“ဒေါက်တိုင်တွေဖြိုတယ်ဆိုပြီး ဝန်းထမ်းတွေလိုက်သတ်နေကြတာ လက်နက်မရှိတဲ့လူဆို အမျိုးသမီးလည်းမရှောင် ဘုန်းကြီးလည်းမရှောင် အဘိုးကြီးလည်းမရှောင် ဒလန်အမည်တပ် အနီမဟုတ်ရင် အကုန်သတ်နေကြပြီလို့” Ever Green Account မှ We Love Khit Bone Ka Group မှာရေးသားဖော်ပြထားတာဖြစ်ပါတယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ ချင်းဒေသကာကွယ်ရေးအဖွဲ့-ကလေး-ကဘော်-ဂန့်ဂေါ် (CDF-KKG) ရဲ့တာဝန်ရှိသူက “ကျနော်ဘက်က မှတ်ချက်ပေးချင်တာကတော့ ကျနော်တို့ဘက်က အဲ့သလိုမျိုးမရှိဘူး၊ အဲ့သတင်းမှာဖော်ပြထားသလိုမျိုးလည်း ကျနော်တို့မလုပ်ကြပါဘူး၊ ဒါမျိုးကိစ္စတွေမရှိပါဘူး၊ စကစထောက်ခံတဲ့ဘက်ကနေမှ ပုံရိပ်တွေကို ဂုဏ်သိက္ခာကျဆင်းအောင် သတင်းအတုဖြန့်ချိတာပဲဖြစ်ပါလိမ်မယ်။” လို့ပြောပါတယ်။ ဆက်လက်ပြီးသတင်းအမှားမှာ ထပ်မံဖော်ပြထားတာက “အနီချင်းလည်းမတည့်ရင်သတ် ပြည်သူတွေအကုန် PDF တွေကို ကြောက်လန့်တကြားနေနေကြရပြီ။ သူတို့မုန်းပါတယ်ဆိုတဲ့ လက်နက်နဲ့အားနည်းတဲ့သူတွေကိုအနိုင်ကျင့်သတ်ဖြတ်တာကို သူတို့ကိုယ်တိုင်ပျော်ပျော်ပြီးလုပ်နေကြပြီ” လို့ရေးသားဖော်ပြထားပါတယ်။ ထိုရေးသာဖော်ပြချက်နဲ့ပတ်သက်ပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့-ကလေး-ကဘော်-ဂန့်ဂေါ် (CDF-KKG) ရဲ့တာဝန်ရှိသူက “ ကျနော်တို့အဓိကတော့ အကြမ်းဖက် စစ်အာဏာရှင်ကို တိုက်ခိုက်တော်လှန်တာဖြစ်တယ် သူ့ရဲ့ဒေါက်တိုင်တွေကို ရိုက်ချိုးတာြဖစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်စီကိုတော့ ပစ်မှတ်ထားပြီးဖြေရှင်တာတော့ မပြုလုပ်ပါဘူး…. ဘယ်တော်လှန်ရေးအဖွဲ့မှလည်းပြုလုပ်မှာမဟုတ်ဘူး။” လို့ပြောဆိုထားပါတယ်။ နိုင်ငံရေးမတည်ငြိမ်းမှုများကြားမှား သတင်းတုသတင်းအမှားများစွာဟာ နေ့တိုင်းလိုလို ဆိုရှယ်မီဒီပေါ်မှာပျံနှံ့လျက်ရှိပါတယ်။ လူမျိုးရေး၊ ဘာသားရေး၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းတုများ၊ အမုန်းစကားများကို အထူးသတိပြုသင့်ပါတယ်။ စာဖတ်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနမှ သတင်းတွေကိုသာဖတ်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။
Author: Editor
ဒီသတင်းအမှားကို Fifty Two News အကောင့်မှာ “ဖေဖော်ဝါရီ ၂၄ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ သံဖိုရွာအနီးမှာ လုံခြုံရေးအဖွဲ့များ နယ်မြေရှင်းလင်းစဉ် PDF အကြမ်းဖက်စခန်း ၁ ခုကို ကျား ၁ လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၇ လုံး၊ မှန်ပြောင်း ၁ လက်၊ ၁၂ ဗို့ကျည် ၃၄ တောင့်၊ လူနေတဲ ၂၃ လုံး၊ ယူနီဖောင်း ၂ စုံ၊ ယမ်းကြိုး/ ယမ်းမှုန့်များ၊ ဆက်စပ်ပစ္စည်းများနဲ့အတူ သိမ်းဆည်းရမိကြောင်း သိရှိရပါတယ်” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ – ကလေး-ကဘော်-ဂန့်ဂေါ (CDF-KKG) ဘက်ကိုဆက်သွယ်မေးမြန်တဲ့အခါသတင်းအမှားဖြစ်ကြောင်းအခုလိုပြောပါတယ်။ “ကျနော်တို့ရရှိတဲ့ သတင်းအချက်လက်တွေအရ ပြည်သူတွေနေထိုင်တဲ့ စစ်ဘေးရှောင်စခန်း ပြည်သူတွေ နေထိုင်တဲ့နေရာတစ်ခုပဲခင်ဗျ…PDF စခန်းတော့မဟုတ်ဘူး… ရရှိတဲ့ သတင်းအချက်တွေအရ စခန်းသိမ်းမိ တယ်ဆိုတာကတော့ သတင်းအမှားပါ” ဒီအကြောင်းနဲ့ပတ်သက်ပြီး သံဖိုရွာသားတစ်ဦးကလည်း “အဲ့ဒီစစ်ရှောင်စခန်းမှာ ရွာသားတွေနေတာ တစ်နှစ်နီးပါးရှိပါပြီ၊ စစ်ကောင်စီဘက်က PDF စခန်းလို့ ဝါဒဖြန့်ပြီးရေးတယ်။ ဒါပေမယ့် အဲ့ဒါက ရွားသားတွေစစ်ရှောင်နေတဲ့နေရာပါ” လို့ သတင်းတစ်ခုမှာ ပြောထားပါတယ်။ စစ်ကောင်စီများက PDF စခန်းလို့ဆိုကာ လက်နက်ကြီးများနဲ့ပစ်ခတ်သိမ်းယူခဲ့တဲ့ စစ်ရှောင်စခန်းဟာ ကလေးမြို့နယ် သံဖိုရွာအနောက်ဘက် ချင်းတောင်ခြေရင်းမှာတည်ရှိတာဖြစ်ပါတယ်။ ထိုပစ်ခတ်မှုများကြောင့် စစ်ရှောင်းစခန်းမှာရှိတဲ့ အမျိုးသားတစ်ဦးဟာ လက်နက်ကြီးကြောင့် ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာရှိခဲ့တာပဲဖြစ်ပါတယ်။ Fifty Two News သတင်းအမှားမှာဖော်ပြထားသလို PDF စခန်းမဟုတ်ပါဘူး။…
NGO United For Democratic Myanmar အဖွဲ့က တွဲဖက်အတွင်းရေးမှူး ကိုရစ်ချက်နဲ့ ဆက်သွယ်မေးမြန်းချက် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင် ၃ သောင်းကျော်လောက်ရှိသွားပြီလို့သိရပါတယ်။ မီဇိုရမ်ပြည်နယ်အတွင်းမှာရှိ နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို မီဇိုရမ်ပြည်နယ်အစိုးရ Refugee ID Card တွေစတင်လုပ်ဆောင်ပေးနေပါတယ်။ ဘာကြောင့် ခုလိုစစ်ဘေးရှာင်တွေကို Refugee ID Card လုပ်ဆောင်ပေးရတာပါလဲ။ ဘယ်အကျိူးခံစားခွင့် ရှိလာနိုင်လဲ။ စစ်ဘေးရှောင်တွေအတွက်ဘယ်လိုအကျိူးဆက်တွေဖြစ်လာနိုင်သလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ် အခြေစိုက် စစ်ဘေးရှောင်ကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့ NGO United For Democratic Myanmar အဖွဲ့က တွဲဖက်အတွင်းရေးမှူး ကိုရစ်ချက်ကို Khonumthung ကဆက်သွယ်မေးမြန်းထားပါတယ်။ မေး – မီဇိုရမ်ပြည်နယ်မှာရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်တွေကို မီဇိုရမ်အစိုးရအနေနဲ့ Refugee ID Card ကို ဘာရည်ရွယ်ချက်နဲ့ လုပ်ပေးရတာလဲ။ ဖြေ – နံပါတ် (၁) အချက်အနေနဲ့ မီဇိုရမ်အစိုးရက မီဇိုရမ်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင် ဘယ်လောက်ရှိသလဲ ဆိုတာ မှတ်သားထားချင်သဘောဖြစ်တယ်။ နောက်တစ်ချက်ကတော့ သူတို့ရဲ့ လုံခြုံရေးအတွက်လည်းဖြစ်တယ်။ လုံခြုံရေးဆိုတဲ့နေရာမှာ မီဇိုရမ်ပြည်နယ်မှာ နေထိုင်တဲ့အတောအတွင်း တနေရာကနေတနေရာ ပြောင်းရွေ့တာဘဲ ဖြစ်ဖြစ်၊ မီဇိုရမ်ပြည်နယ်အတွင်း ခရီးသွားလာတဲ့အခါမှာဘဲဖြစ်ဖြစ် အဆင်ပြေနိုင်ဖို့အတွက် အဓိက ရည်ရွယ်ပြီး Refugee ID Card ကို လုပ်ပေးရခြင်းဖြစ်ပါတယ်။ မေး – ဒီ Refugee ID Card လုပ်ပေးခြင်းအားဖြင့် စစ်ဘေးရှောင်တွေအတွက် ဘယ်လိုအကျိုးခံစားခွင်တွေ ရှိလာနိုင်လဲ။…
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်သို့ ရိက္ခာပို့သွားသည့် စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က CNDF တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးခဲ့သည်ဟု CNDF က ထုတ်ပြန်သည်။ စစ်ကားအစီး ၃၀ ပါသည့် အဆိုပါ စစ်ကောင်စီယာဉ်တန်းကို ဖလမ်းမြို့နယ် ထင်းရှုးစခန်းကျေးရွာ အနီးတွင် CNDF တပ်ဖွဲ့က ပစ်ခတ်တိိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CNDF ဘက်က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။ ယမန်နေ့တွင်လည်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာမှ ဖလမ်းမြို့ဘက်သို့ ခြေလျင်ဖြင့်တပ်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ယာဉ်တန်း ၁၈ စီးကို ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၃ ယောက် သေဆုံးခဲ့သည်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး စတင်လာသည့်အချိန်မှာ ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့မှာလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့ကစ၍ ထောင်နှင့်ချီသော ဒေသခံပြည်သူများက လမ်းမပေါ်ထွက် ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဟားခါးမြို့ ဆန္ဒဖော်ထုတ်မှုကို အဓိကဦးဆောင်သူများတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့် ဆလိုင်းငွန်ဆန်းအောင်လည်း ပါဝင်သည်။ ဆလိုင်းငွန်ဆန်းအောင်သည် ရန်ကုန်တက္ကသိုလ်တွင် Master တန်းတက်ရောက်နေသူတစ်ဦးဖြစ်ပြီး ချင်းစာပေနဲ့ယဉ်ကျေးမှု ကောင်မတီမှာလည်း ဦးဆောင်သူတစ်ဦးဖြစ်သည်။ ထို့အပြင် သူသည် ချင်းသတင်းဌာနတစ်ခုဖြစ်သည့် The Chinland Post သတင်းဌာတွင် ၃ နှစ်ခန့် အယ်ဒီတာလုပ်ကိုင်ခဲ့သည့် သတင်းသမားတစ်ဦးလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဟားခါးမြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူထဲက ထင်ရှားတဲ့လူငယ်တစ်ဦးဖြစ်ကာ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် တော်လှန်ရေးနယ်မြေထဲ ရောက်ရှိသွားပြီး ယခုလက်ရှိမှာ Chinland Defense Force – Hakha တပ်ဖွဲ့ရဲ့ ဦးဆောင်သူတစ်ဦးလည်ဖြစ်သည်။ ချင်းလူငယ်တစ်ယောက်အနေနဲ့ ဘာကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ဆုံးဖြတ်ခဲ့ရတာပါလဲ။ သူ့၏ အနာဂတ် အိမ်မက် မျှော်မှန်းချက်များက ဘာတွေလဲ။ Khonumthung သတင်းဌာနက ဆလိုင်းငွန်ဆန်းအောင်ကို ဆက်သွယ်မေးမြန်းထားသည်။ မေး- ပထမဦးဆုုံးအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့တာလဲ။ ဖြေ- ကျွန်တော်ဒီလက်နက်ကိုင်ကို် ရွေးချယ်ခဲ့တာမဟုတ်ဘူးပေါ့။ ကျွန်တော်တို့က နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းချင်တယ်။ ဖေဖော်ဝါရီ တစ်ရက်နေ့မှာ အာဏာသိမ်းလာတော့ အတွင်းကနေ နည်းနည်းစည်းရုံးရေး တွွေဝင်တယ််။ သူငယ်ချင်းတွေကို ညှိကြည့််တယ်။ ၈ ရက်နေ့မှာကျတော့ တချို့ပြည်နယ်တွေလည်း မနက်…
ကလေးမြို့နယ်တောင်ပိုင်း သံဖိုကျေးရွာအနီး တောင်ယာတဲတစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့သတ်ဖြတ်သည့် အရိုးစုများ ယနေ့ တွေ့ရှိကြပြီး ချောင်းခွကျေးရွာမှ ပျောက်ဆုံးသွားသည့် သားအမိ ၃ ယောက်၏ အရိုးစုများ ဖြစ်နိုင်ဟု Chinland Defense Force – Kalay-Kabaw-Gangaw (CDF-KKG) ထုတ်ပြန်သည်။ ကလေးမြို့နယ်တောင်ပိုင်း၊ ချောင်းခွကျေးရွာမှ သားအမိ (၃) ဦးကို သံဖိုကျေးရွာအနီး တောင်ယာအတွင်းရှိ ၎င်းတို့ပိုင် တဲအိမ်မှနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဓါးစာခံပြုလုပ် ဖမ်းဆီးသွားခဲ့ရာ ယခုတိုင် အဆက်အသွယ်မရသေးပဲ ပျောက်ဆုံးလျက်ရှိသည်။ ဒေသခံပြည်သူအချို့နှင့် မျက်မြင်သက်သေအချို့၏ ပြောကြားချက်အရ သံဖိုကျေးရွာ အရှေ့ဘက် ယာတောအတွင်းရှိ တဲအိမ်တစ်ခုအတွင်းမှ သေနတ်သံ (၃) ချက်ကြားရပြီးနောက် တဲအိမ်ကို စကစတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သည်ဟု CDF-KKG ထုတ်ပြန်သည်။ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့၊ နံနက် ၁၁ နာရီခန့်တွင် ၎င်းမီးရှို့ခံရသည့် တဲအိမ်ကို CDF – KKG နှင့် CNDF တပ်ဖွဲ့ ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ မီးလောင်ကျွမ်းနေသည့် အရိုးစုများကို တွေ့ရှိခဲ့ရပြီး၊ ၎င်းအရိုးစုများမှာ ယမန်နေ့က ဖမ်းဆီးခံရသည့် ဒေါ် …… (၄၀ နှစ်)၊ မ ….. (၁၆ နှစ်)၊ မ ….. (၁၄ နှစ်) တို့၏ အရိုးစုများဖြစ်နိုင်ခြေရှိသည်ဟု CDF-KKG ၏ ထုတ်ပြန်ချက်မှာ ဖော်ပြသည်။ စကစတပ်ဖွဲ့များက ၎င်းသားအမိ (၃) ဦးကို…
ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းဆက်သွယ်သောလမ်းအတိုင်း ခြေလျင်တက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ယာဉ်တန်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲဲ့ဲ့က ၂ ကြိမ်မိုင်း ဆွဲတိုက်ခိုက်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၃ ယောက်သေဆုံးခဲ့သည်ဟု သိရသည်။ ယမန်နေ့ ၁၁ နာရီဝန်ကျင်းခန့်က တီးတိန်မြို့နယ် သိုင်းငင်ကျေးရွာမှ ဖလမ်းမြို့ဘက်သို့ ခြေလျင်ဖြင့်တက်လာ သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Zawngkong ရွာအနီးတွင် PDF-Zoland နှင့် CDM-Siyin ပူးပေါင်းတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “မနေ့က သိုင်းငင်းဖက်ကနေ ဖလမ်းဖက်ကို ခြေလျင်နဲ့ ချီတက်နေတဲ့အဖွဲ့ကို အဝေးကနေမိုင်းဆွဲလိုက်တယ်။ ၃ ယာက်လောက်ကတော့ ကောင်းကောင်းထိတယ်။ အထူးသဖြင့် ကျွန်တော်တို့က မိုင်းနဲ့တိုက်ခိုက်လိုက်တာ။ အဲ့မှာတော့ မိုးချုပ်တဲ့အထိရှိတယ် ပြီးမှရွေ့တယ်သူတို့က ဖလမ်းဖက်ကိုဦးတည်နေတယ်၊” ဟု PDF-Zoland မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ညနေပိုင်း ၄ နာရီကျော်ကျော်ခန့်တွင်လည်း ရိက္ခာနှင့် စစ်သားများတင်ဆောင်လာသည့် စစ်ယာဉ်တန်း ၁၈ စီးကို ပူးပေါင်းတပ်ဖွဲ့မှ ထပ်မံမိုင်းဆွဲတိုက်ခဲ့ကြပြီး စစ်ကားတစ်စီးမှာအတော်လေးပျက်စီးသွားသည်ဟု ၎င်းက ပြောသည်။ အဆိုပါစစ်ယာဉ်တန်းကို အနီးကပ် တိုက်ခိုက်ရန် ခက်ခဲမှုရှိသည့်အပြင် ယခုရက်ပိုင်းအတွင်း ယင်းလမ်းကြောင်း တွင် ခရီးသွားလာမှုမရှိကြသည့်အတွက် မိုင်းဆွဲတိုက်ခိုက်ကြခြင်းဖြစ်သည်ဟု PDF-Zoland ပြောရေး ဆိုခွင့်ရှိသူကပြောသည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း ဖလမ်းမြို့မှ စစ်ကား ၂၃ စီးဖြင့် ကလေမြို့သို့ ဆင်းလာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို PDF-Zoland/ CDM-Siyin ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်သောကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း အလောင်းကောက်ယူ၍ မရအောင် တစစီကျေမွသေဆုံးခဲ့သည်။
ကလေးမြို့နယ်တောင်ပို်င်း၊ သံဖိုကျေးရွာတွင် ယမန်နေ့ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက်လာ ကာ လူနေအိမ် ၂ လုံးကို မီးရှို့သွားပြီး ကျေးရွာနေ ပြည်သူအားလုံး တောထဲကို ထွက်ပြေးတိမ်း ရှောင်နေကြရ သည်ဟု သံဖိုကျေးရွာသားတစ်ဦးက ပြောသည်။ “တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူး၊ သူတို့က လာပြီးမှ မီးရှို့တာ။ ကလေးဖက်ကနေလာတဲ့ စစ်သားတွေ အင်အား ၇၀၊၈၀ လောက်ပေါ့ မနေ့က မီးရှို့ခံရတာ အိမ်က လောလောဆယ် ၂ လုံးပဲလို့တွေ့ရသေးတယ်။ ကျန်တာမသိရ သေးဘူး ရွာထဲလည်း သိပ်မပြန်ရဲကြသေးဘူး တရွာလုံးပဲ၊ ခုနလဲ လက်နက်ကြီးတွေနဲ့ထုလို့ ကျွန်တော်တို့ ဖက်နဲ့ နီးလို့ ပြန်ရွေ့ နေရတယ်။” တောထဲကို ထွက်ပြေးတိမ်းရှောင်နေသည့် သံဖိုကျေးရွာသား တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လူနေအိမ် ၂ လုံးအပြင် ဆန်စက်ရုံကိုလည်း မီးရှိုခဲ့ကြပြီး CDF-KKG တပ်ဖွဲ့နှင့် ဒေသခံပြည်သူတစ်ချို့တို့က အချိန်မီငြိမ်းသတ်နိုင်ခဲ့ကြသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် သံဖိုကျေးရွာမှ ၁ မိုင်ကျော်ကျော်ခန့်ဝေးသော ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားကာ ယနေ့နံနက်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သံဖိုကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် လှမ်းထုနေသောကြောင့် ဒေသခံ ကျေးရွာသားများမှာ တောထဲကို ပုန်းရှောင်နေကြဆဲဖြစ်သည်ဟု သိရသည်။ ကလေးမြို့မှ ၂၂ မိုင်ခန့်ကွာဝေးသည့် သံဖိုကျေးရွာတွင် ပြီးခဲ့သည် ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့များက စပါးကျီ တိုက်တလုံးနှင့် လူနေအိမ်များ မီးရှို့ခဲ့ပြီးဖြစ်သည်။ ဖေဖော်ဝါရီလ ၂၃ ရက် ယမန်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မှန်တောကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနည်းဆုံး ၆…
ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲထားတဲ့အမှု နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာမှုတွေ စတင်နေပါတယ်။ မြန်မာဘက်က လျှောက်လဲချက်ပေးဖို့အတွက် စစ်ကောင်စီကိုယ်စားလှယ် ဦးကိုကိုလှိုင်က သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဂျပန်နာမည်နဲ့ အကောင်းတစ်ခုမှာတင်ထားတဲ့ သတင်းအမှားမှာဖော်ပြထားတာကတော့ “တတိယအကြိမ် ICJ ကြားနာမှု မြန်မာအကြမ်းဖက်စစ်ကောင်စီ ပိတ်သိမ်းခံရ စစ်ခေါင်းဆောင် (၃) ဦး ICJ မှ အမှုသီးသန့်စစ်ဆေးမယ်” ဆိုပြီး YouTube Link နဲ့တကွဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းမှန်မမှန် စစ်ဆေးကြည့်တဲ့အခါမှာ တိကျတဲ့ သတင်းအချက်အလက်တွေကို သတင်းဌာနကြီးတွေမှာ တင်ထားတာမတွေသေးပါဘူး။ အဲ့ဒီအပြင် VOA မှာလည်း “ICJ အမှု မြန်မာစစ်ကောင်စီကိုယ်စားလှယ်ဦးကိုကိုလှိုင်နဲ့ VOA မေးမြန်းမှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ မေးမြန်းမှုမှာလည်း အဲ့အကြောင်းပါဝင်ခြင်းမရှိတဲ့အတွက် “တတိယအကြိမ် ICJ ကြားနာမှု မြန်မာအကြမ်းဖက်စစ်ကောင်စီ ပိတ်သိမ်းခံရ စစ်ခေါင်းဆောင် (၃)ဦး ICJ မှ အမှုသီးသန့်စစ်ဆေးမယ်” ဆိုတာသတင်းအမှားဖြစ်ကြောင်းဖော်ပြလိုက်ရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲထားတဲ့အမှုအတွက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နယ်သာလန်စံတော်ချိန် နေ့လည် ၃ နာရီကနေ ၄ နာရီခွဲအထိ မြန်မာဘက်က ဒုတိယ အကျော့ တင်ပြမှာဖြစ်ပြီး ၂၈ ရက်နေ့ နေ့လည် ၃ နာရီကနေ ၄ နာရီခွဲအထိ ဂမ်ဘီယာဘက်က ဒုတိယအကျော့ တင်ပြမှာဖြစ်ပါတယ်။
ဒီသတင်းအမှားကို February 15 ရက်နေ့က သတင်းမှန်ပြန်ကြားရေးဌာနချုပ်ဆိုတဲ့ အကောင့်ကနေ “ဩစတြေးလျမကလို့ အမေရိကန်နိုင်ငံသားပဲဖြစ်ဖြစ် မြန်မာနိုင်ငံပြဌာန်းထားတဲ့ တည်ဆဲဥပဒေကိုလေးစားလိုက်နာမှုမရှိရင် ဥပဒေအရ အရေးယူအပြစ်ပေးခြင်းခံရမယ် ရှောင်တာနဲလ်ကိုပြန်လွှတ်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ဇော်မဲထွန်းပြောထားသော်လည်း ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးလိုက်ပါပြီနော်လို့” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ မောင်ပေါ်ဦးအကောင့်မှလည်း “ရှောင်တာနဲလ် ကို နစကမှ ပြန်လွှတ်ပေးလိုက်ပြီဟုသိရ… Rule of Law = တရားဥပဒေ စိုးမိုးမှုဆိုတာ နကစကို မေးခွန်းထုတ်စရာဖြစ်နေပြီ… မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာ ဒါကိုပြောတာလား…” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနဲလ် ပြန်လွတ်သွားပြီဆိုပြီး မတော်တဆ ထုတ်ဖော်မိခဲ့ကြောင်း ပြန်လည်တောင်ပန်ကြောင်း ဖေဖော်ဝါရီလ ၇ ရက် ဖေ့ဘွတ်ခ်ပို့စ်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။ “တကယ်တမ်းမှာတော့ ဩစတြေးလျနိုင်ငံသား (ရှောင်တာနဲလ်) မလွတ်သေးပါဘူး” “ကျွန်တော် သတင်းအမှား ရခဲ့တာကနေတဆင့် ဒီရှုပ်ထွေးမှု ဖြစ်ခဲ့တာပါ၊ မတော်တဆ ဖြစ်တဲ့ ဒီအမှားအတွက် ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ကြပါ” လို့ ဟွန်ဆန်က သတင်းဌာနတွေကို ပြောခဲ့ပါတယ်။ ရှောင်တာနဲလ်ကို ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်သည်ဆိုပြီး စစ်ကောင်စီက တရားစွဲဆိုထားတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ရှောင်တာနဲလ်ကို စစ်ကောင်စီဘက်မှ ပြန်လွှတ်ပေးခြင်းမရှိသေးပါဘူး။ စာဖတ်သူများအနေနဲ့ သတင်းအတု သတင်းအမှားတွေကို မယုံကြည်ဖို့နဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနက သတင်းတွေကိုသာ ဖတ်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။
