Author: Editor

(006SV) အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့ ဖျက်စီးခဲ့သော ဆေးရုံ၊ စာသင်ကျောင်း၊ အစိုးရ ဌာနများနှင့် ဘာသာရေး အဆောက်အအုံများကို အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်သွားမည်ဟု အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရ ခေါင်းဆောင်က ပြောသည်။ ယင်းသို့ ပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သော ဆောက်လုပ်ရေးပစ္စည်များကို ပို့ဆောင်ပေးနေပြီး ဆေးရုံးများနှင့် စာသင် ကျောင်းများကို ဦးစားပေး ပြုပြင်သွားမည်ဟု စစ်အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ မေလ ၂၆ ရက်က ပြုလုပ် သည့် ၎င်းတို့စစ်အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့သည်။ စစ်တပ်က ၎င်းတို့ တိုက်ခိုက်ဖျက်စီးခဲ့သော ဈေးနှင့် အခြားရုံးဌာနအဆောက်အဦးများကိုလည်း ပြည်လည်ပြင်ဆင် သွားမည်ဖြစ်ပြီး စစ်အစိုးရ၏ ချင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တခြားတိုင်းနှင့်ပြည်နယ်များက ကူညီဆောင်ရွက်ပေးရမည်ဟုဆို သည်။ ဖလမ်း၊ တွန်းဇံ၊ တီးတိန်မြို့တို့ ပြန်လည် တည်ဆောက်ရေးအတွက် ဘိလတ်မြေ ၁၀ တန်၊ အမိုးသွပ် ၁၀ တန်၊ သွပ်ရိုက်သံ ၁၂၃ ပိဿာကျော်နှင့် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေ ကျန်းမာရေးသုံး ပစ္စည်းများ ပါဝင်သော ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း ၃ တန်ကျော်တို့ကို မန္တလေး၊ နေပြည်တော်မှ တဆင့် ကလေးမြို့သို့ မေလ ၂၄ ရက်က ပို့ဆောင်ခဲ့သည်ဟု စစ်တပ်အာဘော်သတင်းစာများကထုတ်ပြန်သည်။ အဆိုပါဆောက်လုပ်ရေးပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းတချို့သည် ကလေးမြို့မှ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ရာတွင် မေလ ၂၆ ရက် ညနေပိုင်းမှာ ဖလမ်းမြို့သို့ ရောက်ရှိသည်ဟု သိရသည်။…

Read More

ကျောင်းထိုင်ဘုန်းကြီး ၁ ပါး၊ စိတ်မကျန်းမာသူ အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၆ ဦး သတ်ဖြတ်ခံရဟု ဆို (006SV) ချင်းပြည်နယ်တောင်ပိုင်းနှင့် ယောဒေသတောင်ပိုင်းသို့ အာဏာသိမ်းစစ်တပ် အင်အားထောင်ချီဖြင့် ထိုးစစ်ဆင် ဝင်ရောက်လာသည့်အတွက် ဒေသခံပြည်သူများ လုံခြုံ ဘေးကင်းရာ နေရာများကို အမြန်ဆုံး ပြောင်းရွှေ့နေထိုင်ရန် ယောကာကွယ်ရေးတပ် – YDF က ကြေညာသည်။ ရှေ့တန်းစစ်မျက်နှာပြင်များတွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်တပ်စစ်ကြောင်းတို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး တော်လှန်ရေးပူးပေါင်းတပ်များကလည်း အင်အားအလုံးအရင်းဖြင့် ဆက်လက်ခုခံ လျက်ရှိသည်ဟု YDF က ယမန်နေ့ မေလ ၂၅ ရက်က ထုတ်ပြန်သည်။ စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ကူ တောက်လျှောက် ပြုလုပ်၍ စစ်အင်အား ထောင်ချီဖြင့် ချင်းတောင်ပိုင်းနှင့် ယောဒေသကို ထိုးစစ်ဆင်နေပြီး ယောဒေသအတွင်းက မြို့ရွာများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည်ဟု YDF ထံမှ သိရသည်။ “လက်ရှိ ယောဒေသအတွင်းတွင် စစ်တပ်၏ ဖက်ဆစ်အကြမ်းဖက် စစ်ကြောင်းများသည် မြို့ရွာများအတွင် ဝင်ရောက်ပြီး ပြည်သူများအား ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် မတရားအသုံးပြုခြင်း၊ လူငယ်အမျိုးသားများကို အတင်းအကြပ် ဖမ်းဆီး စစ်မှုထမ်းခိုင်းခြင်းနှင့် အမျိုးသမီးများကို အဓမ္မပြုခြင်းများ စသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ကို တွေ့မြင်၊ ကြားသိရပါသည်” ဟု YDF က ထုတ်ပြန်သည်။ ယောဒေသ၊ ကျောက်ထုတိုက်နယ်၊ တပြင်းကျေးရွာမှ မေလ ၂၅ ရက်က ထွက်လာသည့် စစ်တပ်စစ်ကြောင်းသည် ယနေ့…

Read More

(006SV) ချင်းတောင်ပိုင်းရှိ မြို့နှင့် ဒေသများကို ထိုးစစ်ဆင်နေသော အာဏာသိမ်းစစ်တပ်သည် ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့တို့ကို ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ထပ်မံပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မေလ ၂၅ ရက် နံနက် ၅ နာရီခန့်တွင် ကန်ပက်လက်မြို့တစ်နေရာကို စစ်တပ်သည် ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး နံနက် ၅ နာရီခွဲခန့်တွင် ကန်ပက်လက်မြို့နယ်ထဲက တစ်နေရာကို ဂျက်ဖိုက်တာဖြင့် လေကြောင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည်ဟု ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။ မေလ ၂၄ ရက် ညသန်းခေါင်း ၁၁ နာရီ ၄၅ မီနစ်ခန့်ကလည်း ကန်ပက်လက်မြို့တစ်နေရာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်သွားပြီး ၁၁ နာရီ ၅၀ မီနစ်ခန့်တွင် မင်းတပ်မြို့အနီးတစ်နေရာကို စစ်တပ်သည် ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံး ၂ လုံး ထပ်မံ ကြဲချသွားသည်ဟု သိရသည်။ မေလ ၂၄ ရက် နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်မှာလည်း ကန်ပက်လက်မြို့က နေရာများကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ၄ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားပြီး မနက်ပိုင်းမှာ မတူပီမြို့ကို ဂျက်ဖိုက်တာြဖင့် လေကြောင်းဗုံးကြဲမှု ၁၀ ကြိမ်ခန့် ပြုလုပ်သည်ဟု သိရသည်။ ယင်းလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်သေဆုံးမှု၊ ပျက်စီးမှုနှင့် တိုက်ခိုက်မှု နေရာတို့ကို လတ်တလောမှာ အသေးစိတ် မသိရှိရသေးကြောင်း…

Read More

တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်တပ်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေမှုမှာ ၁၀ ရက်ခန့်ရှိပြီဟုဆို (006SV) ချင်းတောင်ပိုင်း မြို့များနှင့် ချင်း- မကွေးအစပ်ရှိ ယောဒေသနှင့် ပုံတောင်ပုံညာဒေသတို့ကို စစ်တပ်၏ ထိုးစစ်ဆင်မှု အား ခုခံတွန်းလှန်ရမည့် စစ်ဆင်ရေးများတွင် ရန်ပုံငွေ ကျပ်သိန်းသောင်းချီ လိုအပ်နိုင်၍ ကူညီထောက်ပံ့၊ ထည့်ဝင်ကြရန် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့ တပ်မတော် (CPU/ CPA) က တိုက်တွန်းနှိုးဆော်သည်။ CDF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား ချင်းတောင်ပိုင်း၊ ယောဒေသနှင့် ပုံတောင်ပုံညာနေရာတို့မှာ စစ်မျက်နှာဖွင့်ထားရပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁၀ ရက်ဝန်းကျင် ရှိပြီဟု CPU/ CPA ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ယနေ့မှာ လူမှုကွန်ယက်မှတဆင့် ရေးသားပြောဆိုသည်။ “CPU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် မြို့တွေက အရပ်ဘက်၊ စစ်ဘက် ပစ်မှတ်တွေကို စကမ အနေနဲ့ မနားတမ်း လေကြောင်းတိုက်ခိုက်မှုလုပ်နေတာတွေကို ကြည့်ရင်လည်း မြေပြင်တိုက်ပွဲတွေ ဘယ်လောက် ပြင်းထန်နေတယ်ဆိုတာ သိနိုင်ပါတယ်” ဟု ကိုယောမာန်က ပြောသည်။ လက်ရှိတွင် အင်အား ၁၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များကို ရှေ့ဆက် မတိုးနိုင်အောင် တားဆီးထားနိုင်သော်လည်း စစ်တပ်သည် နောက်ထပ် စစ်ကူအင်အား ၁၀၀၀ ‌ကျော်ကို ထပ်မံ ဖြည့်တင်းရန် ပြင်ဆင်နေသည့်အတွက် ခုခံတွန်းလှန်းရမည့် စစ်ဆင်ရေးမှာ ကြာရှည်၊ ပြင်းထန်မည့် အခြေအနေဖြစ်နေသည်ဟု သိရသည်။ ချင်းတောင်ပိုင်းနှင့် ချင်း- မကွေးအစပ်တို့က လက်ရှိစစ်ဆင်ရေး ကုန်ကျစရိတ် ပဏာမ…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့အနီးမှာ ချင်းတော်လှန်ရေးတပ်နှင့် အာဏာသိမ်းစစ်တပ်တို့ကြား အပြန်အလှန် ထိုးစစ်ဆင်မှုများဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။ ချင်း- မကွေးအစပ်၊ ဆောဒေသမှတဆင့် ကန်ပက်လက်မြို့သို မေလ ဒုတိယပတ်မှစတင်ပြီး အင်အားအလုံးအရင်းဖြင့် ဒရုန်းပစ်ကူ၊ လေကြောင်းပစ်ကူအများအပြား အသုံးပြု၍ စစ်တပ်က ထိုးစစ်ဆင်လာသည့်အတွက် ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တချို့ထံမှ သိရသည်။ “အဲဒီမှာ တိုက်ပွဲတွေကတော့ ဆက်လက်ပြင်းထန်နေပါတယ်။ အခုတခေါက်မှာ စစ်တပ်ရဲ့ ဒရုန်းတွေက အရင်နဲ့ မတူဘူး။ အတော်ကြောက်စရာကောင်းလာတယ်။ လေကြောင်းတိုက်ခိုက်မှုလည်း အပြင်းအထန် လုပ်တယ်။ အရင်ရက်က ၆ မိုင်ရွာရဲ့အပေါ်ကို တက်လာနိုင်ပြီးတော့ မြတ်နိုးသူကွေ့ကို ကျော်လာတယ်။ ကန်ပက်လက်မြို့ ကြိုဆိုပါ၏ ဆိုင်းဘုတ်နားအထိ စစ်တပ်က ရောက်လာတယ်။ အဲဒါ ချင်းပူးပေါင်းတပ်က ထိုးစစ်ဆင်တော့ ၆ မိုင်ရွာဘက်ကို ပြန်နောက်ရတယ်လို့ ကြားတယ်။ ဒီနေ့ နောက်ဆုံးအခြေအနေကတော့ မသိရသေးဘူး” ဟု ချင်းတောင်ပိုင်းမှ ဒေသခံ စစ်ရေးရင်းမြစ်တစ်ဦးက ပြောသည်။ စစ်တပ်က လက်ရှိမှာ အခိုင်အမာ နေရာယူထားသော ၆ မိုင်ရွာသည် ကန်ပက်လက်မြို့စည်ပင်သာယာနယ်နိမိတ်အရ မြို့ဧရိယာထဲပါဝင်သည့် အိမ်ခြေအနည်းငယ်ရှိသော ကန်ပက်လက်- ဆော လမ်းမအနီးက ရွာဖြစ်သည်ဟု သိရသည်။ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ကန်ပက်လက်မြို့ကို ချင်းညီနောင်အဖွဲ့က ထိုးစစ်ဆင်သိမ်း ပိုက်ခဲ့ပြီးနောက် တစ်နှစ်ခွဲကျော်အကြာမှာ စစ်တပ်က မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် အင်အား ၁၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု သိရသည်။ နှစ်ဖက် မြေပြင်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေရာမှ လက်ရှိတွင် စစ်ကောင်စီတပ်များသည် ကန်ပက်လက်မြို့အနီး…

Read More

(005MK) အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား စီးဆင်းနေတဲ့ တီအိုချောင်း (Tiau Lui) မှာ ချင်းအမျိုးသားတပ်ဦး CNF/CNA က သဲများထုတ်ယူနေသည့်အတွက်ကြောင့်ဟုဆိုကာ မီဇိုရမ်ပြည်နယ် Farkawn ကျေးရွာ မီဇိုးလူငယ်အသင်း (YMA) က ၎င်းတို့ကျေးရွာမှတဆင့် CNF/CNA ဌာနချုပ်သို့ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခွင့်ကို ပိတ်ပင်လိုက်သည်။ Farkawn ကျေးရွာ YMA အနေဖြင့် မြစ်ချောင်းများ ထိန်းသိမ်းသည့်အနေဖြင့် တီအိုချောင်းတွင် သဲထုတ်ယူခြင်းကို တားမြစ်ထားပြီး ယင်းကိစ္စကို CNF/CNA ကိုလည်း အသိပေးထားသော်လည်း တီအိုချောင်းတွင် စက်ကြီးများဖြင့် သဲများထုတ်ယူနေသည့်အပေါ် နားမလည်နိုင်အောင်ဖြစ်ရသည်ဟု မေလ ၂၄ ရက်နေ့က Farkawn YMA က ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် CNA နှင့် သက်ဆိုင်သည့် မည်သည့်ကုန်ပစ္စည်းမျိုးကိုမဆို Farkawn ကျေးရွာမှတဆင့် ၎င်းတို့၏ ဌာနချုပ်ဘက်သို့ သယ်ဆောင်ခွင့်ကို ပိတ်ပင်လိုက်ပြီး၊ ဒေသတွင်းရှိ ကုန်သည်များနှင့် မော်တော်ယာဉ်မောင်းများအနေဖြင့်လည်း လေးစားလိုက်နာကြရန် Farkawn YMA ၏ ထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။ Farkawn YMA ၏ ပိတ်ပင်တားမြစ်ချက်အပေါ် Farkawn ကျေးရွာကစီးပွားဖြစ်ယာဉ်ပိုင်ရှင်များအသင်း (Farkawn Commercial Vehicle Owner Association – FCVOA) ကလည်း ထေက်ခံကြောင်း ထုတ်ပြန်ထားပြီး၊ အဖွဲ့ဝင်များအနေဖြင့် ကုန်ပစ္စည်းများကို လောလောဆယ်တွင် သယ်ဆောင်ခြင်းမပြုကြရန် ထုတ်ပြန်ထားသည်။

Read More

ဗုံးဒဏ်ကြောင့် မွေးကင်းစ ၄ ရက်သား ကလေးငယ်အပါအဝင် ပြည်သူ ၂ ဦးသေဆုံး (002MG) ချင်းပူးပေါင်းတပ် ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေစဉ် ကန်ပက်လက် အပါအဝင် မြို့ ၃မြို့ကို ၁၀ ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ်ပြုလုပ်ခဲ့ပြီး မွေးကင်းစ ကလေးငယ် အပါအဝင် ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်မြို့များကို လေကြောင်းတိုက်ခိုက်မှုများတွင် ဒေသခံပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိနေသကဲ့သို့ လူနေအိမ်များ၊ ဆိုင်ခန်းများနှင့် အစိုးရ အဆောက်အဦး အများအပြား ပျက်စီးဆုံးရှုံးရသည်ဟု ချင်းပြည်သူ့ အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) က မေလ ၁၃ ရက်မှာ ထုတ်ပြန်သည်။မေလ (၁၃) ရက်နေ့တွင် မင်းတပ်မြို့အား ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်၊ မေလ (၁၄) ရက်နေ့ ညနေပိုင်းတွင် မင်းတပ်မြို့အနီးတွင် (၂) ကြိမ်၊ မေလ (၁၆) ရက်နေ့ ညနေပိုင်းတွင် ကန်ပက်လက်မြို့အား လေ ကြောင်းတိုက်ခိုက်မှု (၁) ကြိမ်နှင့် မေလ (၁၈) ရက်နေ့တွင် မင်းတပ်မြို့အား (၁) ကြိမ် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ စစ်ကော်မရှင်သည် မေလ (၁၉) ရက်နေ့တွင် မတူပီမြို့အား လေကြောင်းတိုက် ခိုက်မှု (၂) ကြိမ်ပြုလုပ်ခဲ့ပြီး လေ ကြောင်းတိုက်ခိုက်မှု ပေါက်ကွဲသံနှင့်တုန်ခါမှုများ ကြောင့် မွေးကင်းစ…

Read More

(002MG) ချင်းလဲန်းဒေသသို့ စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းများစွာဖြင့် အဖက်ဖက်မှ ထိုးစစ်ဆင်လာသောကြောင့် မိဘပြည်သူများအနေဖြင့် လုံခြုံရေးအတွက် ဗုံးခိုကျင်းများ ကြိုတင်ပြင် ဆင်ခြင်းအပါအဝင် ရိက္ခာနှင့် ဆေးဝါးများ လုံလောက်စွာ စုဆောင်းထားကြရန် ဆဲန်ထန်ဗဟိုကောင်စီက ယနေ့မေလ (၂၃) ရက်တွင် သတင်းထုတ်ပြန်သည်။ စစ်ကော်မရှင်သည် ဆဲန်ထန်ဒေသအတွင်းသို့ နည်းမျိုးစုံဖြင့် ဝင်ရောက်ကာ အင်အားဖြည့် တင်းနိုင်သည့် အခြေအနေ များရှိနေသောကြောင့်လက်ရှိအခြေအနေတွင် အမျိုးသားရေးအရ အရေးပေါ်အခြေအနေတစ် ရပ်ဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။ ဆဲန်ထန်လက်နက်ကိုင်တပ်ဖွဲ့ (SRF) အနေဖြင့် ဒေသအတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးဆိုင်ရာ စစ်ဆေး မှုများအား ယခင်ထက် ပိုမိုတင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဖော်ပြထားသည်။ ၎င်းအပြင်ဆဲန်ထန်ဗဟိုကောင်စီ ထိန်းချုပ်နယ်မြေအတွင်း ဖြတ်သန်းသွားလာလိုသူများအနေဖြင့် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများ၏ ထောက်ခံစာများ ယူဆောင်လာမှသာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ မိဘပြည်သူများအနေဖြင့် လက်ရှိတော်လှန် ရေးအခြေအနေအရ လုံခြုံရေးနှင့် ဒေသကာကွယ်ရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သောကြောင့် နားလည်ပေးကြရန်နှင့် နောက်ထပ်အမိန့်စာမထုတ်ပြန်မီကာလအ တွင်း ပူးပေါင်း ကူညီဆောင်ရွက်ပေးကြပါရန် ဆဲန်ထန်ဗဟိုကောင်စီကထုတ်ပြန်သည်။

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အပြင်သွားလာနေသောလူငယ်များကို အာဏာသိမ်းစစ်တပ်နှင့် ၎င်း၏လက်ပါးစေများက အဖမ်းအဆီးကြမ်းနေသည်ဟု သိရသည်။ “စစ်မှုထမ်းဆွဲတာတော့ ဒီရက်ပိုင်းမှာ အသကုန်ဆွဲ့နေတာ။ အရင့်အရင်ထက်ကို တော်တော်လေးကို ဆိုးဝါးလာတာ ပေါ့။ တခြားမြို့တွေမှာ စစ်မှုထမ်းဆွဲတာ လူဦးရေမပြည့်မှီတာနဲ့ ရတဲ့မြို့ တွေမှာ ပိုဆွဲ တဲ့ပုံစံမျိုးရှိတယ်။ ပြီးတော့ ဟိုးနေ့ကလည်း သူတို့ရဲ့ စစ်ထောက်ပို့လေယာဉ်နဲ့ ဆွဲထားပြီးတဲ့လူတွေကို တခါတည်းတင် ပေးလိုက်တယ်လို့ ပြော တယ်။ စစ်မှုထမ်းဆွဲတာ အရင်ထက်ကို တော်တော်လေးကို ဆိုးနေတယ်။” ဟု ကလေးမြို့က ဒေသခံတစ်ဦးက ပြောသည်။ ကလေးမြို့ဗိုလ်ချုပ်လမ်းမ မင်းကြီးဟိုတယ်ရှေ့အပါအဝင် မြို့၏ အချက်အချာကြသောနေရာများတွင် စစ်တပ်၊ ရဲ၊ ပျူစောထီးအဖွဲ့ဝင်များက စစ်မှုထမ်းရန်အတင်းအဓမ္မလူသစ်စုဆောင်း(ပေါ်တာဆွဲ)နေသည့်အပြင် တချို့တပ်ဖွဲ့ဝင်များ ကလည်း မြို့အနှံ့ပတ်သွားကာ လမ်းများတွေ့သည့် လူငယ်များကိုဖမ်းဆီးလေ့ရှိသည်ဟု သိရသည်။ အဖမ်းခံရသည့်လူငယ်များကို ကလေးမြို့ စုပေါင်းရုံးတွင် ချက်ချင်းပို့ဆောင်ကာ ယင်းမှတဆင့် စခန်းကြီးကျေးရွာအနီး အမှတ် (၁၀) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ စစ်မှုထမ်းသင်တန်းတက်ရန် ပို့လေ့ရှိပြီး၊ တချို့ မှာလည်း စစ်ထောက်ပို့လေယာဉ်ကြုံဖြင့်လည်း အခြားမြို့၊ ဒေသများသို့လည်း ပို့ဆောင်သည်ဟု သိရသည်။ ယနေ့မေလ ၂၁ ရက် နံနက်ပိုင်း ၁၁ နာရီကစ၍ ကလေးမြို့ မင်းကြီးဟိုတယ်ရှေ့တွင် အာဏာသိမ်းစစ်တပ်က လူအင်အားအများအပြားဖြင့် အတင်းအဓမ္မလူသစ်စုဆောင်း(ပေါ်တာဆွဲ)နေပြီး ပြည်သူများသတိရှိကာ အဆိုပါနေရာ ဘက်သို့ မသွားကြရန် ကလေးဒေသအခြေစိုက် Voice of Kalay ကဖော်ပြသည်။ ယခုနောက်ပိုင်းတွင် စစ်မှုထမ်းအတွက် အတင်းအဓမ္မဖမ်းဆီးခံရသူများကို ငွေကြေးဖြင့် ပြန်ရွေးထုတ်လို့မရတော့ဘဲ လူအစားထိုးပေးနိုင်မှသာလျှင် ပြန်လွတ်ပေးသည်ဟု…

Read More

(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်သွားကြသည့် ဒေသခံပြည်သူများ ယခုတစ်ပတ်အတွင်း မြို့ပေါ်သို့ ပြန်လည်ဝင်ရောက်လာနေကြကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းမှစတင်ကာ တီးတိန်မြို့မှာ တော်လှန်ရေးအင်အားစုများက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မည်ဟူသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ပြီးနောက် မြို့ခံအားလုံးနီးပါးမှာ ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ခဲ့ကြရာ တစ်လခန့်အကြာမှာ နေရပ်သို့ပြန်လာကြခြင်း ဖြစ်သည်။“လက်ရှိ တီးတိန်မြို့က ပြည်သူအတွက် လုံခြုံလို့လားဆိုရင် အဲလိုတော့ မပြောတတ်ဘူး။ လူတွေ ပြန်လာကြတော့ အဲလိုပဲ ပြန်လာဖြစ်ကြတာပေါ့နော်။ တစ်ဖြည်းဖြည်းနဲ့ နည်းနည်းချင်း ပြန်လာကြပြီ။ အခု မြို့ဒေသခံ တစ်ဝက်နီးပါး ရှိရင်ရှိလောက် မယ်ရှင့်။ အစကတော့ မြို့ခံအားလုံးနီးပါး စစ်ရှောင်သွားကြတာပေါ့နော်။ မြို့ထဲတိတ်ဆိတ်နေတာပဲ။ အခုတော့ ပြန်ဆူညံ လာပါပြီ” ဟု တီးတိန်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ ပြီးခဲ့သည့် တစ်ပတ်ခန့်ကအထိ တီးတိန်မြို့တွင်း၌ အလွန်တိတ်ဆိတ်နေခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ဒေသခံများ သိသိသာသာပြန်လည်ရောက်ရှိလာကြပြီး အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်တွင် စစ်ရှောင်နေကြသူများနှင့် တီးတိန်မြို့အနီးအနားရှိ ကျေးရွာများတွင် ခိုလှုံနေကြသည့် စစ်ရှောင်များ အဓိက ပြန်လည်ဝင်ရောက်လာကြခြင်း ဖြစ် သည်ဟု ၎င်းက ဆက်ပြောသည်။ ထိုသို့ စစ်ရှောင်ပြည်သူများ နေရပ်သို့ ပြန်လည်ဝင်ရောက်လာကြခြင်းမှာ စစ်ရှောင်ရာဒေသများတွင် ရင်ဆိုင်နေရသည့် အထွေထွေအခက်အခဲများကြောင့် ပြန်လာကြခြင်းဟု သိရသည်။ စစ်ရှောင်အများစု သွားရောက်ခိုလှုံရာ ကလေးမြို့တွင် အိမ်ငှားခများ မြင့်တက်နေခြင်း၊ အိမ်ငှားရှာဖွေရန် ခက်ခဲခြင်းတို့ ကြောင့် မတတ်နိုင်ကြတော့သည့်အပြင် အမျိုးအိမ်များ၌ မိသားစု နှစ်စု၊ သုံးစုခန့် စုပြုံနေထိုင်ရသဖြင့် နေထိုင်ရေး…

Read More