပြင်ကျယ်ရွာထဲ ဝင်ရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ အကြောင်းမဲ့ပစ်ခတ်တာကြောင့် တောင်ယာထဲကို စစ်ဘေးတိမ်းရှောင်တဲ့ ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက “မြက်ပြင်ကျယ်ရွာ တောင်ယာလုပ်ရင်းနဲ့ စစ်ဘေးရှောင်ရင်း၊ ပုန်းရင်းနဲ့ အဲ့မှာ တဲ ၁၀ လုံးလောက်ရှိတဲ့ထဲမှာ ၂ လုံးလောက်ကို သူတို့က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ တရပ်စပ်ပစ်တော့ ဒဏ်ရာရတာ ၃ ယောက်၊ ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ်။ ၁ ယောက်ကျတော့ သိပ်ပြီးမပြင်းထန်ဘူး” လို့ ပြောပါတယ်။ ဒဏ်ရာရရှိသူတွေဟာ အသက် ၅၀ ကနေ ၇၀ အရွယ်ရှိတဲ့ သက်ကြီးရွယ်အိုတွေဖြစ်ကြပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်ပြီး လက်မောင်း၊ ခါးတွေမှာ ဒဏ်ရာရရှိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေကိုတော့ နီးစပ်ရာဆေးပေးခန်းတစ်ခုမှာ ပို့ဆောင်ပြီး ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြက်ပြင်ကျယ်ရွာကနေ ကျောက်တောင်ကျေးရွာဘက်ကို ဆက်လက်ဝင်ရောက်ခဲ့ကြပြီး အရပ်သားပြည်သူ ၆ ဦးကိုဖမ်းဆီးကာ ၄ ယောက်ကို ပြန်လွှတ်ပေးပြီး ၂ ယောက်ကိုတော့ ဒီကနေ့အထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး မကွေးတိုင်း၊ ဆောမြို့နယ်၊ ကြံတောရွာကို…
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ စစ်ဘေးရှောင်တွေကို ကူညီတဲ့အလှူရှင်တွေ နည်းပါးလာတာကြောင့် စစ်ဘေးရှောင်ပြည်သူအများစုဟာ စားဝတ်နေရေးအတွက် အခက်ကြုံနေရတယ်လို့ စစ်ဘေးရှောင်တွေကူညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။ ပလက်ဝမြို့နယ်မှာ စစ်ရေးပဋိပက္ခကြောင့် ပလက်ဝမြို့ပေါ်နဲ့ ဆမီးမြို့ပေါ်မှာ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းဝန်းကျင်ခန့်ခိုလှုံနေပြီး အစောပိုင်းကာလမှာ အလှူရှင်တွေများပေမဲ့ အခုနောက်ပိုင်းမှာတော့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တစ်ခုတည်းကိုသာ အားထားနေရတယ်လို့ ဆမီးမြို့က စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ ဆမီးမြို့က စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက “အရင်တုန်းကတော့ အဖွဲ့အစည်းစုံစုံလင်လင်နဲ့ရှိပါတယ်။ အခုနောက်ပိုင်းကျတော့ လာချင်ရင်တောင်မှ မလာနိုင်တဲ့အနေအထားရှိတဲ့အခါမှာ အလှူရှင်တွေက သိပ်မရှိတော့ဘူး။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ကူညီပံ့ပိုးမှုကို တစ်ဆင့်ဖြန့်ဝေပေးတာ ဆမီးနဲ့ပလက်ဝက အတူတူပဲ။ ရိက္ခာတင်လို့ရတဲ့အခါမှာကျ ဆန်၊ ပဲ၊ ဆီ၊ ဆား၊ အာဟာရ ပုံမှန် လစဉ်လတိုင်းပေးတယ်။ အခုနောက်ပိုင်းကျတော့ ပြတ်တောက်ပြတ်တောက်ဖြစ်လို့ ဆန်လည်းတင်လို့မရတဲ့အနေအထားလည်းရှိတဲ့အခါမှာ အခက်အခဲတော့ကြုံတာပေါ့။” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကစပြီး ဒီနှစ် နိုဝင်ဘာလဆန်းပိုင်းအထိ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် ပလက်ဝမြို့နယ်ထဲက ကျေးရွာ/ကျေးလက်ဒေသက ပြည်သူတွေဟာ ဆမီးမြို့နဲ့ ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။ ဆမီးမြို့နဲ့ ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် (WFP) က လူတစ်ဦးကို ဆန်နို့ဆီဘူး ၅၄ ဘူး၊ ဆီ ၁ ဘူး၊ ပဲ၊ ဆား အပါအဝင် ၅ နှစ်အောက်ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အာဟာရမှုန့်တွေ ထောက်ပံ့ကူညီလေ့ရှိတယ်လို့ သိရပါတယ်။ ပလက်၀မြို့က စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦး “အခုဒီဇင်ဘာလအထိတော့ မရှိတော့ဘူးပေါ့။ ဒါလည်းပဲ အထက်ကိုတင်ပြခဲ့တယ်။…