ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် ပလုံတွီကျေးရွာဘက်တွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူများအား အစုလိုက်သတ်ဖြတ်ကာ မီးရှို့ထားသည်ဟုယူဆရသော အထောက်အထားများတွေ့ရှိရသည်ဟု CDF-Mindat က ယနေ့ထုတ်ပြန်သည်။ အင်အား ၁၂၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် နိုဝင်ဘာလ ၇ ရက်နေ့က မင်းတပ်မြို့နယ် ပလုံတွီကျေးရွာကိုဝင်စီး၍ ဒေသခံရွာသားတစ်ယောက်ကိုပစ်သတ်ကာ ရွာခံများနှင့် စစ်ဘေးရှောင်ပြည်သူအယောက် ၄၀ ခန့်ကို ဓားစာခံအဖြစ်ဖမ်း ဆီးခဲ့သည်ဟု သိရသည်။ ယင်းနေ့ နိုဝင်ဘာလ ၇ ရက် ၁၂ နာရီခွဲခန့်တွင် CDF-Mindat က အနီးကပ်တိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ရာတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ရွာခံနှင့် စစ်ဘေးရှောင်ပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီးထားသည့်အတွက် စစ်ဆင်ရေးဆက်လုပ်ရန်အခက်အခဲရှိခဲ့သည်ဟု CDF-Mindat က ဆိုသည်။ နောက်တနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ဓားစာခံအဖြစ်ဖမ်းဆီးခံရသူများထဲမှ (ယောအမျိုးသား) ၇ ဦးကို လက်ပြန်ကြိုးတုပ်၍ အခြားနေရာသို့ခေါ်ဆောင်သွားခဲ့ပြီး အဆိုပါ ၇ ဦးအနက် ၆ ဦးမှ ယနေ့ချိန်ထိ အဆက်သွယ်မရ ပျောက်ဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့များ ထီးလင်းမြို့ဘက်သို့ တပ်ဆုပ်သွားသည့်အချိန်တွင် ခေါ်ဆောင်သွားခဲ့သည်ဟု CDF-Mindat ထံမှ သိရသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များ ပလုံတွီကျေးရွာမှ ထီးလင်းမြို့သို့ တပ်ဆုပ်သွားပြီးနောက် CDF-Mindat တပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့သည့်အချိန်တွင် ပြည်သူများ မီးရှို့သတ်ဖြတ်ခံထားရသည့် အထောက်အထားများ တွေ့ရှိခဲ့ကြသည်ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။ “မနေ့က ညနေပိုင်းလောက်မှာ နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ လူအစုလိုက်အပြုံလိုက်သတ်ပြီး မီးရှို့ထားတဲ့နေရာတွေ့တယ်။ ကျနော်တို့ ဆက်စုံစမ်းလိုက်တော့ ဖမ်းသွားတဲ့…
Author: Editor
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် မုန်တိုင်းဒါဏ်ကြောင့် အောက်တိုဘာ ၂၁ ရက်နေ့မှစပြီး နိုဝင်ဘာလ ၉ နေ့အထိ သုံးပါတ်ကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့ရာမှ နိုဝင်ဘာ ၉ ရက်နေ့၊ ညနေ ၆ နာရီခွဲဝန်းကျင်၌ ဟားခါးမြို့ရပ်ကွက်တစ်ချို့တွင် ဓါတ်အားလိုင်း ပြန်လည်ရရှိပြီဖြစ်ကြောင်း သိရသည်။ ဟားခါးမြို့အနီး နေပီးကျေးရွားအနီးတဝိုက်နှင့် ကျောဘုတ်ရပ်ကွက်တွင် မုန်တိုင်းကြောင့် လျှပ်စစ်ဓါတ်တိုင်နှင့် ဝါယာကြိုးများ ပျက်ဆီးခဲ့သည့် နေရာသို့ လိုင်းထိန်းအဖွဲ့မှ နိုဝင်ဘာ ၄ ရက်နေ့မှစပြီး ယမန်နေ့ထိ တစ်ပါတ်ကြာအောင် သွားရောက်ပြုပြင်ခဲ့ခြင်းဖြစ်သည်။ အလားတူ ဖလမ်းမြို့နယ်တွင်လည်း လျှပ်စစ်မီး ပြန်လည်ရရှိနေပြီဟု သိရသည်။ ယမန်နေ့ညမှစပြီး လျှပ်စစ်မီး ဆက်တိုက်ရရှိနေပြီဖြစ်ပြီး အိမ်မှုကိစ္စနှင့် ချက်ပြုရာတွင်လည်း အဆင်ပြေနေပြီဟု ဒေသခံတစ်ဦးကပြောသည်။ “မီးပြန်လာတော့ တကယ် ပျော်တယ်၊အမှောင်မှာနေရတာ တကယ်ပင်ပန်းတယ်၊ အခု လျှပ်စစ်မီးနဲ့ ထမင်းပြန်ချက်နေပြီ။ မီးလာတော့ ညကြီးမှာတောင် အိမ်အလုပ်တွေလုပ်တာပေါ့နော်၊ အဝတ်လျှော်တယ်၊ မီးပူတိုက်ဘာညာနဲ့ အိုးခွက်ပန်း ကန်ကအစ ဆေးကြော သန့်ရှင်းရေးတေလုပ်တာပေါ့ ပျော်တယ်၊ အဲလိုလေး။ အခု အဲလိုမျိုး မီးမပျက်တော့ရင် ကောင်းမယ်” ဟု ဟားခါးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ဟားခါးမြို့တွင် သုံးပါတ်အတွင်း လျှပ်စစ်မီးမရတာကြောင့် ဒေသခံပြည်သူများ နေထိုင်စားသောက်ရေးမှာ အခက်ကြုံနေကြရပြီး ထင်းနှင့် မီးသွေးဈေးနှုန်းများလည်း မြင့်တက်ခဲ့ရသည်။
ရေး – Salai Vakok မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး မြို့များအနက် တစ်ခုဖြစ်သော ပလက်ဝမြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ပေါင်းစုံကို ရင်ဆိုင်နေရသည်။ လုံဒူး၊ အိမ်နူး၊ ခိန်ခေါင်း၊ ကန်တောင်၊ လောင်ယော်ကုန်း၊ အထက်ဘောင်ကုန်း၊ ဝါးရုံ၊ ရွှေလိုက်ဝ၊ ဆင်အိုဝ၊..… နှင့်….ရွာတို့မှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလှမ်းဝေးနေသည်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၏ ထက်ဝက်ခန့်မှာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည်မှာ ၃ နှစ်ကျော် ရှိလာနေပါပြီ။ ကျန်းမာရေးစောင့်ရှောက်မှုမရှိသော ဒေသများတွင် အရပ်ဆေးဆရာ (ရမ်းကု)၊ တောဆေးများနှင့် ကုကြသည်။စကစ၏ ကျန်းမာရေးစောင့်ရှောက်မှုက ပလက်ဝမြို့ပေါ်နှင့် အနီးဝန်းကျင်ကိုပဲ လွှမ်းခြုံနိုင်သည်။ ပလက်ဝမြို့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကလည်း ဒေသ (၃) ခုတွင်သာ ဆေးခန်းဖွင့်နိုင်ပြီး CDM ကျန်းမာရေးဝန်ထမ်း၊ စေတနာလုပ်အားပေးဝန်ထမ်း (ဆရာဝန် မရှိပါ) စုစုပေါင်း (၂၂) ဦးခန့်ဖြင့် လည်ပတ်နေသည်။ စစ်ဘေးရှောင်နှင့် ကျေးလက်နေလူထု ခန့်မှန်း ၈၀၀၀ ခန့်ကို ကုသပေးနေနိုင်ပြီး ယင်းက မြို့နယ်၏ ၃၀ ရာခိုင်နှုန်းကိုသာ လွှမ်းခြုံနိုင်သည်ဟု ယင်းအဖွဲ့မှ တာဝန်ခံတစ်ဦးက ရှင်းပြသည်။ “ချောင်းဖျားရွာတွေ၊ မြို့နယ်အဖျားက ရွာတွေက ကျန်းမာရေးစောင့်ရှောက်မှု မရကြတာတော့ အမှန်ပါပဲရှင့်။ သူတို့ရွာမှာရှိတဲ့ ရမ်းကုတွေနဲ့ တချို့တွေနဲ့ သိသလောက် မှတ်သလောက်တွေနဲ့ ကုတယ်။ တောဆေးတွေနဲ့ကုပြီးမှ နေကြတယ်။ အဲဒါကြောင့် ဒီကာလမှာ မဖြစ်သင့်ပဲနဲ့ ဖြစ်သွားကြတာတွေလည်း အများကြီးပဲရှင့်” ဟု ပလက်ဝမြို့နယ် ပြည်သူ့ကျန်းမာရေးတာဝန်ခံက ပြောသည်။ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသော ဒေသများတွင် ၅ နှစ်အောက်ကလေးငယ်များအတွက် အမျိုးမျိုးသော…
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း တိရိစ္ဆာန်ရောဂါများ ကျရောက်ပြန့်ပွားမှုကြာင့် တိရိစ္ဆာန်များသယ်ယူပို့ဆောင်ခြင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့ကစ၍ တားမြစ်ထားသည်ဟု CDF-Hakha တပ်ဖွဲ့က ထုတ်ပြန်သည်။ ဟားခါးမြို့နယ်အတွင်းဖြစ်ပွားသော ယင်းတိရိစ္ဆာန်ရောဂါကြောင့် ပြည်သူများ ရှုံးဆုံးနစ်နာမှုရှိနေသည့်အတွက် နောက်ထပ် အမိန့်စာမထုတ်ပြန်ခင်အချိန်ထိ ဟားခါးမြို့နယ်အတွင်း တိရိစ္ဆာန်များ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ပိတ်ပင်လိုက်သည်ဟု နိုဝင်ဘာ ၉ ရက်နေ့စွဲဖြင့် CDF-Hakha က ထုတ်ပြန်ခြင်းဖြစ်သည်။ ဟားခါးမြို့တွင် ပြီးခဲ့တဲ့လက အမျိုးအမည်မသိရောဂါတမျိုးကြောင့် ဝက်အကောင် တစ်ရာခန့် သွေးအန်ပြီးသေဆုံးခဲ့ကြောင်း ဝက်ရောဂါ ကာကွယ်ဆးထိုးပေးနေတဲ့အဖွဲ့၏အဆိုအရ သိရသည်။ ထို့သို့ ချင်းပြည်နယ်အတွင်း ဝက်ရောဂါကျရောက်ပြန့်ပွားမှုကြောင့် အိမ်နီးချင်း မီဇိုရမ်ပြည်နယ်ကလည်း ချင်းပြည်နယ်ဘက်မှ တိရိစ္ဆာန်တင်သွင်းခွင့် ယာယီပိတ်ပင်ထားသည်ဟု သိရသည်။
စစ်ရေးအခြေအနေတင်းမာနေတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးဗျူဟာတွေပြောင်းလဲလာပြီး လက်နက်ကြီးပစ်ခတ်မှုတွေ ပိုမိုအသုံးပြုလာကာ လေကြောင်းတိုက်ခိုက်မှုကိုလည်း ပိုမိုအသုံးပြုလာနိုင်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) က ပြောဆိုပါတယ်။ ချင်းပြည်နယ်တစ်ဝှမ်းလုံးအခြေအနေကို ခြုံကြည့်မယ်ဆိုရင် အရင်နှစ်ထက် ဒီနှစ်မှာ စစ်ကောင်စီက ထိုးစစ်ဆင်မှုနည်းလာပေမဲ့ စစ်ရေးဗျူဟာပြောင်းလဲလာပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ များလာတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ “မနှစ်ကထက်စာရင် ချင်းပြည်နယ်တစ်ခုလုံးမှာ တိုက်ပွဲကလျှော့လာ တယ်လို့ ပြောလို့ရပါတယ်။ ချင်းပြည်နယ်တောင်ပိုင်းမှာတော့ ဒီနှစ်မှာ မြောက်ပိုင်းထက် စစ်ဆင်ရေးလျှော့တယ်။ အရင်နှစ်တွေဆိုရင် တောင်ပိုင်းတက်လာပြီ၊ မြောက်ပိုင်းတက်လာပြီ၊ မတူပီဗျူဟာကို အလုံးအရင်းတက်လာတယ်။ ဟားခါးဗျူဟာကို တစ်ကြိမ်တစ်ခါတည်းနဲ့ တက်လာတယ်။ ဒီနှစ်ထဲမှာတော့ အဲလိုအနေထားမဟုတ်ဘူး။ အဲဓိကတော့ မြောက်ပိုင်းကို အဓိက ဦးတည်တယ်။ ခြုံပြောမယ်ဆိုရင် သူတို့ဘက်က တိုက်ပွဲအရှိန်က လျှော့လာတယ်။ သူတို့ဘက်က အင်အားပိုနည်းသွား သလားမသိဘူးပေါ့။ ပြီးတော့ သူတို့က လက်နက်ကြီးပဲ ပိုပြီးတော့သုံး လာတယ်။ အစကတော့ အဲလိုမဟုတ်ဘူး။ ကျနော်တို့က အနီးကပ်နဲ့ ပေ ၂၀၊ ၂၅ ပေ အဲလိုနဲ့ချတာကိုး။ အခုက အဲလိုအနေအထားမရောက်နိုင်တော့ဘူး။ လက်နက်ကြီးက ပိုသုံးလာတယ်။ သို့သော် ပွင့်လင်းရာသီရောက်ပြီဆိုတော့ သူတို့က ဂျက်ဖိုက်တာတွေပေါ့နော် လုပ်လေ့ရှိတယ်။ ပြီးခဲ့တဲ့အဂါနေ့ကပဲ ကင်းထောက်လေယာဉ် ကျနော်တို့အပေါ်ကို လာဝိုက်တာပေါ့နော်။ လေယာဉ်က ပိုပြီးတော့အသုံးပြုလာနိုင်တဲ့အလားအလာတော့ရှိတာပေါ့။ မြေပြင်ကနေ သူတို့က အင်အားလျှော့သွားသလားပေါ့နော်။ အဲလိုပြောလို့ရ ပါတယ်။” ဟု ပူးထက်နီကပြောသည်။ စစ်ကောင်စီရဲ့ကင်းထောက်လေယာဉ်တစ်စင်းက ချင်းအမျိုးသားတပ်ဦး ဗဟိုဌာနချုပ် ဝိတိုရိယစခန်းအနီးမှာ နိုဝင်ဘာလ ၂ ရက်နေ့က…
ချင်းအမျိုးသာတပ်ဦး/တပ်မတော် CNF/CNA ဌာနချုပ်ဖြစ်သော Camp Victoria ကို ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ရန် စီစဥ်နေသော စစ်ကောင်စီ၏ စရင်းဓာတ်ပုံများ လူမှုကွန်ရက်မှတစ်ဆင့် ပေါက်ကြားလာကြောင်း သိရှိရသည်။ ၎င်းစရင်းနင့် ဓာတ်ပုံတွင်ဖော်ပြထားသော ကမ္ဘာ့မြေပုံ၏တည်နေရာမှာ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် CNF/CNA ဌာနချုပ်ဖြစ်ပြီး လေကြောင်းမှ ချေမှုန်းတိုက်ခိုက်ရန် အဓိကပစ်မှတ်ထား ရေးဆွဲထားသော ဗျူဟာစနစ်ဖြစ်ကြောင်း တွေ့ရသည်။ ထို့ကြောင့် စစ်ကောင်စီဘက်မှ CNF/CNA ဌာနချုပ် Camp Vitoria အား လေကြောင်းအားပြုကာ ချေမှုန်းတိုက်ခိုက်ရန် စီစဥ်နေခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့ CHRO ၏ Tweeter လူမှုကွင်ရက်တွင် ဖော်ပြထားသည်။ နိုဝင်ဘာလ ၇ ရက်နေ့ကလည်း စစ်ကောင်စီက ဟားခါးနှင့် ထန်တလန်အကြားရှိ သီးမြစ်အနီးတဝိုက်အား လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။ အလားတူ ပြီးခဲ့သော နိုဝင်ဘာ ၁ ရက်နေ့နင့် ၂ ရက်နေ့များတွင်လည်း စစ်ကောင်စီမှ ATR (Regional Transport Airplanes) အမျိုးစား ခရီးသည်တင်လေယာဥ်ဖြင့် ထန်တလန်မြို့နယ် ချင်းအမျိုးသားတပ်မတော် (CNA) ထိမ်းချုပ်နယ်မြေ ကောင်းကင်ယံတွင် ၃ ကြိမ် လာရောက်ပျံသန်းခဲ့ပြီး ကင်းထောက်သည့်ပုံစံဖြင့် လှည့်ပက်ပျံဝဲခဲ့ကြောင်း ဒေသခံများကပြောသည်။
မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ MRRC-M မှ အိန္ဒိယငွေ ၁၃၀,၀၀၀/- ဖိုး အစားသောက်များကို ကျိမ်ဖိုင်းခရိုင်ရှိ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်စခန်း ၃ ခုတွင် သွားရောက်ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ် ကျိမ်ဖိုင်းခရိုင်ရှိ အိုင်သီအိုင်စခန်း, ဇောသဲစခန်းနင့် ဇောလ်စီယ်စသော ဒုက္ခသည်စခန်းတွင် မြန်မာစစ်ဘေးရှောင် ၄၀၀ ကျော်ခန့်ရှိပြီး နိုဝင်ဘာ ၇ ရက်နေ့တွင် မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ (MRRC-M) မှ အစားသောက်များကို သွားရောက်ကူညီပံ့ပို့ခဲ့သည်။ မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ (MRRC-M) သည် မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး အလှူရှင်များနင့် မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များအကြား ဆက်စပ်ပေးသော၊ လူမျိုး/ဘာသာမခွဲခြားဘဲ မြန်မာစစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးနေသည့် စေသနာ့ဝန်ထမ်း အဖွဲ့စည်းတစ်ခုဖြစ်သည်။ ၎င်းအဖွဲ့စည်း စတင်ဖွင့်လင့်သောအချိန်မှစပြီး တစ်နှစ်ကျော်ကြာကာလအတွင်း အိန္ဒိယငွေ သိန်း ၆၀၀ ကျော်တန်ဖိုးရှိသည့် အစားသောက်များနင့် အဝတ်အစားများအပါဝင် အခြားအခြားသော ကူညီထောက်ပံ့မှုများလည်း ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ လာမည့်နှစ် အစပိုင်းတွင်လည်း Mizoram Project မှ အစားအသောက်များနင့် အဝတ်ထည်များကို ထောက်ပံ့မှုပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ အခုလို အစားသောက်များ ကူညီပေးကမ်းမှုတွင် ကျိမ်ဖိုင်းခရိုင်ရှိ လူငယ်များအသင်းဖြစ်သော (YMA) မှတစ်ဆင့် ပူးပေါင်းပေးကမ်းခြင်းဖြစ်ကြောင်းသိရပြီး နေရာတိုင်းရှိ ဒုက္ခသည်စခန်းများကိုလည်း သွားရောက်ကူညီပေးကမ်းသွားမှာဖြစ်ကြောင်း သိရှိရသည်။
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် နိုဝင်ဘာ ၂ ရက်နေ့က တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ဆန်အိတ် (၁၄၀ဝ) ရောက်ရှိလာပြီး ဆန်ကုန်သည်များထံတွင် အိမ်ထောင်စုစာရင်းဖြင့်တင်ပြကာ တအိမ်ထောင်တွင် ဆန်တအိ်တ်နှုန်းဖြင့် အကန့်အသတ် ဝယ်ယူခွင့်ကြရသည်ဟု ပလက်ဝမြို့က အိမ်ရှင်မတစ်ဦးက ပြောသည်။ “အိမ်ထောင်စုစာရင်းနဲ့ဝယ်ရတယ် လွတ်လွတ်လပ်လပ်နဲ့ဝယ်တာမဟုတ်ဘူး ဒီမနက်ဆိုရင် တန်းစီရတယ်။ ကျမတို့ကရတယ် ကြိုတင်ပြီးတော့မှာထားတာ တအိတ်ပဲရတယ်။အားလုံးရလားတော့မသိဘူး။ ပေါ်ဆန်းမွှေးက ခုနှစ်သောင်းနဲ့တစ်ထောင်ပေးတယ် ကြက်ဥ၊ ကြက်သွန်လည်းရောင်းပေးတယ်” ဟု ပလက်ဝမြို့က အိမ်ရှင်မက ပြောသည်။ ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ဆက်သွယ်ထားသော ရေလမ်းကြောင်း ပြန်လည်ဖွင့်ပေးရန် အောက်တိုဘာလအတွင်း ပလက်ဝမြို့ခရစ်ယာန်ဆရာတော်များ၊ ဗုဒ္ဓဘာသာဘုန်းကြီးများ၊ ရပ်မိ/ ရပ်ဖတို့မှ ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ထံ ပြည်သူများကိုယ်စား စာရေးတင်ပြခဲ့ကြကာ ရေလမ်းကြောင်း တရားဝင်ဖွင့်ပေးခြင်းမရှိသော်လည်း ဆန်များ သယ်ယူခွင့်ရခဲ့ကြခြင်းဖြစ်သည်။ လက်ရှိရောက်လာသည့် ဆန်အိတ်များကို ဆန်ကုန်သည်များမှတဆင့် ရောင်းချပေးကာ ပုံမှန်ဆန်တအိတ်တွင် (၅၂၀ဝ၀) ကျပ်၊ ပေါ်ဆန်းမွှေးတအိတ် (၇၂၀ဝ၀) ကျပ်၊ ကြက်ဥ ၄ လုံး (၁၀ဝ၀)၊ ကြက်သွန်နီ ၁ပိဿာ (၄၀ဝ၀) ကျပ် သီးသီးတို့ဖြင့် ဝယ်ယူကြရကြောင်း သိရသည်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ပလက်ဝမြို့သို့ စက်လှေ ၄ စီးဖြင့် ဆန်အိတ်အပါအဝင် စားသောက်ကုန်ပစ္စည်းအနည်းငယ်နှင့် စက်သုံးဒီဇယ်ပေပါ ၄၀ ခန့်တို့ကို သယ်ယူခွင့်ရရှိခဲ့ကြသောကြောင့် ပလက်ဝမြို့ပေါ်တွင် ယခင်ဖြန့်ဝေနေကြသည့်အတိုင်း ရပ်ကွက်အလိုက် တရက်ခြားဖြင့် လျှပ်စစ်မီး ပြန်လည်ရရှိနေသည်ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။ “ဒီဇယ်ပါလာတယ် မနေ့ကနေပြီး မီးပြန်ရပြီ၊ ရပ်ကွက်လိုက်ပေးတာ ပလက်ဝတမြို့လုံးကို…
ချမ်းအေးသည့် ဆောင်းရာသီဝင်စပြုလာခြင်းနှင့် အလှူရှင်များမရှိသောကြောင့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်နေကြသည့် ပြည်သူများအတွက် အနွေးထည်နှင့် စောင်များ လိုအပ်နေသည်ဟု ပလက်ဝမြို့က စစ်ဘေးရှောင်များကို ကူညီပေးသူတစ်ဦးက ပြောသည်။ “အနွေးအထည်က ဘယ်သူမှ ထောက်ပံ့တာမရှိဘူး၊ အဲ့တော့ မလုံလောက်ဘူး။ မနှစ်တုန်းက ပြေးတဲ့သူတွေလောက်ပဲ နည်းနည်းပါးပါးနဲ့ ဟောင်းတွေပဲရှိတော့မယ်။ ဒီနှစ်ပြေးလာတဲ့သူတွေကတော့ အဝတ်တ ထည်ကိုယ်တခုနဲ့ပြေးလာကြတာဆိုတော့ အဝတ်တွေတော့ မရှိဘူး။ အရင်တုန်းကအလှူရှင် NGO၊ ပုဂ္ဂလိက ဖက်ကပဲရှိတာ နောက်ပိုင်းမဝင်တော့ ကျွန်တော်တို့ဒေသမှာကမရောက်နိုင်တာ တော်တော်လေး အခက်တွေ့တယ် ဒါကြောင့် နည်းနည်းရနိုင်တယ်ဆိုရင် ကူညီပေးပါအုံးပေါ့။” ဟု ပလက်ဝမြို့က စစ်ဘေးရှောင်များကို ကူညီပေးသူတစ်ဦးက ပြောသည်။ ၎င်း စစ်ဘေးရှောင်ပြည်သူများကို ၂၀၂၀ ခုနှစ် ချင်းပြည်နယ်အစိုးရမှ ထောက်ပံ့ပေးမူ၊ NGO၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ အလှူရှင်အသီးသီးတို့မှ ဆောင်းတွင်းအဝတ်အနွေးထည်၊ စောင်များ ကူညီလှူဒါန်းမှုများရှိခဲ့သော်လည်း ယခုနှစ်အတွင်း လမ်းပန်းဆက်သွယ်ရေး ပိုခက်ခဲလာကာ အင်တာနက်လိုင်း ပြတ်တောက်ခံထားရဆဲဖြစ်သောကြောင့် အလှူရှင်များနှင့် ဆက်သွယ်ရေးပြတ်တောက်ခြင်းတို့ ကြုံတွေ့နေရခြင်းဖြစ်သည်။ ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများထဲတွင် သက်ကြီးရွယ်အို၊ ကိုယ်ဝန်သည်အပါအဝင် ကလေးငယ်များရှိနေသောကြောင့် လက်ရှိ ဆောင်းတွင်း အဝတ်ထည်သာမက အာဟာရဖြည့်စွက်အစာနှင့် ဆေးဝါးများလည်း အကူညီလိုအပ်နေသည်ဟု အဘောင်သားဒေသခံတစ်ဦးက ပြောသည်။ “အခုဆောင်းရာသီဝင်လာပြီဆိုတော့ စောင်၊ အနွေးထည်၊ အခင်းတွေလိုအပ်တယ်။ တချို့က ကျန်းမာရေးမကောင်းကြတော့ ဆေးကုဖို့လိုတယ်။ပြည်သူ့ဆေးရုံကဆရာမတွေက တလတကြိမ်ဆေးခန်း လာဖွင့်ပေးကြပေမယ့် နည်းနည်းပါးပါး ဖျားတာလောက်ပဲကုပေးတယ် အသည်းသန်ဖြစ်ရင် ဆေးရုံတက်ရဆေးကုဖို့ ပိုက်ဆံလိုတယ်” ဟု အဘောင်သားဒေသခံက ပြောသည်။ လက်ရှိ ပလက်ဝမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာသောကြသော ပြည်သူများအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်…
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် လျှပ်စစ်မီးမရတာ နှစ်ပါတ်နီးပါးကြာပြီးနောက် ချင်းဦးစီးရပ်ကွက်ရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခံရကာ မီးစက်တစ်လုံး ပျောက်ဆုံးတယ်လို့ အိမ်ရှင်ထံမှ သိရသည်။ လွန်ခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ညတွင် အမည်မသိလူတစ်ချို့က ခြံစည်းရိုး သံဇကာ ဖျက်ဆီး၊ ၎င်းအိမ်ကို အိမ်ရှင်မရှိတုန်း သော့ဖျက်ဖောက်ထွင်းခဲ့တာဖြစ်တယ် လို့ သိရသည်။ “အခု ဖောက်ထွင်းခံရတဲ့ အိမ်က နှစ်ထပ်အိမ်ပေါ့နော်၊ သူခိုးတေက အိမ်အောက်ထပ်ကို သော့ဖျတ်ပြီးဝင်မွေသွားတာပေါ့။ အဲမှာ မီးစက်နှစ်လုံးထားထားတာ ပိုကြီးတဲ့တလုံးကို ခိုးသွားကြတာပဲ။ ပိုက်ဆံတော့ ဘာမှမရှိတော့ မပါဘူးပေါ့နော်။ ဒီလိုမျိုး အိမ်ဖောက်ခံရတယ်ကြားတော့ ဝမ်းနည်းတာပေါ့။ ကိုယ့်အနေနဲ့ကျ ဘာမှတတ်နိုင်တာလဲမရှိဘူးလေနော်။” လို့ အိမ်ရှင်အမျိုးသားတစ်ဦးက ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ခိုးဆိုးလုယက်မှုများ သိသိသာသာများလာပြီး ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း လွန်ခဲ့သည့် အောက်တိုဘာလတွင် ဟားခါးမြို့ မတူပီလမ်းရှိ ကုန်စုံဆိုင်နှစ်ဆိုင်အား သူခိုးများ ဖောက်ထွင်းဝင်ရောက်ကာ ငွေကြေး သိန်းနှစ်ဆယ်ဝန်းကျင် ခိုးယူခဲ့ကြပါသည်။ ယခု ဟားခါးမြို့တွင် လျှပ်စစ်မီးဆက်တိုက်မလာတာကြောင့် လျှပ်စစ်မီးအစား အသုံးပြုနိုင်သည့် solar၊ နေရောင်ခြည်ပြား၊ မီးစက်၊ ဖယောင်းတိုင်၊ မီးသွေး စသည့်ပစ္စည်းများ စျေးနှုန်းထိုးတက်သည်သာမက ဝယ်ယူရန်လည်း အလုံအလောက်မရှိဘူးလို့ သိရသည်။a
