သတိရှိရှိ သွားလာပါ၊ ဘေးအန္တရာယ် ကင်းအောင်နေပါ၊ ဖုံးကွယ်ထားသော မြေမြုပ်မိုင်းအန္တရယ်များကို သတိပြုပါ။ လူသတ်နင်းမိုင်းနှင့် အစအနထွက်မိုင်း (တိုက်မိုင်း၊ ကြိုးမိုင်း) တို့၏ ကွာခြားချက်ကို သိရှိနားလည်ခြင်းဖြင့် မိမိကိုယ်ကိုနှင့် ကိုယ့်ပတ်ဝန်းကျင်ရှိသူများ၏ အသက်ကို ကယ်တင်နိုင်ပါတယ်။ လူသတ် နင်းမိုင်းနှင့် ဖြာထွက်/ အစအနထွက်မိုင်းအကြောင်း သိရှိနားလည်ပြီး အသက်အန္တရာယ်ကို ရှောင်ရှားကြစို့။ လူသတ်နင်းမိုင်း • မြေကြီးအောက်မှာ မြှုပ်ထားတတ်ပြီး နင်းမိတဲ့အချိန်မှာ အပေါ်ကို တိုက်ရိုက်ပေါက်ကွဲတဲ့ မိုင်းဖြစ်ပါတယ်။• ဒီမိုင်းတွေဟာ ဖိအားပေးမှ ပေါက်ကွဲတဲ့ အမျိုးအစားဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နင်းမိတဲ့အခါ ပေါက်ကွဲတတ်ပါတယ်။ မြေမျက်နှာပြင်အောက် (၁) လက်မကနေ (၂) လက်မအကွာမှာ မြှုပ်ထားတတ်တာကြောင့် သာမန်မျက်စိနဲ့ မမြင်နိုင်ပါဘူး။• ပေါက်ကွဲမှု သဘောသဘာဝ အားဖြင့် ပေါက်ကွဲအားဟာ အပေါ်တည့်တည့်ကို ဦးတည်ပါတယ်။ ခြေထောက်နဲ့ မိုင်း တိုက်ရိုက်ထိကပ်နေတာကြောင့် ခြေဖဝါး ဒါမှမဟုတ် ခြေထောက်ကို ပြတ်ထွက်သွားစေဖို့ ရည်ရွယ်ပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။• သတိထားရမည့် အသွင်အပြင် ကတော့ ဒီမိုင်းတွေဟာ သေးငယ်ပြီး သာမာန်မျက်စိဖြင့်သော်လည်ကောင်း၊ မိုင်းရှာစက်ဖြင့်သော်လည်ကောင်း ရှာလို့မရအောင် ပြုလုပ်ထားတာ များပါတယ်။ ပုံသဏ္ဍာန်ကတော့ ငါးသေတ္တာဘူးအသေး၊ ဖိနပ်တိုက်ဆေးဘူးအရွယ်အစားလိုမျိုး ရှိတတ်ပါတယ်။ မြေကြီး ဒါမှမဟုတ် မြက်ခင်းတွေနဲ့ ရောနှောနေအောင် ဝေခွဲရခက်တဲ့အရောင်နဲ့ လူအများသိချင်သည့်အရောင်များဖြင့်လည်း အသုံးပြုတတ်ပါတယ်။ ဉပမာ – အစိမ်းရောင်၊ အညိုရောင်နဲ့ အမည်းရောင်တွေကို အသုံးများပါတယ်။ လူသတ် ဖြာထွက်/အစအနမိုင်း • ဖြာထွက် ဒါမှမဟုတ် အစအနထွက်မိုင်းပါ။ ပေါက်ကွဲတဲ့အခါ အထဲမှာ လူကိုထိခိုက်စေဖို့ထည့်ထားတဲ့ သံတိုသံစတွေက…
Author: Editor
(006SV) ချင်းတောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များကို အာဏာသိမ်းစစ်တပ်က အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေစဉ် ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့ကို လေကြောင်းဗုံးကြဲမှု ပိုမိုပြင်းထန်စွာ ပြုလုပ်လာနေပြီး နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှု အများအပြား ရှိနေကြောင်း သိရသည်။ ယနေ့ဇွန်လ ၈ ရက် မနက်ပိုင်းမှာပင် မင်းတပ်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုအများအပြား ပြုလုပ်ခဲ့ပြီး နံနက် ၁၀ နာရီခွဲခန့်မှ ၁၁ နာရီ ၁၅ မီနစ်အထိ မင်းတပ်မြို့အရှေ့ခြမ်းနေရာများကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ၃ ကြိမ် လေကြောင်းတိုက်ခိုက်ရာ ဗုံး ၆ လုံး အသုံးပြုခဲ့သည်ဟု မင်းတပ်မြို့ဒေသခံထံမှ သိရသည်။ ယင်းအချိန်မှာပင် Y- 12 ဗုံးကြဲလေယာဉ်ဖြင့် ဗုံးများကို ၄ လုံးတစ်တွဲ၊ ၅ လုံးတစ်တွဲနှင့် ၉ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးပေါင်း ၄၀ ကျော်အထိ အသုံးပြုကြောင်း မင်းတပ်မြို့ဒေသခံ ကိုဟာကလေးထံမှ သိရသည်။ ယနေ့ မနက် ၇ နာရီခွဲခန့်ကလည်း မင်းတပ်မြို့အရှေ့ခြမ်း တစ်နေရာကို ဂျက်ဖိုက်တာ ၂ စီးမှ ၃ ကြိမ် လေကြောင်းတိုက်ခိုက်ရာ ဗုံး ၆ လုံး အသုံးပြုခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဇွန်လ ၇ ရက်၊ နံနက် ၁ နာရီခန့်မှာလည်း မင်းတပ်မြို့ပေါ်ကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး မြို့ပေါ်နေအိမ် ၁၀…
(004SS) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အကြွေးကိစ္စဖြင့်တိုင်ကြားခံရမှုကြောင့် CDF-Thantlang က ဖမ်းဆီးထိန်း သိမ်းထားသည့် ၎င်းတို့တပ်ဖွဲ့ဝင်ဟောင်း ကိုထောင်ကျင်းသည် အချုပ်ခန်းထဲတွင် သံသယဖြစ်ဖွယ်သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု စုံစမ်း သိ ရှိရသည်။ ထန်တလန်မြို့နယ် ထိန်ဟွာလ်းရွာသား အသက် ၃၈ နှစ်အရွယ် ကိုထောင်ကျင်းသည် ဇွန်လ ၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် ၎င်းတို့ရွာရှိ အသိအိမ်တွင် အလည် ရောက်နေစဉ် CDF-Thantlang ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်နေ့ ဇွန်လ ၂ ရက်နေ့ မနက် ၇ နာရီတွင် အချုပ်ခန်းအတွင်း၌ ကြိုးဆွဲချအနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟုသိရသည်။ “ထောင်ကျင်းကို ခေါ်သွားကြပြီးစခန်းရောက်တော့ စစ်ဆေးမေးမြန်တယ်၊ ခါးအောက်ပိုင်း တုတ်နဲ့ရိုက်စစ်ခဲ့တယ်လို့ ပြောပါတယ်။ အဲလိုနဲ့ညအိပ်ကြပြီးတော့ နောက်နေ့ မနက် ၇ နာရီမှာ ကြိုးဆွဲချသွားတယ်ဆိုပြီး အကြောင်းကြားလာပါ တယ်။ CDF ဘက်ပြေပုံအရ ခါးပတ်ကြိုးနဲ့ ကိုယ့်ကိုယ်ကိုယ်ဆွဲချတာလို့ ပြောတယ်။ ကျွန်တော်တို့ ရောက်သွားတော့လည်း ကြိုးဆွဲချလျက်အခြေအနေကို ကိုယ်တိုင်မမြင်ရပါဘူး။ ကုတင်ပေါ် ပက်လက်တင်ထားတဲ့ အလောင်းကိုပဲ လွှဲပေးပါတယ်။ သူတို့ ဓါတ်ပုံရိုက်ထားလို့ ပြပေးပါတယ်။ ပုံမှာ ဒူးကွေးလျက် ကြမ်းပြင်မထိယုံ ခြေမလွတ်တဲ့ အနေအထား ဖြစ်နေပါတယ်။ သူ့ရဲ့ နှာခေါင်း၊ ပါးစပ်၊ ရင်ဘတ်နဲ့ ပေါင်တွေမှာပါ သွေးတွေ ပေကျံနေတာပါ။ နောက် ကြိုးဆွဲချတဲ့ကြမ်းပြင်မှာလဲ သွေးတွေ ကျန်နေခဲ့ပါတယ်။ ကျွန်တော်တို့အဖြစ်မှန်ကိုမသိရပါဘူး ဒါပေမဲ့ အားလုံးက ပြင်းပြင်းထန်ထန် ရိုက်နှက်စစ်ဆေးရာကနေ သေဆုံးတာလားလို့ ယူဆနေပါတယ်။…
(004SS) အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် ဒေသခံပြည်သူများ သာရေး၊ နာရေး၊ စားနပ်ရိက္ခာသယ်ယူရေးအတွက် အဓိက အသုံးပြုနေသည့် မဏိပူရမြစ်ကူး မံဆောင်းတံတားသည် ဇွန်လ ၇ ရက် နံနက်အစောပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သိရသည်။ မံဆောင်းတံအနီး Lamzang ကျေးရွာ ZYA အဖွဲ့၏ ဖော်ပြချက်အရ ဇွန်လ ၇ ရက် နံနက် ၄:၃၀ နာရီဝန်းကျင်တွင် ပြင်း ထန်သော ပေါက်ကွဲသံ ထွက်ပေါ်ခဲ့ပြီး ပတ်ဝန်းကျင်ရှိ နေအိမ်များပါ တုန်ခါသွားခဲ့ကြောင်း ဖော်ပြထားသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လိုင်တွီး (Laitui) လမ်းဘက်သို့ ဆိုင်ကယ်တစ်စီး မောင်းနှင်ထွက်ပြေးသွားသည်ကို ဒေသခံများက တွေ့ရှိခဲ့ကြကြောင်း ဆိုသည်။ မံဆောင်းတံတားသည် အောက်ခြေတိုင်များ မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး တံတားတိုင်အောက်ခြေ ကွန်ကရစ် အစိတ်အပိုင်းအချို့ ပျက်စီးသွားသော်လည်း တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားခြင်း မရှိဘဲ ကြံ့ခိုင်မှု ရှိနေသေး သည့်အတွက်ကြောင့် လက်ရှိအချိန်တွင် ပြည်သူများ ယာယီဖြတ်သန်း သွားလာနိုင်ဆဲ ဟု သိရသည်။ PDF-Zoland တာဝန်ရှိသူတစ်ဦးက “ ဒီတံတားက NLD အစိုးရလက်ထက်တုန်းက လုပ်တဲ့ဟာဖြစ်တယ်။ တစ်ပိုင်း တစ်စပဲပြီးတယ်။ ဟိုဘက် ရိဒ်ဘက်တစ်ဘက်ကမ်း မရောက်သေးဘူး။ အဲဒီဟာကို ကျွန်တော်တို့ ဆက်ပြီးမှ ကားသွား လို့ရအောင်လုပ်ထားတာပေါ့လေ၊ ပြည်သူလူထုအတွက် သာရေး၊ နာရေးမှာ အသုံးပြုလို့ရအောင်၊ မိုးတွင်းမှာ စားနပ်ရိ က္ခာသယ်ယူရေး အဆင်ပြေအောင်ဆိုပြီး ကားကူးလို့ရအောင် ပြုပြင်ထားတဲ့ဟာပါ။ လက်ရှိလဲ ပြုပြင်နေတုန်းပဲ။ အပေါ်ပိုင်းကိုပေါ့နော် ” ဟု ပြောသည်။ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင်…
မင်းတပ်၊ ကန်ပက်လက် စစ်မြေပြင်က စစ်တပ်ထိုးစစ်လန်ကျအောင် အားထုတ်ရန် အခွင့်အရေးအရှိဆုံး နေရာဟု CPA ဆို (006SV) အာဏာသိမ်းစစ်တပ်က ချင်းတောင်ပိုင်း၊ မင်းတပ်၊ ကန်ပက်လက်မြို့များကို စစ်ကြောင်းထိုးတိုက်ခိုက်ရာတွင် စုစည်း ထိုးစစ်ဆင်ခြင်းမျိုး မဟုတ်ဘဲ စစ်အင်အားထောင်ချီဖြင့် တစ်မိုင်ကျော်ခန့် ဖြန့်ကျက်၊ ဝိုင်းပတ်၍ ထိုးစစ်ဆင်တိုက်ခိုက် နေကြောင်း သိရသည်။ ချင်းတောင်ပိုင်းစစ်ရေးအခြေအနေနှင့်ပတ်သက်၍ ဇွန်လ ၆ ရက်က ပြုလုပ်သော ချင်းညီနောင် (CB) အထူးရန်ပုံငွေပွဲတွင် ယင်းကဲ့သို့ ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) မှ အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောသည်။ “လူအင်အားကလည်း ကန်ပက်လက်ကို ထိုးတယ်၊ မင်းတပ်ကို ထိုးတယ်ဆိုတာမှာ အရင်တုန်းကလို ထိုးတာ မဟုတ်ပဲနဲ့ ဖြန့်ကျက်လိုက်တာပါ။ သူတို့ ထိုးစစ်ထိုးတဲ့ ပုံစံက ကန်ပက်လက်ကိုပဲ ထိုးထိုး၊ မင်းတပ်ကိုပဲ ထိုးထိုး၊ တစ်ကြောင်း မထိုးပဲနဲ့ ဖြန့်လိုက်တဲ့ ဟာကကိုပဲ တစ်မိုင်စာ၊ နှစ်မိုင်စာလောက်ကို လူတွေကို ဖြန့်ကျက်လိုက်ပြီးမှ နည်းနည်းချင်းစီနဲ့ ဝိုင်းပြီး ထိုးတက် ကြတာပါ။ ခံစစ်လုပ်တဲ့ လူကလည်း သူတို့ ဖြန့်တဲ့အထိ ပြန်ဖြန့်နိုင်ရတာပေါ့နော်။ အဲလိုနေရာတွေမှာတော့ အခက်အခဲ ရှိတာပေါ့။ အဓိကက သူတို့က လူအင်အား သုံးနိုင်တာရယ်၊ လက်နက်ကျည်အင်အား သုံးနိုင်တာတယ်” ဟု ဆလိုင်းယောမာန်က ပြောသည်။ စစ်တပ်စစ်ကြောင်းများသည် ယခင်ကထက် ပိုမို ကြမ်းတမ်း၊ မိုက်ရူးရဲဆန်ခြင်းကို တွေ့မြင်လာရပြီး ဒေသအတွင်း မဲမဲမြင်ရာ အကုန်လုံးကို မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း၊ စစ်တပ်၏ တပ်ဖွဲ့ဝင်များနှင့်…
(002MG) အိန္ဒိယ – မြန်မာနယ်စပ်ကိုဆက်သွယ်သည့် ကလေး – တမူးကားလမ်းကို စစ်ရေးအခြေအနေကြောင့် ယနေ့ဇွန်လ (၈) ရက်မွန်းလွဲပိုင်းမှစတင်ကာ ယာယီပိတ်လိုက်ပြီဟု သိရသည်။ ကလေးမြို့ဒေသခံတဦးက “ဒီနေ့ နေ့လည်က စစ်ကောင်စီရဲ့ ဆည်ကြီးဂိတ်ကနေရောပိတ်လိုက်ပြီ လမ်းတွေကို တမူးဖက်က ရော၊ ကလေးဖက်ကရော။ လေ့ကျင့်ရေး (၁၀) စခန်းကြီးဖက်ကနေရော စစ်ကြောင်း ညှပ်ထိုးနေပြီ လို့ကြား တယ်။ လောလောဆယ်အခြေအနေတော့။” ဟု ပြောသည်။ စစ်အစိုးရသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယ – မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေးများ ပုံမှန်အခြေအနေပြန်ဖြစ်လာရန် ဦးစားပေးဆောင်ရွက်သွားမည်ဟု ပြောဆိုပြီးနောက် ရက်ပိုင်းအတွင်း က လေး-တမူး ကားလမ်းပိုင်းအား ပြန်လည်ရရှိနိုင်ရန် အင်အားအများ အပြားဖြင့် ခမ်း ပတ်မြို့ဖက်သို့ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ ကလေး- တမူး ကားလမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့သည် တကျော့ပြန် နှစ်ဘက်ညှပ် ထိုးစစ်ဆင်လာ သောကြောင့် တမူးမြို့နယ် အပါအ ဝင် ကာနန်၊ ဘုတ်ကန် ကျေးရွာနှင့် ခမ်းပတ်မြို့ရှိ ဒေသခံပြည်သူအများစုသည် အိန္ဒိယနယ်စပ် နှင့် ကလေးမြို့ ဘက်သို့ အရေးပေါ် စစ်ဘေးတိမ်း ရှောင်နေကြရသည်ဟု သိရသည်။ ခမ်းပတ်ဒေသခံအမျိုးသမီးတဦးက “စစ်ကြောင်းထိုးမယ်သတင်းကြားတော့ တချို့က ပြီးခဲ့တဲ့တပတ် ကတည်းက ကြိုပြီး ကလေးမြို့ကိုပဲ လာရှောင်ကြတာပါ။ ဒီနေ့လည်း ထပ်ထပ်ပြီး ခမ်းပတ်၊နန်းခေါက် ခေါက်၊ ကနန် ဖက်ကတွေလည်း ရောက်လာကြတယ်။ နေ့လည်ပိုင်းတော့ ကားလမ်းပိတ်လိုက်ပြီဆို တော့ တချို့က လမ်းတဝက်မှာ ပိတ်မိသွားကြတယ်။အခုလောလောဆယ်တော့ ဘုရားကျောင်းမှာ စုပြီး တော့နေကြတုန်းပဲ။”…
(005MK) မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်တွင် မြန်မာနိုင်ငံသား ၃ ဦးထံမှ ကာလပေါက် ဈေး ရူပီး ၁ ဒသမ ၆၉ ကုဋေခန့် တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြား (Methamphetamine) အမြောက်အမြားကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ ကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်က ကျန်ဖိုင်းရဲတပ်ဖွဲ့နှင့် YMA (Sub. Headquarters YMA, Champhai) တို့ ပူးပေါင်း၍ Khankawn စစ်ဆေးရေးဂိတ်အနီးရှိ Chhungte ရွာအပြင်ဘက်၌ မသင်္ကာဖွယ်ဆိုင်ကယ် ၂ စီးကို ရပ်တန့်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ဆိုင်ကယ် ၂ စီးမောင်းနှင်လာသူများမှာ ကလေးမြို့နယ် ရှားတော(Sadaw) ကျေးရွာနေ အသက် ၂၆ နှစ်အရွယ် Rin Nei Mang နှင့် Khawmawi ကျေးရွာနေ အသက် ၂၁ နှစ်အရွယ် Thang Lui Mang တို့ဖြစ်ကြသည်။ ၎င်းတို့၏ ဆိုင်ကယ်နှစ်စီးကို အသေးစိတ် ရှာဖွေခဲ့သော်လည်း တရားမဝင်မူးယစ်ဆေးဝါးပစ္စည်းများတစ်စုံတစ်ရာ တွေ့ရှိခြင်းမရှိခဲ့ပေ။ သို့သော်လည်း ဆိုင်ကယ်များကို စစ်ဆေးနေစဉ်အတွင်း ကျောပိုးအိတ်ကိုယ်စီလွယ်၍ လမ်းဘေးမှ လမ်းလျှောက်လာသူ လူနှစ်ဦးကို ရဲတပ်ဖွဲ့က ထပ်မံတွေ့ရှိသဖြင့် ချက်ချင်းလိုက်လံဖမ်းဆီးခဲ့ရာ၊ တစ်ဦးမှာ ၎င်း၏ကျောပိုးအိတ်ကို ပစ်ချ၍ တောထဲသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန်တစ်ဦးဖြစ်သူ ကလေးမြို့ တောင်ဖီလာရပ်ကွက်မှ အသက် ၂၀ အရွယ် Stephen Mang Bawi Thang ကို ကျောပိုးအိတ်နှင့်အတူ…
(005MK) စစ်ရေးပဋိပက္ခအခြေအကြောင့် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာရွှေ့ပြောင်းလာသော စစ်ဘေးရှောင်များ စိတ်ဆက်မပြတ် ဝင်ရောက်လာခြင်းသည် ပြည်နယ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma ကပြောဆိုလိုက်သည်။ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ Meghalaya ပြည်နယ် Shillong မြို့တွင်ကျင်းပသည့် အရှေ့မြောက်ဒေသကောင်စီ (NEC) အစည်းအဝေးကို တက်ရောက်လာစဉ်တွင် မြန်မာစစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ အိန္ဒိယမီဒီယာများက မေးမြန်းရာမှာ မီဇိုရမ်ဝန်ကြီးချုပ်က ထိုကဲ့သို့ ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။ “ ပထဝီနိုင်ငံရေးအခြေအကြောင့် ကျနော်တို့ဆီကို အခုတလော နေရပ်စွန့်ခွာလာရသူတွေ အများကြီး ရောက်လာနေ ပါတယ်။ ဘေးကင်းလုံခြုံမှု ရှာဖွေပြီး ထပ်ရောက်လာမယ့်သူတွေလည်း ပိုများလာဖို့ ရှိပါတယ်။ ဒါဟာ ကျွန်တော် တို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနေပါပြီ”ဟု Pu Lalduhoma ကပြောဆိုသည်။ (၇၃) ကြိမ်မြောက် North Eastern Council – NEC ၏ စုံညီအစည်းအဝေးကို ဇွန်လ ၄ ရက်နေ့က Shillong မြို့၌ ကျင်းပခဲ့ကြကာ အိန္ဒိယအရှေ့မြောက်ပြည်နယ် (၈) ခုမှ ဝန်ကြီးချုပ်များနှင့် ပြည်နယ်အတွင်းရေးမှူးများ တက်ရောက်ခဲ့ ကြပြီး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဘက်စုံဖွံ့ဖြိုးစည်ပင်ရေး ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်ဟုသိရသည်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက် စစ်ရေးပဋိပက္ခများကြောင့် မြန်မာပြည်သူများ၊ အထူးသဖြင့် ချင်းလူမျိုးများသည် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ယခုလက်ရှိအချိန်ထိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃ သောင်းကျော်ခန့်ရှိပြီး ချင်းပြည်နယ်တွင် တိုက်ပွဲများတကျော့ပြန်ပြင်းထန်လာခြင်းကြောင့် နောက်ထပ်စစ်ဘေးရှောင်ဝင်ရောက်မှုများလည်း တိုးလာနေ ကြောင်း…
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်း ကျေးရွာ ၃ ရွာက လူငယ်အမျိုးသား၊ အမျိုးသမီး ၄၀ နီးပါးကို Khumi People Front – KPF (ခူမီးတပ်မတော်)/ Khumi National Congress Party – KNCP ဟူ၍ အသစ်ဖွဲ့စည်း ထားသော ခူမီးလက်နက်ကိုင်အဖွဲ့တစ်ခုက ခေါ်ဆောင်သွားကြောင်း ပလက်ဝဒေသခံတချို့ထံမှ သိရသည်။ ဇွန်လ ၂ ရက် ညဉ့်နက်ချိန်တွင် ပလက်ဝမြို့နယ်၊ ဥဿလင်းချောင်းတစ်လျှောက်မှ သာယာကုန်းကျေးရွာ၊ ကျောက် ပလ္လင်ကျေးရွာ၊ ဆတလိုင်ဝကျေးရွာတို့က အသက်မပြည့်သေးသူများအပါအဝင် လူငယ်အမျိုးသား၊ အမျိုးသမီးများကို ခူမီးတပ်မတော် KPF/ KNCP က ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။ “၂ ရက်နေ့ သန်းခေါင်ယံမှာ အဲဒီ ရွာ ၃ ရွာကို တစ်အိမ်တက်၊ တစ်အိမ်ဆင်း ဝင်စီးတာပါ။ သူတို့ရဲ့ စစ်မှုထမ်းဖို့အတွက် ခေါ်တာပါ။ စာရင်းတွေ အကုန်ကောက်သွားတယ်။ စာရင်းကောက်သွားတဲ့ လူတွေကိုလည်း နောက်တကြိမ် ပြန်လာ ခေါ်မယ် ပြောတယ်။ သူတို့ ဖွဲ့စည်းတာကလည်း မကြာသေးဘူးဆိုတော့ ဒီလိုတပ်သားစုဆောင်းမှုက ပထမဦးဆုံး လုပ်လာတယ် ထင်တယ်။ အခု ကျန်တဲ့ ကလေးတွေကို ဘယ်မှ ထွက်ခွင့်မပေးဘူး။ သူတို့ ထွက်သွားရင် အိမ်မှာ ကျန်တဲ့ မိဘတွေကို သူတို့ ခေါ်မယ် ပြောပါတယ်။ ပြီးရင် အိမ်ထောင်ရှင်တွေက အစ၊ နာမည်စာရင်းတွေ ယူသွားတာ ရှိတယ်” ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။ သာယာကုန်းကျေးရွာမှ ၂၀…
(004SS) မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းနိုင်ငံတစ်နေရာတွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့သည့် ချင်းလူငယ် Tg. Pau Lam Kim (ခ) Kimno ၏ သူငယ်ချင်း ၃ ဦးသည် ယနေ့တွင် ကလေးမြို့ရှိ မိသားစုများထံသို့ ဘေးကင်းစွာ ပြန်လည်ရောက် ရှိသွားပြီဖြစ်ကြောင်း သိရသည်။ ၎င်းတို့ ၃ ယောက်သည် ယနေ့ဇွန်လ ၅ ရက်နေ့တွင် ကလေးမြို့ လေဆိပ်သို့ ရောက်ရှိလာကြပြီး စိန့်ပီတာ Munlai ရိုမန်ကက်သလစ် အသင်းတော်မှ တာဝန်ရှိသူများနှင့် အသင်းသူ၊ အသင်းသားများက နွေးထွေးစွာဖြင့် သွားရောက် ကြိုဆိုခဲ့ကြောင်း မိသားစုဝင်အမျိုးသမီးတစ်ဦးထံမှ သိရသည်။ “ကလေးမြို့ကို ဒီနေ့ ဘေးကင်းကင်းနဲ့ ပြန်ရောက်ပါပြီ။ ဒီအထိ ဘေးရန်ကင်းကင်းနဲ့ ပို့ဆောင်ပေးတဲ့ ဘုရားသခင်ရဲ့ နာမတော်ကို ချီးမွမ်းပါတယ်။ လေဆိပ်အထိ လာရောက်ကြိုဆိုပေးကြတဲ့ စိန့်ပီတာ Munlai ကက်သလစ်အသင်းတော်ကို လည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ ဘုရားသခင်က အားလုံးအပေါ် ကောင်းချီးပေးပါစေ” ဟု မိသားစုဝင်အမျိုးသမီး တစ်ဦးက ဖော်ပြထားသည်။လွန်ခဲ့သော ရက်ပေါင်း ၅၀ ကျော်ခန့်က ကွယ်လွန်သူ Tg. Pau Lam Kim အပါအဝင် သူငယ်ချင်း ၄ ဦးသည် မလေးရှား နိုင်ငံသို့ သွားရောက်ရန် ထိုင်းနိုင်ငံကို ဖြတ်ကျော်လာစဉ် ကားပေါ်၌ လူပြည့်ကျပ်ပြီး အသက်ရှူမဝဖြစ်ကာ Tg. Pau Lam Kim မှာ ဆုန်ကလာခရိုင်အတွင်း သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာ သတိလစ်ခဲ့ရသည်။ သတိလစ်သွားသူအား…
