စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမပေါ်မှာရှိတဲ့ နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ဧပြီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ မီးရှို့တာကြောင့် ၂ ရက်အတွင်းမှာ အိမ်ခြေ ၁၀၀ နီးပါး လောင်ကျွမ်းပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ အင်အား ၁၅၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကလေး-ဂန့်ဂေါလမ်းမအတိုင်း ရန်ကြီးအောင်ကျေးရွာ ဘက်ကနေ ချောင်းခွနဲ့ နတ်ချောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အချိန်မှာ ပြည်သူ့ကာကွယ်ရေးပူး ပေါင်း တပ်ဖွဲ့တွေနဲ့ ဧပြီလ ၁၀ ရက်နေ့ကစလို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ နတ်ချောင်းကျေးရွာထဲကို ဧပြီလ ၁၀ ရက်နေ့မှာဝင် ရောက်တပ်စွဲပြီး ညနေပိုင်း ၄ နာရီလောက်ကနေ နောက်တစ်နေ့ညနေပိုင်းအထိ လူနေအိမ်တွေကို မီးရှို့ခဲ့ကြရာမှာ ပညာဗိမာန်ကိုယ်ပိုင်ကျောင်းအပါအဝင် လူနေအိမ်ခြေ ၁၀၀ နီးပါးလောင်ကျွမ်းပျက်စီးသွားတယ်လို့ နတ်ချောင်းကျေးရွာ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ဂန့်ဂေါနယ်ဘက်ကနေ ကလေးမြို့ဘက်ကို ပြန်ဆုတ်လာတဲ့ စစ်ကြောင်း နတ်ချောင်းဘက်ကို ၁၀ ရက်နေ့မှာရောက်တ ယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့မှုဖြစ်တယ် သူတို့ရွာကို ညနေ ၄ နာရီလောက်ကျတော့ဝင်တယ် အဲဒီကနေစပြီးတော့ ရွာရဲ့ကျေးလက်စျေးလို့ခေါ်မှာပေါ့ အဲဒီစျေးနား ကနေစပြီးတော့ မီးရှိုတာ အဲဒီမှာညအိမ်တယ် မိုးလင်းပြီးတော့ ရွာထဲပတ်ပြီးမှမီးရှိုတာပေါ့ဗျာ ညနေ ၄ နာရီထိလောက်မီးရှိှုတယ် အိမ်ခြေက အတည်ပြုလို့ရသမျှတော့ ၈၉ အိမ်လောက်ထိရောက်သွားပြီဗျ” နတ်ချောင်းကျေးရွာမှာရှိတဲ့ ဒေသခံပြည်သူအများစုဟာ စစ်ကောင်စီတပ်ဖွဲ့တွေ သူတို့ရွာထဲမဝင်ခင်မှာ တောထဲ၊ တောင်ထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး တစ်ချို့မှာလည်း ဘုန်းကြီးကျောင်းမှာ ဝင်ရော က်ခိုလုံခဲ့ကြပေမယ့် စစ်ကောင်စီတပ်တွေရောက်လာပြီး သူတို့လက်ကိုင်ဖုန်းအလုံး ၂၀၀ ကျော်ကို လည်း…
Author: Editor
မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများအား နွေးထွေးစွာလက်ခံကြိုဆိုသည့် မီဇိုရမ်အပေါ်ကျေးဇူးတင်ကြောင်း ဂုဏ်ပြု သည့်အနေဖြင့် Chin TV Night Mizoram အစီစဉ်တရပ်ကို ဧပြီလ ၁၆ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်၏မြို့တော် အိုင်ဇောလ်တွင် ကျင်းပကြမည်ဟုသိရသည်။ ချင်းနှင့်မီဇိုး သွေးချင်းညီအကိုဖြစ်ခြင်း၊ လက်ရှိမြန်မာ့အရေးအခင်းကြောင့် ဒုက္ခဆင်းရဲကြုံတွေ့ပြီး ကြမ်းတမ်း ခက်ခဲ သည့်ကာလတွင် မြန်မာပြည်သူများအား လက်ခံပြုစုစောင့်ရှောက်ကာ နည်းလမ်းမျိုးစုံဖြင့် လက်တွေ့မေတ္တာပြသည့် မီဇိုရမ်ပြည်နယ် အစိုးရ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) များနှင့် အရပ်ဘက်အဖွဲ့အစည်းများအပေါ် ကျေးဇူးတင်ရုဏ်ပြုသည့်အနေဖြင့် Chin TV International က ဦးဆောင်ကျင်းပမည်ဖြစ်သည်။ အဆိုပါအခမ်းအနားအစီစဉ်တွင် အထူးဧည့်သည်တော်များအနေဖြင့် ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်၊ မီဇိုရမ်အထက်လွတ်တော်အမတ် Pu K.Vanlalvena နှင့် ပြည်နယ်လွှတ်တော်အမတ် Dr.ZR Thiamsanga တို့ကို ဖိတ်ကြားထားသည်။ ထို့အပြင် Central Young Mizo Association (CYMA), Mizo Zirlai Pawl (MZP), Mizo Student’s Union (MSU) နှင့် Zo Reunification Organization (ZoRO) အဖွဲ့ကိုလည်း ဖိတ်ကြားထားကြောင်းလည်းသိရသည်။ အခမ်းအနားအစီစဉ်ကို ဧပြီလ ၁၆ ရက်နေ့ ညနေ ၂းဝ၀ နာရီတွင် Dawrpui Multipurpose Centre, Aizawl တွင် ကျင်းပသွားမည်ဖြစ်ပြီး ချင်း၊ မီဇိုး တိုင်းရင်းသား တေးသံရှင်များဖြစ်ကြသည့် Guys from Chin, Shin Bia, Thawn Kham, Yaw Kee,…
ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ (၁၂) The Methodist (Mission Veng) ဘုရားကျောင်းအနီး လူနေအိမ်မျက်နှာစာတွင် ယနေ့နံနက်ပိုင်း ၃ နာရီခွဲခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ လူတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ်မှန်တံခါးများလည်း အတော်များများ ပျက်စီးခဲ့သည်။ ယနေ့နံနက်ပိုင်း ၂ နာရီခွဲခန့်ကစ၍ ၄ နာရီခန့်အထိ ကလေးမြို့ပေါ်ရှိ နေရာအတော်များများတွင် သေနတ်ပစ်ခတ်မှုများ တရစပ်ထွက်ပေါ်ခဲ့ပြီးနောက် လက်နက်ကြီးပစ်ခတ်သံ ၃ ကြိမ် ကျယ်ကျယ်လောင်လောင် ကြားခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ “ဒီမနက် ၂ နာရီခွဲလောက်ကနေ သေနတ်သံတွေစကြားရတယ်၊ သေနတ်သံတွေ တရစပ်ကြားနေရတော့ အိပ်မရတော့ဘူး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်ကြတာလားတော့မသိဘူး၊ နောက်ပိုင်းမှာတော့ လက်နက်ကြီးသံ ၃ ခါလောက်ကြားရတယ် အသံက တော်တော်ကျယ်တယ် တုန်ခါသွားတယ်” ဟု တာဟန်းဘက်မှေဒသခံတစ်ဦးက ပြောသည်။ ကလေးမြို့တွင် ဧပြီလ ၇ ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား မြို့ပေါ်တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်ပွားလာပြီး လုံခြုံရေးလည်း ယခင်ထက် တင်းကြပ်ထားသည်။ ယနေ့နံနက်ပိုင်းကစ၍ စစ်ကောင်စီတပ်ဖွဲ့များ နေရာယူထားသည့် ဗိုလ်ချုပ်လမ်းမပေါ်ရှိ နေကြာတိုက်နှင့် တောင်ဖီလာလမ်းခွဲအကြားကိုလည်းဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကေလး-ဂန့်ဂေါလမ်းမပေါ်ရှိ နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဧျပီလ ၁၀ ရက်ညနှင့် ယနေ့မနက်ပိုင်းတွင် ထပ်မံမီးရှိုှု့ကာ ပညာ့ဗိမာန် ကိုယ်ပိုင်အထက်တန်းကျောင်း (၃) ထပ်အဆောက်အအုံအပါအဝင် လူနေအိမ် အလုံး ၂၀ ခန့် ပျက်စီးသွားသည်ဟုသိရသည်။ “မီးရှို့တာက မနေ့ညနေကတည်းက နတ်ချောင်း၊ ချောင်းခွကို ရှို့တယ်။ အေရအတြက္က အသိအက်မသိရေသး ဘူး။ နယ်မြေရှင်းလင်းရေးလုပ်တာမပြီးသေးလို့။ အခုက ခန့်မှန်းတာတော့ အလုံး ၂၀ လောက်တော့ အရှို့ခံရမယ်လို့ပြောကြတယ်။ အခုဆိုရင် ကြီးကြီးမားမားမီးရှို့တာ တတိယအကြိမ်ဖြစ်သွားပြီ” ဟု PDF-Kalay တာဝန်ခံတစ်ဦးက ပြောသည်။ ကလေးမြို့နယ်၊ ရန်ကြီးအောင်ကျေးရွာမှ ကလေးမြို့သို့တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ကြားဖြတ်ချုံခို အနီးကပ်ပစ်ခတ်တိုက်ခိုက်ပြီးတွင် စစ်ကောင်စီတပ်မှ နတ်ချောင်း၊ ချောင်းခွရွာအတွင်း ဝင်ရောက်ခဲ့ကြပြီး လူနေအိမ်များ ဖောက်ထွင်း မီးရှိုှုှု့ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်က ဟဲ့လုပ်ရွာအနီးတွင် ၄ ဦး၊ ပန်းမွန်ချောင်းအနီးတွင် ၂ ဦး၊ နတ်ချောင်းရွာအနီးတွင် ၄ ဦးသေဆုံးခဲ့ပြီး ဧျပီလ ၁၁ ရက် ယနေ့ မနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် PDF-Kalay/ CNDF/ CDF- KKG/ ပ.က.ဖ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့နယ််တောင်ပိုင်း၊ နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ ကျေးရွာများမှ လူနေအိမ်းများကို မီးရှို့ခဲ့ပြီး ပထမအကြိမ်နှင့်ဒုတိယအကြိမ်မီးလောင်မှုတွင် အိမ်ခြေ (၇၀) ဝန်းကျင်ခန့် ဖျက်ဆီးခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် စစ်ကားအပါအဝင် ရိက္ခာတင်ဆောင်သည့်ကား ၃၀ စီးသည် ယမန်နေ့ည…
ကလေးမြို့တွင္ ၂ ရက်ကြာပျောက်ဆုံးသည့် ချင်းလူငယ်တစ်ဦးကို ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) ဝန်းထဲက စစ်ဆေးရုံတွင် အလောင်းပြန်တွေ့ပြီး ယနေ့နံနက်ပိုင်း ၁၀ နာရီက သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။ ကလေးမြို့တာဟန်းရပ်ကွက် နယ်မြေ (၁၀) တွင်နေထိုင်သည့် အသက်(၂၃)နှစ်အရွယ် လျန်ခေါ်ရှန်းသည် ဧပြီ ၈ ရက် သောကြာနေ့ညနေပိုင်းက ဆေးဝယ်သွားရန်ဆိုင်ကယ်ဖြင့်ထွက်ခွါကာ နေအိမ်သို့ပြန်မရောက် လာတော့သည့်အတွက် မိသားစုဝင်များက ရှာဖွေရာတွင် ဧပြီလ ၁၀ ရက်နေ့တွင် စစ်ဆေးရုံသို့ သေဆုံးလျှက်ရှိနေသည့် သူ၏ရုပ်အလောင်းကို တွေ့ရှိခဲ့ကြသည်ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။ “သောကြာနေ့က ဆေးဝယ်ဖို့ထွက်သွားတာ RTC ဘက်မှာသွားတာလို့ပြောတယ် ည ၈ နာရီလောက်မှာလည်း ဖုန်းခေါ်လို့ရသေးတယ် ပြန်မလာတော့တာနဲ့ မိသားစုဝင်တွေက လိုက်ရှာတော့ မနေ့မနက်ပိုင်းမှာ စစ်ဆေးရုံမှာ သူ့အလောင်းကို သွားတွေ့ကြတယ် ညနေပိုင်းမှာ သယ်ကြပြီး ဒီနေ့မနက်ပိုင်းမှာ သဂြိုလ်ကြတယ်” ဟု ၎င်းကပြောသည်။ သေဆုံးသူ လျန်ခေါရှန်းသည် ခြေထောက်တွင် ကျည်ထိဒဏ်ရာ၊ မျက်နာနှင့် ခန္ဓာများတွင် ဖူးရောင်ဒဏ်ရာများ ရရှိထားကြောင်းသိရပြီး သေနတ်ဒဏ်ရာရရှိကာ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး နှိပ်စက်မှုဒဏ်ရာကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။ ၎င်းတို့သည် ချင်းပြည်နယ် တီးတိန်မြို့နယ် ဆဲဇန်ရွာမှ ကလေးမြို့သို့ ပြောင်းရွေ့နေထိုင်လာသည်မှာ (၂) လမျှသာရှိသေးကြောင်း သိရသည်။ ကလေးမြို့တွင် ပြီးခဲ့သည့်ဧပြီလ ၇ ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား နေ့စဉ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရက္ခိိုင့်တပ်တော် (AA) ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးရန် ကျေးရွာတစ်ရွာတွင် လူဦးရေ လေးဦးနှုန်းဖြင့် တာဝန်ပေးကာ အုပ်ချုပ်ရေးယန္တရား တည်ဆောက်နေမှုအပေါ် ဒေသခံ ချင်းလူထုများကြား စိုးရိမ်ကြောက်ရွံ့မှုများရှိနေသညဟု သိရသည်။ “AA က ရင်ထက်ပိုပြီးမှ ပလက်ဝမြို့နယ်မှာ စိုးမိုးလာတဲ့အနေထားတော့ရှိတယ် သူတို့ရဲ့လှုပ်ရှားမှုက။ ပီချောင်းတလျှောက်လုံးမှာ တရွာကို ၄ ဦးစီကို ရွေးထားတယ် ကျွန်တော်တို့ ချင်းတွေပါပဲ။ ချင်းရွာတွေတော်တော်များပါတယ်။ တဖက်က ဒေသခံတွေအနေနဲ့လည်း သူတို့ရဲ့ သြဇာလွမ်းမိုးမှုကြောင့် မငြင်းသာလို့ လုပ်နေရတဲ့အနေအထားတော့ ဖြစ်နေတယ်” ဟု ပလက်ဝမြို့က ဒေသခံတစ်ဦးက ပြောသည်။ ရက္ခိိုင့်တပ်တော် (AA) သည် ပလက်ဝမြို့ အနောက်ပိုင်း ပီချောင်းနှင့် မြောက်ပိုင်းအုပ်စု (၂၀)၊ ကျေးရွာပေါင်း (၁၀၀) ဝန်းကျင်တွင် တစ်ရွာလျှင် လူ ၄ ဦးစီဖြင့် ရွေးချယ်ကာ ၎င်းတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်တာဝန်ပေးထားသည်ဟု ၎င်းကပြောသည်။ ပီချောင်းဘက်မှ ဒေသခံတစ်ဦးက “ကျွန်တော်တို့ရွာတွင်တော့ မတ္လ (၁၉) ရက်နေ့ အစည်းအဝေးလုပ်ခိုင်းပြီး တာဝန်ပေးအပ်တာပါ၊ မလုပ်ချင်ပေမယ့်လည်း ငြင်းမရတော့ လုပ်ရတာပေါ့၊ အခုလို တာဝန်မပေးခင်တုန်းကလည်း တစ်ရွာကို တစ်လဆန် (၁) အိတ်နှင့် ငွေ (၁) သိန်းနှုန်း တောင်းထားတာကြောင့် မိသားစုတစ္စု ပေးရတဲ့နှုန်းထားက အိမ်ခြေများရင်များသလို နည်းရင်နည်းသလို ဆန် (၄-၈) နို့ဆီဘူး၊ (ငွေ (၃၀၀၀-၇၀၀၀) ကြား အခုထိ ပေးနေရပါတယ်၊ အကယ်၍ တစ်ရွာလုံး ကောက်ခံရရှိတာကို ဆန် (၁)…
ကလေးမြို့တွင် ယမန်နေ့ (ဧပြီလ ၁၀ ရက်) ညနေပိုင်းက သေနတ်ပစ်ခတ်သံ၊ ဗုံးပေါက်ကွဲသံများထွက်ပေါ်ခဲ့ပြီး အောက်သ စ္စာရပ်ကွက်မှ ဒေသခံပြည်သူတစ်ဦးကျည်ဆံမှန်သေဆုံးကာ တစ်ဦးကျည်ဆံထိမှန်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှသိရသည်။ “ဆေးတပ်ရယ်၊ ဒကစ ရယ် ၈၉ တပ်ရယ် နီးနေတယ်ဆိုတော့ ဘယ်တပ်ကကောင်တွေလာဖြစ်တယ်ဆိုတာသေချာမသိရ ဘူး တော်တော်လေးကို ပစ်ခတ်မှုများတယ် ပြင်းထန်တယ်အိမ်ထဲမှာနေတဲ့တစ်ယောက်က သရက်ရွက်မှန်ပြီး ဆုံးသွားတယ်” ဟု ကလေးမြို့ဒေသခံတစ်ဦးကပြောသည်။ သေဆုံးသွားသူမှာ အသက် ၄၀ ခန့်ရှိသည့် ဦးလင်းထက်စိုးဟု သိရပြီး အောက်သစ္စာရပ်ကွက်က ရာအိမ်မှူးဟုသိရသည်။ အလားတူ ယမန်နေ့ညက ပစ်ခတ်မှုကြောင့် အောင်ဇေယျရပ်ကွက်တွင်လည်း အိမ်ထဲမှာနေထိုင်သည့် ဒေသခံတစ်ဦး ဝမ်းဗိုက်သို့ ကျည်ဆံထိမှန်ခဲ့သည်ဟု သိရသည်။ အောင်သစ္စာနှင့် အောင်ဇေယျရပ်ကွက်သည် ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ)၊ ဆေးတပ် နှင့် ၈၉ တပ်ရင်းတို့နှင့် ကပ်ရပ်ရှိသည့် ရပ်ကွက်များဖြစ်ကြပြီး စစ်တပ်ဝန်းထဲမှ သေနတ်ပစ်ခတ်သံများညတိုင်းကြားနေရသည်ဟု ဒေသခံများ ကပြောသည်။ ယမန်နေ့ညပိုင်းက အောင်သစ္စာရပ်ကွက်၊ အောင်ဇေယျရပ်ကွက်တို့အပြင် တံတားဦးဘက်တွင် ည ၈ နာရီခန့်အထိ သေနတ်ပစ်ခတ်သံပြင်းပြင်းထန်ထန်ထွက်ပေါ်ခဲ့ပြီး ယင်းမနက်ပိုင်းကလည်း ကလေးမြ်ို့ တောင်ဖီလာရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့များရောက်ရှိလာကာ အ.ထ.က (၂) ကျောင်းနှင့် နှစ်ခြင်းဘုရားကျောင်းအနီးတွင် သေနတ်ရမ်းသမ်း ပစ်ခတ်မှုရှိခဲ့သည်။ ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ကစ၍ ကလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား မြို့တွင်း ပစ်ခတ်တိုက်ခိုက်မှု နေ့စဉ်ဖြစ်ပွားလျှက်ရှိကာ သေနတ်သံ ဗုံးပေါက်ကွဲသံများ နေ့စဉ်နှင့်အမျှကြားနေရသည်ဟု ဒေသခံ များထံမှသိရသည်။
ကလေးမြို့ အင်ဒိုင်းကုန်းနှင့် မြို့လှရပ်ကွက်ဘက်တွင် ယနေ့မနက်ပိုင်း ၁၀ ဝန်းကျင်လောက်ကစ၍ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အင်ဒိုင်းကုန်း(ယခင်မွှန်ထာရွာ)ရပ်ကွပ်ရှိလူနေအိမ်တစ်လုံးပေါ်ကျရောက် ပေါက်ကွဲကာ အိမ်ရှင်လင်မယားထိခိုက်ဒ ဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ရှင်အမျိုးသား၏ ဦးခေါင်း၊ ကျောကုန်းနှင့် ဇနီးသည်၏ လက်မောင်း၊ နောက်ကျောဘက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည့် ကလေးမြို့ တောင်ဖီလာတောင်ကုန်းပေါ်တွင် တပ်စွဲထားကြပြီး ထိုနေရာမှတဆင့် လက်နက်ကြီး နှင့် လှမ်းပစ်ကြောင်းယူဆရသည်။ ထို့အပြင် နေ့လယ်ပိုင်း ၂ နာရီလောက်တွင် မြို့လှရပ်ကွက်အကျော် စက္ကန့်ကျေးရွာတွင် အသုဘအိမ်သို့ရောက်ရှိနေကြ သော ဒေသခံရွာသား အယောက် ၅၀ ခန့်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်ကလည်း ကလေးမြို့ စန်းမြို့ရပ်ကွက်ရဲစခန်းအနီးတွင် ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ထပ်မံ ထွက်ပေါ်ခဲ့ပြီး အသေးစိတ်အခြေနေကိုမူ မသိရသေးပေ။ ကလေးမြို့တွင် ဧပြီလ ၇ ရက်နေ့ကစ၍ နေ့စဉ်ဆက်တိုက် မြို့တွင်းစစ်ဆင်တိုက်ခိုက်မှုများဖြစ်ပွားလျှက်ရှိကာ စစ်ကောင်စီ ဘက်ကလည်း လုံခြုံရေးတင်းကြပ်ထားသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စစ်ကောင်စီက မတရားပြစ်ဒဏ်ချမှတ်ခဲ့သော ချင်းလူငယ် (၄) ဦးအပါအဝင် (၂၇) ဦးကို ရခိုင်ပြည်နယ် စစ်တွေမြို့ အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။ ပလက်ဝမြို့နယ်တရားရုံးတွင် ဧပြီလ ၅ ရက်နေ့အထိ ပြစ်ဒဏ်အသီးသီးချမှတ်ခံရသူ ၂၇ ဦးအထိရှိခဲ့ပြီး ယင်းတို့အနက် အများစုမှ မတရားစွပ်စွဲပြစ်ဒဏ်ချမှတ်ခံရသူများဖြစ်ကြကာ ဧပြီလ ၇ ရက်နေ့က စစ်တွေအကျဉ်းထောင်ကိုရောက်ရှိသွား ကြပြီဟု အကျဉ်းထောင်ပို့ခံရသည့်မိသားစုဝင်တစ်ဦးကပြောသည်။ “ပြစ်ဒဏ်တွေ ကျခံရတာက အပြစ်ရှိလို့ ကျခံရတယ်ဆိုရင် ဘယ်သူ့မှလက်မခံနိုင်စရာ အကြောင်းမရှိပါဘူး၊ အခုဟာက ၅၀၅(က)ပုဒ်မတပ်ထားတဲ့ သူအားလုံးဟာ အမှန်တကယ်က လူသားချင်းစာနာထောက်ထားတဲ့အနေဖြင့် စစ်ဘေးရှောင် တွေအတွက် အကူအညီပေးနေတဲ့သူတွေပါ၊ ဘာမှသက်သေအထောက်အထားမပြနိုင်ပဲ သူတို့လိုချင်သလို စွပ်စွဲတာမျိုးက ဥပဒေမဲ့ဆန်လွန်ပါတယ်”ဟု မိသားစုဝင်တစ်ဦးက ပြေပါတယ်။ စစ်တွေမြို့အကျဉ်းထောင်သို့ပို့ဆောင်ခံရသူများမှာ ၂၀၂၁ ခုနှစ်မေလ (၂၈) ရက်နေ့က ပလက်ဝမြို့ပေါ်ဗုံးပေါက်ကွဲနှင့်ပတ် သက်၍ မတရားဖမ်းဆီးခံရသည့် ချင်းလူငယ် (၄) ဦး၊ ပလက်ဝမြို့ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်ထားသည့်ကိစ္စအား မီဒီယာနှင့်အင်တာဗျူးဖြေကြားသူတစ်ဦး၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF အား ထောက်ပံ့သည်ဟု စွပ်စွဲခံရသူ ၁၉ ဦး၊ ငွေကြေးလိမ်လည်မှုကြောင့် ၂ ဦးနှင့် မြို့ပေါ်သို့စစ်ဘေးရှောင်ရင်း မတော်တဆလူသတ်မှုကြောင့် တစ်ဦး စုစုပေါင်း (၂ရ) ဦး တို့ဖြစ်သည်။ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF အားထောက်ပံ့သည်ဟု စွပ်စွဲခံရသူ ၁၉ ဦးမှာ ပလက်ဝမြို့နယ် ပါးဝကျေးရွာကဖြစ်ကြ ပြီး ယင်းတို့အနက် ၁၆ ဦးကို ထောင်ဒဏ် (၄) နှစ် နှင့် ကျန်…
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မြန်မာနိုင်ငံသားတစ်းဦးထံ ရူပီး ၁၈ သိန်းကျော်တန်ဖိုးရှိ Methamphetamine ဆေးပြားကို ဧပြီလ ၇ ရက်နေ့ညက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ သယ်ဆောင်လာသော Methamphetamine ဆေးပြား ဂရမ် ၆၅၇ အလေးချိန်ရှိ အလုံးရေ ၆၀၀၀ ရှိသောဆေးပြားကို ကျန်ဖိုင်းမြို့ Bethel ရပ်ကွက်တွင် ကျန်ဖိုင်းခရိုင် ရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး အဆိုပါ ဆေးပြားနဲ့အတူ ပိုင်ရှင်ဟုယူရသူ ကျန်ဖိုင်း Bethel ရပ်ကွက်တွင် စစ်ဘေးရှောင်အဖြစ် နေထိုင်သူဟု ဝန်ခံထားသူ Rawthing ကျေးရွာမှ အသက် ၄၈ နှစ်အရွယ် Thiausawmthanga ကို ဖမ်းဆီးခဲ့ပြီး အမှုဖွင့်ဆိုခဲ့ကြသည်။
