Author: Editor

ချင်းပြည်နယ် ထန်တလန်မြို့ကို အောက်တိုဘာလ ၂၉ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီက ထုတ်ပြန်လာသည်။  စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ထန်တလန်မြို့တွင် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) ကို စနစ်တကျဆောင်ရွက်ခဲ့ရာမှာ ရက်ပေါင်း ၉၀ ခန့်အကြာ အောက်တိုဘာလ ၂၉ ရက် သတင်းကျွတ်လပြည့်နေ့ ညနေပိုင်းမှာ အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီဟု ယနေ့အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ကြေညာခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ဩဂုတ်လကစ၍ ပထမဆင့်အနေဖြင့် ဟားခါးမြို့မှ ၄ မိုင်ခန့်ကွာ‌ေ၀◌းသော သီမြစ်ချောင်း ကူးတံတားအထိ ကနဦးခြေကုတ်ရယူကာ၊ ဒုတိယဆင့်အနေဖြင့် သီမြစ်ချောင်းကူးတံတားမှတဆင့် ထန်တလန်မြို့အ၀◌င် နေရာထိလည်းကောင်း၊ တတိယဆင့်အနေဖြင့် ထန်တလန်မြို့ ပြည်သူ့ဆောက်လုပ်ရေးရုံးနှင့် CB ဘဏ်အထိလည်းကောင်း၊ စတုတ္ထနှင့် နောက်ဆုံးဆင့်အဖြစ် ဆေးရုံကုန်း၊ အခြေခံပညာအထက်ကျောင်းတို့ကို အဆင့်ဆင့်သိမ်းပိုက်ကာ တမြို့လုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီကဆိုသည်။ တိုက်ပွဲအတွင်း ချင်းအမျိုးသားတပ်မတော် CNF/CNA ဘက်က တပ်ဖွဲ့၀◌င်တချို့ကျဆုံး ဒဏ်ရာရရှိကြသည့်အပြင် လက် နက်ကြီး လက်နက်ငယ်မျိုးစုံ ၁၈ လက်ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု စစ်ကောင်စီကဖော်ပြထားသည်။ ထန်တလန်မြို့တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလကစ၍ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားလာခဲ့ပြီးနေက် စစ်ကောင်စီတပ်ဖွဲ့က အကြိမ်ကြိမ်မီးရှို့ခဲ့မှုကြောင့် တမြို့လုံးနီးပါး မီးလောင်ပြာကျခဲ့ရသည့်အပြင် ဒေသခံပြည်သူများအားလုံးလည်း ထန်တလန်မြို့ကိုစွန်ခွါကာ အိန္ဒိယနှင့် နယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် ထန်တလန်မြို့ထဲက ဘုရားကျောင်းများအပါအ၀◌င် လူနေအိမ်ခြေ နှစ်ထောင်နီးပါးခန့် ပြာကျခဲ့ရပြီး မြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသာ အခြေချတပ်စွဲကာ တိုက်ပွဲပြင်းထန်သော ရှေ့တန်းစစ်မြေပြင်တခုဖြစ်လာခဲ့သည်။…

Read More

(006SV) ချင်းပြည်နယ်၊ မတူပီ- ဟားခါး လမ်းမပေါ်တွင် တပ်စွဲသည့် ခရိုင်ရုံးသို့ အင်အားလာဖြည့်သော စစ်ကောင်စီစစ်ကြောင်းကို လက်ဦးမှုယူ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသည်ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့ -မတူပီက သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၂၇ ရက် ညနေ ၄ နာရီခန့်က မတူပီ- ဟားခါးလမ်မပေါ်တွင် စစ်ကောင်စီတပ်စွဲသည့် ခရိုင်ရုံးသို့ ခလရ – ၁၄၀ တပ်မှ အင်အားလာဖြည့်သော စစ်ကောင်စီ စစ်ကြောင်းနှင့် ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF – မတူပီက ယနေ့ သတင်းထုတ်ပြန်သည်။ တိုက်ပွဲတွင် ထိခိုက်ကျဆုံးမှု ရှိသော စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သော်လည်း CDF မတူပီက အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။ ထို့နောက် တိုက်ပွဲအပြီး ၂နာရီကြာအထိ စစ်ကောင်စီတပ်က မတူပီ- ဟားခါးလမ်းနှင့် မတူပီ- ပလက်ဝလမ်းပိုင်းတို့ကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။ နှစ်ဖက် ပစ်ခတ်မှုများ အချိန်မရွေး ဖြစ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် မတူပီမြို့တွင်း အဝင်အထွက် မပြုလုပ်ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ထပ်မံအသိပေးထားသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ သည် စစ်အာဏာရှင်ကို တော်လှန်ရန်အတွက် လက်နက်ခဲယမ်းများ လိုအပ်နေပြီး ပြည်တွင်း ပြည်ပ ပြည်သူများအနေဖြင့် ပံ့ပိုးကူညီကြရန်လည်း အသိပေးနှိုးဆော်ထားသည်။

Read More

(006SV) မင်းတပ်မြိုနယ်နှင့် မတူပီမြို့နယ်ကြားက ကျေးရွာများတွင် နွားနောက်နှင့် ကျွဲနွားများတွင် ကူးဆက်မြန်ရောဂါ ၂မျိုးဖြစ်ပွားနေပြီး ယင်းရောဂါကာကွယ်ဆေးများကို မြို့နယ်ပအဖနှင့် ချိတ်ဆက်၍ ထိုးကြရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ “သူက မတူပီဘက်က ရွာတွေမှာ စဖြစ်တာပေါ့။ မင်းတပ်နဲ့ မတူပီ အစပ်နားက ကျေးရွာတွေက အခု ဖြစ်နေတာပေါ့။ တော်တော်လေ ဖြစ်နေတယ်။ ပျံ့နှံ့မှုနှုန်းကလည်း မြန်တာကိုး။ မကြာမှီမှာ အချိန်မှီကာကွယ်ဆေး မထိုးနိုင်ရင် မကြမီမှာ တစ်မြို့နယ်လုံးအပြင် နီးစပ်ရာ မြို့နယ်တွေကိုလည်း ကူးဆက်သွားနိုင်တယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၊ မွေးမြူးရေးနှင့် ကုသရေးဌာနမှ တာဝန်ရှိသူ ဒေါက်တာဟုန်းမနားက ပြောသည်။ မင်းတပ်မြို့နယ်ထဲက တိုက်နယ် ၁၀၊ ၁၃ နှင့် ၁၄ တို့တွင် အဓိကအဖြစ်များနေပြီး တိုက်နယ် ၁၄ တွင် နွားနောက်ကောင်ရေ ရာနှင့်ချီ ကူးဆက်ခံနေရကာ နွားနောက် ၅ ကောင် သေဆုံးသွားသည်၊ လတ်တလောတွင် နွားနောက် အများစု မွေးမြူးကြသော တိုက်နယ်များတွင် Foot Mouth Disease (ခွာနာလျှာနာ) နှင့် Anthrax (ဒေါင့်သန်း) ရောဂါလက္ခဏာများ ဖြစ်နေသည်ကို တွေ့ရှိရသည်ဟု ဒေါက်တာ ဟုန်းမနားက ပြောသည်။ ထို့ကြောင့် နယ်ခြားမှ နွားနောက်များ၊ ကျွဲနွားများနှင့် ၎င်းတို့က ထွက်ရှိသော အသားနှင့် အခြားကိုယ်အင်္ဂါများကို မင်းတပ် မြို့နယ်အတွင်း သယ်ဆောင်လာခြင်းကို ခေတ္တရပ်နားထားရန် သတိပေးချက် ထုတ်ပြန်သည်။ နွားနောက်နှင့် ကျွဲနွားများတွင် ယင်းရောဂါများ ဖြစ်ပွားနေသည်ကို တွေ့ရှိပါက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၊…

Read More

(002HH) “ပီပီး” ဆိုတဲ့ ဝှီစီမှုတ်သံဟာ မနက်အာရုံတက်စအချိန်မှာ ကြက်တွန်သံနဲ့အတူ အပြိုင်ထွက်ပေါ်လို့လာပါတယ်။ ဒီအသံနဲ့ အတူ မနက် ၅ နာရီအမီ လေ့ကျင့်ရေးဆင်းဖို့အတွက် တပ်သားတွေကို တပ်မမှူးဖြစ်တဲ့ ကိုလျန်နို တစ်ယောက် နှိုး ဆော်နေတာပါ။  ဒါကတော့ သူနေ့စဉ်လုပ်နေကျ လုပ်ငန်းစဉ်တစ်ခုလို ဖြစ်နေပါပြီ…. တပ်သားတွေကို လေ့ကျင့်ဖို့ တာဝန်က သူ့အတွက် အရေးကြီးဆုံးဖြစ်တယ်လို့ ခံယူထားတာကြောင့် အားမာန်ပါစွာ အော်ရင်းနဲ့ပဲ လေ့ကျင့်ပေးနေပါတယ်။ သူဟာ စစ်တပ်မှာ ၁၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ CNDF က တပ်သား တွေကို လေ့ကျင့်ပေးနေတာပါ။ ၂၀၂၁ ခုနှစ်အာဏာသိမ်းစမှာပဲ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝင်ခဲ့ တာဖြစ်ပါတယ်။ ကနဦးမှာ လက်နက်ကိုင်တပ်ဖွဲ့ထဲ ဝင်ဖို့စိတ်ကူးမရှိခဲ့ဘဲ တတိယနိုင်ငံဖြစ်တဲ့ သြစတေးလျသွားဖို့ လုပ်ခဲ့တာပါ၊ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ “CNDF ခါင်းဆောင်တွေက ကျွန်တော်ဆီကိုလည်း လာကြတယ်။ ဖလမ်းလူမျိုး၊ မျိုးနွယ်စု လက်နက်အဖွဲ့အစည်း နည်းတယ် အဲ့မှာတာဝန်ထမ်းဆောင်ဖို့ လိုတယ် အဲ့လိုမျိုးကျွန်တော့်ကို စည်းရုံးတယ်။ စစ်ပညာသင်တန်းပို့ချဖို့ စစ်ဗျုဟာပို့ချဖို့ ပထမဆုံးသင်တန်း ပို့ချတယ်၊ သင်တန်းက ၃ ကြိမ်အထိပြီးသွားပြီ၊ သင်ကြားပို့ချရင်းနဲ့ ဒီပညာရပ်နဲ့ လုပ်ရပ်တွေက သင်တန်းပို့ချရုံံနဲ့ လူကြီးတွေက မပြီးဘူး နေရာတခါတည်း ယူမှရမယ်ဆိုပြီး ကျွန်တော်ကို ပထမဦး ဆုံး CNDF ဗျူဟာမှုးနဲ့ ရာထူးပေး ကြတယ်” လက်ရှိမှာတော့ သူဟာ CNDF တပ်မ (၃) ရဲ့ တပ်မမှူး…

Read More

(02HH) ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်နှင့် ကျေးလက်ဒေသအားလုံးနီးပါးကို နယ်မြေထိန်းချုပ်နိုင်ပြီဟု CDF-Kanpetlet ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “မြို့ပေါ်မှာတော့ စစ်ကောင်စီဖက်က ယန္တရားတွေလုံးဝမလည်ပတ်နိုင်ဘူး၊ ကျောင်းလည်းမဖွင့်နိုင်ဘူး။ သူတို့မြို့ တွင်းမှာ တောင်မှ သူတို့လွတ်လွတ်လပ်လပ် နေလို့မရဘူး။ ကျွန်တော်တို့မြို့အနီးအနားမှာတော့ လုံးဝကိုနေရာယူပြီးမှ ပြန်လည် ထိန်းချုပ်နိုင်တယ်၊ တခြားနယ်တွေလည်း အကုန်လုံးကျွန်တော်တို့ ထိန်းချုပ်နိုင်တယ်လို့ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ကန်ပက်လက်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ အ.ထ.က ကျောင်း၊ ရန်အောင် စေတီနှင့် မြို့နယ်ပညာရေးမှူးရုံးတို့မှာသာ ခြေကုတ်နေရာယူတပ်စွဲထားနိုင်တော့သည်ဟု သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း CDF-Kanpetlet မှ မြို့တွင်းစစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော နေရာများကို စစ်ကြောင်း ၅ ကြောင်းဖြင့်တပြိုင်တည်းသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရှိသူများလည်းရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။ ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် CDF-Kanpetlet တပ်တို့ကြား မြို့တွင်းတိုက်ပွဲဖြစ်ပွား မှုပြင်းထန်လာပြီး နောက် မြို့ထဲနေပြည်သူအားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြရပြီး လက်ရှိ မြို့ပေါ်တွင် နေထိုင်သူ အိမ်ခြေ (၂၀) သာရှိ တော့သည်ဟု CDF-Kanpetlet မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “ကျွန်တော်တို့က ထုတ်ပြန်ချက်တွေထုတ်တဲ့အချိန်မှာ လှုံခြုံတဲ့နေရာတွေမှာနေပြီးမှ နေရာတွေ ရွေ့ပြောင်းပေး ဖို့ညွန် ကြားထားတယ်၊ မြို့ထဲမှာ အများကြီးတော့ မရှိတော့ဘူးအကုန်လုံးစစ်ဘေးရှောင်နေရာရောက်ကုန်ပြီ။ အခုနေတဲ့သူ တွေလည်း တိုက်ပွဲတွေပြင်းထန်ရင်တော့ စစ်ဘေးရှောင်ရမှာပဲ။” ဟု ပြောသည်။ ကန်ပက်လက်မြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့်နေရာ အနီးတွင် နေထိုင်ခြင်းမပြုလုပ်ကြရန် CDF-Kanpetlet က ထုတ်ပြန်ထားသည်။…

Read More

(006SV) အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ထိပ်ပိုင်းစစ်ခေါင်းဆောင် ၁၀ ဦးကို ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ရာဇဝတ်ကျူးလွန်ခဲ့မှုအတွက် တရားစွဲဆိုနိုင်ရန် ချင်းတိုင်းရင်းသား ငါးဦးက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က တရားရေးဌာနတွင် ယနေ့မှာ စတင်လျှောက်ထားသည်ဟု သိရသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ အရပ်သားပြည်သူများကို သတ်ဖြတ်မှု၊ အလောင်းများကို ဖျက်ဆီးမှု၊ နေအိမ်ရာပေါင်းများစွာနှင့် ဘုရားကျောင်းများကို မီးရှို့ဖျက်ဆီးမှု၊ လူသားစာနာအကူအညီများကို လက်နက်တစ်ခု ကဲ့သို့ အသုံးချမှုများကြောင့် ထိပ်ပိုင်းစစ်ခေါင်းဆောင် ၁၀ ဦးကို တရားစွဲဆိုလိုက်ခြင်းဖြစ်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်သည်။ “စစ်ကောင်စီတပ်တွေက ပါစတာအပါအဝင်ခရစ်ယာန်ပြည်သူတွေကို သတ်ဖြတ်တာ၊ ဘုရားကျောင်းတွေနဲ့ ဘာသာရေး အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးတာတွေကို စနစ်တကျ ကျူးလွန်းခဲ့တာဖြစ်တယ်။ စစ်တပ်ရဲ့ မြန်မာပြည်က ခရစ်ယာန် တွေကို ဒီလိုဆက်လက်ကျူးလွန်နေမှုနဲ့ ပတ်သက်လို့ ကျနော်တို့ တရားမျှတမှု ရရှိဖို့ ဖိလစ်ပိုင်က ပြည်သူတွေလည်း ထောက်ခံကူညီပေးကြပါ” ဟု တရားစွဲသည့် ချင်းတိုင်ရင်းသား ငါးဦးထဲက တစ်ဦးဖြစ်သူ Salai Ling က ပြောသည်။ Salai Ling သည် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ဒုတိယအမှူဆောင်ဒါရိုက်တာ တစ်ဦးလည်းဖြစ်ပါသည်။ စစ်ကောင်စီ၏ သတ်ဖြတ်ခြင်း ခံရသော နှစ်ချင်းခရစ်ယာန်အဖွဲ့ အသင်းလူကြီး ပူးရာလ်တူ၏ သမီးနှင့် ပါစတာကျုုံးဗျက်ဟုမ်၏ ဦးလေးအပါအဝင် ချင်းတိုင်းရင်သား ငါးဦးတို့က ထန်တလန်မြို့မှာ ကျူးလွန်ခဲ့သည့် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို နိုင်ငံ တကာလွတ်လပ်စွာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) အရ တရားစွဲဆိုရန်…

Read More

(006SV) ချင်းကာကွယ်ရေးတပ်ဖွဲ့ – ထန်တလန်၏ ပထမအကြိမ်ညီလာခံကို ထန်တလန်မြို့နယ်အတွင်းရှိ တစ်နေရာမှာ ၃ ရက်တာ ကျင်းပခဲ့ပြီး ချင်းအမျိုုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအပါအဝင် အချက် (၃) ချက်ကို အတည်ပြု သတ်မှတ်ခဲ့ကြောင်း CDF ထန်တလန်က သတင်းထုတ်ပြန်သည်။ ပထမအကြိမ်မြောက်ညီလာခံကို အောက်တိုဘာလ ၁၈ ရက်မှ ၂၀ ရက်ထိ တပ်ရင်းကိုယ်စားလှယ်များ၊ ဒေသကိုယ်စားလှယ်များ၊ ရပ်ရွာတာဝန်ခံ ကိုယ်စားလှယ်များနှင့် အထူးဧည့်သည်များအပါအဝင် ၁၉၀ ကျော် တက်ရောက်ခဲ့ပြီး ကျင်းပပြီးစီးခဲ့သည်ဟု အောက်တိုဘာလ ၂၄ ရက်က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ ညီလာခံမှ စစ်အာဏာရှင်စနစ်အား အမြစ်ဖြုတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပြန်လည်တည်ထောင်ရေးတို့ကို အတည်ပြု သတ်မှတ်ခဲ့သည်ဟု သိရသည်။ ထို့အပြင် တော်လှန်ရေးကာလအတွင်း ပြည်သူများ၏ ဘေးကင်းလုံခြုံမှုကိုလည်း အထူးဦးစားပေး ဆောင်ရွက်ရန် ညီလာခံက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ ညီလာခံအတွင်း ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းများကို ဆွေးနွေးခြင်းနှင့် ဦးဆောင်မည့်သူများ ပြန်လည်ရွေးချယ်ခြင်းတို့ကို ဆွေးနွေးဆုံးဖြတ်မှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ CDF ထန်တလန်က ရည်မှန်းချက်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် အင်တိုက်အားတိုက် တိုက်ပွဲဝင်နိုင်ရန် ပြည်တွင်း/ပြည်ပ ပြည်သူများ ဘဏ္ဍာရေးပိုင်းတွင် ပိုမိုပံ့ပိုးကူညီပေးကြရန်လည်း ထပ်မံတိုက်တွန်းထားသည်။

Read More

(006SV) ချင်းပြည်နယ်၏ ၇၅ ရာခိုင်နှုန်းနှင့်အထက်ကို ထိန်းချုပ်စိုးမိုးထားသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် မြို့ပေါ်တွင်သာ အခြေစိုက်ထားနိုင်သော စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်၊ သိမ်းယူနိုင်ရေး လက်နက်ခဲယမ်းများ ဖြည့်တင်းနိုင်ရန် ကြိုးစားနေချိန်တွင် ထောက်ပံ့ရရှိမှု ပိုနည်းလာသည်ဟု ချင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ ခုခံတော်လှန်ရေးကာလ ၂ နှစ်ခွဲကျော်လာချိန်တွင် ထောက်ပို့ရဲဘော်များ၏ ကူညီထောက်ပံ့နိုင်မှုနှင့် ပြည်တွင်း/ပရှိ ပြည်သူများ၏ ငွေကြေးထောက်ပံ့မှုများမှာ ပိုမိုလျော့နည်းလာသည့်အတွက် ချင်းကာကွယ်ရေးတပ်ဖွဲ့များမှာ အခက်အခဲများ ပိုကြုံတွေ့လာ ရသည်။ ချင်းတောင်ပိုင်းက ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက်သည် မြို့ပေါ်စခန်းသိမ်းတိုက်ပွဲများ ပြုလုပ်နိုင်ရန် ဒရုန်းအပါအဝင် လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရေးအတွက် “ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း”သိန်း ၅၀၀၀ကမ်ပိန်းကို ပြည်တွင်း/ပ အကူအညီများဖြင့် ၄၅ ရက်ပြုလုပ်ရာ ၄၁ ရာခိုင်နှုန်းသာ ရရှိခဲ့သည်ဟု ယင်းအဖွဲ့က တာဝန်ရှိသူ ပြောသည်။ “ကျနော်တို့ ကမ်ပိန်းကို ခက်ခက်ခဲခဲနဲ့ လုပ်ဆောင်နေရတာပါ။ ၄၅ ရက် သတ်မှတ်ထားပေမယ့် သတ်မှတ် ထားတဲ့ တာဂစ်ရဲ့ ၄၁ ရာခိုင်နှုန်းပဲ ပြည့်မိတဲ့အတွက် ကျနော်တို့ ၁၅ ရက် ထပ်ထိုးထားပါတယ်။ တော်လှန်ရေးကာလ တစ်ခုလုံးကို ခြုံပြောရရင် နည်းနည်း ကျလာတယ်။ ထောက်ပို့တွေ ပိုင်းမှာလည်း အဲလိုဆိုတော့ သတ်မှတ်ထားတဲ့ တာဂစ်က ၄၁ ရာခိုင်နှုန်းဆိုတော့ အားနည်းတယ်” ဟု CDF- ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။ ကမ်ပိန်းကာလကို အောက်တိုဘာလ ၃၁ ရက်ထိ ထပ်တိုးထားပြီး လတ်တလောတွင် ၅၅ ရာခိုင်နှုန်းထိ ရရှိထားသည်။ တပ်ရင်း ၇ ရင်းဖြင့်…

Read More

(006SV) ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”ကြောင့် ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရုတ်တရက်ရေကြီး ခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ် ပြန်သည်။ ယနေ့ မနက်ပိုင်း တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဝင်ရောက်လာသော ဆိုက်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON) သည် လာမည့် ၂၄ နာရီအတွင်း မီဇိုရမ်ပြည်နယ်တွင် ကုန်းတွင်းမုန်တိုင်း ငယ်အဖြစ်လည်းကောင်း၊ ချင်းပြည်နယ်နှင့် အိန္ဒိယနယ်စပ်တွင် အားကောင်းသော လေဖိအားနည်း ရပ်ဝန်းအဖြစ်မှ အားလျော့နိုင်သည်ဟု သိရသည်။ “ဟမွန်း”ဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် နေရာအနှံအပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပြီး ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသော ပြည်သူအနေဖြင့် မြေပြိုမှုအန္တရာယ်များ၊ မြစ်ငယ်နှင့် ချောင်း ငယ်အနီးတွင် နေထိုင်ကြသူများ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင် သတိပြု နေထိုင်ကြရန် နှိုးဆော်ထားသည်။ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့သည် ဆိုက်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ အဝန်းအဝိုင်းအတွင်းသို့ ကျနေရာက်နေသောကြောင့် မုန်တိုင်းသက်ရောက်မှုကို ခံစားရမည်ဖြစ်ပြီး ယင်းမုန်တိုင်းကို အဝါရောင်အဆင့် သတ်မှတ်ထားသည်ဟု သိရသည်။ နောက် ၂ ရက်အတွင်းမှာလည်း ချင်းနှင့် ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၂ ခုမှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုပ်ရွာမည်ဟု ထုတ်ပြန်ထားသည်။

Read More

ရေး – 001RB “ဆန်ကုန်မှာကို အမြဲစိုးရိမ်ရတယ် ထမင်းကျန်တွေကိုလည်း မလွှင့်ပစ်ရဲဘူး ထမင်းချက်တဲ့အခါမှာ ပြန်ပြန်ပြီး ရောချက်ရတယ်” လို့ ပုံမှန်လခ၀င်ငွေမရှိတော့တဲ့ ဒေါ်နီလန်း (နာမည်လွဲ) ဟာ သူတို့မိသားစုညနေစာ စားဖို့အတွက် ဆန်တွေ ပြာနေ ရင်း ပြောဆိုနေတာပါ။ မိသားစု၀င် ၃ ယောက်ရှိတဲ့ သူတို့မိသားစုဟာ ဆန်တစ်အိတ်ကို ခြိုးခြံချွေတာပြီးစားရင် တစ်လကျော်ကျော် လောက်စားရ ပြီး သူများလို မိသားစု၀င်သိပ်မများတာကြောင့် ခံသာသေးတယ်လို့ဆိုရမှာပါ။ ဒေါ်နီလန်းတို့ ဇနီးမောင်နှံဟာ ချင်းပြည်နယ် မတူပီမြို့နယ်ကဖြစ်ကြပြီး စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်ကတော့လင်မယား နှစ်ယောက်စလုံး အစိုးရ၀န်ထမ်းကျောင်းဆရာ၊ဆရာမတွေပါ။ အဲဒီအခါတုန်းကတော့ လင်မယားနှစ်ယောက်စလုံး ပုံမှန် လစာ၀င်ငွေလေးတွေရှိကြတော့ စား၀တ်နေရေးအတွက် အဆင် ပြေနေပေမယ့် စစ်ဘေးရှောင်စခန်းရောက်တဲ့နောက်ပိုင်မှာတော့ အတော်လေးအခက်အခဲနဲ့ကြုံနေရတယ်လို သူမက ဆိုပါတယ်။ “ရွာမှာကျတော့ နည်းနည်းပါးပါးကိုယ်ရတဲ့လစာလေးနဲ့ အေးဆေးနေလို့ရတယ်ပေါ့ ဒီမှာကျတော့ စိတ်ပင်ပန်းလူပင်ပန်းရ တယ် သူများလုပ်သလိုလဲ မလုပ်တတ်ဘူး အဲဒီခါကျလို့ရှိရင် စိတ်လည်းပင်ပန်းတယ် လူလည်းပင်ပန်းတယ် စိတ်ဆင်းရဲ ရတယ် ကိုယ်ကမလုပ်လို့ရှိရင်လည်း မစားရပြန်ဘူး အတော်လေးစိတ်ဖိစီးမှုများတယ်၊ အဆင်ပြေသလိုလုပ်ကြရတာပေါ့ မလောက်လို့ရှိရင်လည်း လောက်သလိုစားကြရတာပေါ့” သူတို့မိသားစုဟာ အခြားသော မြန်မာနိုင်ငံကစစ်ဘေးရှောင်တွေနည်းတူ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတစ်ခုမှာနေထိုင်ကြရတာပါ။ အစပိုင်းမှာတော့ မီဇိုရမ်ပြည်နယ်ရဲ့မြို့တော် အိုင်ဇောလ်နဲ့ မိုင် ၃၀ လောက်‌‌ေ၀◌းတဲ့ Sihhmui ကျေးရွာထဲမှာ အိမ်ငှားပြီး နေထိုင်ခဲ့ကြ ပေမယ့် လစဉ်အိမ်ငှါးခပေးဖို့ဆိုတာ သူတို့တွက်ကြီးမားတဲ့၀◌န်ထုတ်တစ်ခုလိုဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Sihhmui ကျေးရွာတာ၀◌န်ရှိသူတွေက စစ်ဘေးရှောင်တွေအတွက် မြေနေရာပေးလာပြီး စစ်ဘေးရှောင်တွေကကိုယ့်ဘာသာကိုယ်အိမ်ဆောက်ကြပြီး နေထိုင်လာကြတဲ့အခါမှာ အိမ်ငှါးခအတွက် စိုးရိမ်သောကမဖြစ်ရတော့ဘူးလို့ ဆိုပါတယ်။ ပေ…

Read More