(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ မီးဇာရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွင် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိမှု ပိုတိုးလားပြီး ဒဏ်ရာပြင်ထန်းသူများကို ကုသရန် ဆေးဝါးလုံလောက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက် ညနေ ၄ နာရီခန့်က ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်ဖျားဒေသဖြစ်သည့် ထရွန်အိုင်ရွာအထက်ပိုင်း ၆ မိုင်က မီးဇာရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၉ ဦးအထိ ထိခိုက်ဒဏ်ရာများ ရရှိ ထားကာ သက်ကြီးပိုင်း ပြည်သူ ၂ ဦးမှာ ဒဏ်ရာများ ပြင်းထန်သည်ဟု မီးဇာရွာနှင့် နီးစပ်သော ဒေသခံတစ်ဦးက ပြောသည်။ “မနေ့က ၇ ယောက်ပြောတာ ဒီမနက်ကတော့ ၉ ယောက်ဖြစ်တယ်။ အသက်ကြီးပိုင်း ၂ ယောက်ကတော့ ဒဏ်ရာ ပြင်းထန်တယ်။ မီးဇာဆေးရုံးမှာ ကုသတာ ရှိတော့ ဆေးဝါးက မလုံလောက်ဘူး။ မနက်ပိုင်း လေယာဉ်ပျံတွေ လာမယ်ဆိုလို့၊ ပြည်သူတွေက ဗုံးကြဲမှာကို စိုးလို့ အိမ်ထဲက အိမ်ပြင် မထွက်ရဲဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဘင်္ဂလားဒေ့ရှ် – အိန္ဒိယ – မြန်မာ သုံးနိုင်ငံနယ်စပ်အနီးမှာ တည်ရှိသည့် ပလက်ဝမြို့နယ်၊ တရွန်အိုင်ရွာအနီးက စစ်ကောင်စီ စခန်းကို ရခိုင်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေမှု တစ်ပတ်နီးပါး ရှိလာချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် တရွန်အိုင်ရွာအထက် ၆ မိုင်ခန့်က မီးဇာရွာမှ ဒေသခံများနှင့်စစ်ဘေးရှောင်များကို လေကြောင်းမှ ဦးတည်တိုက်ခိုက်ခြင်း…
Author: Editor
ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်ပေါ်မှာ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို PDF-Zoland တပ်ဖွဲ့က ယနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု သိရသည်။ အင်အား ၃၀ ၀န်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်စခန်းကို ယနေ့မနက်ပိုင်း ၄ နာရီခန့်ကစ၍ PDF-Zoland တပ်ဖွဲ့က ၀◌င်ရောက်တိုက်ခိုက်ရာမှာ မနက်ပိုင်း ၇ နာရီခန့်မှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့သည်ဟု PDF-Zoland တာ၀◌န်ရှိသူတစ်ဦး ကပြောသည်။ “မနက် ၄ နာရီမှာ စတိုက်တာ ၇ နာရီလောက်မှာ စခန်းသိမ်းနိုင်ခဲ့တယ်” ဟု PDF-Zoland တာ၀န်ရှိသူက ပြောသည်။ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အနည်းဆုံး ၂ ဦးသေဆုံးပြီး တစ်ဦးကို အရှင်ဖမ်းမိကာ အများစုကတော့ ထွက်ပြေးသွားကြသည်ဟု သိရသည်။ ကနေဒီတောင် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ ၄၀/၆၀ မမ အပါအ၀င် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။ အဆိုပါစစ်ဆင်ရေးသည် ပူးပေါင်းစစ်ဆင်ရေးမဟုတ်ဘဲ PDF-Zoland တပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခုဖြစ်သည်ဟု သိရသည်။ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး ကလေး-တီးတိန်ကားလမ်ကြီးနဘေးတွင်တည်ရှိသော ကနေဒီတောင်သည် ချင်းပြည်နယ်တွင် ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး ၎င်းတောင်ပေါ်မှ ကလေးမြို့ နှင့် ဖလမ်းမြို့ကို လှမ်းမြင်နိင်သည့် စစ်ရေးအတွက် အချက်အချာနေရာတစ်ခုဖြစ်သည်။
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ မီးဇာရွာကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းတွင် လေကြောင်းက ဗုံးကြဲတိုက် ခိုက်သောကြောင့် အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး တချို့မှာ အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ဒေသခံ များက ပြောသည်။ “စစ်ကောင်စီကနေ ဗုံးကြဲချတဲ့ အဲဒီနေရာက တိုက်ပွဲဖြစ်တဲ့ နေရာလည်း မဟုတ်ဘူး။ ဗုံးကြဲတော့ ၇ ယောက်ဒဏ်ရာ ရတယ်။ ဒဏ်ရာရတဲ့ အထဲမှာ အသက်ကြီးပိုင်း အမျိုးသမီးတစ်ယောက်တော့ ဒဏ်ရာ ပြင်းထန်တယ်။ အသက်ဆုံးရှုံးနိုင်တဲ့ အခြေ အနေရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းတွင် ပလက်ဝမြို့နယ်၊ တရွန်အိုင်ရွာအထက်ပိုင်း ၆ မိုင်ခန့်က မီးဇာရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသော ပြည်သူများကို ဆေးဝါးကုသမှု ပေးနေသော်လည်း ဒဏ်ရာပြင်းထန်သော အရပ်သားတချို့ကို ဆေးဝါးကုသမှုပေးနိုင်ရန် ခက်ခဲနေသည်ဟု သိရသည်။ တရွန်အိုင်ရွာအနီးမှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ၄ ရက်ဝန်းကျင် ရှိလာ ချိန်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားပြည်သူများ စစ်ဘေးရှောင်နေသည် ကျေးရွာကို လေကြောင်းမှ ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ရက္ခိုင်တပ်တော် (AA) သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေက စစ်ကောင်စီစခန်းတွေကို နိုဝင်ဘာလ ဒုတိယပတ်က စ၍ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် နှစ်ဖက် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေသည်။
(003PT) ချင်းပြည်နယ်၊ မတူပီမြို့နယ် လိုင်လင်းပီမြို့က စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း တိုက်လေယာဉ်နှင့် လေကြောင်းပစ်ကူမှုများ ပြုလုပ်နေသည်ဟု သိရသည်။ အင်အား ၃၀ ကျော်ခန့်ရှိသော လိုင်လင်းပီမြို့က စစ်ကောင်စီအထိုင်စခန်းကို နိုဝင်ဘာလ ၁၉ ရက် နေ့လယ်ခန့်ကစ၍ ချင်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဒရုန်း (Drone) ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရေးတင်းမာလျှက်ရှိပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်လာသည်ဟု CDF-Mara အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “မနေ့ညကတည်းက ကျွန်တော်တို့က Drone နဲ့ အဲ့လိုမျိုးကြဲတယ်ဆိုတော့လည်း သူတို့ဖက်ကနေလည်း တန်ပြန်လာ မပစ်နိုင်ဘူးပေါ့နော်။ ဒီမနက် ၉ နာရီလောက်မှာ Jetfighter နှင့် ဗုံး သုံးလုံးလာချသွားတာရှိတယ်။ ဒီမနက် ဗုံးလာကြဲ တဲ့အချိန်မှာ သူတို့က လက်နက်ကြီးနှင့် တစ်ချက် နှစ်ချက်လာပစ်တာရှိတယ်။ ကျွန်တော်တို့ဖက်ကတော့ တကယ်ပစ်တဲ့ ဟာမျိုးမရှိသေးဘူးပေါ့နော်” ဟု CDF-Mara အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လိုင်လင်းပီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။ လိုင်လင်းပီမြို့ခံပြည်သူများမှာ တိုက်ပွဲအဖြစ်ခင်ကတည်းက ကြိုတင်တိမ်းရှောင်နိုင်ခဲ့ကြသည်ဟု သိရသည်။ လိုင်လင်းပီတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CNA၊ CDF-Matupi၊ CDF-Mara၊ CDF-Zophei စသည့် ချင်းကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များ ပါဝင်ကြောင်းသိရပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်သည်ဟု သိရသည်။
(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသားကလေးသူငယ် ၈ ဦးအပါအဝင် အရပ်သား ၁၁ ဦး အစုအပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် စစ်ရေးအချိန် ပိုမြင့်သွားမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက အောက်တိုဘာလ ၁၉ ရက်က သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၅ ရက် ညနေ ၆ နာရီခွဲခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဝေလူးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျောင်းသား ကလေးငယ် ၈ ဦး၊ CDF ကျောင်းဆရာ ၁ ဦး၊ ပြည်သူ ၁ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ရသည်ဟု CDF မတူပီက ထုတ်ပြန်သည်။ သေဆုံးသူ ကျောင်းသား/သူ (၈) ဦးမှာ မောင် ဆာမွေလ (၁၂ နှစ်)၊ မောင်ကွီးနွန်း (၉ နှစ်)၊ မောင်ဥာဏ်ဝင်းအောင် (၇) နှစ်၊ မလီလီမိုး (၅ နှစ်)၊ မောင်ထန်းဟုမ်း (၉ နှစ်)၊ မခိုင်သဇင် (၁၁ နှစ်)၊ မစန်းစန်း၊ မောင်ဘွေကုန်းထန်တို့ဖြစ်ပြီး CDM ကျောင်းဆရာမှာ ဦးဟာလောင်း (၃၄ နှစ်) ဖြစ်သည်၊ ပြည်သူ (၂) ဦးမှာ ဦးအုပ်စော (၆၅ နှစ်)၊ ဦးတဲနိုင် (၃၈ နှစ်) တို့ဖြစ်သည်။ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က (၅) လကျော်ကြာ ရေမီးဖြတ်တောက်ထား မှုကို အမြန်ဆုံးပြန်လည်ရရှိရေးအတွက် မင်းတပ်မြို့ပေါ်ပြည်သူများက တောင်းဆိုနေကြသည်ဟု သိရသည်။ နိုဝင်ဘာလ ၅ ရက်က မြို့မစည်ပင်ခန်းမတွင် မင်းတပ်မြို့ပေါ် ရေမီး အမြန်ဆုံးပြန်လည် ရရှိရေးအတွက် ဆောင်ရွက်ပေးရန် အိမ်ခြေ ၄၀၀ ကျော်၊ လူဦးရေး ၂၀၀၀ ကျော် မြို့ခံလူထုက နိုဝင်ဘာလ ၁၅ ရက်က သဘောထား ထုတ်ပြန်သည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ “ရေမီးရရှိရေးက အကြိမ်ကြိမ် မင်းတပ်မြို့နယ် ပြည်သူ့ကာကွယ်ရေး၊ အုပ်ချုပ်ရေးဆီမှာလည်း မြို့မိမြို့ဖနဲ့ ဘာသာရေးခေါင်းဆောင်းတွေက သွားရောက်ညှိနှိုင်းပါတယ်။ သူတို့က တစ်ပတ်ဆို အစည်းအဝေးလုပ်မယ်၊ တစ်လဆိုရင် အစည်းအဝေးလုပ်မယ်။ တစ်လကြာပေးမယ်နဲ့ မျှော်နေရတာ ကြာပြီ။ မင်းတပ်က မိဘများပဲ နေကြပါတယ်။ သားတို့သမီးတို့ သနားကြပါဆိုပြီး ဘုန်းဘုန်းက အစ တောင်းဆိုကြပေမယ့် ဘာမှ မရဘူး။ မရတဲ့အတွက်ကြောင့် ပြည်သူလူထုက ဆန္ဒတောင် ပြချင်တာ။ ဆန္ဒပြတာတော့ မလုပ်ပါနဲ့ဆိုပြီး လူထုအစည်းအဝေးကို စည်ပင်ခန်းမမှာ စည်းဝေးကြပြီးတော့ ရေမီးရရှိဖို့ ဖော်ထုတ်ချင်ဖြစ်ပါတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ မြို့ရွာအနှံတွင် စစ်ဘေးရှောင်နေကြရသော ပြည်သူများသည် ငွေကြေးခက်ခဲ၍ မိမိနေအိမ်သို့ ပြန်လည်ရောက်ရှိပြီး နေထိုင်ရာတွင် မြို့ပေါ်ရှိ စာသင်ကျောင်းများ၊ ဆေးရုံရှိ လူနာများ၊ သာရေး နာရေး အချိန်များတွင် ထင်း၊ မီးသွေး၊ ရေများကို ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရသည်ဟု မင်းတပ်မြို့ခံလူထုက သဘောထားထုတ်ပြန်သည်။ ပွင့်လင်းနွေရာသီ ရောက်ရှိလာပြီးဖြစ်သောကြောင့်လည်း…
(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာမှ ကျောင်းစာသင်ဝိုင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်ရာ ကျောင်းသားကလေးသူငယ် ၈ ဦးနှင့် ကျောင်းဆရာ ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၁၁ ဦးတို့ အစုအပြုံလိုက် သေဆုံးခဲ့ရသည်ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲမှ တာဝန်ရှိသူက ပြောသည်။ “နိုဝင်ဘာလ ၁၅ ရက်မှာ ဝေလူးရွာဘက်ကို ဂျက်ဖိုက်တာ ၂ စီးနဲ့ တက်လာပြီးတော့ ရွာထဲကိုကြဲချတာ။ တစ်စီးက ဗုံးကြဲပြီးတော့ တစ်စီးက စစ်သေနတ်နဲ့ ရမ်းပစ်တာပါ။ ကလေးတွေ စာသင်ဝိုင်းထဲကို ဗုံးက ကျသွားတယ်” ဟု သူက ပြောသည်။ နိုဝင်ဘာလ ၁၅ ရက် ည ၇ နာရီက ပလက်ဝမြို့နယ်အစပ်၊ မတူပီမြို့နယ်ထဲက ဝေလူးကျေးရွာကို စစ်ရေးတင်မာမှု တစုံတရာမရှိဘဲ ကျောင်းသား/ကျောင်းသူများ စာကျက်ဝိုင်းရှိရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။ ယင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေးငယ်အပါအဝင် အသက် ၁၅ နှစ်အောက် ကျောင်းသားကလေးငယ် ၈ ဦး၊ CDM ကျောင်းဆရာ ၁ ဦးနှင့် အရပ်သား ၂ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့သည်။ အမျိုုးသမီး ၄ ဦး အပြင်းအထန်ဒဏ်ရာများရရှိပြီး တခြားထိခိုက်ဒဏ်ရာရသူများကို ဆက်လက်စိစစ်နေဆဲဖြစ်သည်ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများအပေါ် ယခု ဗုံးကြဲသတ်ဖြတ်မှုသည်…
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်စပ်ရှိ မတူပီမြို့နယ်ထဲက ဝေးလူကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိထားသူ များပြားကြောင်း CDF – Daai မှ တာဝန်ရှိသူများက ပြောသည်။ “ရွာလယ်ကောင်ကို ကွက်တိကျတဲ့အခါကြတော့ ပြည်သူလူထုက အထိအခိုက်သေဆုံးမှုတွေ အများကြီးရှိသွားတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ သွားစစ်ဆေးနေတာရှိတယ်။ လက်ရှိသတင်းရထားတာက ပြည်သူလူထု ၁၃ ယောက် သေတယ်လို့ ပြောတယ်။ ဒဏ်ရာ ရတဲ့ အပိုင်းတွေက အတိအကျ မသိရသေးဘူး။ ကလေးတွေနဲ့ အမျိုးသမီးတွေလည်း သေဆုံးတာပါတယ်” ဟု CDF – Daai တပ်ရင်းမှူး လေပြေက ပြောသည်။ နိုဝင်ဘာလ ၁၅ ရက် ယမန်နေ့ည ၇ နာရီတွင် စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ဝေးလူကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများလည်း ၁၀ ဦးထက်မနည်းရှိနေကာ အရပ်သားနေအိမ်အများအပြားလည်း ပျက်စီးသွားသည်ဟု သိရသည်။ သေဆုံးသူများထဲတွင် မိသားစုတစ်ခုမှာ ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် အားလုံးနီးပါး သေဆုံးသွားသည်။ ကနေဦးတွင် သေဆုံးသူ ၁၃ ဦးအထိရှိနေပြီး သေဆုံးသူ ၂ ဦးမှာ ရခိုင်တပ်တော် (AA) တပ်ဖွဲ့မှဖြစ်သည်ဟု သတင်းတွေ ထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်း CDF Daai တာဝန်ရှိသူများက ပြောသည်။ “မနေ့က လေယာဉ်တစ်စီးနဲ့ တလှည့်စီ လာကြဲသွားတာပါ။ ထိခိုက်ဒဏ်ရာ ပြင်းထန်တဲ့လူလည်း…
(006SV) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ကလေး- ဖလမ်းလမ်းမပေါ်က အထိုင်စခန်းတစ်ခုဖြစ်သည့် ဗာရ်းစစ်စခန်းကို ယမန်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်သည် စခန်းပြန်လည်ရုတ်သိမ်းလိုက်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းချင်းငိုင်က ပြောသည်။ “သူတို့ ဒီနေ့ ဆုတ်သွားကြတယ်။ သူတို့ ဖလမ်းမြို့ပေါ်က တပ်နဲ့ ပေါင်းလိုက်တယ်။ ဒီလို တပ်ဆုပ်သွားတာက သူတို့ လန့်လာတယ်နဲ့ တူတယ်။ ဟိုနေ့ကလည်း CNA က ရိ (ရိခေါဒါရ်) ကို သိမ်းတယ်။ ကျနော်တို့ကလည်း ဒီနေ့ တပ်စခန်းတခုကို သိမ်းတယ်ဆိုတော့ သူတို့မှာ အင်အားလည်း မရှိတော့တဲ့ပုံပဲ။ မြို့ပေါ်ကို တက်သိမ်းမှာ စိုးလို့ လူအင်အားစုတဲ့ ပုံစံလည်း ဖြစ်နိုင်တယ်” ဟု ဆလိုင်းချင်းငိုင်က ပြောသည်။ ဖလမ်းမြို့နှင့် ၅ မိုင်ခန့်အကွာမှာ တည်ရှိသည့် ဗာရ်းစစ်စခန်းက စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် နေ့လည်ပိုင်းတွင် စခန်းကို စွန့်ခွာသွားကြပြီး ဖလမ်းမြို့အခြေစိုက် ခလရ – ၂၆၈ တပ်ရင်းနှင့် ပူးပေါင်းသွားကြသည်ဟု CNDF မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ပြီးခဲ့သည် ဧပြီလ ၁၀ ရက် ဗါရ်းစစ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး တပ်သား ၁၄ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်၊ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် မနက်ပိုင်းကလည်း ရိခေါဒါရ်မြို့နှင့် ဖလမ်းမြို့ကြားမှ…
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် ရဲဝန်ထမ်းအပါအဝင် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ရန် ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။ ပလက်ဝမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးဥက္ကဌ ဆလိုင်းမျိုးထိုက်က “ပလက်ဝနယ်ဖက်မှာ အထူးသဖြင့် စကစအတွက် စစ်တိုက်ပေးနေတဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ ရဲတွေ၊ စစ်တပ်တွေအပြင် CDM မလုပ်တဲ့ဝန်ထမ်းတွေလည်းပဲ အခုချိန်မှာ ပြည်သူနဲ့အတူ ရပ်တည်ပြီးမှ ပြည်သူ့ဖက်မှာ အလင်း ဝင်ကြပေးဖို့ပါ စကစအတွက် အသေခံပေးတဲ့ ရဲတွေ၊ စစ်သားတွေဟာလည်း ပြည်သူတရပ်ပဲပါ” ဟု ပြောသည်။ အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပြည်သူ့ရင်ခွင်ထံ လက်နက်ချအလင်းဝင်လာသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အသက်အန္တရာယ်လုံခြုံရေးကို အာမခံသည့်အပြင် လူ့ဂုဏ်သိက္ခာနှင့် မည်သည့်ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်ထားခြင်းမရှိပဲ ဘေးကင်းလုံခြုံသည့်နေရာကို ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ၎င်းအပြင် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာချင်သော စစ်ကောင်စီတပ် ရဲ၊စစ်သားများအနေဖြင့် ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောကောင်စီ၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ (ပလဝ) နှင့် ဆက်သွယ်ဖြစ်စေ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများ၏ တပ်ရင်း၊ တပ်ဖွဲ့များနှင့် ဆက်သွယ်ကာ ပြည်သူရင်ခွင်ထံ ခိုလှုံရမည်ဟု ဖော်ပြသည်။ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် ရဲဝန်ထမ်းအပါအဝင် စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ CDM ပြုလုပ်သူများရှိသော်လည်း လုံခြုံရေးအခြေနေများကြောင့် အရေအတွက် တိကျစွာ ဖော်ပြခွင့်မရသေးကြောင်း ပလက်ဝမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။
