Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့ ဒကစရုံးနှင့် စစ်ကောင်စီအထိုင်တပ်စခန်းများကို Fixed Wing Drone ဖြင့် တိုက်ခိုက်

ကလေးမြို့ ဒကစရုံးနှင့် စစ်ကောင်စီအထိုင်တပ်စခန်းများကို Fixed Wing Drone ဖြင့် တိုက်ခိုက်

0
By Editor on May 6, 2024 Headline

ကလေးမြို့ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ်ရုံးနှင့် စစ်ကောင်စီတပ်အထိုင်ချစခန်းများကို ယနေ့ မေလ ၆ ရက်နေ့တွင် Fixed Wing Drone (မောင်းသူမဲ့လေယာဉ်ငယ်) များအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Wings of Kalay က ထုတ်ပြန်သည်။

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (Wings of Kalay Drone Team) နှင့်အတူ Kalay Revolution Force (KRF) ကလေးဒေသတော်လှန်ရေးတပ်၊ မြို့ပြစီမံချက် UG အဖွဲ့၊ ကလးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်း၍ Fixed Wing Drone များ အသုံးပြုကာ Air Bomb များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကလေးမြို့အတွင်းရှိ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ် ကလေး (ရုံး) သို့ ဗုံးသီး (၂) လုံး၊ စစ်ကောင်စီ၏ ထောက်ပို့ယာဉ် ဆင်းနေချိန်အတွင်း ကလေးမြို့ လေယာဉ်ကွင်းအတွင်းသို့ ဗုံးသီး (၄) လုံး၊ အမှတ် (၆၄၄) စစ်လက်နက်ပစ္စည်းတပ်စုအား ဗုံးသီး (၃) လုံး စုစုပေါင်း ဗုံးသီး ၉ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီဖက်မှ ထိခိုက်ဒဏ်ရာရရှိမှုရှိမရှိ စုံစမ်းဆဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်မှ လေယာဉ်ငယ်တစ်စီး ဆုံးရှုံး ကာ ဘေးကင်းစွာဖြင့် အောင်မြင်စွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု Wings of Kalay ကထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလ (၂) ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာရှိ စစ်ကောင်စီအထိုင်တပ်စခန်းအား ဗုံးသီး (၂) လုံး၊ ကြံသာရွာမှ အောင်မင်္ဂလာရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ စစ်ကြောင်းအား ဗုံးသီး (၄) လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့ ဒကစရုံးသို့ စစ်လက်နက်ပစ္စည်းများ ဖြည့်တင်းမှုရှိသည်ဟု သိရပြီး မေလ ၄ ရက်မှ ၆ ရက်နေ့အထိ စစ်သုံးလေယာဥ် (Y-8) အမျိုးစား Military Transport Aircraft နံပါတ် (၅၈၁၉) ဖြင့် လက်နက်၊ ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယခုလက်ရှိတွင် ကလေးမြို့မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် စစ်ရေးအခြေအနေတင်းမာနေပြီး မြို့ပေါ်မှာလည်း လုံခြုံးရေးတင်းကြပ်ထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.