(004SS) ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီ-မင်းတပ်လမ်းမပေါ်ရှိ မိုင်တိုင် (၉၁) လမ်းပိုင်းကို ပြုပြင်နေပြီး ထိုသို့ပြုပြင်နေစဉ်ကာလအတွင်း ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် မတူပီ တော်လှန်ရေးအဖွဲ့ချုပ် (MRO)/ CDF-Matupi က ယနေ့တွင် ထုတ်ပြန်သည်။ ထိုလမ်းပိုင်းတွင် လမ်းအကျယ်၏ ၅ ပေဝန်းကျင်ကနေ ကတ္တရာများပါအက်ကွဲပြီး ခန့်မှန်းခြေ ၃ ပေ မှ ၁၀ ပေ ဝန်းကျင်သည် မြေကျွံနေကြောင်း ၎င်းတို့ ထုတ်ပြန်သော ဓါတ်ပုံများအရ သိရသည်။ ပျက်စီးယိုယွင်းနေသည့် အပိုင်းတွင် မြေထိန်းနံရံဆောက်ကာ MRO/CDF-Matupi က ပြုပြင်လျက်ရှိနေကြောင်း ဓါတ်ပုံများနှင့်တကွ ဖော်ပြထားသည်။ ထိုသို့ လမ်းပြုပြင်နေစဉ် ဖြတ်သန်းသွားလာနေသော ယာဉ်ကြီးများ၏ အလေးချိန်နှင့် တုန်ခါမှုကြောင့် ကားလမ်းပြုပြင်ရာတွင် အခက်များ ကြုံတွေ့နေရကြောင်း သိရသည်။ ထို့ကြောင့် မတူပီ-မင်းတပ် လမ်းမပေါ် ဖြတ်သန်းမည့် ယာဉ်များအားလုံးအနေဖြင့် လမ်းပြုပြင်မည့်ကာလ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့ (၂ ပါတ်) အတွင်း လုံးဝ (လုံးဝ) သွားလာခြင်းမပြုကြရန် အသိပေးချက် ထုတ်ပြန်ထားသည်။ မတူပီ-မင်းတပ် လမ်းမပေါ်ရှိ မိုင်တိုင် (၉၁) လမ်းပိုင်းသည် မတူပီလူထု၏ ကုန်စည်စီးဆင်းရာ အဓိကလမ်းမဖြစ်သည်။
Author: Editor
(005MK) မီဇိုရမ်ပြည်နယ်၏ ဒုတိယမြို့တော် Lunglei မြို့ Electric ရပ်ကွက်ကောင်စီက ၎င်းတို့ရပ်ကွက်အတွင်း နေထိုင်ကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များ၏ မှတ်ပုံတင်ကဒ်ပြားများကို သိမ်းဆည်းထားသည်ဟု သိရသည်။ Electric ရပ်ကွက်ကောင်စီရုံးက တာဝန်ရှိသူများသည် မေလ ၂၀ ရက်နေ့က ၎င်းတို့ရပ်ကွက်အတွင်း နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များ၏ နေအိမ်များသို့ သွားရောက်ကာ မြန်မာမှတ်ပုံတင်များကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု Bengvarna သတင်းဌာနကဖော်ပြသည်။ မြန်မာမှတ်ပုံတင် (နိုင်ငံသားစိစစ်ရေးကဒ်ပြား) မရှိသည့် စစ်ဘေးရှောင်များကို သတ်မှတ်ကာလအတွင်း ယူဆောင် လာကြရန်နှင့် အကယ်၍ သတ်မှတ်ကာလအတွင်းယူဆောင်လာခြင်းမရှိပါက ရပ်ကွက်အတွင်း နေထိုင်ခွင့်ပြု မည်မဟုတ်ကြောင်း ရပ်ကွက်ကောင်စီက အသိပေးထားကြောင်းသိရသည်။ မြန်မာစစ်ဘေးရှောင်များအနေဖြင့် မြန်မာနိုင်ငံ နှင့် Lunglei မြို့အား အချိန်မရွေး သွားလိုက်ပြန်လိုက် လုပ်လေ့ရှိသည့် အတွက် မူးယစ်ဆေးဝါးအပြင် ရပ်ကွက်နေဒေသခံပြည်သူများအတွက် မလိုလားအပ်သောပြသနာများဖြစ်လာနိုင်သော ကြောင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်သည်ဟုသိရသည်။ စစ်ဘေးရှောင်များအနေဖြင့် လိုအပ်ချက်တစ်ခုခုရှိလာသည့်အခါ နှင့် အရေးပေါ်အခြေအနေများရှိပါက မှတ်ပုံတင်များ ကို အချိန်မရွေးပြန်ထုတ်ပေးနိုင်ရန် ရပ်ကွက်ကောင်စီက စီစဉ်ထားသည်ဟု သိရသည်။
(006SV) စစ်ကိုင်း၊ ကလေးမြို့မှ ချင်းတောင်ဘက်ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့အကြား စီးယင်းဒေသ၊ Mualpi ရွာအနီးမှာ ယနေ့ တနေကုန်တိုက်ပွဲဖြစ် ပွားနေသည်ဟု CDF – CDM Siyin ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။ တီးတိန်မြို့နယ်၊ စီးယင်းဒေသ Mualpi ရွာ မရောက်မှီ နေရာတွင် ယနေ့ မေလ ၂၁ ရက် နံနက် ၈ နာရီမှ ညနေ ၆ နာရီနီးပါးအထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။ “တိုက်ပွဲက တီးတိန်မြို့နယ် စီးယင်း ဒေသ Mualpi ရွာမရာက်ခင်မှာ ဖြစ်တာပါ။ မနက် ၈ နာရီကနေ အခုထိ ဖြစ်နေပါတယ်။ တိုက်ပွဲက မပြင်းထန်တာလဲ မဟုတ်ဘူး၊ ပြင်းထန်နေတာလဲ မဟုတ်ဘူး။ တောက်လျှောက် ပစ်နေရတယ်။ ခုံနေရတာပေါ့” ဟု CDF – CDM Siyin ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ယနေ့တိုက်ပွဲတွင် စစ်ကောင်စီသည် မြေပြင်စစ်ကြောင်းထိုးနေသော တပ်ကို အနောက်ဘက်မှ ဒရုန်းများ၊ ၄၀ မမ၊ ၆၀ မမ နှင့် ပစ်ကူပေးနေသကဲ့သို့ ကလေးမြို့ဘက်မှလည်း ၁၂၀ မမဖြင့် ပစ်ကူးပေးပြီး ထိုးစစ်ဆင်နေကြောင်း၊ လေကြောင်းတိုက်ခိုက်မှု မတွေ့ရသေးကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ရှေ့ပြေးတပ်ဖွဲ့မှ သုံးယောက် လဲကျနေသည်ကို တွေ့မြင်နေရပြီး သေဆုံးမှု ရှိ၊ မရှိ မသိရသေး ကြောင်း၊ စစ်ကောင်စီမှ လာရောက်ဆွဲထုတ်မှုလည်း မရှိကြောင်း…
(006SV) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်း မြို့နယ်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး ကိစ္စအဝဝကို တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်က ကြေညာသည်။ မေလ ၁၉ ရက်က ဖလမ်းမြို့နယ်နေ ပြည်သူလူထုအားလုံး သိစေရန်ဟူ၍ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က ထုတ်ပြန်ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် မပေါ်ပေါက်မီကာလအတွင်း လက်ရှိ တည်ဆဲ ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်း မှီတင်းနေထိုင်သော မျိုးနွယ်စု အားလုံး၏ ဖြစ်တည်မှုကို လက်ခံအသိအမှတ်ထားပြီး မြို့နယ်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး ကိစ္စအဝဝကို မိမိတို့က တာဝန်ယူဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်း မျိုးနွယ်စုများအကြား စည်းလုံးမှုပျက်ပြားစေနိုင်သော ပြုမူဆောင်ရွက်ချက်များကို လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်က ကြေညာသည်။ ဖလမ်းမြို့နယ်အတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ၊ CDF – ဟွာလ်ငိုးရမ်း၊ CDF – Zanniatram နှင့် CDF-Ngawnram တို့ စစ်ရေးလှုပ်ရှားလျက်ရှိသည်ဟု သိရသည်။
(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားကြသည့် CDF – ထာဒို တပ်ဖွဲ့နှင့် ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ (ZRA – EC) တို့ကြား စစ်သုံ့ပန်းများ လဲလှယ်ခဲ့ကြသည်ဟု သိရသည်။ မေလ ၁၆ ရက်က တိုက်ပွဲများအတွင်း ဖမ်းဆီးခံထားရသော CDF – Thado (ထာဒို) တပ်ဖွဲ့ဝင် ၄ ဦးနှင့် ဇိုမီးတော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးတို့သည် စစ်သုံ့ပန်းများ လဲလှယ်မှု ညိနှိုင်းခြင်းအရ အောင်မြင်စွာ လဲလှယ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ချင်းတော်လှန် ရေးအင်အားစုတချို့ထံမှ သိရသည်။ “CDF – Thado က တပ်ဖွဲ့ဝင် ၄ ယောက်နဲ့ CNA က ဖမ်းဆီးထားတဲ့ ZRA တပ်ဖွဲ့ဝင် ၁ ဦးတို့ အဲဒါကို လဲလှယ်တာပါ။ အဲဒါက အကုန်လုံးလည်း အဆင်ပြေကြပြီ။ ZRA စစ်သား တယောက်လည်း ZRA တွေရဲ့ လက်ထဲကို ရောက်ပြီ။ CDF – Thado က ၄ ယောက်ကိုလည်း CDF – Thado လက်ထဲ ရောက်ပြီ” ဟု တွန်းဇန်မြို့ဒေသခံ ၁ ဦးထံမှ သိရသည်။နှစ်ဖက်တိုက်ပွဲများအတွင်း CDF – Thado တပ်ဖွဲ့ဝင် ၄ ဦးကို ဇိုမီးတော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းထားခြင်းဖြစ်ပြီး ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကို ချင်းအမျိုးသားတပ်ဦး CNF/ CNA က ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်ဟု စစ်သုံ့ပန်း လဲလှယ်မှုနှင့်ပတ်သက်၍…
(004SS) ချင်းပြည် (ချင်းလဲန်) ဖွဲ့စည်းပုံအတိုင်း ဒေသန္တရတစ်ခုအဖြစ် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်နေသော ဟွာလ်ငိုးရမ်းဒေသသည် စစ်အစိုးရ၏ ခေတ်အဆက်ဆက် သတ်မှတ်ပေးသော မည်သည့် မြို့နယ်၊ နယ်နိမိတ်အောက်တွင် မရှိဟု ဟွာလ်ငိုးရမ်းပြည်သူ့အဖွဲ့အစည်း (HPO) က ယမန်နေ့ညတွင် ထုတ်ပြန်သည်။ HPO/ CDF- Hualngoram သည် ချင်းပြည် (ချင်းလဲန်း) ဖွဲ့စည်းပုံ ၂၀၂၃ နှင့်အညီ ဖွဲ့စည်းထားသော ဒေသန္တရအစိုးရတစ်ခုဖြစ်ပြီး ဟွာလ်ငိုးရမ်းဒေသတွင် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်လျှက်ရှိသည်။ ထို့ကြောင့် ဟွာလ်ငိုးရမ်းဒေသအတွင်း ပညာရေး၊ ကျန်မာရေး ကဏ္ဍအသီးသီး၌ ဝန်ဆောင်မှုပေးလျှက်ရှိသော NGOs အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဆေးရုံဆေးခန်းများအနေဖြင့် ဟွာလ်ငိုးရမ်း ဒေသန္တရအစိုးရ၏ ခွင့်ပြုချက်မပါဘဲ လုပ်ငန်းဆောင်ရွက်ခွင့် လုံးဝ (လုံးဝ) မရှိကြောင်း HPO က ဆိုသည်။ ဟွာလ်ငိုးရမ်းဒေသန္တရအစိုးရ ထိန်းချုပ်နယ်မြေအတွင်း၌ ပုဂ္ဂလိကနှင့် အခြားသော မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဒေသန္တရအစိုးရ၏ ခွင့်ပြုချက်မပါပဲ လက်နက်နှင့်အတူ ဖြတ်သန်း သွားလာခွင့်လုံးဝ (လုံးဝ) မပြုကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် ဒေသန္တရအစိုးရ၏ အစိုးရယန္တရား လည်ပတ်ဆောင်ရွက်မှုများအား နှောင့်ယှက်တားဆီးခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုများအား ပိတ်ပင်တာဆီးခြင်းများကိုလည်း လုံးဝ (လုံးဝ) ခွင့်မပြုကြောင်း ဖော်ပြထားသည်။ လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ပြီး သတင်းမှားဖြန့်ခြင်း၊ ပဋိပက္ခဖြစ်ပွားရန် ကြိုးပမ်းဆောင်ရွက်ခြင်း၊ အမုန်းတရားဖြန့်ခြင်းများကို လုံးဝ (လုံးဝ) လက်ခံမည်မဟုတ်ကြောင်း၊ HPO/ CDF-Hualngoram ၏ ထုတ်ပြန်ချက်များကို လိုက်နာခြင်းမရှိပါက လိုအပ်သလို ထိထိရောက် ရောက် အရေးယူဆောင်ရွက်မည်ဟုလည်း…
စစ်ကိုင်းတိုင်း ကလေးမြို့မှ စစ်ကောင်စီတပ်ဖွဲ့များ ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလာသည့်အတွက် ကလေး-သိုင်းငင်း ကားလမ်းကို ယနေ့မေလ ၂၀ ရက် နေ့လယ် ၁၂ နာရီနောက်ပိုင်း အတက်အဆင်းအားလုံး ယာယီပိတ်လိုက် သည်ဟု CDF-CDM Siyin က ထုတ်ပြန်သည်။ “အခု လမ်းတွေကတော့ ပိတ်ထားလိုက်ပြီ။ ဘာလို့လဲဆိုတော့ သူတို့က တောထဲမှာ နေတော့ ကားနဲ့ မဟုတ်တော့ ရိက္ခာမပါဘူး။ ရေမပါဘူး။ ကားတွေကို ရေတောင်းတာ၊ သယ်ခိုင်းတာတို့ ရှိတော့ ကလေးမြို့၊ ခိုင်ကမ်းကနေ တက်လာတဲ့ ကားအကုန်လုံးနဲ့ ဆင်းလာတဲ့ ကားအကုန်ကို ပိတ်လိုက်တာဖြစ်တယ်” ဟု CDF-CDM Siyin ပြောရေးဆိုခွင့်ရှိသူကပြောသည်။ လမ်းပြန်မဖွင့်မချင်း ပြည်သူများမှ ကလေးသိုင်းငင်းလမ်းမကြီးကို အသုံးမပြုရန်နှင့်ယာယီပိတ်ထားပြီးအချိန်နောက်ပိုင်း ပြဿနာတစ်ခုမျှ တာဝန်ယူမည်မဟုတ်ကြောင်း CDF-CDM Siyin က အရေးပေါ်ထုတ်ပြန်သည်။ ယမန်နေ့ မေလ ၁၉ ရက်နေ့က ကလေးမြို့မှ စစ်ကောင်စီတပ်ဖွဲ့များသည် စစ်ယာဉ်တန်း ၁၅ စီးခန့်ဖြင့် ချင်းတောင်ဘက်သို့ စစ်ကြောင်းထိုးလာပြီး ကလေးကောလိပ်ဝန်းထဲမှာ ကားတွေကိုထားခဲ့ကာ ခြေလျင်ဖြင့်တောလမ်းအတိုင်း တက်လာကြတယ်လို့ သိရပါတယ်။ “ကလေးကောလိပ်ကနေ တက်လာပြီးရင် ခိုင်ကမ်းဘက်ပေါ့၊၊ ခိုင်ကမ်းဂိတ်ကနေ တက်လာရင် ၊ သူတို့က တောင်ပေါ် ကားလမ်းမကြီး ဖြစ်တာပေါ့နော်။ ခိုင်ကမ်းဂိတ် မရောက်ခင်၊ ကလေးကောလိပ်ဝန်းထဲကို ဝင်သွားပြီးတော့မှ အဲဒီမှာ လူတွေကို ချပြီးတော့မှ ကောလိပ်ထဲကနေ ဖြတ်လမ်းကနေ ရှုခင်းသာဘက်ကို သွားတဲ့ ဘက်ကို ခြေလျင်နဲ့ တက်လာ တယ်။ အင်အား ခန့်မှန်းရတာက ၂၀၀…
(004SS) ချင်းပြည်နယ်မြို့တော်၊ ဟားခါးမြို့တွင် တာဝန်ကျသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးတို့သည် စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူနှင့်အတူ တော်လှန်ရေးတွင် ပူးပေါင်းရန် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း Chinland Defense Force – Hakha က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။ ဟားခါးမြို့ရှိ စစ်သားနှစ်ဦးနှင့် ရဲတစ်ဦးတို့သည် မေလ ၁၅ နှင့် ၁၇ ရက်များတွင် အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး သေနတ် ၁ လက် ၊ကျည်ဘောက်စ်နှင့် ကျည်ဆံအချို့၊ လက်ပစ်ဗုံး ၃ လုံးနှင့် အီနာဂါ ၄ လုံးနှင့်အတူ အလင်းဝင်ရောက် လာကြခြင်းဟု ဓါတ်ပုံနှင့်တကွ CDF-Hakha က ထုတ်ပြန်ထားသည်။ထို့အပြင် မေလ ၁၅ ရက်နေ့တွင် စစ်ကောင်စီ စစ်သားတစ်ဦးကိုလည်း အရှင် ဖမ်းဆီးမိကြောင်း သိရသည်။ CDF-Hakha အနေဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူနှင့်အတူ လာရောက်ပူးပေါင်းသော သူများကို နွေးနွေး ထွေးထွေး ကြိုဆိုသည့်အပြင် လက်နက်ခဲယမ်းဖြင့် အလင်းဝင်လာသူများအား ငွေသားဆုကြေးများ ချီးမြှင့်ပြီး လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဟု ဆိုသည်။
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ တိုက်နယ် – ၁ ထဲက ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ရက်ဆက်တိုက်ပြုလုပ်ရာတွင် အစုပြုံလိုက်ဗုံး (Cluster Bomb) နှင့် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအများအပြား အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် – ၁ အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီသည် မေလ ၁၇ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ပြုလုပ်သွားသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၈ ရက်က ထုတ်ပြန်သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် အစုပြုံလိုက်ဗုံး (Cluster Bomb) အသုံးပြုခဲ့သော အထောက်အထားများ တွေ့ရှိရပြီး ဗုံးအလုံးရေ ၁၀ လုံးဝန်းကျင်သည် ကျေးရွာအတွင်းနှင့် ကျေးရွာဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ “လေကြောင်းတိုက်ခိုက်မှုက ၂ ကြိမ်လာတိုက်တယ်။ အဲဒီနေ့က တိုက်နယ် ၁ ရဲ့ ကျေးရွာရဲ့ အနှံ့အပြားမှာပဲ။ ရွာထဲမှာကျတယ်။ ရွာအပြင် ချောင်းထဲမှာ ၄ လုံး၊ ၅ လုံးလောက်ကျတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် cluster ဗုံးလို့ သတ်မှတ်ရတာပေါ့နော်။ ပြည်သူတွေကို ဦးတည်တိုက်ခိုက်တာလို့ပဲ ပြောရမှာပါ။ ပြည်သူတွေက ဒဏ်ရာရတာက သိပ်မရှိဘူးခင်ဗျ။ အနှံ့အပြားမှာ ကျကွဲတယ်ပေါ့နော်။ အဲဒီမတိုင်ခင်မှာလည်း တောက်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတော့ ပြည်သူတွေက သတိရှိရှိနဲ့ အကုန်လုံးက ကတုတ်ကျင်းတွေထဲ ပြေးပုန်းကြတာကြောင့်ပဲ အဲလိုမျိုး ထိုခိုက်မှုနည်းတာလို့…
ပညာရေးဝန်ထမ်းများ လွတ်လပ်စွာ သင်ကြားမှု ပြုလုပ်ရန် မေတ္တာရပ်ခံ (006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက CDF – အရှို ၏ စစ်ဆင်ရေးလှုပ်ရှားနယ်မြေနှင့် ထိစပ်ဒေသများတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို ဝင်ရောက်စွက်ဖက်ဟန့်တားမည်မဟုတ်ကြောင်း ချင်းကာကွယ်ရေးတပ် – အရှိုက ကြေညာသည်။ စစ်ရေးလှုပ်ရှားမှုနယ်မြေများနှင့် ထိစပ်လျက်ရှိသော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသ ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အခြေခံပညာအဆင့် ကျောင်းဆရာ/ ဆရာမများကို ခြိမ်း ခြောက်ခြင်း၊ နှောက်ယှက်ဟန့်တားခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ပညာသင်ကြားမှု ကျောင်းကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း လုံးဝ ပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်သည်။ CDF – အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက “နိုင်ငံအေးချမ်းတဲ့ ကာလမှာကော၊ လက်ရှိ စစ်ပွဲကာလမှာကော ကျနော်တို့ ဒေသမှာ ရှိတဲ့ ကလေးသူ ငယ်တွေအနေနဲ့ ပညာသင်ကြားမှု အခွင့်အရေးတွေ ဆုံးရှုံးနေတာဖြစ်လို့ အခုလိုပညာသင်ကြားမှုကို မဆုံးရှုံးရလေအောင် ကျနော်တို့ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ အဓိကက တောင်ပေါ်ဒေသတွေမှာ လာရောက်တာဝန်ထမ်းဆောင်ကြမယ့် ဆရာ၊ ဆရာမတွေအနေနဲ့ CDF – အရှိုကိုရော၊ တပ်က ရဲဘော်တွေကိုရော ကြောက်နေဖို့ မလိုကြောင်း ပြောလိုပါတယ်” ဟု ပြောသည်။ ကျောင်းဆရာ/ ဆရာမများကို ယင်းကဲ့သို့ ပြုလုပ်သူ မည်သူမဆိုကို တားမြစ်အရေးယူသွားမည်ဖြစ်ကြောင်း CDF – အရှိုက မေလ ၁၈ ရက်မှာ ထုတ်ပြန်သည်။ အခုအခါ ၂၀၂၅ – ၂၀၂၆ အခြေခံပညာသင်နှစ်အတွက် အခြေခံကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းနေအရွယ်…