ချင်းပြည်နယ် ဖလမ်းမြို့တွင် ပြည်သူလူထုနှင့် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) အကြား အထင်မြင်လွဲမှားကာ သွေးကွဲစေရန်အတွက် စစ်ကောင်စီတပ်ဖွဲ့က နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ပြီးခဲ့သည့်ဇွန်လ ၁၅ ရက်နေ့ညက ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်ရှိ အ.ထ.က (၂) ကျောင်းအနီးတွင် အသံမိုင်းခွဲကာ ပြည်သူလူထုအား အထိတ်တလန့်ဖြစ်စေခဲ့သည့်အပြင် “မိမိတို့၏ သားသမီးများ အလောင်း မကောက်လိုပါက ကျောင်းမထားကြနဲ့” ဟူသော ခြိမ်းခြောက်စာတစ်ချိူ့လည်း ကပ်ထားခဲ့ကြပြီး ယင်းလုပ်ရပ်သည် ချင်းလက်နက်ကိုင်တပ်ဖွဲ့ CNO/CNDF နှင့် ဖလမ်းမြို့ပြည်သူလူထုအကြား အထင်မြင်လွဲမှားစေရန် စစ်ကောင်စီဘက်က သွေးထိုးလုပ်ဆောင်ခဲ့ခြင်းသာဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ဇွန်လ ၂၀ ရက်နေ့ကထုတ်ပြန်သည်။ “အဲဒီ အသံမိုင်းခွဲလုပ်ဆောင်ချက်သည် ပြည်သူလူထုနှင့် CNO/CNDF အကြား အမြင်မှားစေရန်နှင့် သွေးခွဲရန်လုပ်ဆောင်သော စကစ၏ နည်းစနစ်သာဖြစ်သည်” ဟု ချင်းအမျိုးသားအဖွဲ့က ဆိုသည်။ ပြီးခဲ့သည့် ဇွန်လ (၁၇) ရက် ည (၁၀:၀၀) နာရီခန့်အချိန်ကလည်း တလန်လိုရပ်ကွက်ရှိ အ.ထ.က (၃) ကျောင်းတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ကြသော စစ်ကောင်စီတပ်သားများ အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့ကြရာ တပ်သားတစ်ဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကြောင် းသိရပါသည်။ ထို့နောက် စစ်ကောင်စီတပ်များသည် ချင်းကာကွယ်ရေးတပ်များနှင့် ပစ်ခတ်သယောင်ပြုကာ အနီးနားပတ်ဝန်းကျင်များအား ရမ်းသမ်းပစ်ခတ်ကာ ခလရ (၂၆၈) တပ်ထဲမှ ၁၂၂ မမဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြပါသည်။ အဆိုပါ ရမ်းသမ်း ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး လက်မောင်းတွင် ကျည်ထိဒဏ်ရာရရှိခဲ့ပြီး အိမ်တွင်းရှိပစ္စည်းတစ်ချို့ ပျက်စီး ဆုံးရှုံးခဲ့သည့်အပြင် ဘိုင်လာကျေးရွာ (Baila)…
Author: Editor
ဒီသတင်းအမှားကို စစ်အောင်ဆိုတဲ့ အကောင့်ကနေ ဇွန်လ ၂၀ ရက်နေ့က “အရေးပေါ်သတင်း” ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ သတင်းအမှားမှာရေးသာဖော်ပြထားတာက “ရုရှားက ဆီးရီးယားမှာတပ်စွဲထားတဲ့အမေရိကန်စစ်အခြေစိုက်စခန်းကို လေကြောင်းက ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ရုရှားက အမေရိကန် စစ်အခြေစိုက်စခန်းကို ဗုံးကျဲမတိုက်ခိုက်ခင် ‘ဟျောင့်တွေ သေမှာကြောက်ရင် မြေအောက်ထဲဝင်ထား။ မင်းတို့တပ်စခန်းကို ငါတို့ဗုံးကျဲတော့မယ်’ လို့ ရုရှားလေတပ်က ကြိုတင်သတိပေးခဲ့ပါတယ်၊ အမေရိကန်စစ်သားတွေလည်း သေမှာကြောက်လို့မြေအောက် ပေ ၆၀ လောက်အနက်ထိ တူးထားတဲ့ ထိမ်းချုပ်ရေးစခန်းထဲကို ဝင်ပြေးပြီး ရုရှားတိုက်လေယာဉ်တွေကို ပစ်ချဖို့ အဆင့်မြင့်နည်းပညာတွေနဲ့ စောင့်နေခဲ့ကြပါတယ်။” “အဲ့ဒီအချိန်မှာဘဲ ရုရှားတိုက်လေယာဉ်အုပ်စုဟာအမေရိကန် အခြေစိုက်စခန်းပေါ်တည့်တည့်ကို ဗုံးတလုံးစီကျဲချခဲ့တဲ့အတွက် အမေရိကန်တို့ရဲ့စစ်လက်နက်အများအပြား ပျက်ဆီးခဲ့ပါတယ်။ စစ်သားတယောက်မှ မသေဘူးလို့ အမေရိကန်ကကြေညာပေမယ့် ရုရှားစစ်တပ်ကတော့ စစ်ယာဉ်တွေမှာ စောင့်နေတဲ့အမေရိကန်စစ်သား ၂၀ ကျော်သေတယ်လို့ ဆိုပါတယ်။ ဒါဟာ ရန်စတာဘဲလို့ အမေရိကန်ဗိုလ်ချုပ်ကြီးတွေက တုန့်ပြန်ပါတယ်၊” “အခြေစိုက်စခန်းမှာ အမေရိကန်စစ်သား ၂၀၀ လောက်ရှိတယ်လို့ ရုရှားကပြောပါတယ်။ အမေရိကန်ရေဒါတွေကဘဲသုံးစားမရတာလားရုရှားနည်းပညာကဘဲမြင့်လွန်းတာလားဆိုတာ အမေရိကန်တွေ မခွဲခြားတတ်ဘဲ ဖြစ်စဉ်ကို အပြန်ပြန်အလှန်လှန် ပင်တဂွန်က မေးနေသည့်အတွက် ဆီးရီးယားမှာ တာဝန်ကျနေတဲ့အမေရိကန် စစ်တပ်က ဒေါသထွက် နေကြောင်း ဆီးရီးယားသတင်းတွေမှာ ရေးသားနေကြပါတယ်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ရုရှားက ယူကရိန်းကို ဝင်တိုက်ခဲ့ပြီးချိန်ထဲက ရုရှားနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ နေတိုးတပ်ဖွဲ့ဟာ အခုလည်း ဥရောပကောင်းကင်မှာ ကင်းလှည့်နေရင်း သူတို့လေယာဉ်တွေအနားကို အန္တရာယ်ရှိနိုင်လောက်အောင် နီးနီးလေးကပ်ပြီးပျံလာခဲ့တဲ့ ရုရှားတိုက်လေယာဉ်တွေနဲ့ ကြုံရပြန်တဲ့ဖြစ်စဉ်မျိုး ဇွန် ၂၀ ရက်နေ့မှာ ဖြစ်ပွားခဲ့ကြောင်း BBC သတင်းဌာနမှာ ဖော်ပြထားတာဖြစ်ပါတယ်။ Link>>>https://fb.watch/dN2DBPVrbM/…
ဒီသတင်းအမှားကို စစ်အောင်ဆိုတဲ့ Facebook အကောင့်မှာ “ဇွန် ၁၉ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ဒုက္ခသည်စခန်းများမှ ဘင်္ဂလီများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လိုသည်ဟုဆိုကာ ဆူပူသောင်းကျန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။” ဆက်လက်ပြီး “ဘင်္ဂလားဒေ့ရှ်မှ ရခိုင်ပြည်နယ်နယ်စပ်သို ခိုးဝင်လာသည့် ဘင်္ဂလီများသည် ၂၀၁၀ခုနှစ်မှစ၍ ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းမှုများနှင့် လူမျိုးလိမ်အမည်ဖြင့် နိုင်ငံသားဖြစ်ရေး လုပ်ဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ပြန်လည်ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ကိုဗစ်-၁၉ကာလ စီးပွားရေးအခက်အခဲကြောင့် နိုင်ငံတကာမှ အကူအညီ မရရှိခြင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လုပ်ကိုင်စားသောက်ရန် ခက်ခဲခြင်းကြောင်း ရခိုင်ပြည်နယ်သို တကြော့ပြန် ဝင်ရောက်ရန် ကြံစည်လာကြောင်း သတင်းရရှိသည်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းမှားမှာ ဖော်ပြထားသလို “ဇွန် ၁၉ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ဒုက္ခသည်စခန်းများမှ ဘင်္ဂလီများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လိုသည်ဟုဆိုကာ ဆူပူသောင်းကျန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း” ဒေသတွင်းသတင်းဌာတွေမှာ ဖော်ပြထားတာမျိုး မရှိပါဘူး။ ဒီသတင်းအမှားကို Sithumyint Sithumyint၊ Minn Mg၊ Online၊ KyawGyi၊ Min Sitt Thar၊ Nay Min Khant၊ Min Naung Yoe စတဲ့အကောင့်များမှာသာရေးသာဖော်ပြထားတာဖြစ်ပြီးတော့ ဒေသတွင်းသတင်းဌာနတွေဖြစ်တဲ့ Narinijara၊ Development Media Group (DMG) တွေမှာလည်း ဖော်ပြရေးသာထားတာမျိုးမရှိသလို သတင်းဌာနကြီးဖြစ်တဲ့ BBC၊ DVB၊ Mizzima၊ VOA စတဲ့နေရာတွေမှာလည်း ဖော်ပြထားခြင်မရှိပါဘူး။ ဒါကြောင့်စစ်အောင်ဆိုတဲ့ Facebook အကောင့်ကနေ ရေးသားဖော်ပြထားတာဟာ သတင်းအမှားဖြစ်ပါတယ်။…
ဒီသတင်းအမှားကို ပန်ဆယ်လိုဓာတ်ပုံနဲ့ ပြုလုပ်ထားတဲ့ အကောင့်တုကနေ တင်ထားတာဖြစ်ပြီး ပန်ဆယ်လိုက အမှန်တကယ် တင်ထားသယောင်နဲ့ နားလည်မှုလွဲမှားအောင် ပုံမှားရိုက်ဖန်တီးထားတာဖြစ်ပါတယ်။ အဲဒီအကောင့်တုကနေ တင်ထားတဲ့အကြောင်းအရာကို စစ်အောင်ဆိုသူက screen short ရိုက်ပြီး သူ့အကောင့်ကနေ ပြန်လည်တင်ထားတာဖြစ်ပါတယ်။ အဲဒီ ပန်ဆယ်လို အကောင့်တုမှာ “အာဏာသိမ်းစက ငါတို့အလွယ်တကူ နိုင်မယ်ထင်ခဲ့တာ အခုက NUG ကကောင်တွေက ထင်ရာစိုင်းနေကြတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ငါလဲတတ်နိုင် သလောက် ကြိုးစားခဲ့တာဘဲ အခုတော့ပြည်ပြေးဘဝနဲ့ အဆုံးသတ်ရတော့မယ် ဘယ်တတ်နိုင်မလဲ သမီးကိုဘဲ လူလားမြောက်အောင်လုပ်ပေးရတော့မယ်။” လို့ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပန်ဆယ်လိုဘက်ကို ဆက်သွယ်မေးမြန်ခဲ့ရာ အခုလိုရေးတင်ထားတဲ့အကောင့်ဟာ အကောင့်အတုဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ ပန်ဆယ်လိုအသုံးပြုတဲ့ အကောင့်အစစ်ကို အောက်ပါလင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ Link>>>https://www.facebook.com/AuthorPencilo ပန်ဆယ်လိုဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများနဲ့ ရပ်တည်ခဲ့တဲ့သူဖြစ်ပါတယ်။ အခုအချိန်မှာ အကောင့်အတုတွေကနေ သတင်းအတုများဟာ နေစဉ်လိုလိုထွက်ပေါ်နေပါတယ်။ အခုသတင်းအမှားဟာဆိုလည်း Like & React 74K၊ Comments 743 နဲ့ ပြန်လည်မျှဝေသူ 879 ထိရှိခဲ့ပါတယ်။
ဒီသတင်းအမှားကို ဇွန်လ ၁၈ ရက်နေ့က Shwekayan Shwrkayan (ရွှေကယန်း-ရွှေကယန်း) အကောင့်မှာ တင်ထားတာဖြစ်ပြီး “ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ ထိုင်းနိုင်ငံ အလွယ်တကူခရီးသွားဟန်ပုံစံနဲ့ တဆင့်ဝင်ရောက်လာတဲ့ နိုင်ငံခြားသားမျက်နှာဖြူ ကြေးစားစစ်သားတွေကို NUGမှ Bonds ရောင်းရငွေ ၁၀ သန်းမှ (စင်္ကာပူတွင်ရုံးခွဲများအခြေစိုက် နာမည်ဖော်ပြခွင့်မရှိ) ဆီးရီးယား၊ အီရတ်တို့မှာ ကြေးစားပုဂ္ဂလိက အရင်းရှင်စစ်တပ် အငြိမ်းစားများကို တစ်ဦးလျှင် ဒေါ်လာ ၃ သိန်း (၃၀၀,၀၀၀) မှ ဒေါ်လာ ၅ သိန်း (၅၀၀,၀၀၀) အထိ (အာမခံကြေး) အပါ ခေါ်ယူကာ သင်တန်းများပေးခြင်း စစ်ကူတိုက်ပေးခြင်းများ ပြုလုပ်နေပါတယ်” ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စင်္ကာပူရောက် မြန်မာပြည်ဖွား စင်္ကာပူနိုင်ငံသားများမှခေါ်ပေးကာ ထိုင်းရောက်မြန်မာများမှ အထက်ပါနိုင်ငံသားများကို နေစရာထိုင်စရာပေးနေတယ်၊ မိမိစုံစမ်းထားသမျှ The Expendables အဖွဲ့မှ ကြေးစားစစ်သားများ၊ MI 6 မှ Pierce Brosnan (ငြိမ်း) မှ တာဝန်ယူပေးခြင်း၊ ကြေးစားလူသတ်သမား Keanu Reeves (John Wick နာမည်ဝှက်)၊ Free Burma Ranger မှ အဖွဲ့ဝင်များ၊ CIA များ၊ MI Series များ၊ Non NGO များ၊ Volunteer များ ပါဝင်တယ်လို့ သိရပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။ Shwekayan Shwrkayan (ရွှေကယန်း-ရွှေကယန်း) အကောင့်မှာ ရေသားဖော်ပြထားသလို ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ နိုင်ငံခြားသားကြေးစားများက…
ဒီသတင်းအမှားကို ဇွန်လ ၁၉ ရက်နေ့က “တစ်ချိန်တုန်းက အောင်စစ်သည်” အကောင့်ကနေပြီး“ယုံကြည်ရာ အစုအဖွဲ့လေးတွေနဲ့ ညီညွတ်စွာနေကြ…မကြာခင်… ကြာအင်းဆိပ်ကြီးမြို့နယ် စစ်တလင်းဖြစ်တော့မယ်… ကယာပြည်နယ်လိုဖြစ်အောင် EAOs တွေလုပ်ကြမယ်…. ကရင်ပြည်သူထုကိုချစ်တာ ပြည်ရူးအတွက်မရုတ်ပါ. သူတို့အကျိုးစီးပွားရေး KNU EAOs လူတစုအတွက်သာဖြစ်… ခလယ်တခွန်တိုင်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုမ်ချောင်းနှစ်ခွ… ရွာကြီးတွေဖျက်ဆီးခံ စစ်တလင်းဖြစ်တော့မယ်… EAOs တစ်ဦးဆီက သတင်းအခိုင်အမာ သိရပါတယ်” လို့ ရေးတင်ထားတာဖြစ်ပါတယ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်မှာ ယခင်ကတော့ စစ်ကောင်စီတပ်နဲ့ KNU အကြားတိုက်ပွဲဖြစ်ပွားမှုရှိခဲ့ဖူးပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ KNU ဘက်ကတော့ ထိုးစစ်ဆင်တိုက်ခိုက်တွေမရှိခဲ့ပါဘူး။ ဒါဟာ ပြည်သူလူထုတွေအလန့်တကြားဖြစ်အောင် လုပ်ကြံဖန်တီးထားတဲ့သတင်းသာဖြစ်ပါတယ်။ ကရင်ပြည်နယ်သတင်းတွေကို စဉ်ဆက်မပြတ်စောင့်ကြည့်ရေးသားနေတဲ့ KIC သတင်းဌာနမှာ ကြာအင်းဆိပ်ကြီးသတင်းနဲ့ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်း ရေးသားဖော်ပြထားတာမရှိပါဘူး။ ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကတော့ ကြာအင်းဆိပ်ကြီးဘက်မှာ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့တယ်ဆိုတာကို ဖော်ပြထားတာတွေ့ရပါတယ်။ အောက်ပါလင့်တွင်ကြည့်ရှုနိုင်ပါတယ်။ Link>>>https://www.facebook.com/KICNewsPage/videos/5268828429805440/ လက်ရှိအချိန်မှာတော့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ တိုက်ပွဲပြင်ထန်နေတယ်ဆိုတဲ့သတင်းတွေ မရှိသေးပါဘူး။ ဒါကြောင့် ပြည်သူများအနေနဲ့ သတင်းဌာနကြီးတွေကသတင်းများနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ ကိုယ်ပြည်နယ်မှာရှိတဲ့ သတင်းဌာနက သတင်းတွေကိုသာ ဖတ်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။
ချင်းပြည်နယ် မတူပီမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသော ပါစတာတစ်ဦးအပါဝင် လူငယ် ၉ ဦးကို ပြီးခဲ့သည့် မေလကုန်ပိုင်းနှင့် ဇွန်လ ဒုတိယပတ်က နှစ်ရှည်ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်ဟု သိရသည်။ မတူပီမြို့တွင် CDFနှင့် CDM ဝန်ထမ်းများအား ငွေကြေးထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရသော ပါစတာ ကပ်ထန်းနှင့် ငွေလွဲလုပ်ကိုင်နေသော ဦးအောင်ကိုတို့နှစ်ဦးကို စစ်ကောင်စီက ဇွန်လ ၁၃ ရက်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၅ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု မတူပီတိုင်းမ်သတင်းဌာနမှအယ်ဒီတာကပြောသည်။ “ပါစတာနဲ့ ဦးအောင်ကိုကျတော့ ငွေလွဲ ရန်ကုန်ဘက်ငွေလွှဲလုပ်တာရှိတယ် အဲဒီကို CDF တွေကိုထောက်ပံ့တယ်ဆိုပြီး သူတို့နှစ်ယောက်ကိုဖမ်းတယ်၊ သူတို့ အမိန့်ချမှတ်ထားတဲ့နေ့ကိုလည်း အတိကျရေးထားပေမယ့် ချက်ချင်း သတင်းကမရရှိတော့ ဟိုတနေ့လောက်ကပဲ နောက်ဆုံး၂ ယောက် ၁၅ နှစ်ချခံပြီးမှ ဟိုရှေ့မှာ အမိန့်ချမှတ်ပြီးသာလူတွေလည်း ကျနော်တို့သိရတာ” ဟု ၎င်းကပြောသည်။ ပါစတာကပ်ထန်းသည် မတူပီမြို့နယ် ခြန်းပြန်းကျေးရွာက သတင်းကောင်း (Gospel) အသင်းတော်က ပါစတာဖြစ်ပြီး ဦးအောင်ကိုသည် မတူပီမြို့ပေါ် စံဘောင်ရပ်ကွက်က ငွေလွဲလုပ်ကိုင်နေသူဟု သိရသည်။ ၎င်းတို့နှစ်ဦးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက CDF နှင့် CDM ဝန်ထမ်းများအား ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပါစတာပါထန်းနှင့် ဦးအောင်ကိုတို့သည် CDF/ CDM များအား ငွေကြေးထောက်ပံ့မှုမျိုး မရှိသည့်အပြင် CDF မတူပီနှင့် ပတ်သက်ဆက်နွယ်မှုမရှိသော ပြည်သူများဖြစ်ကြသည်ဟု CDF-Matupi က ဦးဆောင်သူတစ်ဦးက ပြောသည်။ “သူတို့နှစ်ယောက်စလုံးက စစ်ကောင်စီကစွပ်စွဲတာက CDF…
ချင်းပြည်နယ် တီးတိန်မြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယနေ့မွန်းလွဲပိုင်း ၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ စစ်ကိုင်းတိုင်း ကလေးမြို့မှ ဇွန်လ ၁၆ ရက်နေ့က ချင်းပြည်နယ်သို့ စစ်ကား ၁၇ စီးဖြင့်တက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့တွင် တီးတိန်မြို့မရောက်ခင် Hawp အနီးသို့ ရောက်ရှိသည့်အချိန်တွင် ၎င်းတို့၏ ရှေ့ပြေးတပ်ဖွဲ့နှင့် PDF-Zoland, CDF/CDM-Siyin တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု PDF-Zoland က ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၇ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု PDF-Zoland က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်သောကြောင့် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ဘေးကင်းစွာ ပြန်လည်ဆုတ်ခွါခဲ့ကြသည်။ ယနေ့တိုက်ပွဲကြောင့် ကလေးမြို့မှ ချင်းပြည်နယ်အမှတ် ၂ နယ်စပ်ကုန်သွယ်ရေး ရိခေါဒါရ်သို့ထွက်ခွါသော လိုင်းကားများလည်း လမ်းတဝက်မှ ပြန်လှည့်သွားခဲ့ရသည်ဟု သိရသည်။
ဒီသတင်းအမှားကို စစ်ကောင်စီရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Fifty Two News ကရေးသားဖော်ပြထားတာဖြစ်ပြီး See Sar Htut အကောင့်က “မနေ့က ဇွန်လ (၁၆) ရက်နေ့က မနက် ၁၁ နာရီခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ နယ်မြေ (၆)၊ မြို့ပတ်လမ်းရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းမှာ မြို့ပေါ်ရှိကျောင်းသား/သူများ စာပေပညာသင်ကြားနေစဉ် PDF အကြမ်းဖက်များမှ ၎င်းတို့အားထိတ်လန့်ကြောက်ရွံပြီး ကျောင်းမတက်နိုင်ဖို့ ယုတ်မာတဲ့ရည်ရွယ်ချက်နဲ့ လက်လုပ်လက်ပစ်ဗုံးတစ်လုံးကို ကျောင်းဝန်းခြံစည်းရိုးအနီး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း သိရပါတယ်လို့” ပြန်လည်ရေးသားဖော်ပြထားပါတယ်။ အဲဒီကျောင်းမွာ လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာမှန်ပေမယ့် ဒါဟာ ကလေး PDF ကလုပ်ဆောင်တာမဟုတ်ပဲ စစ်ကောင်စီတပ်ဖွဲ့ကသာ လုပ်ဆောင်တာဖြစ်တယ်လို့ကလေး PDF အမှတ် ၆ တပ်ရင်းမှ ကိုဂျပန်ကြီးက ပြောပါတယ်။ “စစ်ကောင်စီဘက်က သူတို့ဘာသာသူတို့ ပစ်ခတ်ပြီး ကျနော်တို့ပဲ စွပ်စွဲနေတာ။ ကျနော်တို့အနေနဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း အစရှိတဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ အရာတွေကို ဗုံးနဲ့ပစ်မှာမဟုတ်သလို မီးရှို့ဖျက်ဆီးမှာလည်း မဟုတ်ဘူး”လို့ ကိုဂျပန်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ Link>>>http://burmese.dvb.no/archives/538808 ပြည်သူများအနေနဲ့ သတင်းတွေိကိုဖတ်တဲ့အခါ ပြန်လည်ဝေမျှတဲ့အခါမှာ သတင်းအမှား/အမှန်ကို သေချာစွာဖတ်ရှုစစ်ဆေးပြီးမှ ဖတ်ရှု၊ မျှဝေကြဖို့တိုက်တွန်းလိုက်ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားမှုတစုံတရာမရှိဘဲ ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတာကြောင့် တောင်ယာလုပ်နေတဲ့အပြစ်မဲ့ပြည်သူ ၃ ဦး လက်နက်ကြီးဗုံးဆံထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကနေ ယနေ့မနက်ပိုင်း ၉ နာရီခွဲဝန်းကျင်လောက်မှာ မင်းတပ်မြို့နယ် တိုက်နယ် ၃ ကျေးရွာဘက်ကို ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ခလရ ၂၇၄ တပ်ရင်းနဲ့ မျက်နှာချင်းဆိုင်ရွာလို့ပြောလို့ရတဲ့ တိုက်နယ် ၃ က တွီမွီရွာအနီးမှာ ကျရောက်ပေါက်ကွဲပြီး တောင်ယာမှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသားတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတာလို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟားအွမ်ကပြောပါတယ်။ “တိုက်နယ် ၃ မွီတွီရွာပေါ့ မွီတွီရွာဆိုတာက မင်းတပ်မြို့ပေါ်မှာတပ်စွဲနေတဲ့ ခလရ ၂၇၄ တပ်ရင်းနဲ့ မျက်နှာချင်းရွာလို့ ပြောလို့ရပါတယ်၊ အဲဒီရွာကို လက်နက်ကြီးနဲ့ ၃ ချက်ပစ်တယ် အသက် ၇၀ ရွယ်အမျိုးသားတစ်ဦးရယ်၊ အသက် ၆၀ ရွယ် အမျိုးသမီးတစ်ဦးရယ် အသက် ၃၀ ရွယ် အမျိူးသမီးတစ်ဦး လက်နက်ကြီးမှန်ပြီးသေဆုံးသွားတာ’’ လက်နက်ကြီးထိမှန်ပြီးသေဆုံးသူတွေဟာ အသက် ၇၀ ရွယ်အမျိုးသားတစ်ဦး၊ အသက် ၆၀ နဲ့ အသက် ၃၀ ရွယ် အမျိုးသမီး ၂ ဦးတို့ဖြစ်ကြပြီး တောင်ယာထဲမှာ အလုပ်လုပ်နေကြတဲ့အချိန်မှာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲကာ ဗုံးဆံ ထိမှန်သေဆုံးခဲ့ကြတာလို့သိရပါတယ်။ ဒါ့အပြင် လူနေအိမ် ၄ လုံးလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့သလို အမျိုးသားတစ်ဦးမှာလည်း လက်နက်ကြီး ထိမှန်ဒ ဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။…