United States of Myanmar – USM ဟူသော မြန်မာနိုင်ငံသစ်ကို တည်ဆောက်မည်ဟု IPFD ကြေညာ (006SV) ဒေါက်တာဆာဆာ ဦးဆောင်ဖွဲ့စည်းသော Institute of Peace and Federal Democracy (IPFD)သည် လွတ်မြောက် နယ်မြေများတွင် ဒေသန္တရအုပ်ချုပ်ရေးနှင့် အောက်ခြေမှ အထက်သို့ တည်ဆောက်သော ဖက်ဒရယ်စနစ် (Bottom – up Federalism) ကို အားဖြည့် ဆောင်ရွက်ခြင်းအပါအဝင် ကဏ္ဍ ၃ ရပ်ကို အဓိကထား ဆောင်ရွက်မည့်ဟု ကြေညာသည်။ လက်ရှိတွင် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ အင်စတီကျူ (IPFD) ကို စတင်ဆောင်ရွက်သွားမည်ဖြစ်ရာ Bottom – Up ဖက်ဒရယ်စနစ် တည်ဆောက်ခြင်းကို အားဖြည့်ခြင်းအပါအဝင် မြန်မာပြည်သူအားလုံး၏ အသံကို ကမ္ဘာက ကြားသိစေရန် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုများကို ချဲ့ထွင်မည်ဟု ဒီဇင်ဘာလ ၁ ရက်မှာ IPFD က ထုတ်ပြန်သည်။ မတူကွဲပြားမှုများနှင့် ယှဉ်တွဲနေထိုင်ခြင်းတို့ကို မြှင့်တင်ပေးပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှု စနစ်ကို ပံ့ပိုးကူညီခြင်းတို့ကိုလည်း လုပ်ဆောင်မည်ဟု သိရသည်။ IPFD ၏ အဓိက ရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကို အရှိန်မြင့် တင်ရန် ဖြစ်ပြီး အဖွဲ့၏ လုပ်ငန်းစဉ်များသည် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ သံတမန် ရေး၊ လူသားချင်း စာနာမှုနှင့်…
Author: Editor
(006SV) ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော စစ်ကော်မရှင်တပ်များ နှင့် တစ်လဝန်းကျင်ကြာ ထိတွေ့တိုက်ပွဲများတွင် ချင်းလဲန်းတော်လှန်ရေးအင်အားစုမှ ရဲဘော် ၇ ဦးကျဆုံးသည်ဟု သိရသည်။ “ကျဆုံးသွားတဲ့ ရဲဘော်တွေက CNA နဲ့ CDF CDM SIYIN က ရဲဘော်တွေပါ။ ကလေး – သိုင်းငင်း စစ်ကြောင်းနဲ့ သိုင်းငင်း ကနေ ဖလမ်းဘက်ကို စစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေမှာ ကျဆုံးရတာပါ။ တိုက်ပွဲကတော့ အင်အားမမျှတော့ ကျတော်တို့ဘက်က သူတို့ လာမယ် လမ်းကြောင်းတွေမှာ မိုင်းဆွဲတာ ခြုံခိုတိုက်ခိုက်တာတွေတော့ အမြဲတမ်းရှိပါတယ်” ဟု CDF CDM SIYIN တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဒီကီက ပြောသည်။ နိုဝင်ဘာလ ၂၆ ရက်က သိုင်းငင်းမှ ဆုတ်ခွာခဲ့ရသော CDF – CDM Siyin တပ်ဖွဲ့သည် ဇောင်ကောင်ရွာတွင် နေရာယူထားစဉ် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ဝိုင်းပြီး စီးနင်းတိုက်ခိုက်ရာ ရဲဘော် ၄ ဦးကျဆုံးရသည်။ နိုဝင်ဘာလဆန်းပိုင်း စတင်၍ ချင်းပြည်နယ်အဝင်ဖြစ်သော ခိုင်ကမ်းမြို့မှ သိုင်းငင်းသို့ ဦးတည်သော စစ်ကြောင်း၊ တီးတိန်မြို့မှ သိုင်းငင်းသို့ နောက်ထပ်စစ်ကြောင်း၊ ကလေးတောင်ပိုင်းရှိ ဝေဘူလမှ ဖလမ်းမြို့သို့ စစ်ကြောင်းများဖြင့် စစ်ကော်မရှင်တပ်သည် စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်သည်ဟု သိရသည်။ စစ်ကော်မရှင်တပ်၏ ချင်းပြည်အဝင် နေရာစုံမှ ထိုးလာသော စစ်ကြောင်းများကြောင့် ချင်းပြည်တပ်ပေါင်းစုက စုဖွဲ့ပြီး ခုခံတော် လှန်နေရာ အခက်အခဲ…
(006SV) ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ချင်းအမျိုးသား တက္ကသိုလ် (CNU) က ပညာရေး၊ ဥပဒေ၊ နည်းပညာနှင့် သက်မွေးပညာမဟာဌာနတို့သည် ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူကျောင်းသားများ ခေါ်ယူနေကြောင်း ဒီဇင်ဘာလ ၁ ရက်မှာ ကြေညာသည်။ လာမည့် ဖေဖော်ဝါရီလ ၂ ရက်တွင် စတင်ဖွင့်လှစ်မည့် ချင်းအမျိုးသားတက္ကသိုလ်၏ ပညာရေးမဟာဌာနမှ လုပ်ငန်းခွင် ပညာရေး ဒီပလိုမာသင်တန်း၊ ဘွဲ့ကြိုပညာရေး ဒီပလိုမာသင်တန်း၊ ဘွဲ့လွန်ပညာရေး ဒီပလိုမာသင်တန်း၊ ဥပဒေပညာမဟာဌာနမှ ဥပဒေပညာဘွဲ့ သင်တန်း၊ နည်းပညာနှင့် သက်မွေးပညာ မဟာဌာနအတွက် လျှပ်စစ်အင်ဂျင်နီယာ (AGTI) ၊ မြို့ပြအင်ဂျင်နီယာ (AGTI) တို့အတွက် ခေါ်ယူနေခြင်းဖြစ်သည်ဟု သိရသည်။ ၂၀၂၆ ခုနှစ်ပညာသင်နှစ်အတွက် မဟာဌာနအလိုက် သင်တန်းလျှောက်လွှာ ပိတ်ရက် ထပ်တိုးခြင်းနှင့် ပညာရေး မဟာဌာန ဝင်ခွင့်သတ်မှတ်ချက်များကို ပြန်လည်ပြင်ဆင်ခြင်း ပြုလုပ်ထားသည်ဟု သိရသည်။ ပညာရေးမဟာဌာန၏ သင်တန်းများကို လျှောက်ထားသူများသည် ချင်းပြည်အတွင်းရှိ ပြည်သူ့ကျောင်းများ သို့မဟုတ် စစ်ဘေးရှောင်ကျောင်းများတွင် တာဝန်ထမ်းဆောင်လိုသူများ ဖြစ်ရမည်အပါအဝင် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများ တက်ရောက်ခွင့်ရမည်ဟု သိရသည်။ ဥပဒေပညာဘွဲ့သင်တန်း လျှောက်ထားသူများသည် ချင်းပြည်အတွင်း ဥပဒေပညာဖြင့် တရားဥပဒေစိုးမိုးမှု ဖော်ဆောင်နိုင်ရန်အတွက် လိုအပ်သော မည်သည့်နေရာတွင် မဆို တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည့်အချက်အပါအဝင် သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဟု သိရသည်။ နည်းပညာနှင့် သက်မွေးပညာမဟာဌာန၏ သင်တန်းများကို လျှောက်ထားသူများသည် ချင်းပြည်အတွင်းရှိ မည်သည့်နေရာတွင်မဆို လျှပ်စစ်အင်ဂျင်နီယာပညာ၊ မြို့ပြအင်ဂျင်နီယာပညာတို့ဖြင့် ပြည်သူကို အလုပ်အကျွေး ပြုလိုသူဖြစ်ရမည့်အချက်အပါအဝင် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများကို ရွေးချယ်မည်ဟု…
(004SS) ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင် စစ်ကော် မရှင်တပ်မှ လေကြောင်းဖြင့် ဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၄ လုံး ထပ်မံပျက်စီးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ Ruan ကျေးရွာတွင် မည်သည့်တိုက်ပွဲဖြစ်ပွါးမှုမျှမရှိသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များ တပ်စွဲ ထားခြင်းလည်းမရှိဘဲ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။ “Ruan Khua ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံး လေးကြိမ်ကြဲတာ နေအိမ်၄ လုံးပျက်စီးသွားတယ်။ လူကတော့ ထိခိုက်တာမရှိပါဘူး။ ရွာမှာ လူငယ် (CDF ) တွေလဲမရှိပါဘူး။ ဒါပေမဲ့ မြောက်ခရမ်းဘက်၊ ဟံသာဝတီ ဘက်မှာ တိုက်ပွဲရှိတော့ စစ်တပ်က သူတို့ လူငယ်တွေ ရှိမယ်ထင်တဲ့နေရာကို ရမ်းသမ်းကြဲတဲ့သဘောပါ။” ဟု အကြောင်းသိရှိသူ အမျိုးသား တစ်ဦးကပြောသည်။ Ruan ကျေးရွာသည် ဟားခါးမြို့မှ ၅၆ မိုင်ခန့် ကွာဝေးပြီး ကလေး-ဂန့်ဂေါဒေသရှိ ဟံသာဝတီ၊ မြောက်ခရမ်းဘက်နှင့် ဆက်သွယ်ရာတွင် ဆိုင်ကယ်ဖြင့် တစ်နာရီခန့်သာ မောင်းနှင်ရသည့် နေရာတွင်ရှိသည်။ အလားတူ၊ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက် ညကလည်း စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ကြောင့် Ruan ကျေးရွာက နေအိမ်တစ်လုံးနှင့် ဘုရားကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့သေးကြောင်း သိရသည်။ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်းကြောင့် ရွာဒေသခံများသည် နေအိမ်စွန့်ခွာကာ အပြီးအပိုင် စစ်ဘေးရှောင်နိုင်ခြင်း…
(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့အဝင်တွင် တပ်စွဲထားသော ခလရ ၂၆၉ တပ်ရင်းမှ စစ်ကော်မရှင် တပ်စခန်းကို ချင်းညီနောင်တပ်ဖွဲ့က စီးနင်းတိုက်ခိုက်ရာ စစ်သုံ့ပန်း ၂ ဦးကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။ နိုဝင်ဘာလ ၂၇ ရက် နံနက် ၈ နာရီမှစတင်၍ တီးတိန်မြို့အဝင်က ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးတွင် တပ်စွဲထားသော တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းမှ စစ်ကော်မရှင်တပ်စခန်းငယ်ကို ချင်းညီနောင်ပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု PDF – Zoland က ယနေ့ နိုဝင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်သည်။ “တိုက်ပွဲကြာချိန်ကတော့ ၃ နာရီကျော်မယ်ဗျ။ အကုန်လုံးကိုတော့ ရှင်းလင်းနိုင်ခဲ့တယ်။ သတင်းကတော့ ကျနော်တို့ ထုတ်ပြန်ထားတဲ့ အတိုင်းပဲ ဖြစ်ပါမယ်” ဟု PDF – Zoland ၏ စစ်ဦးစီးချုပ် Gideon က ပြောသည်။ ယင်းနေရာတွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ချင်းညီနောင်တပ်ဖွဲ့က တိုက်ထုတ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်သုံ့ပန်းတချို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။ ယင်းတိုက်ပွဲတွင် ချင်းညီနောင်တပ်ဖွဲ့ဝင်များသည် အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု PDF – Zoland က ထုတ်ပြန်သည်။ စစ်ကော်မရှင်တပ်သည် တီးတိန်မြို့၏ လူအဝင်အထွက်ကို ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သောကြောင့် ယင်းအဝင်ဂိတ်ကို ချင်းညီနောင်တပ်ဖွဲ့က ပြန်လည်သိမ်းယူနိုင်ရေး တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။ PDF – Zoland ၏ ထုတ်ပြန်ချက်တွင် စစ်သုံ့ပန်း…
(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇောင်ကောင်ရွာတွင် ယာယီတပ်စွဲထားသော ချင်းတော်လှန်ရေးတပ်ဖွဲ့သည် ဖလမ်းသို့ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်၏ စီးနင်းတိုက်ခိုက်ခံရမှုကြောင့် ချင်းတော်လှန်ရေး ရဲဘော် ၄ ဦး ကျဆုံးရသည်ဟု သိရသည်။ နိုဝင်ဘာလ ၂၆ ရက် မနက် ၃ နာရီခန့်တွင် သိုင်းငင်းရွာမှ ဆုတ်ခွာထားရသော CDF – CDM Siyin တပ်ဖွဲ့သည် ဇောင်ကောင်ရွာဝန်းကျင်တွင် နေရာယူထားစဉ် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ဝိုင်းပြီး စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု CDF – CDM Siyin တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဒီကီက ပြောသည်။ “၂၆ ရက်နေ့ နံနက် ၃ နာရီလောက်မှာ အလုံးခံရတဲ့ တိုက်ပွဲမှာပါ။ သူတို့က အင်အားအလုံးအရင်းနဲ့ ဇောင်ကောင်ကို ဝိုင်းလာပြီး ပစ်ကြတာပါ။ အဲဒီနေရာမှာ ကျနော်တို့ ရဲဘော် ၄ ယောက်က ပါသွားပါတယ်။ တီးတိန်ကနေ ထွက်လာတဲ့ စစ်ကြောင်းက သိုင်းငင်း ရောက်တဲ့အခါမှာ ကလေးကနေ တက်လာတဲ့ မွာလ်ပီးမှာ သောင်တင်နေတဲ့ စစ်ကြောင်းက သိုင်းငင်းကို ပေါင်းလာပြီးတော့မှ အဲဒီကနေ ဖလမ်းဘက်ကို တဖြည်းဖြည်းချင်းနဲ့ စစ်ကြောင်းထိုးလာတာပါ။ ကျနော်တို့က လောလောဆယ် ယာယီသိုင်းငင်းကနေ ဆုတ်ရတဲ့အချိန်မှာ ကျနော်တို့က ဇောင်ကောင်ရွာဝန်းကျင်မှာ ခဏ နေရာယူတာပေါ့နော်”ဟု ဆလိုင်း ဒီကီက ပြောသည်။ ကျဆုံး ရဲဘော်များ၏ အလောင်းကို ပြန်လည် ရယူနိုင်ခြင်း မရှိသေးကြောင်း၊ ယနေ့ နိုဝင်ဘာလ ၂၈ ရက်တွင် တိုက်ပွဲများ…
ချုံကျုံးရွာနဲ့ မလှမ်းမကမ်းမှာ ကင်းထောက်ဖို့ တာဝန်ကျတဲ့ ဒယ်နီရယ်ထန်းတစ်ယောက် မနက် မှောင်ရီဝိုးတဝါးအချိန်မှာ သူငယ်ချင်းနှစ်ယောက်နဲ့အတူ စခန်းကနေ ထွက်လာခဲ့ပါတယ်။ လသာတဲ့ညဖြစ်ပေမယ့် သစ်ပင်အရိပ်တွေကြောင့် လမ်းတစ်လျှောက်ဟာ မှောင်မည်းနေပြီး လရောင်က ဟိုတစ်ကွက် ဒီတစ်ကွက်သာ ထိုးဖောက်ကျနေပါတယ်။ အလင်းနောက်ကိုလိုက်ရင်း အရှေ့ကသွားနေတဲ့ သူငယ်ချင်းရဲ့ ခြေလှမ်းအတိုင်း ဂရုတစိုက်နဲ့ နောက်ကနေ သူ လိုက်ပါလာခဲ့တယ်။ ဒါပေမယ့် အလင်းကိုရှောင်ပြီး အမှောင်ဘက်ကို လှမ်းလိုက်တဲ့ ခြေတစ်လှမ်းမှာတော့ “အုံး” ခနဲ အသံနဲ့အတူ အထိတ်တလန့်နဲ့ ကြောက်အားလန့်အား ထွက်ပြေးခဲ့ပေမယ့် ဒယ်နီရယ်ကတော့ မြေပြင်ပေါ် လဲပြိုကျခဲ့ရပါပြီ။ “ကျနော့် ညာဖက်ခြေထောက် မရှိတော့ဘူး” ဂျိုင်းထောက်ကို ဘေးမှာ ချထားရင်း ခပ်ပြတ်ပြတ်လေသံနဲ့ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို အသက် ၂၀ နှစ်အရွယ် လူငယ်လေး ဒယ်နီရယ်ထန်းက ပြန်ပြောပြနေတာပါ။ ၂၀၂၃ ခုနှစ် မေလအတွင်းမှာပဲ ချင်းပြည်နယ်၊ ဟားခါး-ထန်တလန် သီးမြစ်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ သီးမြစ် တိုက်ပွဲ စစ်ဆင်ရေးအပြီး အပြန် ချွန်ကျုံးရွာမှာ စစ်ကူဖို့အတွက် သွားရောက်ခဲ့ရင်း ၃ ရက်မြောက်နေ့မှာတော့ ကင်းထောက်ဖို့သွားတဲ့ ဒယ်နီရယ်ထန်းဟာ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံခဲ့ရတာပါ။ သူဟာ စစ်တပ် အာဏာစသိမ်းချိန်က ၁၀ တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ကိုဗစ်ကြောင့် ကျောင်းတွေပိတ်ချိန်မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့က သူရဲ့ဇာတိကျေးရွာကိုပြန်ကာ အဘိုးအဖွားတွေရဲ့ တောင်ယာလုပ်ငန်းကို ဝိုင်းကူလုပ်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့သူတစ်ဦးပါ။ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ချင်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေ စတင်ချိန်မှာတော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီး ရှေ့တန်းမှာ သက်စွန့်စံဖျားတိုက်ခိုက်ရင်း…
(004SS) မလေးရှားတွင် ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဥ် (DPP) ကို လာမည့်နှစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှစတင်၍ အကောင်အထည်ဖော်မည်ဟု ဒုပြည်ထဲရေးဝန်ကြီး Shamsul Anuar Nasarah က ကြေညာခဲ့ကြောင်း Alliance of Chin Refugees ၏ဖော်ပြချက်အရ သိရသည်။ ဤအစီအစဥ်သည် နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန်၊ ဒေတာကွာဟချက်များကို ဖြေရှင်းရန်နှင့် လက်ရှိ UNHCR ၏ ဒုက္ခသည်များ မှတ်ပုံတင်ခြင်းစနစ်ကို အစားထိုးရန် ရည်ရွယ်ပြီး နိုင်ငံတော်လုံခြုံရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက် မည်ဟု ဒုဝန်ကြီးက ရှင်းပြခဲ့ကြောင်း သိရသည်။ DPP အစီအစဥ်အရ ဒုက္ခသည်များ၏ အချက်အလက်များနှင့် လက်ဗွေစသည့် ဇီဝမှတ်တမ်းများ ကို စနစ်တကျ မှတ်တမ်းတင်သိမ်းဆည်းသွားမည့်အပြင် အစိုးရမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုသူများကို တရားဝင်အထောက် အထားစာရွက်စာတမ်းများ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဒုဝန်ကြီး Shamsul Anuar Nasarah က အစိုးရပါဝင်မှုမရှိဘဲ UNHCR မှ မိမိဘာသာ ဒုက္ခသည်များမှတ်ပုံတင်ခြင်း သည် နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေသည် ဟု ထောက်ပြခဲ့ပြီး DPP အစီအစဥ်သည် အစိုးရအနေဖြင့် ဒုက္ခသည်များကို ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်ရန်အတွက် ရှင်းလင်းတိကျသော အချက်အလက်များနှင့် ဇီဝမှတ်တမ်း များကို ရရှိစေမည်ဟုလည်း အလေးပေးပြောကြားခဲ့ကြောင်း ACR က ဖော်ပြထားသည်။ DPP အောက်ရှိ ဒုက္ခသည်များ၏ အချက်အလက်များကို ၎င်းတို့ တတိယနိုင်ငံသို့ ပြောင်းရွှေ့သည့်အချိန်၊ နေရပ်ပြန် သည့်အချိန် သို့မဟုတ် အစိုးရမှ…
(006SV) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး တာဝန်ယူထားသူ ဒေါက်တာ ဆာဆာသည် အစိုးရအဖွဲ့မှ နုတ်ထွက်ရန် တင်ပြထားကြောင်း NUG အစိုးရအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “ဒေါက်တာ ဆာဆာအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ဌာန ပြည်ထောင်စု ဝန်ကြီးတာဝန်ကနေ နှုတ်ထွက်ဖို့ တင်ပြထားတာ ရှိပါတယ်။ ဒီနှုတ်ထွက်မှုကို NUG ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတာဖြစ်တယ်။ အဲတော့ NUG ပြုပြင်ပြောင်းလဲရေးကတော့ on the process ပေါ့နော်၊ လုပ်ငန်းစဉ်ထဲ လုပ်ကိုင်ဆောင်ရွက်နေတုန်းပဲ ရှိတဲ့အတွက်ကြောင့် ဒီလုပ်ငန်းစဉ် ပြီးဆုံးတဲ့ အချိန်ကြရင်တော့ သက်ဆိုင်ရာ အစုအဖွဲ့ကနေ အများပြည်သူ သိအောင် ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြောသည်။ NUG အစိုးရက ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသော အစိုးရသစ်အဖွဲ့တွင် ဒေါက်တာ ဆာဆာသည် ပါဝင်တော့မည် မဟုတ်ကြောင်း သိရသည်။ NUG အစိုးရအဖွဲ့ထံသို့ နုတ်ထွက်စာကို စက်တင်ဘာလကတည်းက ဒေါက်တာဆာဆာက တင်ထားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ခေါ်နုမ်းသုန်အနေဖြင့် သီးခြားအတည်ပြုချက် မရသေးပါ။ NUG အစိုးရအဖွဲ့ကို ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန ၁၇ ခု ဖွဲ့စည်းထားပြီး ဝန်ကြီး ၁၆ ဦးနှင့် ဒုဝန်ကြီး ၁၇ ဦးတို့ဖြင့် လည်ပတ်ဆောင်ရွက်နေရာ နွေဦးတော်လှန်ရေး ၅ နှစ် ရှိလာချိန်တွင် NUG အစိုးရအဖွဲ့ကို ကျစ်လစ်စွာ ပြန်လည်…
(004SS) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သည် နိုင်ငံတစ်ဝှမ်းရှိ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအား နှစ်ပါတ်ကြာ ရလဒ်များ စောင့်ကြည့်လေ့လာရေး (Results Monitoring Survey – RMS) RMS စစ်တမ်းကောက်ယူမည်ဟု နိုဝင်ဘာလ ၂၄ ရက်နေ့က ကြေညာသည်။ RMS စစ်တမ်းကောက်ယူခြင်းလုပ်ငန်းစဉ်ကို UNHCR ၏ မိတ်ဖက်ဖြစ်သည့် SATTVA Consulting က အဓိကတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ဖြန်မှစ၍ ၂ ပါတ်ကြာ ကောက်ယူသွားမည် ဖြစ်သည်။ UNHCR ၏ လုပ်ငန်းစဉ် အားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် RMS စစ်တမ်းကို ကောက်ယူခြင်းဟု သိရပြီး ၎င်းတို့ပေးအပ်ခဲ့သော အကူအညီ/ ဝန်ဆောင်မှုများအပေါ် အိန္ဒိယနိုင်ငံတစ်ဝန်းရှိဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်း ခံသူများ၏ တုန့်ပြန်မှု (feedback) များကို တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ မေးမြန်းသွာ မည်ဟု ကြေညာထားသည်။ UNHCR ဘက်မှ စစ်တမ်းတွင် ပါဝင်ဖြေကြားရန်အတွက် နိုင်ငံတစ်ဝှမ်းရှိ ဒုက္ခသည်များကို ကျပန်းရွေးချယ်သွားမည်ဟု သိရသည်။ ထို့အပြင် ဒုက္ခသည်များအနေဖြင့် စစ်တမ်းတွင် ပါဝင်ရန် ငြင်းပယ်ပိုင်ခွင့် အပြည့်အဝရှိသလို ဖြေဆိုသူများ၏ လျှို့ဝှက်ချက်များကိုလည်း အပြည့်အဝထိန်းသိမ်းရန် အာမခံပေးထားကြောင်း အလေးပေးဖော်ပြထားသည်။ UNHCR နှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများမှ ပေးအပ်သော ဝန်ဆောင်မှုအားလုံးသည် အခမဲ့ ဖြစ်ပြီး မလျော်ကန်သော အပြုအမူများ (ငွေကြေးတောင်းခံခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ) ကြုံတွေ့ရပါက…
