Author: Editor

မြို့ခံပြည်သူအများစုသည် စစ်တပ်နှင့် ZRA လက်အောက်မှ တွန်းဇံကို ပြန်ဝင်ရဲမည်မဟုတ်ဟုဆို (006SV) အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်က တွန်းဇံမြို့ကို ပြန်လည်ထိုးစစ်ဆင်၊ သိမ်းယူပြီး နှစ်ပတ်အကြာတွင် တွန်းဇံ မြို့ပြည်သူများအနေဖြင့် ယနေ့မှ စတင်၍ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ပြီဖြစ်ကြောင်း Zomi Political Coordination Council (ZPCC) က ကြေညာသည်။ ယနေ့ ဇွန်လ ၁ ရက်မှစတင်၍ တွန်းဇံမြို့ပြည်သူများအနေဖြင့် မိမိတို့၏ နေရပ်အိမ်များကို ဘေးကင်းလုံခြုံစွာ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ပြီဖြစ်ကြောင်း ZPCC/ ZRA – EC က မေလ ၃၁ ရက်မှာ ထုတ်ပြန်လာခြင်းဖြစ်သည်။ တွန်းဇံမြို့အခြေစိုက် ချင်းတော်လှန်ရေးအင်အားစုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ တွန်းဇံမြို့ ပြည်သူလူထု ထက်ဝက်ကျော် သည် အာဏာသိမ်းစစ်တပ်နှင့် ZRA – EC လက်အောက်မှ တွန်းဇံမြို့ကို ပြန်သွားမည် မဟုတ်ဘဲ စစ်ဘေးရှောင်နေမည်ဟု ပြောသည်။ “တွန်းဇံက ပြည်သူလူထု ထက်ဝက်ကျော်က ပြန်သွားနိုင်မှာ မဟုတ်သေးဘူး။ ပြန်မသွားဘူးလို့လည်း ကြားပါတယ်။ တွန်းဇံကို ပြန်မသွားဘူးဆိုတာက အရင်တုန်းက တွန်းဇံကို ထိန်းချုပ်တဲ့ CDF အဖွဲ့က အဲဒီလူတွေ ပြန်သွားလိုက်ရင် ZRA က ဒီ့အတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ သူတို့လည်း အခြေအနေ သိပြီးသား ဆိုတော့လေနော်။ အဲဒါကြောင့် သူတို့ ပြန်သွားရဲမှာ မဟုတ်သေးဘူး။ CDM တွေလည်း သွားရဲမှာ မဟုတ်ဘူး။ ZRA ကို…

Read More

(004SS) အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို နယူးဒေလီရောက် မြန်မာစစ်ဘေးဒုက္ခသည်များက ပြင်းပြင်းထန်ထန် ဆန္ဒပြဆန့်ကျင်ကန့်ကွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။ အဆိုပါ ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်နိုင်ရန်အတွက် အိန္ဒိယအစိုးရထံသို့ တရားဝင် ခွင့်ပြုချက် တင်ပြထားပြီးဖြစ်ကာ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန် ပြင်ဆင်နေကြောင်း နယူးဒေလီအခြေစိုက် “Burma House-New Delhi” အဖွဲ့က ယနေ့ ထုတ်ပြန်သည်။ “ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု၊ အတုအယောင်ရွေးကောက်ပွဲများ ဖန်တီးကာ နိုင်ငံတော်သမ္မတရာထူးကို မတရားရယူ ထားသည့် စစ်ကောင်စီခေါင်းဆောင်၏ ပထမဆုံးသော နိုင်ငံတကာခရီးစဉ်ကို မိမိတို့အနေဖြင့် လုံးဝ (လုံးဝ) လက်မခံနိုင် ပါသဖြင့် လူထုအင်အားအပြည့်ဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆန္ဒပြပွဲကို မနက်ဖြန် မေလ ၂၈ ရက်နေ့တွင် နယူးဒေလီမြို့ Jantra Manta ပန်းခြံမှာ ညနေ ၃ နာရီမှ ၅ နာရီအထိ ပြုလုပ် ကြမည်ဖြစ်ပြီး မေလ ၃၀ ရက်နေ့တွင်လည်း မြန်မာသံရုံးရှေ့မှာ ထပ်မံပြုလုပ်ရန် စီစဉ်ထားကြသည်။ စစ်ခေါင်းဆောင်၏ မတရားဖိနှိပ် ရက်စက်မှုများကြောင့် မိခင်နိုင်ငံကို စွန့်ခွာပြီး အိန္ဒိယနိုင်ငံတွင် စစ်ဘေးဒုက္ခသည်အဖြစ် ခက်ခဲပင်ပန်းစွာ ရပ်တည်နေရသော်လည်း၊ နွေဦးတော်လှန်ရေး အောင်မြင်မှုအတွက် မိမိတို့ တတ်နိုင်သည့် ကဏ္ဍမှနေ၍ အမြဲတစေ တစ်သားတည်း ရပ်တည်လျက်ရှိကြောင်း ဒုက္ခသည်များက ဆိုသည်။ ထို့ကြောင့် အဆိုပါ ဆန့်ကျင်ကန့်ကွက်ပွဲ အစီအစဉ်များတွင် နယူးဒေလီရောက် မိဘပြည်သူများ ပူးပေါင်းပါဝင်ပေးကြ ရန်နှင့် တော်လှန်ရေးအရှိန်အဟုန်…

Read More

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများအန္တရာယ် သိကောင်းစရာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနေနိုင်တာကို သိရပါမယ်။ စစ်မြေပြင်ဟောင်းတွေ၊ စွန့်ပစ်ထားတဲ့ အသုံးအဆောင်တွေနဲ့ မသင်္ကာစရာ ဝါယာကြိုးရှိနေတဲ့ ပစ္စည်းမှန်သမျှကို “ပေါက်ကွဲစေတတ်တဲ့ပစ္စည်း” လို့ အမြဲတမ်း ကြိုတင်သတ်မှတ် (Assume) ထားဖို့ ဖြစ်ပါတယ်။ မြေမြှုပ်မိုင်းများ မြေမြှုပ်မိုင်းဆိုတာ လူ၊ တိရိစ္ဆာန်၊ ယာဉ်၊ အရာဝတ္ထု စသဖြင့် တစ်ခုခုက ထိမိတာ၊ ဖိမိတာ၊ အနားကပ်လာတာတွေကြောင့် ပေါက်ကွဲစေဖို့ ထုတ်လုပ်ထားတဲ့ လက်နက်ခဲယမ်းတွေဖြစ်ပါတယ်။ မြေမြှုပ်မိုင်းအမျိုးအစားတွေကို အခုလို အကြမ်းအားဖြင့် ခွဲခြားနိုင်ပါတယ်။ ● လူသတ် နင်းမိုင်း● လူသတ် ဖြာထွက်/ အစအန● လူသတ် ခုန်ပျံ/ ကြွမိုင်း● လူသတ် ရှေ့ထွက်/ ဦးတည်မိုင်း● ယာဉ်/တင့်ကား ဖျက်မိုင်း● ထောင်ချောက်များ စတာတွေဖြစ်ပါတယ်။ ပေါက်ကွဲစေတတ်သည့် စစ်ပွဲကြွင်းကျန်ပစ္စည်းများ (ERW) ပေါက်ကွဲစေတတ်တဲ့ စစ်ပွဲအကြွင်းအကျန်ပစ္စည်းဆိုတာကတော့ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ ပြီးသွားတဲ့အခါမှာတောင် အန္တရာယ်ဆက်ရှိနေတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ပစ်ခတ်ပြီးမှာ အကြောင်းအမျိုးမျိုးကြောင့် ပေါက်ကွဲမှုမဖြစ်ပဲ ကျန်ခဲ့တာ၊ အသုံးမပြုရသေးတာ၊ ချန်ထားခဲ့တာ၊ စွန့်ပစ်ခဲ့တာ စသဖြင့် ဖြစ်နိုင်ပါတယ်။ အဲဒီအထဲမှာ ဘာတွေပါနိုင်သလဲဆိုရင် – ● မော်တာများ (စိန်ပြောင်းများ)● ရော့ကက်များ● ဗုံးများ (လက်ပစ်/စွပ်ဗုံး/..)● လေယာဉ်ပစ်ဗုံးများ● ထပ်ဆင့်ပေါက်ကွဲပစ္စည်းများ● အမြောက်ကျည်များ၊ ကျည်ဆံများ စတာတွေ ပါဝင်နိုင်ပါတယ်။ လက်လုပ်ပေါက်ကွဲစေတတ်သော ပစ္စည်းများ (IED) လက်လုပ်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကတော့ အိမ်လုပ်/ ပြည်တွင်းလုပ် ဖောက်ခွဲရေးပစ္စည်းတွေ ဖြစ်ပါတယ်။ အဲဒီအရာတွေက…

Read More

အတွင်းရေးမှူးကို လူသတ်မှုဖြင့် ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ရာထူးမှ ရပ်ဆိုင်း (006SV) CDF – ဟားခါး၏ တပ်ဖွဲ့ဝင်အချင်းချင်း ကိုယ်ထိလက်ရောက် စကားများရာမှတဆင့် တပ်ဖွဲ့၏ ဒုတိယဥက္ကဌဟောင်းကို သေနတ် ဖြင့် ပစ်သတ်ခဲ့သည့် အထွေထွေအတွင်းရေးမှူးဖြစ်သူ၏ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်သွား မည်ဟု CDF – ဟားခါးဗဟိုကောင်စီထံမှ သိရသည်။ ယင်းအမှုနှင့်ပတ်သက်၍ တရားမျှတမှုနှင့် အမှန်တရားကို အမြန်ဆုံးဖော်ထုတ် ဆောင်ရွက်နိုင်ရန် အထူးစုံစမ်း စစ်ဆေးရေး ကော်မတီတစ်ရပ်ကို CDF – ဟားခါးဗဟိုကောင်စီ ကာကွယ်ရေးကော်မတီ၏ တရားရေးဌာန၊ ချင်းလဲန်းကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။ CDF- ဟားခါးဗဟိုကောင်စီ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းဥပဒေ၊ စစ်ဥပဒေနှင့်အညီ ပွင့်လင်းစွာ၊ တရားမျှတစွာ တရားစီရင်မှုကို ပြည်သူ့ရှေ့မှောက်တွင် ဆောင်ရွက်သွားမည်ဟု CDF – ဟားခါး ဗဟိုကောင်စီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီက မေလ၂၈ရက်မှာ ကြေညာသည်။ ကနေဦးဖြစ်စဉ်များ စုံစမ်းစစ်ဆေးခြင်း၊ ကျန်ရစ်သူမိသားစုများ နှစ်သိမ့်ခြင်း အစီအစဉ် ဆောင်ရွက်ခြင်းနှင့် ဟားခါးမြို့နယ်အတွင်း အရေးပေါ် စစ်ရေးအခြေအနေများကြောင့် သတင်းထုတ်ပြန်ချက်များ၊ ဖြစ်စဉ်ရှင်းလင်းချက်များ စောလျင်စွာ မချပြနိုင်သည့်အတွက် ပြည်သူများကို တောင်းပန်အပ်ပါသည်ဟု ထုတ်ပြန်ချက်မှာ အသိပေးသည်။ ဆိုရှယ်မီဒီယာပေါ်တွင် CDF – ဟားခါးဗဟိုကောင်စီ အပေါ် လုပ်ကြံသတင်းများ၊ သတင်းမှားများ ပြန့်နှံ့နေသည်ကို တွေ့ရှိရပြီး လိုအပ်ပါက ပြန်လည်ရှင်းလင်းချက်များ ထုတ်ပြန်သွားမည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။ ယင်းအမှုဖြစ်စဉ်မှာ မေလ ၁၅ ရက်က နံနက် ၉ နာရီ ၅၀…

Read More

(005MK) UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van သည် သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ် အိုင်ဇောလ် မြို့သို့ ယနေ့ မေလ ၂၉ ရက်တွင်ရောက်ရှိလာပြီဖြစ်သည်။ နိုင်ငံ့ဂုဏ်ဆောင် ကမ္ဘာကျော် ချင်းဖိုက်တာ Joshua Van သည် မလေးရှားနိုင်ငံတွင် Chin Refugee Committee -CRC ၂၅ နှစ်ပြည့် ငွေရတုအထိမ်း အမှတ် အခမ်းအနားတက်ရောက်ခဲ့ပြီးနောက် နယူးဒေလီမြို့မှတဆင့် အိုင်ဇောလ် မြို့ Lengpui လေဆိပ်သို့ ယနေ့မွန်းလွဲပိုင် ၂ နာရီတွင် ဆိုက်ရောက်လာခြင်းဖြစ်သည်။ ချင်းဖိုက်တာ Joshua Van ကို မီဇိုရမ်ပြည်နယ်က လွှတ်တော်အမတ်၊ Mizoram Mix Martial Art Association တာဝန်ရှိသူများ၊ ချင်းအဖွဲ့အစည်းများနှင့် ရာနှင့်ချီသော မီဇိုးပြည်သူများက လေဆိပ်မှာ လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြ သည်။ မေလ ၃၀ ရက်ညတွင် Zonet ရုပ်သံလိုင်း နှင့် Mizoram Mix Martial Art Association တို့ပူးပေါင်းပြီး R.Dengthuama ခန်းမတွင် ကျင်းပမည့် MISMA Fight Night ပွဲတွင် အထူးဧည်သည်တော် အဖြစ် တက်ရောက်မည်ဖြစ်သည်။ အဆိုပါ MISMA Fight Night ပွဲစဉ်အတွက် လက်မှတ်များစတင်ရောင်ချနေပြီဖြစ်ပြီး လက်မှတ်ဝယ်ယူလိုသူများ အနေဖြင့် အောက်ပါဖုန်းနံဘတ်များတွင်ဆက်သွယ်နိုင်သည်။ (Miss Timtim, Finance Secy, MISMA ( 8794833652 )For information &…

Read More

(006SV) အာဏာသိမ်းစစ်တပ်က ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်နေသည့် လက်ရှိကာလအတွင်း မင်းတပ်မြို့ပေါ်တွင် နေအိမ်များ ဖောက်ထွင်းပြီး ပစ္စည်းများ ခိုယူမှု ဖြစ်ပေါ်နေသည့်အတွက် ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ အများပြည်သူများအနေဖြင့် ညစဉ် မိမိနေအိမ်နှင့် ပုန်းခိုကျင်းများတွင် နေထိုင်ရန်၊ ခွင့်ပြုချက် မရှိဘဲ အများပြည်သူနှင့် သက်ဆိုင်သော နေရာများသို့ သွားလာခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်း မပြုရန်နှင့် ည ၉ နာရီမှ နံနက် ၅ နာရီအချိန် အတွင်း ညမထွက်ရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၇ ရက်မှာ ဒေသန္တရအမိန့် ထုတ်ပြန်သည်။ စစ်တပ်၏ ထိုးစစ်ဆင်ခြင်းကို ခုခံတွန်းလှန်ရန် ဆောင်ရွက်နေသည့် ကာလအတွင်း မင်းတပ်မြို့ပေါ်ရှိ ပြည်သူအချို့သည် နေအိမ်များ စွ့န်ခွာပြီး လုံခြုံမည့်နေရာသို့ ရွှေ့ပြောင်းနေထိုင်ကြသည်ဟု သိရသည်။ ယင်းအခြေအနေကြောင့် လူမရှိသည့် နေအိမ်များတွင် မသမာသူ လူတစ်စုမှ နေအိမ်များ ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများ ခိုးယူမှုများ ဖြစ်ပွားနေသည်ကို သိရှိရသည်ဟု မင်းတပ်ပအဖအဖွဲ့ထံမှ သိရသည်။ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအနေဖြင့် ပြည်သူပိုင်ပစ္စည်းများအား ဖောက်ထွင်းခိုးယူသူများ၏ ရန်မှ ကာကွယ်နိုင်ရေးအတွက် ညစဉ် လှည့်ကင်း၊ ပတ်ကင်းများလည်း ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ ဒေသန္တရအမိန့် ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မရမချင်း အတည်ဖြစ်သည်ဟု သိရသည်။ စစ်တပ်သည် မကွေး၊ ဆောမှတဆင့် ကန်ပက်လက်မြို့သို့ မေလ ဒုတိယပတ်မှစတင်၍ အင်အားရာချီဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေရာ ကန်ပက်လက်အနီး ၆ မိုင်ဝန်းကျင်နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျောက်ထုမှတဆင့် မင်းတပ်မြို့ကိုလည်း…

Read More

(005MK) UFC ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van ကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက သူ၏ရုံးခန်းတွင် ယနေ့ညနေပိုင်းက တွေ့ဆုံဂုဏ်ပြုပြီး မီဇိုရမ်ကို အလည်အပတ်ရောက်ရှိလာသည့်အပေါ် ဝမ်းသာကြောင်း ပြောကြားခဲ့သည်။ ယခုကဲ့သို့ကမ္ဘာ့အလည်မှာ အောင်မြင်မှုရရှိသည့်အပေါ်မှာလည်းဝမ်းသာကြောင်းနှင့် သူ၏ အောင်မြင်မှုသည် မီဇိုးလူငယ်များအတွက် ခွန်အားဖြစ်စေကြောင်း မီဇိုရမ်ဝန်ကြီးချုပ်ကပြောဆိုခဲ့သည်။ ချင်းဖိုက်တာ Joshua Van ကလည်း ယခုကဲ့သို့ မအားမလပ်ကြားမှ တွေ့ဆုံခွင့်ပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း၊ မီဇိုရမ်ပြည်နယ်သည် မိမိပြည်နယ်ကဲ့သို့မှတ်ယူကြောင်း၊ မီဇိုးလူမျိုးများသည်လည်း မိမိ၏သွေးချင်းညီအကိုများဟု ခံယူထားကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ထို့ကြောင့် မီဇိုးပြည်သူလူထုအနေဖြင့် UFC ကမ္ဘာ့ချန်ပီယံတစ်ယောက်ကို ပိုင်ဆိုင်ထားသည်ဟု မှတ်ယူကြရန်လည်း ချင်းဖိုက်တာ Joshua Van က ပြောဆိုခဲ့သည်။ ချင်းဖိုက်တာ Joshua Van သည် ယနေ့မွန်းလွဲပိုင်း ၂ နာရီတွင် Lengpui လေဆိပ်သို့ဆိုက်ရောက်လာခဲပြီး ပြည်သူများက လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။ ထို့နောက် အိုင်ဇောလ်မြို့သို့ဆက်လက်ထွက်ခွါရာတွင် ချင်းစစ်ဘေး ရှောင်များနေထိုင်သော Sihhmui ကျေးရွာ အရောက်တွင် ချင်းစစ်ဘေးရှောင်ပြည်သူများက လမ်းဘေးဝဲယာဘက်တွင် တန်းစီးကာ စောင့်ကြိုခဲ့ကြပြီး ကမ္ဘာ့ချန်ပီယံက နှုတ်ဆက်တွေ့ဆုံခဲ့သည်။ ချင်းဖိုက်တာ Joshua Van သည် မေလ ၃၀ ရက်ညတွင် Zonet ရုပ်သံလိုင်း နှင့် Mizoram Mix Martial Art Association တို့ပူးပေါင်းပြီး R.Dengthuama ခန်းမတွင် ကျင်းပမည့် MISMA Fight Night ပွဲတွင် အထူးဧည်သည်တော်အဖြစ် တက်ရောက်မည်ဖြစ်သည်။

Read More

(006SV) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုံပီး (Lungpi) ကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်က သတ်ဖြတ်ထားသည့် ဒေသခံပြည်သူ ၂ ဦးနှင့် ချင်းတော်လှန်ရေး ရဲဘော် ၂ ဦးတို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ မေလ ၂၇ ရက်က လုံပီးကျေးရွာအနီးမှာ အဆိုပါရုပ်အလောင်းများကို ဒေသခံပြည်သူတချို့က ရှာဖွေ တွေ့ရှိခဲ့ပြီး စစ်တပ်က ဖလမ်းမြို့- ဟားခါးအကြား စစ်ကြောင်းထိုးစဉ် သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံစစ်ရေးသတင်း ရင်းမြစ်က ပြောသည်။ “အလောင်းကတော့ ၄ လောင်းပါ၊ ပြည်သူ ၂ ဦး အလောင်းရယ်၊ ချင်းလက်နက်ကိုင်အဖွဲ့ကလို့ ပြောလို့ရတဲ့ အလောင်း ၂ လောင်း တွေ့တာဖြစ်တယ်။ ဟားခါးနဲ့ ဖလမ်းကြားမှာ စစ်ကြောင်းထိုးတုန်းက ဖြစ်ပျက်တဲ့ဟာ ဖြစ်ပါမယ်” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ စစ်တပ်က သတ်ဖြတ်ခဲ့သော ဒေသခံပြည်သူအမျိုးသား ၂ ဦးမှာ လုံပီးကျေးရွာဒေသခံ Duh Lian Sang နှင့် No Hnin တို့ဖြစ်သည်ဟု ဒေသတွင်းသတင်းမြစ်များထံမှ သိရသည်။ ကျဆုံးနေသော ချင်းတော်လှန်ရေး ရဲဘော် ၂ ဦး၏ ရုပ်အလောင်းတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (CNA ) ဘတ်တံဆိပ်များ တွေ့ရှိရပြီး ရဲဘော်တစ်ဦး၏ ခန္ဓာကိုယ်၊ ဦးခေါင်း၊ လက်တို့ တနေရာစီကို ဒေသခံများက ရှာဖွေ တွေ့ရှိရသည်ဟု သိရသည်။ “ရဲဘော်တစ်ယောက်တော့ သူရဲ့ ခြေထောင်ရယ်၊ ခေါင်းရယ်ကို တခြားနေရာမှာ တွေ့တယ်။…

Read More

(004SS) အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် နယူးဒေလီ မြို့ရောက် မြန်မာအင်အားစုများက မနက်ဖြန် မေလ ၂၉ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။ အဆိုပါဆန္ဒဖော်ထုတ်မှုကို မေလ ၂၉ ရက် (သောကြာနေ့) ညနေ ၄ – ၆ နာရီအထိ နယူးဒေလီမြို့၊ ဂျန်တာမန်တာတွင် ပြုလုပ်သွားမည်ဖြစ်သည်။ ဆန္ဒပြပွဲပါဝင်မည့်သူများအနေဖြင့် Budella park နှင့် C1 bus stand တွင် မနက်ဖြန်ညနေပိုင်း ၂ နာရီ ခွဲ အရောက် ကြိုတင်ရောက်ရှိရမည် ဖြစ်သည်။ ယင်း ဆန္ဒဖော်ထုတ်မှုကို နယူးဒေလီအခြေစိုက် Burma House-New Delhi အဖွဲ့က ဦးဆောင်၍ အိန္ဒိယအစိုးရထံ တရားဝင်ခွင့်ပြုချက်တင်ပြကာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လူမျိုးတုန်းသတ်ဖြတ်သူ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ် ကန့်ကွက်ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံသားများအားလုံး ပူးပေါင်းပါဝင်ကြရန် အဆိုပါအဖွဲ့က တိုက်တွန်းထားသည်။ “ကျွန်တော်တို့ အားလုံးအခွင့်အရေးအတွက် နောက်ဆုံးအခွင့်အရေးကို လက်လွတ်မခံကြပါနဲ့၊ အားလုံးပူးပေါင်း ပါဝင်ပေး ကြပါ”ဟု Burma House-New Delhi အဖွဲ့ကဖော်ပြထားသည်။ မိမိကိုယ်ကို သမ္မတအဖြစ် ခန့်အပ်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မေလ ၃၁ ရက်နေ့ တနင်္ဂနွေနေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိလာမည်ဟု သိရပြီး ယင်းသည် သမ္မတရာထူး ရယူခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံးသော ပြည်ပခရီးစဉ်ဖြစ်သည်။ မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်နှင့်ပတ်သက်၍ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယနေ့မေလ…

Read More

ပေါက်ကွဲစေတတ်တဲ့ တိုက်ပွဲကြွင်းကျန်ပစ္စည်းတွေဆိုတာဘာလဲ? ဘာကြောင့် အဲဒါတွေကို သိရှိဖို့ အထူးအရေးကြီးတာလဲ? ပေါက်ကွဲစေတတ်သည့် တိုက်ပွဲကြွင်းကျန်ပစ္စည်းများ (Explosive Remnants of War – ERW) ဆိုတာ တိုက်ပွဲများအတွင်း အသုံးပြုခဲ့သော်လည်း မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ၎င်းတို့မှာ ဘာတွေလဲ? ၁။ မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများ (UXO) UXO အမျိုးအစားများ ၂။ စွန့်ပစ်ခဲယမ်းများ (AXO)

Read More