(003PT) ချင်ပြည်နယ်တွင် နှစ်နှစ်ကျော်ကာလအတွင်း မြေမြုပ်မိုင်းကြောင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအ၀င် အရပ်သား ပြည်သူ ၂၀ ဦးသေဆုံးပြီး ၃၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်သည်။ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေးပြင်းထန်သည့် ချင်းပြည်နယ်တွင် စစ်ကြောင်းထိုးစဥ် ထောင်ထား သော စစ်ကောင်စီတပ်ဖွဲ့များ၏ မြေမြုပ်မိုင်းများကို အရပ်သားပြည်သူများမှ နင်းမိရာ ထိခိုက်ဒဏ်ရာရရှိကြသည့်အပြင် အသက်သေဆုံးမှုများ ကြုံတွေ့နေကြရသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ မှာ စီမံကိန်းဒါရိုက်တာ ဆလိုင်း မာန်ဟရဲလျန်က ပြောသည်။ ”စစ်ကောင်စီက စစ်ကြောင်းထိုးတိုင်း သူတို့ ရွာမှာတွေတပ်စွဲတယ်၊ ဘုရားကျောင်းတွေမှာ တပ်စွဲတယ်ဆိုရင်၊ အဲ့လိုမျိုး တပ်စွဲပြီးတော့ သူတို့ပြန်လှည့်တဲ့အခါမှာ သူတို့ ဗလာကြီးထားခဲ့တာမဟုတ်ဘူး၊ အဲ့ဒီမှာ မိုင်းတွေထောင်ထားပြီးတော့ ပြည်သူလူထုတွေရဲ့ အပြန်လမ်းနားမှာတွေ မိုင်းထောင်ထားတယ်၊ အဲ့ဒီစစ်ဘေးရှောင်တွေက သူတို့ရဲ့ ရွာကို ပြန်လာတဲ့ အခါမှာ အဲ့ဒီမိုင်းနှင်းမိပြီးတော့ သေဆုံးတာများတယ်” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။ ထိုသို့ မြေမြုပ်မိုင်းကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး ၄ ဦးအပါဝင် စုစုပေါင်း ပြည်သူ အယောက် ၂၀ သေဆုံးကြောင်း သိရသည်။ သည့်အပြင် မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရှိသူ ကလေး ၃ ဦး နှင့် အမျိုးသမီး ၁၁ ဦးအပါဝင် ပြည်သူ စုစုပေါင်း ၃၇ ဦး ရှိပြီး ၎င်းတို့မှာ ခြေပြတ်၊ လက်ပြတ်မှုများကြောင့် ဒုက္ခိတဘဝသို့ ကျရောက်ခဲ့ကြရသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုးသည့်နေရာ…
Author: Editor
(006SV) “ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း”ရန်ပုံငွေလှုပ်ရှားမှုသည် ကမ်ပိန်းကာလ လေးပုံတစ်ပုံ ရောက်ရှိလာချိန်အထိ ၁၀ ရာခိုင်နှုန်းသာ ရရှိသောကြောင့် ပြည်တွင်း/ပက ပြည်သူများ ပိုမိုအာရုံစိုက်အားဖြည့်ရန် လိုအပ်နေကြောင်း ချင်းကာကွယ်ရေးတပ် – ကန်ပက်လက်မှ တာဝန်ရှိသူများက မေတ္တာရပ်ခံ တောင်းဆိုသည်။ ခုခံပြောက်ကျားစစ်မှ စခန်းသိမ်း ထိုးစစ်ဆင်မှုများ ပြုလုပ်နိုင်ရန် အချိန်ရောက်လာပြီဖြစ်၍ ဒရုန်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းများ ဖြည့်တင်းနိုင်ရန် ဩဂုတ် ၃၁ ရက်မှ အောက်တိုဘာ ၁၅ရက်ထိ ရန်ပုံငွေ ကမ်ပိန်းကို ပြုလုပ်နေ ခြင်းဖြစ်သည်ဟု CDF- ကန်ပက်လက်မှ တပ်မဟာမှူး ထွန်းလိန်ထန်က ပြောသည်။ “ဒီကန်ပိန်းက CDF ကန်ပက်လက်အတွက် အရေးကြီးတဲ့ ကန်ပိန်းဖြစ်တယ်။ တော်လှန်ရေး အရွေ့တစ်ခု အတွက်လည်း အရေး ကြီးတယ်။ အဲလိုဖြစ်တဲ့အတွက် ထောက်ပို့ ပြည်သူတွေအနေနဲ့ အထူးအာရုံစိုက်ပေးဖို့ လိုအပ်တယ်။ တော်လှန်ရေး အရွေ့တစ်ခု ဖြစ်တဲ့ ခံစစ်ကနေ ထိုးစစ်ကို ပြောင်းနိုင်ဖို့အတွက် ဒီကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်တယ်။ နောက်ဆက်တွဲမှာလည်း စခန်းတွေကို သိမ်းပိုက်နိုင်ဖို့အတွက် လိုအပ်နေတဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေကို တပ်ဆင်နိုင်ဖို့လည်း ရည်ရွယ်ထား တာပါ” ဟု သူက ပြောသည်။ “ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း” ကမ်ပိန်းသည် ရန်ပုံငွေ သိန်း ၅၀၀၀ ရရှိရန် ရည်မှန်းထားသော်လည်း လက်ရှိ ကမ်းပိန်ကာလ ၁၁ ရက်တာအတွင်း ၁၀ ရာခိုင်နှုန်းပင် မပြည့်သေးကြောင်း ကမ်ပိန်းတာဝန်ရှိသူများက ပြောသည်။ “ပြည်တွင်း/ပြည်ပက ညီအစ်ကိုမောင်နှမများအနေနဲ့ ဒီကမ်ပိန်းလေး ဆောင်ရွက်နေချိန်မှာ ကိုယ်ပိုင်တဲ့…
(007SN) “ချင်းဖက်ဒရယ်ဖြစ်လာရင် ချင်းတစ်ပြည်လုံးကို လွှမ်းခြုံတဲ့ ဘဏ္ဍာငွေရှာဖွေဖို့ လိုအပ်တယ်..” အနာဂတ် ရေရှည်အစီအစဉ်အတွက်ပါ ရည်မှန်းပြီး တူမီးထီ စတင်ခဲ့သူတွေထဲမှာ အသက် ၃၁ နှစ်အရွယ် ချင်းလူငယ် ဆလိုင်းဒိုခါရ်ဟာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေးကို ချင်းပြည်နယ်က ရိုးရာ တူမီးသေနတ်နဲ့ ဦးဆုံးတော် လှန်ခဲ့ကြတာကို ပြန်သတိရရင်း တူမီးထီ စတင်အကောင်ထည်ပေါ်ခဲ့ပုံကို သူအမြဲ ဂုဏ်ယူပြောလေ့ရှိပါတယ်။ တော်လှန်ရေးကာလအတွက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရန်ပုံငွေလိုအပ်ချက်ကြောင့် တူမီးထီကို စတင်ဖို့ နိုင်ငံခြားရောက်ချင်းလူမျိုးတွေနဲ့ ပြည်တွင်းရှိတာဝန်ရှိသူတွေ စီစဉ်ကြတဲ့အထဲ ဆလိုင်းဒိုခါရ်လည်း ပါဝင်ခဲ့တာပါ။ လက်ရှိမှာတော့ သူဟာ တူမီးထီစတင်ကတည်းက အတွင်းရေးမှူးအဖြစ်တာဝန်ယူနေပြီး ဒါဟာ သူ့ဘဝရဲ့ မှတ်တိုင်တစ်ခု လို့လည်း ဆိုနိုင်ပါတယ်။ သူပါဝင်တဲ့ အဖွဲ့အစည်းအတွက် စနစ်တကျ ရေးဆွဲကာ IT နည်းပညာကျွမ်းကျင်တဲ့သူများနဲ့ ပူးပေါင်းပြီး အချိန် ၃လ ဝန်းကျင်ကြာတဲ့အထိ Website စနစ်တွေကို ဖန်တီးခဲ့ကြတာဟာ သူဘဝမှာ အချိန်အများကြီးပေးဆပ်မှုထဲက ပျော်ရွှင်မှုရလဒ် တစ်ခုလို့ ဆိုပါတယ်။ တူမီးထီကို ၂၀၂၂ ခုနှစ် ဧပြီလကစလို့ အွန်လိုင်းကတဆင့် စတင်ရောင်းချကာ ရရှိလာသော ရံပုံငွေများကို ချင်းတော်လှန်ရေး တပ်ဖွဲ့တွေ၊ ဒဏ်ရာရ ချင်းတော်လှန်ရေးရဲဘော်တွေ ဆေးကုသမှုပိုင်းမှာ တဖက်တလမ်းကနေ ကူညီထောက်ပံ့ပေးနေပြီး ယခုဆိုလျှင် တူမီးထီဟာ အပတ်စဉ် ၁၆ အထိရောက် ရှိလာပြီဖြစ်ပါတယ်။ တူမီးထီဟာ တော်လှန်ရေးကာလအတွင်း ရန်ပုံငွေရှာဖွေရန်အတွက် ယာယီသတ်မှတ်ထားတဲ့ အမည်နာမတစ်ရပ် သာဖြစ်ပြီး နောင်ချင်းပြည်အစိုးရအသစ်ပေါ်ပေါက်လာပါက (Federal Lottery) အဖြစ်…
(003PT/ 004SS/ 006SV) ချင်းပြည်နယ် စစ်ကောင်စီရုံးစိုက်ရာ ဟားခါးမြို့တွင် စစ်ကောင်စီသည် ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစု များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်ရန် လုံခြုံရေးကင်မရာများ မြို့ပေါ် (၅) နေရာထက်မနည်းတွင် တပ်ဆင်အသုံးပြုလာ သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က ပြောသည်။ “အဓိကက ဟားခါးမြို့တွင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေ၊ ရဲစခန်းတွေ၊ သူတို့ ကင်းစောင့်တဲ့ နေရာတွေကို အချိန်မရွေး၊ ဟားခါးမြို့မှာ တိုက်ပွဲတွေဖြစ်တယ်။ ပြီးရင် ပစ်ခတ်တာတွေ လုပ်လာတဲ့အခါမှာ စစ်ကောင်စီအနေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နိုင်ဖို့အတွက် အကာအကွယ်ယူနိုင်ဖို့ CCTV ကင်မရာတွေ တပ်ဆင် လာတယ်လို့ သုံးသပ်လို့ ရတယ်” ချင်းလူ့အခွင့်အရေးအဖွဲ့ချုပ် (CHRO) စီမံကိန်းမန်နေဂျာ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။ လုံခြုံရေးကင်မရာများကို စစ်ကောင်စီအစိုးရရုံးအနီးနေရာ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်းအိမ်အနီးနေရာနှင့် ၎င်းအိမ်လမ်းပေါ်ကနေရာ၊ ဘုရားကျောင်းသွားသောလမ်းများတွင် တပ်ဆင်ထားသည်။ ဟားခါး တမြို့လုံး၏ အသွားအလာကို စောင့်ကြည့်နိုင်ရန် ကွက်ကြား တပ်ဆင်ထားပြီး လက်ရှိမှာ ငါးနေရာတွင် တပ်ဆင်ထားသည်ကို အတည်ပြုနိုင်သည်ဟု ၎င်းက ပြောသည်။ စစ်ကောင်စီသည် ဟားခါးတမြို့လုံးကို လုံခြုံရေးတင်းကြပ်စွာ စောင့်ကြည့်နေနိုင်ရန် တမြို့လုံးတွင် တပ်ဆင်ရန် ပြင်ဆင်နေသော်လည်း လက်ရှိတွင် တမြို့လုံးကို မတပ်ဆင်နိုင်သေးကြောင်း သိရသည်။ အာဏာမသိမ်းမီက ဟားခါးမြို့တွင် ဘဏ်နှင့် ဆေးရုံတို့တွင် လုံခြုံရေးကင်မရာများ တပ်ဆင်အသုံးပြုခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီသည် စစ်စခန်းများ၊ တချို့ရုံးဌာနများနှင့် ၎င်းတို့ လှုပ်ရှားရာနေရာများတွင် လုံခြုံရေးကင်မရာများ တပ်ထားသည်ကို တွေ့ရှိရသည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ လုံခြုံရေးကင်မရာများ…
(003PT) ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ခရစ်ယာန်ဘုရားကျောင်းနှင့် ဘာသာရေးအဆောက် အအုံ ၉၀ ကျော် ပျက်စီးခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားနောက်ပိုင်း ၂ နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ဘုရားကျောင်းနှင့်ဘာသာရေးအဆောက်အအုံ ၉၅ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု CHRO က စက်တင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည်။ “ဒီ ချင်းပြည်နယ်မှာ ဘာသာရေးအဆောက်အုံတွေကို တမင်တကာ တိုက်ခိုက်တာက ကျွန်တော်တို့ ချင်းလူမျိုးတွေ IDPs ဆိုရင်တော့ ဘုရားကျောင်းမှာ နေတာတွေများတယ်၊ ဆိုတော့ ဒီလိုမျိုး ဘုရားကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်လာတယ် ဆိုတာကတော့ ပြည်သူလူထုကို တမင်တကာ တိုက်ခိုက်တာပဲဖြစ်တယ်” ဟု CHRO ၏ စီမံကိန်း မန်နေဂျာ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။ ဒါ့အပြင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်ထဲက ဆေးရုံ၊ ဆေးခန်း အဆောက်အအုံ ၅ ခုနှင့် စာသင် ကျောင်း ၄ ခုတို့ ထိခိုက်ပျက်စီးကြောင်းလည်း သိရသည်။ စစ်ကောင်စီသည် ဘာသာရေးအဆောက်အအုံ၊ ကျောင်းနှင့် ဆေးရုံများအပြင် အရပ်သားများနေထိုင်သော ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်းတင်းတင်း ကျူးလွန်ခြင်းဖြစ်သည်ဟု ဆလိုင်းမာန်ဟရဲလျန်က ပြေသည်။ “ဘုရားကျောင်း၊ နောက်ပြီးတော့ ဘာသာရေးအဆောက်အအုံတို့၊ ဆေးရုံတို့၊ စာသင်ကျောင်းတို့ ဆိုတာ ပြည်သူတွေစုဝေးတဲ့နေရာပေါ့လေ၊ အဲ့ဒီစုဝေးတဲ့နေရာက ကျွန်တော်တို့ရဲ့ Geneva Convention…
(004SS) စစ်ကိုင်းတိုင်း ကလေးမြို့တွင် စက်တင်ဘာ ၇ ရက်နေ့မှ ယနေ့ ၈ ရက်နေ့အထိ ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုဖြစ်ကာ ကျောင်းနှင့် အချို့ဈေးဆိုင်များ ပိတ်ထားရကြာင်း ဒေသခံများထံမှ သိရသည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့် ဒေသခံများ သွားလာရခက်ခဲပြီး ဆိုင်ထဲရေဝင်မှုများ၊ ဈေးတန်းများ ရေကျော်မှုကြောင့် ပိတ်ထားရသည်ဟုဒေသခံတစ်ဦးကပြောသည်။ “အိမ်အောက်ထိ ရေဝင်တယ် အခုဘယ်လိုလုပ်ရမလဲ မသိဘူး၊ကျမတို့ ဂိုဒေါင်ထိတောင် ရေလျှံတာ ပစည်းတွေ ရွှေ့ရသယ်ရနဲ့ အလုပ်ရှုပ်နေတာ ဆိုင်လဲ မဖွင့်အားတော့ဘူး” ဟု ကလေးမြို့အာတီစီရပ်ကွက်နေ မီးဖိုချောင်သုံးပစည်းများ အရောင်းဆိုင်ရှင်မတစ်ဦးက ပြောသည်။ ထို့နောက်၊ တာဟန်းဈေးတစ်ဝိုက်တွင်လည်း မြောင်းရေကျော်လာကာ လမ်းမများပေါ်ရေလျှံမှုကြောင့် ဟင်းသီးဟင်းရွက် များ ခင်းရောင်းရန် နေရာမရှိတော့ဘဲ ဈေဆိုင်များ ပိတ်ထားရသည်ဟု ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။ ထိုနည်းတူ ကျောင်းတက်ကလေးများမှာမူ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြေီးရေလျှံမှုကြောင့် အချို့ကျောင်းများ ပိတ်ထားကာ ပြန်လှည့်လာခဲ့ရကြောင်း ကိုယ်ပိုင်ကျောင်း မှ အထက်တန်းကျောင်းသူတစ်ဦးက ပြောသည်။ “သမီးတို့ ကျောင်း သွားခဲ့တယ် ဒါပေမဲ့ ကျောင်း ရှေ့မှာ ရေတွေကြီးနေတာပေါ့၊ သွားရတာ သိပ်အဆင်မပြေဘူး၊ အ၀◌တ်စားတွေလဲ အကုန် စိုကုန်တယ်၊ ဆရာမတွေက ဒီနေ့တော့ ပြန်လိုက်ကြပေါ့ နောက်နေ့ အဆင်ပြေမှ ပြန်တက် မယ်ဆိုပြီး ပြန် လွှတ်လိုက်တယ်။ တကယ်ဆို ဒီနေ့ စာမေးပွဲရှိတာ အဲဒါလဲ မဖြေလိုက်ရဘူး” ဟု ၎င်းကပြောသည်။ ယခုကဲ့သို့ ရေကြီး ရေလျှံခြင်းသည် ယခင်နှစ်များက ရေကြီးရေလျှံခြင်းမဖြစ်ဖူးသော…
(006SV) ချင်းပြည်နယ်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို အပြောင်းအလဲပြုလုပ်ပြီးနောက် စစ်ကောင်စီက ချင်းပြည်နယ်၏ မြို့နယ်အချို့တွင် စစ်ပြင်ဆင်မှုများ ပြုလုပ်လာသောကြောင့် စစ်ရေးအရှိန်ပြင်းထန်လာနိုင်သည်ဟု ချင်းတော်လှန်ရေးအင်အားစု များက ပြောသည်။ ချင်းပြည်နယ်တွင် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်ကို ရာထူးက ဖယ်ရှားလိုက်ပြီး မတူပီအထိုင် ဗျူဟာမှူးဟောင်း ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် အစားထိုးလိုက်ပြီးနောက် မြို့နယ်တချို့က စစ်ကောင်စီဗျူဟာမှူးများကိုလည်း အပြောင်းအလဲ ပြုလုပ်နေသည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့အင်အားစုများက ပြောသည်။ “စစ်ရေးတင်းမာတဲ့ နေရာတွေမှာအဓိက (နယ်/လုံဝန်ကြီး) အပြောင်းအလဲလုပ်တာ တွေ့ရတယ်၊၊ ဒါက အထက်က ခိုင်းတာတွေ တာဝန်မကျေတာလဲ ဖြစ်နိုင်ပါတယ်။ သုံးသပ်နိုင်တာက စစ်ရေးပြင်းထန်တဲ့နေရာမှာ ခုလို အပြောင်းအလဲလုပ်တာက သူတို့ အထဲမှာ မတည်ငြိမ် ဘူးဆိုတာကို ပြတာပဲ။ ဒီ့ထက် စစ်ရေး အုပ်ချုပ်ရေး ကောင်းအောင်ဆိုပြီး လုပ်မှာပေါ့” ဟု ချင်းအမျိုးသား တပ်မတော် CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ထက်နီက ပြောသည်။ ချင်းအမျိုးသားတပ်ဦးအနေဖြင့် စစ်ရေးအရှိန်မြှင့်ရန် ပြင်ဆင်နေချိန်တွင် စစ်ကောင်စီသည် ချင်းမှာ စစ်ရေး အပြောင်းအလဲများ ပြုလုပ်နေသောကြောင့် ဟားခါး၊ ထန်တလန်ဒေသတို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာ နိုင်သည်ဟု ၎င်းက ပြောသည်။ စစ်ကောင်စီသည် စက်တင်ဘာလဆန်းက ခုခံတွန်းလှန်မှု အားအကောင်းဆုံး ဒေသများဖြစ်သည့် ချင်း၊ ကရင်၊ ကယား (ကရင်နီ)၊ ကချင်နှင့် မန္တလေးတိုင်းတို့တွင် တာဝန်ထမ်းဆောင်နေသော နယ်/လုံဝန်ကြီးများကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ ချင်းပြည်နယ်၏ နယ်/လုံဝန်ကြီးအသစ်ဖြစ်လာသည့် ဗိုလ်မှူးကြီး သိန်းထွန်းအောင်သည် ယခင်က မတူပီမြို့…
(002HH) အသက် (၃၇) နှစ် အရွယ် ကိုလိန်း (အမည်လွဲ) ဟာ မတော်တဆ ဓားထိုးခံရမှုကြောင့် ဒဏ်ရာအကြီးအကျယ် ရခဲ့သူပါ။ ဖြစ်ဖြစ်ချင်း ဆေးကုသဖို့ ဆရာဝန်ခွင့်ပြုချက်လက်မှတ် ရပေမယ့် ပခုက္ကူမရောက်ခင်လမ်း တဝက်မှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ချင်းပြည်နယ် တောင်ပိုင်းဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို လူနာတင်ကားတွေ အရင်ကထက် နည်းပါး လာတာကြောင့် မြို့ ပေါ် အသီးသီးမှာရှိတဲ့ အရေးပေါ် လူနာတွေဟာ ဆရာဝန်ရဲ့ ခွင့်ပြုချက်နဲ့ ပခုက္ကူ၊ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးကုသဖို့သွားကြရတာပါ။ အဲ့ဒီနောက်ဆက်တွဲကြောင့်ပဲ ကိုလိန်းဟာ အိမ်ထောင်ကျရာ မတူပီမြို့ကို ပြန်မရောက်နိုင်တော့ဘဲ သူ့မိခင် ရှိရာ ရွာလေးမှာပဲ သူ့ကို သဂြိုလ်ခဲ့ရတယ်လို့ ခဲအိုဖြစ်သူ သေဆုံးခဲ့ရပုံကို မဖြူ (အမည်လွဲ) က ပြန်ပြောပြပါတယ်။ “သူက ညာဖက်ဗိုက်ဆီးအိမ်ထိသွားတာ သေးပေါက်ရင်သွေးတွေထွက်ပြီလေ။ ဆရာဝန်ကလည်း ဒဏ်ရာတော် တော်နက်တော့ ပခုက္ကူဖြစ်ဖြစ်၊ ရန်ကုန်ဖြစ်ဖြစ်သွားကုခိုင်းတာ ဂန့်ဂေါလမ်းဖက်ဆိုတော့ဝေးပြီး လမ်းမကောင်း ဘူးဆိုတော့ ကားကလည်း ဖြည်းဖြည်း မောင်းပေးရတယ်ဆိုတော့ ထီးလင်းမှာပဲ ဆုံးသွားတာ” ဆိုပြီး သေဆုံး တာ (၂) နှစ်နီးပါးကြာပြီးဖြစ်ပေမယ့် ငိုသံနဲ့ မဖြူက ပြောနေတာပါ။ ကိုလိန်းလိုပဲ ပြည်မဖက်ကို ဆေးကုသဖို့ သွားချင်ပေမယ့် ကားခ ဈေးမြင့်ပြီး လိုတဲ့ချိန်မှာ ချက်ချင်း ကားရှာ မရတဲ့ အခက်ခဲတွေက ရောဂါပြင်းထန်သူတွေအတွက် ခံနိုင်ရည်၊ မျှော်လင့်ချက်မဲ့စေပြီး သေခြင်းကို ရင်ဆိုင်ရသူ တွေလည်း ချင်းပြည်နယ် ဒေသတွေမှာ အများအပြား ရှိနေပါတယ်။ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့…
(003PT) ဦး မန်မွန်းပြောင်ကို CDF-Tonzang တပ်ရင်း ၂ အဖွဲ့က သြဂုတ်လ ၁၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဥ်နှင့်ပက်သက်ပြီး အမေရိကန်ပြည်ထောင်စုအခြေစိုက် ဇိုချင်းမျိုးနွယ်စု United Zo Organization (USA) က ကန့် ကွတ်ရှုတ်ချလိုက်သည်။ စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့ အမှတ် (၁) ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၈ နှစ်အရွယ် ဦးမန်မွန်းပြောင်သည် တော်လှန်ရေးနှောက်ယှက်မှု၊ ငွေကြေးလိမ်လည်မှုနင့် သတင်းပေးဒလန် ဆောက်ရွက်မှုတွေ တွေ့ရှိရသည်ဟု စွပ်စွဲချက်ဖြင့် CDF-Tonzang တပ်ရင်း (၂) က ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့တွင် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ သားသမီး ၅ ဦး၏ ဖခင်ဖြစ်သူ အသက် ၃၈ နှစ်အရွယ်ဦး မန်မွန်းပြောင်သည် ကလေးမြို့ တက္ကသိုလ်တွင် သမိုင်းဘာသာဖြင့် ဝိဇ္ဇာဘွဲ့ရရှိသူဖြစ်သည့်အပြင် လက်ရှိ နေထိုင်ရာ ခမ်းပတ်မြို့ အမှတ် (၁) ရပ်ကွက်ဥက္ကဌ အဖြစ်လည်းကောင်း၊ ချင်းလူငယ် အဖွဲ့စည်း Zo Youth Organization အဖွဲ့၏ ဥက္ကဌရာထူး တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ချင်းလူမျိုးအတွက် ကျရာတာဝန်များကို ကြိုးစားအားထုတ် ဆောင်ရွက်နေသူတစ်ဦးဖြစ်သည်ဟု ဩဂုတ်လ ၂၉ ရက်နေ့ကထုတ်ပြန်သော United Zo Organization (USA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ CDF-Tonzang တပ်ရင်း ၂ အနေဖြင့် ဦးမန်မွန်းပြောင်းအား အပြစ်မရှိအပြစ်ရှာကာ အပြစ်ကျူးလွန်ကြောင်း မတရားခံဝန် ကတိထိုးခိုင်းပြီးနောက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ရုပ်လောင်းကိုလည်း ယနေ့ထိ ပြန်မပေးသည့်အတွက်…
(006SV) စစ်အာဏာသိမ်းပြီးနောက် ပြည်သူ့ခုခံတွန်းလှန်စစ် (၂) တာအတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်စခန်း စီးနင်းသိမ်းပိုက်မှု ၉ ကြိမ်ရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၇ ရက် ကျရောက်သည့် ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့် အစီရင်ခံစာမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာခြင်းဖြစ်သည်။ ချင်းပြည်နယ်တွင် ခုခံတွန်းလှန်စစ် ပထမနှစ်တွင် စစ်ကောင်စီတပ်စခန်းကို စီးနင်းသိမ်းပိုက်မှု ၁ ခုသာရှိခဲ့သော်လည်း ဒုတိယနှစ်တွင် စစ်ကောင်စီစခန်း ၈ခုအထိ စီးနင်းသိမ်းပိုက်နိုင်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။ ချင်းပြည်နယ်တွင် ဒုတိယ နှစ်မှာ စစ်မျက်နှာအသစ်များ ဖွင့်လှစ်နိုင်ခဲ့ပြီး နယ်မြေစိုးမိုးထိန်းချုပ်မှု ပို၍ အားကောင်းအောင် ဆောင်ရွက်နိုင်ခဲ့သည်၊ ၂ နှစ်အတွင်း ချင်းပြည်နယ်တွင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲပေါင်း ၅၅၀ ကျော်ဖြစ်ပွားခဲ့ပြီး သံချပ်ကာယာဉ် (၂) စီးကို ဖျက်စီးနိုင်ခဲ့သည်ဟု သိရသည်။ တစ်နိုင်ငံလုံးအတိုင်အတာဖြင့် ပထမနှစ်တွင် စစ်ကောင်စီစခန်း ၂၈ ခုသာ သိမ်းပိုက်နိုင်ခဲ့သော်လည်း ဒုတိယနှစ်တွင် စခန်း ၁၀၇ ခုကို သိမ်းပိုက်နိုင်ခဲ့၍ စခန်းသိမ်းတိုက်ပွဲ သုံးဆကျော် ဆင်နွှဲနိုင်ခဲ့သည်ဟု NUG ကဆိုသည်။ နှစ်နှစ်တာအတွင်း နိုင်ငံတဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်း၊ စိစစ်ဆဲ တပ်ရင်း ၆၈ ရင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကို မြိုနယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းနိုင်ခဲ့သည်ဟု NUG MOD က ထုတ်ပြန်သည်။ စစ်ကောင်စီသည် ခြေလျင်တပ်ရင်း ၂၁၄…
