Author: Editor

ဒီသတင်းအမှားကို Fifty Two News ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့်လူမှုကွန်ယက်စာမျက်နှာကနေ မေလ ၂၄ ရက်နေ့က ရေးသားထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ Fifty Two News လူမှုကွန်ယက်စာမျက်နှာမှာ “ထန်တလန်မြို့တွင် လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းစဉ် CDF အကြမ်းဖက်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲ့များထိခိုက်မှုမရှိဘဲ အကြမ်းဖက် CDF-Thantlang လက်မောင်းတံဆိတ်ပါ ကျား ၂ လောင်းနှင့်အတူ အိန္ဒိယနိုင်ငံထုတ်ပြောင်းချောသေနတ် ၁ လက်၊ ကျည် ၅ တောင့်၊ လက်လုပ်မိုင်း ၄ လုံးတို့အား သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက် CDF များထွက်ပြေးရာလမ်းကြောင်းရှိ ပြည်သူပိုင်နေအိမ်များမီးရှို့ဖျက်ဆီးသွားကြောင်းသိရပါသည်’’ ဟု ဖော်ပြထားတာဖြစ်ပါတယ်။ ထန်တလန်မြို့မှာ မေလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် CDF-Thantlang တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုမှာ မှန်ကန်ပေမယ့် CDF-Thantlang ဘက်က အကျဆုံးမရှိခဲ့သလို စစ်ကောင်စီဘက်ကသာ ၆ ယောက်သေဆုံးခဲ့တာဖြစ်တယ်လို့ CDF-Thantlang က တရားဝင်ထုတ်ပြန်ထားပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်ကို အောက်ပါလင့်မှာကြည့်ရှုနိုင်ပါတယ်။ Link https://www.facebook.com/100491915475960/posts/375929524598863/ အဲဒီတိုက်ပွဲဖြစ်စဉ်မှာ CDF-Thantlang ဘက်က ကျဆုံးမှုမရှိဘဲ သူတို့ရဲဘော် ၄ ဦး မပြင်းထန်သောဒဏ်ရာအနည်း ငယ်ရရှိခဲ့ကြတယ်လို့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထန်တလန်မြို့အမှတ် ၁ ရက်ကွက်က မီးမလောင်သေးတဲ့နေအိမ်တွေကို အိမ်တိုင်း လိုလိုမီးရှိုခဲ့တာကြောင့် အိမ်အတော်များများလောင်ကျွမ်းပြာကျခဲ့ရတယ်လို့ CDF-Thantlang ရဲ့ထုတ်ပြန်ချ က်မှာဖော်ပြထားပါတယ်။ ဒါကြောင့် Fifty Two News မှာတင်ထားတဲ့ “ ထန်တလန်မြို့ကို CDF တွေက ထပ်မံမီးရှို့’’ ဆိုတဲ့ပိုစ့်ဟာ သတင်းအမှား သာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေကိုတိုင်က မီးရှိှုခဲ့ကြတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ…

Read More

ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးတွင် ယနေ့ မေလ ၂၆ ရက်နေ့ မနက် ၉ နာရီအချိန်ကစ၍ လက်နက်ကြီးပစ်ခတ်သံများ အဆက်မပြတ်ကြားနေရသည်ဟု သိရသည်။ ပလက်ဝမြို့ဒေသခံတစ်ဦးက “ပလက်ဝမှာတော့ ၂၈၉ တပ်ရင်းရှိတော့ တပ်ရင်းကနေပစ်တာ အခါနှစ်ဆယ် နှစ်ဆယ့်ငါး ကျော်ပြီ၊ တိုက်ပွဲဖြစ်လို့ပဲ ပစ်တာ ခါတိုင်းကမပစ်ဘူး။ လက်နက်ကြီးကတော့ ဒီမနက်ကနေ အခုထိပစ်တုန်းပဲ” ဟု ပြောသည်။ ပလက်ဝမြို့နယ် အဘောင်သာကျေးရွာနှင့် ရုပ်ဝကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့ ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၈၉ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူခြင်းဖြစ်နိုင်သည်ဟု ၎င်းကပြောသည်။ တိုက်ပွဲဖြစ်ပွားမှုအခြေအနေကိုမူ ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြု၍မရသေးပေ။ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်ခဲ့ပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ရေးအခြေအနေပြန်လည်တင်းမာမှုရှိလာခဲ့သည်။ ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ကလည်း ပလက်ဝမြို့နယ် သံထောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသေးသည်။ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား စစ်ရေးတင်းမာနေခြင်းကြောင့် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ပြင်းထန်လာမည်ကို ဒေသခံပြည်သူများအကြား စိုးရိမ်မှုများမြင့်တက်နေသည်ဟုလည်း သိရသည်။ ပလက်ဝမြို့နယ်တွင် ၂၀၁၅ ခုနှစ်ကစ၍ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်ထဲက ပြည်သူတစ်သောင်းကျော်ခန့် ယနေ့ချိန်ထိ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

Read More

ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ယမန်နေ့ (မေလ ၂၅) ည ၈ နာရီခွဲဝန်းကျင်ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ အိမ်ရှင်အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ “ည ၈ နာရီခွဲလောက်ဖြစ်မယ် လက်နက်ကြီးကျလာတာက အသံတော်တော်ကျယ်တယ် သူတို့ရဲ့ မီးဖိုချောင်ဘက်မှာကျလို့ တော်သေးတာ၊ အိမ်ရှင်အမျိုးသားက ဒဏ်ရာရတယ်၊ သိပ်တော့မပြင်းထန်ဘူးလို့” တာဟန်းဒေသခံတစ်ဦးက ပြောသည်။ ကလေးမြို့တွင် ယမန်နေ့ညက သေနတ်ပစ်ခတ်သံ ထွက်ပေါ်ခဲ့ပြီးနောက် တာဟန်းရပ်ကွက်ဘက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အနီးနာက နေအိမ်တွေလည်း တုန်ခါသွားကာ အိမ်ခေါင်မိုးပေါ်တွင်လည်း အစနများ ကျရောက်ခဲ့သည်ဟု သိရသည်။ “ကျနော်တို့ မြို့ပေါ်မှာနေတဲ့သူတွေလည်း မလုံခြုံတော့ဘူး၊ ဘယ်ချိန်မှာ ကိုယ့်အိမ်ပေါ်ကို လက်နက်ကြီးကျရောက်လာမလဲဆိုတာ အမြဲစိုးရိမ်ထိပ်လန့်နေရတယ်၊ အခုက စစ်ကောင်စီတပ်က သူတို့ကြိုက်တဲ့နေရာမှာရမ်းသမ်းပစ်ပြီး ကျချင်တဲ့ နေရာကျဆိုတဲ့သဘောဖြစ်နေပြီ” ဟု တာဟန်းဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် တာဟန်းရပ်ကွက်ဘက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု မကြာခဏဖြစ်ပွားလေ့ရှိပြီး မေလ ၁၀ ရက်နေ့ကလည်း တာဟန်းစျေးအနီး KT ထမင်းဆိုင်အိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲဖြစ်ပြီးဖြစ်သည်။

Read More

ချင်းပြည်နယ် ဟားခါးမြို့တွင် ပညာရေးဌာနနှင့် အခွန်ဦးစီးဌာနက ဦးစီးအရာရှိအဆင့်ရှိသည် ဝန်ထမ်း ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က မေလ ၂၄ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးခဲ့သည်ဟု သိရသည်။ ဟားခါးမြို့ ပြည်နယ် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိဖြစ်သူ ဒေါ်ဝုန်းဟွဲ့နှင့် ပြည်တွင်းအခွန်များဦးစီးဌာနက ဒု-ဦးစီးမှူး ဒေါ်အေးအေးမော်တို့ ၂ ဦးကို CDF တပ်ဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ ယမန်နေ့နံနက်ပိုင်း ၁၁ နာရီခန့်က ရုံးတက်နေစဉ်မှာ အဖမ်းခံခဲ့ရသည်ဟု ဟားခါးမြို့ဒေသခံတစ်ဦးကပြောသည်။ “CDF တွေကို အားပေးထောက်ခံလို့ လူမှုကွန်ယက်မှာလည်း မဟုတ်မမှန် သတင်းတွေလွှင့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခံရတာလို့သိရတယ်၊ မနေ့ကနံနက်ပိုင်း ၁၁ နာရီလောက်မှာ သူတို့ရုံးခန်းမှာသွားဖမ်းတာ” ဟု ဟားခါးမြို့ဒေသခံကပြောသည်။ ၎င်းတို့ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရပဲ မိသားစုဝင်များနှင့်လည်း ယခုချိန်ထိအဆက်အသွယ်မရသေးကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကလည်း ဖလမ်းမြို့က CDM ပြုလုပ်ထားသော ဝန်ထမ်း ၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ရက်အနည်းငယ်ထိန်းသိမ်းကာ ခံဝန်ကတိဖြင့်ပြန်လွှတ်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် အစိုးရဝန်ထမ်းအများစုသည် CDM ပြုလုပ်ခဲ့ကြရာ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတနိုင်ငံလုံးတွင် CDM ပြုလုပ်မှု အားအကောင်းဆုံးပြည်နယ်ဖြစ်သည်။

Read More

ဒီသတင်းအမှားကို Kyaw Thiha ဆိုတဲ့အကောင့်ကနေ မေလ ၂၀ ရက် နေ့က ရေးသားဖော်ပြခဲ့တာဖြစ်ပြီး “ကရင်ပြည်နယ်၊ သေဘောထို စခန်းသိမ်း စစ်ပွဲတွင် မြန်မာတပ်မတော်မှ အရှင်လက်ရ ဖမ်ဆီးရရှိ နီပိတ် ၆ ဦးအားတွေ့စဉ်” ဆိုပြီး အောက်ပါဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် “အမျိုးဘာသာ သာသနာ နှင့် ကြံ့ခိုင်ရေးပါတီအတွက် စိတ်အေးရပါပြီဟု တပ်မတော်ပြောရေး ဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြားခဲ့ပါသည်’’ လို့လည်း အဲဒီအကောင့်မှာဆက်လက်ဖော်ပြခဲ့ပါတယ်။ တကယ့်ဖြစ်စဉ်မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) လက်အောက်ခံတပ်ရင်း (၂၇)၊ တပ်ခွဲ (၂) မှ ဒုခွဲမှူးဗိုလ်ဒ့ါဘော (လက်ရှိCobra စစ်ကြောင်း၏ စစ်ကြောင်းမှူး) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ရဲ့ ကရင်ပြည်နယ် သေ့ဘော့ဘိုးအခြေစိုက်စခန်းကို မေလ ၁၈ ရက်နေ့ညနေ ၄ နာရီမှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းရုံး (KNU) ရဲ့ထုတ်ပြန်ချက်ကို အောက်ပါလင့်မှာတွေ့ရှိနိုင်သည်။ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒု-ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူးတစ်ဦးအပါအဝင် စုစုပေါင်းအလောင်းငါးလောင်းတွေ့ရှိခဲ့သလို စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနှစ်ဦး၊ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊တပ်သားနှစ်ဦး စုစုပေါင်း ၆ ဦးကို အရှင်ဖမ်းဆီးရမိပြီး နောက်တနေ့မှာလည်း စစ်ကောင်စီတပ်သားတစ်ဦးထပ်မံဖမ်းဆီးခဲ့တာလို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါကြောင့် Kyaw Thiha ဆိုတဲ့အကောင့်ကနေ ဖေဖော်ပြထားတဲ့ အဲဒီသတင်းဟာ သတင်းအမှားသာဖြစ်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုများကြားမှာ သတင်းတုသတင်းအမှားများဟာနေ့စဉ်လိုလို ထွက်ပေါ်လျက်ရှိပါတယ်။ စာဖတ်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနများမှ သတင်းတွေကိုသာဖတ်ရှုဖို့တိုက်တွန်း လိုက်ပါတယ်။

Read More

ချင်းပြည်နယ် ထန်တလန်မြ်ို့တွင် ယမန်နေ့ မေလ ၂၃ ရက်က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Thantlang တပ်ဖွဲ့အကြား မြို့တွင်းတိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးပြီး ၈ ယောက်ကျော်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် နံနက်ပိုင်း ၆ နာရီခန့်ကစ၍ ထန်တလန်မြို့အမှတ် ၁ ရပ်ကွက်သို့ ထိုးစစ်ဆင်လာပြီး CDF-Thantlang တပ်ဖွဲ့နှင့် မွန်းလွဲပိုင်း ၂ နာရီကျော်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု CDF-Thantlang က ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ ၈ ယောက်ကျော်ဒဏ်ရာရရှိခဲ့ပြီး CDF-Thantlang တပ်ဖွဲ့မှ ရဲဘော် ၄ ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြသည်ဟု ၎င်းတို့ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ စစ်ကောင်စီတပ်ဖွဲ့မှ ထိုးစစ်ဆင်လာသည့် ထန်တလန်မြို့အမှတ် ၁ ရက်ကွက်သည် လူနေအိမ်များမီးလောင်မှုမရှိသေး သည့်နေရာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က အိမ်တိုင်းကို မီးရှိုခဲ့ကြသည့်အတွက် နေအိမ်အတော်တော်များများမီးလောင်ပြာကျ သွားခဲ့ရသည်ဟု သိရသည်။ မီးလောင်ပြာကျသွားသည့် အိမ်ခြေအရေအတွက်ကိုမူ မသိရသေးပေ။ စစ်ကောင်စီတပ်ဖွဲ့သည် ထန်တလန်မြို့ကို လွန်ခဲ့သော ၂၀၂၁ ခုနှစ်စက်တင်ဘာလမှစ၍ ယမန်နေ့ မေလ ၂၃ ရက်နေ့အထိ အနည်းဆုံး ၂၈ ကြိမ်ခန့် မီးရှို့ခဲ့ပြီး ထန်တလန်မြို့ပေါ်က ဘုရားကျောင်း ၈ ကျောင်းအပါအဝင် လူနေအိမ်ခြေ တစ်ထောင် ကျော် မီးလောင်ပြာကျခဲ့ရပြီးဖြစ်သည်။ အိမ်ခြေ နှစ်ထောင်ကျော်ရှိပြီး လူဦးရေတစ်သောင်းဝန်းကျင်ခန့်နေထိုင်သည့် ထန်တလန်မြို့သည် စစ်ကောင်စီတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှု၊ မီးရှို့မှုကြောင့် ဒေသခံပြည်သူအားလုံးသည်လည်း နယ်စပ်ဘက်နှင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေး တိမ်းရှောင်နေခဲ့ကြရသည်။

Read More

ချင်းပြည်နယ် မင်းတပ်မြ်ို့နယ် မဒပ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ်ခန့်ရှိသော ကလေးငယ်တစ်ဦး ခြေထောက်ပြတ်သွားပြီး မိခင်ဖြစ်သူမှာလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်က မင်းတပ်မြို့အခြေစိုက် ခရလ ၂၇၄ တပ်ရင်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ကြောင့် မဒပ်ကျေးရွာဘက်တွင် လက်နက်ကြီးကျည် ၆ ကြိမ်ခန့်ကျရောက်ပေါက်ကွဲကာ ကလေးငယ်တစ်ဦးမှာ ကျည်ထိမှန်မှုကြောင့် ဘယ်ခြေထောက်ပြတ်သွားပြီး တဖက်ပေါင်အရိုးလည်းထိမှန်ခဲ့သည်ဟု မဒပ်ကျေးရွာသား တစ်ဦးထံမှသိရသည်။ “လက်နက်ကြီးကျလာပြီးမှ အိမ်ဘေးနားကသရက်ပြင်ကိုထိပြီး ကလေးကအိမ်ရှေ့ကိုထွက်တဲ့အချိန်မှာ ဗုံးနဲ့သွားတိုးကော ညာဘက်ခြေထောက်က ဒိုးအောက်ကနေပြတ်ထွက်သွားတယ်၊ ဘယ်ဘက်ကျတော့ ပေါင်အရိုးထိသွားတယ် သူ့အမေကျတော့ နည်းနည်းထိရုံပဲ” ဟု မဒပ်ကျေးရွာသားကပြောသည်။ လက်နက်ကြီးကျည်ထိမှန်သည့်ကလေးငယ်ကို မင်းတပ်မြို့သို့ပို့ဆောင်ကာ ထိုမှတဆင့် မန္တလေးဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat တပ်ဖွဲ့အကြား စစ်ရေးအခြေအနေတင်းမာလျှက်ရှိကာ ယမနေ့ညကလည်း မင်းတပ်မြို့အရှေ့ပြင် မီးသတ်ကုန်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို CDF-Mindat က သွားရောက်ပစ်ခတ်ခဲ့ရာ မိနစ် ၃၀ ခန့််တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့သည်ဟု CDF-Mindat က ထုတ်ပြန်ထားသည်။

Read More

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်ရှိ ဒေသခံပြည်သူများအနေဖြင့် လျှပ်စစ်မီးအသုံးပြုခ (မီတာ) အခွန်ဆောင်ကြရန် စစ်ကောင်စီတပ်ဖွဲ့က တအိမ်တက်ဆင်း လိုက်လံပြောဆိုနေပြီး အကယ်၍ သတ်မှတ်ချိန်အတွင်း မပေးဆောင်ပါက မီးဖြတ်မည်ကို ခြိမ်းခြောက်မှုလည်းရှိနေသည်ဟု သိရသည်။ ချင်းလူမျိုးအများစုနေထိုင်ကြသည့် ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်တွင် လွန်ခဲ့သည့် ၃ ရက်ခန့်ကစ၍ စစ်ကောင်စီတပ်ဖွဲ့များသည် RPG အပါအဝင် လက်နက်အပြည့်အစုံကိုင်ဆောင်ကာ လူနေအိမ်များသို့ဝင်ရောက်ကာ မီတာခပေးဆောင်ကြရန် ပြောဆိုေနသည်ဟု တာဟန်းရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။ “တာဟန်းရပ်ကွက်ဘက်ကို သူတို့တွေလာတာ ၃ ခါလောက်ရှိသွားပြီ၊ စစ်သားတွေလက်နက်အပြည့်အစုံနဲ့ RPG လိုလက်နက်ကြီးလည်းထမ်းလာကြတယ်၊ မီတာဘောက်တပ်ထားတဲ့အိမ်တွေကို တအိမ်ဝင်တအိမ်ထွက်လုပ်နေတယ်၊ အဲဒီမှာ အိမ်ရှင်တွေကို လျှပ်စစ်ရုံးကိုလာပြီး မီတာခပေးဆောင်ကြဖို့ပြောတယ်၊ တချို့အိမ်တွေဆို လာပြီးမပေးဆောင်ရင် မီးဖြတ်မယ်ဆိုပြီးခြိမ်းခြောက်တာတွေရှိတယ်” ဟု တာဟန်းရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်အပြည့်အစုံဖြင့် လူနေအိမ်များသို့ဝင်ရောက်ကာ ယခုကဲ့သို့ ပြုမူဆောင်ရွက်နေသည့်အတွက် ရပ်ကွက်နေပြည်သူများသည်လည်း စိုးရိမ်ထိပ်လန့်နေကြသည်ဟု သိရသည္။ “ကျမတို့အိမ်ကို သူတို့လာတော့ မီတာစာရွက် ၆ လာတာအတွက်လာပေးတယ်၊ သတ်မှတ်ချိန်အတွင်းမှာ လျှပ်စစ်ရုံးကို အခွန်လာမဆောင်ဘူးဆိုရင် မီးဖြတ်ပစ်မယ်ဆိုပြီးပြောသွားတယ် ကျမတို့လည်း ဘယ်လိုလုပ်ရမလဲမသိဘူးဖြစ်နေတယ်၊ တကယ်မီးဖြတ်ခံရမှာလည်းစိုးရိမ်ရတယ်လေ” ဟု တာဟန်းဒေသခံတစ်ဦးက ပြောသည်။ ကလေးမြို့တွင် လျှပ်စစ်မီး ပုံမှန်မရရှိကြတော့သည်မှာ လနှင့်ချီရှိသွားပြီဖြစ်ကာ နေ့လည်ပိုင်းတွင် ၃ နာရီခန့်သာ လျှပ်စစ်မီးလာလေ့ရှိပြီး ညပိုင်းတွင်လည်း ၃ နာရီကျော်ကျော်ခန့်သာ လာလေ့ရှိတော့သည်ဟု သိရသည်။ ကလေးမြို့တွင် ၂၄ နာရီ တစ်ရက်လျှင်ပျမ်းမျှအားဖြင့် လျှပ်စစ်မီး ၇ နာရီခန့်သာ ရရှိနိုင်ကြသည်ဟု တာဟန်းဒေသခံများက ပြောသည်။

Read More

ကလေးမြို့နယ်တောင်ပိုင်းဒေသကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာမျာကို တရွာပြီးတရွာမီးရှို့ခဲ့ပြီး ယနေ့ မေလ ၁၉ ရက်နေ့ နံနက်ပိုင်း ၃ နာရီခန့်ကလည်း လည်ခြားကျေးရွာကို ထပ်မံမီးရှို့ခဲ့ကြသည်ဟု သိရသည်။ လည်ခြားကျေးရွာသည် လွန်ခဲ့သည့် ၃ ရက်မြောက် မေလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က မီးရှိုခဲ့သော ကျေးရွာ ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ထပ်မံမီးရှိုခံရခြင်းဖြစ်သည်။ “တိုက်ပွဲလည်းမရှိပါဘူးဗျ တိုက်ပွဲလည်းမရှိဘဲနဲ့ မီးဝင်ရှို့နေတာ မနေ့က နေ့ပိုင်းကျတော့ ကုက္ကိုလ်ရွာကိုရှို့တယ်၊ ပြီးတော့ ဒီနေ့မနက်ကျတော့ လည်ခြားရွာကိုရှို့နေတယ်၊ လည်ခြားက ရှို့ခံရပြီးသား ခုကတော့ အိမ်အပြောင်းရှို့တဲ့အနေအထား ရောက်ပါတယ်” ဟု ကလေးတောင်ပိုင်းစစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ လည်ခြားကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိသည့်ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ ဒုတိယအကြိမ် မီးရှို့မှုကြောင့် တရွာလုံးပြာကျသည့်အနေအထား ရောက်ရှိသွားပြီဟု သိရသည်။ မေလ ၁၇ ရက်နေ့က ရှားတောကျေးရွာကိုလည်းကောင်း မေလ ၁၈ ရက်နေ့က ကုက္ကိုလ်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့သည်။ ကလေးတောင်ပိုင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ခိုက်မှုမရှိသောလည်း ဒေသခံပြည်သူများ ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရသည့်အချိန်တွင် တရွာပြီးတရွာ ဝင်ထွက်ကာ လူနေအိမ်များကို မီးရှိုခဲ့ခြင်းဖြစ်သည်။ ကလေးတောင်ပိုင်းဒေသတွင်တည်ရှိကြသော အရှေစည်း၊ ရှားဖို၊ တင်သား၊ ရှေရှင်၊ လည်ခြား၊ ကုက္ကိုလ်၊ ရှားတော စသည့် ကျေးရွာများအပါအဝင် အနည်းဆုံးကျေးရွာပေါင်း ၁၀ ရွွာကျော်မှ အိမ်ခြေတစ်ထောင်ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်။ ယခုလက်ရှိတွင် အဆိုပါကျေးရွာများမှ ဒေသခံပြည်သူ လေးသောင်းနီးပါးခန့်သည်လည်း တောထဲတောင်ထဲသို့ စစ်ဘေးတိမ်းရှောင်နေကြရပြီး…

Read More

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်မှှုးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဧပြီလ ၂၂ ရက်နေ့က ရုပ်သံမိန့်ခွန်းကနေ ဖိတ်ခေါ်လိုက်ပါတယ်။ မေလ ၉ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ကြမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့ရဲ့စာရင်းလည်း ထွက်ပေါ်လာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကနေ ဘယ်လိုရလဒ်မျိုးတွေထွက်ပေါ်လာနိုင်ပါသလဲ။ လက်ရှိနိုင်ငံရေး စစ်ရေးပဋိပက္ခအခြေအနေတွေကို ဖြေရှင်းနိုင်ပါ့မလား။ ဒီကိစ္စအပေါ် ချင်းနိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးလည်းဖြစ် လက်ရှိချင်းအမျိုးသားဒီမိုရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကို ဆက်သွယ်မေးမြန်း ထားပါတယ်။ မေး- ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းထားမှုအပေါ် ဘယ်လို မြင်လဲဆိုတာ အရင်ဆုံးပြောပြပေးပါ။ ဖြေ- ကျွန်တော်တို့ကတော့ ဒါကိုလက်မခံသင့်ဘူးပေါ့နော်။ မတက်ရောက်သင့်ဘူးလို့ပဲ တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်တွေကိုလည်းပဲ ဒီလိုပဲ တိုက်တွန်းချင်တယ်ပေါ့။ ဘာကြောင့်လည်းဆိုတော့ အဲ့ဒီ မင်း အောင်လှိုင်ရဲ့ ရည်ရွယ်ချက်ကိုက ငြိမ်းချမ်းရေးကို အမှန်တကယ် တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာ၊ တိုင်းရင်းသားတွေရဲ့ ပြဿနာကို ဖြေရှင်းချင်လို့ ကမ်းလှမ်းတဲ့ဟာလည်း မဟုတ်ဘူး။ သူရဲ့ရည်ရွယ်ချက်ကတည်းကိုက ကျွန်တော်တို့ ဒီလိုချင်တဲ့ဟာကို ရရှိဖို့မဟုတ်ဘူးလေ။ နောက်တခုက အဲ့ဒီလမ်းကြောင်းကိုကလည်းပဲ အဓိကကတော့ သူတို့ကတော့ တဖွဲ့ထဲနဲ့ပဲ လိုက်ကြည့်မယ်ဆိုကတည်းကိုက အရင်တုန်းက ၁၉၉၀ ဝန်းကျင်တုန်းက သူတို့စစ်အစိုးရက လုပ်တဲ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားရေးအပိုင်းကိုပဲ ညှိနှှိုင်းပြီးတော့ အဲ့လိုပဲ ငြိမ်းချမ်းရေးလုပ်တဲ့ပုံစံမျိုးကိုပဲ ရည်ရွယ်ထားတာကိုး။အခု ကျွန်တော်တို့ရဲ့ လက်ရှိ တိုက်ပွဲ ဝင်နေတဲ့၊ အထူးသဖြင့် နွေဦးတော်လှန်ရေးနဲ့ သွားမဲ့နိုင်ငံတော်ကြီးကို အသစ်တဖန် ပြန်လည်တည် ဆောက်ရေး ကိစ္စနဲ့ တိုင်းရင်းသားတွေရဲ့ ကို်ယ်ပိုင် ပြဌာန်းခွင့်နဲ့ တိုင်းရင်းတွေရဲ့ ကိုယ့်ပြည်ထောင်တည် ဆောက်ရေးကလည်း ဒီလမ်းကြောင်းနဲ့…

Read More