Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လေယာဉ်လက်မှတ်စေ◌ျး အဆမတန်မြင့်တက်နေသော်လည်း ကလေးမြို့တွင် လေယာဉ်လက်မှတ်ဝယ်ယူရန်ပင် ခက်ခဲနေ

လေယာဉ်လက်မှတ်စေ◌ျး အဆမတန်မြင့်တက်နေသော်လည်း ကလေးမြို့တွင် လေယာဉ်လက်မှတ်ဝယ်ယူရန်ပင် ခက်ခဲနေ

0
By Editor on October 19, 2023 Khonumthung

(004SS)

ပြည်တွင်းလေယာဉ်လက်မှတ်စေ◌ျးနှုန်းများ အဆမတန်မြင့်တက်နေသော်လည်း ကလေးမြို့တွင် လေယာဉ်ဖြင့် ခရီးသွားလာသူများပြားကာ လေယာဉ်လက်မှတ်များ ဝယ်ယူရန်ပင် ခက်ခဲနေကြောင်း သိရသည်။

“ အခုလေယာဉ်လက်မှတ်ဈေးထပ်တက်တယ်၊ဒါပေမဲ့ ကြိုတင်ဝယ်ယူသူများလို့  ဒီလအတွက်‌ေတာင် မရတော့ဘူး နောက်လ နိုဝင်ဘာ ၂၄ ရက်နေ့အတွက် ၂ ခုံပဲ ကျန်တော့တယ်”  ဟု ‌က‌ေလးမြို့ လေယာဉ်လက်မှတ် အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

ယ‌ေန့ အောက်တိုဘာလ ၁၆ ရက်နေ့မှ စ၍ ကလေး- ရန်ကုန် လေယာဉ်လက်မှတ်စေ◌ျးနှုန်းမှာ ကျပ် ၂၉၀၀၀၀ မှ  ၃၂၀၀၀၀ ကျပ်၊ ရန်ကုန်- ကလေး မှာ ကျပ် ၂၂၇၀၀၀ မှ  ၂၅၅၀၀၀ ကျပ် စသည်ဖြင့် ကျပ် ၃၀၀၀၀ ဝန်းကျင် မြင့်တက်သွားခြင်းဖြစ်သည်။

လက်ရှိတွင် ကလေးမြို့မှာ မြန်မာ့လေကြောင်းလိုင်းတစ်ခုသာ ပြေးဆွဲနေကြောင်း သိရသည်။

ကလေးမြို့မှ ရန်ကုန်အပါအဝင် ပြည်မဘက်သို့ဆက်သွယ်သော ကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်းများ ပျက်ဆီးခြင်း၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပိတ်ဆို့ခြင်းများနှင့် အစစ်အဆေးများခြင်းတို့ကြောင့် ဒေသခံပြည်သူများသည် စျေးကြီးသော်လည်း အချိန်ကုန်သက်သာသော လေကြောင်းလိုင်းဖြင့်သာ သွားလာသူ များပြားနေသည်ဟု  ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။

“ခရီးကတော့ တော်တော်သွားကြတယ်။ အခု ကလေးမြို့မှာ ဆို လေယာဉ်လက်မှတ် လိုချင်တဲ့ချိန်ဖြတ်လို့မရဘူး။ အရင်ကလို တစ်ပါတ်မပြောနဲ့ အခုက တစ်လကြိုတင်ဖြတ်မှ ကိုယ်သွားလိုရာ ရောက်မဲ့သဘောရှိတယ်။ ကုန်းလမ်း ကလဲ သွားလို့ အဆင်မပြေဘူး၊ လမ်းပျက်တာရယ်၊ အစစ်အဆေးများတာရယ်၊ ပြီးတော့ အခုက ကလေးမြို့ကနေ ပြည်မဘက်သွားချင်ရင် ဟို ကွေ့ပါတ်ပြီး သွားရတော့ အချိန်လဲ ကြာတယ်လေနော်။ ဆိုတော့ ခရီးသွားဖို့ အခက်အခဲ တော့ အများကြီးပေါ့” ဟု ၎င်းကပြောသည်။

ယခုလက်ရှိ ကလေးမြို့မှ ပြည်မသို့သွားရာ လမ်းမကြီးများသည် ကလေး-ဂန်ဂေါလမ်း၊ မဟာမြိုင်လမ်းကြောင်းတို့သည် တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းပိတ်ခြင်း၊ မိုးရာသီအတွင်း လမ်းများပျက်ဆီးကာ ယာဉ်များပိတ်ဆို့နေခြင်းကြောင့် ကလေး- ဟားခါး- ဂန်ဂေါ လမ်းကြောင်းမှတဆင့် ပြည်မဘက်သို့ ကွေ့ပါတ်ကာ သွားလာနေကြရပြီး မော်တော်ယာဉ်လက်မှတ်စေ◌ျးနှုန်းမှာလည်း တစ်ဦးလျှင် ကျပ် ၁၇၀၀၀၀ ဖြင့် ၂ ညအိပ် ၃ ရက် ခရီးသွားလာနေရသည်ဟု ကလေးမြို့ အဝေးပြေးကားဂိတ်များထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.