Author: Editor

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ၇၅ နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည်ဟုသိရသည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ပွဲတော်ကို အိုင်ဇောလ်မြို့ရှိ Vanapa ခန်းမတွင် ဖေဖော်ဝါရီလ ၂၀ ရက်ည ၇ နာရီတွင်စတင်ကျင်းပကြမည်ဖြစ်ပြီး ရိုးရာယဉ်ကျေးမှု အကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းကြမည်ဟု ဖြစ်မြောက်ရေးကော်မတီများထံမှသိရသည်။ ချင်းအမျိုးသားနေ့ပွဲတော်အခမ်းအနားကို အစီစဉ် ၂ ပိုင်းဖြင့်ကျင်းပကြမည်ဖြစ်ကာ ပထမပိုင်းအစီစဉ်တွင် အထူးဖိတ်ကြား သော ဧည့်သည်တော်ကြီးများမှ ချင်းအမျိုးသားနေ့နှင့် ပတ်သက်သောအမှာစကားပြောကြားခြင်း၊ ချင်းရိုရာမျိုးနွယ်စုအသီးသီး၏ ရိုးရာယဉ်ကျေးမှုအကများတင်ဆက်ခြင်းတို့ပါဝင်မည်ဟုသိရသည်။ ယင်းအစီစဉ်တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါကို ဧည့်သည်တော်ကြီးအဖြစ် ဖိတ်ကြားထားကြသည့်အပြင် မီဇိုရမ်ပြည်နယ်အတွင်းရှိ အင်အားကြီးအရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော CYMA , MZP, MSU, ZORO တို့မှခေါင်း ဆောင်များလည်းတက်ရောက်ကြမည်ဟုသိရသည်။ ဒုတိယပိုင်းကို ဖျော်ဖြေရေးအစီစဉ်ဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ချင်းနိုင်ငံကျော်အဆိုတော်များဖြစ်ကြသော Guy form Chin, ထွဏ်းခမ်တို့အပါအဝင် The Matupians, Zoramchhani, Zaii Hauchhum, Iang Len sung, Biak Hlei Par တို့မှ ပါဝင်အားဖြည့်သီဆိုကြမည်ဟုသိရသည်။ အိုင်ဇောလ်မြို့တွင် ကျင်းပမည့် ချင်းအမျိုးသားနေ့ပွဲတော်အခမ်းအနားကို အိုင်ဇောလ်မြို့အခြေစိုက် ချင်းအရပ်ဖက်အဖွဲ့ များဖြစ်ကြသော NGO United for Democratic Myanmar, Myanmar Refugee Relief Committee- Mizoram, Chin Relief Committee in Mizoram, Chin Pawlpi Mizoram,…

Read More

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အခြေပြု ခလရ (၂၆၈) တပ်မှ ကောင်းမိုး၊ ကိုယ်ပိုင်အမှတ် တတ-၁၂၈၃၂၄ သည် စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သဖြင့် ပြည်သူနှင့်အတူပူးပေါင်းရန် CNO/CNDF ထံသို့ (ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၂) ရက်နေ့က လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့ပြီး ဆုကြေးငွေချီးမြင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်ဟု CNO/CNDF က ယနေ့ရက်စွဲဖြင့်ထုတ်ပြန်လာသည်။ စစ်ကောင်စီထံမှ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသော စစ်သား၊ ရဲများအား ယခင်က ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းအတွက် ကျပ်သိန်း (၅၀) ဆုချီးမြှင့်လေ့ရှိပြီး ယခုအခါတွင် လက်နက်အပြည့်စုံနှင့် အလင်းဝင်ရောက်သူအားလုံးအား ၎င်းတို့ အသက်မွေးဝမ်းကြောင်းအတွက် ယခင်ဆုကြေးငွေ ကျပ်သိန်း (၅၀) အပြင် ထပ်တိုးချီးမြှင့်ငွေ ဆုကြေး ကျပ်သိန်း (၅၀)၊ စုစုပေါင်း ကျပ်သိန်း (၁၀၀) ထိ ပေးအပ်သွားမည်ဟု CNO/CNDF က အသိပေးထုတ်ပြန်ထားသည်။

Read More

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဖြစ်ပွားသော ၁၀ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၅ ဦးထက်မနည်း သေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၃ ဦးကျဆုံးခဲ့သည်ဟု သိရသည်။ Chin National Army (CNA) ဦးဆောင်သော ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ချင်းပြည်နယ် မတူပီမြို့နယ် ဇိုတုန်ဒေသနှင့် ထန်တလန်မြို့နယ်တို့တွင် တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားခဲ့ကြသည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်သည်။ CNA ၏ တပ်မဟာ ၁ နယ်မြေအတွင်းရှိ မတူပီမြို့နှင့် ရေဇွာမြို့အကြား ဇိုတုန်ဒေသအတွင်း ဖေဖော်ဝါရီလ ၄ ရက်နေ့က အင်အား ၁၃၀-၁၅၀ အကြားဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို CNA နှင့်ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသော CDF-Matupi, CDF-Zotung, CDF-Mara တို့မှ ၆ ရက်တိုင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု CNF ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ CNA ၏ တပ်မဟာ ၃ နယ်မြေအတွင်းရှိ ထန်တလန်မြို့တွင် CNA နှင့် CDF-Thantlang တပ်ဖွဲ့တို့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီတပ်သားနှင့် ရဲ ၆ ဦးကို လက်နက်များနှင့်တကွ အရှင်ဖမ်းမိခဲ့သည့်အပြင် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များ ခြေကုပ်ယူထားသော…

Read More

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ခမရ-၃၀၄ လက်အောက်ခံတပ်သား လင်းထက်အောင်သည် ပြီးခဲ့သည့် ဇန္နဝါရီလ ၃၀ ရက်နေ့က CDF-Kanpetlet ထံ လက်နက်နှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားလင်းထက်အောင်သည် MA 1- ၁ လက်၊ MA ကျည်ဆံ – ၃၃၆ တောင့်၊ နင်းမိုင်း- ၁ လုံး၊ လက်ပစ်မိုင်း- ၁ လုံး၊ အီနာဂါ -၂ လုံး၊ စကားပြောစက် – ၁ လုံး၊ ကျည်ကာအင်္ကျီ – ၁ ထည် တို့နှင့် အတူလာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း CDF-Kanpetlet က ယနေ့ သတင်းထုတ်ပြန်သည်။

Read More

ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ကောင်စီတပ်သားများ၏ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်ရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။ မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက် မြို့ဝင်ဂိတ်အနီးတွင် စစ်ကောင်စီတပ်နှင့် CDF-Mindat တို့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားကာ ရဲတပ်သား ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု CDF-Mindat က ထုတ်ပြန်သည်။ ယင်းထိတွေ့ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် တိုက်ပွဲနှင့်မသက်ဆိုင်သော အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အသက်ဆုံးရှုံးခဲ့သည်ဟု CDF-Mindat က ဆိုသည်။ အထိနာနေသော စစ်ကောင်စီတပ်သားများသည် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်အတွင်းရှိ ပြည်သူပိုင်နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် မီးရှို့ခံထားရသော နေအိမ်အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း CDF-Mindat က သတင်းထုတ်ပြန်သည်။

Read More

ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမပေါ်တွင်ရှိသော မှန်တောကျေးရွာက လင်းမယား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၈ ရက်နေ့ညက သတ်ဖြတ်ခဲ့ပြီးနောက် နေအိမ်နှင့်အတူ မီးရှို့ခံခဲ့ရသည်ဟု သိရသည်။ အသတ်ခံရသည့် လင်မယားမှာ အသက် ၅၂ နှစ်အရွယ် Pu Hram Mang နှင့် အသက် ၃၂ နှစ်အရွယ် ဇနီးဖြစ်သူ မမိုးကလျာတို့ဖြစ်ကြပြီး ဖေဖော်ဝရီလ ၈ ရက်ည ၁၁ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များ ၎င်းတို့နေအိမ်သို့ ဝင်ရောက်ကာ အကြောင်းပြချက်မရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူများထံမှသိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် Pu Hram Mang တို့လင်မယားကို လက်နောက်ပြန်ကြိုးတုတ်ကာ သတ်ဖြတ်ခဲ့ပြီးနောက် နေအိမ်နှင့်အတူ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ Pu Hram Mang ၏ ယောက္ခမ ဦးမောင်ချိူက “ကျွန်တော်က တောထဲမှာနေတာ အဲဒီမှာ သူများအကြောင်းကြားလို့ သိရတယ်၊ သမီးတို့ လင်မယားနှစ်ယောက်စလုံး အသတ်ခံရတာ၊ အိမ်ရော မီးလောင်သွားတော့တာကိုး၊ ကျွန်တော့ကတော့ သမီးကို ဒီလို လူမဆန်မှုလုပ်ရပ်တွေ လုပ်တာ သဘောမကျဘူး၊ အလောင်းကတော့ ရှားဖိုက ခရစ်ယာန်သင်္ချိုင်းမှာ ဂှုသွင်းလိုက်ပြီးပြီ။” ဟု ပြောသည်။ ကလေးမြို့နယ်၊ မှန်တောကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်တပ်ဖွဲ့များ တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိသောကြောင့် ရွာသားအများစုသည် ကလေးမြို့ဘက်နှင့် အခြား ကျေးရွာ၊ လယ်တောများတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်မှာ ၁ နှစ်ကျော်ရှိပြီဟု သိရသည်။ အသတ်ခံရသော Pu Hram Mang တို့လင်မယားတွင် သားသမီး ၂…

Read More

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတစ်ခုကို CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ မနက်ပိုင်း ၂ နာရီခန့်က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ လက်နက် ၄၀ ကျော်လည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ ချင်းအမျိုးသားတပ်မတော် CNA နှင့် CDF-Thantlang ပူးပေါင်းတပ်ဖွဲ့က ထန်တလန်မြို့ပေါ် ဇုန်မွှန်ရပ်ကွက်က ရဲတပ်ဖွဲ့စခန်းကို ဖေဖော်ဝါရီလ ၈ ရက် ည ၉ နာရီအချိန်တွင် ဝင်စီးကာ မနက် ၂ နာရီခန့်တွင် သိမ်းယူနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “ထန်တလန်မြို့ ရဲစခန်းပေါ့ အဲဒီရဲစခန်းမှာ စစ်ခွေးတွေနဲ့ ရဲတွေပေါင်းနေတယ် အင်အား ၄၀ ခန့်ရှိတယ် အဲဒါကို ကျနော်တို့က ည ၉ နာရီကနေ ဝင်စီးတာ မနက် ၂ နာရီမှာ ကျနော်တို့ နေရာဝင်ယူနိုင်ခဲ့တယ် အဲဒီမှာ လက်နက် ၄၀ ကျော်ရတယ် သူတို့ဘက်က ၄ ယောက်တော့ အလောင်းတွေကောက်ရတယ် ကျန်တဲ့ဟာတွေကတော့ ထွက်ပြေးတယ် အခု တောထဲမှာ ကျနော်တို့ လိုက်ရှာနေတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ စခန်းသိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က လက်နက် ၄၀ ကျော်၊ ဗုံးနှင့် ဒုန်းပစ်ချသည့် လက်နက်များ သိမ်းဆည်းခဲ့သည်။ ယင်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CNA ဒု-ဗိုလ် Aa Thang ကျဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။…

Read More

ချင်းပြည်နယ် မတူပီမြို့နယ် ဇိုတုန်နယ်မြေဒေသတွင် ယနေ့ နေ့ခင်းပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ စစ်ကောင်စီဘက်က အများအပြားကျဆုံးနိုင်ပြီး မောင်းပြန်သေနတ် ၂ လက်လည်း သိမ်းဆည်းရမိသည်ဟု CDF-Zotung က သတင်းထုတ်ပြန်သည်။ ယနေ့ဖေဖော်ဝါရီလ ၈ ရက် နေ့လည် ၁၂ နာရီမှ ၂ နာရီအထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသော CDF-Zotung၊ CNA ၊ CDF-Matupi ၊ CDF-Senthang ၊ CDF- lautu ၊ CDF-Zophei တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ချင်းကာကွယ်ရေးဘက် အထိအခိုက်မရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ရေဇွာမြို့နှင့် မိုင် ၂၀ အကွာရှိ ဇိုတုန်ရွာတစ်ရွာတွင် ညအိပ်တပ်စွဲခဲ့ကြသည်ဟု CDF-Zotung က ဆိုသည်။ “သူတို့နေတဲ့နေရာက ရွာနဲ့မိုင် ၂၀ လောက်ဝေးတဲ့နေရာမှာပဲဆို‌တော့ ပိုးပြီးတော့ တိုက်ပွဲဖြစ်လာနိုင်ခြေရှိတယ်” ဟု CDF-Zotung ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဒေနီက ပြောသည်။ ထို့ကြောင့် ဇိုတုန်ဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိပြီး အများပြည်သူများအနေဖြင့် ရေဇွာ-မတူပီကြား ခရီးသွားလာခြင်းမပြုရန် CDF-Zotung က အသိပေးထားသည်။ ဇိုတုန်နယ်တွင် လွန်ခဲ့သော ဖေဖော်ဝါရီ ၅ ရက်နေ့မှစတင်ပြီး စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်လာခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးမှုရှိခဲ့ပြီး၊ CDF-Zotung ဘက်မှ တပ်ရင်းမူးအပါဝင် ၂ ဦးကျဆုံးကာ စစ်ကောင်စီက အရပ်သားပြည်သူ ၈ ဦးကိုလည်း လူသားဒိုင်ကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

Read More

ကလေးမြို့နယ်တောင်ပိုင်းဒေသမှ ဂန့်ဂေါမြို့ဘက်သို့ တပ်ချိန်းရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-KKG တပ်ဖွဲ့တို့ ဖေဖော်ဝါရီလ ၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စကစ ဘက်က အရာရှိတစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိနိုင်သည်ဟု CDF-KKG က ယနေ့ထုတ်ပြန်သည်။ ကလေးမြို့တောင်ပိုင်းဒေသ စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသော ရန်ကြီးအောင်စခန်းနှင့် မြောက်စည်းရဲစခန်းတို့မှ စကစနှင့် ပျူစောထီး အင်အား ၂၀ ခန့်တို့သည် တပ်ချိန်းရန်အတွက် ဂန့်ဂေါမြို့ဘက်သို့ ဖေဖော်ဝါရီလ ၆ ရက်နေ့မနက်ပိုင်းက စစ်ကြောင်းထိုးလာရာ ချင်းကင်းရွာအနီးမှာ CDF-KKG တပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ အဆိုပါပစ်ခတ်မှုတွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ပျူရွာများမှ စကစနှင့် ပျူစောထီးအင်အား ၁၀၀ ကျော်က ကမ္ဘာနီတံတားဘက်မှတဆင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ကူကာ CDF-KKG တပ်ဖွဲ့ကို နှစ်ဖက်ညှပ်တိုက်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော်လည်း ယင်းတိုက်ပွဲတွင် CDF-KKG ဘက်က တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ပဲ စစ်ကောင်စီဘက်က အရာရှိတစ်ဦး သေဆုံးခဲ့သည့်အပြင် အများအပြား ဒဏ်ရာရရှိနိုင်သည်ဟု CDF-KKG က ဆိုသည်။ သေဆုံးသွားသော စကစ ဘက်က အရာရှိမှာ မြောက်စည်းရဲစခန်းမှူး နှစ်ပွင့်ဗိုလ် ဟန်ထက်ဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသော်လည်း သီခြားအတည်ပြုနိုင်ခြင်းမရှိကြောင်း CDF-KKG က ဆိုသည်။ တိုက်ပွဲအတွင်း အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့တပ်စွဲရာစခန်းများသို့ ပြန်လည်ဆုတ်ခွါသွားကြသည်ဟု သိရသည်။ ကလေးမြို့နယ်တောင်ပိုင်းနှင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတို့သည် ပြည်ထောင်စုလမ်းမကြီးအတိုင်း နယ်နိမိတ်ချင်းထိစပ်နေပြီး မြို့နယ်ချင်းစပ်ရှိ ကျေးရွာအမြောက်အများတွင် စစ်ကောင်စီတပ်များ တပ်စွဲထားကြကာ ဒေသခံပြည်သူများအား စစ်သင်တန်းများပေးခြင်း၊ လက်နက်များတပ်ဆင်ပေးခြင်းတို့ကြောင့် စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးများ အင်အားများလာနေကြောင်းသိရသည်။

Read More

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက်ပိုမစုရနှင့် ည ၆ နာရီမှ မနက် ၆ နာရီအထိ အပြင်မထွက်ရအမိန့်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့စွဲဖြင့်ထုတ်ပြန်လိုက်သော တိုင်းမှူး၏ အမိန့်ထုတ်ပြန်ချက်တွင် စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များတွင် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် မည်သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း လုံခြုံရေးတာဝန်ရှိသူမှအပ လမ်းများပေါ်တွင် သွားလာခြင်းမပြုရန်၊ နံနက် ၆ နာရီမှ ည ၆ နာရီအတွင်း လူ ၅ ဦးနှင့် လူ ၅ ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း ရုန်းရင်းဆန်ခတ်မှုပြုခြင်း၊ တုတ်၊ ဓား၊ လက်နက်နှင့် မီးလောင်စေတတ်သောအရာများ ကိုင်ဆောင်ခြင်းမပြုရဟု ဖော်ပြထားသည်။ ထို့အပြင် မည်သူမျှ လမ်းများပေါ်တွင် အတားအဆီးများ ပြုလုပ်ပိတ်ဆို့ခြင်းနှင့် လူစု၊ လူဝေးဖြင့် ပိတ်ဆို့ခြင်းများမပြုလုပ်ရန်နှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများကို မည်သည့်နည်းနှင့်မျှ နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်းမပြုလုပ်ရဟု တိုင်းမှူး၏ အမိန့်တွင် ပါရှိသည်။ ယင်းအမိန့်ထုတ်ပြန်ချက်ကို မလိုက်နာသူများအား လုံခြုံရေးတာဝန်ထမ်းဆောင်သူတို့က အင်အားသုံးဖမ်းဆီး၍ တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ပြီး နောက်ထပ် အမိန့်တစ်စုံတစ်ရာမရမချင်း ဤအမိန့်သည် အတည်ဖြစ်သည်ဟု ပါရှိသည်။ စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်မြောက်နေ့တွင် နောက်ထပ် ၆ လ…

Read More