ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာဖြစ်ပွားတဲ့ Tilim Operation ရက်ပေါင်း ၆၀ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးခဲ့တယ်လို့ CDF-Thantlang က ထုတ်ပြန်ခဲ့ပါတယ်။ ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF-Thantlang ပူးပေါင်းတပ်ဖွဲ့ဟာ Tilim Operation လို့အမည်ပေးထားသော စစ်ဆင်ရေးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က စတင်ဖော်ဆောင်ခဲ့ကြပြီး ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ အတွင်း စစ်ကောင်စီဘက်က စစ်သားနဲ့ ရဲတပ်သား ၂၀ ဦးသေဆုံးခဲ့ပြီး ၂၅ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကထုတ်ပြန်တဲ့ CDF-Thantlang တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ Tilim Operation စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေနတ် ၅၀ ကျော်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က သိမ်းဆည်းရမိသလို MI 17 Transport Helicopter ၂ စင်းရဲ့ အစိတ်အပိုင်းတချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ CDF-Thantlang က ဆိုပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇန္နဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်သားနဲ့ ရဲတွေနေရာယူထားတဲ့ ရဲစခန်းအတွင်းရှိ အိမ်ငါးလုံးကိုမီးရှို့ ဖျက်ဆီးနိုင်ခဲ့ပြီး ဇန္နဝါရီ ၂ ရက်နေ့မှာ အိမ်နှစ်လုံး ထပ်မံဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ထန်တလန်မြို့ CB Bank မှာ နေရာယူတပ်စွဲထားသော စစ်ကောင်စီတပ်သားနဲ့ ရဲ ၆ ဦးကို ဖမ်းဆီးခဲ့ပြီး သေနတ် ၈…
Author: Editor
ချင်းပြည်နယ် ဟားခါးမြို့တွင် ယမန်နေ့မှစ၍ နိုင်ငံကူးလက်မှတ်များ ပြန်လည်လျှောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးတွင် လျှောက်ထားမည်ဆိုပါက တစ်ရက် ကြိုတင်လျှောက်လွှာယူရပြီး တစ်ရက်လျင် လူအယောက် တစ်ရာသာလက်ခံသည်ဟု နိုင်ငံကူးလက်မှတ်ပြုလုပ်သည့်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “လျှောက်လွှာ တစ်ရက်ကြိုဝယ်ရတယ်၊ ဘာလို့လဲဆိုတော့ လူများလို့ နေ့လယ်တစ်နာရီဆို ပြည့်သွားပြီ ခုဆို မနက်ဖြန်အတွက်လည်း ကုန်သွားပြီ၊ တစ်ဖက်ခါအတွက်ပဲ စရောင်းတယ်” ဟု သူကပြောသည်။ ယနေ့ ပါစ်ပို့ရုံးစဖွင့်တဲ့နေ့မှာ လျှောက်ထားသူ ၄၀၀ ကျော်ရှိပြီး တစ်ရက်တွင် အယောက်တစ်ရာသာ လူဦးရေအကန့်အသတ်ဖြင့် လက်ခံသောကြောင့် အများအပြား လှည့်ပြန်ခဲ့ရသည်ဟု ဟားခါးမြို့ ဒေသခံတစ်ဦးပြောသည်။ ဟားခါးမြို့ ပါတ်စ်ပို့ရုံးတွင် နိုင်ငံသားအမှတ် ၄ မျဉ်းစောင်းကိုင်ဆောင်သူများသာမက စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ တမူးမြို့နယ်နှင့် ဂန်ဂေါမြို့နယ်မှ နိုင်ငံသားအမှတ် ၅ မျဉ်းစောင်း ကိုင်စောင်သူများအနေဖြင့်လည်း ပစ်မှုကင်းရှင်းကြောင်းနှင့် အမှန်တကယ်နေထိုင်သူဖြစ်ကြောင်း ထောက်ခံစာဖြင့် လာရောက်လျှောက်ထားနိုင်သည်ဟု ပါတ်စ်ပ်ု့ရုံးမှ ဆရာတစ်ဦးက ပြောသည်။ နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ယခင်ကကျပ်ငွေ ၄ သောင်းကုန်ကျသော်လည်း ယခုအခါ တစ်သောင်းတိုးမြင့်လိုက်ပြီး ကျပ် ၅ သောင်းကုန်ကျသည်ဟု သိရသည်။ အာဏာသိမ်းစစ်ကောင်စီသည် တနိုင်ငံလုံးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးများကို ဇန်နဝါရီလဆန်းပိုင်းက ပိတ်ပင်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာပြီး စီးပွားရေးအခက်အခဲများ ကြုံတွေ့လာရသည့်အတွက် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သူနှင့် အိမ်နီးချင်းနိုင်ငံများတွင် ပညာဆက်လက်သင်ယူလိုသော ကျောင်းသားလူငယ်များ ပိုမိုများပြားလာနေသည်။
အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ် အင်ဖားမြို့အကျဉ်းထောင်ထဲတွင် ဖမ်ဆီးထိန်းသိမ်းခံနေရသော မြန်မာစစ်ဘေးရှောင်တစ်ဦးမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ညက ရုတ်တရက် သေဆုံးခဲ့သည်ဟု သိရသည်။ သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ်ရှိ ဦး Lamkhochon Guite ဖြစ်ပြီး ၎င်းသည် တမူးမြို့နယ် ကွန်းတောင်းအုပ်စု၊ ဆရာစံကျေးရွာမှ မဏိပူရ်ပြည်နယ် မိုးရေးမြို့နယ် လန်ကျန်ကျေးရွာတွင် စစ်ဘေးတိမ်းရှောင်လာစဉ် ဖမ်းဆီးခံရ၍ အင်ဖားမြို့ Sajiwa ထောင်တွင် အခြားသော မြန်မာစစ်ဘေးရှောင် ၈၀ ကျော်နှင့်အတူ ထိန်းသိမ်းခံနေရသူဖြစ်သည်။ ၎င်းသည် ဖေဖော်ဝါရီ ၂၅ ရက်နေ့ည သန်းခေါင်ယံအချိန်တွင် ရုတ်တရက်နှလုံးရပ်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု Burma Refugee Kabaw Valley မှ နာယက ဦးထန်ဆေးက ပြောသည်။ “နှလုံးရောဂါအခံရှိတာလား ဘာလားတော့ မသိဘူး၊ ရုတ်တရက်ကြီး အော်ပြီးတော့မှ လူးလိမ့်ပြီးတော့မှ၊ ကြည့်လိုက်တော့ နှလုံးရပ်သွားတယ်၊ ထိန်းသိမ်းရေးစခန်းမှာလည်း သိပ်အဆင်မပြေဘူး။ နေရေးထိုင်ရေးခက်ခဲတယ်။ နောက်ပြီးတော့မှ စားဝတ်နေရေး၊ အစားသောက်ကအစ အခက်ခဲတွေရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရှိဘူး” ဟု ဦးထန်ဆေးက ပြောသည်။ ထို့အပြင် အသက် ၇၀ ကျော်အရွယ် အဘိုးအို ၃ ဦးတို့မှာလည်း ကျန်းမာရေးအခြေနေမကောင်းသောကြောင့် အင်ဖားဆေးရုံသို့ ပို့ဆောင်ကာ ကုသမှုခံယူနေရသည်ဟု သိရသည်။ “အဲ့မှာ အသက်ကြီးတဲ့ ၇၀ ကျော်သုံးယောက်ကိုလည်းပဲ ဆေးရုံကို သွားပြီးတော့မှ ဆေးကုသဖို့ပို့လိုက်တယ်လို့ကြားတယ်၊ ဒါပေမယ့်လည်း ကောင်းကောင်းမွန်မွန်မကုပေးဘူး၊ အဲ့လိုနဲ့ ထိန်းသိမ်းရေးစခန်းကို ပြန်ပို့တယ်။ ဒီ မဏိပူရ်အစိုးရရဲ့ လုပ်ရပ်တွေက လူ့အခွင့်ရေး မတရား…
ချင်းပြည်နယ် ထန်တလန်မြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားကာ ချင်းကာကွယ်ရေးဘက်က ရဲဘော် ၂ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ ယင်းနေ့တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CNA ရဲဘော် Salai Zakhariah နှင့် CDF ရဲဘော် Salai Lian Bawi Ceu တို့ ကျဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။ ထန်တလန်မြို့တိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဟားခါးဘက်ကနေလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် လေကြောင်း၊ ကုန်းကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲအခြေအနေများ တနေ့ထက်တနေ့ ပိုမိုပြင်းထန်လာနေသည်ဟု သိရသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ်နိုင်ငံတို့မှ ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင်ပြည်သူများအား ဆက်လက်ကူညီ ထောက်ပံ့ရေးအဆိုကို မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေး ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။ မီဇိုရမ်ပြည်နယ်တွင် ယခုကျင်းပလျှက်ရှိသော လွှတ်တော်အစည်းအဝေး (Assembly Budget Session) တွင် အတိုက်ခံ (INC) ပါတီလွှတ်တော်ကိုယ်စားလှယ် Lalrindika Ralte က စစ်ဘေးရှောင်များအရေးနှင့်ပတ်သော ယင်းအဆိုကို တင်သွင်းခဲ့ရာတွင် မူရင်းအဆို၏ စာသားအနည်းငယ်ပြောင်းလဲကာ လွှတ်တော်ကတညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် Lalrindika Ralte က “အိမ်နီးချင်းနိုင်ငံတို့မှ ဘေးကင်းလုံခြုံရေးအတွက် စစ်ဘေးရှောင်လာကြသူများကို အစိုးရအနေဖြင့် နေရာထိုင်ခင်းများစီစဉ်ပေးကာ ကြင်နာစွာပြုစုပေးပြီး၊ တစုတစည်းတည်း နေထိုင်နိုင်ရေးအတွက် သီးခြားနေရာတစ်ခုစီစဉ်ပေးရန်” ဆိုသည့်အဆိုကို တင်သွားခဲ့သည်။ ယင်းအဆိုကို တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ဝမ်းသာကြိုဆိုကြပြီး အားတက်သရော ဆွေးနွေးခဲ့ကြရာတွင် ယင်အဆို၏ မူရင်းဆိုလိုရင်းမပြောင်းဘဲ “အိမ်နီးချင်းနိုင်ငံ မြန်မာနှင့် ဘင်္ဂလားဒေရှ့်တို့မှ ဘေးကင်းလုံခြုံရေးအတွက် ရောက်ရှိလာကြသော မိမိတို့ညီအကို စစ်ဘေးရှောင်များကို မီဇိုရမ်အစိုးရနှင့် မီဇိုရမ်ပြည်သူလူထုမှ ကောင်းမွန်စွာလက်ခံကြိုဆိုသည့်အပေါ် ကျေးဇူးတင်ကြောင်း၊ လိုအပ်သလို ဆက်လက်ကူညီပြီး ၎င်းတို့နေထိုင်ရေးနှင့် လိုအပ်ချက်များအား ဆက်လက်ကူညီဖြည့်ဆည်းပေးရန်” ဟု ပြင်ဆင်ကာ အတည်ပြုခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ချင်းလူမျိုးအများစုသည် မီဇိုရမ်ပြည်နယ်ဘက်သို့ အိုးအိမ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ အိန္ဒိယဗဟိုအစိုးရက မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်ပြည်သူများအား လက်မခံဘဲ ပြန်လည်ပို့ဆောင်ရန် ဖိအားပေးမှုခံခဲ့ရသော်လည်း မီဇိုရမ်ပြည်နယ်အစိုးရသည် အိန္ဒိယဗဟိုအစိုးရကို…
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပိီမြို့တွင် (၃) လနီးပါး မိုဘိုင်းဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေကာ ကြိုးဖုန်းဖြင့် မိသားစုဝင်များနှင့် ဆက်သွယ်နေကြရပြီး ဖုန်းပြောမိနစ်ဈေးနှုန်း အဆမတန်မြင့်တက်မှုကြုံရသည့်အပြင် လွတ်လပ်စွာ ဖုန်းပြောဆိုနိုင်ခြင်းမရှိသောကြောင်း ခက်ခဲများကြုံနေကြရသည်ဟု ခရီးဝေးရောက် မတူပီမြို့ခံတစ်ဦးက ပြောသည်။ “မိုဘိုင်းတော့မရဘူး၊ ကြိုးလိုင်းရတယ် (အိမ်ဖုန်း) ရှေးသရောအခါက ကြိုးဖုန်းတွေတော့ရတယ်၊ သူတို့ ခေါ်လိုက်တဲ့အချိန်မှာ ၅ မိနစ်လောက်တောင်မကြာဘူး ၁ထောင်ကျော်ကုန်သွားတယ်၊ နေကောင်းလား လောက်ပဲပြောလို့ရတယ်။ ကျန်တဲ့ဟာပြောလို့မရဘူး အခြေအနေဘယ်လိုရှိလဲမေးရင် မသိဘူးလို့ပဲပြောတာ မပြောရဲကြဘူး” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ ချင်းပြည်နယ်တောင်ပိုင်းတွင် မိုဘိုင်းဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်နေခြင်းမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းကြောင်းများပိတ်ထားခံရပြီး ဖုန်းတိုင်တို့တွင် ဒီဇယ်ဆီများ ပြတ်တောက်ရာမှ ဖုန်းလိုင်းပြတ်တောက်ခြင်းများ ကြုံလာကြရခြင်းဖြစ်သည်ဟု သိရသည်။ ထို့အပြင် မင်းတပ်မြို့တွင်လည်း မိုဘိုင်းဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခြင်းကြောင့် ဒေသခံပြည်သူများ ဖုန်းလိုင်းရှိသည့်နေရာအထိသွားရောက်ဆက်သွယ်အသုံးပြုနေရပြီး သတင်းအချက်အလက်ရရှိနိုင်ရန်အတွက် ဖုန်းလိုင်းများအရေးကြီးကြောင်း မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ “အခုလည်း ဖုန်းလိုင်းရတဲ့နေရာလေးရောက်လို့ ပြောလို့ရတာ၊ရတဲ့နေရာကရတယ် မရတဲ့နေရာက တော်တော်များတယ်၊ ဒီမှာတော့ စုပြီးတော့မှ လိုင်းမိတဲ့နေရာက ဘယ်နားလေးလဲဆိုပြီးတော့ ပြောဆိုနေရတာ။ သွားရေးလာရေးအတွက် တအားခက်ခဲရှိတာပေါ့၊ မီဒီယာခေတ်ဆိုတော့ ပြောဆိုရတာက အင်တာနက်လိုင်း မရရင်တောင်မှ ဖုန်းလိုင်းက နေရာတကာရင်ကောင်းမှာ” ဟု မင်းတပ်မြို့ခံက ပြောသည်။ ချင်းပြည်နယ်တွင် ဟားခါးမြို့မှအပ ကျန်သည့်မြို့နယ်တို့တွင် အင်တာနက်ဖြတ်တောက်ခံထားရသည်မှာ (၁) နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး ယခုတွင်လည်း မတူပီမြို့၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့တွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေးများ ပြတ်နေသည်မှာ (၃) လ နီးပါးရှိနေပြီဖြစ်သည်ဟု သိရသည်။ မိုဘိုင်းဆက်သွယ်ရေးဖုန်းလိုင်း ပြတ်တောက်နေသည့် မတူပီမြို့တွင်…
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စနေနှင့် တနင်္ဂနွေနေ့နှစ်ရက်အတွက် ဘုရားကျောင်းဝတ်ပြုအစည်းအဝေးများကို စစ်ကောင်စီထံကြိုတင်ခွင့်တောင်းစရာမလိုပဲ ပြန်လည်ခွင့်ပြုလိုက်ပြီဟု ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ေ ဆာင်များအဖွဲ့ (HCMF) ထံမှသိရသည်။ ဟားခါး ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်များအဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်များသည် ဟားခါးမြို့အခြေစိုက် စစ်ဗျူဟာမှူးကို သွားရောက်တွေ့ဆုံပြီး ဘုရားကျောင်းတက်နိုင်ရေး တင်ပြတောင်းဆိုရာမှာ ခုလိုပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဟားခါးမြို့က ဓမ္မအမှုတော်ဆောင်ဆရာတော်တစ်ပါးကပြောသည်။ “ဘုရားကျောင်းဘယ်နေရာမှာရှိသလဲ၊ တာဝန်ခံ သင်းအုပ်ဆရာ တော်ကဘယ်သူလဲ ဆက်သွယ်နိုင်မယ့် ဖုန်းနံဘတ်ပေါ့နော် အသင်းတော်မှာ ပုံမှန်ဝတ်ပြုကိုးကွယ်တဲ့လူဦးရေ ဘယ်လောက်ရှိသလဲဆိုတာ အကြမ်းဖျင်းတင်ပြထားတယ် အဲဒီ တင်ပြတဲ့အပေါ်မှာ လက်ခံပေးပြီးတော့ ခွင့်ပြုပေးတာဖြစ်တယ်” ဟု ဓမ္မအမှုတော်ဆောင်ဆရာတော်ကပြောသည်။ ဟားခါးမြို့ပေါ်တွင် တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်းအစီစဉ်နှင့် အခြားအစီစဉ်များကို မနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ခွင့်ပြုထားပြီး စနေနေ့အတွက် ဝတ်ပြုခြင်း၊ သီချင်းတိုက်ခြင်းနှင့် အခြားအစီစဉ်များကို မနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ စစ်ကောင်စီကခွင့်ပြုထားကြောင်း ဟားခါး ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်များအဖွဲ့က ထုတ်ပြန်သည်။ အဆိုပါခွင့်ပြုချက်သည် ဟားခါးမြို့ပေါ်အခြေစိုက် ဘုရားကျောင်းများအတွက်သာဖြစ်ပြီး စနေနှင့် တနင်္ဂနွေနေ့ရက်အချိန်များတွင်သာ မြို့အုပ်ချုပ်ရေးမှူးရုံးထံ ခွင့်ပြုချက်တောင်းခံရန်မလိုဘဲ သတ်မှတ်ချိန်အတွင်း လွတ်လပ်စွာ ဝတ်ပြုနိုင်မည်ဟုသိရသည်။ သို့သော်လည်း ဘုရားကျောင်းတွင် ဘာသာရေးနဲ့ သက်ဆိုင်သည့် အစည်းအဝေးများ၊ သင်တန်းများ၊ မင်္ဂလာဆောင်ပွဲများနှင့် ဆုတောင်းပွဲများအတွက် စနေ၊ တနင်္ဂနွေနေ့မကျလျှင် သတ်မှတ်ပုံစံအတိုင်း စစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးရုံးတွင် ၅ ရက်ကြိုတင် ခွင့်ပြုချက်ရယူရန် လိုအပ်သည်ဟု သိရသည်။ ထို့အပြင် နာရေးကိစ္စရပ်များတွင်လည်း ခွင့်ပြုချက် ရယူရန်ဖြစ်ပြီး မိဘပြည်သူများအနေနဲ့ စစ်အုပ်ချုပ်ရေးကာလအတွင်း…
ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂၆၉ မှ တပ်သား ၂ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ CDF-Hakha တပ်ဖွဲ့ထံသို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အလင်းဝင်ရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။ အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦးသည် MA3 သေနတ်တစ်လက်၊ MA1 သေနတ်တစ်လက်၊ ကျည်ဆံ ၆၇၄ တောင့်၊ ကျည်ကဒ် ၉ခု၊ လက်ပစ်ဗုံး ၄ လုံး၊ ၆၀မမ ဗုံးသီး ၃ လုံးနှင့် အခြားပစ္စည်းများနှင့်အတူ ၎င်းတို့ထံ အလင်းဝင်ပူးပေါင်းလာခြင်းဖြစ်သည်ဟု CDF-Hakha က ထုတ်ပြန်သည်။ ယခုကဲ့သို့ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား ၂ ဦးကို တစ်ဦးလျှင် ဆုကြေးငွေ ကျပ်သိန်း ၃၀ စီချီးမြှင့်ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း CDF-Hakha ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ကျရောက်သော ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ပွဲတော်ကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့ Vanapa ခန်းမတွင် ဒေသစံတော်ချိန်ည ၇ နာရီတွင် စတင်ကျင်းပခဲ့ကြပြီး မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ဧည့်သည်တော်ကြီးအဖြစ် တက်ရောက်ချီးမြင့်ခဲ့သည်။ ယင်းအစီစဉ်တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါအပြင် မီဇိုရမ်ပြည်နယ်အတွင်းရှိ အင်အားကြီးအရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော CYMA , MZP, MSU, ZORO နှင့် မဏိပူရ်ပြည်နယ်မှ Kuki-Inpui စသည့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး NUG အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်တို့လည်း တက်ရောက်အမှာစကားပြောကြားခဲ့ကြသည်။ ချင်းအမျိုးသားနေ့ ညအခမ်းအနားတွင် Mizo Student Union (Kulva Cultural Club), Zomi Cultural Society, MZP အဖွဲ့တို့မှ ရိုးရာယဉ်ကျေးမှုအကများဖြင့်လည်း ကပြဖျော်ဖြေခဲ့ကြပြီး ဒုတိယပိုင်းအစီစဉ်ကို တေးဂီတဖျော်ဖြေမှုဖြင့် ဆက်လက်ကျင်းပခဲ့ကြရာ Guy from Chin, Zaii Hauchhum, The Matupians, David Darlong, Sawmtea Chhangte, Thawm Kham တို့မှ သီဆိုဖျော်ဖြေပေးခဲ့ကြသည်။ (Photos – Khonumthung Media Group)
တပြည်နယ်လုံးနီးပါး စစ်အုပ်ချုပ်ရေးကြေညာခံထားရပြီး လူ ၅ ဦးထက်ပိုမစုရနှင့် ညအထွက်အမိန့်များပါ ထုတ်ပြန်ထားသည့် ချင်းပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကျရောက်သော ချင်းအမျိုးသားနေ့သည် တိတ်ဆိတ်နေသည်။ ဖေဖော်ဝါရီလ ၂၀ ရက်သည် ချင်းလူမျိုးများ၏ နေ့ထူးနေမြတ်ဖြစ်သော ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ဖြစ်ပြီး စစ်အာဏာမသိမ်းခင်နှစ်များကဲ့သို့ စည်းကာသိုက်မြိုက်စွာကျင်းပနိုင်ခြင်းမရှိကြတော့ဘဲ စစ်ကောင်စီလက်အောက် ယမ်းခိုးငွေများဝေနေသည့် ချင်းတောင်းတန်ကြီးတွင် ချင်းအမျိုးသားနေ့သည် တိတ်ဆိတ်ခြောက်ကပ်နေသည်ဟု ဆိုရမည်။ ချင်းအမျိုးသားနေ့ရောက်လေတိုင်း ပူးဝမ္မသူးမောင်အားကစားကွင်းတွင် အရောင်းအသွေးစုံလင်သော ရိုးရာဝတ်စုံများ၊ ရိုးရာယဉ်ကျေးမှုအက၊ ဓလေ့ထုံးတမ်းအစဉ်အလာများဖြင့် ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိသည့် ပြည်နယ်၏ မြို့တော် ဟားခါး မြို့မှာ ၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ပြည်သူလူထုအနေဖြင့် အကျဉ်းရုံးသဘောဖြင့်လည်း ကျင်းပခြင်းမျိူးပင်မရှိခဲ့ကြောင်း ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ “ကျွန်တော်သိသလောက်ကတော့ ပြည်သူတွေကတော့ မလုပ်ကြဘူး၊ အသင်းတော်အနေနဲ့လည်း ဒီနေ့ကျတော့ ဘာမှမလုပ်ဘူး။ ဒါပေမယ့် အစိုးရဌာနတွေကျတော့ အခမ်းအနားတော့ လုပ်တယ်လို့ကြားတယ် ဝန်ထမ်းတွေက” ဟု ဟားခါးမြို့ခံပြောသည်။ ချင်းပြည်နယ် ဖလမ်းမြို့ပေါ်တွင်လည်း ချင်းအမျိုးသားနေ့အခမ်းအနားကို ယခင်ကဲ့သို့ ကျင်းပနိုင်ခြင်းမရှိကြပဲ ဘုရားကျောင်းများတွင် ဆုတောင်းခြင်းအစီအစဉ်ဖြင့်သာ အကျဉ်းရုံးသဘောပြုလုပ်ခဲ့ကြသည်ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။ တီးတိန်မြို့ပေါ်မှာတော့ စစ်ကောင်စီလက်အောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီး၍ ချင်းအမျိုးသားနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသော်လည်း Non-CDM ဝန်ထမ်းအသိုင်းအဝန်းတချို့နှင့်သာ ကျင်းပခဲ့ကြသည်ဟု တီးတိန်ဒေသခံတစ်ဦးက ပြောသည်။ “ထွေအုပ်က ဦးစီးပြီးတော့ ကျင်းပတယ်၊ သီချင်းဆိုတဲ့သူတွေ၊ ကတဲ့သူတွေ၊ သူတို့ အားကစားပြိုင်ပွဲလုပ်တဲ့ဟာတွေကိုလည်း ဆုချီးမြှင့်တယ်။ လူတော့ သိပ်မများပါဘူး အနည်းဆုံး အယောက် ၅၀၀ တော့ကျော်မယ်။ အရင်တုန်းကထက်စာရင်တော့ မစည်းကားပါဘူး၊…
