Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကမ္ဘာလုံးဆိုင်ရာ လောက်တူညီလာခံကျင်ပရေးအပါဝင် မူဝါဒ၊ ရှေ့လုပ်ငန်းစဉ် ၃၀ ကျော်ချမှတ်

ကမ္ဘာလုံးဆိုင်ရာ လောက်တူညီလာခံကျင်ပရေးအပါဝင် မူဝါဒ၊ ရှေ့လုပ်ငန်းစဉ် ၃၀ ကျော်ချမှတ်

0
By Editor on June 9, 2025 Khonumthung

“ဒေသစည်ပင်သာယာရေး ဥပဒေ (၂၀၂၅)” ကို ပြဌာန်းပြီဟု လောက်တူပြည်သူ့ရေးရာကောင်စီ ကြေညာ

(006SV)

ပထမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ လောက်တူညီလာခံ ခေါ်ယူကျင်းပနိုင်ရေးအပါအဝင် ကဏ္ဍအသီးသီးက မူဝါဒနှင့် ရှေ့ဆက်လုပ်ငန်းစဉ် ဆုံးဖြတ်ချက်ပေါင်း ၃၆ ချက်ကို လောက်တူပြည်သူ့ရေးရာကောင်စီက ချမှတ်အတည် ပြုခဲ့သည်ဟု သိရသည်။

ကမ္ဘာလုံးဆိုင်ရာ လောက်တူညီလာခံ ခေါ်ယူကျင်းပနိုင်ရေး လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ ကဏ္ဍအသီးသီး၏ အရေးကြီးသော မူဝါဒ အပါအဝင် ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် အထွေထွေမှတ်တမ်း စုစုပေါင်း ၃၆ ချက်ကို ဆုံးဖြတ်အတည်ပြုသည် လောက်တူပြည်သူ့ ရေးရာ ကောင်စီ ကိုယ်စားလှယ် Salai Pa Bi က ပြောသည်။

“ပထမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ လောက်တူညီလာခံကို ဒီနှစ်ထဲ ကျင်းပသွားဖို့ ရှိပါတယ်။ တော်လှန်ရေး ကာလမှာ စနစ်တကျပေါ့၊ ကျနော်တို့ရဲ့ စုဖွဲ့မှုသော်လည်းကောင်း၊ နိုင်ငံရေးကိစ္စ၊ ပြီးတော့ တခြားသော တော်လှန်ရေးဆိုင်ရာနဲ့ ပတ်သက်တဲ့၊ လောက်တူနဲ့ ပတ်သက်တဲ့ မူဝါဒ၊ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ဖြစ်တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ လောက်တူညီလာခံက အရမ်းအရေး ပါပါတယ်” ဟု Salai Pi Bi က ပြောသည်။

ဆုံးဖြတ်ချက် ၃၆ ချက်ထဲတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စများ၊ ဒေသအဆင့်နှင့် လုပ်ဆောင်ရသော လုပ်ငန်းများ၊ တော်လှန်ရေး နှင့် ဆိုင်သော ဆုံးဖြတ်ချက်များလည်း ပါဝင်သည်ဟု သိရသည်။

ဒုတိယအကြိမ် လောက်တူပြည်သူ့ရေးရာကောင်စီ၏ ဒုတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇွန်လ ၅ ရက်မှ ၇ ရက်အထိ လောက်တူဒေသလွတ်မြောက် တစ်နေရာမှာ ကျင်းပသည်ဟု သိရသည်။

ကောင်စီကိုယ်စားလှယ် ၅၇ ဦး၊ လေ့လာသူ ၇ ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူသူများနှင့် ကောင်စီမှ ဖွဲ့စည်းထားသော ကော်မတီဝင်များ စသဖြင့် စုစုပေါင်း ၈၀ ဦး တက်ရောက်သည်ဟု သိရသည်။

Global Hnariang မှ ကနဦးရေးဆွဲကာ ကောင်စီသို့ ပေးပို့ပြီး ကောင်စီဥပဒေကြမ်းကော်မတီက စိစစ်တည်း ဖြတ်ပြီးနောက် ဇွန်လ ၇ ရက်က ကောင်စီအစည်းအဝေးတွင် “ဒေသစည်ပင်သာယာရေး ဥပဒေ (၂၀၂၅)”ကို ဒေသကောင်စီက အတည်ပြုပြဌာန်းသည်ဟု လောက်တူပြည်သူ့ရေးရာကောင်စီက ဇွန်လ ၉ ရက်မှာ ကြေညာသည်။

“ဒီဥပဒေပြဌာန်းရတာက တော်လှန်ရေးကာလဆိုပေမယ့် ပြည်သူတရပ်လုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကလည်း အရေးကြီးပါတယ်။ ဒီဥပဒေက ကျနော်တို့ လောက်တူဒေသကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေဖို့ ရေးဆွဲရ တာဖြစ်ပါတယ်။ ဒီဥပဒေကနေ ရှေ့ဆက်ပြီး ဥပဒေ ပြဌာန်းချက်တွေဖြစ်တဲ့ ဥပမာအားဖြင့် ဒေသအဆင့် စည်ပင်သာယာရေးကော်မတီ ဆိုတာမျိုး၊ မြို့အဆင့်၊ ကျေးရွာအဆင့် စည်ပင်သာယာရေးကော်မတီဆိုတာမျိုး ကျနော်တို့ ဖွဲ့စည်းသွားဖို့ ရှိပါတယ်။ အဲဒီကော်မတီကနေ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု Salai Pi Bi က ပြောသည်။

ဒေသစည်ပင်သာယာရေးဥပဒေကို ကောင်စီအစည်းအဝေးတွင် ၁၅ နာရီကြာ ဆွေးနွေးခဲ့ကြပြီး လောက်တူ အက်ဥပဒေ ပုဒ်မ ၂၂ အရ လောက်တူပြည်သူ့ရေးရာကောင်စီ ဥပဒေအမှတ် (၁/၂၀၂၅) အဖြစ် ပြဌာန်းခြင်းဖြစ်သည်ဟု CDF – Lautu ၏ လက်ထောက်အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ Salai Pi Bi က ပြောသည်။

ယခင်က ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် မတူပီမြိုန့ယ်ကြားတွင် တည်ရှိသော လောက်တူဒေသကို လောက်တူ အက်ဥပဒေပါပြဌာန်းချက်များနှင့်အညီ ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ရှိသော အုပ်ချုပ်ရေးစနစ် ပီပြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်မည်ဟု လောက်တူပြည်သူ့ရေးရာကောင်စီထံမှ သိရသည်။

ယင်းအပြင် စာပေနှင့် ယဉ်ကျေးမှု ထုံးတမ်းများ မြှင့်တင်ထိန်းသိမ်းရေး လောက်တူမျိုးနွယ်စုအခွင့်အရေးများ အပြည့်အဝ ရရှိရေးနှင့် ကာကွယ်စောင့်ရှောက်ရေး၊ တော်လှန်ရေးလုပ်ငန်းစဉ်များတွင် တစ်မျိုးသားလုံး စည်းလုံးညီညွတ်စွာ ချီတက်နိုင်ရေး ဆောင်ရွက်သွားမည်ဟု သိရသည်။

ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးကို အခြေခံ၍ မိမိတို့ လူမျိုးရေးရာဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ်များနှင့် တော်လှန်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟု လောက်တူပြည်သူ့ရေးရာ ကောင်စီက ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.