Author: Editor

ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းချက် ချင်းပြည်နယ် တီးတိန်မြို့ကနေ မိုင် ၃၀ လောက်ဝေးတဲ့ ဂေါ်ဆင်းကျေးရွာအနီးမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဇိုမီး တော်လှန်ရေး တပ်မတော် ZRO/ZRA နဲ့ ချင်းအမျိုးသားတပ်ဦး CNF/CNA၊ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ ဒါဟာ ZRA နဲ့ CNF/CNA၊ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ပထမဆုံးကြိမ်ဖြစ်ပွားတဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။ ချင်းတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းအကြားမှာ ဘာကြောင့်တိုက်ပွဲတွေဖြစ်လာရတာပါလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ ဒီဇင်ဘာလ ၁၇ ရက်နေ့က တီးတိန်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေ ရှင်းပြစေချင်ပါတယ်။ ဘာကြောင့် တိုက်ပွဲဖြစ်ပွားရတာပါလဲ။ ဖြေ။ ။ ဒီဇင်ဘာ ၁၇ မှာ ကျနော်တို့ CNA နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDF-Hualngo, Zoland PDF,ZNDF ပူးတွဲပြီးတော့မှ တဖက် ZRO နဲ့ ကျနော်တို့လှုပ်ရှားနယ်မြေအတွင်းမှာ တိုက်ပွဲတစ်ခုဖြစ်ခဲ့တာမှန်ပါတယ်၊ အဲဒီလိုတိုက်ပွဲ ဖြစ်ရတဲ့ အကြောင်းရင်းခံက ဟားခါးစစ်ဗျူဟာနဲ့ ZRA နဲ့ကြားမှာသော်လည်းကောင်း ပြီးတော့ တီးတိန်အခြေစိုက်တဲ့ စစ်ကောင်စီနဲ့ ZRA ကြားမှာသော်လည်းကောင်း၊ ထိတွေ့ဆက်ဆံမှုတွေရှိတယ် ကျနော်တို့ CNA နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကိုချေမှုန်းဖို့ဆိုတဲ့ CDM ဝင်လာတဲ့သတင်းထဲကကြားသိရပါတယ်၊ အဲဒါကြောင့် ဒီဇင်လာ ၁၇ မှာ သူတို့က ကျနော်တို့လှုပ်ရှားနယ်မြေကို ဝင်လာတယ်လို့ ကျနော်တို့ကမှတ်ချက်ပြုပါတယ် အဲဒါကြောင့် သူတို့နဲ့ကျနော်တို့ကြားမှာ တိုက်ပွဲတွေဖြစ်ခဲ့တာဖြစ်ပါတယ်။ မေး။ ။ အဲဒီတိုက်ပွဲမှာ…

Read More

ကလေးမြို့နယ်၊ အနောက်တောင်ပိုင်း စီးစံကျေးရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် PDF-Kalay / CNDF ပူးပေါင်းတပ်ဖွဲ့အကြား ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက် မနက် ၁၀ နာရီကစပြီးတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၁ ဦးကျဆုံးခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၉ ရက်နေ့ညပိုင်းက အင်အား ၁၅၀ ဝန်းကျင်ခန့်ဖြင့် ကလေးမြို့နယ် အနောက်တောင်ပိုင်း စက္ကန့်၊ ကျောက်ဂူဘက်မှ ချင်းတောင်ခြေ တလျှောက် စစ်ကြောင်းလျှောက်ဝင်လာပြီး ယမန်နေ့ မနက်ပို်င်းက PDF-Kalay တပ်ရင်း ၅ ၏ စခန်း ဟောင်းနေရာတစ်နေရာကို မီးရှို့ခဲ့ရာမှ စီးစံကျေရွာအနောက်ဘက် ဆုတောင်းကုန်း အနီးတွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဟု PDF-Kalay က ထုတ်ပြန်သည်။ ကလေးမြို့၊ တောင်ဖီလာတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကလည်း လက်နက် ကြီးများဖြင့်ပစ်ကူ ခဲ့ကြပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများ၊ စက်လက်နက်များကို အဓိကထား အသုံးပြုပြီး တရစပ်ပစ်ခတ်သော ကြောင့် ညနေ ၅ နာရီအချိန်တွင် စီးစံကျေးရွာကိုဝင်ရောက်တပ်စွဲခဲ့ကာ လူနေ အိမ် ၂ လုံးမီးရှို့သည့်အပြင် လက်နက်ကြီးထိမှန်မှုဖြင့် နောက်ထပ် လူနေအိမ်၂ လုံးနှင့် ဆင်တော ကျေးရွာ လူနေအိမ် ၂ လုံး ပျက်ဆီးခဲ့သည်ဟု သိရသည်။ ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ၂ ဦးသေဆုံးခဲ့ပြီး PDF-Kalay တပ်ရင်း ၆ မှ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့သည့်အြ ပင် အဖွဲ့ဝင်တစ်ဦး နှင့်…

Read More

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက် နယ်မြေ (၄) အတွင်းရှိ ဆောက်လက်စဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၂ လုံးကို တပ်ပိုင်မြေဟုဆိုကာ စစ်ကောင်စီက ဖယ်ရှားခိုင်းနေသည်ဟုဒေသခံများထံမှသိရသည်။ “စာလာပို့သွားတာတယ် ထပ်ပြီးဆက်သွယ်လာတာမျိုးတော့ မရှိဘူး၊ သူတို့ကတော့ တပ်န ယ်နမိတ်မလွတ်ဘူး လို့ပြောတယ်။ တဝက်နီးပါးတော့ ပြောင်းရွေ့သွားပြီ အိမ်တွေကို မဖျက်ကြသေး ဘူး၊ လူနဲ့ ပစ္စည်းတွေပဲရွေ့ သွားတာ၊ အခုလောလောဆယ် ပြောင်းရွေ့ဖို့ ဖျက်နေတာ။ စာထဲမှာက မရွေ့ပေးရင် တရားဥပဒေနဲ့ အရေးယူ မယ်လို့ပါတယ်” ဟု နေအိမ်ဖယ်ရှားခံရသူတစ်ဦးက ပြောသည်။ အဆိုပါနယ်မြေသည် အမှတ် (၉၄၁) ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ) တပ်ပိုင်မြေဖြစ်သည်ဟုဆိုကာ ဒီဇင်ဘာလ ၁၃ ရက်မှ ၂၆ ရက်နေ့အတွင်း ဖယ်ရှားပေးကြရန်နှင့် အကယ်၍ ဖယ်ရှားခြင်းမရှိပါက တရားဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မူးကိုယ်တိုင်လက်မှတ်ရေးထားသည့် အကြောင်းကြားစာကို ဒေသခံပြည်သူများ ထံ ပေးအပ်ခဲ့သည်။ ၎င်းနယ်မြေကို ယခင် NLD အစိုးရလက်ထက်ကတည်းက ကျူးနယ်မြေဖြစ်သည်ဟုဆိုကာ စစ်တပ်ဖက်က တရားစွဲဆိုသည့်အတွက် အမှုရင်ဆိုင်ခဲ့ကြရာတွင် ဒေသခံပြည်သူများဖက်က အနိုင်ရရှိပြီးနောက် ဆက်လက်နေထိုင်ခဲ့ကြသည်ဟုလည်း သိရသည်။

Read More

#Fact Check ချင်းပြည်နယ်မှာ ချင်းတောင်တန်းဌာနေပြည်သူ့စစ် အထူးကွန်မန်ဒို သင်တန်းဆင်းပွဲကို နမခတိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်မှ သဝဏ်လွှာပေးပို့လိုက်ကြောင်း CNO ကထုတ်ပြန်တယ်ဆိုတဲ့သတင်းအမှားဟာ Facebook စာမျက်နှာမှာပျံနှံ့နေပါတယ်။ အမှန်တယ်ကတော့ အဲဒီကွန်မန်ဒိုသင်တန်းဆင်းပွဲဟာ ဒီဇင်ဘာလ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ချင်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ရဲ့သင်တန်းဆင်းပွဲဖြစ်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပေးပို့တဲ့ သဝဏ်လွှာကို ပုံမှားရိုက်ရေးသားပြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သဝဏ်လွှာပေးပို့တဲ့ပုံစံနဲ့ ပြန်လည်ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပေးပို့တဲ့ သဝဏ်လွှာမှာ “ရဲဘော်တို့ရဲ့ စွန့်လွှတ်ပေးဆပ်မှုများသည် နောင်လာနောက်သား ငါတို့မျိုးဆက်သစ်များအတွက်ဖြစ်သည်။ ငါတို့ပြည်ထောင်စုနိုင်ငံတော်၏ အနာဂတ်အတွက်ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး စစ်ကျွန်ဘဝမှ လွှတ်မြောက်ရေးအတွက် အဆုံးသတ်တိုက်ပွဲဝင်ရန် ရည်ရွယ်လျက် ဤစွန့်လွှတ်ပေးဆပ်မှုများကို အရင်းအနှီးပြုနေသည့် ရဲဘော်အားလုံးကို ဤနေရာမှ ဦးညွှတ်အလေးပြုလိုက်ပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။ ဒါပေမယ့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သဝဏ်လွှာပေးပို့တဲ့ပုံစံနဲ့ ပြန်လည်ရေးသားဖော်ပြထားမှုမှာတော့ “ရဲဘော်တို့ရဲ့ စွန့်လွှတ်ပေးဆပ်မှုများသည် နောင်လာနောက်သား ငါတို့မျိုးဆက်သစ်များအတွက်ဖြစ်သည်။ ငါတို့ပြည်ထောင်စုနိုင်ငံတော်၏ အနာဂတ်အတွက်ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး NUG ၏ ဆူပူသောင်းကျန်းမှုမှ လွှတ်မြောက်ရေးအတွက် အဆုံးသတ်တိုက်ပွဲအတွက်ရည်ရွယ်လျက် ဤစွန့်လွှတ်ပေးဆပ်မှုများကို အရင်းအနှီးပြုနေသည့် ရဲဘော်အားလုံးကို ဤနေရာမှ ဦးညွှတ်အလေးပြုလိုက်ပါတယ်” လို့ ပုံတူမှား ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ အခုလို ပုံစံတူ ရေးသားမှုကို စံပယ်ဖြူ အကောင့်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့က ရေးသားဖော်ပြထားတာဖြစ်ပြီး Like & React ပြုလုပ်သူ 44 ‌ယောက်ထိရှိတဲ့ သတင်းအမှား Post တစ်ခုသာဖြစ်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်တဲ့ အနေအထားမှာ သတင်းအတုသတင်းအမှားတွေက ဆိုရှယ်မီဒီယာပေါ်မှာ ပျံနှံ့လျက်ရှိပါတယ်။…

Read More

ချင်းပြည်နယ်တီးတိန်မြို့နယ် Gawsing ကျေးရွာမှာ ယနေ့နံနက်ပိုင်း ၃ နာရီဝန်းကျင်လောက်မှာ ချင်းအမျိုးသားတပ်မေတာ် CNF/CNA တပ်ဖွဲ့နဲ့ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ Gawsing ကျေးရွာဟာ တီးတိန်မြို့ကနေ မိုင် ၃၀ လောက်ဝေးပြီး အိန္ဒိယ-မြန်မာနယ်စပ်ဘက်မှာတည်ရှိတဲ့ကျေးရွာတစ်ရွာ ဖြစ်ပြီး ယနေ့နံနက်ပိုင်း ၃ နာရီဝန်းကျင်လောက်ကဖြစ်ပွားတဲ့ အဲဒီတိုက်ပွဲကြောင့် ရွာသား ၂ ဦးထိခိုက်ဒဏ်ရာရရှိတဲ့အပြင် တရွာလုံးထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ တီးတိန်ဒေသခံတစ်ဦးကပြောပါတယ်။ “မနက်ပိုင်း ၃ နာရီလောက်စဖြစ်တာလို့ကြားတယ် ရွာသားတွေကတော့ အကုန်လုံးထွက်ပြေးကြတယ်လို့ပြောတယ် ရွာထဲက ၂ ယောက်တော့ ဒဏ်ရာရတယ်လို့တော့ကြားတယ်” ဟု တီးတိန်မြို့မှဒေသခံတစ်ဦးက ပြောပါတယ်။ ယခုကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်မတော်ဘက်ကို ဆက်သွယ်ရန်ကြိုးစားကြည့်ပေမယ့် မေးမြန်းလို့မရသေးပါဘူး။ နောက်ထပ်သတင်းရင်းမြစ်တစ်ခုရဲ့အဆိုအရတော့ ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့တွေဟာ တီးတိန်မြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ကိုသွားရောက်ပစ်ခတ်တဲ့အချိန်မှာ ZRA တပ်ဖွဲ့ဘက်က စစ်ကောင်စီဘက်ကနေ ဝင်ပစ်ကူတာကြောင့် ZRA နဲ့ပါတိုက်ပွဲဖြစ်ပွားရတာလို့သိရပါတယ်။ သို့သော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးသန့်အတည်ပြုချက်တော့မရသေးပေ။ ဇိုမီးတော်လှန်ရေးတပ်မတော် ZRA တပ်ဖွဲ့ဟာ ၁၉၉၃ ခုနှစ်မှစတင်ဖွဲ့စည်းပြီး ၂၀၀၅ ခုနှစ်မှာ အိန္ဒိယဗဟိုအစိုးရနဲ့ သဘောတူစာချုပ်ချုပ်ဆိုကာ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲခဲ့ပြီးတော့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာအခြေစိုက်တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ ZRA တပ်ဖွဲ့ဟာ စစ်အာဏာရှင် စနစ်ကို ခုခံတော်လှန်နေတဲ့ တီးတိန်မြို့နယ်ထဲက ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကိုလည်း ယခင်ကလည်း တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလ ၂၂ ရက်နေ့က တီးတိန်မြို့နယ်မှာအခြေစိုက်တဲ့ PDF တပ်စခန်းတစ်ခုကို ဝင်ရောက်သိမ်းပိုက်ခဲ့သလို ဇွန်လ ၁၆ ရက်နေ့မှာလည်း PDF-Zoland တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ သေနတ်၊ ရိက္ခာ၊…

Read More

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဘုရားစခန်းကျေးရွာဘက်သို့ တောလမ်းမှ စစ်ကြောင်းတက်လာသော စစ်ကောင်စီတပ်နှင့် CDF- Mindat တို့အကြား ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကပြောသည်။ “လောလောဆယ်ပဲ စကစတွေ ဘုရားစခန်းရွာထဲကိုဝင်လာတယ်။ ဒီမနက်က တကြိမ်တော့ တိုက်ပွဲဖြစ်ပြီး။ အထိအခိုက်အကျဆုံးတော့ မသိရသေးပါဘူး၊ သူတို့တက်လာတွေ့တော့ ပစ်ကြခတ်ကြဒီလောက်ပဲ။ ကိုယ့်နယ်မြေတွေ ကို ဝင်လာတယ်ဆိုတော့ တိုက်ပွဲက ပြင်းထန်လာနိုင်တယ်” ဟု ဆလိုင်းယောမန်ကပြောသည်။ အဆိုပါတိုက်ပွဲကြောင့် ကျေးရွာဒေသခံပြည်သူများသည် အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုက်ပွဲဆက်လက် ဖြစ်ပွားနိုင်မည့်အလားအလာရှိသည်ဟု သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ၊ ၁၃ နှင့် ၁၅ ရက်နေ့ကလည်း CDF-Mindat/ယော PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ CDF-Mindat ၊ ယော PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့က တိ်ုက်ပွဲထပ်မံဖြစ်ပွားပြီး နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေတယ်လို့ CDF-Mindat က ထုတ်ပြန်ပါတယ်။ ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်း ၁ နာရီလောက်က မင်းတပ်မြို့နယ် မယ်လယ်ကုန်းရွာအနီးမှာ စစ်ကြောင်းထိုးလာ တဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းမိရာကနေ CDF-Mindat/ယော PDF ပူးပေါင်းတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ CDF-Mindat/ ယော PDF ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ စစ်ကောင်စီဘက်ကတော့ ဒဏ်ရာရတဲ့ သူတွေရှိတယ်လို့ CDF-Mindat ကထုတ်ပြန်ပါတယ်။ အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မကွေးတိုင်း ကျောက်ထုမြို့ကနေ စစ်ကူတက်လာပြီး မယ်လယ် ကုန်းရွာမှာ ရောက်ရှိနေတယ်လို့လည်းသိရပါတယ်။ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ CDF-Mindat/ယော PDF ပူးပေါင်း တပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ မင်းတပ်မြို့နယ် နှောကျေးရွာကနေ လယ်ဆောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို CDF-Mindat နဲ့ ယော PDF ပူးပေါင်းတပ်ဖွဲ့က ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့ CDF-Mindat ထုတ်ပြန်ပါတယ်။

Read More

အိန္ဒိယနိုင်ငံသည် ကမ်ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သောကြောင့် အိမ်နီးချင်းနိုင်ငံမှ ဒီမိုကရေစီလိုလားသောပြည်သူများကို ကူညီထောက်ပံ့ပေးခြင်းသည် အိန္ဒိယအစိုးရ၏ တာဝန်တစ်ရပ်ဖြစ်သည်ဟု မီဇိုရမ်ပြည်နယ် အထက်လွတ်တော်အမတ် (Rajya Sabha MP) Pu K.Vanlalvena က ပြောသည်။ မြန်မာ့နိုင်ငံရေးအလြေနေကြောင့် အိနိ္ဒယနိုင်ငံဘက်သို့ ထွက်ပြေးခိုလုံနေကြသည့်မြန်မာစစ်ဘေးရှောင်အရေးနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေသောအိန္ဒိယဗဟိုအစိုးရကို ဒီဇင်ဘာ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံ ပါလီမန်အစည်းအဝေးတွင် Pu K.Vanlalvena က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေသထုတ် Zonet သတင်းတွင် ဖော်ပြသည်။ “မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင် ၁၅၀၀၀ ခန့်ရှိတယ်။ အဲဒီစစ်ဘေးရှောင်တွေကို အိန္ဒိယဗဟိုအစိုးရရဲ့ ကူညီထောက်ပံ့မှုမပါဘဲ မီဇိုရမ်အစိုးရ၊ နိုင်ငံရေးပါတီ၊ NGO အဖွဲ့အစည်းတွေနဲ့ မီဇိုးပြည်သူတွေက (၁၁) လနီးပါး အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ခဲ့ကြတယ်။ စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားနိင်သည့်အထိ ဆောင်ရွက်နေပြီဖြစ်တယ်” ဟု Pu K.Vanlalvena က ပြောသည်။ ထို့ကြောင့် ဒီမိုကရေစီလိုလားသော အိမ်နီးချင်း မြန်မာပြည်သူများအား ကူညီပံ့ပိုးခြင်းသည် ကမ်ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယဗဟိုအစိုးရမှမဖြစ်မနေဆောင်ရွက်ရမည့်တာဝန်တရပ်ဖြစ်သည်ဟု Pu K.Vanlalven ကပြောသည်။ မီဇိုရမ်ရောက် စစ်ဘေးရှောင်ပြည်သူများတချို့မှာ ဆွေမျိုးမိသားစုအိမ်မှာ နေထိုင်ကြပြီး တချို ့မွာ မီဇိုရမ်အစိုးရနှင့် NGO အဖွဲ့အစည်းပူးပေါင်းကာ မီဇိုရမ်ပြည်နယ်အသီးသီးရှိ ရွာပေါင်း (၁၅) ရွာမှာ တည်ဆောက်ထားတဲ့ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကြသည်။

Read More

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလုံနေကြရသည့် မြန်မာစစ်ဘေးရှောင်ပြည်သူများကိုဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်း ထန်းငါကပြောသည်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါသည် ဒီဇင်ဘာ ၁၃ ရက်နေ့က သူ၏ရုံးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ် ဦးဆောင်သော မီဇိုရမ်ရောက် မြန်မာလွတ်တော်ကိုယ်စာလှယ်များနှင့် တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေး ပြောဆိုဆွေးနွေးရာတွင် မီဇိုရမ်ဝန်ကြီးချုပ်ကထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ “မီဇိုရမ်ရောက် စစ်ဘေးရှောင်ပြည်သူတွေကို မီဇိုရမ်အစိုးရက အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးတယ်။ ဆက်လက်ပြီး ကူညီဆောင်ရွက်ဦးမှာဖြစ်တယ်။ စစ်ဘေးရှောင်အရေးနဲ့ပတ်သက်ပြီး အိန္ဒိယဗဟိုအစိုးရကိုလည်း အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီဖြစ်တယ်။ မီဇိုရမ်ရောက် စစ်ဘေးရှောင်တွေ ကူညီထောက်ပံ့မှုလိုအပ်နေတယ်ဆိုတာ အိန္ဒိယဝန်ကြီးချုပ်နဲ့ ပြည်ထဲရေး ဝန်ကြီးကိုလည်း မကြာသေးခင်ကဘဲ တွေ့ဆုံခဲ့စဉ် ထပ်မှန်တင်ပြခဲ့တယ်” ဟု အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပူးဇိုးရမ်းထန်းငါက ပြောဆိုခဲ့သည်။ မြန်မာလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်း ရှိနေစဉ် အခက်အခဲများရှိပါကလည်း အစိုးရအနေ ဖြင့် အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးရန်အသင့်ရှိကြောင်း၊ ကျစ်လစ်ခိုင်မာသော ဆက်ဆံရေးတည်ဆောက်ကာ အတူတကွလက်တွဲသွားကြရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ဖိတ်ခေါ်ခဲ့သည်ဟု သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်သော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “တွေ့ဆုံဆွေးနွေးပွဲက အောင်မြင်ပါတယ်။ မီဇိုရမ်အစိုးရဘက်ကလည်း အသင်းအဖွဲ့တခုဖွဲ့စည်းမယ်၊ လွတ်တော်ကိုယ်စားလှယ်ဘက်ကလည်း အသင်းအဖွဲ့ တခုဖွဲ့ စည်းမယ်၊ အဲဒီအသင်းအဖွဲ့နှစ်ခုက မြန်မာနိုင်ငံအရေး သော်လည်းကောင်း မီဇိုရမ်ရောက် စစ်ဘေးရှောင်များအရေး သော်လည်းကောင်း အဓိက လုပ်ဆောင်သွားမယ်” ဟု ပြောသည်။ မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူများ အများစုထွက်ပြေးခိုလုံနေသည့် ပြည်နယ်တစ်ခုဖြစ်သည်။ ယခုလက်ရှိတွင်လည်း မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်ခန့်ခိုလုံလျှက်ရှိကြပြီး မီဇိုရမ်အစိုးရ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ကျောင်းသားလူငယ်အဖွဲ့အစည်းများက ကူညီထောက်ပံ့ရေးလုပ်ငန်းများ…

Read More

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့တွင် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်ပါစတာတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်မှု ဒီဇင်ဘာလ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ကန်ပက်လက်မြို့ မြို့ဟောင်းကျေးရွာရှိ ခရစ်တော်အသင်းတော် (Church of Christ) မှ အသက် ၃၀ ခန့်အရွယ် ပါစတာ ဦးအွမ်ကီးသည် ဒီဇင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြပြီး နောက်တနေ့တွင် သေနတ်ဖြင့် ပစ်သတ်ကာ ကန်ပက်လက်မြို့အထွက်ဘက် ဟိုတယ်အနီးလမ်းဘေးတွင် ပစ်ထားခဲ့ကြသည်ဟု ကန်ပက်လက်မြို့မှ အမည်မဖော်လိုသည့် အသင်းတော်ပါစတာတစ်ဦးကပြောသည်။ “ကန်ပက်လက်မြို့ဟောင်းကနေ ကန်ပက်လက်မြို့ကြားမှာပေါ့နော အုတ်ဖိုရွာဆိုတာရှိတယ်၊ အုတ်ဖိုဘက်ကို လာဖို့ ဆင်းလာတဲ့အချိန်မှာ ဖမ်းတယ်လို့ကြားတယ်၊ အဲဒီဘက်မှာလည်း တိုက်ပွဲတွေ လူငယ်တွေကလည်းပစ်ထား တာရှိတော့ သူ့ကိုပြန်ပြီးမှတိုက်ခိုက်တဲ့သဘောဖြစ်မယ်ထင်တယ်၊ ဟိုတယ်ရှေ့နားမှာဘဲအလောင်းကိုပစ်ထားကြတယ်’’ ဟု အသင်းတော်ပါစတာတစ်ဦးကပြောသည်။ ပါစတာဦးအွမ်ကီး၏ ရုပ်အလောင်းကို ကန်ပက်လက်မြို့မှ ဝိတိုရိယတောင်ဘက်သွားသည့် ပန်းလေပြည်ဟိုတယ်အနီး လမ်းဘေးတွင် စစ်ကောင်စီက စွန့်ပစ်ထားသည်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ တွေ့ရှိခဲ့ကြပြီး ကန်ပက်လက်မြို့ဟောင်း သချုႋင်းတွင် ဒေသခံပြည်သူများနှင့် လူငယ်များက သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းကစ၍ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် CDF-Kanpetlet တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုများလာပြီး စစ်ကောင်စီဘက်က အကျအဆုံးများကာ အထိနာနေကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် ချင်းပြည်နယ် တွင် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်ပါစတာ ၃ ဦး သေဆုံးသွားပြီဖြစ်ပြီး ၎င်းတို့မှ ထန်တလန်မြို့မှ ပါစတာကျူံးဗျက်ဟုမ်း၊ မတူပီမြို့မှ ဦးငိုင်ကုန်းနှင့် ကန်ပက်လက်မြို့မှ ဦးအွမ်ကီးတို့ဖြစ်ကြသည်။ ထန်တလန်မြို့TCBC အသင်းတော်ပါစတာကျူံးဗျက်ဟုမ်းသည်…

Read More