Author: Editor

(004SS) ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၃) ကြိမ်မြောက် Asian Business Forum ၌ ချင်းအမျိုးသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ Pa Do Khan Tuang က အာဆီယံဒေသတွင်း ထူးချွန်ဆုနှစ်ဆုကို တစ်ပြိုင် နက်တည်း ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ချင်းပြည်နယ်အခြေစိုက် လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ယခုကဲ့သို့ အာဆီယံအဆင့် စီးပွားရေးထူးချွန်ဆုများကို ပထမဆုံး အကြိမ်အဖြစ် ရရှိခဲ့ခြင်းလည်း ဖြစ်သည်ဟု သိရသည်။ ၎င်းရရှိခဲ့သည့် ဆုများမှာ “ASEAN Outstanding Visionary Leader of the Year 2026” (အာဆီယံအဆင့် ထူးချွန်အမြော်အမြင်ရှိသော ခေါင်းဆောင်ဆု) နှင့် “ASEAN Outstanding Business Leader Award 2026” (အာဆီယံအဆင့် ထူးချွန်စီးပွားရေးခေါင်းဆောင်ဆု) တို့ ဖြစ်သည်။ အသက် ၄၀ အရွယ်ရှိသည့် Pa Do Khan Tuang သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇံသွီး (Zaangtui) ကျေးရွာဇာတိ ဖြစ်သည်။ ၎င်းသည် လက်ရှိတွင် ကလေးမြို့၌ အခြေစိုက်ကာ ပညာရေး၊ မီဒီယာနှင့် လူမှုကူညီရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍမှ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေသူတစ်ဦး ဖြစ်ကာ ပညာရေး၊လူမှုရေး၊ စီးပွါးရေးနှင့် သတင်းမီဒီယာကဏ္ဍ အသီးသီးကို ဦးစီဦးဆောင်ပြုနေသူတစ်ဦး ဖြစ်သည်။ ကလေးမြို့တွင် အရည်အသွေးမြင့် ပညာသင်ကြားပေးနေသည့် Bridge International School (BIS) ကို တည်ထောင်ကာ ကျောင်းသားဦးရေ (၅၀၀) ကျော်အားပညာသင်ကြားပေးနေခြင်း၊ Helping…

Read More

ချင်းညီနောင်ကို အင်အားကြီး တပ်တစ်ခုဖြစ်အောင် တည်ဆောက်ရန် ကြိုးစားနေဟု ဆို (006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော PDF – Zoland စစ်ဦးစီးချုပ် Gideon သည် ချင်းညီနောင် (CB) အဖွဲ့၏ စစ်ဦးစီးချုပ်အသစ် ဖြစ်လာကြောင်း သိရသည်။ လွန်ခဲ့သည့် ၂ နှစ်က ချင်းညီနောင်ကို စတင်ဖွဲ့စည်းစဉ် CDF – Mindat စစ်ဦးစီးချုပ် ထန်းချွန်ဖေက ချင်းညီနောင် စစ်ဦးစီး ချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ စတင်၍ PDF – Zoland စစ်ဦးစီးချုပ်ထံသို့ ချင်းညီနောင်အဖွဲ့ဝင် စီမံအုပ်ချုပ် မှုအစုအဖွဲ့၏ သဘောတူဆုံးဖြတ်ချက်ဖြင့် လွှဲပြောင်းခြင်းဖြစ်သည် ဟု သိရသည်။ “တာဝန်အပြောင်းအလဲက အရင်က CB စစ်ဦးစီးချုပ်ဆီကနေ ချင်းညီနောင်အုပ်ချုပ်မှုအစုအဖွဲ့ကနေ ဆုံဖြတ်ချက်အရ တာဝန်ယူ ရခြင်းဖြစ်တယ်။ ၂၀၂၆ ဇန်နဝါရီလပိုင်းမှာ စတင်တာဝန်ထမ်းဆောင်တာဖြစ်တယ်။ ချင်းညီနောင်မှာက စစ်ရေးကော်မတီ ရှိတယ်။ စစ်ရေးကော်မတီကနေ ချင်းညီနောင် စစ်ရေးကို ဆွေးနွေးကြတယ်။ ဘယ်လို ပုံဖော်ကြမလဲပေါ့၊ ၊ အထူးသဖြင့် ချင်းညီနောင်က စစ်ရေးပိုင်းမှာ ပိုအားကောင်းအောင် တည်ဆောက်တယ်။ မဟာမိတ်ကဏ္ဍ၊ ပြီးရင် တပ်ဘက်ပိုင်းမှာ တည်ဆောက်ရေးကို ကြိုးစားနေတယ်” ဟု CB စစ်ဦးစီးချုပ်အသစ် Gideon က ပြောသည်။ မေလ ၄ ရက်က အွန်လိုင်းမှတဆင့် ပြုလုပ်သည့် ချင်းညီနောင်၏ မြို့သိမ်းတိုက်ပွဲများအတွက် ရန်ပုံငွေ ရှာပွဲမှာ ချင်းညီနောင် (CB) အဖွဲ့၏ စစ်ဦးစီးချုပ်အသစ်…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား (၅) ဦး သည် ဧပြီလ (၃) ရက်နေ့က လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။ လွတ်မြောက်လာသူများမှာ အသက်(၂၅) နှစ်အရွယ် ကိုအောင်နိုင်လင်း၊ အသက် (၂၈) နှစ်အရွယ် ကိုရှော၊ အသက် (၂၈) နှစ်အရွယ် မဗန်ဆွေဒိမ်း၊ အသက် (၂၉) နှစ်အရွယ် ကိုဇလိတ်ဘွဲ့ တွမ်ထန်း နှင့် အသက် (၃၁) နှစ်အရွယ် မတာချင်နှယ် တို့ဖြစ်ကြသည်။ ၎င်းတို့သည် စစ်အာဏာသိမ်းပြီးနောက်၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခြင်းကြောင့်ဟုဆိုကာ ဖမ်းဆီးခံရသူများ ဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် (၅) နှစ် အသီးသီး ချမှတ်ခံထားရသူများ ဖြစ်ကြသည်။ လက်ရှိ ကလေးမြို့၊အကျဉ်းထောင်တွင် ကဗျာဆရာ ကိုကြယ်စင်ရောင်၊ ကလေးမြို့ အမျိုးသမီးလူထုသပိတ်ခေါင်းဆောင် မအိစံ ၊ကလေးမြို့ လူထုသပိတ်အဖွဲ့ဝင် ကိုမျိုးကို လူထုသပိတ်အဖွဲ့ဝင် ကိုဂွတို၊ ကလေး PDF ဆေးတပ်ဖွဲ့ဝင် မမန်လွန်း ဒိမ်း၊ မညောင် ဒွန့်ကျင်၊ မမားလ် ဆောမ်ဒေါင်း အီး၊ မလားလ်တန်လွေးအီ၊ မဇမ်ဇိုးဇာမ်၊ မလားလ်လွန်စန်းအီး၊ မလားလ် မွမ်းကိမ်းအီး၊ မဗန်လားရွန်း အီးနှင့် မလားလ်ပျန်းဖဲလ်အီး တို့အပါအ ဝင် နိုင်ငံရေးအကျဉ်းသားရာကျော်ကျန်ရှိနေသေး ကြောင်းသိရ သည်။ ပြီးခဲ့သည့် မတ်လ (၂) ရက်နေ့ကလည်း…

Read More

(006SV) ၂၀၂၁ စစ်အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ကျင်းပပြုလုပ်သော အတုအယောင် လွှတ်တော်အစည်းအဝေးတွင် ကြိုတင်စီမံထားသည့်အတိုင်း ထောက်ခံမဲအပြတ်အသတ်ဖြင့် သမ္မတအဖြစ် ရွေးချယ်လိုက်ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော်မှ ကိုယ်စားပြု၍ အရွေးခံသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထောက်ခံမဲ ၄၂၉ မဲ၊ အမျိုးသား လွှတ်တော်မှ ကိုယ်စားပြု၍ အရွေးခံသော ဒေါ်နန်းနီနီအေးသည် ထောက်ခံမဲ ၂၉ မဲနှင့် စစ်တပ်မှ ကိုယ်စားပြု အရွေးခံသော ဗိုလ်ချုပ်ကြီးဟောင်း ညိုစောက ၁၂၆ မဲ ရရှိသည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးအောင်လင်းဒွေးက ကြေညာသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ၊ ဦးညိုစောက ဒုသမ္မတ ၁ နှင့် ဒေါ်နန်းနီနီအေးက ဒုသမ္မတ ၂ ဖြစ်လာမည်ဟု သိရသည်။ ယနေ့ ဧပြီလ ၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်တွင် သမ္မတရွေးချယ်တင်မြှောက်ရေး ကျင်းပပြုလုပ်ခဲ့ပြီး သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဖွဲ့စည်းကာ ပြည်သူ့လွှတ်တော်၊ အမျိးသားလွှတ်တော်နှင့် စစ်တပ် စသည်တို့မှ သမ္မတလောင်း ၃ ဦးကို လွှတ်တော်ကိုယ်စားလှယ်များက မဲပေးရွေးချယ်သည်ဟု သိရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည်ဟု စွပ်စွဲပြီး ၂၀၂၁ ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းခဲ့ခြင်း၏ ၅ နှစ်ရှိလာချိန် ၂၀၂၅ ခုနှစ်မှာ စစ်ပွဲအပြင်းအထန် ဖြစ်ပွားနေသော နိုင်ငံတဝန်းမှာ ရွေးကောက်ပွဲ ၃ ကြိမ်ကျင်းပကာ သမ္မတ လုပ်လာခြင်းဖြစ်သည်။ တပ်ချုပ်ရာထူးကို…

Read More

(006SV) ယနေ့ စစ်တပ်လွှတ်တော်မှတစ်ဆင့် သမ္မတ ဖြစ်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ တရားစွဲမည်ဟု သိရသည်။ အတုအယောင် ရွေးကောက်ပွဲများအပြီး သမ္မတ ရာထူးယူရန် ပြင်ဆင်နေသော စစ်အာဏာရှင် မင်းအောင်လှိုင်ကို လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဧပြီလ ၆ ရက်မှာ ဂျာကာတာမြို့ရှိ အစိုးရရှေ့နေရုံးမှာ အမှုဖွင့်သွားမည်ဟု ယနေ့ ဧပြီလ ၃ ရက်မှာ တရားလိုအဖွဲ့အစည်းများက ပူးပေါင်းကြေညာသည်။ “အတုအယောင် ရွေးကောက်ပွဲတွေအပြီး မင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတအဖြစ် ကြေညာနေချိန်မှာပဲ အခုလို လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်အသစ်တွေ ထွက်ပေါ်လာတာဟာလည်း ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုပါပဲ။ ဒီလို အဆင့် မရှိတဲ့ အာဏာရှင်က သူ့ကိုယ် သမ္မတပါလို့ ရာထူးတပ်နေရင်း ပြည်သူလူထုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ တရားဥပဒေ စိုးမိုးရေးအပေါ်မှာ ဘယ်လောက်တောင် ပြောင်ပြောင်တင်းတင်း စော်ကားပြုမူနေသလဲဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်” ဟု Myanmar Accountability Project အဖွဲ့၏ ဒါရိုက်တာ Chris Gunness က ပြောသည်။ Rohingya Maiyafuinor Collaborative Network ၊ THEMIS Indonesia Legal Political & Strategic Advisory နှင့် Myanmar Accountability Project တို့ ပူးပေါင်းပြီး လူမျိုးတုံးသတ်ဖြတ်မှုမှ လွတ်မြောက်လာသူ Yasmin Ullah…

Read More

(004SS) ချင်းပြည်နယ်၊ တီးတိန်နှင့် တွန်ဇံမြို့နယ် (ဇိုဂမ်ဒေသ) အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အမျိုးသားရေးနှင့် ပြည်သူ့တာဝန် ထမ်းဆောင်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် လူ့ဂုဏ်သိက္ခာ၊ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နှင့် တစ်ဦးချင်းစီ၏ ရပ်တည်ချက်များကို အလေးထားလိုက်နာကြရန် Zomi Innkuan USA က အလေးအနက် တောင်းဆိုကြောင်း ထုတ်ပြန်သည်။ အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားပြည်နယ်၊ တူလ်ဆာမြို့အခြေစိုက် Zomi Innkuan USA, Inc. က ဇိုဂမ်ဒေသအတွင်းရှိ ဇိုမီးလူမျိုးများအား မဖြစ်မနေ စစ်မှုထမ်းရန် ဖိအားပေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မတ်လ ၃၁ ရက်နေ့က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ယခုရက်ပိုင်းအတွင်း ဇိုဂမ်ဒေသရှိ မိဘပြည်သူများအား စစ်မှုထမ်းရန် ဖိအားပေးနေ မှုများအပေါ် အထူးစိုးရိမ်မကင်း ဖြစ်ရကြောင်း ဖော်ပြထားသည်။ တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် ဇိုမီးလူမျိုးတို့၏ အနာဂတ်အတွက် ပေးဆပ်နေမှုများကို အသိအမှတ် ပြုသော်လည်း ပါဝင်ကူညီ အမှုထမ်းရာတွင် ကာယကံရှင်တစ်ဦးချင်းစီ၏ သဘောဆန္ဒ၊ လူသားဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် စသည့် အခြေခံမူများအပေါ် လေးစားမှုကို အခြေခံသင့်ကြောင်း ဆိုသည်။ အထူးသဖြင့် စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို ချက်ချင်းရပ်တန့်ပေးရန် တိုက်တွန်းထားသည်။ ထို့အပြင် ခိုင်မာစည်းလုံးသော အနာဂတ်ကို တည်ဆောက်ရာတွင် အင်အားသုံး နိုင်ထက်စီးနင်းပြုခြင်းမျိုး မဟုတ်ဘဲ အပြန်အလှန် ယုံကြည်မှု၊ ပူးပေါင်းတာဝန်ယူမှုနှင့် တစ်ဦးချင်းစီ၏ အခွင့်အရေးကို လေးစားမှုတို့ အပေါ်တွင်သာ အခြေခံသင့်ကြောင်း Zomi Innkuan USA က…

Read More

(006SV) စစ်အာဏာရှင်တော်လှန်‌ရေး ၅ နှစ်ကျော် ရှိလာချိန်မှာ ချင်းပြည်နယ်တွင် စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးလာသော ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ စစ်မှုထမ်း စစ်သား စုဆောင်းမှု ပုံစံများနှင့်ပတ်သက်၍ ချင်းလူထုနှင့် အရပ်ဖက် အဖွဲ့အစည်းများအကြား ဝေဖန်မှု မြှင့်တက်လာနေသည်ဟု သိရသည်။ ဖေဖော်ဝါရီလမှ စတင်၍ ချင်းပြည်နယ်တွင် ချင်းလဲန်းကောင်စီအဖွဲ့ဝင်များနှင့် ချင်းညီနောင်အဖွဲ့ဝင်များသည် ချင်းလူငယ်များကို စစ်မှုထမ်းမူဝါဒအရ စစ်သားစုဆောင်းမှုအား ပုံစံမျိုးစုံဖြင့် ဖမ်းဆီး ခေါ်ဆောင်မှုများအထိ ပြုလုပ်လာရာ လူငယ်များနှင့် လူမှုအသိုင်းအဝိုင်းအတွင် သက်ရောက်မှု ကြီးမားနေပြီး ထွက်ပြေးတိမ်းရှောင်မှု များလည်း ဖြစ်ပွားနေကြောင်း သိရသည်။ တီးတိန်မြို့နယ်၊ လိုင်တွီး၊ မွီးဇောလ်၊ ဒိမ်ပီး၊ ဘွင်(Buan) စသည့် ကျေးရွာများမှ လူငယ် ဆယ်ချီကို PDF – Zoland တပ်ဖွဲ့က စစ်သားစုဆောင်းသွားခဲ့ပြီး ကျေးရွာတချို့မှာ သဘောမတူညီမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ “အဲလိုအတင်းအဓမ္မ လုပ်တဲ့ အခါကြတော့ ဘယ်သူမှ လက်မခံနိုင်ဘူး။ တချို့ကလေးတွေဆိုရင် ကလေးမြို့ကနေ စကမက ဖမ်းခံရမှာ ကြောက်လို့ တောင်ပေါ်က လုံခြုံတယ်ဆိုပြီး လာပြီး ခိုလှုံနေကြတဲ့ လူငယ်တွေ တော်တော် များများ ရှိတယ်။ အခုလည်း CDF တွေကို ကြောက်လို့ ပြန်ရှောင်ရမယ့် ပုံစံမျိုး ဖြစ်နေတာပါ။ စကစက လုပ်တာတွေကို မကြိုက်လို့ တော်လှန်ပါတယ်ဆို ၊ တော်လှန်နေတဲ့ လူတွေကလည်း အဲလို လုပ်လာတယ်ဆိုရင် ပြည်သူတွေအနေနဲ့ လုံးဝ လက်မခံနိုင်တဲ့ အရာပေါ့လေ။ ကိုယ့်ဆန္ဒ သဘောနဲ့ သွားမယ်ဆိုရင် ဘယ်သူမှ မတားဘူး။…

Read More

(006SV) ချင်းပြည်နယ်၊ လောက်တူဒေသတွင် ဒေသခံပြည်သူများ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော “The 20 Project” စီမံချက်တွင် လက်နက်ငယ် ၂၀ လက်နှင့် ဆက်စပ်ခဲယမ်းများ ဝယ်ယူနိုင်ခဲ့ကြောင်း လောက်တူပြည်သူ့ရေးရာ ကောင်စီက ကြေညာသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှစတင်၍ ဆောင်ရွက်ခဲ့သော “The 20 Project” စီမံချက် အောင်မြင်မှုအတွက် ကောင်းချီး မင်္ဂလာခြွေ ဆုတောင်းခြင်းနှင့် အဆိုပါ စီမံချက်အရ ဝယ်ယူခဲ့သော လက်နက်ငယ် ၂၀ လက်နှင့် ဆက်စပ်ခဲယမ်းများကို CDF – လောက်တူထံသို့ မတ်လ ၃၀ ရက်က လွှဲပြောင်းပြီဖြစ်သည်ဟု ယနေ့ ဧပြီလ ၂ ရက်မှာ ထုတ်ပြန်သည်။ အဆိုပါစီမံချက်အောင်မြင်စေရန် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များသည် သတ်မှတ်ရန်ပုံငွေ ပမာဏ ပြည့်မှီစွာ ရရှိနိုင်ရန် အဓိက တာဝန်ယူ ဆောင်ရွက်ခဲ့ကြပြီး၊ တော်လှန်ရေး စိတ်ဓါတ်အပြည့်ဖြင့် ခွဲတမ်းအသီးသီးကို မိဘပြည်သူများက ထည့်ဝင်ပေးခဲ့ကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်ပေးသော ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများကို လောက်တူပြည်သူ့ရေးရာ ကောင်စီက ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း၊ ရှေ့ဆက်၍လည်း ပြည်သူ့နှင့်အတူ ဆက်လက်ချီတည်မည် ဟူသော သံန္နိဌာန်ဖြင့် တော်လှန်ရေး ခရီးကို ဆက်လက်ဖော်ဆောင်သွားမည်ဟု လောက်တူပြည်သူ့ရေးရာ ကောင်စီထံမှ သိရသည်။ “The 20 Project” ပြီးဆုံးခြင်းကို အခမ်းအနားဖြင့် ကျင်းခဲ့ပြီး The 20 Project ဦးဆောင်ကော်မတီက ရန်ပုံငွေ စာရင်းရှင်းတမ်း များကို ပွင့်လင်းမြင်သာစွာ ဖြန့်ဝေရှင်းလင်းခဲ့ကြောင်း သိရသည်။ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊…

Read More

(004SS) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်ဇံမြို့နယ် (ဇိုဂမ်ဒေသ) တွင် အခြေ စိုက် လှုပ်ရှားနေသော PDF-Zoland က စစ်မှုထမ်းကင်းလွတ်ခွင့်ရှိသော အခြေခံစစ်သင်တန်းဆင်းပြီးသူ လူငယ် ၁၇ ဦးကို ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။ အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၈ ဦး၊ စုစုပေါင်း ၁၇ ဦးတို့အား လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး အခြေခံစစ်ပညာသင်တန်း (Basic Training) ကို အောင်မြင်စွာ တက်ရောက်ပြီးစီးခဲ့သူများဟု သိရသည်။ ၎င်းတို့အား အဖွဲ့အစည်းမှ သတ်မှတ်ထားသည့် စစ်မှုထမ်းကင်းလွတ်ခွင့်စည်းကမ်းချက် (၄) ချက်နှင့် ကိုက်ညီခြင်းနှင့် မိသားစုအရေးကြောင့် နေအိမ်သို့ မပြန်မဖြစ်ပြန်ရန်လိုအပ်သူများ ဖြစ်ခြင်းတို့ကြောင့် တပ်ဖွဲ့ဝင်အဖြစ် ဆက်လက် စုဆောင်းခြင်းမပြုဘဲပြန်လွှတ်ခဲ့ခြင်းဟု PDF-Zoland က ဆိုသည်။ အဆိုပါ လူငယ် ၁၇ ဦးသည် လွန်ခဲ့သော တစ်လခန့်က တီးတိန်နှင့် တွန်းဇံမြို့နယ်ရှိ ကျေးရွာအသီးသီးမှ သွီဆာအိုဒေသရှိ ဘိန်းစိုက်ခင်းတွင် လုပ်သားအဖြစ် လာရောက်လုပ်ကိုင်နေစဉ် PDF Zoland တပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူများဟု သိရသည်။ ပြီးခဲ့သော တစ်လခန့်က ၎င်းတို့ကို ဘိန်းစိုက်ခင်းမှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အပြစ်ပေးခြင်းထက် စစ်ပညာနှင့် အသိပညာသင်ကြားပေးကာ အမျိုးသားရေးတာဝန် ထမ်းဆောင်စေရန် ရည်ရွယ်ချက်ဖြင့် PDF-Zoland က ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ အလားတူ မတ်လ ၃၁ ရက်နေ့ကလည်း PDF Zoland သည်…

Read More

(004SS) ချင်းပြည်(Chinland) အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် လစ်လပ်လျက်ရှိသော ဝန်ထမ်းရာထူးနေရာများတွင် အသစ်ခန့်အပ်ရန် ယနေ့ ဧပြီလ ၁ ရက်နေ့တွင် အလုပ်ခေါ် ယူစာ ထုတ်ပြန်လိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်အရ ရုံးအဖွဲ့မှူး (၁) နေရာ နှင့် ဝန်ထမ်း (၁) နေရာ စုစုပေါင်း ရာထူး (၂) နေရာအတွက် ခေါ်ယူခြင်း ဖြစ်ကြောင်း သိရသည်။ ရုံးအဖွဲ့မှူး ရာထူးအတွက် လျှောက်ထားသူများသည် ဘွဲ့ရရှိပြီးသူဖြစ်ရမည့်အပြင် ယခင်အစိုးရဌာနတစ်ခုခုတွင် ဒုတိယ ဦးစီးမှူးအဆင့်ဖြင့် အနည်းဆုံး (၂) နှစ် လုပ်သက်ရှိရန် လိုအပ်ကြောင်း သိရသည်။ ထို့အပြင် ကွန်ပျူတာကျွမ်းကျင်မှုရှိရမည့်အပြင် NGO/INGO များနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်စွမ်းရှိသူ ဖြစ်ရမည်ဟု ဖော်ပြထားသည်။ အလားတူ ဝန်ထမ်းရာထူးအတွက်လည်း ဘွဲ့ရရှိပြီးသူနှင့် ကွန်ပျူတာကျွမ်းကျင်သူများကို ခေါ်ယူထားပြီး၊ အထူးသဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူများကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက အသိပေးထားသည်။ သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံသူများအနေဖြင့် လာမည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ပြီး ရာထူးနှစ်ခုလုံးသည် လုပ်ငန်းလိုအပ်ချက်အရ ခရီးသွားလာနိုင်သူများ ဖြစ်ရန်လည်း လိုအပ်ကြောင်း သိရသည်။

Read More