ကလေးမြို့နယ်တောင်ပိုင်း ထိုမာကျေးရွာတွင် ဇွန်လ ၆ ရက်နေ့ညက စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ၅ လုံးကျရောက်ပေါက်ကွဲကာ နေအိမ်တစ်လုံးထိမှန်ပြီး ပြည်သူ ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိသည်ဟု သိရသည်။ စစ်ကောင်စီက ပစ်ခတ်လိုက်သောသော လက်နက်ကြီးကျည်သည် ထိုမာရွာထဲ ၃ လုံးကျပြီး ရွာပြင်မှာ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ ယင်းလက်နက်ကြီးကျည်ကြောင့် လူကြီး ၂ ဦးနှင့် ကလေးတစ်ဦးတို့ မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်ကဆိုသည်။ ယခုရက်ပိုင်း ကလေးမြို့နယ်တွင် စစ်ရေးတင်းမာနေကြောင်း သိရသည်။
Author: Editor
ချင်းပြည်နယ် ဟားခါးမြို့နဲ့ထန်တလန်မြို့အကြား သီမြစ်လွင်ပြင်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေ တိုက်ပွဲဖြစ်ပွားနေတာ ခုဆိုရင် ၂ ပတ်ခန့်ရှိလာပြီဖြစ်ပါတယ်။ သီမြစ်လွင်ပြင်တိုက်ပွဲမှာ စစ်ကောင်စီဖက်က အကျအဆုံးများသလို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဖက်ကလည်း အကျအဆုံးများခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ သီမြစ်လွင်ပြင်ကိုဖြတ်ကျော်ပြီး ထန်တလန်မြို့ကို ဝင်ရောက်ထိုးဖောက်ကာ နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတာလို့လည်းဆိုကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး ။ ဟားခါး-ထန်တလန်ကြား သီမြစ်တိုက်ပွဲအခြေအနေအရှင်ဆုံးရှင်းပြလို့ရမလား။ ဖြေ။ ။ သူတို့တက်လာတာ ၂၆ ရက်နေ့က တက်လာတာ အဲ့ဒီ ၂၆ ရက်နေ့မတိုင်ခင် သုံးရက်နေ့အလိုကနေ သူတို့ မြေပြင်တပ်ဖွဲ့တွေအတွက် လမ်းကြောင်းရှင်းဖို့ဆိုပြီးတော့ သုံးရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတယ်၊ ပြီးတော့ လက်နက်ကြီးနဲ့လည်းပစ်တယ် အဲ့သည်ပြီးမှ ၂၆ ရက်နေ့မှာ တက်လာတယ်။ တက်လာတော့ ၂၆ ရက်နေ့ကနေ ဒီနေ့အထိ အခုက တိုက်ပွဲက ဆက်ဖြစ်နေတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ဖက်က ၁၂ ယောက် ကျပြီးတော့ ၁၀ ယောက်ခန့် ဒဏ်ရာရတယ်။ သူတို့ဘက်က ဒီနေ့အထိဆိုရင် ၃၀ နီးပါး၊ ကျွန်တော်တို့ တွက်ထားတာကတော့ ၂၇ ဦးပေါ့ ပြီးတော့ ဒဏ်ရာရရှိတဲ့ဟာ စရင်းကောက်ထားအရ ၁၅ ဦးပေါ့ တာကတော့ မြေပြင်သတင်းအရ ကျွန်တော်တို့က သိရတာပေါ့။ အခုတိုက်ပွဲကတော့ ဆက်လက်ပြီးတော့ ဖြစ်လာမယ့်အနေထားမှာရှိတယ်။ သူတို့က အင်အား ၁၅၀ ခန့်အားနဲ့ တက်လာတယ်။ အဓိကကတော့ ထန်တလန်မြို့တပ်ကုန်းကို အင်အားဖြည့်ပြီးတော့ သူတို့အဲ့ဒီမှာ နယ်မြေစိုးမိုးဖို့ အဲ့ဒီကနေတစ်ဆင့် စစ်ရေးအရ…
(05MK) မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်ခံခဲ့ရသော ချင်းပြည်သူများအတွက် လူသားချင်းစာနာထောက်ထားသည့် အကူအညီ ကျပ်ငွေ သိန်း ၂၀၀၀ ကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) က ချင်းအမျိုးသားတပ်ဦး CNF ထံ ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။ မေလ ၁၄ ရက်နေ့က ချင်းလဲန်အတွင်း ဝင်ရောက်ဖြတ်သန်းတိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လေဘေးဒဏ်ရင်ဆိုင်နေကြရသော ချင်းပြည်သူများအတွက် လူသားချင်းစာနာထောက်ထားသည့်အကူအညီအဖြစ် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) မှ ပေးအပ်လှူဒါန်းသည့် ကျပ်ငွေ သိန်းနှစ်ထောင်ကို ကောင်းမွန်စွာလက်ခံရရှိသည်ဟု ယနေ့ ဇွန်လ ၅ ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦး CNF က ထုတ်ပြန်သည်။ KIO အနေဖြင့် ချင်းလဲန်းပြည်သူများကို စာနာထောက်ထားပြီး ညီရင်းအစ်ကိုစိတ်ဓာတ်ဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ပါဝင်လှူဒါန်းပေးမှုအပေါ် အထူးကျေးဇူးတင်ရှိကြောင်း CNF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အင်အားပြင်းမိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်း၊ စပါးကျီများအပါအဝင် လူနေအိမ် ၂၇၀၀ ကျော်ပျက်စီးခဲ့သည်ဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ၏ စာရင်းအရသိရသည်။
(01RB) ကလေးမြို့နယ် မြောက်ပိုင်း ရှုခင်းသာကျေးရွာ (Phulmawi khua) စာသင်ကျောင်းကို စစ်ကောင်စီက ယနေ့ ဇွန်လ ၅ ရက် မနက် ၁၀ နာရီခွဲလောက်မှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ရှုခင်းသာကျေးရွာစာသင်ကျောင်းတွင် ကျေးရွာလူကြီးများ အစည်းအဝေးကျင်းပစဉ်မှာ စစ်ကောင်စီက စစ်သုံးရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု CNO Upper Chindwin Region ကထုတ်ပြန်သည်။ ထို့အပြင် ယနေ့မနက်ပိုင်း ၁၁ နာရီကျော်ခန့်မှာလည်း ကလေးမြို့မြောက်ဘက် လက်ပံချောင်းရွာထဲသို့ လက်နက်ကြီးဖြင့် တစ်ကြိမ်ပစ်ခတ်ကာ ရွာသားများ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း CNO-UCR က ဆိုသည်။ ရှုခင်းသာကျေးရွာသည် ကလေးမြို့မှ ၁၈ မိုင်ခန့်ကွာဝေးပြီး ရာဇဂြိုလ်ဆည်အနီးတွင်တည်ရှိသော ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။
ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသည် လက်နက်ခဲယမ်းနှင့်အတူ PDF-Zoland တပ်ဖွဲ့ထံ မေလ ၃၁ ရက်နေ့က ခိုလှုံခဲ့သည်ဟု သိရသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ ခိုလှုံလာသူသည် တီးတိန်မြို့တပ်ကုန်း၊ ခြေလျင်တပ်ရင်း ခလရ ၂၆၉ မှ တပ်သားဖြစ်ကာ ၎င်းနှင့်အတူ MA-1 သေနတ်တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံ ၂၆၀ ကျော်ပါလာပြီး မြန်မာကျပ်ငွေ သိန်း ၅၀ ချီးမြှင့်ကာ ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ခဲ့သည်ဟု Zoland Voice TV ဖော်ပြသည်။ ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ကလည်း တွန်းဇံမြို့မှာ တာဝန်ကျသော ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ မှ တပ်သား လမင်းအောင် (ကိုယ်ပိုင်အမှတ် တ-၅၇၃၉၅၀) နှင့် တပ်သား မျိူးချစ် (ကိုယ်ပိုင်အမှတ် တ-၅၇၂၂၃၅) တို့နှစ်ဦးသည် တပ်ထဲမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီးနောက် PDF-Zoland မှ လုံခြုံရာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
(01RB) ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမြစ်လွင်ပြင်တွင်ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အယောက် ၃၀ နီးပါးခန့် သေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဖက်ကလည်း ၁၀ ယောက်ကျော် ကျဆုံးမှုရှိခဲ့သည်ဟု သိရသည်။ အင်အား ၁၅၀ ကျော်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့မှ ထန်တလန်မြို့ဘက်သို့ စစ်ကြောင်း ၂ ကြောင်းဖြင့် ချီတက်လာခဲ့ရာမှာ ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်အောက်ဖက်နှင့် အပေါ်ဖက်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် မေလ ၂၆ ရက်နေကတည်းက ယနေ့ချိန်ထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျှက်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်က ၂၇ ဦးသေဆုံးခဲ့ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်ကလည်း ၁၂ ဦးကျဆုံးခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။ “အခုက သူတို့တက်လာတာ ၂၆ ရက်နေ့က တက်လာတာ အဲ့ဒီ ၂၆ ရက်နေ့မတိုင်ခင် သုံးရက်အလိုကနေ သူတို့ မြေပြင်တပ်ဖွဲ့တွေအတွက် လမ်းကြောင်းရှင်းဖို့ဆိုပြီးတော့ သုံးရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတယ်၊ ပြီးတော့ လက်နက်ကြီးနဲ့လည်းပစ်တယ် ပြီးမှ ၂၆ ရက်နေ့မှာ တက်လာတယ်၊ တက်လာတော့ ၂၆ ရက်နေ့ကနေ ဒီနေ့အထိ အခုက တိုက်ပွဲက ဆက်ဖြစ်နေတယ်၊ အဲ့ဒီမှာ ကျွန်တော်တို့ဖက်က ၁၂ ယောက်ကျပြီးတော့ ၁၀ ယောက်ခန့် ဒဏ်ရာရတယ်၊ သူတို့ဘက်က ဒီနေ့အထိဆိုရင် ၃၀ နီးပါး၊ ကျွန်တော်တို့ တွက်ထားတာကတော့ ၂၇ ဦးပေါ့ ပြီးတော့ ဒဏ်ရာရရှိတဲ့ဟာ စာရင်းကောက်ထားအရ ၁၅ ဦးပေါ့ ဒါကတော့ မြေပြင်သတင်းအရ ကျွန်တော်တို့သိရတာပေါ့” ဟု ဆလိုင်းထက်နီကပြောသည်။…
04SS မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ ၁ ရက်နေ့ကစ၍ စစ်ကောင်စီက အခြေခံပညာကျောင်းများဖွင့်လှစ်ခဲ့ပြီး ခုခံတော်လှန်စစ် ပြင်းထန်နေသော ချင်းပြည်နယ်တွင်လည်း ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ကာ တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူ ၃၅၀၀၀ ကျော်ရှိသည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် ထန်တလန်မြို့ကလွဲ၍ ၈ မြို့နယ်တွင် ဇွန်လ ၁ ရက်နေ့က ကျောင်းပေါင်း ၃၂၈ ကျောင်းဖွင့်လှစ်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၅၄၃၄ ဦး တက်ရောက်ခဲ့ကြသည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးမှပြုစုသော စာရင်းအရ သိရသည်။ ယခုပညာသင်နှစ်သည် စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီလက်အောက်မှာ ကျောင်းဖွင့်လှစ်မှုနှင့် ကျောင်းအပ်နှံမှု အများဆုံးဖြစ်သည်ဟု သိရသည်။ နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကြောင့် သားသမီးများ ကျောင်းမတက်နိုင်သည်မှာ ၃ နှစ်ကျော်ရှိလာပြီဖြစ်ကာ ကလေးငယ်များ၏ အနာဂတ်ပညာရေးပိုင်း စိုးရိမ်ရသည့်အတွက် စစ်ကောင်စီလက်အောက်မှာ ကျောင်းမအပ်ချင်သော်လည်း အပ်ခဲ့ရသည်ဟု ဟားခါးမြို့က ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။ “ဒီနှစ်က ရပ်ကွက်ထဲကလူတွေရော ကျောင်းအပ်တဲ့သူတွေတော်တော်များတယ်။ အဓိကတော့ ကလေးတွေက ကျောင်းမတက်တာ ဒီနှစ်နဲ့ဆို ၃ နှစ်ရှိပြီလေ။ ကျွန်မကလေးဆို အခု ၈ နှစ်ရှိပြီ အခုထိ KG မတက်ရသေးဘူး။ သူတို့အသက်သာ ကြီးလာတာ ကျောင်းမတက်တော့ ဖုန်းပဲဆော့ကြတယ်။ ဆိုတော့ သူများကလေးတေလဲ တက်တယ် ကိုယ့်ကလေးကျ မတက်ခိုင်းရင် အောက်ကျနောက်ကျဖြစ်မယ်။ တဖက်မှာလဲ စစ်တပ်လက်အောက်မှာတော့ မတက်စေချင်ဘူးပေါ့နော် ဒါပေမဲ့ မြို့ပေါ်မှာက NUG ဖွင့်တဲ့ကျောင်းလဲမရှိ၊…
(01RB) ချင်းပြည်နယ် ထန်တလန်မြို့နယ်ဖက်ကို စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်နှင့် စစ်သုံးရဟတ်ယာဉ်များဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်နေသည်ဟု သိရသည်။ အင်အား ၁၅၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့်ရက်ပိုင်းက ဟားခါးမြို့မှ ထန်တလန်မြို့ဖက်သို့ စစ်ကြောင်းချီတက်လာခဲ့ကြပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ချင်းကာကွယ်ရေးတပ်ဖွဲ့များ ခြေကုပ်ယူထားသည်ဟု ယူဆရသော ဟားခါး-ထန်တလန်ကြားနှင့် ထန်တလန်မြို့ပေါ်ကို မေလ ၂၅ ရက်နေ့ကစ၍ တိုက်လေယာဉ်နှင့် စစ်သုံးရဟတ်ယာဉ်များဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။ ဟားခါး-ထန်တလန်ကြား သီမစ်အနီး လုံခါရ် (Lungkhar) နှင့် သီမစ်အောက်ပိုင်းဖက်ကို စစ်ကောင်စီက လေကြောင်းနှင့် ခြေလျှင်တပ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ မေလ ၂၉ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် ချင်းကာကွယ်ပူးပေါင်းတပ်ဖွဲ့ဖက်က ထိခိုက်ကျဆုံးမှုတချို့ရှိသည်ဟုလည်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ထန်တလန်မြို့နယ်အား ပြန်လည်ထိန်းချုပ်စိုးမိုးနိုင်ရန်အတွက် စစ်အင်အားအလုံးအရင်းဖြင့် မြေပြင်နှင့်လေကြောင်းမှထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ယူဆရပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာမည့်အခြေအနေရှိနေသည်။
(06TT) ကလေးမြို့နယ် နည်းပညာတက္ကသိုလ်ကျောင်းဝန်းထဲ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် သာယာကုန်းကျေးရွာ အသက် ၃ နှစ်ရွယ် ကလေးငယ်အပါအဝင် လူ ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် မေလ ၂၇ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်တွင်တည်ရှိသော သာယာကုန်းကျေးရွာထဲ ကျရောက်ပေါက်ကွဲကာ အရပ်သားများ ထိခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းလက်နက်ကြီးကျည်သည် ကျေးရွာအတွင်းရှိ ဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲကာ အိမ်ထဲတွင်နေထိုင်ကြသော မိသားစုဝင်များထိခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ နှစ်ရွယ်ကလေးငယ်မှာ ခြေထောက်ထိကာ ခွဲစိတ်ရန်လိုအပ်မည်ဟု CNO Upper Chindwin Region ကထုတ်ပြန်သည်။
(05MK) အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် ၃ နိုင်ငံတွင် တကွဲတပြားစီနေထိုင်ခဲ့ကြသော ချင်း-လူရှိုင်း-ကူကီးအနွယ်ဝင်များအားလုံး အုပ်ချုပ်မှုတစ်ခုတည်းအောက်တွင် ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်သွားမည်ဟု မီဇိုရမ်ပြည်နယ်တွင်ကျင်းပသော Zofa Inkhawmpui Lian ညီလာခံကသဘောတူဆုံးဖြတ်လိုက်သည်။ Zofa Inkhawmpui Lian ဟုအမည်ပေးထားသော ဇို (ချင်း) မျိုးနွယ်များညီလာခံကို မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Vanapa ခန်းမတွင် Zo Reunification Organization (ZORO) အဖွဲ့မှ ဦးဆောင်ပြီး မေလ ၂၆ နှင့် ၂၇ ရက်နေ့မှာ နှစ်ရက်တာကျင်းပခဲ့ကြသည်။ ချင်း-လူရှိုင်း-ကူကီးမျိုးနွယ်စုအားလုံးသည် ဆင်းသက်လာရာတူညီသောမျိုးနွယ်စု တစ်ခုတည်းသာဖြစ်ကြပြီး ဗြိတိသျှ ကိုလိုနီအုပ်ချုပ်မှုစနစ်ကြောင့် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့်စသည့် ၃ နိုင်ငံတွင် တကွဲတပြားစီ အုပ်ချုပ်ခံနေကြရသည်ဟု ဆိုသည်။ ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုစနစ်က မိမိတို့၏ အခြေခံရပိုင်ခွင့်များကို မတရားရယူသိမ်းပိုက်ခဲ့သည်သာမက မိမိတို့လူမျိုးများကို အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့တွင် တကွဲတပြားစီ ပိုင်ခြားခဲ့သည့်အပေါ် လက်မခံကြောင်း ယင်းညီလာခံကဆိုသည်။ ထို့ကြောင့် ဗြိတိသျှကိုလိုနီအစိုးရမှ ၁၈၉၂ ခုနှစ်တွင် ကျင်းပခဲ့သော Chin- Lushai Conference ညီလာခံဆုံးဖြတ်ချက်အမှတ်- (၁) အရ Zofate- ချင်း-လူရှိုင်း-ကူကီးအနွယ်ဝင်များသည် အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်း နေထိုင်ရမည်ဟု ကြေညာပြီး ယင်းကိစ္စအားအကောင်ထည်ဖော်ဆောင်ရွက်ရန် အကြမ်းမဖက်သောနည်းလမ်းဖြင့် အဆုံးတိုင်ဆောင်ရွက်သွားမည်ဟု Zofa Inkhawmpui Lian ကဆုံးဖြတ်ခဲ့သည်။ ဗြိတိသျှကိုလိုနီအစိုးရသည် ၁၈၉၂-ခုနှစ် ဇန်နဝါရီလ (၂၅-၂၉) ရက်နေ့တွင် သမိုင်းဝင် ချင်း–လူရှိုင်း ကွန်ဖရင့် (Chin – Lushai Conference) ကို အိန္ဒိယနိုင်ငံ ကလကတ္တားမြို့ Fort…
