Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ စိတ်ကြွဆေးပြားအလုံး တစ်သိန်း ဖမ်းမိ

မီဇိုရမ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ စိတ်ကြွဆေးပြားအလုံး တစ်သိန်း ဖမ်းမိ

0
By Editor on September 21, 2023 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါထာရ်ကျေးရွာတွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ စိတ်ကြွဆေးပြား (Methamphetamine) အလုံး တစ်သိန်းကို အာသံရိုင်ဖယ်တပ်ဖွဲ့က ယနေ့ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ ချင်းပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ် Khawmawi ကျေးရွာက အသက် ၂၃ နှစ်အရွယ် Manghup ဖြစ်ပြီး အာသံရိုင်ဖယ်တပ်ဖွဲ့က သတင်းရရှိထားချက်အရ စစ်ဆေးရာတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်ဘက်က သတင်းစာက ဆိုသည်။ 

၎င်းကို ဇိုခေါထာရ်ကျေးရွာရဲစခန်းသို့ အရေးယူဆောင်ရွက်ရန် အပ်နှံခဲ့ကြသည်ဟုဆိုသည်။

ယခုဖမ်းဆီးရမိသည့် မူးယစ်ဆေး၀◌ါး၏ ကာလပေါက်စေ◌ျးမှာ ရူပီးသိန်း ၃၀၀ ခန့်ရှိသည်ဟု သိရသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် ချင်းပြည်နယ် Khawmawi ကျေးရွာ သား Lalthangvunga ထံမှာ ဆပ်ပြာခွက်ဖြင့်ထည့်ထားသော ဘိန်းဖြူ ၃၁ ခွက် (၄၁၀ ဂရမ်) ကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ 

ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယတွင် အိန္ဒိယ-မြန်မာနယ်စပ်ကတဆင့် ၀င်ရောက်လာသော ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားဖမ်းဆီးမှုမြင့်တက်လာနေကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.