Author: Editor

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ် ၂ စင်းဖြင့် မတ်လ ၁၃ ရက်နေ့ညက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ မင်းတပ်မြို့မှ ၁၅ မိုင်ခန့်ကွာဝေးသော မင်းတပ်-မတူပီလမ်းဘက်တွင် မတ်လ ၁၃ ရက်ည ၁၀ နာရီဝန်းကျင်ခန့်က တိုက်လေယာဉ် ၂ စင်းနှင့် စစ်ကောင်စီတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုတချိူ့လည်း ရှိခဲ့သည်ဟု CDF-Mindat မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “မနေ့ညက လေယာဉ် နှစ်စီးလာပြီး တစ်စီးကဗုံးကြဲသွားတယ်။ မင်းတပ်-မတူပီလမ်းပိုင်းတနေရာလို့သိရတယ်၊ လက်နက်ကြီးနဲ့ပစ်တာက အချက်နှစ်ဆယ်ကျော်တယ် တညလုံးနီးပါးပစ်နေတယ်။ နေရာအတိအကျနဲ့ ထိခိုက်မှုက အနေ အထားတော့ဘာမှ မသိရသေးဘူး။ ဒီမနက်လည်း ပစ်တာ ၄ ချက်။” ဟု ၎င်းကပြောသည်။ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် တချိန်းတည်းမှာပဲ မင်းတပ်မြို့ပေါ်အထိုင်ချထားသော ခလရ ၂၇၄ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာလည်း လက်နက်ကြီးနှင့် ဆက်လက်ပစ်ခတ်မှုရှိခဲ့သည်ဟု ဆိုပါသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် စစ်ကောင်စီတပ်ဖွဲ့များ ပခုက္ကူမြို့မှ စစ်ကားအစီး ၈၀ ကျော်ဖြင့် ကျောက်ထုမြို့သို့ မတ်လ ၁၃ ရက်နေ့က ရောက်ရှိလာပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းစစ်ကောင်စီယာဉ်တန်းသည် ချင်းပြည်နယ် မင်းတပ်နှင့် မတူပီမြို့နယ်များသို့ ဆက်လက်ချီတက်လာနိုင်ဖွယ်ရာရှိသောကြောင့် စစ်ကောင်စီဘက်က လမ်းကြောင်းရှင်း ခြောက်လှန့်သည့်အနေဖြင့် ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တန်းများ မင်းတပ်နှင့် မတူပီမြို့နယ်ဘက်သို့ ဆက်လက်ချီတက်လာဖွယ်ရှိနေသည့်အတွက် ကျောက်ထု-မင်းတပ်-မတူပီ ကားလမ်းမကြီးကို ယခုရက်ပိုင်းအတွင်း အသုံးမပြုကြရန်…

Read More

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဗားလုံရွာနှင့် ထင်းရှုးစခန်းကြားတွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေး (CNDF) တပ်ဖွဲ့တို့ ယမန်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုလည်းရှိသည်ဟု သိရသည်။ ကလေးမြို့မှတက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ဖလမ်းဘက်သို့ ဦးတည်ချီတက်လာကြပြီး မတ်လ ၁၄ ရက် နေ့လယ် ၁၂ နာရီခန့်မှ ညနေပိုင်းအထိ ဗားလုံနှင့် ထင်းရှုးစခန်းကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်ဟု CNDF တပ်မဟာမှုးနှင့် စစ်ကြောင်းမှုး ကို Lian No ကပြောသည်။ “ကျွန်တော်တို့ မနက် ၁၂ နာရီကတည်းက စပစ်တာပေါ့ ဗားလုံနဲ့ ထင်းရှုးစခန်းကြားထဲမှာ မိုင်းဆွဲတယ်၊ ကားတစ်စီးတော့ ပျောက်သွားတယ်။ ၂ စီးတော့ စုတ်ပြတ်သတ်သွားတယ်။ ပြီးတော့ လူက ဘယ်နှစ်ယောက်သေတယ်ဆိုတာ အတိအကျ ကျွန်တော်တို့မသိဘူး။ အသေးစိတ်ကို ကျွန်တော် တို့မမြင်ရဘူး၊ သူတို့တွေလည်း အခုလောလောဆယ် ကျွန်တော်တို့ ထင်းရှုးစခန်းနဲ့ ဇောင်လေးကြား ထဲမှာ ကားတွေတော့ပျက်ပြီး ရပ်တန့်နေတာ သူတို့ ဆက်သွားလို့မရဘူး။ စစ်ရေးအခြေအနေကတော့ တင်းမာနေတုန်းပေါ့။” ဟု ခိုနူမ်းသုန်ကို ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၇ ရက် နှင့် ၉ ရက်နေ့က သံချပ်ကာ ၂ စီးအပါအဝင် ကားအစီး ၃၀ ကျော်နှင့် ကလေးမြို့မှ ချင်းတောင်ဘက်ကိုတက်လာခြင်းဖြစ်ပြီး ဖလမ်းနှင့် ဟားခါးမြို့မှာအထိုင်ချထားသော စစ်ကောင်စီတပ်ရင်းများထံ ရိက္ခာပို့ဆောင်ရန်ဖြစ်သည်ဟု သိရသည်။ အဆိုပါ စစ်ကောင်စီယာဉ်တန်းကို မတ်လ ၁၁ ရက်နေ့ကလည်း CDM Siyin, EMDF ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က…

Read More

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် တီးတိန်မြို့နယ် ဟိုင်မွလ်ကျေးရွာအနီးတွင် ယနေ့မနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားကာ အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့မတ်လ ၁၃ ရက် မနက်ပိုင်း ၁၀ နာရီခန့်က ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက်မှ တီးတိန်မြို့နယ် Lunmual ကျေးရွာသို့ အသင်းတော်အစည်းအဝေးတက်ရောက်ရန်သွားရောက်ကြသော Seven day အသင်းတော်မှ အသင်းသူအသင်းသားများသည် ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ဟိုင်မွလ်ရွာအနီးတွင် မိုင်းထိမိပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။ “ပွဲတက်ရောက်ဖို့သွားကြတာ အခြားဖွဲ့တွေက ကြိုသွားနှင့်တော့ သူတို့က နောက်ကြကျန်ရစ်နေတဲ့ခါမှာ လောလောကြီး သွားကြတာ။ အဲ့တာနဲ့ လမ်းခရီးအနီးဆုံး Short cut လမ်းကို သွားမိလိုက်တော့ အဲ့ဒီမှာပဲ မိုင်းနင်းမိသွားတာ။ သူတို့က ၄ ယောက်ဗျာ၊ ဆိုင်ကယ် နှစ်စီးနဲ့။ နောက်က ဆိုင်ကယ် တစ်စီးရယ် အနောက်မှာထိုင်တဲ့ သူက ကံကောင်းတယ်။ ဘာဒဏ်ရာမှမရဘူး။ ကျန်တဲ့ သုံးယောက်က ဒဏ်ရာရတယ် နှစ်ယောက်ကတော့ အပြင်းထန်ဒဏ်ရာရသွားတယ်။ ကျွန်တော့်တူမလေးကတော့ ခြေထောက်ပြတ်သွားပြီးတော့ နံရိုးထိတယ်၊ နားကနေ သွေးတွေထွက်ပြီးတော့ ဘာမှမကြားနိုင်ဘူး အခြေနေက တော်တော်ဆိုးနေတယ်” ဟု ဒဏ်ရာရရှိသူ၏ မိသားစုဝင်တစ်ဦး ပြောသည်။ ဒဏ်ရာရရှိသူများသည် ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက် (တီအိုချောင်း) တွင် နေထိုင်သော အသက် ၁၇ နှင့် ၂၀ အရွယ် လူငယ်များဖြစ်ကြပြီး မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုခံယူလျှက်ရှိကြသည်ဟု…

Read More

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Hmunnuam ကျေးရွာတွင် မတ်လ ၁၀ ရက်နေ့က ကူကီး-ချင်းအမျိုးသားတပ်မတော် (KCNA) တပ်ဖွဲ့ဝင် ၂ ဦးကို အာသံရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု India Today သတင်းဌာနက ဖော်ပြသည်။ ဖမ်းဆီးခံရသူ ၂ ဦးမှာ ဘင်္ဂလားဒေရှ့်နိုင်ငံသား အသက် ၃၂ နှစ်အရွယ် Zingramlian နှင့် အသက် ၂၂ နှစ်အရွယ် Pazau တို့ဖြစ်ကြပြီး မီဇိုရမ်ပြည်နယ် Bungtlang ကျေးရွာက Kuki-Chin National Army အစည်းအဝေးသို့ တက်ရောက်လာကြပြီးနောက် အပြန်လမ်း ဘင်္ဂလားဒေရှေ့်စစ်ဘေးရှောင်များနှင့် တွေ့ဆုံစဉ်တွင် အာသံရိုင်ဖယ်တပ်ဖွဲ့က သတင်းရရှိထားချက်အရ လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းစာကဆိုသည်။ Kuki-Chin National Army သည် ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသက ၎င်းတို့၏ ဘိုးဘွားပိုင်နယ်မြေဒေသများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု သို့မဟုတ် “ကူကီး-ချင်းနယ်မြေပြည်နယ်” အဖြစ် သတ်မှတ်ရန် လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။ ယင်းကိစ္စကြောင့် ဘင်္ဂလားဒေရှ့်အစိုးရနှင့် Kuki-Chin National Army တို့သည် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကစ၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာပြီး စစ်တကောင်းတောင်တန်းဒေသက ချင်းမျိုးနွယ်စု ၄၀၀ ကျော်တို့သည် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်သို့ စစ်ဘေးတိမ်းရှောင်လျှက်ရှိကြသည်။

Read More

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ပေါ်တွင် အထိုင်စခန်းချ၍ လှုပ်ရှားနေသော စစ်ကောင်စီတပ်စခန်းကို CDF-Kanpetlet တပ်ဖွဲ့က မတ်လ ၁၁ ရက်နေ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ကျင်ဒွေးမြို့တွင် စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်များကို မတ်လ ၁၀ ရက်နေ့ညက ချဉ်းကပ်ခဲ့ကာ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်း ၆ နာရီ မှ ၇ နာရီအထိ တစ်ကြိမ်၊ ၇ နာရီ ခွဲ မှ ၁၀ နာရီခွဲအထိ တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF-Kanpetlet က ထုတ်ပြန်သည်။ “သေဆုံးမှု အခြေအနေကတော့ တိကျတဲ့ ပစ်မှတ်၊ စနိုက်ပါနဲ့ ပစ်လို့ရတာတွေကိုသာ ရေတွက်တာ သေဆုံးသူ ၅ ယောက်ရှိတယ်။ သွပ်မိုးသွပ်ကာနဲ့ အိမ်တစ်လုံးထဲမှာ ၇ ဦးဝင်သွားတာ အဲဒီအိမ်ကို ကျွန်တော်တို့ ပြန်ပစ်လိုက်တော့ ပြန်ထွက်လာတာ မတွေ့ရဘူးပေါ့။ ဆိုတော့ သေဆုံးမှုနဲ့ ဒါဏ်ရာရရှိမှု ပိုများနိုင်တယ် လို့ ပြောလို့ ရတယ်။” ဟု CDF- Kanpalet အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ၆၀ မမ၊ အာပီဂျီ အပါအဝင် လက်နက်ငယ်များအသုံးပြုကာ အားကောင်းကောင်းဖြင့် ပြန်လည်ခုခံခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အကျအဆုံး၊ ထိခိုက်မှုမရှိပဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု သူကဆက်ပြောသည်။ စစ်ကောင်စီတပ်များသည် ကျင်ဒွေးမြို့လယ်ခေါင်ရှိ ရဲစခန်းတွင် အင်အား ၇၀ ဝန်းကျင်ဖြင့် ကျင်းတူး၊…

Read More

မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်နေ့မှ စတင်ဖြေဆိုကြပြီး ချင်းပြည်နယ်တွင် ကျောင်းတွင်းဖြေဆိုသူထက် ကျောင်းပြင်ပဖြေဆိုသူ ပိုများနေကြောင်း သိရသည်။ ချင်းပြည်နယ်တွင် ဆယ်တန်းစာမေးပွဲ ဖြေဆိုသူပေါင်း ၂၈၂၄ ဦးရှိတဲ့အနက် ကျောင်းတွင်းဖြေဆိုသူ ၅၈၀ ဦးသာရှိပြီး ကျန် ၂၂၄၄ ဦးသည် ကျောင်းပြင်ပမှ ဖြေဆိုသူများဖြစ်ကြသည်။ ကိုဗစ်နှင့် နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကျောင်းတွင်းဖြေဆိုသူထက် ပြင်ပဖြေဆိုသူပိုများနေရသည့် နှစ်ဖြစ်ကြောင်း ဟားခါးမြို့ဒေသခံ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ “ကျောင်းတွင်းကလေးတွေက သူတို့မှာ တစ်နှစ်အခွင့်အရေးရှိသေးတယ်။ ဒါပေမဲ့ ကိုဗစ်ကာလနဲ့ နိုင်ငံရေးအခြေ အနေတွေကြောင့် သူတို့မှာ ခဏလေးပဲတက်ပြီးတော့ စာသင်နှစ်တစ်နှစ်ပြီးဆုံးအောင်မတက်လိုက်ရဘူး။ ဆိုတော့ အခွင့်အရေးပေးတဲ့အနေနဲ့ ကျောင်းတွင်းတက်ခွင့်ပေးတာ။ ပြီးတော့ ကျောင်းတွင်း စနစ်ဟောင်းကို သိပ်ပြီးအား မထဲ့ပေးနိုင်တာပါမယ်၊ ကလေးတေက ၃ နှစ်တာကာလမှာ အသက်အရွယ်ရလာတာဖြစ်တဲ့အတွက် ကျောင်း မတက်ချင်ကြတာလဲပါမယ်။ ဒါကြောင့် ကျောင်းပြင်ပဖြေဆိုသူပိုများတာ” လို့ သူကပြောသည်။ စနစ်သစ် ပညာရေးသည် ၈ တန်း စနစ်ဟောင်းအောင်မြင်တဲ့သူတွေကို ၉ တန်းဆက်မတက်ခိုင်းတော့ဘဲ ၁၀ တန်းစနစ်သစ်ကို တန်းတက်ရမှာဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲနှင့် မသက်ဆိုင်တော့ဘဲ ၁၁ တန်း၊ ၁၂ တန်းထိ ဆက်တက်ရမှာဖြစ်တယ်လို့ သူက ဆက်ပြောသည်။ ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် စနစ်ဟောင်းပညာရေးအတွက် နောက်ဆုံးဖြေဆိုခြင်းလည်းဖြစ်သည်။ ချင်းပြည်နယ်တွင် ထန်တလန်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်မှ အပ ကျန်မြို့နယ် ၇ ခုက စာစစ်ဌာန ၁၃ ခုမှာ…

Read More

စစ်ကောင်စီကား အစီး ၈၀ ပါသည့် ယာဉ်တန်းသည် မင်းတပ်-မတူပီမြို့နယ်များဖက်သို့ ဆက်လက်ထွက်ခွါနိုင်သောကြောင့် ကျောက်ထု-မင်းတပ်-မတူပီ ကားလမ်းမကြီးအား ပြည်သူများအနေဖြင့် အသုံးမပြုကြသေးရန် CDF-Mindat က သတိပေးထုတ်ပြန်သည်။ ကားအစီး ၈၀ ပါသည် စစ်ကောင်စီယာဉ်တန်းသည် ပခုက္ကူမှ ချင်းတောင်ဖက်သို့ တက်လာခဲပြီး ယနေ့ မတ်လ ၁၃ ရက်နေ့လယ် ၁၂ နာရီခန့်တွင် ကျောက်ထုအမြောက်တပ်ထဲသို့ ဝင်ရောက်ခဲ့သည်ဟု CDF-Mindat က ဆိုသည်။ စစ်ကောင်စီယာဉ်တန်းသည် ကျောက်ထုမှ ချင်းတောင်ဘက်သို့ ဆက်လက်ချီတက်လာနိုင်သည်ဟု CDF-Mindat ကဆိုသည်။ ပြီးခဲ့သည့်မတ်လ ၇ ရက်နှင့် ၉ ရက်နေ့ကလည်း ကလေးမြို့မှ စစ်ကောင်စီကားအစီး ၃၀ ကျော် ဖလမ်း-ဟားခါးဘက်သို့ ချီတက်လာနေသည်။

Read More

ချင်းပြည်နယ် တီးတိန်မြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း နေရာယူထားသော စစ်ကောင်စီတပ်ဖွဲ့ကို PDF-Zoland တပ်ဖွဲ့က မတ်လ ၁၂ ရက်ညက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစ တပ်သားများ သေဆုံးမှုရှိသလို လက်နက်နှင့်အခြားပစ္စည်များလည်း သိမ်းဆည်းရမိသည်ဟု PDF-Zoland ကသတင်းထုတ်ပြန်သည်။ ယမန်နေ့ညကဖြစ်ပွားသော အဆိုပါတိုက်ပွဲမှာ တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများ နေရာမှ စွန့်ခွါသွားခဲ့ကြပြီး လက်နက်၊ ဖုန်းနှင့် အခြားပစ္စည်းတချိူ့သိမ်းဆည်းရမိသည်ဟု ဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်သားများ ဒဏ်ရာရသူနှင့် သေဆုံးသူရှိပြီး အသေအပျောက်စာရင်းကိုမူ အတည်မပြုနိုင်သေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်သားများမှာ ဘေးကင်းလုံခြုံလျက်ရှိကြသည်ဟု PDF-Zoland ကထုတ်ပြန်သည်။

Read More

မြန်မာ့နွေဦးတော်လှန်ရေးကို ကမ္ဘာက ပိုမိုအာရုံစိုက်လာစေရန် “ We are the world” သီချင်းဖြင့် လှုံ့ဆော်ခဲ့ကြသော ချင်း-မီဇိုးအနုပညာရှင်များစုပေါင်းထားသော “ Chinlung Chhuak Artist” အဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ချီးကျူးဂုတ်ပြုလိုက်သည်။ သတင်းအချက်အလက်ပေါင်းများစွာ အလွန်လျင်မြန် လွတ်လပ်စွာ စီးဆင်းနေသော ယနေ့လို ၂၁ ရာစုတွင် အကြောင်းကိစ္စတစ်ခုကို နိုင်ငံတကာအာရုံစူးစိုက်မှု အမြဲရယူနိုင်ရန် မလွယ်ကူသည့်အချိန်တွင် Chinlung Chhuak Artist အဖွဲ့က အနုပညာဖန်တီးမှုစွမ်းအားဖြင့် ရယူပေးနိုင်ခဲ့သည်ဟု ဒူဝါလရှီးလက သူ၏လူမှုကွန်ယက်စာမျက်နှာတွင် မတ်လ ၁၁ ရက်နေ့မှာ ဖော်ပြထားသည်။ “သက်တမ်း ၂ နှစ်ရှိလာတဲ့ ကျွန်တော်တို့ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းကို ကမ္ဘာ့မီဒီယာထဲ စဉ်ဆက်မပြတ် စီးမြောပါဝင်နေအောင် လုပ်ဖို့ အရေးကြီးတယ်ဆိုတာ သတိထားမိပါတယ်၊ ကျွန်တော်တို့ ပြည်သူတွေဟာ စစ်အာ ဏာရှင်တိုက်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ နိုင်ငံတကာရဲ့ ထောက်ခံပံ့ပိုးမှု လိုအပ်လို့ပဲဖြစ်ပါတယ် ကမ္ဘာ့စိတ်ဝင်စားမှုကို မြန်မာ့နွယ်ဖွား ချင်းတိုင်းရင်းသား လူငယ်တွေ ဦးဆောင်တဲ့ Chinlung Chhuak Artist အဖွဲ့က သူတို့ရဲ့ အနုပညာဖန်တီးမှု စွမ်းအားနဲ့ ရယူပေးနိုင်ခဲ့တာကို တွေ့ရပါတယ်” ဟု ဖော်ပြထားသည်။ ချင်း-မီဇိုးအနုပညာရှင်များစုပေါင်းဖွဲ့ထားသော Chinlung Chhuak Artist အနေဖြင့် ကမ္ဘာကျော် မိုက်ကယ်ဂျက်ဆင်၏ “We are the world” သီချင်းကို ဗားရှင်းအသစ်နှင့် Cover ပြန်လည်သီဆိုကာ အမေ့လျှော့ခံနေရသော မြန်မာ့နွေဦးတော်လှန်ရေးကို ကမ္ဘာကပိုမိုစိတ်ဝင်စားလာပြီး အာရုံစူးစိုက်မှုရှိလာစေရန် ဖေဖော်ဝါရီလ ၃ ရက်နေ့က…

Read More

ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် မတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီခွဲခန့်က CDF-CDM Siyin နှင့် MEDF ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ကာ စစ်ကောင်စီတပ်သား ၆ ဦးပွဲချင်းသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။ ချင်းပြည်နယ် ဖလမ်းဘက်သို့ဦးတည်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ယင်းနေ့တရက်တည်းတွင် မနက်ပိုင်း ၈ နာရီခွဲမှ ညနေပိုင်း ၄ နာရီအထိ (၁၀) ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ အထိအခိုက်အသေအပျောက်များသည်ဟု Chinland Defense Force CDM Siyin မှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် မတ်လ ၇ ရက်နှင့် ၉ ရက်နေ့က သံချပ်ကာ ၂ စီးအပါအဝင် ကားအစီး ၃၀ ကျော်ဖြင့် ကလေးမြို့မှ ချင်းတောင်ဘက်သို့ တက်လာခဲ့ကြခြင်းဖြစ်သည်။ ကလေး- တီးတိန်လမ်းမကို အများပြည်သူများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သော်လည်း ဟားခါး၊ ဖလမ်း-သိုင်းငင်းလမ်းပိုင်းကိုမှု လုံးဝသွားလာခြင်းမပြုလုပ်ရန် Chinland Defense Force CDM Siyin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read More