ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါ လမ်းမပေါ်ရှိ ကလေးနည်းပညာတက္ကသိုလ်မှတဆင့် နတ်မြောင်း၊ နတ်ချောင်း ကျေးရွာဘက်သို့ အင်းအားသုံးရာဝန်းကျင်ဖြင့် စစ်ကြောင်းထိုုးလာသော စစ်ကောင်စီ တပ်ဖွဲ့များနှင့် ကလေးပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့ (PDF-Kalay) တို့အကြား မတ်လ ၁၄ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ခန့် သေဆုံးနိုင်ဟု PDF-Kalay တပ်ရင်း (၁) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “၁၄ ရက််နေ့ကစတာ ဒီနေ့ဆိုရင် လေးရက်မြောက်ပါ။ သူတို့ကတော့ ကလေးမြို့တောင်ပိုင်းဟံသာဝတီကို လက်နက်ခဲယမ်း၊ ရိက္ခာတွေသွားပို့ရင်းနဲ့ နယ်မြေရှင်းလင်းရင်းနဲ့ တခါတည်းထိုးစစ်ဆင်တာ သုံးမျိုးပေါင်းပြီးမှ တခါတည်းလာ လိုက်တာသူတို့က။ မနေ့က သုံးရက်အတွင်းမှာ ၂၀ အထက်ရှိမယ် သူတို့ဖက်က ကျတာ။ မနေ့ကဆိုရင် လက်ဖြောင့်တပ်သားပစ်တဲ့ဟာ ၇ ယောက်ကျတယ်။ အဓိက မိုင်းဆွဲတိုက်ခိုက်တာ များတယ်။” ဟု PDF-Kalay တပ်ရင်း (၁) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နတ်မြောင်းရွာဘက်မှ နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များကို လမ်းကြောင်းတလျှောက်တွင် PDF-Kalay၊ CNDF ၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက အကြိမ်ကြိမ် ဖြတ်တောက်တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။ ယနေ့ မတ်လ ၁၇ ရက်နေ့မနက်ပိုင်းတွင်လည်း ချောင်းခွကျေးရွာနှင့် အောင်ချမ်းသာကျေးရွာကြားတွင် ထပ်မံတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟုလည်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင် PDF-Kalay တပ်ဖွဲ့တို့ အသင့်တပ်ဆင် ထားသည့် တိုက်မိုင်းကွင်းများအတွင်းဝင်ရောက်ပြီး တိုက်မိုင်းများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်…
Author: Editor
စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ မတ်လ ၁၅ ရက်ညနေပိုင်းက ထောင်တွင်းပစ်ခတ်မှုဖြစ်ပွားပြီး ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF ရဲဘော်တစ်ဦးအပါအဝင် အကျဉ်းသား အနည်းဆုံး ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ ရှိခဲ့တယ်လို့သိရပါတယ်။ ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအရ အကျဉ်းကျနေတဲ့သူတွေကို ထောင်အာဏာပိုင်တွေက ခွဲခြားဆက်ဆံမှုရှိရာကနေ မကျေမနပ်ဖြစ်မှုကြောင့် မတ်လ ၁၅ ရက် ညနေပိုင်း ၄ နာရီလောက်ကစပြီး ထောင်အာဏာပိုင်တွေနဲ့ စတင်စကားများ ပြသနာတက်တာကို စစ်တပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံးအကျဉ်းသား ၇ ဦးသေဆုံးပြီး အယောက် ၃၀ လောက်ဒဏ်ရာရရှိနိုင်တယ်လို့ ကလေးမြို့က ထောင်နဲ့နီးစပ်သူ ဒေသခံတစ်ဦးကပြောပါတယ်။ “ထောင်ထဲမှာနိုင်ငံရေးအရရောက်နေတဲ့သူတွေကို ထောင်ဝန်ထမ်းတွေ၊ ထောင်မှူးတွေ ထောင်ပိုင်တွေက ခွဲခြားဖိနှိပ်ပြီး တော့ ဆက်ဆံတဲ့ပုံစံမျိုးပေါ့နော် အဲဒီမှာ စကားများရင်းနဲ့ပြသာနာတက်တာကို ကင်းစောင့်တဲ့တဲတွေကနေ လှမ်းပစ်တယ် ပြောတယ် အဲလိုလှမ်းပစ်တော့ ၇ ယောက်လို့သူတို့ထုတ်ပြန်တယ် အဲဒီထက်လည်းမကလောက်ဘူးဖြစ်နုင်တယ်ပေါ့နော် ဒဏ်ရာရတဲ့သူတွေကလည်းတော်တော်များများ အယောက် ၃၀ လောက်တောင်ထိတာလို့သိရတယ်၊ သေတာကတော့ ၇ ယောက်ထက်မနည်းရှိနိုင်တယ်’’ သေဆုံးသူတွေထဲမှာ ချင်းအမျိုးသားကွယ်ရေးတပ်ဖွဲ့ CNDF က ရဲဘော် ရှလွန်ရှန်းထန်းလျန် ခေါ် ဗန်ဒိန်း လည်း ပါဝင်တယ်လို့သိရပါတယ်။ ဆလိုင်း ရှလွန်ရှန်းထန်းလျန်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ကလေးမြို့မှာ စစ်အာဏာရှင် တော်လှန် ရေး အစီအစဉ်တစ်ခု တာဝန် ထမ်းဆောင်နေစဉ် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံရပြီး ကလေး အကျဉ်းထောင်တွင် အချုပ်ကျနေသူဖြစ်ပါတယ်။ ရှလွန်ရှန်းထန်းလျန်ကျဆုံးမှုနဲ့ပတ်သက်ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ခုလိုပြောဆိုပါတယ်။ “စစ်ကောင်စီက စာထုတ်ထားတဲ့ပုံစံအရတော့ ထောင်ထဲကထွက်ပြေးဖို့ကြိုးစားတယ်ဆိုတဲ့…
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်လာ သည့်အတွက် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၇ ရက်နေ့ကစပြီး ယနေ့ချိန်ထိ CDF-Kanpetlet တပ်ဖွဲ့နှင့် တိုက်ပွဲတောက် လျှောက်ဖြစ်ပွားနေပြီး လက်နက်အင်အားမမျှမှုကြောင့် တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရသည်ဟု CDF-Kanpetlet က ယနေ့ထုတ်ပြန်လိုက်သည်။ “မိမိတို့ CDF-Kanpetlet ဖက်မှ ကျည်မလုံလောက်ခြင်း၊ လက်နက်အင်အားမမျှခြင်း၊ ကျေးရွာအတွင်းရှိပြည်သူများ ထိခိုက်ဒဏ်ရာရမည့်အရေးကိုရှေ့ရှုခြင်းနှင့် သာလွန်အင်အားဖြင့်ထိုးစစ်ဆင်ခံရသည့် အခြေနေများကြောင့် တပ်မ ဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရသည်’’ ဟု CDF-Kanpetlet ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၁၁ ရက်နေ့က CDF-Kanpetlet တပ်မဟာဌာနချုပ်ရှိရာဖက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးလာရာ CDF-Kanpetlet တပ်ဖွဲ့နှင့် ရဲလောင်းပန်းရွာအထက်နား ပန်းတောင်ကျော တွင်ထိ တွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးခဲ့သည်ဟုသိရသည်။ ထို့နောက် မတ်လ ၁၃ ရက်နေ့တွင် ငုံလောင်းရွာမြောက်ဖက် အမ်ပုံရွာ အထက်ပိုင်းတွင် တပ်ဖျောက်ထားသော စစ်ကောင်စီတပ်ဖွဲ့ကို CDF – Kanpetlet ၊ CDF Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force နှင့် Saw- PDF တို့မှ တောနင်းရှာဖွေရာမှထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားကာ စစ်ကောင်စီဖက်မှ ၂ ဦး သေဆုံးခဲ့ပြီး မတ်လ ၁၄ ရက်တွင်လည်း ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှအထိအခိုက်အကျအဆုံးမသိရကြောင်း CDF-Kanpetlet ကထုတ်ပြန်သည်။ CDF-Kanpetlet ၊ CDF-Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force…
ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လဲန်းပီမြို့ကနေ မတူပီ-ပလက်ဝကားလမ်းပေါ်မှာရှိတဲ့ ထယ်ဘွေ့တပ်စခန်းဘက်ကို စစ်ကြောင်းထိုး ချီတက်လာတဲ့ အင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့ မတ်လ ၁၂ ရက်ကစပြီး တိုက်ပွဲတောက်လျှောက်ဖြစ်ပွားခဲ့ပြီး နှစ်ရက်အတွင်း စစ်ကောင်စီဘက် အနည်းဆုံး ၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လိုင်လဲန်းပီမြို့ကနေ မတူပီနယ် ထယ်ဘွယ်တပ်စခန်းဘက်ကို လအုပ်ချောင်းအတိုင်း ခြေလျင်နဲ့ ချီတက်လာရာမှာ ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းကာ ကွယ်ရေးတပ်ဖွဲ့ CDF-Matupi နဲ့ CDF-Paletwa ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့ကြတာလို့ CDF-Paletwa ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ “လိုင်လဲန်းပီကနေ စစ်သားတွေ ၁၅၀ ခန့်ပေါ့လေ မတူပီက ထယ်ဘွယ်စခန်းကိုအင်အားဖြည့်ဖို့လာတာပါ လာတဲ့ပုံစံကလည်း ဆမီးဘက်ကနေလာတာမဟုတ်ပဲနဲ့ မရာနယ်မြေကနေ တိုက်ပွဲမဖြစ်တဲ့အချိန်ကျတော့ အဲဒါကို အခွင့်ကောင်းယူပြီးမှ မရာနယ်မြေဘက်ကနေ တိုတဲ့လမ်းကြောင်းဘက်ကိုရွေးပြီးမှလာတာပေါ့ ကျနော်တို့လှုပ်ရှားတဲ့ နယ်မြေကိုဖြတ်တဲ့အချိန်ကျတော့ ၁၂ ရက်နေ့မှာ ကျနော်တို့ CDF-Paletwa ကနေ မိုင်းဆွဲပြီးမှတိုက်တယ် ဟိုဘက်က တစ်ယောက်ကျ ၅ ယောက်လောက်ဒဏ်ရာရတာပေါ့လေ ၁၃ ရက်ကျတော့ ကျနော်တို့ပူးပေါင်းတပ်ဖွဲ့တွေက လအုစ် ချောင်းဆိုတဲ့ ပလက်ဝ-မတူပီနယ်စပ်ချောင်း ၃ ဖွဲ့ပေါင်းတိုက်ခိုက်တယ် အဲဒီမှာလည်း တိုက်ပွဲက ၂ ကြိမ်ရှိပြီးတော့ ဟိုဘက်က ၇ ဦးခန့်ကျဆုံးပြီး ၁၀ ယောက်ကျော်ဒဏ်ရာရတယ်ဆိုပြီး ကျနော်တို့သိရတယ်” လို့ CDF-Paletwa ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ ယမန်နေ့မတ်လ ၁၃ ရက်နေ့က တနေကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့ပြီး ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က CNA ရဲဘော်တစ်ဦးက ကျဆုံးခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လအုပ်ချောင်းအတိုင်း ဆက်လက်ချီတက်သွားပြီး ယနေ့မတ်လ…
မီဇိုရမ်ပြည်နယ်ရောက် Youth For Myanmar အဖွဲ့ကဦးဆောင်ပြီး မြန်မာစစ်ဘေးရှောင်များ ကူညီထောက်ပံ့နိုင်ရ န်အတွက်ဒုတိယအကြိမ် ရံပုံငွေစျေးရောင်းပွဲတော်ကို မတ်လ ၁၈-၁၉ ရက်နေ့၌ အိုင်ဇောလ်မြို့ Millennium Center ကုန်တိုက်ရှေ့တွင် နှစ်ရက်တာ ပြုလုပ်သွားမည်ဟု သိရသည်။ ယင်းရံပုံငွေစျေးရောင်းပွဲတော်တွင် နာမည်ကြီးချင်းအဆိုတော်များဖြစ်သည့် Guys from Chin အဖွဲ့မှ P. Thawng Bawi, David Lai, Benjamin Sum နှင့် ထွဏ်းခမ် အပြင် အခြားသောလူငယ်အဆိုရှင်များကလည်း ဖျော်ဖြေကြမည်ဟု YFM အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “မြန်မာအစားအစာများ ရောင်းတဲ့အပြင် Charity Concert လည်းလုပ်မယ်။ Guys from Chin အဖွဲ့ကိုလည်း ဖိတ်ထား တယ်။ နောက်ပြီး ချင်းအဆိုတော် ထွဏ်းခမ်ကိုလည်း ဖိတ်ထားတယ်။ လူငယ်အဆိုရှင်များကလည်း ပါဝင်အားဖြည့် သီဆိုပေးကြမယ်။ အဓိကတော့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေ ဒုက္ခအမျိုးမျိုးရင်ဆို င်နေကြတယ်၊ ဒီပွဲ ကရလာတဲ့ ရံပုံငွေနဲ့ သူတို့တွေကို လိုအပ်သလို ကူညီထောက်ပံ့သွားဖို့ရည်ရွယ်ပြီး လုပ်တဲ့ပွဲဖြစ်တယ်။” ဟု ပြောသည်။ Youth For Myanmar အဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း (၂) ခြောက်လုံးတော်လှန်ရေး အထိမ်းအမှတ်နေ့က ပထမအကြိမ် စျေးရောင်းပွဲတော်ပြုလုပ်ခဲ့ကြပြီး ရရှိလာသော ရံပုံငွေများကို မီဇိုရမ်ပြည်နယ်ရှိ အကူအညီလိုအပ်နေသော စစ်ဘေးရှောင်စခန်းများကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ “အရင် ၂ ခြောက်လုံးတော်လှန်ရေးနေ့မှာ ပထမအကြိမ်လုပ်တဲ့ ရုံပုံငွေစျေးရောင်းပွဲတော်မှာ ရတဲ့ရံပုံငွေကို လောင်တလိုင်မြို့နယ်မှာရှိတဲ့…
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် မတ်လ (၅) ရက်နေ့ ည (၉:၀၀) နာရီခန့်က မြို့တွင်းရှိ အိမ်ခြေ (၄) လုံးအား ဓာတ်ဆီဖြင့်မီးရှို့ရန်ကြိုးစားခဲ့သူ ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း CNDF က ထုတ်ပြန်သည်။ အဆိုပါ (၃) ဦးမှာ CCTV မှတ်တမ်းများနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်များအရ CNO/CNDF မှ လိိိုက်လံစုံစမ်းရာ Biak Ceu Lal, Ceu Lian Hum နှင့် Sang Lian တို့ဖြစ်ကြောင်း ထင်ရှားသည့်အတွက် မတ်လ (၉) ရက်ည၌ Biak Ceu Lal နှင့် Ceu Lian Hum တို့အား မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် ဖမ်းဆီးခဲ့ရပြီး မတ်လ (၁၁) ရက်၌ Sang Lian အား မီဇိုရမ်ပြည်နယ်၊ ဇိုခေါထာရ်ရွာတွင် ဖမ်းဆီးခဲ့ရာ CNDF အချုပ်ခန်းတွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။ ၎င်းတို့ ၃ ဦးသည် မတ်လ (၆) ရက်နေ့ နံနက် (၁၀) နာရီခန့်တွင်လည်း ဖလမ်း-ရိဒ်လမ်းမကြီးပေါ်ရှိ လိုင်းမွာလ်ကျေးရွာမရောက်မီ အိမ်တစ်လုံးအား မီးရှို့ဖျက်စီးခဲ့ပါသည်ဟု CNDF က ဆိုသည်။ ၂၀၂၂ ခုနှစ်၊ မတ်လ (၆) ရက် ညသန်းခေါင် (၁၁:၃၀) နာရီခန့်တွင် ဖလမ်းမြို့၊ တလန်လိုရပ်ကွက် (လန်ပါး) ရှိ နေအိမ် (၃) လုံး မီးလောင်ကျွမ်းမှုတွင်လည်း ၎င်းတို့…
မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန Excise & Narcotics Department က အိုက်ဇောလ်မြို့ Bethlehem Vengthlang ရပ်ကွက်တွင် မြန်မာနိုင်ငံမှသယ်ဆောင်လာသော Methamphetamines ဆေးပြား (၈) သောင်းကျော် မတ်လ ၁၁ ရက်နေ့ညက ဖမ်းဆီးခဲ့သည်။ ယင်းဆေးပြားနှင့်အတူ ပိုင်ရှင်ဟုယူဆရသူ အမျိုးသမီး အသက် (၄၃) နှစ်အရွယ် Zarzoliani ကိုလည်း ဖမ်းဆီးခဲ့ကြောင်း မီဇိုရမ်ညစဉ်သတင်း LPS တွင်ဖော်ပြသည်။ အလားတူ Excise & Narcotics Department အဖွဲ့မှ မတ်လ ၁၁ ရက်နေ့က မီဇိုရမ်ပြည်နယ် သုံးနေရာတွင် ဘိန်းဖြူ ဂရမ် ၁၄၀ ဖမ်းဆီးခဲ့ပြီး ၎င်းဘိန်းဖြူနဲ့အတူ ပိုင်ရှင်ဟု ယူဆရသော မီဇိုရမ်နိုင်ငံသား ၅ ဦးကိုလည်း ဖမ်းဆီးခဲ့ကြပြီး ND & PS Act 1985 အမှုဖွင့်ဆိုခဲ့ကြသည်။ ယခုရက်ပိုင်အတွင်း မီဇိုရမ်ပြည်နယ်တွင် ဘိန်းဖြူနှင့် Methamphetamines ဆေးပြားများ မကြာခဏဖမ်းဆီးမှုရှိနေပြီး အဆိုပါမူးယစ်ဆေးဝါးများမှာ အိန္ဒိယ-မြန်မာနယ်စပ်ဘက်မှ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများဖြစ်ကြသည်ဟုဆိုသည်။ မီဇိုရမ်၏ အကြီးဆုံးလူမှုအဖွဲ့အစည်းဖြစ်သည့် Central Young Mizo Association ဥက္ကဌ Pu R.Lalngheta က လည်း မူးယစ်ဆေးဝါးတိုက်ပွဲဖျက်ရေးလုပ်ငန်းတွင် အတူတကွပူးပေါင်းပါဝင်ကြရန် ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆလိုင်း လျန်လွယ်နှင့် လွှတ်တော်ကိုယ်စားလှယ်များအား တောင်းဆိုထားသည်ဟု သိရသည်။ Central YMA အဖွဲ့တို့သည် အိုင်ဇောလ်မြို့နှင့်အနီးတဝိုက်တွင်ရှိသော စစ်ဘေးရှောင်များရှိရာ Khamrang, Sairang, Sihhmui, Nghalchawm, Sihphir နှင့်…
စစ်ကောင်စီက တစ်နိုင်ငံလုံးမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပရန်စီစဉ်နေပြီး ချင်းပြည်နယ်မှာလည်း ကျောင်းသား/ ကျောင်းသူ ၃ ထောင်ဝန်းကျင်ခန့်က ဝင်ရောက်ဖြေ ဆိုကြမည်ဟု သိရသည်။ မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ ပလက်ဝမြို့နယ်နှင့် ကျီခါးမြို့နယ်ခွဲတို့ရှိ စာစစ်ဌာန ၉ ခုတွင် ကျောင်းသားကျောင်းသူ ၂၉၅၀ ယောက်က ဖြေဆိုကြမည်ဟု ချင်းပြည်နယ်၊ ပညာရေးမှုဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “စာစစ်ဌာနကတော့ တွန်းဇံ ၂ခု၊ တီးတိန် ၁ ခု၊ ဖလမ်း ၁ခု၊ မတူပီ ၁ ခု၊ ပလက်ဝ ၄ ခုဆိုတော့ စုစုပေါင်း ကြတော့ ကျွန်တော်တို့မှာ ကိုးခုရှိတယ် စာစစ်ဌာနက။ ဖြေဆိုသူစုစုပေါင်းတော့ ၂၉၅၀ ပေါ့ စာရင်းတင်ထားတာ” ဟု ပညာရေးမှုဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် မြို့နယ်အလိုက်စာရင်းမှာ ဖလမ်းမြို့နယ်တွင် ကျောင်းသူ၊ ကျောင်း သား ၃၀၉ ဦး၊ တွန်းဇံမြို့နယ်တွင် ၂၂၉ ဦး၊ ကျီခါးမြို့နယ်တွင် ၂၀၈ ဦး၊ တီးတိန်းမြို့နယ်တွင် ၂၈၆ ဦး၊ မတူပီမြို့နယ်တွင် ၁၀၇ ဦး၊ ပလက်ဝမြို့နယ်တွင် ၁၈၁၁ ဦး တို့ဖြစ်ကြသည်။ ချင်းပြည်နယ် ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်တို့တွင် စာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်ထားသူ…
ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်မတော်၊ ချင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ကိုးရက်တာအတွင်း တိုက်ပွဲပေါင်း ၁၈ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီ ဘက်က ၈၀ ကျော်သေဆုံးခဲ့ သည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ထုတ်ပြန်သည်။ ဖလမ်းမြို့မှ ဟားခါးမြို့သို့ ဦးတည်လာသော စစ်ကောင်စီတပ်၏ ထောက်ပို့တင့်ကားနှစ်စီးနှင့် စစ်ကောင်စီ တပ်အင်အား ၂၀၀ ခန့်ပါရှိသော စစ်ကား ၂၇ စီးကို ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့က ၁၅ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၇၀ ဝန်းကျင်သေဆုံးခဲ့သည်ဟု မတ်လ ၈ ရက်နေ့က ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်သည်။ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ကျနော်တို့က ပြောက်ကျားနည်းနဲ့ချုံခိုတိုက်ခိုက်တာဆိုတော့ အသေ အပျောက်နည်းတယ်၊ သူတို့(စစ်ကောင်စီ)က ကျောက်ကမ်းပါးအောက်မှာ စုပြီးနေရာယူတော့ ကမ်းပါးကို မိုင်းနဲ့ဖြိုတာ သူတို့အထိနာသွားတယ်၊ လက်နက်အားမမျှပေမယ့် နယ်မြေကျွမ်းကျင်မှု နဲ့ စိတ်ဓာတ်က လုံးဝကွာတာပေါ့” ဟု ပြောသည်။ ဖလမ်း-ဟားခါးအကြား တိုက်ပွဲများတွင် ချင်းအမျိုးသားတပ်မတော်(CNA)၊ CDF-Hakha ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CNA မှ ရဲဘော်သုံးဦးနှင့် CNDF မှ ရဲဘော် တစ်ဦးကျဆုံးခဲ့သည်။ ထို့အပြင် ဖလမ်းမြို့နယ် အမှတ် ၂ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းမပေါ်တွင် လှုပ်ရှားနေသည့် စစ် ကောင်စီတပ်ဖွဲ့များနှင့် သုံးကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၈…
စစ်ရေး နိုင်ငံရေးအခြေအနေကြောင့် ဒုက္ခအဝဝခံစားနေကြရသည့် မြန်မာနိုင်ငံသားများနှင့်အတူ ထပ်တူခံစားရပြီး စစ်ဘေးရှောင်းများအနေဖြင့် မိမိတို့၏အခက်အခဲများကို အားမနာတမ်းတင်ပြကြရန်နှင့် တတ်နိုင်သည့်အပိုင်းမှာ ကူညီဆောင်ရွက်ပေးရန် အသင့်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် Central Young Mizo Association (CYMA) ဥက္ကဌ Pu R.Lalngheta ပြောသည်။ “မီဇိုးပြည်သူလူထုအနေနဲ့ ခင်ဗျားတို့ ခံစားနေရသလို ထပ်ထူခံစားနေကြပါတယ်။ မိမိပိုင်ဆိုင်ထားတဲ့ အိုးအိမ်တွေကို စွန့်ခွာပြီးတော့ မီဇိုရမ်မှာ ခက်ခက်ခဲခဲလာနေရတဲ့အခြေအနေထိ ဖြစ်လာတဲ့အပေါ်မှာလည်း တကယ်ဘဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ခင်များတို့အခက်အခဲကို ကျနော်တို့ နာလည်းတယ်။ အခက်အခဲရှိရင် အားမနာဘဲ ပြောကြပါ။ Central YMA အနေနဲ့ လုပ်ပေးနိုင်တဲ့အပိုင်းမှာတော့ နောက်ဆုတ်ထွက်ပြေးမှာမဟုတ်ပါဘူး” ဟု CYMA ဥက္ကဌက ပြောသည်။ မီဇိုရမ်ပြည်နယ်ရှိ Hangzo Natural Park နှင့် Zo Friendship International တို့ပူးပေါင်းပြီး မီဇိုရမ်ပြည်နယ်သို့ ထွက် ပြေးခိုလုံလာကြသည့် စစ်ဘေးရှောင်များအား နှစ်သိမ့်အားပေးသည့် (Raltlan Thlahual) အခမ်းအနားကို မတ်လ ၇ ရက်နေ့က Hangzo Natural Park တွင် ကျင်းပခဲ့ကြပြီး ယင်းအခမ်းအနားတွင် ဧည့်သည်တော်ကြီးအဖြစ်တက်ရောက်လာသည့် CYMA ဥက္ကဌက ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ Central YMA အနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်များခိုလုံနေထိုင်ကြသည့် ဒေသအားလုံးသို့ သွားရောက်ရန် စီစဉ်ကာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်အကောင်အထည်မဖော်နိုင်သေးသော်လည်း အိုင်ဇောလ်မြို့နှင့်အနီးတ ဝိုက်တွင်နေထိုင်ကြသည့် စစ်ဘေးရှောင်စခန်းများကိုမူ မတ်လ ၁၁ နှင့် ၁၂ ရက်နေ့တွင် သွားရောက်ကြည့်ရှုကြမည်ဟု ၎င်းကပြောသည်။ မီဇိုးလူငယ်အသင်း…