Author: Editor

(004SS) အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် နယူးဒေလီ မြို့ရောက် မြန်မာအင်အားစုများက မနက်ဖြန် မေလ ၂၉ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။ အဆိုပါဆန္ဒဖော်ထုတ်မှုကို မေလ ၂၉ ရက် (သောကြာနေ့) ညနေ ၄ – ၆ နာရီအထိ နယူးဒေလီမြို့၊ ဂျန်တာမန်တာတွင် ပြုလုပ်သွားမည်ဖြစ်သည်။ ဆန္ဒပြပွဲပါဝင်မည့်သူများအနေဖြင့် Budella park နှင့် C1 bus stand တွင် မနက်ဖြန်ညနေပိုင်း ၂ နာရီ ခွဲ အရောက် ကြိုတင်ရောက်ရှိရမည် ဖြစ်သည်။ ယင်း ဆန္ဒဖော်ထုတ်မှုကို နယူးဒေလီအခြေစိုက် Burma House-New Delhi အဖွဲ့က ဦးဆောင်၍ အိန္ဒိယအစိုးရထံ တရားဝင်ခွင့်ပြုချက်တင်ပြကာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လူမျိုးတုန်းသတ်ဖြတ်သူ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ် ကန့်ကွက်ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံသားများအားလုံး ပူးပေါင်းပါဝင်ကြရန် အဆိုပါအဖွဲ့က တိုက်တွန်းထားသည်။ “ကျွန်တော်တို့ အားလုံးအခွင့်အရေးအတွက် နောက်ဆုံးအခွင့်အရေးကို လက်လွတ်မခံကြပါနဲ့၊ အားလုံးပူးပေါင်း ပါဝင်ပေး ကြပါ”ဟု Burma House-New Delhi အဖွဲ့ကဖော်ပြထားသည်။ မိမိကိုယ်ကို သမ္မတအဖြစ် ခန့်အပ်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မေလ ၃၁ ရက်နေ့ တနင်္ဂနွေနေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိလာမည်ဟု သိရပြီး ယင်းသည် သမ္မတရာထူး ရယူခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံးသော ပြည်ပခရီးစဉ်ဖြစ်သည်။ မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်နှင့်ပတ်သက်၍ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယနေ့မေလ…

Read More

ပေါက်ကွဲစေတတ်တဲ့ တိုက်ပွဲကြွင်းကျန်ပစ္စည်းတွေဆိုတာဘာလဲ? ဘာကြောင့် အဲဒါတွေကို သိရှိဖို့ အထူးအရေးကြီးတာလဲ? ပေါက်ကွဲစေတတ်သည့် တိုက်ပွဲကြွင်းကျန်ပစ္စည်းများ (Explosive Remnants of War – ERW) ဆိုတာ တိုက်ပွဲများအတွင်း အသုံးပြုခဲ့သော်လည်း မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ၎င်းတို့မှာ ဘာတွေလဲ? ၁။ မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများ (UXO) UXO အမျိုးအစားများ ၂။ စွန့်ပစ်ခဲယမ်းများ (AXO)

Read More

(006SV) အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့ ဖျက်စီးခဲ့သော ဆေးရုံ၊ စာသင်ကျောင်း၊ အစိုးရ ဌာနများနှင့် ဘာသာရေး အဆောက်အအုံများကို အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်သွားမည်ဟု အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရ ခေါင်းဆောင်က ပြောသည်။ ယင်းသို့ ပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သော ဆောက်လုပ်ရေးပစ္စည်များကို ပို့ဆောင်ပေးနေပြီး ဆေးရုံးများနှင့် စာသင် ကျောင်းများကို ဦးစားပေး ပြုပြင်သွားမည်ဟု စစ်အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ မေလ ၂၆ ရက်က ပြုလုပ် သည့် ၎င်းတို့စစ်အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့သည်။ စစ်တပ်က ၎င်းတို့ တိုက်ခိုက်ဖျက်စီးခဲ့သော ဈေးနှင့် အခြားရုံးဌာနအဆောက်အဦးများကိုလည်း ပြည်လည်ပြင်ဆင် သွားမည်ဖြစ်ပြီး စစ်အစိုးရ၏ ချင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တခြားတိုင်းနှင့်ပြည်နယ်များက ကူညီဆောင်ရွက်ပေးရမည်ဟုဆို သည်။ ဖလမ်း၊ တွန်းဇံ၊ တီးတိန်မြို့တို့ ပြန်လည် တည်ဆောက်ရေးအတွက် ဘိလတ်မြေ ၁၀ တန်၊ အမိုးသွပ် ၁၀ တန်၊ သွပ်ရိုက်သံ ၁၂၃ ပိဿာကျော်နှင့် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေ ကျန်းမာရေးသုံး ပစ္စည်းများ ပါဝင်သော ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း ၃ တန်ကျော်တို့ကို မန္တလေး၊ နေပြည်တော်မှ တဆင့် ကလေးမြို့သို့ မေလ ၂၄ ရက်က ပို့ဆောင်ခဲ့သည်ဟု စစ်တပ်အာဘော်သတင်းစာများကထုတ်ပြန်သည်။ အဆိုပါဆောက်လုပ်ရေးပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းတချို့သည် ကလေးမြို့မှ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ရာတွင် မေလ ၂၆ ရက် ညနေပိုင်းမှာ ဖလမ်းမြို့သို့ ရောက်ရှိသည်ဟု သိရသည်။…

Read More

ကျောင်းထိုင်ဘုန်းကြီး ၁ ပါး၊ စိတ်မကျန်းမာသူ အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၆ ဦး သတ်ဖြတ်ခံရဟု ဆို (006SV) ချင်းပြည်နယ်တောင်ပိုင်းနှင့် ယောဒေသတောင်ပိုင်းသို့ အာဏာသိမ်းစစ်တပ် အင်အားထောင်ချီဖြင့် ထိုးစစ်ဆင် ဝင်ရောက်လာသည့်အတွက် ဒေသခံပြည်သူများ လုံခြုံ ဘေးကင်းရာ နေရာများကို အမြန်ဆုံး ပြောင်းရွှေ့နေထိုင်ရန် ယောကာကွယ်ရေးတပ် – YDF က ကြေညာသည်။ ရှေ့တန်းစစ်မျက်နှာပြင်များတွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်တပ်စစ်ကြောင်းတို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး တော်လှန်ရေးပူးပေါင်းတပ်များကလည်း အင်အားအလုံးအရင်းဖြင့် ဆက်လက်ခုခံ လျက်ရှိသည်ဟု YDF က ယမန်နေ့ မေလ ၂၅ ရက်က ထုတ်ပြန်သည်။ စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ကူ တောက်လျှောက် ပြုလုပ်၍ စစ်အင်အား ထောင်ချီဖြင့် ချင်းတောင်ပိုင်းနှင့် ယောဒေသကို ထိုးစစ်ဆင်နေပြီး ယောဒေသအတွင်းက မြို့ရွာများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည်ဟု YDF ထံမှ သိရသည်။ “လက်ရှိ ယောဒေသအတွင်းတွင် စစ်တပ်၏ ဖက်ဆစ်အကြမ်းဖက် စစ်ကြောင်းများသည် မြို့ရွာများအတွင် ဝင်ရောက်ပြီး ပြည်သူများအား ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် မတရားအသုံးပြုခြင်း၊ လူငယ်အမျိုးသားများကို အတင်းအကြပ် ဖမ်းဆီး စစ်မှုထမ်းခိုင်းခြင်းနှင့် အမျိုးသမီးများကို အဓမ္မပြုခြင်းများ စသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ကို တွေ့မြင်၊ ကြားသိရပါသည်” ဟု YDF က ထုတ်ပြန်သည်။ ယောဒေသ၊ ကျောက်ထုတိုက်နယ်၊ တပြင်းကျေးရွာမှ မေလ ၂၅ ရက်က ထွက်လာသည့် စစ်တပ်စစ်ကြောင်းသည် ယနေ့…

Read More

(006SV) ချင်းတောင်ပိုင်းရှိ မြို့နှင့် ဒေသများကို ထိုးစစ်ဆင်နေသော အာဏာသိမ်းစစ်တပ်သည် ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့တို့ကို ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ထပ်မံပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မေလ ၂၅ ရက် နံနက် ၅ နာရီခန့်တွင် ကန်ပက်လက်မြို့တစ်နေရာကို စစ်တပ်သည် ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး နံနက် ၅ နာရီခွဲခန့်တွင် ကန်ပက်လက်မြို့နယ်ထဲက တစ်နေရာကို ဂျက်ဖိုက်တာဖြင့် လေကြောင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည်ဟု ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။ မေလ ၂၄ ရက် ညသန်းခေါင်း ၁၁ နာရီ ၄၅ မီနစ်ခန့်ကလည်း ကန်ပက်လက်မြို့တစ်နေရာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်သွားပြီး ၁၁ နာရီ ၅၀ မီနစ်ခန့်တွင် မင်းတပ်မြို့အနီးတစ်နေရာကို စစ်တပ်သည် ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံး ၂ လုံး ထပ်မံ ကြဲချသွားသည်ဟု သိရသည်။ မေလ ၂၄ ရက် နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်မှာလည်း ကန်ပက်လက်မြို့က နေရာများကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ၄ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားပြီး မနက်ပိုင်းမှာ မတူပီမြို့ကို ဂျက်ဖိုက်တာြဖင့် လေကြောင်းဗုံးကြဲမှု ၁၀ ကြိမ်ခန့် ပြုလုပ်သည်ဟု သိရသည်။ ယင်းလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်သေဆုံးမှု၊ ပျက်စီးမှုနှင့် တိုက်ခိုက်မှု နေရာတို့ကို လတ်တလောမှာ အသေးစိတ် မသိရှိရသေးကြောင်း…

Read More

တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်တပ်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေမှုမှာ ၁၀ ရက်ခန့်ရှိပြီဟုဆို (006SV) ချင်းတောင်ပိုင်း မြို့များနှင့် ချင်း- မကွေးအစပ်ရှိ ယောဒေသနှင့် ပုံတောင်ပုံညာဒေသတို့ကို စစ်တပ်၏ ထိုးစစ်ဆင်မှု အား ခုခံတွန်းလှန်ရမည့် စစ်ဆင်ရေးများတွင် ရန်ပုံငွေ ကျပ်သိန်းသောင်းချီ လိုအပ်နိုင်၍ ကူညီထောက်ပံ့၊ ထည့်ဝင်ကြရန် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့ တပ်မတော် (CPU/ CPA) က တိုက်တွန်းနှိုးဆော်သည်။ CDF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား ချင်းတောင်ပိုင်း၊ ယောဒေသနှင့် ပုံတောင်ပုံညာနေရာတို့မှာ စစ်မျက်နှာဖွင့်ထားရပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁၀ ရက်ဝန်းကျင် ရှိပြီဟု CPU/ CPA ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ယနေ့မှာ လူမှုကွန်ယက်မှတဆင့် ရေးသားပြောဆိုသည်။ “CPU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် မြို့တွေက အရပ်ဘက်၊ စစ်ဘက် ပစ်မှတ်တွေကို စကမ အနေနဲ့ မနားတမ်း လေကြောင်းတိုက်ခိုက်မှုလုပ်နေတာတွေကို ကြည့်ရင်လည်း မြေပြင်တိုက်ပွဲတွေ ဘယ်လောက် ပြင်းထန်နေတယ်ဆိုတာ သိနိုင်ပါတယ်” ဟု ကိုယောမာန်က ပြောသည်။ လက်ရှိတွင် အင်အား ၁၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များကို ရှေ့ဆက် မတိုးနိုင်အောင် တားဆီးထားနိုင်သော်လည်း စစ်တပ်သည် နောက်ထပ် စစ်ကူအင်အား ၁၀၀၀ ‌ကျော်ကို ထပ်မံ ဖြည့်တင်းရန် ပြင်ဆင်နေသည့်အတွက် ခုခံတွန်းလှန်းရမည့် စစ်ဆင်ရေးမှာ ကြာရှည်၊ ပြင်းထန်မည့် အခြေအနေဖြစ်နေသည်ဟု သိရသည်။ ချင်းတောင်ပိုင်းနှင့် ချင်း- မကွေးအစပ်တို့က လက်ရှိစစ်ဆင်ရေး ကုန်ကျစရိတ် ပဏာမ…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့အနီးမှာ ချင်းတော်လှန်ရေးတပ်နှင့် အာဏာသိမ်းစစ်တပ်တို့ကြား အပြန်အလှန် ထိုးစစ်ဆင်မှုများဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။ ချင်း- မကွေးအစပ်၊ ဆောဒေသမှတဆင့် ကန်ပက်လက်မြို့သို မေလ ဒုတိယပတ်မှစတင်ပြီး အင်အားအလုံးအရင်းဖြင့် ဒရုန်းပစ်ကူ၊ လေကြောင်းပစ်ကူအများအပြား အသုံးပြု၍ စစ်တပ်က ထိုးစစ်ဆင်လာသည့်အတွက် ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တချို့ထံမှ သိရသည်။ “အဲဒီမှာ တိုက်ပွဲတွေကတော့ ဆက်လက်ပြင်းထန်နေပါတယ်။ အခုတခေါက်မှာ စစ်တပ်ရဲ့ ဒရုန်းတွေက အရင်နဲ့ မတူဘူး။ အတော်ကြောက်စရာကောင်းလာတယ်။ လေကြောင်းတိုက်ခိုက်မှုလည်း အပြင်းအထန် လုပ်တယ်။ အရင်ရက်က ၆ မိုင်ရွာရဲ့အပေါ်ကို တက်လာနိုင်ပြီးတော့ မြတ်နိုးသူကွေ့ကို ကျော်လာတယ်။ ကန်ပက်လက်မြို့ ကြိုဆိုပါ၏ ဆိုင်းဘုတ်နားအထိ စစ်တပ်က ရောက်လာတယ်။ အဲဒါ ချင်းပူးပေါင်းတပ်က ထိုးစစ်ဆင်တော့ ၆ မိုင်ရွာဘက်ကို ပြန်နောက်ရတယ်လို့ ကြားတယ်။ ဒီနေ့ နောက်ဆုံးအခြေအနေကတော့ မသိရသေးဘူး” ဟု ချင်းတောင်ပိုင်းမှ ဒေသခံ စစ်ရေးရင်းမြစ်တစ်ဦးက ပြောသည်။ စစ်တပ်က လက်ရှိမှာ အခိုင်အမာ နေရာယူထားသော ၆ မိုင်ရွာသည် ကန်ပက်လက်မြို့စည်ပင်သာယာနယ်နိမိတ်အရ မြို့ဧရိယာထဲပါဝင်သည့် အိမ်ခြေအနည်းငယ်ရှိသော ကန်ပက်လက်- ဆော လမ်းမအနီးက ရွာဖြစ်သည်ဟု သိရသည်။ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ကန်ပက်လက်မြို့ကို ချင်းညီနောင်အဖွဲ့က ထိုးစစ်ဆင်သိမ်း ပိုက်ခဲ့ပြီးနောက် တစ်နှစ်ခွဲကျော်အကြာမှာ စစ်တပ်က မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် အင်အား ၁၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု သိရသည်။ နှစ်ဖက် မြေပြင်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေရာမှ လက်ရှိတွင် စစ်ကောင်စီတပ်များသည် ကန်ပက်လက်မြို့အနီး…

Read More

(005MK) အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား စီးဆင်းနေတဲ့ တီအိုချောင်း (Tiau Lui) မှာ ချင်းအမျိုးသားတပ်ဦး CNF/CNA က သဲများထုတ်ယူနေသည့်အတွက်ကြောင့်ဟုဆိုကာ မီဇိုရမ်ပြည်နယ် Farkawn ကျေးရွာ မီဇိုးလူငယ်အသင်း (YMA) က ၎င်းတို့ကျေးရွာမှတဆင့် CNF/CNA ဌာနချုပ်သို့ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခွင့်ကို ပိတ်ပင်လိုက်သည်။ Farkawn ကျေးရွာ YMA အနေဖြင့် မြစ်ချောင်းများ ထိန်းသိမ်းသည့်အနေဖြင့် တီအိုချောင်းတွင် သဲထုတ်ယူခြင်းကို တားမြစ်ထားပြီး ယင်းကိစ္စကို CNF/CNA ကိုလည်း အသိပေးထားသော်လည်း တီအိုချောင်းတွင် စက်ကြီးများဖြင့် သဲများထုတ်ယူနေသည့်အပေါ် နားမလည်နိုင်အောင်ဖြစ်ရသည်ဟု မေလ ၂၄ ရက်နေ့က Farkawn YMA က ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် CNA နှင့် သက်ဆိုင်သည့် မည်သည့်ကုန်ပစ္စည်းမျိုးကိုမဆို Farkawn ကျေးရွာမှတဆင့် ၎င်းတို့၏ ဌာနချုပ်ဘက်သို့ သယ်ဆောင်ခွင့်ကို ပိတ်ပင်လိုက်ပြီး၊ ဒေသတွင်းရှိ ကုန်သည်များနှင့် မော်တော်ယာဉ်မောင်းများအနေဖြင့်လည်း လေးစားလိုက်နာကြရန် Farkawn YMA ၏ ထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။ Farkawn YMA ၏ ပိတ်ပင်တားမြစ်ချက်အပေါ် Farkawn ကျေးရွာကစီးပွားဖြစ်ယာဉ်ပိုင်ရှင်များအသင်း (Farkawn Commercial Vehicle Owner Association – FCVOA) ကလည်း ထေက်ခံကြောင်း ထုတ်ပြန်ထားပြီး၊ အဖွဲ့ဝင်များအနေဖြင့် ကုန်ပစ္စည်းများကို လောလောဆယ်တွင် သယ်ဆောင်ခြင်းမပြုကြရန် ထုတ်ပြန်ထားသည်။

Read More

ဗုံးဒဏ်ကြောင့် မွေးကင်းစ ၄ ရက်သား ကလေးငယ်အပါအဝင် ပြည်သူ ၂ ဦးသေဆုံး (002MG) ချင်းပူးပေါင်းတပ် ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေစဉ် ကန်ပက်လက် အပါအဝင် မြို့ ၃မြို့ကို ၁၀ ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ်ပြုလုပ်ခဲ့ပြီး မွေးကင်းစ ကလေးငယ် အပါအဝင် ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်မြို့များကို လေကြောင်းတိုက်ခိုက်မှုများတွင် ဒေသခံပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိနေသကဲ့သို့ လူနေအိမ်များ၊ ဆိုင်ခန်းများနှင့် အစိုးရ အဆောက်အဦး အများအပြား ပျက်စီးဆုံးရှုံးရသည်ဟု ချင်းပြည်သူ့ အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) က မေလ ၁၃ ရက်မှာ ထုတ်ပြန်သည်။မေလ (၁၃) ရက်နေ့တွင် မင်းတပ်မြို့အား ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်၊ မေလ (၁၄) ရက်နေ့ ညနေပိုင်းတွင် မင်းတပ်မြို့အနီးတွင် (၂) ကြိမ်၊ မေလ (၁၆) ရက်နေ့ ညနေပိုင်းတွင် ကန်ပက်လက်မြို့အား လေ ကြောင်းတိုက်ခိုက်မှု (၁) ကြိမ်နှင့် မေလ (၁၈) ရက်နေ့တွင် မင်းတပ်မြို့အား (၁) ကြိမ် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ စစ်ကော်မရှင်သည် မေလ (၁၉) ရက်နေ့တွင် မတူပီမြို့အား လေကြောင်းတိုက် ခိုက်မှု (၂) ကြိမ်ပြုလုပ်ခဲ့ပြီး လေ ကြောင်းတိုက်ခိုက်မှု ပေါက်ကွဲသံနှင့်တုန်ခါမှုများ ကြောင့် မွေးကင်းစ…

Read More

(002MG) ချင်းလဲန်းဒေသသို့ စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းများစွာဖြင့် အဖက်ဖက်မှ ထိုးစစ်ဆင်လာသောကြောင့် မိဘပြည်သူများအနေဖြင့် လုံခြုံရေးအတွက် ဗုံးခိုကျင်းများ ကြိုတင်ပြင် ဆင်ခြင်းအပါအဝင် ရိက္ခာနှင့် ဆေးဝါးများ လုံလောက်စွာ စုဆောင်းထားကြရန် ဆဲန်ထန်ဗဟိုကောင်စီက ယနေ့မေလ (၂၃) ရက်တွင် သတင်းထုတ်ပြန်သည်။ စစ်ကော်မရှင်သည် ဆဲန်ထန်ဒေသအတွင်းသို့ နည်းမျိုးစုံဖြင့် ဝင်ရောက်ကာ အင်အားဖြည့် တင်းနိုင်သည့် အခြေအနေ များရှိနေသောကြောင့်လက်ရှိအခြေအနေတွင် အမျိုးသားရေးအရ အရေးပေါ်အခြေအနေတစ် ရပ်ဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။ ဆဲန်ထန်လက်နက်ကိုင်တပ်ဖွဲ့ (SRF) အနေဖြင့် ဒေသအတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးဆိုင်ရာ စစ်ဆေး မှုများအား ယခင်ထက် ပိုမိုတင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဖော်ပြထားသည်။ ၎င်းအပြင်ဆဲန်ထန်ဗဟိုကောင်စီ ထိန်းချုပ်နယ်မြေအတွင်း ဖြတ်သန်းသွားလာလိုသူများအနေဖြင့် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများ၏ ထောက်ခံစာများ ယူဆောင်လာမှသာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ မိဘပြည်သူများအနေဖြင့် လက်ရှိတော်လှန် ရေးအခြေအနေအရ လုံခြုံရေးနှင့် ဒေသကာကွယ်ရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သောကြောင့် နားလည်ပေးကြရန်နှင့် နောက်ထပ်အမိန့်စာမထုတ်ပြန်မီကာလအ တွင်း ပူးပေါင်း ကူညီဆောင်ရွက်ပေးကြပါရန် ဆဲန်ထန်ဗဟိုကောင်စီကထုတ်ပြန်သည်။

Read More