ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် စစ်ကောင်စီမှ ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းအသုံးပြုမှုကို ပိတ်ထားဆဲဖြစ်ပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်နေသည့်အတွက် ပလက်ဝမြို့ပေါ်တွင် ဆန်များပြတ်လပ်သည့်အပြင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကြောင့် ပြည်သူများ နေထိုင်းစားသောက်ရေးအပိုင်းတွင် ပိုမိုခက်ခဲလာသည်ဟု သိရသည်။ ပလက်ဝမြို့က အိမ်ရှင်မတစ်ဦးက “ဆန်ကလည်း ဈေးထဲမှာကို မရောင်းဘူး ကြာပြီ ဒီလမ်းပိတ်ကတည်းက တလလောက်ရှိပြီ။ ဆန်ကပြတ်ကျတယ် ဈေးကြီးကြီးပေးပြီး ဝယ်ဖို့တောင်မှ မရှိဘူး၊ ဒီပလက်ဝဖက်ကို အဝင်မရှိတာ အဓိက ဆန်တွေ၊ ဆေး၊ ဆေးပစ္စည်းတွေဆို ၂ ဆတောင် တက်တာ၊ နောက်ပြီး ခုန မျှစ်ရောင်းတဲ့အစ်မတယောက်ဆို ဒီညနေစာ မရှိတော့ဘူးလို့ပြောတယ် လက်လုပ်လက်စားသမားတွေ ပိုပြီးအခက်အခဲဖြစ်တယ်” ဟု ပြောသည်။ ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပလက်ဝမြို့ဆက်သွယ်သည့် ရေလမ်းကြောင်းကို စစ်ကောင်စီတပ်ဖက်မှ လုံးဝပိတ်ထားခဲ့သည်မှာ တလခန့်ကြာမြင့်ပြီဖြစ်ပြီး မည်သည့်ကုန်ပစ္စည်များကိုမှ သယ်ယူတင်သွင်းခွင့်မပြုခဲ့ခြင်းကြောင့် ပလက်ဝမြို့နယ်အတွင်းက ပြည်သူများ စားနပ်ရိက္ခာ ပြတ်လပ်လာခြင်းဖြစ်သည်။ ထို့အပြင် ပလက်ဝမြို့ပေါ်တွင် စက်သုံးဆီများ ပြတ်လပ်လာပြီး ပလက်ဝမြို့တစ်မြို့ ပုံမှန်လျှပ်စစ်မီးဖြန့်ဝေပေးနေသော EPC က အောက်တိုဘာ ၁၂ ရက်နေ့ညစတင်ကာ မီးပေးဝေမှု ရပ်နားထားရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။ ပလက်ဝမြို့ခံတစ်ဦးက “EPC ကပေးတဲ့မီးက မနေ့ကတည်းကပြတ်ပြီ ပေးဖို့ဆီကမရှိတော့တဲ့သဘောပါ့ ဖယောင်းတိုင် ဈေးကကြီးတော့မယ့်ပုံပဲ” ဟုပြောသည်။ ပလက်ဝမြို့ပေါ်တွင် EPC မှ လျှပ်စစ်မီးဖြန့်ဝေပေးမှုတွင် ရွာမရပ်ကွက်၊ မြို့မရပ်ကွက်နှင့် ရိပ်ခါရပ်ကွက်အသီးသီးတွင် တရက်ခြားဖြင့် ၄ နာရီခန့်ဖြန့်ဝေခဲ့ကာ ယခုကဲ့သို့ မီးဆက်မပေးနိုင်တော့သည့်အတွက် မီးစက်၊ ဆိုလာပြားမရှိသော ပြည်သူများအတွက် ခက်ခဲမှုများကြုံနေရကြောင်း သိရသည်။ ၎င်းအပြင်…
Author: Editor
ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် ယမန်နေ့ည ၉ နာရီကျော်ကျော်ခန့်က သမဝါယမရုံးအပါအဝင် အဆောက်အဦး ၃ လုံးမီးလောင်ပြီး ပစ်ခတ်မှုဖြစ်ပွားကာ အရပ်သားတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ယမန်နေ့ည ၉ နာရီကျော်တွင် အမည်မသိလက်နက်ကိုင်လူတစ်ချို့က သမရုံးကိုဖောက်ဝင်ပြီးသည့်နောက်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြားသော လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးအဆောက်အဦးနှင့် ဝန်ထမ်းအိမ်ရာတစ်လုံးအပါအဝင် စုစုပေါင်း အဆောက်အဦး ၃ လုံး မီးလောင်ပြာကျသွားခဲ့ခြင်းဖြစ်သည်။ “မနေ့ည ၉ နာရီဝန်းကျင်မှာထင်တယ်၊ သမရုံးဘက်က ခွေးဟောင်သံတွေ တအားကြားရတယ်၊ အဲဒီချိန်မှာ ကျွန်တော်နဲ့ သူငယ်ချင်းတစ်ချို့က သူခိုးထင်ပြီးတော့ စုံစမ်းလိုက်တဲ့အချိန်မှာ သမရုံးအဖောက်ခံရတယ်ပေါ့လေ၊ ကျွန်တော်တို့ လိုက်သွားတဲ့ အချိန်မှာ သူခိုးမဟုတ်ဘဲ လက်နက်ကိုင်တစ်စုလို့ သိရတယ် အဲချိန်မှာ ကျွန်တို့လည်း မလိုက်ရဲဘူးတော့ဘူးပေါ့လေ။ အဲလူတေဝင်သွားပြီးတဲ့နောက်ပိုင်းက စပြီးတော့ သမရုံးကစလောင်သွားတယ်၊ အဲဒီချိန်မှာ ပေါက်ကွဲသံတွေ ဘာမှမကြားရသေးဘူး။ အဲနောက်ပိုင်း ထွေအုပ်ရုံးကွာတာမှာရှိတဲ့ ကျိန်နွဲဧည့်ရိပ်သာမှာ မှန်ကွဲသံတွေ ဗုံးသံ၊ သေနတ်သံ တွေ ပေါက်ကွဲသံတွေ စကြားရတယ်၊ အဲဒီနောက်ပိုင်းမှာ ပေါက်ကွဲပြီးတော့မှ မြို့မရပ်ကွက် အောက်ပိုင်းမှာ ရှိတဲ့ လဝကရုံးက မီးစလောင်တယ်ပေါ့။ ပြီးတော့ လဝကဝန်ထမ်းအိမ်ရာတစ်လုံးလည်း စလောင်သွားတယ်။ နောက်ပိုင်း လူနေအိမ်တစ်ချို့လည်း ပျက်ဆီးတာတွေရှိတယ်” ဟု တီးတိန်မြို့ဒေသခံတစ်ဦးက ပြောသည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် တီးတိန်မြို့အခြေစိုက် ၂၆၉ တပ်ရင်းထဲမှ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် လိုင်လိုကျေးရွာက နေအိမ်တစ်အိမ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ အမျိုးသမီးတဦးထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။ “တီးတိန်မှာ အခုဟာနှင့်ဆိုရင် ၃ ကြိမ်လောက် ဖြစ်ပြီပေါ့နော်၊ အဓိကနစ်နာတဲ့သူက ပြည်သူပဲဆိုတော့ နစ်နာမှုကလည်း…
အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့ပြင်တွင် သေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို အောက်တိုဘာလ ၁၁ နေ့က တွေ့ရှိခဲ့ကြသည်ဟု သိရသည်။ သေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ် အောင်းဌေးမင်းဟုသိရပြီး ယမန်နေ့ မွန်းလွဲ့ပိုင်းက ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက် (တီယိုချောင်း) မှ ဟိုင်မွှလ်ရွာဘက်သွားသည့် ဆုတောင်းတောင်ဘက်တွင် ဒေသခံများက ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ရုပ်အလောင်းတွင် ထိခိုက်ဒဏ်ရာဒဏ်ချက်များတွေ့ရပြီး အသတ်ခံရခြင်းဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ အောင်းဌေးမင်းသည် ရိခေါဒါရ်မြို့အမှတ် (၂) ရပ်ကွက် တီးယိုချောင်းတွင်နေထိုင်သူဖြစ်ပြီး ဇနီးနှင့် ၄ နှစ်အရွယ်သမီး ကျန်ရစ်ခဲ့သည်ဟု သိရသည်။
#Interview ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းမှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ပညာရေးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာပေါင်း ၁၄၀ ကျော်မှာ အခြေခံပညာကျောင်းများဖွင့်လှစ်ပြီး ကျောင်းသူကျောင်းသားပေါင်း ၈၀၀၀ ကျော်ကို ပညာသင်ကြားပေးနေသည်ဟု သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ CNO ၏ ပညာရေးဌာနမှ အတွင်းရေးမှူးကို ဆက်သွယ်မေးမြန်းထားသည်။ မေး။ ။ CNO ရဲ့ ဦးဆောင်မှုနဲ့ ဖလမ်းမြို့နယ်အတွင်းမှာ ကျောင်းများ ပြန်လည်ဖွင့်လင့်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရတယ်။ ခုလက်ရှိအနေအထားမှာ ကျေးရွာဘယ်နှစ်ရွာမှာ ကျောင်းပေါင်း ဘယ်လောက် ဖွင့်လှစ်နိုင်ခဲ့ပြီလဲ။ အဖြေ။ ။ ဟုတ်ပြီကျောင်းက ၁၄၀၊ နှစ်ကျောင်းထပ်ဖွင့်တယ်ဆိုတော့ ၁၄၂ ကျောင်းပေါ့။ အမေး။ ။ အဲဒီကျောင်းတွေက ဘယ်ချိန်တုန်းကစပြီး ဖွင့်လှစ်ခဲ့ကြပါလဲ။ အဖြေ။ ။ ကျောင်းဖွင့်တာကြတော့ တစ်ချို့ရွာတွေဆိုလိုရှိရင်တော့ ၂၀၂၂ ဇန်နဝါရီလကနေ စပြီးဖွင့်တဲ့ ကျောင်းတွေလည်းရှိတယ်၊ အများစုကကြတော့ ဇွန်လနဲ့ဇွန်လိုင်လမှာ ဖွင့်လှစ်ခဲ့ကြတယ်။ အမေး။ ။ ချင်းအမျိုးသားကာကွယ်ရေးတပ်မတော်ရဲ့ ထိန်းချုပ်နယ်မြေတွင် ရွာပေါင်းဘယ်လောက်ရှိလဲ။ အဖြေ။ ။ အခုကျွန်မတို့ ကျောင်းလည်ပတ်နေတာ ဖလမ်းမြို့နယ်ထဲကပိုများတာပေါ့နော်။ ဒီ CNO/CNDF ကကျတော့ ကလေး-ကဘော်တွေလည်းပါတယ်ပေါ့နော်။ တစ်ချို့နေရာတွေလည်း ပါတယ်ဆိုတော့ အဲ့ဘက်ခြမ်းမှာ ကျွန်မတို့ အတိကျ စာရင်းမရသေးဘူးပေါ့နော်။ ခုလောလောဆယ် ဖလမ်းမြို့နယ်မှာဆိုလို့ရှိရင် ရွာပေါင်း ၁၇၉ ရွာရှိတယ်၊ အဲ့ဒီထဲမှာ ရွာတစ်ရွာ က ရွာပျက်ဆိုတော့ ၁၇၈ ရွာရှိတယ်ပေါ့နော်၊ အဲ့ဒီ ၁၇၈ ရွာမှာ ၁၆ ရွာကိုကြတော့ နယ်မြေမထိန်းချုပ်တဲ့ဒေသ (Non-dominion area) ထဲမှာ ကျွန်မတို့ ထည့်ထားတယ်။…
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာတွင် နေထိုင်ကြသော အရှိုချင်းအမျိုးသမီးနှစ်ဦးသည် ၃ ရက်ကြာပျောက်ဆုံးပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့က အသတ်ခံထားရသော ရုပ်အလောင်းအား တွေ့ရှိခဲ့ကြသည်ဟု သိရသည်။ အသတ်ခံရသူနှစ်ဦးမှာ အသက် ၁၄ နှစ်အရွယ် မိုင်နှောင်ပါလှနှင့် အသက်၂၁ နှစ်အရွယ် မိုင်ရွှေဇင်ရဲ (ခေါ်) မခင်ဝင်းတို့ဖြစ်ကြပြီး အောက်တိုဘာလ ၆ ရက်နေ့က ဂုတ်ကြီးရွာမှ ဘုံးဘောကျေးရွာသို့ အပြန်လမ်းတွင် ပျောက်ဆုံးသွားခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့တွင် သေဆုံးလျှက်ရှိနေသော ၎င်းတို့၏ ရုပ်အလောင်းကို မြေလတ်ရွာအပြင်တွင် တွေ့ရှိခဲ့ကြသည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။ “၆ ရက်နေ့မှာ ပျောက်သွားတာ၊ ရွာတွေပေါင်းပြီးမှရှာကြလို့ ၉ ရက်နေ့ကျမှ ပြန်တွေ့တာ မြေလတ်ရွာဆိုတာရှိတယ် အဲဒီရွာရဲ့အပြင်မှာတွေ့တာ ဒဏ်ရာတွေရှိတယ်လို့ပြောတယ်၊ အခုကတော့ သူတို့ကို မီးသဂြိုလ်လိုက်ပြီ၊ ဘယ်လိုကြောင့် ပျောက်သွားတယ်ဆိုတာမသိရဘူး” ဟု ဆွေမျိုးတော်စပ်သူက ပြောသည်။ မိုင်ရွှေဇင်ရဲသည် ရပ်ရွာထဲတွင် ကလေးငယ်များအား စာသင်ပြပေးနေသော မူကြိုဆရာမတစ်ဦးဖြစ်ပြီး မိုင်နောင်ပါလှသည် (၇) တန်းကျောင်းသူတစ်ဦးဖြစ်သည်ဟု သိရသည်။ ငဖဲမြို့နှင့် မိုင် ၃၀ ခန့်ကွာဝေးသော ဘုံးဘောကျေးရွာသည် အရှိုချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်ပြီး ငဖဲမြို့နယ်တွင် အရှိုချင်းလူမျိုးများနေထိုင်သည့် ၁၀ ရွာကျော်ရှိသည်ဟု သိရသည်။ အလောင်းတွေ့ရှိသည့် မြေလတ်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၈၈ တပ်စွဲလေ့ရှိပြီး ဂုတ်ကြီးရွာတွင်လည်း စစ်ကောင်စီ နယ်မြေရဲစခန်းတစ်ခုရှိသည့်အပြင် အနီးအနားပတ်ဝန်းကျင်ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုရှိပြီး ယခုသေဆုံးမှုနှင့်ပတ်သက်၍ မည်သည့်လက်ချက်ဖြစ်သည်ကိုမူ အတိအကျ မသိရသေးပေ။
ချင်းပြည်နယ်၊ မတူပီမြို့ အရှေ့ခိုဘွေရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးသည် ယနေ့အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်း ၁၁ နာရီခန့်က မြေမြိုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့သည်ဟု မတူပီကလာသော သတင်းများအရ သိရသည်။ အရှေ့ခိုဘွေရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် ဦးလားဒိန်းလျန်သည် ယနေ့မနက်ပိုင်း ၁၁ နာရီခန့်က လည်မြိုချောင်းတံတားအနီးရှိ ဝဥခြံထဲတွင် ပေါင်းရှင်းနေစဉ် မြေမြိုမိုင်းနင်းမိ၍ ခြေတဖက်ပြတ်သွားပြီး သွေးထွက်လွန် သေဆုံးသွားခဲ့သည်ဟု မတူပီသတင်းများ နေ့စဉ်ရေးသားထုတ်လွှင့်နေသော Matupi Revolution News သတင်းက ဖော်ပြသည်။ သေဆုံးသူ လားဒိန်းလျန်တွင် ဇနီးသည်နှင့် သားသမီး ၃ ဦးကျန်ရစ်ခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် ယနေ့ အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းက မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် CDF-Thantlang တပ်ဖွဲ့မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ အဆိုပါမိုင်းမတော်တဆပေါက်ကွဲမှုကြောင့် CDF-Thantlang တပ်ရင်း ၄ မှ ရဲဘော် ၄ ဦး ဒဏ်ရာရရှိခဲ့ကြပြီး ၎င်းတို့အနက် ရဲဘော် ၂ ဦးမှာ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ကြသည်ဟု Chin Broadcasting Network (CBN) သတင်းဌာနက ဖော်ပြသည်။ မိုင်းမတော်တဆမှုကြောင့် ကျဆုံးသွားသော ရဲဘော်နှစ်ဦးမှာ Tum Bawi Tling နှင့် Biak Tha Peng တို့ဖြစ်ကြသည်ဟု သိရသည်။ ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ချင်းအမျိုးသားတပ်မတော် CNA နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းယူခဲ့ကြစဉ်တွင် သိမ်းဆည်းရမိသော မိုင်းများကို နေထုတ်လှန်းရာတွင် ယခုကဲ့သို့မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။
ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်း၌ တာဝန်ထမ်းဆောင်သော စစ်ကောင်စီရဲသား မောင်နီမန်သည် အောက်တိုဘာ ၈ ရက်နေ့က သေနတ် ၂ လက်၊ ကျည်အပြည့်အစုံဖြင့် CDF-Senthang ထံသို့ အလင်းဝင်ခဲ့ကြောင်း သိရသည်။ ပြည်သူ့တော်လှန်ရေးဖက်သို့ ပူးပေါင်းလာသော မောင်နီမန်အား CDF-Senthang မှ နွေထွေးစွာကြိုဆိုပြီး ဆုကြေးငွေ ကျပ်သိန်း (၁၀ဝ) ချီးမြှင့်ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု CDF-Senthang က ထုတ်ပြန်သည်။
FactCheck ဒီသတင်းအမှားကို Artice-11 News ဆိုတဲ့ အကောင့်ကနေပြီး “မနေ့က ညနေ ၃ နာရီခန့်က ဟားခါးမြို့၊ ထာရ် (၂) ရပ်ကွက်၊ မြို့မဈေးအနီး ဗျက်ကျုံးနုံဟာ လမ်းလျှောက်လာစဉ် CDF/PDF များထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ဒဏ်ရာပြင်ထန်းစွာရရှိကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်းသိရတယ်” လို့ ရေးသားထားတာဖြစ်ပါတယ်။ ဒီမြေမြုပ်နိုင်းနင်းမိတဲ့ဖြစ်စဉ်ကတော့ မှန်ပေမယ့် CDF/PDF ဘက်က ထောင်ထားတဲ့မိုင်းကြောင့်မဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားတဲ့မြေမြုမိုင်းကို နင်းမိတာဖြစ်နိုင်တယ်လို့ ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။ မိုင်းနင်းမိသူ ဉီးဗျက်ကျုံးနဲ့ နီးစပ်သူတစ်ဉီးက “ဟားခါးမြို့ပေါ် ဟားခါးထာရ်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ အရွယ် ဦးဗျက်ကျူံးဟာ အောက်တိုဘာလ ၁ ရက်နေ့က တောထဲကို ဟင်းထွက်ရှာသွားနေစဉ်မှာပဲ မြေမြုပ်မိုင်းနင်းမိခဲ့ပြီးနောက် ဟားခါးမြို့ ပြည်သူ့ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူပြီး ဘယ်ဖက်ခြေထောက် ဖြတ်ခံလိုက်ရတယ်” လို့ ပြောပါတယ်။ ဒါကြောင့် မိုင်းနင်းမိခဲ့တာဟာ သတင်းအမှားဖော်ပြထားသလို မြို့မဈေးအနီးမှာမဟုတ်ပါဘူး။ အဲ့ဒီမြေမြှုပ်မိုင်းဟာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားတဲ့ မိုင်းဖြစ်နိုင်တယ်လို့ ဒေသခံများက ယူဆနေကြပြီး Khonumthung အနေနဲ့ကတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံ အနည်းဆုံး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ဖော်ပြချက်များအရ သိရပါတယ်။
ချင်းလူမျိုးနွယ်စုတစ်ခုဖြစ်သည့် ငေါန် မျိုးနွယ်စုများ၏ ရိုးရာကောက်ရိတ်သိမ်းပွဲကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် အောက်တိုဘာလ ၆ ရက်နေ့က ရိုးရာအတီးအဆိုအကများဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ ငေါန်ဘာသာစကားဖြင့် Dawng Sawm Puai ဟုခေါ်သော ရိုးရာကောက်ရိတ်သိမ်းပွဲအခမ်းအနားကို Mizoram Ngawn Community ဦးဆောင်မှုဖြင့် အိုင်ဇောလ်မြို့ Mualhoih Picnic Sport နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြပြီး ငေါန်ရိုးရာအက များဖြစ်သော လိုင်လင်အက၊ ဘုန်ဝိုင်းအကတို့ ဖြင့် ပျော်ရွှင်စွာကျင်းပခဲ့ကြသည်ဟု သိရသည်။ Mizoram Ngawn Community မှ ဦးဆောင်သူတစ်ဦးက “လူငယ်အပေါင်းတို့ လူမျိုးမခွဲခြားပဲနဲ့ ဆက်လက်ပြီးတော့ ကျွန်တော်တို့ ဒုက္ခရောက်နေတဲ့အချိန်မှာ လူမျိုး၊ စိတ်ဓာတ်၊ စည်းကမ်းနဲ့ ကျွန်တော်တို့ ဆက်လက်ပြီးတော့မှ တစ်စုတည်း ဖြစ်နိုင်အောင် ကြိုးစားခြင်းမှ ဒီပွဲတော်ကို ပြုလုပ်ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။ ကောက်ရိတ်သိမ်းပွဲသည် ချင်းဘိုးဘွားများ၏ ဓလေ့ထုံးတမ်းစဉ်လာဖြစ်သော ပြောင်း၊ ကောက်ပဲသီးနှံရိတ်သိမ်းပြီးနောက် ရှေးဘိုးဘွားများက ကောင်းကင်ကြယ်ကိုကြည့်ကာ စက်တင်ဘာလအကုန် အောက်တိုဘာလစမ်း လပြည့်နေ့တွင် ပွဲလမ်း သဘင်ကို ကျင်းပလေ့ရှိကြသည်။ ထိုကောက်ရိတ်သိမ်းပွဲတွင် ဆင်းရဲချမ်းသာ အဆင့်အတန်းခွဲခြားမှုမရှိပဲ တစ်ရွာလုံး စည်းစည်းလုံးလုံးဖြင့် ထိုလပြည့်ညတွင် မီးပုံပွဲ ရိုးရာအတီးအမုတ်များနင့် သီချင်းများသီဆိုကာ ကခုန်လေ့ရှိကြသည်။ ချင်းလူမျိုးများအနေဖြင့် မိမိတို့၏ရိုးရာဓလေ့ဖြစ်သော ဘိုးဘေးတို့၏ ထုံးတမ်းအစဉ်လာများအား ထိန်းသိမ်းကာကွယ်သည့်အနေဖြင့် မိမိတို့ရောက်ရှိသည့်နေရာတိုင်းတွင် ကိုယ့်ရိုးရာပွဲတော်များအား အလေးအမြတ်ထားကျင်းပပြုလုပ်ရန် အရေးကြီးသည်ဟု ငေါန် ရိုးရာကောက်ရိတ်သိမ်းပွဲ စီစဉ်သူက ပြောဆိုပါသည်။ ယမန်နေ့က ကျင်းပပြုလုပ်သော ငေါန်ရိုးရာကောက်ရိတ်သိမ်းပွဲတော်အခမ်းအနားတွင် Guy from Chin…
