အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့်နယ်စပ်အနီး ဘင်္ဂလာဒေရှ့်ပိုင်နက် စစ်တကောင်းတောင်တန်းဒေသတွင်နေထိုင်ကြသော ချင်း (ဇိုး) မျိုးနွယ်စုများသည် ဘင်္ဂလားဒေရှ့်စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တို့ကြောင့် အခက်အခဲများ ရင်ဆိုင်နေကြရပြီး ၎င်းတို့ထဲက အယောက် ၃၀၀ ကျော်တို့သည် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင် ဖော်ပြသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်း နေထိုင်ကြသော ချင်း (ဇိုး) မျိုးနွယ်စုများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေသော Kuki-Chin National Army (KNA) ကို ဘင်္ဂလားဒေရှ့်စစ်တပ်နှင့် ရက္ခိုင့်တပ်တော်ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သည့်အတွက် စစ်တကောင်းတောင်တန်းဒေသက ဒေသခံပြည်သူအယောက် ၃၀၀ ကျော်တို့သည် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် နယ်စပ်ကျေးရွာ Parva ရွာသို့ နိုဝင်ဘာလ ၂၀ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု သတင်းစာကဆိုသည်။ ယခုကဲ့သို့ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်လာကြသော ဘင်္ဂလားဒေရှ့်နိုင်ငံက ချင်း(ဇိုး) မျိုးနွယ်စုများအား အကူ အညီများပေးအပ်နိုင်ရေးအတွက် မီဇိုရမ်ပြည်နယ်ရှိ အကြီးဆုံးသော အရပ်ဘက်လူမှုအဖွဲ့အစည်းဖြစ်သည့် မီဇိုးလူငယ်အသင်း (CYMA) က မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါကို သွားရောက်တွေ့ဆုံခဲ့ကြပြီး စစ်ဘေးရှောင်ပြည်သူများ ဘေးကင်းလုံခြုံစွာနှင့် အေးအေးချမ်းချမ်းဖြင့် နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန်တောင်းဆိုခဲ့ကြသည်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါကလည်း Parva ကျေးရွာမှာ စစ်ဘေးရှောင်လာကြသော Bawm (ချင်း မျိုးနွယ်စု) ညီအကိုများ၏ အခက်အခဲများအားဖြေရှင်းရန် မီဇိုရမ်အနေဖြင့် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း မီဇိုရမ်အစိုးရနှင့် မီဇိုးလူငယ်အသင်းမှ ဦးဆောင်သူများနှင့် အရေးပေါ်အစည်းအဝေးများပြုလုပ်ကာ ယခုလက်ရှိရင်ဆိုင်နေရသော အခက်အခဲများ ဖြေရှင်းနိုင်ရေး ဆောင်ရွက်လျှက်ရှိသည်ဟု သူ၏ Instagram လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။ နိုဝင်ဘာလ…
Author: Editor
FactCheck အဲ့သတင်းအမှားကို Ko Sitt ဆိုတဲ့အကောင့်ကနေပြီး “၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ ည ၉ နာရီခန့်တွင် မြိတ်-ထားဝယ်ကားလမ်း၊ မိုင်တိုင်အမှတ် (၅၂) အနီး၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်း ကျေးရွာ အနီးတွင် မြိတ်ဘက်မှ ထားဝယ်ဘက်သို့ ထွက်ခွာလာသော အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး စီးနင်းလိုက်ပါလာသည့် ဖောကား ၁ စီးအား PDF အကြမ်းဖက်အဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခြင်းအပြင် လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ပြည်သူ ၄ ဦး ဒဏ်ရာရပြီး ၎င်းတို့အနက် ၂ ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။ ဒဏ်ရာရ ပြည်သူများအား သရက်ချောင်းမြို့နယ်၊ ရငဲတိုက်နယ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူလျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား ပြင်းထန်စွာ တိုက်ခိုက်ခဲ့သော PDF အကြမ်းဖက်သမားများ ဆုတ်ခွာရာသို့ တပ်မတော်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဆက်လက်ပြီး “ပြည်သူ့ကာကွယ်ရေးတပ်အမည်ခံ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ယခုကဲ့သို့ အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် အကြမ်းဖက် တိုက်ခိုက် _တ်ဖြတ်ခြင်းများ ကျူးလွန်နေမှုများကြောင့် ပြည်သူအများမှ ရွံရှာမုန်းတီးနေကြကြောင်း သိရပြီး ၎င်းတို့လှုပ်ရှားမှုသတင်းများရပါက နီးစပ်ရာ တပ်မတော်စစ်ကြောင်းနှင့် လုံခြုံရေးအဖွဲ့များထံ သတင်းပေးပို့ကြပါရန် တိုက်တွန်းလိုက်ရပါသည်။” လို့ရေးသားထားတာဖြစ်ပါတယ်။ ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ညီနောင်မဟာမိတ်များအဖွဲ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး အဲဒီဖြစ်စဉ်မှာ ပြည်သူလူထုစီးလာတဲ့ ကားမဟုတ်ဘဲ စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီး တွေမောင်းနှင်လာတဲ့ကားကို တိုက်ခိုက်တာသာဖြစ်တယ်လို့ ဆိုပါတယ်။ ညီနောင်မဟာမိတ်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ “ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊…
ချင်းအဆိုတော် Rebecca Fanai သည် သူမ၏ ဂရုဏာစီမံကိန်း The Compassion Project ကို ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်ကာ မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများထံသွားရောက်ပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်လျှက်ရှိသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့က မြန်မာနိုင်ငံက စစ်ဘေးရှာင်ပြည်သူအများအပြားခိုလုံကြသော ကျန်ဖိုင်းခရိုင်အတွင်းရှိ Zote (ITI) နှင့် Uilui စစ်ဘေးရှောင်စခန်း ၂ သို့ သွားရောက်ကာ အကူအညီများပေးအပ်ခဲ့သည်ဟု သိရသည်။ ယနေ့တွင် ကျန်ဖိုင်းခရိုင် ဇိုခေါထာရ်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းများထံ သွားရောက်ကာ အကူအညီများ ထပ်မံပေးအပ်သွားမည်ဟု သိရသည်။ အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သည့် Rebecca Fanai သည် စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရန်အတွက် မီဇိုရမ်ပြည်နယ်သို့ အောက်တိုဘာလ ၁၁ ရက်နေ့က ရောက်ရှိလာပြီး နိုဝင်ဘာလဆန်းပိုင်းက၍ သူမ၏ The compassion Project ကို စတင်ခဲ့သည်။ The Compassion Project တွင် အဓိက အချက် ၃ ချက်ပါဝင်ပြီး စစ်ဘေးရှောင်ပြည်သူများအား ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း၊ ကလေးငယ်နှင့် အမျိုးသမီးများအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်း၊ အရေးပေါ်လိုအပ်ချက်များ ကူညီထောက်ပံ့ခြင်းများ ပါဝင်သည်။ နိုဝင်ဘာလ ၆ ရက်နေ့ကစတင်သည့် The Compassion Project တွင် Rebecca Fanai နှင့်အတူ Chin Health Organi zation (CHO), Myanmar Refugees Relief Committee-Mizoram (MRRCM), NGO United…
ချင်းပြည်နယ် ဖလမ်းမြို့နယ် ဘွာလ်သဲကျေးရွာက အသက် ၅၆ နှစ်အရွယ် Pa Hau Cung Nung (မသန်စွမ်း) ကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့က ဘွာလ်သဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး ယင်းနေ့တွင် Pa Hau Cung Nung သည် ပျောက်ဆုံးသွားခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ဒဏ်ရာဖြင့်သေဆုံးနေသည့် သူ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ “သူက မသန်စွမ်းတစ်ဦးဖြစ်တယ်၊ ဦးနှောက်ပိုင်းချိူ့ယွင်းတယ်၊ နားလည်းသိပ်မကြားဘူး၊ တိုက်ပွဲဖြစ်တဲ့ချိန်မှာ ရွာထဲမှာရှိတယ်လို့ပြောကြတယ်၊ သူက ရွာထဲကနေ ထွက်မပြေးချင်တာလို့ပြောတယ်” ဟု ဘွာလ်သဲရွာဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့သည် နိုဝင်ဘာလ ၁၅ ရက်နေ့ကစ၍ သီးဘွာလ်ကျေးရွာနှင့် ဘွာလ်သဲကျေးရွာအနီးတွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားကာ အနီးနားကျေးရွာများမှ ဒေသခံပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ ထိုကဲ့သို့ ထွက်ပြေးတိမ်းရှောင်ကြသည့်အချိန်တွင် Pa Hau သည် ထွက်မပြေးဘဲ ရွာထဲတွင်ကျန်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်လုပ်ဆောင်ခဲ့သော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ကျဆုံးမှုမရှိခဲ့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဘက်က အယောက် ၃၀ ကျော် သေဆုံးခဲ့သည်ဟု CNDF က ထုတ်ပြန်ထားသည္။ Photo – The Rihli Voice
ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမြစ်ချောင်းအနီးတဝိုက်တွင်ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်တချိူ့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိသည်ဟု သိရသည်။ တိုက်ပွဲအတွင်းသိမ်းဆည်းရမိသည့် လက်နက်များမှာ MA 1 တစ်လက်၊ MA2 တစ်လက်၊ MA3 တစ်လက်၊ Machine gun တစ်လက်နှင့် ကျည်ဆံတစ်ထောင်ကျော်လည်း သိမ်းဆည်းရမိသည်ဟု The Chin Post က ဖော်ပြသည်။ ဟားခါးမြို့မှ ၅ မိုင်ခန့်ကွာဝေးသော သီမြင်ချောင်းအနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသည်မှာ ၂ ပတ်ကျော်ခန့်ရှိပြီဖြစ်ကာ ထိခိုက်သေဆုံးမှုအခြေနေကိုမူ မသိရသေးပေ။ ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်အပြင် ဟားခါးမြို့တွင် အထိုင်ချသည့်တပ်ကလည်း လက်နက်ကြီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်။ Video crd- The Chin Post
ကလေးမြို့ အနောက်မြောက်ဘက်ဘက် ဆည်ကြီး (Vaphai) ကျေးရွာတွင် ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ အရွယ်ခန့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့နေ့လယ်ပိုင်းက ကလေးမြို့ အနောက်မြောက်ဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေခဲ့သည်ဟု သိရသည်။ အဆိုပါလက်နက်ကြီးသည် ဆည်ကြီးကျေးရွာထဲ ကျရောက်ပေါက်ကွဲကာ ယခုကဲ့သို့အဖြစ်ဆိုးမျိုး ကြုံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ ကလေးမြို့တွင် ယခုရက်ပိုင်းအတွင်း သေနတ်သံ လက်နက်ကြီးသံများ မကြာခဏကြားနေရပြီး မြို့တွင်းမှာလည်း လုံခြုံရေးစစ်ဆေးမှုများ ယခင်ကထက် တင်းကြပ်ထားသည်ဟု သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမြစ်လွင်ပြင်တဝိုက်ကို ယနေ့နေ့လယ် ၁၂ နာရီခန့်ကစ၍ စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်နှင့် လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ကလေးမြို့ဘက်မှတက်လာသော စစ်ကောင်စီ၏ ရဟတ်ယာဉ်သည် ဟားခါးမြို့ကို ပတ်ကာပျံဝဲပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ့များရှိသည်ဟု ယူဆသော သီမြစ်လွင်ပြင်တဝိုက်နှင့် အနီးနားတောင်ကုန်းများကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ဟားခါးမြို့ပေါ်မှာအထိုင်ချသော စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ထပ်မံလှမ်းထုနေသည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ “ရဟတ်ယာဉ်နဲ့ပစ်ပြီးတဲ့နောက်မှာ အခု ဟားခါးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ လှမ်းထုနေတယ် အကြိမ်ရေကလည်း များနေပြီ ခုထိကြားနေရတုန်းပဲ” ဟု ဟားခါးဒေသခံကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ချင်းတောင်တွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုအသုံးပြုလာခဲ့ပြီး ဖလမ်းမြို့နယ် သီးဘွာလ်ရွာအနီးတိုက်ပွဲတွင်လည်း ဂျက်လေယာဉ်နှင့် တိုက်ပွဲသုံး ရဟတ်ယာဉ်များဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုအသုံးပြုလာကြောင်း ချင်းအမျိုးသားတပ်ဦး CNF ကလည်း အစောပိုင်းက ပြောဆိုခဲ့ပြီးဖြစ်သည်။
မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို တူမီးသေနတ်တွေစွဲကိုင်ပြီး အစောဆုံးတော်လှန်ခဲ့တဲ့ ချင်းပြည်နယ်ကို အာဏာသိမ်းစစ်ကောင်စီက “အနော်ရထာစစ်ဆင်ရေး” အမည်တပ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလဆန်းပိုင်းကတည်းက မကွေးနဲ့ စစ်ကိုင်းတိုင်းကနေ စစ်အင်အားအလုံးအရင်းနဲ့ချီတက်လာပြီး စစ်ဆင်ရေးတွေ အကြီးအကျယ် ဆောင်ရွက်လာခဲ့ပါတယ်။ ချင်းတောင်ကို စစ်အင်အားအလုံးအရင်းနဲ့တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ချင်းအမျိုးသားတပ်မတော် CNA နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF တွေက ခုခံတော်လှန်လာခဲ့ကြတာ အခုဆိုရင် တစ်နှစ်ခွဲကျော်လာပြီဖြစ်ပါတယ်။ ခုလက်ရှိချင်းပြည်နယ်ရဲ့ စစ်ရေး၊ နိုင်ငံရေး အနေအထားတွေဘယ်လိုရှိပါလဲ။ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ ။ အခုလက်ရှိ ချင်းပြည်နယ်မှာဖြစ်နေတဲ့ စစ်ရေးအခြေအနေ ဘယ်လိုရှိလဲ။ ဖြေ။ ။ အခုကမိုးလည်းကုန်ပြီဆိုတော့ ပွင့်လင်းရာသီမှာ သူတို့လုပ်နေကြတော့ လုပ်နိုင်ဖွယ်ရှိတာပေါ့။ ဒါပေမယ့် စစ်ရေးဆိုတဲ့နေရာမှာ တိုက်ပွဲကွက်ကြားကွက်ကြား ဖြစ်နေတာတော့ အမြဲတမ်းရှိတာပေါ့။ ပွင့်လင်းရာသီဆိုတဲ့နေရာမှာ အခုသူတို့က အခုနှစ်မှာ ဖေဖော်ဝါရီလမှာတစ်ခါ ၄ လကြာပြီးမှ မိုးအဝင်မှာတစ်ခါအဲ့သလိုလာတယ်။ အခုဆောင်းရောက်ပြီ ဆိုတော့ အဲ့သလိုလာတဲ့အချိန်မှာ အဓိကကတော့ ရိက္ခာဖြည့် တင်းတာပေါ့။ ရိက္ခာကတော့ အောက်လမ်းကနေလာ လုပ်လေ့ရှိတယ်။ ဒီတစ်ခါလည်း အဲ့သလိုပဲ ပွင့်လင်းရာသီအတွက် ရိက္ခာလို့ပြောတဲ့အခါ စားနပ်ရိက္ခာနဲ့ ကျည်ဆံတွေ ပါတွေ အဲ့သလိုလုပ်လာနိုင်ဖွယ်ရှိတာပေါ့။ ဒီနှစ်ထဲမှာတော့ ချင်းပြည်နယ် မြောက်ပိုင်း ဟားခါးမြို့ဘက်မှာတော့ တိုက်ပွဲက များတယ်။ ချင်းပြည်နယ်တောင်ပိုင်းက မရှိသလောက်ဖြစ်တာပေါ့ အဲ့သလိုဖြစ်နေတယ်။ ပွင့်လင်းရာသီရောက်လာပြီဆိုရင် တော့ ချင်းပြည်နယ်တောင်ပိုင်း မတူပီဗျူဟာဘက်ကိုသော်လည်ကောင်း ဟားခါးဗျူဟာဘက် မြောက်ပိုင်းဘက်ကို သော်လည်းကောင်း ရိက္ခာတွေကတော့ ၄ လတစ်ခါအဲ့သလို လုပ်လာဖွယ်ရှိတာပေါ့။ တိုက်ပွဲတွေကွက်ကြားကွက်ကြား…
ချင်းပြည်နယ် ဖလမ်းမြို့နယ် သီးဘွာလ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအတွက် တိုက်ပွဲသုံးရဟတ်ယာဉ်နှစ်စင်းဖြင့် စားနပ်ရိက္ခာနှင့် လက်နက်အကူများအား ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်က လာရောက်ဖြည့်တင်းမှုများရှိနေပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် သီးဘွာလ်တပ်စခန်းသို့ ရိက္ခာများလာရောက်ဖြည့်တင်းပြီးနောက် နံနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် တိုက်ပွဲသုံးရဟတ်ယာဉ် MI-35 ဖြင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကို လာရောက်ပစ်ခတ်ခဲ့သည်ဟု CNO/CNDF ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့နံနက်ပိုင်း ၁၁ နာရီခွဲကျော်ကျော်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ကို CNDF လက်ဖြောင့်တပ်သားများ (Snipers) မှ ချောင်းပစ်ခတ်ခဲ့ရာ စကစတပ်သား (၂) ဦး သေဆုံးသွားပြီး ကျည် (၂၀၀)ကျော် သိမ်းဆည်းနိုင်ခဲ့သည်ဟ သိရသည်။ အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်တည်ရှိသော သီးဘွာလ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရန် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက် မနက်ကစ၍ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ဒရုန်းများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့နှင့် ယနေ့ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခဲ့ကြသည်။ သီးဘွာလ်တိုက်ပွဲတွင် အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့သည် ဂျက်တိုက်လေယာဉ် (၂) စီး၊ တိုက်ပွဲသုံးရဟတ်ယာဉ် (၅) စီးဖြင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကို အပြင်းအထန် တိုက်ခိုက်မှုများပြုလုပ်လျှက်ရှိသည်။
ချင်းပြည်နယ် ဖလမ်းမြို့နယ် သီဘွာလ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား ၅ ရက်ကြာဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၃၀ ကျော်သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF က ယနေ့ထုတ်ပြန်သည်။ ဖလမ်းမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်တည်ရှိသော သီဘွာလ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရန် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်မနက်ကစ၍ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ဒရုန်းများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့နှင့် ယနေ့နိုဝင်ဘာလ ၁၉ ရက်နေ့အထိ ၅ ရက်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြသည်။ ၅ ရက်ကြာဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့သည် အထိနာသဖြင့် ၅ ရက်လုံးလုံး လေကြောင်းမှတဆင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု CNO/CNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ “စပစ်တဲ့နေ့ ၁၅ ရက် မနက် ၉ နာရီလောက်ကနေစပြီး Jet-fighter လေယာဉ်သုံးခါလာပြီးတော့ သုံးခါ ဗုံးချသွားတယ်။ အဲ့ဒီညနေမိုးချုပ်ခါနီးမှာပဲ နစ်ခေါက်ပြန်လာပြီးတော့ ဗုံးပြန်ကြဲသွားတယ်၊ အဲ့ဒီ ငါးရက်မှာ တစ်ရက်ပဲ လေကြောင်းမလာတာ ကျန်တဲ့နေ့ နေ့တိုင်းလိုလိုပဲလေကြောင်းပစ်ကူလာတယ်၊ ဒီနေ့ ၁၉ ရက်နေ့ဆိုရင် Jet-fighter နှစ်ခါလာတယ် ပြီးတော့ ရဟတ်ယာဉ်တော့ အကြိမ်ကြိမ်လာတယ်” ဟု CNO/CNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပထမနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့သည် အထိနာနေသောကြောင့် လေကြောင်းစစ်ကူများ အသုံးပြုလာခဲ့ရာ နိုဝင်ဘာလ ၁၅ ရက်နေ့ တစ်ရက်တည်းတွင် ဂျက်လေယာဉ်ဖြင့် ၄ ကြိမ်လာရောက်ကာ ဗုံးအကြိမ်ပေါင်းများစွာ ကြဲချခဲ့သည်ဟု CNO က ဆိုသည်။ စစ်ကောင်စီ၏…