နေရပ်ပြန်လာကြသည့် စစ်ဘေးရှောင်ပြည်သူများနှင့် မိမိနေအိမ်တွင် ပစ္စည်းပြန်လည်ယူဆောင်မည့်သူများအတွက် မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများအန္တရာယ်မှာ အလွန်စိုးရိမ်ရသည့် အခြေအနေဖြစ်သည် ။ နေရပ်ပြန်ပြည်သူများအတွက် မိုင်းအန္တရာယ် ကာကွယ်ရေး လမ်းညွှန် ၁။ အိမ်တွင်းသို့ မဝင်မီ သတိထားရန် ၂။ ပစ္စည်းများ ပြန်လည်ယူဆောင်ရာတွင် ရှောင်ရန်များ ၃။ နေရပ်ပြန်ရာတွင် လိုက်နာရမည့် ဆောင်ရန်များ
Author: Editor
(006SV) ကလေး- တမူးလမ်းမပေါ်ရှိ ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာတို့ကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် လေကြောင်း တိုက် ခိုက်မှုများအတွင်း ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။ ဇွန်လ ၂၂ ရက် နေ့လည် ၁ နာရီခန့်တွင် စစ်တပ်က မြို့ဧရိယာအများစုကို သိမ်းပိုက်ထားသော ခမ်းပတ်မြို့အနီးက ကနန် ကျေးရွာ၏ ရပ်ကွက် A နှင့် ရပ်ကွက် C ထဲကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ရပ်ကွက် C ထဲက ချင်းလူမျိုး၊ အသက် ၃၆ နှစ်အရွယ် LaIpanmawia သေဆုံးခဲ့သည်ဟု သိရသည်။ ယင်းလေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးမှု များပြားသကဲ့သို့ အိမ်မွေး တိရစ္ဆာန်များလည်း ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း၊ အရေအတွက် အတိအကျကို မသိရှိသေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်တချို့ထံမှ သိရသည်။ “ဇွန် ၂၂မှာ ဂျက်ဖိုက်တာ ၂စီးနဲ့ တစ်ကြိမ် လာကျဲသွားတယ်။ ၂ လုံးက ခမ်းပတ်မှာ ချသွားတယ်။ နောက်ထပ်နှစ်လုံးက ကနန် ကျေးရွာမှာ ဗုံးကြဲချသွားလို့ အမျိုးသား တစ်ယောက် သေဆုံးသွားခဲ့တာ ဖြစ်တယ်။ နေအိမ် ပျက်စီးမှုတွေ ကလည်း အတော်များပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေလည်း သေတာ၊ ထိခိုက်မိတာ များတယ်။ အတိအကျတော့ မသိရသေးပါဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။ ဇွန်လ ၂၂ ရက်က ခမ်းပတ်မြို့ကို လေကြောင်းဗုံးကြဲခံရမှုနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေကို…
အရပ်သားအဆောက်အဦးများကို အဓိက ဗုံးကြဲခြင်းဖြစ်ဟုဆို (006SV) အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ကို ၂ လကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၄၀ ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှု အများစုသည် အရပ်သားအဆောက်အဦးများကို ဗုံးကြဲခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ထံမှ သိရသည်။ ဧပြီလ ၁၁ ရက်မှ ဇွန်လ ၂၂ ရက်အထိ မင်းတပ်မြို့နှင့် အနီးဝန်းကျင်ဒေသကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄၄၀ ကြိမ် ပြုလုပ်ခဲ့ပြီး တစ်ရက်တည်းမှာပင် ဗုံးကြဲမှု ၉၁ ကြိမ်ခန့်ရှိခဲ့သည်ဟု CHRO က ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန်သည်။ လေကြောင်းတိုက်ခိုက်မှု၏ ၄၅ ရာခိုင်နှုန်းသည် ၄ ရက်အတွင်း ဖြစ်ပွားခြင်းဖြစ်ပြီး ၂ လကျော်အတွင်း လေကြောင်း စစ်ဆင်မှု ၁၆၈ ကြိမ် ရှိခဲ့သည်ဟု သိရသည်။ လေကြောင်းတိုက်ခိုက်မှု အများစုသည် Y – 12 လေယာဉ်များကို အသုံးပြုပြီး ပစ်မှတ်များကို တိတိကျကျ သတ်မှတ်မှု မရှိဘဲ မင်းတပ်မြို့နှင့် ပတ်ဝန်းကျင်ရှိ အရပ်သား အဆောက်အဦးများကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု CHRO ထံမှ သိရသည်။ မင်းတပ်နှင့် ကန်ပက်လက်မြို့များကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် မေလလယ်ခန့်မှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေရာ ချင်းပူးပေါင်းတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံပြည်သူများ စစ်ဘေးရှောင် နေရချိန်မှာ ကျန်ရှိနေသော နေအိမ် အဆောက်အဦးများကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။ လူသူကင်းမဲ့နေသော မြို့ရွာများ၊…
ချင်းပြည်နယ်ရှိ တောင်ယာလုပ်ကိုင်သူများနှင့် ခရီးသွားလာသူ မိဘပြည်သူများအတွက် မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန် ပေါက်ကွဲစေတတ်သော ပစ္စည်းများအန္တရာယ်မှ ကင်းဝေးစေရန် ၁။ မြေမြှုပ်မိုင်းအန္တရာယ် သတိပြုရန် အချက်ပြလက္ခဏာများ မြေပြင်တွင် အောက်ပါအချက်များကို တွေ့ရှိပါက မိုင်းအန္တရာယ်ရှိနိုင်သဖြင့် အထူးသတိပြုပါ – ၂။ တောင်ယာလုပ်ကိုင်သူများအတွက် ဆောင်ရန်/ရှောင်ရန် ၃။ ခရီးသွားလာသူများအတွက် အထူးသတိပေးချက် ၄။ မိုင်းနင်းမိခြင်း သို့မဟုတ် တွေ့ရှိခြင်းဖြစ်ပါက ဘာလုပ်မလဲ? ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် မိုင်းကြောင့် ထိခိုက်သူ ၈၆ ရာခိုင်နှုန်းမှာ အရပ်သားပြည်သူများ ဖြစ်ကြသည်။ ထို့ကြောင့် “မသိလျှင် မကိုင်နှင့်၊ မသေချာလျှင် မသွားနှင့်” ဟူသော ဆောင်ပုဒ်ကို အမြဲနှလုံးသွင်းကာ မိမိတို့၏ အသက်အန္တရာယ်ကို ကာကွယ်ကြပါရန် တိုက်တွန်းအပ်ပါသည်။
(006SV) အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းဖြစ်သော ကလေး – တမူး လမ်းမပေါ်ရှိ ခမ်းပတ်မြို့ကို ထိန်းချုပ် လိုက်ပြီဟူ၍ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ခဲ့သော်လည်း မြို့ပေါ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တချို့ထံမှ သိရသည်။ ခမ်းပတ်မြို့တွင် ရပ်ကွက်အမှတ် ၂၊ ၃ နှင့် ၄ တို့ကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စီးနင်းတိုက်ခိုက်ပြီး ထိန်းချုပ် ထားသော် လည်း တော်လှန်ရေးတပ်များ အဓိက နေရာယူစိုးမိုးထားသော၊ ယခင် စစ်တပ်စခန်းကုန်း၊ ရဲစခန်းနှင့် လဝကဌာနတို့ ရှိနေသည့် အမှတ် ၁ ရပ်ကွက်မှာ ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ယနေ့ ဇွန်လ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က ခမ်းပတ်မြို့၊ အမှတ် ၁ ရပ်ကွက်ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ယမန်နေ့ ဇွန်လ ၂၁ ရက်ကလည်း အမှတ် ၁ ရပ်ကွက်ကို လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ သည်ဟု တမူးစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “မနေ့က ညနေပိုင်းလောက်မှာတော့ စစ်ကောင်စီ စစ်ကြောင်းက ခမ်းပတ် အမှတ်-၁ ထဲကို ဝင်နိုင်သွားပြီလို့ ကြားသိရတယ်။ နှစ်ဖက် ထိတွေ့မှုတွေတော့ ရှိနေတုန်းပါ။ ဒီနေ့ မွန်းလွဲ ၁ နာရီလောက်မှာ ခမ်းပတ်ကို ဂျက်ဖိုက်တာ ၂ စင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ မနေ့ကလည်း လေယာဉ်နဲ့…
(006SV) ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေသော အာဏာသိမ်းစစ်တပ်သည် စစ်ရေးပစ်မှတ်များ သာမက အရပ်သားပစ်မှတ်များပါ မကျန်အောင် လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ လက်ရှိမှာ ကန်ပက်လက်မြို့သို့ စစ်တပ်သည် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လျက်ရှိပြီး အရပ်သား ပစ်မှတ် များပါ မကျန်အောင် “အကြီးအကျယ်” လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည်ဟု ကန်ပက်လက် ပအဖအဖွဲ့က ဇွန်လ ၂၁ ရက်မှာ ထုတ်ပြန်သည်။ ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ အိမ်တိုင်း အိမ်တိုင်းတွင် ပုန်းခိုကျင်းများ တူးခြင်း၊ လေကြောင်း သတင်းရရှိပါက ပုန်းခို ကျင်းများမှာ နေရာယူခြင်းတို့ကို မဖြစ်မနေ ဆောင်ရွက်ကြရန် ထပ်မံသတိပေး နှိုးဆော်ထားသည်။ ဇွန်လ ၁၉ ရက် ည ၁၁ နာရီခွဲခန့်က ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ စစ်ဘေးရှောင် အရပ်သားပြည်သူများ နေထိုင်ရာ နေရာကို ပစ်မှတ်ထားပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ကန်ပက်လက် ပအဖထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၂၁ ရက်ကလည်း ကန်ပက်လက်မြို့ အရှေ့ခြမ်းရှိ ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာနေရာကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ်တိုက်ခိုက်ပြီး ဗုံး ၄ လုံး ကြဲချခဲ့သည်ဟု…
(006SV) တိုက်ပွဲများ ဖြစ်ပွားနေသည့် ချင်းပြည်နယ်တောင်ပိုင်းတွင် အာဏာသိမ်းစစ်တပ်၏ ယမန်နေ့ညက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ယာတဲမှာ စစ်ဘေးရှောင်နေထိုင်နေသော ကလေးငယ် ၁ ဦးနှင့် မိခင်ဖြစ်သူတို့ သေဆုံးသွားကြောင်း ဒေသခံတချို့ထံမှ သိရသည်။ ဇွန်လ ၂၁ ရက် ည ၁၁ နာရီခွဲအချိန်မှာ မင်းတပ်မြို့နယ်အစပ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျောက်တောင်ရွာ အနီးက တောင်ယာတဲတွင် နေထိုင်သော အရပ်သားပြည်သူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်သည်ဟု သိရသည်။ တိုက်ခိုက်မှုအတွင် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ဒေသခံပြည်သူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အသေးစိတ်အခြေအနေများကို မသိရှိရသေးကြောင်း ချင်းတောင်းပိုင်းရှိ ဒေသခံတစ်ဦးက ပြောသည်။ ဇွန်လ ၂၁ ရက် ည ၈ နာရီခွဲခန့်ကလည်း ကန်ပက်လက်မြို့အရှေ့ခြမ်းကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ် လေကြောင်းတိုက်ခိုက်ရာ ဗုံး ၄ လုံး ကြဲချသွားကြောင်း၊ ညနေ ၅ နာရီခန့်မှာလည်း Y – 12 ဖြင့် ကန်ပက်လက်မြို့နယ်ထဲကို ၆ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မင်းတပ်နှင့် ကန်ပက်လက်မြို့ကို စစ်တပ်က ဒရုန်း၊ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူ အများအပြားအသုံးပြုလျက် စစ်အင်အား ၂၀၀၀ ကျော်ဖြင့် မေလလယ်ခန့်မှ စတင်၍ စစ်ကြောင်းထိုးနေရာ ချင်းပူးပေါင်းတပ်များနှင့် ယနေ့အထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်နေပြီး၊ လေကြောင်းဖြင့်လည်း…
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်၏ ယမန်နေ့က လေကြောင်း တိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း ကန်ပက်လက် မြို့နယ် လူသားစာနာဘေးစီမံဌာနထံမှ သိရသည်။ ဇွန်လ ၁၉ ရက် ည ၁၁ နာရီခွဲခန့်မှာ ကျင်ဒွေးမြို့တွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အာဏာသိမ်းစစ်တပ်သည် ကျင်းဒွေးမြို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင်း အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု အများအပြား ရှိခဲ့ခြင်းဖြစ်သည်ဟု ယနေ့ ဇွန်လ ၂၀ ရက်မှာ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်သည်။ ယနေ့ဇွန်လ ၂၀ ရက် မနက် ၇ နာရီခွဲခန့်ကလည်း ကန်ပက်လက်မြို့ အရှေ့ခြမ်း တစ်နေရာကို ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ရာ ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ နေ့လယ် ၁၂ နာရီခန့်မှာလည်း ကန်ပက်လက်မြို့အနီးကို ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်၍ ဗုံး ၈ လုံး ကြဲချ တိုက်ခိုက်ခဲ့သည်ဟု HKL Mindat ထံမှ သိရသည်။ ဇွန်လ ၁၉ ရက် မနက် ၇ နာရီခွဲခန့်မှာလည်း မင်းတပ်မြို့ အရှေ့ဘက်ခြမ်းနေရာများကို ဂျက်ဖိုက်တာ ၄ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ပြုလုပ်၍ ဗုံး…
Landmine Monitor အဖွဲ့က နောက်ဆုံးထုတ်ပြန်တဲ့ ၂၀၂၅ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေနိုင်တဲ့ စစ်ပွဲလက်ကျန်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ အများဆုံးရှိတဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ တစ်နှစ်အတွင်း ထိခိုက်သူအရေအတွက်က နှစ်ဆကျော်တက်သွားခဲ့တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေ ပိုပြီးဆိုးရွားလာတာကို ဒီကိန်းဂဏန်းတွေက ပြသနေပါတယ်။ ရှမ်းပြည်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ဟာ ထိခိုက်မှုအများဆုံး ဖြစ်ပွားခဲ့တဲ့ ဒေသတွေထဲမှာ ပါဝင်ပါတယ်။ ထိခိုက်သူ ၈၆ ရာခိုင်နှုန်းဟာ ပြည်သူတွေဖြစ်ပြီး အများစုက လူထိမိရင် ပေါက်ကွဲတဲ့ မိုင်းတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၉၉ ခုနှစ်ကစလို့ မြန်မာနိုင်ငံအတွက် အချက်အလက်စုဆောင်းထားတဲ့ မှတ်တမ်းအရ လူပေါင်း အနည်းဆုံး ၉,၂၀၆ ဦး မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန်မိုင်းတွေကြောင့် သေဆုံးမှု ဒါမှမဟုတ် ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ဒီအရေအတွက်ထက်ပိုနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ အစီရင်ခံစာအရ လက်နက်ကိုင်ဘက်က လူကိုပစ်မှတ်ထားတဲ့ မိုင်းတွေကို ဆက်လက်ထုတ်လုပ်ပြီး မကြာခဏလည်း အသုံးပြုနေတယ်လို့ ဖော်ပြထားပါတယ်။ UNOCHA ကတော့ ၂၀၂၃ ခုနှစ်အတွင်းမှာ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁,၀၀၀ ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီမှာတော့ စစ်ကိုင်းတိုင်းက ၃၅ ရာနှုန်းနဲ့ အများဆုံး ရှမ်းပြည်မှာ ၁၂ ရာနှုန်း ရှိပါတယ်။ UNICEF ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် အရပ်သား…
(002MG) ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကြောင့် မေလအတွင်းက အရပ်သားပြည်သူ ၁၄ ဦးသေဆုံးခဲ့သည်ဟု Women for Justice (WJ) အဖွဲ့က ဇွန်လ (၁၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့်မေလအတွင်းက စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက် ကြီးကြောင့် အရပ်သား ပြည်သူ ၁၄ ဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းအနက် အမျိုးသမီး ၆ ဦးပါဝင်သည်ဟု WJ ကဆိုသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ဦး နဲ့ နှင့် လက်နက်ကြီးကြောင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ ထို့အပြင် လေကြောင်းနှင့် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၇ ဦးခန့်ရှိသည်ဟု သိရသည်။ ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် (၇၁) လုံး၊ ဘုရားကျောင်း (၂) လုံး၊ အစိုးရအဆောက်အအုံ (၁၁) လုံးထိခိုက်ပျက်စီးခဲ့သည်ဟုလည်းသိရသည်။ အလားတူ စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ လူသားဒိုင်း၊ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အမျိုး သား (၉) ဦး၊ အမျိုးသမီး (၆) ဦး နှင့် ကျား၊မခွဲခြားမရသော လူဦးရေ (၅) ဦး စုစုပေါင်း (၂၀) ဦးသတ် ဖြတ်ခံရကာ အမျိုး သား ဦးရေ (၅၀၀) နှင့် အမျိုးသမီး (၆) ဦးစစ်မှုထမ်း ရန်ဖမ်းဆီးခံရသည့်အပြင် (၃၂) ဦး လူသားဒိုင်း၊ဖမ်း ဆီးခံရသည်ဟု (WJ) ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။…
