Author: Editor

(006SV) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်စခန်းသိမ်းတိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်သား အားလုံးနီးပါး စခန်းကို စွန့်ခွာထွက်ပြေးသောကြောင့် လိုက်လံတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “ကျနော်တို့ မနက် ၄ နာရီမှာ စတင် သွားပစ်တဲ့အခါကြတော့ များသောအားဖြင့် အကုန်လုံးက ထွက်ပြေးကြတယ်။ ထွက်ပြေးကြတဲ့အခါကြတော့ ခုထိ ကျနော်တို့ လိုက်နေတုန်းပဲ။ ပြေးမယ်ထင်တဲ့ လမ်းကြောင်းတွေကို လိုက်နေတုန်းပဲ။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာကလည်း အတိအကျ ပြောလို့မရသေးဘူး” ဟု CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံငိုင်က ပြောသည်။ သီးဘွာလ်စခန်းမှ ထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ခန့်ကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ထွက်ပြေးနိုင်သော လမ်းကြောင်းများကို ပိတ်ဆို့ပြီး လိုက်လံတိုကိုက်ခိုက်နေသည်ဟု သိရသည်။ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများသည် အိန္ဒိယ- မြန်မာနယ်စပ်ကို ရောက်ရှိနေပြီး ဗာဖိုင်ကျေးရွာမှ အိန္ဒိယစစ်တပ် အာသံရိုင်ဖယ်တပ်ဖွဲ့က ကယ်ထုတ်ရန် ပြင်ဆင်နေသည်ဟု CNDF သတင်းဌာန The Rihli Voice ကလည်း ရေးသားသည်။ ယနေ့ နိုဝင်ဘာလ ၁၅ ရက် မနက် ၄ နာရီခန့်တွင် သီးဘွာလ်စစ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ စတင်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအများစုက ထွက်ပြေးသောကြောင့် မနက် ၅ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံငိုင်က ပြောသည်။ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ယင်းစခန်းကိုလည်း…

Read More

(006SV) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းက စစ်ကောင်စီ၏ သီးဘွာလ်စစ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ယနေ့ မနက်ပိုင်းတွင် သိမ်းပိုက်လိုက်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ တာဝန်ရှိသူက ပြောသည်။ “မနေ့ညက တပ်သားတွေ စခန်းသိမ်းတိုက်ပွဲ ဝင်တိုက်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်က တိုက်ခဲ့ကြသေးတယ်။ ငါးရက်လောက် မနားမနေ တိုက်တယ်။ လေကြောင်းနဲ့ အပြင်းအထန် စစ်ကူပေးတဲ့အချိန်မှာ မသိမ်းလိုက်နိုင်ဘူး။ ဒီတစ်ခေါက်ကြတော့ နေရာအနှံမှာလည်း မြို့သိမ်းတိုက်ပွဲတွေ ရှိနေတဲ့အခါကြတော့ စစ်ကူတွေ မလာနိုင်ခင် အပြီးသတ် တိုက်ဖို့ စီစဉ်ခဲ့ကြတယ်။ စခန်းကို မီးရှို့ပြီးတေ့ာ ပြန်ထွက်လာခဲ့ကြတယ်” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ တာဝန်ရှိသူက ပြောသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက် ည ၁၁ နာရီကတည်းက သီးဘွာလ်စစ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ စတင်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၁၅ မနက် ၅ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ သီးဘွာလ်စစ်စခန်းသိမ်းတိုက်ပွဲတွင် လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ပြီး ယင်းစခန်းကိုလည်း မီးရှို့ဖျက်စီးလိုက်သည်ဟု သိရသည်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများ ထွက်ပြေးမှုများလည်း ရှိပြီး ယင်းစစ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တစ်ခုတည်းဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု သိရသည်။ သီးဘွာလ်စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် CNDF မှ တာဝန်ရှိသူများကို ဆက်သွယ်နေဆဲဖြစ်သည်။ ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းစခန်းသိမ်းတိုက်ပွဲနှင့် တမူးခရိုင် ခမ်းပါတ်စခန်သိမ်းတိုက်ပွဲများတွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်အတူ CNDF တပ်ဖွဲ့များလည်း ပါဝင် တိုက်ခိုက်ခဲ့သည်။…

Read More

(003PT) ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တွင် ယနေ့ဖြစ်ပွားသောတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် တဖက်အိန္ဒိယနိုင်ငံဘက်သို့ စစ်ဘေးတိမ်းရှောင်နေသော အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်ဟု သိသည်။ အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့က စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ နို၀◌င်ဘာလ ၁၂ ရက်ညက ၀◌င်ရောက်စီးနင်းတိုက်ခိုက်ရာမှာ ယနေ့နေ့လည်ပိုင်းအထိ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ အဆိုပါတိုက်ပွဲကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသူ ရိခေါဒါရ်မြို့ နေ အသက် ၅၁ နှစ်အရွယ် ဉီး Chungthianmawia သည် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက် ကြီးကျည်စထိမှန်မှုကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဇိုခေါထာရ်ဒေသခံတစ်ဦးကပြောသည်။ “သူက ထမင်းစားပြီး ပန်းကန်ဆေးမယ်ဆိုပြီး အပြင်ထွက်တာနဲ့ အဲ့ဒီဗုံးပေါက်ကွဲစက သူ့ရဲ့ နားထင်မှာ ထိမှန်သွားတာ။ ထိထိ ချင်းလဲသွားတယ်။ သူ့လက်ထဲမှာ ပန်းကန်ကို ကိုင်ထားသေးတယ် သူ့ကိုထူတဲ့အချိန်မှာတေင်။ အဲ့တာနဲ့ ဆေးရုံးကို ပို့တာ ဒီမနက် ၉ နာရီကျော်လောက်ထင်တယ် အဲ့ချိန်မှာ ဆုံးသွားတာ ဆေးရုံးမှာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသူဉီး Chungthianmawia သည် ရိဒ်ခေါရ်ဒါမြို့ အမှတ် ၂ ရပ်ကွက် (တီအိုချောင်း) တွင်နေထိုင်သူဖြစ်ပြီး မိသားစု များနှင့်အတူ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင် ဇိုခေါထာရ် ရွာတွင် စစ်ဘေးရှောင်နေသူဖြစ်သည်။ သေဆုံးချိန်တွင် ဇနီးနှင့် ကလေး ၅ ယောက်ကျန်ရစ်ခဲ့သည်။ ရုပ်အလောင်းကို ယနေ့ နိုင်ဝင်ဘာလ ၁၃…

Read More

(006SV) အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့က စစ်ကောင်စီ၏ တပ်စခန်းနှစ်ခုကို ယနေ့ နိုဝင်ဘာလ ၁၃ ရက်မှာ သိမ်းနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF/CN A) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်ကတည်းက ချင်းအမျိုးသားတပ်ဦး (CNF)၊ CDF-Hualngoram၊ CDF – ထန်တလန်နှင့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခဲ့ရာ ယနေ့ မနက်ပိုင်းတွင် ရိခေါဒါရ်မြို့ အမှတ် ၁ ရပ်ကွက် တောင်ကုန်းပေါ်က စစ်တပ် အထိုင်းစခန်းတစ်ခုကို သိမ်းနိုင်ခဲ့ပြီး ညနေပိုင်းတွင် အမှတ် ၂ ရပ်ကွက် (တီယိုချောင်း) တောင်ကုန်းပေါ်က စခန်းတစ်ခုကို ထပ်မံသိမ်းနိုင်ခဲ့သည်ဟု CNF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျဆုံးသူ ရဲဘော်တချို့လည်းရှိခဲ့ကာ စစ်ကောင်စီ ဘက်က ငါးယောက်ထက်မနည်း ကျဆုံးခဲ့သည် ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အာအက်အေသတင်းဌာနကို အတည်ပြုဖြေကြားသည်။ စစ်ကောင်စီဘက်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ခုနှစ်ယောက် လက်နက်ချခဲ့ပြီး အများစုမှာ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားသူများလည်းရှိသည်ဟု ဆလိုင်းထက်နီက အတည်ပြုထားသည်။ ယင်းတပ်စခန်း ၂ ခုသည် အိန္ဒိယ- မြန်မာ အမှတ် ၂ ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့တွင်ရှိသောကြောင့် စစ်ကောင်စီ၏ ကုန်သွယ်ရေးနှင့် စီးပွားရေကို ဖြတ်တောက်လို၍ သိမ်းခြင်းဖြစ်သည်ဟု သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူ အများအပြားအသုံးပြုခဲ့သောကြောင့် အရပ်သားပြည်သူ ၁၀ ယောက်ခန့်…

Read More

(002MG) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခါမ်းပါတ်မြို့ကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက  အပြည့်အဝ ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းမှုများလည်း ပြုလုပ်ပြီးဖြစ်သောကြောင့် ၂ ပတ် နီးပါး စစ်ဘေးတိမ်းရှောင်နေကြသော ဒေသခံပြည်သူများ နိုဝင်ဘာလ ၁၂ ရက်နေ့ကစ၍ မြို့တွင်း ပြန်လည်နေထိုင်ကြပြီဟုသိရသည်။ CNO Upper Chindwin Region-UCR တာဝန်ရှိသူတဦးက “အခုက ပုံမှန်လေးဖြစ်နေပါပြီ ပြည်သူတွေကလည်း အသွားအလာကအစ၊ အရင်းတိုင်းပဲပေါ့ စျေးတွေလဲဖွင့်ပြီ။ စစ်ဘေးရှောင်တွေကလည်း အကုန်လုံးနီးပါး အိမ်ပြန်ကြပြီ။ အမှတ် (၁) ကခမ်းပတ်စခန်းနဲ့ကပ်ရပ်ကြီးဆိုတော့ လက်နက်ကြီးတွေ ပစ်လို့မကွဲတဲ့ဟာမျိုးအတွက် နယ်မြေရှင်းလင်း ရေးဆက်လုပ် နေတာနဲ့သူတို့က မနေ့တနေ့ကမှ သူတို့အိမ်ပြန်ကြတာပေါ့။” ဟု ပြောသည်။ ကလေး-တမူးကားလမ်းမ ပေါ်တွင်ရှိသော ခါမ်းပါတ်မြို့က စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ ၃ ရက်နေ့ကစ၍ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ရာမှာ နိုဝင်ဘာလ ၇ ရက်နေ့မှာ ခမ်းပတ်တမြို့လုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြသည်။ ခါမ်းပါတ်မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံပြည်သူအားလုံးသည် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယခုအခါ မိမိနေရပ်သို့ အသီးသီး ပြန်လည်နေထိုင်ကြပြီဖြစ်သည်။ ခါမ်းပါတ်တမြို့လုံးသည် စစ်ကောင်စီတပ်ဖွဲ့များ၊ပျူစောထီးများ ကင်းစင်သည့်နယ်မြေဖြစ်လာပြီး ပြည်သူလူထုများလည်း စိုးရိမ်ကြောက်ရွံမူကင်းစွာဖြင့် သွားလာလှုပ်ရှားနေကြပြီဟု သိရသည်။ ”မနေ့က ပြန်ကြတာ၊ အခုကမြို့ထဲမှာ စစ်သားတွေမရှိတော့ဘူး။ ဘာမှစိုးရိမ်စရာ မရှိတော့ဘူး၊ ဘုရားကျောင်း လဲတက်လို့ ရပြီ။” ဟု ခါမ်းပါတ်မြို့ခံတစ်ဦးက ပြောသည်။ ခါမ်းပါတ်မြို့သည် ပုံမှန်အတိုင်းရှိလာပြီဖြစ်သော်လည်း ကလေး-တမူးကားလမ်းပိုင်းအား လုံခြုံရေးအခြေအနေများကြောင့် ပြည်သူများ ဖြတ်သန်းသွားလာအသုံးပြုခွင့်မပြုသေးသည့်အပြင် အရေးပေါ်ကျန်းမာရေးအခြေအနေများအတွက်သာ သွားလာခွင့်ပြုထားသည်ဟု CNO Upper Chindwin Region-UCR က…

Read More

(006SV) ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်သည့် ချင်းကာကွယ်ရေးပူးပေါင်းတပ်များက မြို့သိမ်းတိုက်ပွဲကို စတင်လာပြီး စစ်ရေးနှင့် ကုန်သွယ်ရေးအရ မဟာဗျူဟာကျသည့် အိန္ဒိယ-မြန်မာနယ်စပ်က ရိခေါဒါရ်မြို့ကို ယမန်နေ့က သိမ်းပိုက်ထိန်းချုပ်လိုက်သည်ဟု ချင်းအမျိုးသားတပ်ဦး ဆလိုင်းထက်နီက ပြောသည်။ “စစ်ကောင်စီကို စီးပွားရေးအရ အထောက်အပံ့ ပြုနေတဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ အချက်အခြာကျတဲ့ မြို့ဖြစ်တဲ့ အတွက် ကျနော်တို့ ဝင်သိမ်းတာဖြစ်တယ်။ သူတို့အတွက် အရေးကြီးသလို ကျနော်တို့အတွက်လည်း အင်မတန်မှ ဗျူဟာကျတဲ့ မြို့ဖြစ်တယ်။ ဒါက ပထမဦးဆုံး မြို့သိမ်းတိုက်ပွဲဖြစ်ပါတယ်။ ဆက်လက်ထိန်းနိုင်ဖို့က ပြည်သူ ပူးပေါင်းပါဝင်မှု ကျနော်တို့ ဘက်က ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စုစည်းနိုင်မှု အားက အများကြီးလိုပါတယ်။ အတတ်နိုင်ဆုံးပြင်ဆင်ထားပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ နိုဝင်ဘာလ ၁၂ ရက်က ချင်းပူးပေါင်းတပ်များက ရိခေါဒါရ်မြို့ က စစ်ကောင်စီစခန်းများကို စတင်တိုက်ခိုက်ခဲ့ရာ မြို့တောင်ကုန်းပေါ်က အထိုင်းစခန်းကြီးတစ်ခုကို နိုဝင်ဘာလ ၁၃ ရက် မနက်ပိုင်းမှာ သိမ်းနိုင်ခဲ့ပြီး အမှတ် ၂ ရပ်ကွက် (တီယိုချောင်း) တောင်ကုန်းပေါ်က စစ်စခန်းကို ညနေပိုင်းမှာ ထပ်မံသိမ်းနိုင်ခဲ့သည်။ ယနေ့ နိုဝင်ဘာလ ၁၄ ရက်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်များက ရိခေါဒါရ်မြို့ကို ထိန်းချုပ်ထား၍ နယ်မြေ ရှင်းလင်း ရေးများ ဆောင်ရွက်ကာ အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချပြီး ချင်းအမျိုး သားတပ်ဦး CNF အလံကို လွှင်ထူထားသည်ဟု တွေ့မြင်ရသည်။ ရိခေါဒါရ်မြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်ဦး CNF/CNA၊…

Read More

(006SV) ချင်းပြည်နယ်၊ လောက်တူနယ်ဒေသအတွင်း တော်လှန်ရေးအဖွဲ့အစည်းမှ မဟုတ်သည့် လူများအနေဖြင့် လက်နက်ခဲယမ်းများ ကိုင်ဆောင်ရောင်းဝယ်လျှင် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းများ ကိုလည်း ထောက်ခံစာပါရှိမှ ခွင့်ပြုမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – လောက်တူ (CDF-Lautu) က ထုတ်ပြန်သည်။ “ပြည်သူတွေက တော်လှန်ရေးအဖွဲ့အယောင် ဆောင်ပြီးတော့ ကိုယ်ကျိုးအတွက် စီးပွားရေး လုပ်နေတာမျိုးတွေရှိတယ်။ ပြီးတော့ တော်လှန်ရေးကာလမှာ လက်နက်ခဲယမ်းတွေကို ပြည်သူတွေက စည်းမဲ့ကမ်းမဲ့နဲ့ ကိုယ်သယ်ချင်တာ သယ်မယ်၊ လုပ်ချင်သလို လုပ်နေမယ်ဆိုရင် ခေတ်ကောင်းတုန်းကလိုမျိုး ဥပဒေစိုးမိုးမှုကလည်း မရှိသေးတဲ့အခါ ပြည်သူတွေ ကြားမှာ ဖြစ်လာနိုင်မယ့် ပြသနာလေးတွေကို အကျိုးဆက်ကို ကြည့်ပြီး ထိန်းချုပ်သင့်တယ်ဆိုပြီး လက်နက်ခဲယမ်းဥပဒေကို ထုတ်ပြန်ပြီး ကန့်သတ်လိုက်တာဖြစ်ပါတယ်” ဟု CDF – လောက်တူ၏ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး အတွင်းရေးမှူး ဆလိုင်းဗာဗိက ပြောသည်။ လောက်တူနယ်ဒေသအတွင်း တော်လှန်ရေးအဖွဲ့အစည်းမှ မဟုတ်သော မည်သည့် လူပုဂ္ဂိုလ်မှ လက်နက်ခဲယမ်းများ မှောင်ခို ထုတ်လုပ်ခြင်း၊ သယ်ယူဖြတ်သန်းခြင်း၊ ဖြန့်ချိခြင်း၊ သိုလှောင်ခြင်း၊ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းများ  မပြုလုပ်ရန် CDF – လောက်တူက နိုဝင်ဘာလ ၁၂ ရက် နေ့စွဲဖြင့် လက်နက်ခဲယမ်း အက်ဥပဒေကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များအနေဖြင့် လောက်တူနယ်အတွင်း လက်နက်ခဲယမ်းများ သယ်ယူဖြတ်သန်းလိုပါက မိခင်အဖွဲ့အစည်း၏ ထောက်ခံစာ ပါရှိမှသာ ခွင့်ပြုမည်ဟု CDF – လောက်တူက ကြေညာသည်။ လက်နက်ခဲယမ်းများ သိုလှောင်လိုပါကလည်း ဦးစွာအကြောင်းကြားရမည်ဖြစ်ပြီး CDF- လောင်တူ၏…

Read More

(002MG) ခရစ်ယာန်ဘာသာဝင်များအထွဋ်အမြတ်ထားရှိသော ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူးပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ပျော်ပွဲရွှင်ပွဲသဘောအနေဖြင့် မကျင်းပရန် ဖလမ်းမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံဆရာတော်များမိတ်သဟာရအဖွဲ့  (FCMF) က ထုတ်ပြန်သည်။ ယနေ့ နို၀င်ဘာလ ၁၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော FCMF ၏ ထုတ်ပြန်ချက်ထဲတွင် ဖလမ်းမြို့တွင် ခရစ္စမတ်ကာလအတွင်း မြို့၊ လူနေအိမ်နှင့် ဘုရားကျောင်းအဆောက်အအုံ အပြင်ပိုင်းနေရာများအား အလှဆင်ခြင်း၊ စားသောက်ပွဲများ ဆူညံစွာ ကျင်းပခြင်း၊ လှည့်လည်ဆုတောင်း သီချင်းဆိုခြင်း (Carol Singing) များ မပြုလုပ်ကြရန် ဖော်ပြထားသည်။ ”ခရစ္စမတ်ပွဲလုံးဝမလုပ်ဖို့ပြောတာမဟုတ်ဘူး၊ ခရစ္စမတ်ပွဲရယ်၊ နှစ်သစ်ကူးကြိုဆိုတဲ့ပွဲတွေဆိုရင် လုပ်နိုင်တဲ့သူရှိရင် မိမိရဲ့ဘုရား ကျောင်းထဲမှာ အေးအေးဆေးဆေးပဲ ဘုရားကိုကိုးကွယ်ခြင်း၊ချီးမွှမ်းခြင်းအားဖြင့်ပဲအသုံးပြုဖို့ထုတ်တာဖြစ်တ ယ်။ပျှော်ပွဲရွှင်ပွဲသဘောအနေနဲ့ လုံးဝမလုပ်ဖို့။ ဒီအချိန်က ကျွန်တော်တို့နိုင်ငံမှာ မတည်ငြိမ်ဖြစ်နေတဲ့အချိန်မှာ မြို့ထဲမှာ ပုံမှန်ဘဝပုံစံမျိုးဖြစ်နေတာကို ကျွန်တော်တို့မလိုချင်ဘူး။” ဟု ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံဆရာတော်များမိတ်သဟာရ အဖွဲ့ဝင် ဆရာတော်တပါးက ပြောသည်။ လက်ရှိနိုင်ငံရေးအခြေအနေ၊ စစ်ရေးအခြေအနေများကြောင့် ပြည်သူများ စစ်ဘေးဒုက္ခကြောင့် စစ်ရှောင်နေရချိန်၊ ဝမ်းနည်း ပူးဆွေးနေရချိန်နှင့် နေအိမ်မီးလောင်မှုများကြုံနေရသည့်အချိန်တွင် မြို့ပေါ်တွင်နေထိုင်သောပြည်သူများအနေဖြင့် ပျော်ပွဲ ရွှင်ပွဲကျင်းပခြင်းမျိုးမပြုလုပ်ရန် တားမြစ်ထားခြင်းဖြစ်သည်ဟု သိရသည်။ ချင်းပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါနှင့် လက်ရှိနိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် ခရစ်ယာန်များ မြတ်နိုးတန်ဖိုးထား သောပွဲနေ့ရက်များ မကျင်းပနိုင်သည်မှာ ၃ နှစ်ခန့်ရှိလာပြီဖြစ်ဖြစ်သည်။ “ခရစ္စမတ်ပွဲ၊နှစ်သစ်ကူးပွဲတွေက ခရစ်ယာန်တွေအတွက်ဆိုရင် အဓိကကျတဲ့ပွဲတခုလိုဆိုတော့ တိုင်းပြည်အခြေအနေက ဒီအချိန်အခါမှာ ဒါမျိုးလုပ်ရင်တော့ ပြည်သူလူထုတွေအတွက်လည်း မကောင်းဘူးပေါ့၊ အဲ့ဒါကြောင့် မလုပ်တာအကောင်း ဆုံးပဲပေ့ါ ကျွန်တော်မြင်တယ်” ဟု ခရစ်ယာန်ပါစတာတစ်ဦးကပြောသည်။ ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင်လည်း ခရစ္စမတ်ပွဲနှင့်နှစ်သက်ကူးပွဲတော်များကို စည်စည်ကားကားဖြင့်မကျင်းပရန် ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်များအဖွဲ့(HCMF)…

Read More

(003PT) စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ဝင်ကြရန် CDF-Hualngoram နှင့် Hualngo -ram CDM Department အဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ပူးတွဲသတိပေးထုတ်ပြန်လိုက်သည်။ CDF-Hualngoram ဒေသအတွင်းရှိ ဝန်ထမ်း၏ ၆၅ ရာခိုင်းနှုန်းခန့်မှာ Non-CDM ဖြစ်ကြပြီး အများစုမှာ အခြေအနေ အမျိုးမျိုးအကြောင်းပြကာ CDM မဝင်ကြသေးသည့်အတွက် ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်ဟု Hualngoram CDM Department ဥက္ကဌ Pu Kima ကပြောသည်။ “ကျွန်တော်တို့ဒေသမှာ Non-CDM ကင်းစင်ဖို့၊ စစ်အစိုးရကို အားပေးတဲ့လူမရှိစေချင်လို့ ပြီး‌တော့ ကျွန်တော်တို့ ဒေသခံ အချင်းချင်းမှာ စိတ်၀◌မ်းကွဲမှု မရှိလေအောင်၊ အဲ့ဒီအလုပ်ကနေ အပြီးပိုင်ထွက်ပြီဆိုရင် သာမန် အရပ်သာလိုပဲ အစိုးရ ဝန်ထမ်းမဟုတ်တော့ သူတို့ လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ပေးချင်လို့ဖြစ်ပါတယ်” Pu Kima က ပြောသည်။ CDM ဝင်လိုသူများအနေဖြင့် မိမိထမ်းဆောင်နေသည့်တာဝန်မှ ရပ်ဆိုင်းကြောင်း ဝန်ခံကတိစာနှင့်အတူ လူကိုယ်တိုင် CDF-Hualngoram ဌာနချုပ်ရှိ Hualngoram CDM Department ဌာနသို့ CDM ဝင်ကြောင်း လာရောက် စာတင်သူကိုသာလျှင် CDM ပြုလုပ်သူအဖြစ် အသိမှတ်ပြုမှာဖြစ်ပြီး၊ ဖုန်း၊ အွန်လိုင်းမှတစ်ဆင့် စာပေးပို့ခြင်းတို့ဖြင့် အကြောင်းကြားခြင်းတို့ကို လက်ခံမည်မဟုတ်သလို CDM အဖြစ် အသိမှတ်ပြုမည်မဟုတ်ကြောင်း CDF-Hualngoram က ဆိုသည်။ “စားရင်ပို့တယ်ဆိုတာလည်း ကျွန်တော်တို့စာရွက်ကလေးနဲ့ လာယူတဲ့ဟာကိုပဲ…

Read More

(002MG) ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များကို စည်စည်ကားကားဖြင့် ကျင်းပခြင်းမပြုလုပ်ကြရန် ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်ပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့ (HCMF) က ထုတ်ပြန်သည်။ ခရစ္စယာန်ဘာသာ၀င်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့ နှင့် ၂၀၂၄ ခုနှစ် ဇန်န၀◌ါရီလ ၁ ရက် နှစ်သစ်ကူးနေ့ပွဲတော်များကျင်းပရေးနှင့်ပတ်သက်၍ ဟားခါးမြို့ခရစ်ယာန်ဂိုဏ်ပေါင်းစုံဓမ္မအမှုတော်ဆောင်များ အဖွဲ့(HCMF) က နို၀◌င်ဘာလ ၄ ရက်နေ့ကကျင်းပသော အစည်းအ‌ေ၀◌းတွင် ထိုကဲ့သို့ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ခရစ္စမတ်နေ့နှင့် နှစ်သစ်ကူးပွဲတော်နေ့များကို ဟားခါးမြို့ပေါ်တွင် စည်စည်ကားကားဖြင့် ကျင်းပခြင်းမရှိသည်မှာ ၃ နှစ်ရှိသွားပြီဖြစ်ကာ ယခုနှစ်တွင်လည်း ထိုကဲ့သို့ပင်ဆက်လက်လုပ်ဆောင်ကြရန် HCMF က နို၀◌င်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဟားခါးမြို့ခရစ်ယာန်ဂိုဏ်ပေါင်းစုံဓမ္မအမှုတော်ဆောင်ဥက္ကဌ သိက္ခာတော်ရဆရာ Dr. Joel Nawl Cung Lian က “ခါတိုင်းမှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲကြတာပေ့ါ၊ သို့သော် ခရစ္စမတ်ရဲ့အနှစ်သာရက ပွဲလုပ်ပြီးတော့ အပြင်မှာ စားဖို့ထက်ဂုဏ်တော်ချီးမွှမ်းခြင်းက ပိုပြီးတော့ အရေးကြီးတယ်။ ရပ်ကွက်မှာ အစားအသောက်တွေ ပျော်ပျော်ရွှင်ရွှင် လုပ်တာမျိုးအားမပေးဖို့သဘောတူထားတာပါ။ မိသားစုတွေအနေနဲ့ ကိုယ့်ဝမ်းစာအတွက်တောင်မှ ခက်ခဲကြုံတဲ့အချိန်မှာ ပွဲပုံစံမလုပ်ပဲနဲ့ ဘုရားကျောင်းမှာပဲ ဂုဏ်တော်ချီးမွှမ်းခြင်းနဲ့ နှုတ်ကပတ်တော်အားဖြင့် ချီးမွှမ်းဖို့အကောင်းဆုံးလို့ အားလုံး ဆုံးဖြတ်လို့ စီစဉ်ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။ ယခုနှစ် ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်မှာ (အသားပေါ်ပြီးအတူစားသုံးပွဲလုပ်ခြင်း) မပြုလုပ်ရန်၊ ဘုရားကျောင်းတွင် ဝတ်ပြုကိုယ်းကွယ်ခြင်း ဆက်ကပ်ဆုတောင်းခြင်းသာ ပြုလုပ်ကြရန်၊ ဘုရားကျောင်းရပ်ကွက်နဲ့ ကိုယ်ပိုင်အနေဖြင့် အသားသတ်ပြီး အတူစားသုံးခြင်းများမပြုလုပ်ရန် HCMF…

Read More