Author: Editor

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် CDF-Kanpetlet နှင့် ဧပြီလ ၂၁ ရက်နေ့ကစ၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။ အင်အား ၁၅၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မကွေးတိုင်းဆောမြို့မှ စစ်ကြောင်းတစ်ကြောင်းနှင့် ကန်ပက်လက်မြို့ပေါ်မှ စစ်ကြောင်းတစ်ကြောင်းဖြင့် CDF-Kanpetlet တပ်ဖွဲ့ကို ကြားညှပ်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု CDF-Kanpetlet မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။ “မနေ့က ဆောနဲ့ကန်ပက်လက်ကြားမှာ ရှိတဲ့ကျွန်တော်တို့ အဖွဲ့တွေကို ညှပ်ပြီးတော့မှအတို်က်ခံရတဲ့ သဘောပါ။ မနေ့ ကထိတွေ့မှု တစ်ကြိမ်၊ ဒီနေ့မနက်က နှစ်ကြိမ်ကြားရတဲ့အတွက်ကြောင့် ထိတွေ့မှုက ပြင်း ထန်တဲ့သဘောမျိုးတော့ ဖြစ်မယ်။ အထိအခိုက်က စစ်ကောင်စီဖက်က ဘယ်လောက်ထိတယ် ကျွန်တော်တို့ ဖက်ကလည်း အထိ အခိုက်ရှိ တယ်လို့ကြားရတယ် ဒါပေမယ့် အခုထိတော့ အတည်ပြုဖို့ ခက်သေးတယ်။” CDF-Kanpetlet မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဆောမြို့မှ ကန်ပက်လက်မြို့သို့ အင်အား ၆ဝကျော်ဖြင့် စစ်ကြောင်းထိုးလာပြီး ကန်ပက်လက် မြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ် ၈၀ ခန့်သည်လည်း စစ်ကြောင်းဆင်းလာခြင်းဖြစ်ပြီး CDF-Kanpetlet တပ်ဖွဲ့သည် နှစ်ဖက်ညှပ်တိုက်ခံရကာ ထိုခိုက်ကျဆုံးမှုများရှိနိုင်ပြီး တိုက်ပွဲများလည်းဆက်လက်ပြင်းထန်လာဖွယ်ရှိ သည်ဟု CDF-Kanpetlet ကထုတ်ပြန်ထားသည်။ တိုက်ပွဲများပြင်းထန်လာနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် မည့်သည့်အရေးကြီးကြောင်းအရာများရှိနေပါစေ၊ ဆောနဲ့ ကန်ပက်လက်အကြားသွား လာခြင်းမပြုကြရန် CDF-Kanpetlet မှ အသိပေးထုတ်ပြန်ထားသည်။

Read More

မတူပီမြို့နယ် မင်းတပ်-မတူပီလမ်းမပေါ်ရှိ လည်မျိုချောင်းဆုံတွင် CDF-Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဧပြီလ ၂၀ ရက် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးသေဆုံးခဲ့သည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။ “မနေ့က မနက်ပိုင်းမှာ မတူပီအခြေစိုက် ခမရ ၃၀၄ တပ်ရင်းအောက်ဖက် လည်မျိုချောင်းဆုံမှာ CDF-Matupi နှင့် စကစတွေ နာရီဝက်လောက် ထိပ်တိုက်တွေ့တယ် CDF အနေနဲ့ အထိအခိုက်မရှိ ကျွန်တော်တို့ ပြန်လ ည်ခွာနိုင်တယ် သူတို့ဖက်က ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးအပါအဝင် ၈ယောက်ကျပြီး ၅ ဦးလောက်ဒဏ်ရာရ တယ်” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ ၃၀၄ တပ်ရင်းသည် နယ်မြေရှင်းလင်းရေးပြုလုပ်သည်ဟုဆိုကာ CDF-Matupi တပ်ရင်း ထိန်းချုပ်နယ်မြေဧရိယာအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဘက်မှ ယမန်နေ့တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း စစ်အင်အား ၁၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းလာ သည်ဟု သိရသည်။ CDF-Matupi နှင် စစ်ကောင်စီတပ်ဖွဲ့တို့ ယနေ့မနက်ပို်င်းတွင် ထိတွေ့မှုထပ်မံမရှိသေးသော်လည်း စစ်ကောင်စီ ဘက်မှ ဖုန်းလိုင်းများဖြတ်တောက်ပြီး မကြာမှီအချိန်တွင်းမှာလည်း တိုက်ပွဲများဆက်လက် ပြင်းထန်းလာနိုင်ဖွ ယ်ရှိသည်ဟု CDF-Matupi က ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

Read More

Chinland Joint Defense Committee (CDJC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုပေါလုနှင့် ဆက်သွယ်မေးမြန်းချက် ခိုနူမ်းသုန်သတင်း၊ ၁၈ ဧပြီ ၂၀၂၂ ချင်းကာကွယ်ရေး ပူးပေါင်းကော်မတီ – Chinland Joint Defense Committee (CDJC) ရဲ့ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဧပြီလ ၇ ရက်ကနေ ၁၂ ရက်နေ့အထိ ချင်းအမျိူးသားတပ်ဦး CNF ဗဟိုဌာနချုပ် ဝိတိုရိယစခန်းမှာ ကျင်းပပြုလုပ်ခဲ့ကြပြီး အဲဒီအစည်းအဝေးမှာ Zomi Revolution Organization/Zomi Revolution Army (Eastern Command) အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ကြတယ်လို့ သိရပါတယ်။ ZRA/ZRO (Eastern Command) ကို ဘာကြောင့် ခုလိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ကြတာပါလဲ။ ဒီလိုသတ်မှတ်လိုက်တဲ့ အပေါ် ဘယ်လို အကျိူးသက်ရောက်မှုတွေ ဘယ်လိုရှိလာနိုင်ပါသလဲ။ ဒီကိစ္စနှင့်ပတ်သက်ပြီး Chinland Joint Defense Committee (CDJC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုပေါလုကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ Chinland Joint Defense Committee (CJDC) အနေနဲ့ တတိယအကြိမ်မြောက် ပုံမှန်အစည်း အဝေးထုတ်ပြန်ချက်မှာ ZRO/ZRA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တယ်ဆိုပြီး သိရပါတယ်။ ဘယ်လိုအခြေအနေတွေကြောင့် အဲဒီလိုသတ်မှတ် လိုက်ရတာဘာလဲ။ ဖြေ။ ။ CJDC အဖွဲ့ဝင်တွေလှုပ်ရှားတဲ့နေရာတွေမှာ ZRA/ZRO (Eastern Command) အဖွဲ့တွေအနေနဲ့ နှောက်ယှက်ပြီးတော့ ဖမ်းဆီးသတ်ဖြတ်တဲ့ခိုင်လုံတဲ့သက်သေအထောက်အထားတွေကျနော်တို့ဆီမှာရှိတယ်၊ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့မှ ကျနော်တို့အဖွဲ့ဝင်တွေဖြစ်တဲ့…

Read More

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်းမှာရှိကြသည့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ၈၀၀၀ ကျော်ထံ မီဇိုရမ်ပြည်နယ်အစိုးရက Refugee ID ကဒ္ကို ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်အစိုးရစာရင်အရ အိနိ္ဒယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်း စစ်ဘေးရှောင်ဦးရေ ၈၇၄၇ ရှိသည့်အနက် စစ်ဘေးရှောင် ၈၅၈၈ ဦးထံ Refugee ID ကဒ် ထုတ်ပေးနေပြီဖြစ်ကြောင်း The Aizawl Post သတင်းစာတွင် ရေးသားဖော်ပြသည်။ ကျန်ဖိုင်းခရိုင်အတွင်း Relief Camp (၃၃) ခုရှိပြီး အဆိုပါ Relief camp တွင် စစ်ဘေးရှောင်ဦးရေ ၂၄၃၄ ဦးရှိပြီး Relief camp မဟုတ်သော အခြားသောနေရာတွင်နေထိုင်သူ စစ်ဘေးရှောင်ဦးရေ ၆၃၁၃ ဦး ရှိသည်ဟု သိရသည်။ ဧပြီလ ၁၃ ရက်နေ့ကလည်း Deputy Commissioner ဦးဆောင်မှုဖြင့် အိုက်ဇောလ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင်နေထိုင်သူများကို Refugee ID ကဒ် စတင်ထုတ်ပေးနေပြီဟု စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။ “Aizawl DC က Refugee ID ကဒ်ထုတ်ပေးတယ်။ အိုက်ဇောလ်မြို့နယ်အတွင်းမှာရှိတဲ့ Sihphir, Luangmual, Tuirial, Sihhmui, Sairang မွာရွိတဲ့ စစ်ဘေးရှောင်စခန်းမှာနေထိုင်သူတွေတော့ Refugee ID ကဒ်ရပြီဖြစ်တယ်။ ခုဟာက စစ်ဘေးရှောင်စခန်းတွေမှာနေတဲ့သူတွေကို အရင်ဦးစားပေးလုပ်ဆောင်ပေးတဲ့သဘောဖြစ်တယ်။ စစ်ဘေးရှောင်စခန်းမဟုတ်တဲ့ အခြားသောနေရာမှာနေထိုင်တဲ့သူတွေလည်း မကြာခင်ထုတ်ပေးနိုင်လိုက်မယ်လို့ မျော်လင့်တယ်” ဟု ပြောသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်ခိုလှုံနေသူ…

Read More

ချင်းပြည်နယ်မှာ တော်လှန်ရေးအရှိန်မြင့်နိုင်ရေးအတွက် ရန်ပုံငွေတစ်ရပ်ရှာဖွေတဲ့အနေနဲ့ Chin Digital Lottery – တူမီးထီကို စတင်ရောင်းချနေပြီလို့ ချင်းရန်ပုံငွေအဖွဲ့- Chin Relief Funding Program (CRFP) ကထုတ်ပြန်ထား ပါတယ်။ အဲဒီတူမီးထီကို ဧပြီလ ၁၁ ကနေ ၂၅ ရက်နေ့အထိ ပရိုမိုးရှင်းကာလအဖြစ် သတ်မှတ်ထားပြီး ထီတစ်စောင်ကို တစ်ဒေါ်လာနဲ့ ရောင်းချပေးလျှက်ရှိကာ ပထမဆုကို အမေရိကန် ဒေါ်လာ ၇၅၀ (မြန်မာငွေ ၁၅ သိန်းခန့်) ချီးမြင့်မယ့်အပြင် တခြားဆုသေးတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ တူမီးထီဟာ တော်လှန်ရေးကာလအတွင်း ရန်ပုံငွေရှာဖွေရန်အတွက် ယာယီသတ်မှတ်ထားတဲ့ အမည်နာမ တစ်ရပ်သာဖြစ်ပြီး နောင်ချင်းပြည်အစိုးရအသစ်ပေါ်‌ပေါက်လာတဲ့အခါ (Federal Lottery) အဖြစ် ချင်းဖက်ဒရယ်အ စိုးရထံသို့ တရားဝင်အပ်နှံသွားမယ်လို့ CRFP ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဒိုခါရ်က ယခုလိုပြေပါတယ်။ “ပထမအချက်ကတော့ ဘဏ္ဍာငွေရှာဖွေရေးသက်သက်မဟုတ်ဘဲနဲ့ လာမယ့်ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက် လာတဲ့အခါကျရင် ပြည်နယ် Lottery၊ ဖယ်ဒရယ် Lottery ဖြစ်သွားအောင် ရည်ရွယ်ပါတယ်။ ဘဏ္ဍာငွေ ရှာတဲ့နေရာမှာ ပိုက်ဆံကောက်တော့ကောက်တယ် ငွေကြေးရတယ် ဒါပေမယ့် စနစ်တစ်ခုပုံစံမျိုးမရှိနေဘူး။ ဒါကြောင့် စနစ်တစ်ခုလည်းဖန်တီးမယ် ဘဏ္ဍာငွေလည်းရမယ် တော်လှန်ရေးကိုလည်း အကျိုးပြုမယ်ဆိုတဲ့ ရှုတောင့် သုံးခုကနေ စဉ်းစားတာဖြစ်တယ်။ လက်ရှိအချိန်ထိတော့ အဖွဲ့အနေနဲ့ စမ်းသပ်လုပ်ဆောင်ပြီး အကောင်ထည်ဖော်နေတဲ့ပုံစံမျိုး ဖြစ်တဲ့အခါကျတော့ တရားဝင်ထီပုံစံမျိုးတော့မဟုတ်သေးဘူး။ ဒါပေမယ့် လာမယ့် ဖယ်ဒရယ် Lottery ပေါ်ပေါက်လာ ရေးကို ရည်ရွယ်ထားတဲ့အခါကျတော့ တော်လှန်ရေးရန်ပုံငွေရှာဖွေတဲ့အမည်နာမကို တူမီးထီ Federal Digital Lottery…

Read More

စစ်ကိုင်းတိုင်း ကလေးမြို့နယ် မြောက်ဘက်တွင်တည်ရှိသော PDF (Kalay) တပ်ရင်း (၃) စခန်းတစ်ခုကို ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ အင်းအားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်း သိမ်းပိုက်လိုက်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းက PDF (Kalay) တပ်ရင်း (၃) စခန်းအခြေစိုက်ရာကို ချင်းပြည်နယ်ဘက်က ခြေလျင်နှင့်ပတ်လာပြီး ဝင်ရောက်တိုက်ခိုက်ရာတွင် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက် စခန်းကိုစွန့်လွှတ်လိုက်ရသည်ဟု PDF (Kalay) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျနော်တို့ PDF (Kalay) တပ်ရင်း ၃ ရဲ့အခြေစိုက်စခန်းကို ဝင်ရောက်စီးနင်းသိမ်းပိုက်ခံရတာပါ၊ မနေ့ကမနက်ပိုင်း ၉ နာရီခွဲပတ်ဝန်းကျင်လောက်ကစပြီးတော့မှ ဝင်ရောက်စီးနှင်းခံရတယ် ခုခံကာကွယ်မှုတွေရှိပေမယ့် စခန်းကိုစွန့်ခွါလိုက်ရတယ်” ဟု ၎င်းကပြောသည်။ ယမန်နေ့ကဖြစ်ပွားသည့် အဆိုပါတိုက်ပွဲတွင် PDF (Kalay) တပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ ယနေ့မနက်ပိုင်းတွင်လည်း ကလေးမြို့မြောက်ဘက် ပြည်တော်သာ၊ အင်ကြင်းခုံနှင့် လက်ပံချောင်းကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု သိရသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းဌာနမှာတော့ ကလေးမြို့နယ်၊ သာယာကုန်းကျေးရွာ အနောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာ PDF (Kalay) တပ်ရင်းစခန်းအား လုံခြုံရေးအဖွဲ့များမှရှင်းလင်းစဉ် ၁ လုံးထိုးခါးချိုးသေနတ် ၁၁ လက်၊ ၂ လက်မစိန်ပြောင်း ၁ လက်၊ စိန်ပြောင်းဗုံးသီး ၅ လုံး၊ RPG ဗုံးသီး ၄ လုံး၊ ၁၂ ဗို့ကျဉ် ၂၇၀၀ တောင့်၊ AK-47…

Read More

ကလေးမြို့နယ် မြောက်ပိုင်းဒေသများဖြစ်သည့် ပြည်တော်သာ၊ အင်ကြင်းခုံနှင့် လက်ပံချောင်းကျေးရွာ အနီးအဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ယနေ့မနက်ပိုင်းကစ၍ ပစ်ခတ်မှုဖြစ်ပွားနေသည်ဟု သိရသည်။ ကလေးမြို့ တာဟန်းရပ်ကွက်နှင့် မြောက်ပိုင်းဒေသ ကျေးရွာများဆက်သွယ်သည့် တာဟန်း-လက်ပံချောင်း လမ်းမပေါ်က ပြည်တော်သာကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်း ၁၀ နာရီကျော်ကျော်ခန့်က တိုက်ပွဲဖြစ်ပွား ကာ နေ့လယ် ၁၂ နာရီတွင်လည်း အင်ကြင်းခုံနှင့် လက်ပံချောင်းကျေးရွာအရှေ့ဘက်တွင် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု လက်ပံချောင်းဒေသခံတစ်ဦးက ပြောသည်။ “လက်ပံချောင်းနဲ့ အင်ကြင်းခုံရွာရဲ့ အရှေ့ဘက်မှာ ဒီနေ့ ၁၂ နာရီကနေ သေနတ်ပစ်ခတ်သံတွေ လက်နက်ြ ကီးသံတွေလည်းကြားနေရတယ်၊ ကိုယ့်အိမ်ထဲမှာပဲနေကြတယ် ဘယ်သူမှအပြင်မထွက်ရဲကြဘူး” ဟု လက်ပံချောင်းဒေသခံတစ်ဦးကပြောသည်။ ယခုပစ်ခတ်မှုဖြစ်ပွာသည့် လက်ပံချောင်းကျေးရွာသည် ကလေးမြို့မှ ၁၀ မိုင်ခန့်သာကွာဝေးပြီး ချင်းလူမျိူး အများစုနေထိုင်ကြသည့်ရွာကြီးတစ်ရွာဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ကတည်းက ကလေးမြို့မြောက်ပိုင်းဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။

Read More

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါး​တင်သွင်းမှုနှင့် ဖမ်းဆီးမှု တိုးလာနေကြောင်း Mizoram Excise & Narcotics (MEN) ဌာနက ထုတ်ပြန်သည်။ MEN ၏ ထုတ်ပြန်ချက်အရ မီဇိုရမ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ တိုးများလာခြင်းကြောင့်မဟုတ်ဘဲ မြန်မာ့နိုင်ငံရေးအခြေနေကြောင့် ၎င်းတို့ပြည်နယ်သို့ မူးယစ်ဆေးဝါးဝင်ရောက်လာမှု များပြားနေရခြင်းဖြစ်သည်ဟု The Aizawl Post သတင်းစာတွင် ဖော်ပြသည်။ မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးအများစုမှာ ဘိန်းဖြူနှင့် Methamphetamine စိတ်ကြွဆေးပြားများဟု သိရသည်။ ယခုရက်ပိုင်း မီဇိုရမ်ရှိ ဘိန်းဖြူကြောင့် ဖမ်းဆီးခံထားရသူများမှာလည်း ယခင်က ဘိန်းဖြူရောင်းဝယ်သူမဟုတ်ဘဲ လူသစ်များဖြစ်နေသည်ဟု MEN ဌာနကဆိုသည်။ မီဇိုရမ်တွင် ဖမ်းဆီးထားသော ဘိန်းဖြူအများစုမှာ မြန်မာနိုင်ငံ ချင်းပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ယခင်နှစ်တွေထက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မီဇိုရမ်တွင် ဘိန်းဖြူဖမ်းဆီးမှုများ သိသိသာသာတိုးလာနေသည်။

Read More

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် ဧပြီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြားဖြစ်ပွားသည့် ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအနည်းဆုံး ၃၅ ဦးသေဆုံးခဲ့သည်ဟု ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Kalay) က ထုတ်ပြန်ထားသည်။ အဆိုပါ နှစ်ရက်အတွင်း တိုက်ပွဲတွင် PDF-Kalay, CNDF, CDF-KKG, ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တို့မှ ပဒေသာမိုင်းများဖြင့် အကြိမ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့များ အကျအဆုံးများခဲ့ခြင်းဖြစ်သည်။ ဧပြီလ ၁၀ ရက်နေ့က ရန်ကြီးအောင်ကျေးရွာဘက်မှ စစ်ကောင်စီတပ်အင်အား ၁၅၀ နှင့် ရိက္ခာများတင်ဆောင်လာသော ကုန်တင်ကား ၂၀ စီးတို့သည် ချောင်းခွရွာနှင့် နတ်ချောင်းကျေးရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာကာ ပန်းမွန်းချောင်းတံတားအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့်အပြင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် ညနေပိုင်း ၆ နာရီခွဲတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။ ဧပြီလ ၁၁ ရက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးထပ်မံသေဆုံးကာ ပူးပေါင်းတပ်ဖွဲ့များဘက်မှ CNDF တပ်ဖွဲ့ဝင်နှစ်ဦးတွင် တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ကလေးမြို့၊ ဖွဲ့စက်ဘက်မှ ကလေးနည်းပညာတက္ကသိုလ်ဘက်သို့ ဦးတည်ကာ စစ်ကူတက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ဇင်းကလင်းရွာနှင့် နည်းပညာတက္ကသိုလ်ကြားတွင် PDF-Kalay တပ်ဖွဲ့များက မိုင်းခွဲတိုခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး ထိမှန်သေဆုံးခဲ့သည့်အပြင် ညနေ ၃ နာရီအချိန်တွင် နတ်မြောင်းရွာမှ စည်သာရွာဘက်သို့ ခြေလျင်စစ်ကြောင်းထွက်လာစဉ် ထပ်မံမိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးကြောင်း ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ၎င်းအပြင် စစ်ကောင်စီစစ်ကြောင်းများနှင့်…

Read More

ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်ရှိ မှန်တောကျေးရွာမှ စစ်ဘေးရှောင်ချင်းလူငယ် ၃ ဦးသည် ရွာထဲသို့ ရိက္ခာသွားယူနေစဉ် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ “သူတို့က တောထဲကနေ ရွာထဲကို ရိက္ခာပြန်ယူတာ စကစတွေလာတာ တယောက်နဲ့တယောက် အချိတ်အ ဆက်မမိကြတာထင်တယ်သူတို့ကိုဖမ်းတာ၊ ရွာထိပ်မှာပဲ သူတို့ ၃ ယောက်စလုံးအသတ်ခံရတာ၊ နှစ်ယောက်က ညီကိုအရင်းတွေ” ဟု မှန်တောဒေသခံတစ်ဦးက ပြောသည်။ အသတ်ခံရသည့် ချင်းလူငယ် ၃ ဦးမှာ Salai Ni Dun Sang (၁၉ နှစ်) Pu Thang Bik (၂၉ နှစ်)နှင့် Pa Lian Thio (၃၁ နှစ်) တို့ ဖြစ်ကြသည်။ ၎င်းတို့ ၃ ဦးသည် ရွာထဲသို့ ရိက္ခာပြန်သွားယူသည့်အချိန် ဧပြီလ ၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းနှင့် တိုးမိကာ အဖမ်းခံရခြင်းဖြစ်ပြီး ဧပြီလ ၉ ရက်နေ့တွင် ရွာထိပ်သို့ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ မှန်တောကျေးရွာသည် ကလေးမြို့မှ ၃၅ မိုင်ခန့်ကွာဝေးပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအားလုံးသည် ရွာကိုစွန့်ခွါ၍ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေသည်မှာ ၂ လခန့်ရှိပြီဟု သိရသည်။

Read More