(06SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်သို့ စစ်မျက်နှာနှစ်ခုဖွင့်၍ အင်အား ၄၀၀ ကျော်နှင့် ထိုးစစ်ဆင်နေသော စစ်ကောင်စီကို အပြင်းအထန် ခုခံကာကွယ်နေရချိန်မှာ ဘတ်ဂျတ်လိုငွေများ ကြုံနေရသောကြောင့် ပြည်သူများ၏ ပံ့ပိုးမှု၊ ငွေကြေးထည့်ဝင်မှု များစွာလိုအပ်နေကြောင်း CDF – ကန်ပက်လက်က ထုတ်ပြန်သည်။ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်နေသော စစ်တပ်နှင့် တိုက်ပွဲ ပိုပြင်းထန်မှုနှင့်တူ စစ်အသုံးစရိတ် ပိုမိုမြင့်တက်လာပြီး တိုက်ပွဲအတွင်း ခဲယမ်း၊ ကျည်၊ ရိက္ခာ တို့ကို အလျင်မီထောက်ပို့နိုင်ရန် ကြိုးပမ်းနေရသည်ဟု CDF ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။ CDF – ကန်ပက်လက်သည် နွေဦးတော်လှန်ရေးတွင် အစောဆုံး လက်နက်ကိုင်စွဲ တော်လှန်သည် တပ်ဖွဲများအနက်မှ တစ်ဖွဲ့ဖြစ်သော်လည်း လက်ရှိအချိန်ထိ တူမီးနှင့် ခါးချိုးကိုသာ အားပြု၍ တိုက်ပွဲဝင်နေရဆဲ ဖြစ်သည်ဟု သိရသည်။ တဖက်မှာ ပြည်သူနှင့် ရဲဘော်များ၏ ဘေးအန္တရာယ် လျော့ချနိုင်ရေး လူသားစာနာထောက်ထားမှု အကူအညီများ နှင့် ဆေး၀◌ါးကုသရေးများကို ဆောင်ရွက်ပေးနေရသည်ဟု ယနေ့ဇူလိုင်လ ၂၁ ရက်မှာ ထုတ်ပြန်လာခြင်း ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် အင်တာနက် မရှိခြင်း၊ ဆက်သွယ်ရေး အားနည်းခြင်း၊ နည်းပညာ အလှမ်းဝေးခြင်း တို့ကြောင့် ကန်ပက်လက် တော်လှန်ရေးအခြေအနေမှာ လူထုထံ ပျံ့နှံ့မှု အားနည်းခြင်းနှင့်အတူ ဘတ်ဂျတ်လိုငွေ ပြခြင်း ကြုံတွေ့နေသည်ဟု သိရသည်။ စစ်ကောင်စီသည် ကျင်ဒွေးသို့ ရိက္ခာပို့ရန် အင်အား ၃၀၀ ကျော်ရှိ စစ်ကြောင်းနှင့် ကန်ပက်လက်မြို့ပေါ်သို့ တပ်ချိန်းရန် အင်အား ၁၂၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့်…
Author: Editor
(05MK) မဏိပူရ်ပြည်နယ်တွင်း လူမျိုးရေးအဓိကရုဏ်းကြောင့် ဒုက္ခအ၀၀ ခံစားနေကြရသော သွေးချင်းညီအကို ချင်း-ကူကီးအနွယ်၀◌င် လူနည်းစုတောင်တန်းများနှင့်အတူ ထပ်တူခံစားပြီး ၎င်းတို့နှင့်အတူရပ်တည်ကြောင်းပြသသည့်အနေဖြင့် လာမည်ဇူလိုင် ၂၅ ရက်နေ့၌ မီဇိုရမ်တပြည်နယ်လုံးတွင် ချီတက်ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်က အင်အားကြီးသောအရပ်ဖက်လူမှုအဖွဲ့အစည်းများဖြစ်သည့် Central Young Mizo Asso ciation (CYMA), Mizo Upa Pawl (MUP), Mizo Hmeichhia Insuihkhawm Pawl (MHIP), Mizo Zirlai Pawl (MZP), Mizo Student Union (MSU) စသည့် ၅ ဖွဲ့ဖြင့်စုဖွဲ့ထားသော NGO Co-ordination Committee က မဏိပူရ်အရေးနှင့်ပတ်သက်၍ ဇူလိုင် ၂၀ ရက်နေ့က တွေ့ဆုံခဲ့ကြသည်။ ယင်းတွေ့ဆုံမှုတွင် မဏိပူရ်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေးအဓိကရုဏ်းကြောင့် ဒုက္ခအ၀၀ ခံစားနေကြရသော မိမိတို့သွေးချင်း ညီအကို (Zohnahthlak ချင်း-လူရှိုင်း-ကူကီးအနွယ်၀◌င်များ) များနှင့်အတူ ထပ်တူခံစားကာ ၎င်းတို့နှင့်အတူရပ်တည်ကြောင်း မီဇိုရမ်တပြည်နယ်လုံးတွင် ဆန္ဒဖော်ထုတ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါနေ့တွင် မီဇိုရမ်ပြည်သူတရပ်လုံးအနေဖြင့် ပူးပေါင်းပါ၀◌င်ကြရန်လည်း NGO Co-ordination Committee က တောင်းဆိုထားသည်။ ဆန္ဒဖော်ထုတ်မည့်နေ့တွင် မီဇိုရမ်ပြည်နယ်အတွင်းရှိ အိမ်တိုင်းအိမ်တိုင်းတွင် ၀မ်းနည်းခြင်းပြသသည့်အနေဖြင့် စောင်အနက်များ ဖြန့်ကျက်ချိပ်ထားကြရန်နှင့် ယင်းနေ့ တွင် အစိုးရ၀◌န်ထမ်း၊ ကျောင်းသား ကျောင်းသူ၊ စီးပွား ရေး လုပ်ငန်းရှင်များ၊ မော်တော်၊ ဆိုင်ကယ် ယာဉ်လိုင်း ဖြင့် အသက်မွေး၀◌မ်းကျောင်းပြုသူများအားလုံး မိမိတို့လုပ်ငန်းကို ထားခဲ့ပြီး အားလုံးပါ၀◌င်ကြရန် NGO…
(06SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်တို့ ကန်ပက်လက် မြို့အောက်ဘက်၊ မြတ်နိုးသူအကွေ့အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ ၅ ဦး သေဆုံးပြီး ချင်းပူးပေါင်း တပ်က ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ကန်ပက်လက်မြို့နယ်သို့ စစ်ကြောင်း (၂) ကြောင်းထိုးနေရာမှ ဆောမြို့နယ်ဘက်မှ ကန်ပက်လက်မြို့သို့ အင်အား ၁၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေး ပူပေါင်းတပ် (CDF) တို့ ဇူလိုင်လ ၁၉ ရက် ညနေပိုင်း ၆ နာရီခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ချင်းကာကွယ်ရေးတပ် – ကန်ပက်လက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီမှ ၅ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိပြီး ချင်းကာကွယ်ရေးတပ် – ကန်ပက်လက်မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ တချို့ရဲဘော်များမှာ ဒဏ်ရာ ပြင်းထန်သည်ဟု သိရသည်။ “ကျမတို့ ကန်ပက်လက်က နယ်မြေကျဉ်းတယ် လူဦးရေနည်းတယ်ဆိုပေမဲ့ အားလုံးစုစုစည်းစည်းနဲ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနေတာ တော်လှန်ရေးအစကတည်းကနေ ခုထိပါပဲ။ ကျမတို့ဘက်က လက်နက် ငွေကြေး အားနည်းပေမဲ့ ဒီလို စစ်မျက်နှာ ၂ နေရာနဲ့ တပြိုက်နက် ထိုးစစ်ဆင်တာကို ခုထိလည်း ထိန်းထားနိုင်တယ်၊၊ ဆက်ပြီး တော့လည်း တိုက်နေမှာဆိုတော့ ရဲဘော်တွေ အားတက်အောင် အဓိက ကျည်နဲ့ ခဲယမ်း ရိက္ခာပိုင်း ထောက်ပို့ ပေးကြ ဖို့ပဲ…
(06SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီယာဉ်တန်း၊ စစ်ကြောင်း များကို တိုက်ခိုက် ချေမှုန်းနိုင်ရေး လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများ အရေးပေါ်လိုအပ်နေ၍ အမြန်ဆုံး ထောက်ပို့ကူညီရန် ပြည်တွင်း ပြည်ပ ပြည်သူများကို ချင်းကာကွယ်ရေးတပ်-ကန်ပက်လက်က တိုက်တွန်း နှိုးဆော်ထားသည်။ စစ်ကောင်စီသည် စစ်ကြောင်း ၂ ကြောင်းခွဲထားပြီး ဇူလိုင်လ ၁၆ ရက်မှစတင်ကာ မကွေးတိုင်း၊ လောင်းရှည်မှ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ အင်အား ၃၀၀ ခန့်၊ သံချုပ်ကာကား (၂)စီး၊ JCV ကားတစ်စီး နှင့် စစ်ကား ၂၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသည်။ နောက်စစ်ကြောင်းတစ်ခုမှာ ဇူလိုင် ၁၉ ရက်မှစတင်၍ မကွေးတိုင်း၊ ဆောမြို့မှ ကန်ပက်လက်မြို့သို့ အင်အား ၁၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေပြီး ဆော – ကန်ပက်လက်သည် ၁၂ မိုင်သာ ကွားဝေ၍ အချိန်မရွေး တိုက်ပွဲ ပြင်ထန်းနိုင် ကြောင်း CDF – ကန်ပက်လက်က စစ်ရေးတာဝန်ရှိသူများက ပြောသည်။ “ပြည်တွင်းပြည်ပ အလှူရှင်များနဲ့ နိုင်ငံတကာရောက် ချင်းပြည်သူများကရော ကျမတို့ ရဲဘော်တွေ ပေးဆပ်တာနဲ့ ထိုက်တန်အောင် ပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အခုက ရဲဘော်တွေ နည်းတူ စစ်ရှောင်ပြည်သူတွေလည်း ဖျားနာတာတွေနဲ့ ဒုက္ခရောက်နေကြတယ်” CDF – ကန်ပက်လက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဇူလိုင် ၁၄ ရက်မှ ၁၉ ရက်အထိ လောင်းရှည်- ကျင်ဒွေးသို့ စစ်ကြောင်းထိုးလာသော…
(04SS) စစ်ကိုင်းတိုင်း ကလေးမြို့နှင့် မကွေးတိုင်း ဂန်ဂေါမြို့သို့သွားရာ အဓိက လမ်းမကြီးအား စစ်ရေးအခြေအနေကြောင့် အများပြည်သူ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြရန် ယမန်နေ့ ဇူလိုင် ၁၈ ရက်က ပြည်သူ့ကာကွယ်ရေးတပ် PDF-Kalay က သတိပေးချက် ထုတ်ပြန်သည်။ ယခုလက်ရှိ ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ထိတွေ့ တိုက်ပွဲမရှိသော်လည်း စစ်ရေးတင်းမာနေခြင်းကြောင့် ပြည်သူများအား မလိုလားအပ်သည့် အန္တရယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု PDF-Kalay မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုသို့ ကလေး-ဂန်ဂေါ လမ်းမကြီးအား အသုံးမပြုရန် သတိပေးချက်အား မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် လုံခြုံရေးအန္တရယ် တစ်စုံတစ်ရာ ဖြစ်ပွါးပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် တာဝန်ယူခံပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိသည်။ ယခုကဲ့သို့ ဒေသကာကွယ်ရေးတပ်ဖွဲ့မှ အများပြည်သူလုံခြုံစေရန် ထုတ်ပြန်သည့် သတိပေးချက်များအား ကလေးမြို့နယ်အတွင်းရှိ ပြည်သူ ၁၀၀ တွင် ၈၀ ရာခိုင်နှုန်းက လိုက်နာဆောင်ရွက်မှု ရှိနေသည်ဟုလည်း PDF-Kalay ထံမှ သိရသည်။ ကလေး-ဂန်ဂေါ လမ်းပိုင်းအား ပြန်လည်အသုံးပြုနိုင်သည့် အခြေအနေရောက်ရှိပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြန်လည်အကြောင်းကြား ထုတ်ပြန်မည်ဟုလည်း သိရသည်။ ထို့အပြင် ယခုလက်ရှိ ကလေးမြို့နယ်အတွင်း ကလေး- တမူးလမ်း၊ ကလေး- သိုင်ငဲင်းလမ်းမကြီးများအား စစ်ရေးအခြေအနေအရပ်ရပ်ကြောင့် ဖြတ်သန်းသွားလာခွင့် ပိတ်ထားဆဲဖြစ်သည်။
(06SV) စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာမှာ ချင်းပြည်နယ်သည် လူသားချင်းစာနာမှုအကူအညီ အလိုအပ်ဆုံးနှင့် အခက်အခဲဆုံး ဒေသများထဲတွင် ပါဝင်နေသည်ဟု BNI – မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ စာတမ်းမှာ ဖော်ပြထားသည်။ လူသားချင်းစာနာမှုအကူအညီများနှင့် ပတ်သက်၍ “နိုင်ငံတကာအလှူရှင်အစိုးရများအတွက် ပုစ္ဆာ (သို့မဟုတ်) လူသားစာနာ ကူညီရေးအကျပ်အတည်းအား အဖြေရှာကြည့်ခြင်း” ဆိုသည့် သုတေသနစာတမ်းမိတ်ဆက်ပွဲကို Burma News International(BNI) – မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၂၀ ရက်မှာ အွန်လိုင်းက ပြုလုပ်ခဲ့သည်။ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ စစ်ရှောင်ပြည်သူ ၁.၅ သန်းကျော်ရှိပြီး စစ်ကိုင်းတိုင်းက စစ်ရှောင်ပြည်သူ ၆.၆သိန်းကျော်နှင့် လူသားချင်းစာနာမှုအကူအညီ အလိုအပ်ဆုံးနှင့် အခက်အခဲဆုံး ဒေသဖြစ် ကြောင်း၊ မကွေးတိုင်းက စစ်ရှောင်ပြည်သူ ၂.၃ သိန်းကျော်နှင့် ဒုတိယအခက်အခဲဆုံးနှင့် အလိုအပ်ဆုံး ဒေသဖြစ် သည်ဟု စာတမ်းမှာ ဖော်ပြထားသည်။ ထို့အပြင် ချင်း၊ ကရင်နီနှင့် ကရင်ပြည်နယ်တို့က တတိယဦးစားပေးအဖြစ် အခက်အခဲဆုံးနှင့် အလိုအပ်ဆုံး ဒေသများဖြစ်နေသည်ဟု သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ၀◌န်ကြီးဌာန ဒု၀◌န်ကြီးဒေါက်တာငိုင်းတမ်မောင်းက စစ်ကောင်စီတပ်ဖွဲ့၏ ဖြတ်လေးဖြတ်နည်းဗျူဟာကြောင့် ယခုကဲ့သို့အခြေအနေရောက်ရှိခြင်းဖြစ်သည်ဟု ယင်းစာတမ်းထဲတွင်ဖော်ြပထားသည်။ “ရွာအလိုက်ကို မီးရှို့ပစ်လိုက်တာ၊ မီးရှို့တဲ့အခါကျတော့ တစ်နှစ်စာ ရိက္ခာပါသွားတဲ့အပြင် လယ်ယာလုပ်ငန်းမှာ သုံးတဲ့ ကျွဲနွားတွေပါ ဖျက်ဆီးခံရတော့ အမှန်တကယ်ကိုမှ လိုအပ်နေတယ်။ တဖက်မှာလည်း စစ်ကောင်စီက အဲဒီဒေသ တွေကို စားနပ်ရိက္ခာ မရောက်နိုင်အောင် ဖြတ်လေးဖြတ်နဲ့…
(03PT) အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ တွင် ယမန်နေ့ နေ့လည်အချိန်ခန့်က အမျိုးသားတစ်ဦးမှာ ရိုက်နက်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက်တွင်နေထိုင်သူ အသက် ၅၅ နှစ်အရွယ်ရှိ ဦး Pau Khaw Zaam ကို Boihi ဆိုသူအမျိုးသမီးတစ်ဦးက ဦးခေါင်းတွင် ရိုက်နက်မှုကြောင့် ဒဏ်ရာအပြင်းထန်ရရှိပြီး အိန္ဒိဖက်ခြမ်းရှိ ဆေးခန်းတွင် ကုသမှုခံယူနေစဥ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “Boihi က ကားတာယာလုပ်တဲ့ သံချောင်းနှင့်ရိုက်တာ၊ ပြီးတော့ Zokhawthar က Mercy Clinic ဆေးခန်းကို ပို့ကြပြီးတော့ ဆေးခန်းရောက်ရောက်ချင်း အသက်ထွက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ Pau Khaw Zaam နှင့် Boihi တို့သည် ငွေးကြေးကိစ္စနှင့် စကားများရာမှ ယခုကဲ့သို့ လူသတ်မှုအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ယခုလက်ရှိတွင် Boihi ဆိုသူကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားပြီး ပြစ်မှုကျူးလွန်ရာ၌ ကြံရာပါများကိုလည်း ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
(06SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်း၊ ဆောမြို့နယ်အကြားတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ယနေ့တိုက်ပွဲပြင်းထန်ရာ စစ်ကောင်စီက ၅ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိကြောင်း ချင်းကာကွယ်ရေးတပ်- ကန်ပက်လက်၊ Khonu တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ယနေ့ ဇူလိုင် ၁၈ ရက် မနက် ၇ နာရီမှ ၈ နာရီအထိ ကန်ပက်လက်မြို့နယ်၊ မဆာတွီရွာနှင့် ဆောမြို့နယ်၊ ဆွဲလဲကျင်း ရွာကြားမှာ အင်အား ၃၀၀ ခန့်ရှိသော စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်ခဲ့ ခြင်းဖြစ်သည်။ “CDF က တစ်ယောက် မစိုးရိမ် ဒဏ်ရာရထားတယ်။ စကစ ဘက်က ၅/၆ ဦး အနည်းဆုံး ကျမယ်လို့ ဒုတပ်ရင်းမှူး ပြောပါတယ်။ အသေးစိတ် မသိရသေးဘူး။ တက်လာတဲ့ စကစတွေကို အသင့်စောင့်နေတဲ့ ကျနော်တို့ CDF လူငယ်တွေက စပစ်တယ်။ တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နိုင်ဖွယ် ရှိတယ်။ တိုက်ပွဲနဲ့ အနီးစပ်ဆုံး မဆာတွီရွာမှာ ရွာသား တစ်ဦးမှ မရှိကြတော့ပါဘူး”ဟု Khonu တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ တိုက်ပွဲတွင် အထိနာသော စစ်ကောင်စီသည် ယနေ့ မနက် ၁၁ နာရီခန့်တွင် တိုက်လေယာဉ် (၂) စီး အသုံးပြုကာ တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် မဆာတွီကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ပထမတစ်ကြိမ်တွင် တိုက်လေယာဉ် (၂) စီးဖြင့် တစ်ကြိမ်၊ ဒုတိယအကြိမ်တွင် လေယာဉ်…
(04SS) ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် ခိုးဆိုးလုယက်မှု သိသိသာသာတိုးလာနေပြီး မြို့ပေါ်နေပြည်သူများသည် အပြင်ထွက်ရန်ပင် အိမ်စောင့်မရှိဘဲ မထွက်ရဲသည့်အနေအထားထိ ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။ တီးတိန်မြို့က လူငယ်ခေါင်းဆောင်တစ်ဦးက “အခုက တီးတိန်မြို့ထဲမှာ မူးယစ်ဆေးသုံးစွဲသူများလာတယ်၊ အဲလိုလူတွေက အလုပ်လုပ်ဖို့ထက် သူတို့မူးယစ် ဆေးဝယ်နိုင်ဖို့ ခိုးလာကြတယ်၊ အဲလိုနဲ့ ခိုးရာပါပစ္စည်း လက်ခံတဲ့သူလဲရှိတယ်ပေါ့။ ဒါကြောင့်လဲ အခုဆို ခိုးလို့ရ တာမှန်သမျှခိုးကြတယ်၊ အထူးသဖြင့် ဆိုင်ကယ် ပျောက်တာတွေများလာတယ်ပေါ့နော်။ ဒေသခံတွေက အပြင် သွားမယ်ဆို အရင်လို အိမ်သော့ခတ်လိုက်ရုံနဲ့ မသွားရဲကြတော့ဘူး၊ အများအားဖြင့် တနင်္ဂနွေနေ့ ဘုရား ကျောင်း တက်ရင် အိမ်စောင့် တစ်ယောက်လောက်ရှိမှ သွားရဲတော့တဲ့အခြေအနေပေါ့” ဟု တီးတိန်မြို့က လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်ကြာလာသည်နှင့်အမျှ အဘက်ဘက်မှ ကျဆင်းလာသည့် စီးပွါးရေး၊ လူမှုရေး၊ ကုန်စျေးနှုန်းမြင့်တက်နေမှုနှင့် အလုပ်ရှားပါးမှုများ ကြုံတွေ့နေကြရသည့်အပြင် မူးယစ်ဆေးသုံးစွဲမှု များလာသလို အဖွဲ့လိုက် ခိုးဆိုးလုယက်မှု များပြားလာခြင်းဖြစ်သည်ဟု ဆိုသည်။ လွန်ခဲ့သည့် မတ်လမှစတင်ကာ တီးတိန်မြို့အတွင်း ပျောက်ဆုံးခဲ့သည့် ဆိုင်ကယ် ၁၄ စီးအား တီးတိန်မြို့ပေါ် စကောလမ်းရပ်ကွက်နေ ခိုးရာပစ္စည်းလက်ခံသူထံမှ လူငယ်အဖွဲ့က ပြန်လည်သိမ်းသူနိုင်ခဲ့ပြီး ဆိုင်ကယ်များအား ပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။ တီးတိန်းမြို့ပေါ်၊ စကောလမ်းရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ် ခိုးရာပါဆိုင်ကယ်များ လက်ခံပေးနေသူအား တီးတိန်မြို့လူငယ်များက မေလအတွင်း ဒုတိယအကြိမ် သတိပေးခဲ့ပြီးနောက် ယခုရက်ပိုင်းတွင် ၎င်းသည် သူ့သမက်နှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု ဆိုသည်။ လွန်ခဲ့သည့်တစ်ပါတ်အတွင်း…
(05MK) အိမ်နီးချင်းနိုင်ငံသို့ရောက်ရှိနေကြသော ချင်းလူမျိုးများအဖြင့် မိမိတို့နေထိုင်ရာနိုင်ငံအတွက် အနှောက်အယှက်ဖြစ်စေမည့် မူးယစ်ဆေး၀◌ါးနှင့် တရားမ၀င်လုပ်ငန်းများတွင် ပါ၀င်ပတ်သက်ခြင်းမပြုကြရန် ချင်းအမျိုးသားတပ်ဦး CNF က တိုက် တွန်းသည်။ ချင်းအမျိုသားတပ်ဦး CNF က အိမ်နီးချင်းနိုင်ငံများနှင့်ပတ်သက်သော သဘောထား ပေါ်လစီကို ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ရာတွင် ချင်းပြည်သူများအပေါ် ထိုကဲ့သို့ တိုက်တွန်းဖော်ြပခဲ့ခြင်းဖြစ်သည်။ ချင်းပြည်သူများအနေဖြင့် မိမိတို့ရောက်ရှိနေကြသော နိုင်ငံ၏ နိုင်ငံရေးဆိုင်ရာများတွင် ပါ၀င်စွပ်ဖက်ခြင်းမပြုကြရန်၊ တရားမ၀င်သောနည်းလမ်းဖြင့် နိုင်ငံသားအသိမှတ်ပြုကဒ်များ ရယူခြင်များကိုလည်း မပြုလုပ်ကြရန် ချင်းအမျိုးသား တပ်ဦးကဆိုသည်။ ထို့အပြင် တရားဉပဒစိုးမိုးရေးကို ထိခိုက်စေနိုင်သော လုပ်ငန်းများတွင်ပါ၀င်ပတ်သက်ခြင်းမပြုရန် အထူးသဖြင့် မူးယစ်ဆေး၀◌ါးရောင်း၀ယ်ဖောက်ကားမှုလုပ်ငန်းများတွင် ပါ၀င်ပတ်သက်ဆက်နွယ်သူများအား လုံး၀သည်းခံ မည်မဟုတ်ကြောင်း CNF က အသိပေးထားသည်။ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေကြောင့် အိမ်နီးချင်းနိုင်ငံတွင် နေရပ်စွန်ခွါကြသော ချင်းလူမျိုးများ လုံခြုံစိတ်ချစွာခိုလှုံ နေထိုင်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်ရန် ကြိုးစားအားထုတ် လျှက်ရှိရာမှာ ချင်းလူမျိုးများကို တန်ပြန်ထိခိုက်စေမည့် တရားမ၀င်သော လုပ်ငန်းလုပ်ကိုင်သူများကို လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဟုလည်း CNF ၏ ထုတ်ပြန်ချက်တွင်ဖော်ြပထားသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း ချင်းလူမျိုး ၄ သောင်းကျော်ခန့်သည် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည် နယ်တွင် ထွက်ပြေးခိုလုံခဲ့ကြရသည်။ မီဇိုရမ်ပြည်နယ်ကအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်း YMA က မြန်မာစစ်ဘေး ရှောင်များအား လေ့လာမှုတစ်ခုတွင် စစ်ဘေးရှောင်တချို့တွင် အိန္ဒိယနိုင်ငံသားအသိမှတ်ပြုကဒ်(Adhar card) များ တရားမ၀◌င်နည်းလမ်းဖြင့် ပိုင်ဆိုင် မှုရှိသည်ကို တွေ့ရှိခဲ့ကြသည်ဟုဆိုသည်။ ထို့အပြင် မိဇိုရမ်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံဖက်က တင်သွင်းလာသော…
