Author: Editor

(04SS) ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် တက်လွေးကျေးရွာတွင် အိမ်ရှင်မရှိသည့်အချိန် နေအိမ်တစ်လုံး မိးလောင်ပြာကျခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ညနေပိုင်း ၂ နာရီဝန်းကျင်တွင် တက်လွေးရွာရှိ ပျဉ်ထောင်အိမ်တစ်လုံး အိမ်ရှင်မရှိတုန်း ရုတ်တရက်မီးလောင်ကာ ရွာထဲရှိ လူငယ်တွေစုပေါင်းမီးငြိမ်းကြသော်လည်း ၎င်းအိမ်မှာ ဘယ်ပစ္စည်းမှ မထုတ်နိုင်ခဲ့ဘဲ မီးလောင်ပြာကျခဲ့ခြင်းဟု သိရသည်။ “မီးလောင်တဲ့ချိန် အိမ်ရှင်တွေမရှိဘူး၊ ရွာက အသုဘမှာ သွားကြတာ။ အဲမှာ မီးလောင်တယ်ဆိုပြီး လာပြောကြတော့ လူငယ်တွေက ရေပုံးနဲ့မီးသွားငြိမ်းကြတာ ဘာမှ ယူစရာမရှိဘူး။ အိမ်ကတော့ ပြာကျသွားတယ်။ ဒါပေမဲ့ အိမ်ဘေးနားတွေဆက်မလောင်အောင်တော့ မီးသတ်နိုင်ခဲ့ကြတာပေါ့နော်။” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့နောက် မီးခိုးငွေ့များတွေ့ရတာကြောင့် တီးတိန်မြို့မှ မီးသတ်တပ်ဖွဲ့များ ကားဖြင့် ရောက်လာကြကြောင်းလည်း သိရသည်။ ထိုသို့ မီးလောင်ရသည့် အကြောင်းအရင်းကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ တက်လွေးရွာသည် တီးတိန်မြို့မှ ၃ မိုင်ခန့်သာကွာဝေးပြီး အိမ်ခြေ ၁၃၅ ဝန်းကျင်နှင့် လူဦးရေ ၇၀၀ မှ ၈၀၀ ဝန်းကျင်ရှိသည်။

Read More

(01RB) ချင်းပြည်နယ် မတူပီမြို့တွင် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ မတူပီမြို့ လောင်ဗန်းရပ်ကွက်တွင်နေထိုင်သူ ဒေါ်ပန်ပန် (Pan Pan) နှင့် ဦးဇော်မင်းတို့၏ အငယ်ဆုံးသမီး ၈ နှစ်ရွယ် Tuem Amang သည် ဖခင်ဖြစ်သူနှင့်အတူ မေလ ၂၅ ရက်နေ့က ပြည်မဖက်မှ မတူပီမြို့သို့ ပြန်လာစဉ် လေမျိုချောင်းအနီးတွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု The Matupi Times က ဖော်ပြသည်။ ဦးဇော်မင်းတို့သည် မတူပီမြို့မဝင်ခင် လေမျိုချောင်းတွင် ကားရေထည့်ရန် ရေးဆင်းခပ်နေစဉ် အနီးရှိ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် သမီးငယ်လေးသည် ညာဖက်ခြေထောက်ပြတ်သွားပြီး လက်တဖက်နှင့် မျက်နှာတွင်လည်း ဒဏ်ရာရရှိသည်ဟု သိရသည်။ ယခုလက်ရှိတွင် မတူပီဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။

Read More

04SS ချင်းပြည်နယ် ဟားခါးမြို့တွင် အမျိုးသားတစ်ဦး တောထဲဆိတ်အစာထွက်ရှာနေစဉ် မိုင်းနင်းမိ၍သေဆုံးခဲ့ပြီး ၎င်းကို သွားရောက်ရှာဖွေသော အမျိုးသမီးတစ်ဦးအပါအဝင် ၅ ဦးလည်း မိုင်းပေါက်ကွဲမှုကြောင့် ထပ်မံထိခိုက်ဒဏ်ရာရ ရှိခဲ့သည်ဟု သိရသည်။ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက် ဂေါက်ကွင်းနားတွင်နေထိုင်သူ ဦးချန်ကီယာန်းသည် မေလ ၂၄ ရက်နေ့နံနက် ၁၁ နာရီဝန်းကျင်တွင် ဟားခါးမြို့ပြင် နည်းပညာကျောင်းနှင့် ဝန်ကြီးအိမ်ရာအကြား အငှါးအိမ်ရာအနီးတစ်ဝိုက်သို့ ဆိတ်အစာထွက်ရှာ စဉ် မိုင်းနင်းမိခြင်းဖြစ်သည်ဟု ဟားခါးဒေသခံများထံမှသိရသည်။ နေအိမ်သို့ပြန်ရောက်မလာနိုင်သော ဦးချန်ကီယာန်းကို မိသားစုဝင်များက ဗုံးပေါက်ကွဲသံကြားခဲ့သော တောင်ယာလုပ်နေသည့် အမျိုးသမီးတစ်ဦးနှင့်အတူ မေလ ၂၅ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်တွင် သွားရောက်ရှာဖွေရာမှာ မိုင်းထပ်မံပေါက်ကွဲမှုကြောင့် ၅ ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “သေဆုံးသူရဲ့တူက ရှေ့မှာသွားတာ မိုင်းနင်းမိပြီးတော့ ခြေထောက်ပြတ်သွားတယ်၊ နောက်တစ်ယောက်က ဒူးတဝိုက်ရယ် မျက်နှာမှာရော ဒါဏ်ရာရတယ် တော်တော်ပြင်းထန်တယ် ပြီးတော့ အဲဒီအမျိုးသမီးကလဲ ဒါဏ်ရာရတယ်လို့ကြားတယ် ထိခိုက်တဲ့သူကတော့ စုစုပေါင်း ၅ ယောက်ပေါ့နော် အခုဆေးရုံမှာကုသမှုခံယူနေကြတယ်” ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ၎င်းတို့ ၅ ဦးမှာ ပြင်းထန်ဒါဏ်ရာများရရှိသောကြောင့် ဟားခါးမြို့ဆေးရုံသို့ပို့ဆောင်ကာ ကုသမှုခံယူနေကြဆဲဟု သိရသည်။ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် ဦးချန်ကီယာန်းကို ရုပ်အလောင်းကို မေလ ၂၅ ရက်နေ့ ညနေ ၅ နာရီအချိန်၌သာ သွားရောက်သယ်ယူခဲ့နိုင်ခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးကပြောသည်။ “ဦးချန်ကီယာန်း သေသွားပြီဆိုတာသိတယ် ဒါပေမဲ့ စစ်သားတွေက အလောင်းကို မသယ်ခိုင်းဘူး စစ်သားတွေက…

Read More

(03PT) စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်း သေဆုံးပြီး လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦး ၁၄၇ ခုကျော် ပျက်စီးခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ခုခံတော်လှန်စစ်အားကောင်းသော ချင်းပြည်နယ်တွင် စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာပြီး မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုများအကြီးအကျယ်ဆောင်ရွက်ခဲ့သော်လည်း အထိနာအင်အားချိနဲ့လာသည့်အပြင် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များပိုမိုအားကောင်းလာသောကြောင့် လေကြောင်းစစ်ကူများကို တွင်ကျယ်စွာအသုံးပြုလာခဲ့ သည်ဟု ICA က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ချင်းအမျိုးသားများနေထိုင်ရာ (ချင်းပြည်နယ်နှင့် ကလေးခရိုင်) အတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဧပြီလအထိ လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ယင်းလေကြောင်းတိုက်ခိုက်မှု၏ ၇၁.၄၂ ရာခိုင်နှုန်း သည် ၂၀၂၃ ခုနှစ် ပထမလေးလပတ် (ဇန်နဝါရီလမှ ဧပြီလ) အတွင်းဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၂၀.၇၇ ရာခိုင်နှုန်း နှင့် ၂၀၂၁ ခုနှစ်တွင် ၇.၇၉ ရာခိုင်နှုန်းသာရှိခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ်ကပြောသည်။ ၂၀၂၁ ခုနှစ် မေလ ၁၄ နှင့် ၁၅ ရက်နေ့တွင် မင်းတပ်မြို့အတွင်း နှင့် ထန်တလန်မြို့နယ်ရှိ လုံလဲရ် ကျေးရွာကို ရဟတ်ယာဉ်အပါဝင် တိုက်လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၃၄ လုံးနှင့် ခရစ်ယာန်ဘုရားကျောင်း ၁ လုံး ထိခိုက်ပျက်စီးခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် မင်းတပ်မြို့နယ်၊ ပလက်ဝမြို့နယ်၊ ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ် စသည့်ဒေသတွင် စစ်ကောင်စီက…

Read More

(03PT) ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင် MPT ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းကို စစ်ကောင်စီက ပြန်လည်ဖွင့်ပေးခဲ့သည်ဟု သိရသည်။ စစ်အုပ်ချုပ်ရေးကြေညာခံထားရသော မတူပီမြို့နယ်တွင် စစ်ကောင်စီက ဆက်သွယ်ရေးဖုန်းလိုင်းများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကတည်းက ဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ၄ လကျော်အကြာ မေလ ၂၀ ရက်နေ့တွင် MPT ဖုန်းလိုင်းတစ်ခုတည်းကိုသာ ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ “MPT လိုင်းရတာ သုံးရက်ပဲရှိသေးတယ်။ ဟိုတစ်ခါတုန်းက MEC ရလိုက်၊ MPT ရလိုက်နဲ့ မနေ့ကတော့ MEC ပြန်ပိတ်တယ်။” ဟု မတူပီဒေသခံတစ်ဦးက ပြောသည်။ မတူပီမြို့နယ်တွင် ယခင်က MPT နှင့် Telenor(Atom) ဖုန်းလိုင်းကိုသာ အဓိကအသုံးပြုကြပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်လာသည့်နောက်ပိုင်းတွင် စစ်ကောင်စီက ဖုန်းလိုင်းအပါအဝင် ဖြတ်လေးဖြတ်နည်းဗျူဟာကို ကျင့်သုံးခဲ့သည်။ မိုဘိုင်းဖုန်းလိုင်းများ ဖြတ်တောက်ခံရပြီးနောက် ဒေသခံပြည်သူများက ကြိုးဖုန်းကို အဓိကအားထားနေခဲ့ကြရသော်လည်း စစ်ကောင်စီက ကြိုးဖုန်းကိုလည်း ထပ်မံဖြတ်ခဲ့သည့်အတွက် မတူပီမြို့ဒေသခံပြည်သူများသည် အကြီးအကျယ် ဒုက္ခကြုံခဲ့ကြရသည်။ ယခုလက်ရှိတွင်လည်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မတူပီမြို့နယ်သည် ချင်းပြည်နယ်တွင် ပျက်စီးဆုံးရှုံးမှုအများဆုံးဒေသဖြစ်ပြီး စစ်ကောင်စီကလည်း သဘာဝဘေးဒဏ်ကျဒေသအဖြစ် ကြေညာခဲ့သည်။ ထိုနောက် မတူပီမြို့ပေါ်တွင် စစ်ကောင်စီက ကူညီထောက်ပံ့မှုတချိူ့ပေးအပ်ခဲ့ပြီး MPT ဖုန်းလိုင်းကိုလည်း ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

Read More

အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးက ဖြတ်ကျော်ဝင်ရောက်ကာ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတဝန်းလုံးမှာလည်း ထိခိုက်ပျက်စီးမှု အကြီးအကျယ်ရှိခဲ့ပါတယ်။ မိုခါမုန်တိုင်းဟာ ချင်းပြည်နယ်ဘက်မှာလည်း မေလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ တစ်နာရီ မိုင် (၅၀) ကနေ (၇၀) အထိ တိုက်ခို က်ဝင်ရောက်ခဲ့ပြီး ချင်းပြည်နယ်မှာ ၁၇၀၀ ကျော်ပျက်စီးခဲ့တယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က မေလ ၁၇ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ ချင်းပြည်နယ်က မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ၊ အရေးပေါ်ကူညီထောက်ပံ့ရေးဆောင်ရွက်မှုအခြေအနေ၊ နောက်ဆက်တွဲဖြစ်လာနိုင်သော အခြေအနေနဲ့ပတ်သက်ပြီး ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ အိုးအိမ်ပျက်စီးမှု ဘယ်လောက်လောက်ရှိလဲ/ ဆရာတို့ နောက်ဆုံးရရှိထားတဲ့ အခြေအနေ ပြောပြပေးလို့ရမလား။ ဖြေ။ ။ မေလ ၁၇ ရက်နေ့ချုပ်တဲ့စာရင်းအရဆိုလို့ရှိရင်တော့ ၁၇၇၀ ကျော်လောက် ထိခိုက်မှုရှိပါတယ်။ သို့သော်လည်း ပဲတာ အပြီးသတ် စာရင်းချုပ်မဖြစ်သေးပါဘူး၊ နောက်ထပ် စာရင်းတွေကတော့ တက်လာနေဆဲဖြစ်တယ်။ အဲ့တော့ ၁၉ ရက်နေ့ မနက်ပိုင်းအထိ ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ ဖလမ်းတို့မှာ ထိခိုက်မှု စာရင်းတွေက ဆက်တိုက်တက်လာနေ ဆဲဖြစ်ပါတယ်။ မင်းတပ်မြို့နယ်ဆိုလို့ရှိရင် ၁၇ ရက်နေ့တုန်းက အိမ်ခြေ ၃၆၄ အိမ်လို့ ဖော်ပြခဲ့ပေမဲ့ ၁၉ ရက်နေ့ ထုတ်ပြန်တဲ့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်တဲ့အရဆိုလို့ရှိရင် စုစုပေါင်း ၅၉၂ အိမ်၊…

Read More

(04SS) ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသော တီးတိန်ဒေသခံ ၂ ဦး၏ မီးရှို့ခံထားရသောရုပ်အလောင်းကို ယမန်နေ့ မေလ ၂၂ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့များ စခန်းချရာနေရာတွင် မိသားစုဝင်များက တွေ့ရှိခဲ့ကြသည်ဟု သိရသည်။ အလောင်းတွေ့ရှိသည့်နေရာသည် ဟားခါးမြို့နှင့် နှီယာလ်လှောန်းရွာသစ်အနီး သီဖိုလ်လမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ စခန်းချသည့်နေရာတွင်ဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် သီဖိုလ်လမ်းရှိ ၎င်းတို့တပ်စွဲထားသည့် စခန်းမှ ထွက်ခွါခဲ့ပြီးနောက် ယမန်နေ့ မေလ ၂၂ ရက် မနက်ပိုင်းတွင် မိသားစုဝင်များက ပျောက်ဆုံးသူနှစ်ဦးအား ပြန်လည်ရှာဖွေရန်သွားရောက်စဉ် မီးလောင်ကျွမ်းပြီးဖြစ်သော ရုပ်အလောင်း ၂ လောင်း တွေ့ခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။ “စစ်သားတွေက သူတို့စခန်းသိမ်းပြီးတော့ အဲဒီပျောက်ဆုံးသူတွေရဲ့ အမျိုးတွေက စိတ်ကျေနပ်ဖို့ နောက်ဆုံးတစ်ခေ ါက် သွားရှာရအောင်ဆိုပြီးသွားကြတာ မီးရှို့ထားတဲ့ အလောင်းနှစ်ခုတွေ့တယ်။ သူတို့ရုပ်က မပေါ်တော့ဘူး ဒါပေမဲ့ အဲဒီအမျိုးသမီးပါလာတဲ့ စီးကွင်းထိုးထားတဲ့ တီးတိန်းရိုးရာ ထဘီပါသွားတယ်လို့ပြောတယ် အဲဒီစီးကွင်းတွေက ရုပ်အလောင်းနားမှာရှိတယ်။ အဲဒါနဲ့ သူတို့က အလောင်းကို အတည်ပြုလိုက်ကြတယ်” ဟု ၎င်းကပြောသည်။ အဆိုပါ ကြွင်းကျန်ရုပ်အလောင်း ၂ လောင်းကို ဟားခါးမြို့ရှိ ဆွေမျိုးအိမ်တွင်သယ်လာကြပြီး ယနေ့တွင်အသုဘချ သဂြိုလ်မည်ဟုသိရသည်။ ပြီးခဲ့သည့် မေလ ၂ ရက်နေ့က တီးတိန်မြို့နေ မကျင်းဟောက်ဝုန် ၃၇ နှစ်နှင့် ဟားခါးမြို့နေ အသက် ၃၂ နှစ်အရွယ် ဦးလျန်းဇထွန်းတို့ ၂ ဦးသည် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် ဖလမ်းမြို့မှ ဟားခါးမြို့သို့ ဆိုင်ကယ်ဖြင့် ခရီးသွားခဲ့ကြရာ ချွန်ကျုံးရွာနှင့် ဟားခါးအကြား စစ်ကောင်စီစခန်းချသည့် နေရာအနီးတစ်ဝိုက်တွင်…

Read More

(05MK) အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်တွင် ထိခိုက်ပျက်စီးမှု ထပ်တိုးစာရင်းကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ထပ်မံထုတ်ပြန်လိုက်ပြီး ချင်းပြည်နယ်တဝန်းလုံးတွင် လူနေအိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးခဲ့သည်ဟု သိရသည်။ မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့ကာ ချင်းပြည်နယ်ဘက်ကိုလည်း တစ်နာရီ မိုင် (၅၀) ကနေ (၇၀) အထိ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်တွင် မတူပီ၊ မင်းတပ်၊ ပလက်ဝနှင့် ကန်ပက်လက်မြို့နယ်တို့သည် ထိခိုက်ပျက်စီးမှုအများဆုံးရှိခဲ့သည်ဟု ICNCC ၏ မေလ ၂၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြသည်။ မတူပီမြို့နယ်မှာ အိမ်ခြေ ၁၂၁၁၊ မင်းတပ်မြို့နယ်မှာ ၆၅၄ ၊ ပလက်ဝမြို့နယ်မှာ ၄၀၀၊ ကန်ပက်လက်မြို့နယ်မှာ ၂၁၁၊ ဟားခါးမြို့နယ်မှာ ၁၀၅၊ ဖလမ်းမြို့နယ်မှာ ၁၀၀၊ တီးတိန်မြို့နယ်မှာ ၅၁ နှင့် ထန်တလန်မြို့နယ်မှာ ၄၁ အိမ် စုစုပေါင်း ၂၇၇၄ အိမ်ပျက်စီးခဲ့ပြီး တွန်းဇံမြို့နယ်တွင် အပျက်အစီးမရှိကြောင်း ICNCC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့အပြင် ချင်းပြည်နယ်တဝန်းလုံးတွင် စာသင်ကျောင်း ၁၈၅ ကျောင်း၊ ဘာသာရေးအဆောက်အဦး ၁၀၂ ခု၊ ကျန်းမာရေးအဆောက်အဦး ၁၂ ခု၊ စပါးကျီ ၂၅၉ ခု၊ ခန်းမဆောင် ၆ ခုတို့ ပျက်စီးခဲ့ပြီး ကျွဲ၊နွား၊ နွားနောက် အကောင် ၅၀၊ ကြက်၊ဘဲ ၁၃ ကောင်နှင့်…

Read More

(05MK) မဏိပူရ်ပြည်နယ်အတွင်းဖြစ်ပွားနေသော လူမျိုးရေးပဋိပက္ခကြောင့် ဒုက္ခရောက်နေကြ သော ချင်းအနွယ်ဝင် (Zohnahthlak) စစ်ဘေးရှောင်များအတွက် လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန် ရူပီးငွေ ၃ သိန်းကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ထံ အမေရိကန်အခြေစိုက် Hope for Tomorrow နှင့် Pu Dawthnin Thang မိသားစုတို့က ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။ Hope for Tomorrow အဖွဲ့မှ ဦးဆောင်သူ Pu Justin Thang နှင့်အဖွဲ့တို့သည် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါကို ယနေ့မနက်ပိုင်းက သူ၏ ရုံးခန်းတွင်သွားရောက်တွေ့ဆုံခဲ့ကြပြီး မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင် စစ်ဘေးရှောင်များကူညီရေးတွင် အသုံးပြုနိုင်ရန် ရူပီးငွေ ၃ သိန်းပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်ပြည်နယ် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ယခုကဲ့သို့ ဒုက္ခရောက်နေကြသော ချင်းအနွယ်ဝင်များအတွက် လှူဒါန်းသည့်အပေါ် များစွာလေးစားဝမ်းသာကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။ မေလ ၃ ရက်နေ့ကစတင်သော မဏိပူရ်ပြည်နယ်က လူများစု ကသည်းလူမျိုးနှင့် လူနည်းစုတောင်တန်းသားများ အကြားဖြစ်ပွားသော ပဋိပက္ခအဓိကရုဏ်းကြောင့် မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင်များသည် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလုံလာခဲ့ကြပြီး ယခုလက်ရှိတွင် စစ်ဘေးရှောင်ဦးရေ တစ်သောင်းနီးပါးထိရှိပြီဟုသိရသည်။ အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်သော Hope for Tomorrow အဖွဲ့သည် မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေး ရှောင်များကူညီရေးအတွက်ရောက်ရှိလာခြင်းဖြစ်ပြီး ယခုလက်ရှိတွင် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ မြန်မာစစ်ဘေးရှောင်များနေထိုင်သော စစ်ဘေးရှောင်စခန်းတွင် ကျောင်းဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။ ယနေ့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံမှုတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင် ဆလိုင်းလျန်လွယ်၊ ချင်းအဆိုတော် Benjamin Sum နှင့် Mizo Zirlai Pawl…

Read More

(01RB) ချင်းပြည်နယ် ဟားခါးမြို့ပေါ် Ketheibo ရပ်ကွက်တွင် ယနေ့နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်က ဓားပြတိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးလည်းဓားထိုးခံရမှုကြောင့် ဆေးရုံတင်ထားရသည်ဟု သိရသည်။ ဟားခါးမြို့၊ ခိုင်ကမ်းအားကစားခန်းမအောက်ဖက်ရှိ Ketheibo ရပ်ကွက်တွင် နေထိုင်သော ဦးဒုအွယ်တို့နေအိမ်ကို မေလ ၂၂ ရက်နံနက်ပိုင်း ၁ နာရီဝန်းကျခန့်တွင် ဓားကိုင်ဆောင်သော အမည်မသိလူ ၂ ယောက်က ဓားပြတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု The Chin Journal က ဖော်ပြသည်။ ထိုသို့ဓားပြတိုက်ခံရစဉ်တွင် အိမ်ရှင်မိသားစုတို့မှ အော်ဟစ်အကူအညီတောင်းခံပြီးနောက် ကူညီရန်ရောက်ရှိလာသော အိမ်နီးချင်းဦးကပ်ခေါမ်ကို ဓားပြတိုက်သူ ၂ ဦးက ဓားဖြင့်ထိုးခဲ့ရာမှာ လည်ပင်းတွင် ဒဏ်ရာရရှိပြီး ဆေးရုံသို့ ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ဓားပြတိုက်ခံရမှုကြောင့် ဦးဒုအွယ်တို့ထံမှ ကျပ် ၁၂ သိန်း၊ ဖုန်း ၃ လုံး၊ ရွှေစွဲကြိုး ၁ ကုံးနှင့် ရွှေလက်စွပ် ၁ ကွင်း လုယူခံရသည်ဟု သိရသည်။ ဓားပြတိုက်မှုဖြစ်ပွားသည့် ဦးဒုအွယ်တို့အိမ်နှင့် မလှမ်းမကမ်းအ‌ပေါ်ဖက်တွင် ခိုင်ကမ်းအားကစားခန်းမတည်ရှိပြီး ယင်းအားကစားခန်းမတွင် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့နောက်လိုက် ပျူစောထီးများ မကြာသေးခင်ရက်ပိုင်းက ဝင်ရောက်တပ်စွဲခဲ့ကြသည်ဟု သိရသည်။ အဆိုပါခန်းမတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ တပ်စွဲလာပြီးနောက်ပိုင်းတွင် Ketheibo ရပ်ကွက်ထဲတွင် ကြက်ခိုးခံရမှုလည်း ဆက်တိုက်ဖြစ်ပွား‌နေသည်ဟုလည်း သိရသည်။

Read More