Author: Editor

(04SS) စစ်ကိုင်းတိုင်း ကလေးမြို့နှင့် မကွေးတိုင်း ဂန်ဂေါမြို့သို့သွားရာ အဓိက လမ်းမကြီးအား စစ်ရေးအခြေအနေကြောင့် အများပြည်သူ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြရန် ယမန်နေ့ ဇူလိုင် ၁၈ ရက်က ပြည်သူ့ကာကွယ်ရေးတပ် PDF-Kalay က သတိပေးချက် ထုတ်ပြန်သည်။ ယခုလက်ရှိ ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ထိတွေ့ တိုက်ပွဲမရှိသော်လည်း စစ်ရေးတင်းမာနေခြင်းကြောင့် ပြည်သူများအား မလိုလားအပ်သည့် အန္တရယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု PDF-Kalay မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုသို့ ကလေး-ဂန်ဂေါ လမ်းမကြီးအား အသုံးမပြုရန် သတိပေးချက်အား မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် လုံခြုံရေးအန္တရယ် တစ်စုံတစ်ရာ ဖြစ်ပွါးပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် တာဝန်ယူခံပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိသည်။ ယခုကဲ့သို့ ဒေသကာကွယ်ရေးတပ်ဖွဲ့မှ အများပြည်သူလုံခြုံစေရန် ထုတ်ပြန်သည့် သတိပေးချက်များအား ကလေးမြို့နယ်အတွင်းရှိ ပြည်သူ ၁၀၀ တွင် ၈၀ ရာခိုင်နှုန်းက လိုက်နာဆောင်ရွက်မှု ရှိနေသည်ဟုလည်း PDF-Kalay ထံမှ သိရသည်။ ကလေး-ဂန်ဂေါ လမ်းပိုင်းအား ပြန်လည်အသုံးပြုနိုင်သည့် အခြေအနေရောက်ရှိပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြန်လည်အကြောင်းကြား ထုတ်ပြန်မည်ဟုလည်း သိရသည်။ ထို့အပြင် ယခုလက်ရှိ ကလေးမြို့နယ်အတွင်း ကလေး- တမူးလမ်း၊ ကလေး- သိုင်ငဲင်းလမ်းမကြီးများအား စစ်ရေးအခြေအနေအရပ်ရပ်ကြောင့် ဖြတ်သန်းသွားလာခွင့် ပိတ်ထားဆဲဖြစ်သည်။

Read More

(06SV) စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာမှာ ချင်းပြည်နယ်သည် လူသားချင်းစာနာမှုအကူအညီ အလိုအပ်ဆုံးနှင့် အခက်အခဲဆုံး ဒေသများထဲတွင် ပါဝင်နေသည်ဟု BNI – မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ စာတမ်းမှာ ဖော်ပြထားသည်။  လူသားချင်းစာနာမှုအကူအညီများနှင့် ပတ်သက်၍ “နိုင်ငံတကာအလှူရှင်အစိုးရများအတွက် ပုစ္ဆာ (သို့မဟုတ်) လူသားစာနာ ကူညီရေးအကျပ်အတည်းအား အဖြေရှာကြည့်ခြင်း” ဆိုသည့် သုတေသနစာတမ်းမိတ်ဆက်ပွဲကို Burma News International(BNI) – မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၂၀ ရက်မှာ အွန်လိုင်းက ပြုလုပ်ခဲ့သည်။ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ စစ်ရှောင်ပြည်သူ ၁.၅ သန်းကျော်ရှိပြီး စစ်ကိုင်းတိုင်းက စစ်ရှောင်ပြည်သူ ၆.၆သိန်းကျော်နှင့် လူသားချင်းစာနာမှုအကူအညီ အလိုအပ်ဆုံးနှင့် အခက်အခဲဆုံး ဒေသဖြစ် ကြောင်း၊ မကွေးတိုင်းက စစ်ရှောင်ပြည်သူ ၂.၃ သိန်းကျော်နှင့် ဒုတိယအခက်အခဲဆုံးနှင့် အလိုအပ်ဆုံး ဒေသဖြစ် သည်ဟု စာတမ်းမှာ ဖော်ပြထားသည်။ ထို့အပြင် ချင်း၊ ကရင်နီနှင့် ကရင်ပြည်နယ်တို့က တတိယဦးစားပေးအဖြစ် အခက်အခဲဆုံးနှင့် အလိုအပ်ဆုံး ဒေသများဖြစ်နေသည်ဟု သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ၀◌န်ကြီးဌာန ဒု၀◌န်ကြီးဒေါက်တာငိုင်းတမ်မောင်းက စစ်ကောင်စီတပ်ဖွဲ့၏ ဖြတ်လေးဖြတ်နည်းဗျူဟာကြောင့် ယခုကဲ့သို့အခြေအနေရောက်ရှိခြင်းဖြစ်သည်ဟု ယင်းစာတမ်းထဲတွင်ဖော်ြပထားသည်။ “ရွာအလိုက်ကို မီးရှို့ပစ်လိုက်တာ၊ မီးရှို့တဲ့အခါကျတော့ တစ်နှစ်စာ ရိက္ခာပါသွားတဲ့အပြင် လယ်ယာလုပ်ငန်းမှာ သုံးတဲ့ ကျွဲနွားတွေပါ ဖျက်ဆီးခံရတော့ အမှန်တကယ်ကိုမှ လိုအပ်နေတယ်။ တဖက်မှာလည်း စစ်ကောင်စီက အဲဒီဒေသ တွေကို စားနပ်ရိက္ခာ မရောက်နိုင်အောင် ဖြတ်လေးဖြတ်နဲ့…

Read More

(03PT) အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ တွင် ယမန်နေ့ နေ့လည်အချိန်ခန့်က အမျိုးသားတစ်ဦးမှာ ရိုက်နက်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။  ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက်တွင်နေထိုင်သူ အသက် ၅၅ နှစ်အရွယ်ရှိ ဦး Pau Khaw Zaam ကို Boihi ဆိုသူအမျိုးသမီးတစ်ဦးက ဦးခေါင်းတွင် ရိုက်နက်မှုကြောင့် ဒဏ်ရာအပြင်းထန်ရရှိပြီး အိန္ဒိဖက်ခြမ်းရှိ ဆေးခန်းတွင် ကုသမှုခံယူနေစဥ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “Boihi က ကားတာယာလုပ်တဲ့ သံချောင်းနှင့်ရိုက်တာ၊ ပြီးတော့ Zokhawthar က Mercy Clinic ဆေးခန်းကို ပို့ကြပြီးတော့ ဆေးခန်းရောက်ရောက်ချင်း အသက်ထွက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ Pau Khaw Zaam နှင့် Boihi တို့သည် ငွေးကြေးကိစ္စနှင့် စကားများရာမှ ယခုကဲ့သို့ လူသတ်မှုအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ယခုလက်ရှိတွင် Boihi ဆိုသူကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားပြီး ပြစ်မှုကျူးလွန်ရာ၌ ကြံရာပါများကိုလည်း ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

Read More

(06SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်း၊ ဆောမြို့နယ်အကြားတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ယနေ့တိုက်ပွဲပြင်းထန်ရာ စစ်ကောင်စီက ၅ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိကြောင်း ချင်းကာကွယ်ရေးတပ်- ကန်ပက်လက်၊ Khonu တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ယနေ့ ဇူလိုင် ၁၈ ရက် မနက် ၇ နာရီမှ ၈ နာရီအထိ ကန်ပက်လက်မြို့နယ်၊ မဆာတွီရွာနှင့် ဆောမြို့နယ်၊ ဆွဲလဲကျင်း ရွာကြားမှာ အင်အား ၃၀၀ ခန့်ရှိသော စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်ခဲ့ ခြင်းဖြစ်သည်။ “CDF က တစ်ယောက် မစိုးရိမ် ဒဏ်ရာရထားတယ်။ စကစ ဘက်က ၅/၆ ဦး အနည်းဆုံး ကျမယ်လို့ ဒုတပ်ရင်းမှူး ပြောပါတယ်။ အသေးစိတ် မသိရသေးဘူး။ တက်လာတဲ့ စကစတွေကို အသင့်စောင့်နေတဲ့ ကျနော်တို့ CDF လူငယ်တွေက စပစ်တယ်။ တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နိုင်ဖွယ် ရှိတယ်။ တိုက်ပွဲနဲ့ အနီးစပ်ဆုံး မဆာတွီရွာမှာ ရွာသား တစ်ဦးမှ မရှိကြတော့ပါဘူး”ဟု Khonu တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ တိုက်ပွဲတွင် အထိနာသော စစ်ကောင်စီသည် ယနေ့ မနက် ၁၁ နာရီခန့်တွင် တိုက်လေယာဉ် (၂) စီး အသုံးပြုကာ တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် မဆာတွီကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ပထမတစ်ကြိမ်တွင် တိုက်လေယာဉ် (၂) စီးဖြင့် တစ်ကြိမ်၊ ဒုတိယအကြိမ်တွင် လေယာဉ်…

Read More

(04SS) ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် ခိုးဆိုးလုယက်မှု သိသိသာသာတိုးလာနေပြီး မြို့ပေါ်နေပြည်သူများသည် အပြင်ထွက်ရန်ပင် အိမ်စောင့်မရှိဘဲ မထွက်ရဲသည့်အနေအထားထိ ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။ တီးတိန်မြို့က လူငယ်ခေါင်းဆောင်တစ်ဦးက “အခုက တီးတိန်မြို့ထဲမှာ မူးယစ်ဆေးသုံးစွဲသူများလာတယ်၊ အဲလိုလူတွေက အလုပ်လုပ်ဖို့ထက် သူတို့မူးယစ် ဆေးဝယ်နိုင်ဖို့ ခိုးလာကြတယ်၊ အဲလိုနဲ့ ခိုးရာပါပစ္စည်း လက်ခံတဲ့သူလဲရှိတယ်ပေါ့။ ဒါကြောင့်လဲ အခုဆို ခိုးလို့ရ တာမှန်သမျှခိုးကြတယ်၊ အထူးသဖြင့် ဆိုင်ကယ် ပျောက်တာတွေများလာတယ်ပေါ့နော်။ ဒေသခံတွေက အပြင် သွားမယ်ဆို အရင်လို အိမ်သော့ခတ်လိုက်ရုံနဲ့ မသွားရဲကြတော့ဘူး၊ အများအားဖြင့် တနင်္ဂနွေနေ့ ဘုရား ကျောင်း တက်ရင် အိမ်စောင့် တစ်ယောက်လောက်ရှိမှ သွားရဲတော့တဲ့အခြေအနေပေါ့” ဟု တီးတိန်မြို့က လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်ကြာလာသည်နှင့်အမျှ အဘက်ဘက်မှ ကျဆင်းလာသည့် စီးပွါးရေး၊ လူမှုရေး၊ ကုန်စျေးနှုန်းမြင့်တက်နေမှုနှင့် အလုပ်ရှားပါးမှုများ ကြုံတွေ့နေကြရသည့်အပြင် မူးယစ်ဆေးသုံးစွဲမှု များလာသလို အဖွဲ့လိုက် ခိုးဆိုးလုယက်မှု များပြားလာခြင်းဖြစ်သည်ဟု ဆိုသည်။ လွန်ခဲ့သည့် မတ်လမှစတင်ကာ တီးတိန်မြို့အတွင်း ပျောက်ဆုံးခဲ့သည့် ဆိုင်ကယ် ၁၄ စီးအား တီးတိန်မြို့ပေါ် စကောလမ်းရပ်ကွက်နေ ခိုးရာပစ္စည်းလက်ခံသူထံမှ လူငယ်အဖွဲ့က ပြန်လည်သိမ်းသူနိုင်ခဲ့ပြီး ဆိုင်ကယ်များအား ပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။ တီးတိန်းမြို့ပေါ်၊ စကောလမ်းရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ် ခိုးရာပါဆိုင်ကယ်များ လက်ခံပေးနေသူအား တီးတိန်မြို့လူငယ်များက မေလအတွင်း ဒုတိယအကြိမ် သတိပေးခဲ့ပြီးနောက် ယခုရက်ပိုင်းတွင် ၎င်းသည် သူ့သမက်နှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု ဆိုသည်။ လွန်ခဲ့သည့်တစ်ပါတ်အတွင်း…

Read More

(05MK) အိမ်နီးချင်းနိုင်ငံသို့ရောက်ရှိနေကြသော ချင်းလူမျိုးများအဖြင့် မိမိတို့နေထိုင်ရာနိုင်ငံအတွက် အနှောက်အယှက်ဖြစ်စေမည့် မူးယစ်ဆေး၀◌ါးနှင့် တရားမ၀င်လုပ်ငန်းများတွင် ပါ၀င်ပတ်သက်ခြင်းမပြုကြရန် ချင်းအမျိုးသားတပ်ဦး CNF က တိုက် တွန်းသည်။ ချင်းအမျိုသားတပ်ဦး CNF က အိမ်နီးချင်းနိုင်ငံများနှင့်ပတ်သက်သော သဘောထား ပေါ်လစီကို ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ရာတွင် ချင်းပြည်သူများအပေါ် ထိုကဲ့သို့ တိုက်တွန်းဖော်ြပခဲ့ခြင်းဖြစ်သည်။ ချင်းပြည်သူများအနေဖြင့် မိမိတို့ရောက်ရှိနေကြသော နိုင်ငံ၏ နိုင်ငံရေးဆိုင်ရာများတွင် ပါ၀င်စွပ်ဖက်ခြင်းမပြုကြရန်၊ တရားမ၀င်သောနည်းလမ်းဖြင့် နိုင်ငံသားအသိမှတ်ပြုကဒ်များ ရယူခြင်များကိုလည်း မပြုလုပ်ကြရန် ချင်းအမျိုးသား တပ်ဦးကဆိုသည်။ ထို့အပြင် တရားဉပဒစိုးမိုးရေးကို ထိခိုက်စေနိုင်သော လုပ်ငန်းများတွင်ပါ၀င်ပတ်သက်ခြင်းမပြုရန် အထူးသဖြင့် မူးယစ်ဆေး၀◌ါးရောင်း‌၀ယ်ဖောက်ကားမှုလုပ်ငန်းများတွင် ပါ၀င်ပတ်သက်ဆက်နွယ်သူများအား လုံး၀သည်းခံ မည်မဟုတ်ကြောင်း CNF က အသိပေးထားသည်။ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေကြောင့် အိမ်နီးချင်းနိုင်ငံတွင် နေရပ်စွန်ခွါကြသော ချင်းလူမျိုးများ လုံခြုံစိတ်ချစွာခိုလှုံ နေထိုင်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်‌ဆောက်နိုင်ရန် ကြိုးစားအားထုတ် လျှက်ရှိရာမှာ ချင်းလူမျိုးများကို တန်ပြန်ထိခိုက်စေမည့် တရားမ၀င်‌သော လုပ်ငန်းလုပ်ကိုင်သူများကို လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဟုလည်း CNF ၏ ထုတ်ပြန်ချက်တွင်ဖော်ြပထားသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း ချင်းလူမျိုး ၄ သောင်းကျော်ခန့်သည် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည် နယ်တွင် ထွက်ပြေးခိုလုံခဲ့ကြရသည်။ မီဇိုရမ်ပြည်နယ်ကအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်း YMA က မြန်မာစစ်ဘေး ရှောင်များအား လေ့လာမှုတစ်ခုတွင် စစ်ဘေးရှောင်တချို့တွင် အိန္ဒိယနိုင်ငံသားအသိမှတ်ပြုကဒ်(Adhar card) များ တရားမ၀◌င်နည်းလမ်းဖြင့် ပိုင်ဆိုင် မှုရှိသည်ကို တွေ့ရှိခဲ့ကြသည်ဟုဆိုသည်။ ထို့အပြင် မိဇိုရမ်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံဖက်က တင်သွင်းလာသော…

Read More

(04SS) ချင်းပြည်နယ် ဟားခါး-ထန်တလန်အကြား သီးမြစ်လွင်ပြင်အနီးတွင် ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖက်က ရဲဘော် ၃ ဦးကျဆုံးခဲ့သည်ဟု သိရသည်။ ယနေ့ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်း ၄ နာရီဝန်းကျင်ခန့်ကစ၍ သီးမြစ်လွင်ပြင်နှင့် ဗန်ခမ်းတောင်ကြားတွင် အင်အား ၁၅၀ ၀န်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဖက်က လက်နက်ကြီးများ အလွန်အကျွံအသုံးပြု ပစ်ခတ်နေသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ နှင့် နီးစပ်သောသတင်းရင်းမြစ်ကဆိုသည်။ အဆိုပါတိုက်ပွဲတွင် CDF-Thantlang တပ်ဖွဲ့မှ ရဲဘော် Salai Zoram Thang, Salai Cung Lian Uk နှင့် ချင်းအမျိုးသားတပ်မတော် CNA က ရဲဘော် Salai Bawi Hu Thawng တို့ကျဆုံးခဲ့ပြီး နောက်ထပ်ရဲဘော် ၇ ဉီး ခန့်လည်း ထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဖက်ကလည်း အနည်းဆုံး ၁၀ ဉီးခန့်ကျဆုံးမှုရှိသည်ဟုသိရသော်လည်း သီးခြားအတည်ပြုနိုင် ခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်ဖွဲ့သည် ထန်တလန်မြို့နယ်အား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လွန်ခဲ့သည့် မေလကုန်ပိုင်းကတည်းက စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းဖြစ်ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်အနီးတ၀◌ိုက်တွင် ယနေ့ချိန်ထိတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

Read More

(06SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာနေသော စစ်ကောင်စီ စစ်ကြောင်းကြောင့် ချင်း-မကွေး နယ်စပ် ကျေးရွာများမှ ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရပြီး အရေးပေါ် စားနပ် ရိက္ခာနှင့် အမိုးအကာတွေ လိုအပ်နေသည်။ “ခုကတော့ စစ်ကြောင်းက ရှိနေတုန်းဆိုတော့ သူတို့တွေလည်း ပြေးနေကြရတယ်။ တောတောင်တွေထဲမှာ နေကြရ တယ်။ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေကြရတော့ အခုလောလောဆယ် အသက်ရှင် ရပ်တည်ရေးအတွက် စားဝတ်နေရေးက အရေးကြီးတယ်လို့ ပြောရမယ်။ မိုးတွင်းရာသီမှာ မီးရှို့ခံထားရတဲ့ ရင်းကဲ ပြည်သူတွေအတွက်က အမိုးအကာလည်းလိုအပ်နေတယ်” ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။ လောင်းရှည်အနီးက ရွာလုံးကျွတ်နီးပါး မီးရှို့ခံထားရသည့် ရင်းကဲ ကျေးရွာအပါအဝင် အနီးအနားကျေးရွာများ၊ ဆောမြို့အနီးက အညာကတဲ၊ ကချောင်း၊ မင်းနယ် စသော အနီးအနားက ကျေးရွာများ၊ စုစုပေါင်း ၁၅ ရွာခန့်က ဒေသခံ တစ်ထောင်ကျော်သည် စစ်ဘေးရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီနေသူများက ပြောသည်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်းဒွေးလမ်းမကြီးတလျှောက်ရှိ မဆာတွီ၊ မောချောင်း၊ လှိုင်ဒုတ်ရွာဟောင်း၊ လှိုင်ဒုတ်ရွာသစ် စသော ကျေးရွာများမှ ဒေသခံ စစ်ဘေးရှောင် (၁၀၀၀) ခန့်လည်း စစ်ရှောင်နေကြရသည်ဟု သိရ သည်။ ချင်း – မကွေးနယ်စပ်အနီးက စစ်ကောင်စီ စစ်ကြောင်းအခြေအနေသည် လနှင့်ချီ ကြာမြှင့်နိုင်သောကြောင့် ဒေသခံပြည်သူများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များအတွက် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေသည်ဟု စစ်ရှောင်ကူညီသူများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ “ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအတွက်က အဓိက ဓါတ်ဆီ၊ မိုးကာ…

Read More

(03PT) ကလေးမြို့နယ်တွင် ည ၈ နာရီမှ မနက် ၄ နာရီအကြား ကားနှင့် ဆိုင်ကယ်တို့ဖြင့် အသွားလာမပြုလုပ်ကြရန် ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော CNO/CNDF Upper Chindwin Region က ဇူလိုင် ၁၅ ရက်နေ့မှာ အသိပေး ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ညအချိန်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေတာကြောင့် အရပ်သားပြည်သူသေဆုံးမှုတိုးလာကာ လူနေအိမ်များလည်းထိခိုက်ပျက်စီးမှု များပြားလာခြင်းကြောင့် ပြည်သူများ၏ လုံခြုံရေးအတွက် ညတွင်း အသွားလာ မပြုလုပ်ကြရန် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း CNO/CNDF -Upper Chindwin Region က ဆိုသည်။ “ည ၈ နာရီကျော်ရင် မြောက်ပိုင်းရော၊ တောင်ပိုင်းရော တောင်ပေါ်ကနေ ဆင်းလာတဲ့ကားတွေ မြို့ထဲဝင်လာတဲ့အခါမှာ စကစဖက်ကနေ အမြောက်ကြီးနဲ့ထုတဲ့အခါကျတော့ လိုင်းဆွဲတဲ့ကားတွေရော၊ ကျွန်တော်တို့ မြို့တွင်းကားတွေရော အဲ့လိုမျိုး အသွားလာ နည်းနည်း ဆင်ခြင်ကြဖို့ထုတ်ပြန်လိုက်တာပါ” ဟု CNO/CNDF -Upper Chindwin Region တာဝန်ရှိသူကဆိုသည်။ ညမထွက်ရန်အမိန့်ကို ဇူလိုင် ၁၅ ရက်နေ့မှ စတင်ကာ သြဂုတ်လ ၃၁ ရက်နေ့အထိဖြစ်ပြီး ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်အတိုင်းလိုက်နာကြရန် CNO/CNDF-Upper Chindwind Region က တောင်းဆိုထားသည်။ လွန်ခဲ့သည် ဇူလိုင်လ ၆ ရက်နေ့က စစ်ကောင်စီ၏လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တာဟန်ရပ်ကွက်က အမျိုးသမီးတစ်ဦး‌ သေဆုံးပြီး ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရှိသည့်အပြင် ဇူလိုင် ၁၄ ရက်ကလည်း စီးစံကျေးရွာက လင်မယား နှစ်ဦး…

Read More

ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ဥက္ကဋ္ဌ Steven နဲ့ အမေးအဖြေ ချင်းပြည်နယ်တွင် CDM ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့သည် တရားဉပဒေ စိုးမိုးရေးအတွက် စတင်ဆောင်ရွက်နေပြီဟု သိရသည်။ ချင်းပြည်နယ်ပြည်သူ့ ရဲတပ်ဖွဲ့ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာကြသော CDM ရဲတပ်ဖွဲ့များက စတင်ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၏ လက်ရှိအနေအထား၊ အမှုကိုင်တွယ် ဖြေရှင်းမှု၊ တရားဉပဒေ စိုးမိုးရေး စသည့် ကိစ္စနှင့် ပတ်သက်ပြီး ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ဥက္ကဋ္ဌ Steven ကို ဆက်သွယ်မေးမြန်းထားပါသည်။ မေး။ ။ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့အကြောင်း မမေးခင်မှာ အရင်ဆုံး စစ်အာဏာမသိမ်းခင်တုန်းက တာဝန်ထမ်းဆောင်ခဲ့တာတွေကို ပြောပြပေးလို့ရပါလား။ ဖြေ။ ။ ကျွန်တော်အရင်တုန်းက ဒီ CDM မဝင်ခင်တုန်းကပေါ့နော်၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်းမှာ အရာရှိ နည်းပြဆရာ တစ်ယောက်အဖြစ် ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အရာရှိတွေကို မွေးထုတ်တဲ့ကျောင်း ပေါ့နော်။ အဲ့ဒီ ရဲအရာရှိ လေ့ကျင့်ရေးကျောင်းကနေ CDM ဝင်လာတာ ဖြစ်တယ်။ အဲဒီမတိုင်ခင်က ကျွန်တော် နိုင်ငံတကာဆက်ဆံရေး အရာရှိသော်လည်းကောင်း၊ Air Marshal အဖြစ် သော်လည်းကောင်း ကျရာတာဝန် အမျိုးမျိုးမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ထမ်းဆောင်တာဖြစ်ပါတယ်။ ဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့မှာဆိုရင် ဌာနပိုင်းဆိုင်ရာ အမျိုးမျိုး ရှိပါတယ်။ အဲ့ဒီ ဌာနအမျိုးမျိုးထဲမှာမှ နိုင်ငံတကာဆက်ဆံရေးတို့၊ အဲဒီမှာလိုအပ်ချက်အရ တွဲဘက်ဆက်ဆံရေး အရာရှိအဖြင့် တာဝန်ထမ်းဆောင်တာ ဖြစ်တယ်။…

Read More