(002MG) ချင်း-မကွေးအစပ် ယောဒေသ ဆောမြို့ နှင့် ကျောက်ထုမြို့ဘက်ကို စစ်တပ်က ရက် ၁၀၀ စီမံချက်ဖြင့် စစ်ကြောင်းထိုး လာသောကြောင့် လောင်းရှည်-ဆော-ကျောက်ထုလမ်းပိုင်းများအသုံးမပြုကြရန် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ယနေ့မေလ ၁၃ ရက်နေ့မှာ အရေးပေါ်သတိပေးချက်ထုတ်ပြန်သည်။ မင်းအောင်လှိုင်ဦးဆောင်သော အသွင်းပြောင်စစ်အစိုးရသည် ၎င်းတို့၏ ရက် ၁၀၀ စီမံကိန်းကိုအကောင်အထည်ဖော် ဆောင်ရန် ယောဒေသဘက်ကို စစ်အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာပြီး ယနေ့မေလ ၁၃ ရက်နေ့တွင် လောင်းရှည်မြို့မှ ဆော-ကျောက်ထုမြို့ဘက်ကို ဦးတည်လာသည်ဟု သိရသည်။ ထို့ကြောင့် လောင်းရှည်မှ ဆောလမ်းပိုင်းတစ်လျှောက်နှင့် တပြင်းနှင့်ကျောက်ထုလမ်းပိုင်းတစ် လျှောက်တွင် နေထိုင်ကြ သော မိဘပြည်သူများ အားလုံးဘေးလွတ်ရာ၊ လုံခြုံရာနေရာများတွင်သတိရှိရှိနေထိုင်ကြရန်၊ အရေးပေါ် လိုအပ်ခြင်း မရှိဘဲ၊ လမ်းကြောင်းအသုံးပြု ခရီးသွားလာခြင်းများ မပြုလုပ်ကြရန် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်သည်။ ထို့အပြင် လေကြောင်းရန်မှကာကွယ်ရန် လေယဉ်သံကြားလျှင် ပုံးခိုကျင်းများတွင် နေထိုင်ကြရန် နှင့် စစ်ရေးအခြေ အနေများကို နားစွင့်စောင့်ကြည့်ကြရန်လည်း သတိပေးထားသည်။ ယနေ့မနက်ပိုင်းကလည်း ကျောက်ထုမြို့နယ်တွင် Jet Fighter နှင့် Y-12 လေယာဉ်များ အသုံးပြုကာ အပြင်းအထန် ဗုံးကြဲတိုက် ခိုက်ခဲ့သည့်အပြင် ကျောက်ထုအခြေစိုက် အမြောက်တပ် (အမတ -၃၆၈) အတွင်းသို့ Y-12 လေယာဉ်ပေါ်မှ တစ်ဆင့် paramotor ခေါ် အင်ဂျင်ပါဝင်သည့် လေထီး (၃) စီးထက်မနည်းအား ချပေးခဲ့သည်ဟု သိရသည်။
Author: Editor
(004SS) ချင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက ကလေးငယ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ပြောသည်။ ကျောင်းသားကလေးငယ် ၂၀ ကျော်သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အိုးထိန်းကွင်းကျေးရွာစာသင် ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံက ကလေးငယ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဒဏ်ကိုဆက်လက်ရင်ဆိုင်ခံစားနေရသည်ဟု မေလ ၁၂ ရက်နေ့က IIMM ကသတင်း ထုတ်ပြန်သည်။ ယခုလအစောပိုင်းတွင် ချင်းပြည်နယ်ရှိ ရွာတစ်ရွာမှ ကလေးကစားကွင်းတစ်ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ရာမှာ အသက် ၅ လမှ ၁၀ နှစ်ကြားရှိ ကလေးငယ် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ရသည်ဟု IIMM ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။ ယင်းဖြစ်စဉ်သည် ချင်းပြည်နယ် ဖလမ်းမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီး ခေါပွီချစ်ပ်ရွာကို မေလ ၁ ရက်နေ့က စစ်တပ်က ဗုံးကြဲခဲ့သည့်ဖြစ်စဉ်ဖြစ်ပြီး ကလေး ၆ ဦး နှင့် လူကြီးတစ်ဦးသေဆုံးခဲ့သည်။ အရပ်သားများကို မခွဲခြားသော သို့မဟုတ် ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်သည်ဟု IIMM ကပြောသည်။ “ကလေးငယ်တွေ ရှိနေနိုင်တဲ့နေရာတွေကို လေကြောင်းက တိုက်ရိုက်တိုက်ခိုက်တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တွေကို ယန္တရားက အထူးပြု စုံစမ်းစစ်ဆးနေပါတယ်။ ဒီဖြစ်ရပ်တွေက စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်နိုင်ပါတယ်။ မြန်မာ့လေတပ်ရဲ့ ဖွဲ့စည်းပုံ၊ အမိန့်ပေးကွင်းဆက်အပါအဝင် ကျူးလွန်သူတွေကို ဖော်ထုတ် နိုင်မယ့် အထောက်အထားတွေကို ကျွန်တော်တို့ စုဆောင်းပြီး…
မြေပြင်တိုက်ပွဲ မဖြစ်ပွားသေးသော်လည်း ဒရုန်းဖြင့် အပြန်အလှန် ပစ်ခတ် (006SV) တွန်းဇံမြို့ကို ထိုးစစ်ဆင်ရန် စစ်ကြောင်းထိုးလာနေသည့် အာဏာသိမ်းစစ်တပ်၊ ZRA ပူးပေါင်းတပ်နှင့် ချင်းတော်လှန် ရေး ပူးပေါင်းတပ်များအကြား ဇလွီးချောင်းအနီးမှာ စစ်ရေးတင်းမာနေပြီး မြေပြင်တိုက်ပွဲကြီးများ မဖြစ်ပွားသေးသော် လည်း ဒရုန်းတိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။ ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် တွန်းဇံမြို့ကို တီးတိန်အခြေစိုက် ခလရ ၂၆၉ တပ်နှင့် ZRA – EC ပူးပေါင်းတပ်တို့သည် မေလ ၁၁ ရက်မှစတင်၍ တီးတိန်တွင် စစ်အင်အားနှင့် လက်နက်ခဲယမ်း ဖြည့်တင်းပြီးနောက် စတင်စစ်ကြောင်းထိုးလာသည်ဟု သိရသည်။ ယနေ့ မေလ ၁၃ ရက်တွင် တီးတိန်မြို့အောက်ဘက်ရှိ ဇလွီးချောင်းအနားတစ်ဝိုက်တွင် နှစ်ဖက်တပ်များ စစ်ဆိုင်ထား ပြီး စစ်ရေးတင်မားနေသောကြောင့် တိုက်ပွဲများ မကြာခင် ဖြစ်ပွားလာနိုင်သည်ဟု CDF – တွန်းဇံ ဥက္ကဌ ထန်ဆွန်းမုန်က ပြောသည်။ “တီးတိန်အောက် ဇလွီးချောင်းနားတစ်ဝိုက်မှာပဲ နှစ်ဖက်တပ်တွေကြား စစ်ရေးတင်းမာနေပါတယ်။ တိုက်ပွဲတော့ မကြာခင် ဖြစ်မှာပါ။ သူတို့ စစ်ကြောင်းက ဇလွီးထိတော့ ကားနဲ့ ဆင်းကြတယ်။ ရှေ့အဖွဲ့က ခြေလျင်သွားတယ်။ သူတို့အခြေအနေ အသေးစိတ်တော့ မသိနိုင်ဘူး။ စစ်ကြောင်းက ZRA နဲ့ ပူးပေါင်းပြီးတော့ ZRA တပ်တွေက ရှေ့မှာလည်း ပါတယ်၊၊ အလယ်မှာလည်း လိုက်တယ်။ နောက်မှာလည်း ကျန်ခဲ့တယ်လို့ပဲ သိထားတယ်။ ZRA နဲ့ ပူးပေါင်းပြီးတော့ တွန်းဇံကို တိုက်ဖို့ စီစဉ်နေတယ်လို့ ကြားတယ်။ ထိတွေ့တိုက်ပွဲကြီးတွေတော့…
အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ်၊ ကန်ပေါ့ပီ (Kangpokpi) ခရိုင်တွင် ယနေ့နံနက်ပိုင်းက လက်နက်ကိုင် အဖွဲ့တစ်ခု၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ချင်းမျိုးနွယ် ကူကီး ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ၃ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရ ရှိခဲ့သည်။ မဏီပူရ်ပြည်နယ် ချူရာချန်ပူ (Churachandpur) မြို့က Thadou Baptist Association (TBA) နှင့် United Baptist Council (UBC) တို့မှ ဘာသာရေးခေါင်းဆောင်များသည် ဘာသာရေးအစည်းအဝေးတစ်ခုတက်ရောက်ရန် ကား ၂ စီး ဖြင့်သွားရောက်သည့်အချိန်မှာ ကန်ပေါ့ပီခရိုင်ထဲမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Times of India ကဖော်ပြသည်။ အဆိုပါကား ၂ စီးပေါ်တွင် TBA ဥက္ကဋ္ဌ Rev Vumthang Sitlhou အပါအဝင် ၇ ဦးလိုက်ပါလာပြီး ၃ ဦးမှာ နေရာမှာပင် သေဆုံးပြီး ၄ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ သေဆုံးသူ ၃ ဦးမှာ သိက္ခာတော်ရဆရာ Rev. Vumthang Sitlhou၊ Rev Kaigoulun နှင့် Rev Paothang တို့ဖြစ်သည်။ ကူကီးလူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း (KOHUR) က အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ အပြင်းအထန်ရှုတ်ချပြီး ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ပစ်မှတ်ထားသည့် “ကြိုတင်ကြံစည်ထားသော လုပ်ရပ်” ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ယခုတိုက်ခိုက်မှုကို နာဂလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော NSCN-IM အဖွဲ့ဝင်များနှင့် ZUF အဖွဲ့တို့က ပူး ပေါင်းကြံစည်ခြင်းဖြစ်သည်ဟု…
(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ချယ်ရီတည်းခိုခန်းပိုင်ရှင် (ခ) Pa ဦးထန်ခန်းဒါလ် (Thang Khan Dal) သည် ZFU/PDF Zoland ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရစဉ်အတွင်း မေလ ၁၃ ရက်နေ့တွင် ရောဂါအခံဖြင့် ကွယ်လွန် သွားကြောင်း Zomi Federal Union (ZFU) က ထုတ်ပြန်ကြေညာသည်။ ဦးထန်ခန်းဒါလ်သည် စစ်ကော်မရှင်(စကမ) နှင့် ဆက်သွယ်ကာ သတင်းပေးသူဖြစ်ကြောင်း ထင်ရှားသဖြင့် ZFU/PDF Zoland မှ သုံးကြိမ်တိုင်တိုင် သတိပေးခဲ့ကြောင်း ယမန်နေ့ညကထုတ်ပြန်သော ZFU/PDF-Zoland ကြေညာချက်တွင် ဖော်ပြထားသည်။ သို့သော် သတိပေးချက်ကို လိုက်နာခြင်းမရှိဘဲ သတင်းပေးပို့မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟုဆိုကာ ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင် ၎င်းအား တရားဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဟု ဆိုသည်။ အသက် ၇၀ ကျော်အရွယ်ရှိ ဦးထန်ခန်းဒါလ်သည် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း ၎င်း၏ ရောဂါအခံများဖြစ်သည့် ဆီးချိုရောဂါ/သွေးချိုရောဂါနှင့် သွေးတိုးရောဂါ တို့ကြောင့် မေလ ၁၃ ရက်နေ့တွင် နှလုံးသွေးကြောပေါက်ပြီး ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ZFU/PDF Zoland အနေဖြင့် ကွယ်လွန်သူ၏ မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲ ရပါကြောင်းနှင့် ယင်းသေဆုံးမှုအတွက် အမိန့်စာထုတ်ပြန်ကာ အများပြည်သူသိရှိစေရန် အသိပေးခဲ့ခြင်း ဖြစ်ငည်။ အဆိုပါ ဦးထန်ခန်းဒါလ်၏ ကွယ်လွန်ခြင်းနှင့်ပါတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ZFU/PDF Zoland ထံသို့ ဆက်သွယ် မေးမြန်းထားသော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း…
(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ပြီး ၂ ပတ်အကြာတွင် အာဏာသိမ်းအသွင်ပြောင်း စစ်အစိုးရသည် အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်ရေးနှင့် စစ်ဘေးရှောင်မြို့ခံပြည်သူများ ပြန်လာနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။ မေလ ၁၁ ရက်က ဟားခါးမြို့၊ ချင်းပြည်နယ် စစ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမမှာ ဖလမ်းမြို့နယ် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြီး လုပ်ဆောင်လာခြင်းဖြစ်သည်ဟု စစ်အစိုးရ၏ ယနေ့ထုတ် သတင်းစားများတွင် ရေးသားသည်။ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် မြို့ခံပြည်သူ ၄၃၀၀ ခန့်ကိုလည်း ဖလမ်းမြို့သို့ ပြန်အခြေချနိုင်ရေးအပါအဝင် အစိုးရရုံးများ၊ ဆေးရုံး ကျောင်းစသည့်တို့ အလျင်အမြန် ပြန်ဖွင့်နိုင်ရေးတို့ကိုလည်း ချင်းပြည် စစ်အစိုးရအဖွဲ့အစည်းများအကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ဖလမ်းမြို့နယ် ပြန်လည်ထူထောင်ရေးမှာ ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းထားသည့် ဆေးရုံအုပ်ကြီး တစ်ဦးအပါအဝင် လူပုဂ္ဂိလ်များလည်း ရှိနေပြီဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်လိုသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို စစ်အစိုးရက ဖိတ်ခေါ်နေကြောင်း သိရသည်။ တဖက်မှာလည်း ကလေးမြို့နယ်ဘက်မှာ စစ်ဘေးရှောင်နေရသော ဖလမ်းမြို့ခံပြည်သူများသည် ကလေး- ဖလမ်းကြားရှိ အာဏာသိမ်းစစ်တပ်၏ စစ်ဆေးရေးဂိတ်များတွင် အဆမတန် ငွေကြေးတောင်းခံမှုများကြောင့် ခရီးစရိတ်များ မြင့်မားနေပြီး အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။ အာဏာသိမ်းစစ်တပ်က ပြန်သိမ်းပိုက်လိုက်သည့် ဖလမ်းမြို့ကို ပြန်လည်အခြေချရေးနှင့် ပတ်သက်၍ ဒေသခံပြည်သူများအကြား ပြန်လည်နေထိုင်လိုသူများ ရှိနေသကဲ့သို့ မပြန်ရဲသူများလည်း ရှိနေကြောင်း သိရသည်။ ကလေးမြို့နယ်ဘက်တွင် စစ်ဘေးရှောင်နေကြသော စစ်အစိုးရ၏ Non- CDM ဝန်ထမ်းများသည် မေလ ၆ ရက်က ဖလမ်းမြို့သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း…
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်နှင့် မြို့အနီးဝန်းကျင်နေရာများကို အာဏာသိမ်းစစ်တပ်သည် ဂျက်ဖိုက်တာများဖြင့် ပြင်းပြင်းထန်ထန် ထပ်မံဗုံးကြဲမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ဧပြီလ ၁၁ ရက် ယမန်နေ့ည ၁၁ နာရီ ၄၅ မီနစ်ခန့်က ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF – မင်းတပ်က ထိန်းချုပ်ထားသည့် မင်းတပ်မြို့ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး၊ ၂ လုံး အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်သွားသည်ဟု မင်းတပ်မြို့ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ယနေ့ ဧပြီလ ၁၂ ရက် မနက် ၈ နာရီခန့်မှာလည်း အာဏာသိမ်း စစ်အုပ်စု၏ ဂျက်ဖိုက်တာ တစ်စီးသည် မင်းတပ်မြို့ အနီးအနောက်ဘက် တစ်နေရာကို ဗုံး ၂ လုံးဖြင့် တိုက်ခိုက်သွားသည်ဟု သိရသည်။ နေ့လယ်ပိုင်း ၁၁ နာရီခန့်အချိန်မှာလည်း မင်းတပ်မြို့တစ်နေရာကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်သွားသည်ဟု သိရသည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှု ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း တာဝန်ရှိသူများထံမှ သီးခြားအတည်ပြုချက် မရနိုင်သေးပေ။ မေလ ၈ ရက်က မင်းတပ်မြို့ အရှေ့ခြမ်းနေရာများကို နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် စစ်တပ်က ဂျက်ဖိုက်တာဖြင့် မီးလောင်ဗုံးအပါအဝင် ပေါက်ကွဲအားပြင်းထန်သော ဗုံးများဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုတချို့နှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး အသေးစိတ်အခြေအနေကို မသိရပေ။ ဧပြီလ ၂၅ ရက်က ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်းသိမ်းပိုက်နိုင်ပြီးနောက် ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နယ်နှင့်…
(004SS) ချင်းပြည်နယ် မြောက်ပိုင်း၊ တွန်းဇံမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးစိုးရိမ်မှုကြောင့် တိမ်းရှောင်ရန် မလို ကြောင်းနှင့် မိမိတို့နေအိမ်များတွင် စိတ်အေးချမ်းသာစွာ ပြန်လည်နေထိုင်ကြရန် CDF-Tonzang က ယမန်နေ့တွင် အသိပေးချက် ထုတ်ပြန်သည်။ လက်ရှိတွင် တွန်းဇံမြို့၏ လုံခြုံရေးအတွက် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသော CNA၊ CDF-Tonzang (Zo galkap)၊ R-CDF နှင့် Zo Chin Defense Force (Zo Army) စသည့် ပူးပေါင်းတပ်ဖွဲ့ ၄ ဖွဲ့က မြို့တွင်း၌ အခိုင်အမာ တပ်စွဲထားကြောင်း ဆိုသည်။ CDF-Tonzang ၏ စစ်ဦးစီးချုပ် Pu ThangSuanMung က မြို့တွင်း၌ ခုခံကာကွယ်နိုင်သော တော်လှန်ရေးတပ်ဖွဲ့များ အင်အားအပြည့်အစုံရှိနေသလို၊ လိုအပ်ပါကလည်း မဟာမိတ်တပ်ဖွဲ့များက အချိန်မရွေး ရောက်ရှိလာနိုင်သည့် အနေအထားတွင်ရှိသဖြင့် ပြည်သူများအနေဖြင့် ထိတ်လန့်စရာမလိုကြောင်း ပြောကြားသည်။ သို့သော် ဒေသတွင်း စစ်ရေးအခြေအနေများကြောင့် ယမန်နေ့ မေလ ၁၁ ရက် မှစတင်ကာ တီးတိန်-တွန်းဇံ လမ်းပိုင်း ခရီးသွားလာခြင်းကို အကန့်အသတ်မရှိ ပိတ်ပင်ထားကြောင်း အသိပေးထုတ်ပြန်ထားပြီး ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ကလေးမြို့ဘက်မှ တက်လာသည့် အာဏာသိမ်းစစ်တပ်စစ်ကြောင်းနှင့် ZRA ပူးပေါင်းတပ်ဖွဲ့များ သည် တွန်းဇံမြို့ဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးလာနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ မေလ ၈ ရက်နေ့က ကလေးမြို့မှ သံချပ်ကာကားတစ်စီး အပါအဝင် အင်အား ၆၀၀ ကျော်ဖြင့် တက်လာသည့် စစ်ကြောင်း သည် တီးတိန်မြို့သို့ ရောက်ရှိနေပြီး၊…
နေအိမ်နှင့် ဌာနအဆောက်အဦး ၂၅ လုံး၊ ကား ၄ စီးပျက်စီး (006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်နှင့် မြို့အနီးနေရာများကို နှစ်ရက် ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် ပြုလုပ်ခံခဲ့ရပြီး စစ်သုံ့ပန်းများအပါအဝင် သေဆုံးသူ ၄ ဦးအထိ ရှိကြောင်း ချင်းပြည်သူ့အစည်းအရုံးက ကြေညာသည်။ မေလ ၁၁ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့ပေါ်တစ်နေရာကို ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သည်ဟု ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော်က ယနေ့ မေလ ၁၂ ရက်မှာ ထုတ်ပြန်သည်။ ယနေ့ မေလ ၁၂ ရက် မနက် ၈ နာရီခန့်မှာလည်း မင်းတပ်မြို့အနီးတစ်နေရာကို ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး မနက် ၁၁ နာရီခန့်တွင် မင်းတပ်မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ထပ်မံ ပြုလုပ်သွားသည်ဟု သိရသည်။ ထို့အပြင် ယနေ့ ညနေ ၆ နာရီခွဲမှာလည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ထပ်မံ ပြုလုပ်သွားခဲ့သည်ဟု သိရသည်။ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်များကို နှစ်ရက်တာအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် ပြုလုပ်ခဲ့ရာ ဗုံးကြဲခံရမှုများတွင် စစ်သုံ့ပန်းများအပါအဝင် သေဆုံးသူ ၄ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူတချို့လည်း ရှိခဲ့သည်ဟု ချင်းပြည်သူ့အစည်းအရုံးထံမှ သိရသည်။ အရပ်သားပြည်သူနေအိမ်…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့ အရှေ့ခြမ်းနေရာများကို အာဏာသိမ်းစစ်တပ်က ယနေ့ မနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်း သိရသည်။ မေလ ၈ ရက်၊ နံနက် ၇ နာရီခန့်က မင်းတပ်မြို့ အရှေ့ခြမ်းတစ်နေရာကို ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံး ၄ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေ့လည် ၁၂ နာရီ ၄၄ မိနစ်ခန့်တွင်လည်း ဂျက်ဖိုက်တာတစ်စီးဖြင့် အဆိုပါနေရာများကိုပင် မီးလောင်ဗုံးအပါအဝင် ပေါက်ကွဲအား ပြင်းထန်သော ဗုံးများဖြင့် ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ “လဝက ရုံးနဲ့ အရှေ့ခြမ်းက နေရာတချို့ကို လေကြောင်းတိုက်ခိုက်သွားပါတယ်။ မနက်က နေရာတွေကိုပဲ အခုနေ့လယ်မှာ ထပ်ကြဲသွားတာပါ။ ထိခိုက်သေဆုံးတာလည်း ရှိတယ်။ ထိခိုက်ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ပဲ ကနဦး ပြောလို့ ရပါတယ်။ ကျန်တာ မသိရသေးဘူးဗျ” ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတချို့သည် ထိခိုက်သေဆုံးမှု ရှိသည်ဟု သတင်း ရရှိထားသော်လည်း အသေးစိတ်အချက်များကို မသိရသေးပေ။ အဆောက်အဦးတချို့လည်း ထိခိုက်ပျက်စီးသည်ဟု သိရသည်။ ယခုရက်ပိုင်းများတွင် မင်းတပ်နှင့် ယောဒေသနယ်စပ်ဒေသများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြင်းပြင်းထန်ထန် ပြုလုပ်လာပြီး ကျောက်ထုနယ်ထဲတွင် စစ်တပ်သည် စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းကာ စစ်ရေးပြင်ဆင်လာနေကြောင်း သိရသည်။ ဒေသခံပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင်သင့်ထားရှိပြီး လေကြောင်းသတိပြု နေထိုင်ရန်လည်း တော်လှန်ရေးအင်အားစုများက သတိပေးထုတ်ပြန်ထားသည်။ Photo- HKL Mindat
