Author: Editor

ချင်းပြည်နယ် မြို့နယ်တချို့တွင် စစ်ကောင်စီက အခြေခံစားကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုသည် ပြည်သူလူထုအပေါ်အမှန်တကယ် စိတ်စေတနာထား၍မဟုတ်ဘဲ ဟန်ပြသဘောသာဖြစ်သည်ဟု ဝေဖန်ခံနေရသည်။ စက်တင်ဘာလ ၁၄ ရက်နေ့က တီးတိန်မြို့ စကောလ်လမ်းရပ်ကွက် ကမ်းဟောက်ခန်းမတွင် စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံမှ အခြေခံစားသောက်ကုန်များအား ပြင်ပဈေးနှုန်းထက် ၂၀% လျှော့ချပြီး ရောင်းချပေးခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ တီးတိန်မြို့ဒေသခံတစ်ဦးက “ဒါကတော့ ဟန်ပြလို့ပဲမြင်တယ်၊ ငါတို့က ပြည်သူတွေကို ဂရု စိုက်တယ်ဆိုပြီး ပြချင်တာလို့ ကျွန်တော့အနေနှင့် အဲလိုပဲမြင်မိတယ်” ဟု ပြောသည်။ စစ်ကောင်စီက ရောင်းချပေးနေသည့် ကုန်ပစ္စည်းများမှာ ဆန်၊ ဆီ၊ ကုလားပဲ၊ အသား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်တို့ဖြစ်ကြသည်။ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် အဖက်ဖက်က အခက်အခဲဖြစ်နေကြသော ပြည်သူများအနေဖြင့် သွားရောက်ဝယ်ကြသည်ဟု သိရသည်။ “ပြည်သူတွေကတော့ အခုတလော ငွေရေးကြေးရေးအခက်အခဲတွေဖြစ်တော့ ဈေးနှုန်းချိုတဲ့ဟာကို ဘယ်နေရာဖြစ်ဖြစ် ဝယ်ကြတဲ့သဘောလို့ပဲ မြင်ပါတယ်” ဟု တီးတိန်ဒေသခံက ပြောသည်။ စက်တင်ဘာလဆန်းပိုင်းက၍ စစ်ကောင်စီအနေနှင့် ချင်းပြည်နယ်တွင် ယခုကဲ့သို့ အခြေခံစားသုံးကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချမှုစတင်ခဲ့ခြင်းဖြစ်ပြီး ဟားခါးမြို့နှင့် ဖလမ်းမြို့တွင်လည်း ပြုလုပ်ခဲ့ကြပြီဖြစ်ကာ အခြားမြို့နယ်များသို့လည်း ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။

Read More

မီဇိုရမ်ပြည်နယ်တွင် ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအတွက် ယုံကြည်စိတ်ချရပြီး ကောင်းမွန်သော လုံခြုံရေးနှင့် ပြန်လည်နေရာချထားရေးအစီစဉ်များ စနစ်တကျ ဆောင်ရွက်ထားခြင်းမရှိပါက မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် စစ်ဘေးရှောင်များကို ပြန်လည်မပို့ဆောင်နိုင်ကြောင်း အိန္ဒိယဗဟိုအစိုးရကို ပြောဆိုလိုက်သည်။ နယူးဒေလီမြို့ကိုရောက်ရှိသော မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ State Planning Board ဒုတိယဥက္ကဌ Pu H. Rammawi သည် စက်တင်ဘာလ ၁၃ ရက်က အိန္ဒိယ နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ တွဲဖက်အတွင်းရေးမှူး Smita Pant နှင့် တွေ့ဆုံကာ စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ မီဇိုရမ်၏ သဘောထားကို တင်ပြပြောဆိုခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ် နေ့စဉ်ထုတ် The Aizawl Post သတင်းစာတွင် ဖော်ပြသည်။ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း စစ်ဘေးရှောင်ပြည်သူများ အထူးသဖြင့် ချင်းပြည်နယ်နှင့် ကလေးမြို့နယ်ကပြည်သူများ အများဆုံး ဝင်ရောက်ခိုလုံကြသည့် ပြည်နယ်ဖြစ်သည်။ မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် နေရာချထားရေးအတွက် အိန္ဒိယနှင့် စစ်ကောင်စီတို့ လျှို့ဝှက်ဆွေးနွေးခဲ့ကြသော ကြေးနန်းစာတစောင် ပြီးခဲ့သည့် သြဂုတ်လအတွင်း ပေါက်ကြားလာခဲ့သည်။ ယင်းလျှိူ့ဝှက်စာတွင် နှစ်နိုင်ငံကြားနယ်စပ်ဒေသရှိ နေရပ်စွန်ခွါသူများအား နေရပ်ပြန်ပို့ဆောင်ရေးနှင့် ပြန်လည်နေရာချထားရေးတို့အတွက် တာဝန်ရှိအဖွဲ့အစည်းများမှ လုပ်ငန်းအဆင်ပြေချောမွေ့စေရေး သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးတို့အပါအဝင် အခြားလိုအပ်သည်များ ကူညီဆောင်ရွက်ရန်၊ နှစ်နိုင်ငံ ဗဟိုအစိုးရအဆင့်တာဝန်ရှိသူများ ဆက်လက်ညှိနှိုင်းဆောင်ရွက်ခွင့်ပြုနိုင်ရန် မြန်မာဘက်က တာဝန်ခံ၊ ဦးဆောင်ဝန်ကြီးဌာနအား သတ်မှတ်ပေးရန် စသည်တို့ ပါဝင်ခဲ့သည်။ ယင်းကဲ့သို့အခြေအနေများတွင် စစ်ဘေးရှောင် နေရပ်ပြန်ပို့ရေးကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်အစိုးရက သူ၏ သဘောထားရပ်တည်ချက်ကို အိန္ဒိယဗဟိုအစိုးရထံ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

Read More

ချင်းပြည်နယ် ပလက်ဝမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာသော ချင်းအမျိုးသမီးတစ်ဦး ကုလားတန်မြစ်ထဲခုန်ချ၍ ကိုယ့်ကိုကိုယ် အဆုံးစီရင်သည့်ဖြစ်ရပ်တစ်ခု စက်တင်ဘာလပထမပတ်က ဖြစ်ပွားခဲ့သည်ဟု သိရသည်။ အဆိုပါ သေဆုံးသည်အမျိုးသမီးမှာ အသက် (၄၆) နှစ်အရွယ် ဒေါ်မလှဖြစ်ပြီး ပလက်ဝမြို့မှ ၃ မိုင်ကျော်ကျော်ခန့်ဝေး သော အာဘောင်သားကျေးရွာတွင်နေထိုင်သူဟုသိရသည်။ ပြီးခဲ့သည့်သြဂုတ်လကုန်ပိုင်းက အာဘောင်သားကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (အေအေ) နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာပြီး ဆိုင်ကလုံးစင်တာတွင် နေထိုင်သူတစ်ဦးဖြစ်သည်။ သူမသည် စက်တင်ဘာလ ၆ ရက်နေ့ညက ၎င်းတို့နေထိုင်သော ဆိုင်ကလုန်းစင်တာမှ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခဲ့ရာမှ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကျောက်တော်မြို့အနီး သင်္ဘောဆိပ်တွင် သူမ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်ဟု ဆိုင်ကလုန်းစင်တာကို ရောက်ရှိနေသော အာဘောင်းသားဒေသခံတစ်ဦးက ပြောသည်။ “လူတွေက အကုန်လုံး အိပ်ပျော်ကြတဲ့အချိန် သူက အပြင်ထွက်တော့ အဲ့အချိန်ကနေ ပျောက်သွားတာလေ။ သူ့မှာ အခက်အခဲတော့ရှိမှာ သူကသားတစ်ယောက်ရှိတယ် မကြာခင်ကမှ ဆုံးသွားတာ၊ ခင်ပွန်းကလည်း ကွာထားတယ် ဘယ်သွားမယ်မှန်းလည်း မသိဘူး။ မောင်နှမလည်းမရှိဘူး” ဟု ၎င်းကပြောသည်။ ဒေါ်မလှသည် ထိုကဲ့သို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည့်အပြင် စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့်အခြေအနေတွင် စိတ်ဓာတ်ကျပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခြင်းဖြစ်နိုင်သည်ဟု ၎င်းကဆက်ပြောသည်။ သူမ၏ အလောင်းကို ရခိုင်ပြည်နယ် ကျောက်တော်မြို့ ခရစ်ယာန်အသင်းတော်များမိတ်သဟာယအဖွဲ့မှ မြေမြုပ်သဂြိုလ် ပေးခဲ့ကြသည်ဟု သိရသည်။ အဘောင်သားကျေးရွာသည် ပလက်ဝမြို့နှင့် ၃ မိုင်ကျော်ကျော်ခန့်သာကွာဝေးပြီး အိမ်ခြေ ၁၂၀ ကျော် လူဦးရေ ၅၀၀ ကျော်ခန့်ရှိပြီး ရက္ခိုင့်တပ်တော်…

Read More

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေသော မီဇိုရမ်ပြည်နယ်အစိုးရ ပညာရေးဝန်ကြီး ပူးလာလ်းချန့်ဒမ်မာရာလ်သဲသည် အမေရိကန်ပြည်ထောင်စု Washington DC, State department ကတာဝန်ရှိသူများနှင့် စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ဆုံပြီး မီဇိုရမ်ပြည်နယ်အတွင်း ခိုလုံနေကြသော မြန်မာနိုင်ငံကစစ်ဘေးရှောင်ပြည်သူများအခြေအနေကို တင်ပြဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အဆိုပါတွေ့ဆုံမှုတွင် ပညာရေးဝန်ကြီးက မီဇိုရမ်အစိုးရ၊ ဘာသာရေးအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်လာကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများအား လက်ခံကြည့်ရှုစောင့်ရှောက်မှုအခြေနေ၊ အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေ ကလေးသူငယ်များအခွင့်အရေးပြဒါန်းချက်အရ စစ်ဘေးရှောင်ကလေးငယ်များအား ကျောင်းပညာ သင်ကြားပေးသည့်အခြေအနေ၊ ကျောင်းသုံးစာအုပ်များနှင့် နေ့လည်စာများလည်း အခမဲ့ကျေးမွေးလျှက်ရှိသည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်ဟု မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုလက်ရှိတွင် စစ်ဘေးရှောင်ကလေးငယ် များလာသည်နှင့်အမျှ လိုအပ်ချက်များလည်း မြင့်မားလာသည့်အတွက် ကူညီဖြေရှင်းဆောင်ရွက်နိုင်မည့်နည်းလမ်း မလုံလောက်မှုကြောင့် အခက်အခဲကြုံနေရသည့်ကိစ္စကိုလည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က အိန္ဒိယဗဟိုအစိုးရထံ တင်ပြတောင်းဆိုထားကြောင်း ပညာရေးဝန်ကြီးက ဆိုသည်။ အမေရိကန်ပြည်ထောင်စု အစိုးရတာဝန်ရှိသူများကလည်း မြန်မာစစ်ဘေးရှောင်များအား လက်ခံကြိုဆိုစောင့်ရှောင့်မှုအပေါ် မီဇိုရမ်အစိုးရ၊ ဘာသာရေးအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းနှင့် မီဇိုရမ်ပြည်သူလူထုအပေါ် ဝမ်းသာကြောင်း၊ စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ အမေရိကန်အနေနှင့် မီဇိုရမ်အစိုးရ၊ အိန္ဒိယအစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။

Read More

မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်လာကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရာတွင် အသုံးပြုခဲ့သော ငွေကြေးပမာဏာမှာ ရူပီးငွေ သိန်း ၃၈၀ ရှိပြီဟု မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီး Pu Lalchamliana ကပြောသည်။ စက်တင်ဘာလ ၆ ရက်မှ ၈ ရက်နေ့အထိ ကျင်းပပြလုပ်သော မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် မြန်မာစစ်ဘေးရှောင်အခြေအနေနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီးက ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာနိုင်ငံက စစ်ဘေးရှောင်ဦးရေမှာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့အထိ အစိုးရစာရင်းမှတ်တမ်းအရ လူဦးရေ ၂၉၂၅၃ ဦးရှိပြီး ၎င်းတို့အတွက် အစိုးရအနေဖြင့် သိန်း ၃၈၀ (ကျပ်ငွေ သိန်းတစ်သောင်းသုံးထောင်ခန့်) အသုံးပြုခဲ့ပြီဟု ပြည်ထဲရေးဝန်ကြီးက ပြောဆိုသည်။ စစ်ဘေးရှောင်များအတွက် အဓိကအသုံးပြုခဲ့သောအရာများမှာ လျှပ်စစ်မီးဖြန့်ဝေရေး၊ ရေဖြန့်ဝေရေး၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်များ၊ ဆေးဝါးနှင့် ကုသမှုဆိုင်ရာပစ္စည်းများ၊ စားနပ်ရိက္ခာနှင့် စစ်ဘေးရှောင်များအနက် လွှတ်တော်အမတ်များ ကူညီထောက်ပံ့ရေးတို့တွင် အဓိကအသုံးပြုခဲ့ကြသည်ဟု ဝန်ကြီးကဆိုသည်။ မြန်မာနိုင်ငံက စစ်ဘေးရှောင်အများစုမှာ မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီးရှိ စစ်ဘေးရှောင်စခန်း (Refugee Camp) မှာ နေရာချထားကြပြီး တချိူ့မှာလည်း ၎င်းတို့၏ ဆွေမျိုးများထံ နေထိုင်ကြသကဲ့သို့ အချိူ့မှာလည်း ရပ်ကွက်၊ ကျေးရွာအတွင်း အိမ်ငှါး၍ နေထိုင်ကြသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်အစိုးရ Hight Level Committee on Myanmar Refugees ၏…

Read More

မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ ယမန်နေ့ည (စက်တင်ဘာလ ၁၀ ရက်) ၈ နာရီခန့်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်သောကြောင့် မင်းတပ်မြို့မြောက်ဘက်ခြမ်း တိုက်နယ် ၂ က ခွီးရိန်ကျေးရွာထဲနှင့် ဘုန်းကြီးကျောင်းဝန်းကျင်တွင် ကျရောက်ပေါက်ကွဲပြီး နေအိမ်အချိူ့နှင့် သိမ်ကျောင်း လက်နက်ကြီးအစများ ထိမှန်ပျက်စီးခဲ့သည်ဟု သိရသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုတော့မရှိကြောင်းသိရသည်။ ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့နယ်တွင် စစ်ရေးအခြေအနေတင်းမာလျှက်ရှိပြီး စက်တင်ဘာ ၉ ရက်နေ့ ကလည်း မယ်လကုန်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် CDF-Mindat တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့သည်။ ယနေ့တွင် မင်းတပ်မြို့နယ်တချိူ့နှင့် မင်းတပ်မြို့အစပ် မကွေးတိုင်း ကျောက်ထုမြို့နယ်တို့တွင် ဖုန်းလိုင်း အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ဟုလည်း သိရသည်။ Photos Crd- Hkl

Read More

ကလေးမြို့မြောက်ဘက် နတ်ပျဉ်းအုပ်စုထဲက ကျေးရွာ ၆ ရွာကို ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ကစလို့ စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်လိုက်တယ်လို့သိရပါတယ်။ ကလေးမြို့နယ် နတ်ကြီးကုန်းနှင့် ပျဉ်းခုံလေး (နတ်ပျဉ်း) အုပ်စုထဲက နတ်ကြီးကုန်း (Tuivar)၊ ပျဉ်းခုံလေး၊ မင်းလှ၊ စံပြ၊ ရွာလှ (Khawmawi) နှင့် နန်းဇလုံ စတဲ့ကျေးရွာ ၆ ရွာကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။ ခုလို လျှပ်စစ်မီး ရုတ်တရက်ဖြတ်တောက်ခံရတဲ့အကြောင်းရင်းကို တိတိကျကျမသိရပေမယ့် လျှပ်စစ်မီတာကြေး အခွန်မဆောင်တာကြောင့်ဖြစ်နိုင်တယ်လို့ နတ်ကြီးကုန်းကျေးရွာသားတစ်ဦးက ပြောပါတယ်။ “လွန်ခဲ့တဲ့ ၃ လလောက်က လျှပ်စစ်ဌာနက ခေါ်ပြီး လျှပ်စစ်မီတာကြေးအခွန်ဆောင်ကြဖို့ ပြောတယ် တကယ်လို့အခွန် မဆောင်ရင်တော့ လျှပ်စစ်မီးဖြတ်တောက်ခံရ နိုင်တယ်ဆိုပြီး ပြောတယ်၊ ကျနော်တို့ရွာသားတွေကလည်း ဘယ်လိုဘယ်လို ဆောင်ရမလဲဆိုတာမသိတော့ ရွာကိုလာပြီး လျှပ်စစ်မီးတာကြေးတွေလာကောက်ကျဖို့ လျှပ်စစ်ဌာနကလူတွေကို ကျနော်တို့ ကပြန်ပြောတယ် ဒါပေမယ့် သူတို့ကလည်းမလာဘူး ကျနော်တို့ဘက်ကလည်း သွားမဆောင်တော့ ခုလိုလျှပ်စစ်မီးဖြတ် တောက်သွားတာဖြစ်မယ်လို့ယူဆရပါတယ်” လို့ နတ်ကြီးကုန်းရွာသားတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ လျှပ်စစ်ဌာနက တာဝန်ရှိသူတွေဟာ သူတို့ကျေးရွာအတွင်းက လျှပ်စစ်မီး ဖျူးကြိုး (Fuse) တွေကိုလည်း အားလုံးလာဖြုတ်လိုက်ကြတယ်လို့ သူကဆက်ပြောပါတယ်။ စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်လိုက်တာကြောင့် ကျေးရွာနေပြည်သူတွေဟာ အတော်လေးအခက်ကြုံနေရပြီး ထမင်း၊ ဟင်းချက်ဖို့ ထင်းနဲ့မီးသွေးတွေကို ပြန်လည်အသုံးပြုနေရသလို ညမှာလည်း အလင်းရရှိဖို့ ကိုယ်ထူကိုယ်ထနဲ့ ဆိုလာမီးတွေကို ပြန်လည်အသုံးပြုလာရတယ်လို့ သူကဆိုပါတယ်။ ယခုရက်ပိုင်းအတွင်း မိုးအုံ့၊ မိုးရွာပြီး နေသိပ်မထွက်တာကြောင့် ဆိုလာလည်း ဘက်ထရီအားမဝင်နိုင်တဲ့အတွက် ညမှာ မီးလင်းဖို့ကိုတောင် အဆင်မပြေကြဘူးလို့…

Read More

ချင်းပြည်နယ် မင်းတပ်မြို့နယ် မယ်လကုန်းရွာအနီးတွင် CDF-Mindat နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ယနေ့မနက် ၁၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိနိုင်ကြောင်း CDF-Mindat က ထုတ်ပြန်သည်။ တိုက်ပွဲဖြစ်ပွားသည့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ကျောက်ထုအမြောက်တပ်မှ လက်နက်ကြီးဖြင့် ၄ ကြိမ်ခန့် ပစ်ကူခဲ့သည်ဟု သိရသည်။

Read More

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ယနေ့နံနက်ပိုင်းက ကင်းလှည့်နေသောစစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့နံနက်ပိုင်း ၇ နာရီခွဲခန့်က ကလေးမြို့ကြို့သုံးပင်ရပ်ကွက် ဗိုလ်ချုပ်လမ်းအတိုင်း ကင်းလှည့်သွားလာနေသော စစ်ကောင်စီတပ်ဖွဲ့ကား ၂ စီးကို PDF (Kalay) ၏ မြို့ပြပျောက်ကျားစစ်ဆင်ရေးတပ်ဖွဲ့က ဆင်ရွာလမ်းခွဲအနီးတွင် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ မိုင်းဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် အနီးနားပတ်ဝန်းကျင်ကို မိနစ် ၃၀ ခန့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ဆယ်ကျော်သက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၂ ဦး ဒါဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ဒါဏ်ရာရရှိသူတစ်ဦးဖြစ်သည့် အသက် ၁၈ နှစ်အရွယ် မောင်တွောလ်ဆွမ်းပေါင်သည် သင်တန်းတက်ရန်သွားနေစဉ် ခြေထောက်တစ်ဘက်တွင် ကျည်ထိမှန်ခဲ့ပြီး အသက်အန္ဓာရယ်မစိုးရိမ်ရကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သင်တန်းတက်ဖို သွားနေတာ သူ့ခြေသလုံးမှာ သေနတ်မှန်ထားတယ်၊ ဒါတောင် ကလေးက သူငယ်ချင်းတွေစတယ် ထင်လိုက်သေးတယ်၊ ကျည်ဆံကိုတော့ ချက်ချင်းထုတ်လိုက်နိုင်တယ် အနာကိုဆေးထဲ့ပြီး သင်တန်းဆက်တက်နိုင်တယ်၊ ဆိုတော့ ဒါဏ်ရာကတော့ မစိုးရိမ်ရဘူး။” ဟု ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့၏ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးနေသော အမျိုးသမီးတစ်ဦးလည်း မေးရိုးရှပ်ထိ၊ ဘယ်ပုခုံးကျည်ဖောက်ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာအနီးက Denko ဆီဆိုင်စောင့်အမျိုးသမီးတစ်ဦးသည်လည်း ခြေထောက်ကျည်ထိမှန်ခဲ့သည်ဟု သိရသည်။ ထို့အပြင် နေအိမ်နှစ်လုံး ကျည်ထိပြီး နေက်အိမ်တစ်လုံးမှာ မိုင်းထိကာ အနည်းငယ် ပျက်ဆီးမှုရှိသည်ဟု သိရသည်။ ယနေ့နံနက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Kalay (PDF) ကထုတ်ပြန်သည်။ ကလေးမြို့နယ်အတွင်းရှိ…

Read More

Salai Vakok “မချမ်းသာသော်လည်း ပျော်ပါသည်”ဟူသော တောင်ပေါ်မြို့ကလေး၏ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိသည့် အသင်းတော်မှာ အာဏာသိမ်းစစ်တပ်က မီးရှို့သောကြောင့် မီးလောင်ပုံထဲ အခွံမျှသာ ကျန်ရှိတော့သည်။ မြို့ရှိ ဘုရားကျောင်း အားလုံး၏ မိခင်၊ သက်တမ်း ၁၁၇ ခုနှစ်ရှိ၊ ရှေးအကျဆုံး ကနေဦး အသင်းတော်၏ ဘုရားကျောင်းကို စစ်အာဏာသိမ်းမှု၏ တစ်နှစ်ကျော်အကြာတွင် စစ်တပ်က မီးတင်ရှို့ခြင်းဖြစ်သည်။ မြို့သူ/သားထောင်ပေါင်းများစွာ ထိုဘုရားကျောင်းရှိ ဘုရားရှေ့တွင် ကတိသစ္စာပြုခြင်း၊ လက်ထပ်ပွဲပြုလုပ်ခြင်းအပါအဝင် မြို့နယ်၏ သာရေး၊နာရေးနှင့် အမျိုးသားရေးအထိ မပါမပြီးသော ဘုရားကျောင်းတော်ဖြစ်သည်။ ယခုတော့ ဘုရားကျောင်းသည် တိမ်ညိုတိမ်မဲများ၏ ငွေနားကွပ်ကဲ့သို့သာ တွေ့နိုင်တော့သည်။ ချင်းလဲန်းဒေသ၏ အကြီးဆုံးဘုရားကျောင်းထဲတွင် ပါဝင်သော၊ သာသနာပြုအသင်းတော်ဖြစ်သော ထန်တလန် နှစ်ခြင်းအသင်းတော်ဘုရားကျောင်းသည် ၂၀၂၂ ဇွန် ၉ ရက် ညနေ ၄ နာရီခွဲက အာဏာသိမ်းတပ်၏ မီးရှို့ခြင်းကြောင့် ပြာပုံသာကျန်သည်။ ထန်တလန်နှစ်ခြင်းအသင်းတော်သည် ထန်တလန်မြို့နယ်အတွက်သာမက ချင်းပြည်နယ်၏ ကနဦး အသင်းတော်လည်းဖြစ်သည်။ ထန်တလန်မြို့နယ်တွင် တည်ရှိသော အသင်းတော် အားလုံးမှာ ယခုဘုရားကျောင်းမှ တစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့လာခြင်းဖြစ်သည်။ မြို့၏ လူဦးရေ တစ်သောင်းဝန်းကျင်တွင် လူထု၏ ၃ပုံ၊ ၁ပုံကျော်မှာ ထန်တလန်နှစ်ခြင်းအသင်းတော်၏ ဘုရားကျောင်းတွင် ဝတ်ပြုကြသည်။ မီးရှို့မခံရခင်က တောင်ပေါ်မြို့လယ်တွင် တည်ရှိသော ဘုရားကျောင်းသည် လှပခန့်ထယ်၍ ဂုဏ်သရေပြည့်ဝလျက် ဝတ်ပြုဆုတောင်းသူများဖြင့် စည်ကားသော ဘုရားကျောင်းဖြစ်သည်။ “ဒီလို မီးရှို့တာကိုတော့ ကျနော်တို့ အင်မတန်မှကို နာကျည်းပါတယ်။ တကယ်တန်းဆိုရင် ဘုရားကျောင်းက မီးရှို့စရာ မလိုပါဘူး။ အဲဒီစကစတွေကလည်း…

Read More