Author: Editor

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ၊ သက်ထင်ကျေးရွာမှ မြိုတိုင်းရင်းသား မိသားစုဝင် ၆ ဦးသည် အစာအဆိပ်သင့်သည့်လက္ခာဏာများဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင့် သိရသည်။ ၎င်းတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက် ညနေက သက်ထင်ရွာအနီးက အခြားရွာတစ်ရွာမှ ပြောင်းဖူးဝယ်ကာ စားပြီးသည့်နောက် ညနေပိုင်းတွင် မိသားစုဝင်များ အသက်ရှူကြပ်လာ၍ ကျောက်တော်ဆေးရုံသို့ သွားရာလမ်းတွင်ရှိသည့် ဝဲကြီးထောင့်တိုက်နယ်ဆေးရုံ၌ ခေတ္တကုသခဲ့စဉ် ည ၁၁ နာရီခန့်တွင် သမီးကြီးဖြစ်သူ မစန္ဒာဝင်းသည် ၎င်းဆေးရုံ၌ပင် သေဆုံးသွားခဲ့သည်ဟု ရခိုင်သတင်းဌာန နိရဉ္စရာက ဖော်ပြသည်။ ထို့နောက်တွင် အခြားကျန်ရှိသူများကို ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ယင်းဆေးရုံ၌ အောက်ဆီဂျင်ပေးကာ ကုသမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ထပ် ၃ ဦးမှာ တစ်ယောက် နာရီဝက်စီခြားကာ သေဆုံးသွားခဲ့သည်ဟု ၎င်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုကြောင့် နိရဉ္စရာသတင်းဌာနက ဖော်ပြသည်။ နောက်တစ်ဦးမှာ ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက် ည ၁၂ နာရီကျော်ခန့်တွင် သေဆုံးသွားပြီး ကျန်တစ်ဦးမှာ ယနေ့နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၆ နာရီခန့်တွင် သေဆုံးသွားခဲ့သည်ဟု သိရသည်။ သေဆုံးသွားသူများမှာ သက်ထင်ကျေးရွာနေ ဦးသောကြာအောင် (၅၄) နှစ်၊ ဇနီးသည် ဒေါ်ခိုင်သန်းနု (၅၄) နှစ်၊ သမီးကြီးမစန္ဒာဝင်း (၂၇) နှစ်၊ သမီးလတ် မစိုးသန်း (၂၃) နှစ်၊ သားငယ် မောင်ကျော်ငြိမ်းထွန်း (၁၃) နှစ်နှင့် ဒေါ်အောင်မ (၆၈) နှစ်တို့ဖြစ်ကြသည်။ ယခုကဲ့သို့ သေဆုံးရသည့်အကြောင်းရင်းကို…

Read More

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံကစစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့မှုများဆောင်ရွက်နေသော ချင်းအဆိုတော် Rebecca Fanai ၏ ကရုဏာစီမံကိန်း (The Compassion Project) သည် အောင်မြင်စွာ အဆုံးသတ်သွားပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သည့် Rebecca Fanai သည် သူမ၏ The compassion Project ကို နိုဝင်ဘာလ ၆ ရက်နေ့ကစတင်ခဲ့ပြီး မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများထံ သုံးပတ်ကျော်ကြာ ခရီးသွားလာ၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၃ ရက်နေ့က အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။ Rebecca Fanai နှင့်အဖွဲ့သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ ခရိုင် ၆ ခုက (အိုင်ဇောလ်၊ မာမစ်၊ ကော်လစစ်၊ လုံးလဲ၊ လောင်တလိုင်၊ ကျန်ဖိုင်း) စစ်ဘေးရှောင်စခန်း ၂၀ ကျော်တွင်သွားရောက်ခဲ့ကြပြီး စစ်ဘေးဒဏ်ကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေး တိမ်းရှောင်လာကြသည့် မြန်မာနိုင်ငံကစစ်ဘေးရှောင်များထံ အကူအညီများပေးအပ်နိုင်ခဲ့သည်ဟုသိရသည်။ The Compassion Project တွင် အဓိက အချက် ၃ ချက်ပါဝင်ပြီး စစ်ဘေးရှောင်ပြည်သူများအား ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း၊ ကလေးငယ်နှင့် အမျိုးသမီးများအတွက် လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်း၊ အရေးပေါ်လိုအပ်ချက်များကူညီထောက်ပံ့ခြင်းများပါဝင်သည်။ The Compassion Project တွင် Rebecca Fanai နှင့်အတူ Chin Health Organization (CHO), Myanmar Refugees Relief Committee-Mizoram (MRRCM), NGO United for Democratic Myanmar (NUDFM), Kalay Crisis…

Read More

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ပီးကျေးရွာတွင် Network for Chin Community Development (NCCD) ၏ ဦးဆောင်မှုဖြင့် နိုဝင်ဘာလ (၂၃-၂၄)ရက်နေ့က ကွန်ယက်စီမံကိန်းနှင့် ရပ်ရွာအခြေပြုဖွံ့ဖြိုးရေးစီမံကိန်းအလုပ်ရုံဆွေးနွေး ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ ယင်းဆွေးနွေးပွဲတွင် တလန်လိုး၊ တလန်ပီး၊ လုံဒိန်း၊ ဗန်ဇံ၊ ဖါရ်ရောန်၊ ဆိုပုမ်ကျေးရွာတို့မှ ကိုယ်စားလှယ် ကျား(၂၈)၊မ(၁၀) စုစုပေါင်း(၃၈)ဦး ပါဝင်တက်ရောက်နိုင်ခဲ့ြ့ပီး ကျေးရွာများစုပေါင်းပြီး ကွန်ယက်စီမံကိန်းကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် ရပ်ရွာ အခြေပြုဖွံဖြိုးရေးစီမံကိန်းအကြောင်းများဆွေးနွေးပို့ချခဲ့ကြသည်ဟုသိရသည်။ အဆိုပါဆွေးနွေးပွဲတွင် လက်ရှိစီမံကိန်းများအခြေအနေ၊ သဘာဝပတ်ဝန်းကျင်ကိစ္စ၊ ချင်းမြေယာမူဝါဒအကြောင်း၊ လက်ရှိ မြန်မာ နိုင်ငံရေးအခြေအနေ၊ အခြေခံဖွံ့ဖြိုးရေးအကြောင်း၊ ကျား/မတန်းတူရေးအကြောင်း၊ ပုဂ္ဂိုလ်လုံခြုံရေးအကြောင်းများ လည်းဆွေးနွေးနိုင်ကြပြီး ရှေ့လုပ်ငန်းစဉ်များလည်းချမှတ်နိုင်ခဲ့ကြောင်း NCCD တာဝန်ရှိသူများထံမှသိရသည်။ NCCD အနေဖြင့် အဆိုပါဒေသများတွင် Community Development စီ်မံကိန်းများနှင့် ကွန်ယက်စီမံကိန်းများ အကော င်ထည်ဖော်ဆောင်လျှက်ရှိရာ ယင်းစီမံကိန်းများကြောင့် ရပ်ရွာအတွက်အများကြီးအကျိူးပြုခဲ့သည်ကို တွေ့ခဲ့ရသည်ဟု NCCD တာဝန်ရှိသူကဆိုပါသည်။ ထို့ပြင် တလန်ပီးကျေးရွာတွင်အခြေခံဖွဲ့စည်းခဲ့သော ကွန်ယက်ကော်မတီကိုလည်းဒီမိုကရေစီစနစ်ကျရွေးကောက်ပွဲပြန်လုပ်ပြီး ကော်မတီအသစ်ရွေးချယ် နိုင်ခဲ့ပါသည်ဟုသိရသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ကြွက်သောင်းကျန်းမှုကြောင့် ကျွေးရွာပေါင်း (၂၀) က တောင်ယာစပါးများ ရိတ်သိမ်း စရာမရှိအောင်ပျက်စီးသွားသည့်အတွက် ဒေသခံတောင်သူများ အခက်ခဲများကြုံတွေ့နေကြရကြောင်း သိရ သည်။ ပလက်ဝမြို့ နှင့် ဆမီးမြို့တို့တွင် ဝါးများဖူးပွင့်ကာ တောထဲ၌ ကြွက်ပေါများလာ၍ ဒေသခံများစိုက်ပျိူးထားသောတောင် ယာစပါးများနှင့် အခြားသောသီးနှံများကို ကိုက်ဖြတ်စားသောက်ကုန်သည့်အတွက် စပါးများရိတ်သိမ်းစရာပင်မရှိတော့ ကြောင်း ဆမီးမြို့ခံတစ်ဦးကပြောသည်။ “စပါးအဖူးအသီးတွေရှိလာပြီးအထဲမှာ အရည်လေးတွေရှိတယ် အဲဒီချိန်ကနေပြီး အကုန်၊ အပင်ရော တောင်ယာတခု လုံးကိုဖျက်စီးတာ၊ ဆမီးဖက်မှာဆိုရင် လုံးဝစပါးမရိတ်ရတဲ့အနေအထားရှိတယ် ကြွက်တွေတော်တော်သောင်းကျန်းတဲ့ အချိန်မှာ တောင်ယာစပါးတွေမရိတ်ရတဲ့ရွာတွေဆို ရွာပေါင်း ၂၀ လောက်ရှိတယ်” ဟု ဆမီးမြို့ခံကပြောသည်။ ဒေသအခေါ် ဝါးတမျိုးဖြစ်သည့် မသေးဝါး၊ သလကူဝါးများပွင့်ချိန် စက်တင်ဘာလမှ စတင်ကာ တောထဲတွင်ကြွက်များ ပေါများလာခြင်းဖြစ်ပြီး စပါးအပါအဝင် ကောက်ပဲသီးနှံများကိုလည်း စားသောက်ဖျက်စီးခဲ့ကြခြင်းဖြစ်သည်။ ကြွက်သောင်းကျန်းမှုဒဏ်ကြောင့် ပလက်ဝမြို့နယ်ထဲက အဘောင်သား၊ စက်လှေရွာ၊ စမ်းစိပ်ရွာ၊ ချီးပလာင်း၊ စိမ့်စင်း၊ လောင်ကဒူး၊ အင်ခိုဝ၊ စိမ်းလက်ဝ၊ ဟာဒဝ ကျေးရွာအပါအဝင် ဆမီး-မတူပီ ကားလမ်းမတလျှောက်ရှိ ကျေးရွာများ၊ ဆမီး ချောင်းအောက်ပိုင်း၊ အထက်ပိုင်းရှိကျေးရွာများနှင့် ပလက်ဝ-ဆမီးကြား ကျေးရွာတို့မှ တောင်ယာစပါးများ ရိတ်သိမ်းစရာ မရှိအောင် ဆိုးရွားစွာပျက်ဆီးခဲ့ရသည်ဟု သိရသည်။ “ကြွက်တွေက ဒီတောင်ယာပြီးသွားရင် မနက်ဖြန်ကျတော့ ဟိုဖက်တောင်ယာ သူတို့ကအုပ်စုလိုက်ဆိုတော့ အများကြီးပဲ တောင်သူတွေက စပါးပဲအားထားရတာဆိုတော့ ကျွန်တော်တို့ ဆမီးနဲ့ပလက်ဝရော တော်တော် လေးကို အကြပ်ရိုက်တ ယ်၊ လမ်းကြောင်းတွေလည်း ပိတ်ထားတဲ့ဒုက္ခရောပဲ” ဟု ဆမီးမြို့ခံက ပြောသည်။ ကြွက်များကို ဒေသခံပြည်သူများမှ…

Read More

FactCheck ဒီသတင်းအမှားကို Fifty Two News ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့် Facebook အကောင့်ကနေပြီး “နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၁၁ နာရီခန့်က ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်၌ CNA/CDF သောင်းကျန်းသူများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မောင်တီရွန်ခွာကျဲအိုထန်နှင့် မောင်ချန်ကူးလျန်တို့မှာ မိုင်းစထိမှန် ဒဏ်ရာရခဲ့ပြီး မောင်ဗန်စောလွမ်မှာ မိုင်းစဖောက်ဝင် ဒဏ်ရာများဖြင့်သေဆုံးသွားကြောင်း သိရှိရပါသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဖြစ်စဉ်မှာ “ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ် ကျောဘုတ်ရပ်ကွက်တွင် နိုဝင်ဘာလ ၁၅ ရက်နေ့ည ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး Shalom Van ပွဲချင်းသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။” နိုဝင်ဘာလ ၁၅ ရက်နေ့ညက ၁၀ နာရီခွဲခန့်က ဟားခါးမြို့တွင် သေနတ်ပစ်ခတ်သံများထွက်ပေါ်လာပြီး နောက် ကျောဘုတ်ရပ်ကွက်ရှိ မိုးဟိန်းသောက်ရေသန့်စက်ရုံဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့တာလို့ ဟာခါးဒေသခံတစ်ဦးကပြောပါတယ်။ “တယောက်ကတော့ ဆုံးသွားတယ်၊ အဲဒီညက ပစ်ခတ်မှုက နည်းနည်းတော့ရှိတယ် သေနတ်အသံတွေက မကြာဘူး မိနစ်ပိုင်းလာက်ပဲဖြစ်မှာ ခနနေတော့ လက်နက်ကြီးတစ်ကြိမ်ပဲကျတာ ပြီးတော့ အဲ့လိုဖြစ် သွားတာ” ဒါကြောင့် စစ်ကောင်စီဝါဒဖြန့် Fifty Two News သတင်း မှာဖော်ပြတဲ့ “ကျော်ဘုတ်ရပ်ကွက်တွင် CNA/CDF သောင်းကျန်းသူများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ” ဆို့တဲ့သတင်းဟာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Read More

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဗားရ်းကျေးရွာ၊ ရဲစခန်းတွင်တာဝန်ထမ်းဆောင်သော ရဲအုပ် ရဲမင်းထွဋ်(အသက် ၃၈) သည် ယနေ့ နိုဝင်ဘာလ ၂၅ ရက်မနက် (၄) နာရီအချိန်ခန့်က ကိုယ့်ကိုကိုယ် သေနတ်ဖြင့်ပစ်ခတ်အဆုံးစီရင်သွားသည်ဟု သိရသည်။ ဖလမ်းမြို့ခံတစ်ဦးက” သူ့ကိုယ်သူသေနတ်နဲ့ပစ်တာ ဒီနေ့မနက်အလောင်းသွားယူတာ။ အခုဖလမ်းဆေးရုံကြီး မှာ ရင်ခွဲစစ်ဆေးတာထိတော့ ကျွန်တော်တို့သိထားတယ်။ သူ့အကျိုးအကြောင်းတော့မသိဘူး။” ဟု ပြောသည်။ ရဲအုပ် ရဲမင်းထွဋ္ဋ်သည် ဖလမ်းမြို့မှ ဗားရ်ရဲစခန်းသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်သူတစ်ဦးဖြစ်သည်ဟု သိရသည်။

Read More

မကွေးတိုင်း ထီးလင်းမြို့နယ် ဝါးရင်းချိုင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်း ၉ နာရီခန့်က မီးတင်ရှိုခဲ့ပြီး နေအိမ် ၃၄ လုံး မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။ ယောတော်လှန်ရေးတပ်-YRA (ထီးလင်း) နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေးဝင်ရောက်၍ မီးငြိမ်းသတ်ခဲ့ကြရာ ဝါးရင်းချိုင်ကျေးရွာရှိ အိမ်ခြေစုစုပေါင်း (၆၁) လုံးအနက်မှ အိမ်ခြေ (၃၄) လုံးမီးလောင်ကျွမ်းခဲ့ကြောင်း Gangaw Youth Voice က ဖော်ပြသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ထီးလင်းမြို့နယ်၌ နှစ်လကျော်ကြာ လှည့်လည်စစ်ကြောင်းထိုးခဲ့သည့်ကာလအတွင်း စုစုပေါင်းကျေးရွာ (၁၁) ရွာမှ အိမ်ခြေပေါင်း (၁၆၈) လုံးအထိ မီးရှို့ခဲ့ကြပြီးဖြစ်သည်ဟု YRA (ထီးလင်း) က ထုတ်ပြန်ထားသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည့် Project Kimo သိန်း ၅၀၀၀ ကမ်ပိန်းသည် သတ်မှတ်ချက်ပမာဏ၏ ၁၄ ရာခိုင်နှုန်းသာ ပြည့်မီသေးပြီး ပြည်သူများအနေဖြင့် ဆက်လက်ပါဝင်အားဖြည့်ပေးကြရန် ဦးဆောင်စီစဉ်သူများက ဖိတ်ခေါ်တောင်းဆိုထားသည်။ ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၏ ဦးဆောင်မှုဖြင့်ဆောင်ရွက်သော Project Kimo သည် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ CDF-Paletwa မှ နယ်မြေစိုးမိုးထိန်းချုပ်လာစေရေး အားဖြည့်ရန်နှင့် ပလက်ဝမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကလိုအပ်သော ငွေကြေးများထောက်ပံ့နိုင်ရန်အတွက် ရန်ပုံငွေရှာဖွေသော ပရောဂျက်ဖြစ်သည်။ ယခုပြုလုပ်လျက်ရှိသော Project Kimo သည် လာမည့်ဒီဇင်ဘာ ၁၁ ရက်အထိ သတ်မှတ်ထားသည်ဟုသိရပြီး ကမ်ပိန်းသတ်မှတ်ချက်ပမာဏ၏ ၁၄ ရာခိုင်နှုန်းသာ ရရှိသေးသည့်အတွက် ပြည်တွင်း/ပြည်ပက တိုင်းရင်းသားညီအကိုများအနေဖြင့် အားဖြည့်ပါဝင်ပေးကြရန် ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဒီ Project Kimo က ပလက်ဝနယ်မြေရှိ တော်လှန်ရေးအင်အားစုတွေ နယ်မြေစိုးမိုးနိုင်ဖို့အတွက် အဓိက အခြေခံအုတ်မြစ်ဖြစ်တယ်၊ ကျန်တဲ့အရာတွေက လူမှုဝန်ဆောင်မှုလုပ်ငန်မှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီကမ်ပိန်း သိန်း ၅၀၀၀ ကို ပြည့်မီနိုင်အောင်အတွက် ဝိုင်းဝန်းပြီးမှ ပါဝင်လှူဒါန်းပေးကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ၎င်းကပြောသည်။ Project Kimo သည် အလှူငွေထည့်ဝင်သည့် Donation ပုံစံဖြစ်သည်နှင့်အညီ အလှူရှင်များ၏ မေတ္တာ စေတနာကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အလှူငွေအမေရိကန်ဒေါ်လာ ၂၀ နှင့်အထက် လှူဒါန်းသူများအတွက်…

Read More

အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့်နယ်စပ်အနီး ဘင်္ဂလာဒေရှ့်ပိုင်နက် စစ်တကောင်းတောင်တန်းဒေသတွင်နေထိုင်ကြသော ချင်း (ဇိုး) မျိုးနွယ်စုများသည် ဘင်္ဂလားဒေရှ့်စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တို့ကြောင့် အခက်အခဲများ ရင်ဆိုင်နေကြရပြီး ၎င်းတို့ထဲက အယောက် ၃၀၀ ကျော်တို့သည် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင် ဖော်ပြသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်း နေထိုင်ကြသော ချင်း (ဇိုး) မျိုးနွယ်စုများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေသော Kuki-Chin National Army (KNA) ကို ဘင်္ဂလားဒေရှ့်စစ်တပ်နှင့် ရက္ခိုင့်တပ်တော်ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သည့်အတွက် စစ်တကောင်းတောင်တန်းဒေသက ဒေသခံပြည်သူအယောက် ၃၀၀ ကျော်တို့သည် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် နယ်စပ်ကျေးရွာ Parva ရွာသို့ နိုဝင်ဘာလ ၂၀ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု သတင်းစာကဆိုသည်။ ယခုကဲ့သို့ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်လာကြသော ဘင်္ဂလားဒေရှ့်နိုင်ငံက ချင်း(ဇိုး) မျိုးနွယ်စုများအား အကူ အညီများပေးအပ်နိုင်ရေးအတွက် မီဇိုရမ်ပြည်နယ်ရှိ အကြီးဆုံးသော အရပ်ဘက်လူမှုအဖွဲ့အစည်းဖြစ်သည့် မီဇိုးလူငယ်အသင်း (CYMA) က မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါကို သွားရောက်တွေ့ဆုံခဲ့ကြပြီး စစ်ဘေးရှောင်ပြည်သူများ ဘေးကင်းလုံခြုံစွာနှင့် အေးအေးချမ်းချမ်းဖြင့် နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန်တောင်းဆိုခဲ့ကြသည်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါကလည်း Parva ကျေးရွာမှာ စစ်ဘေးရှောင်လာကြသော Bawm (ချင်း မျိုးနွယ်စု) ညီအကိုများ၏ အခက်အခဲများအားဖြေရှင်းရန် မီဇိုရမ်အနေဖြင့် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း မီဇိုရမ်အစိုးရနှင့် မီဇိုးလူငယ်အသင်းမှ ဦးဆောင်သူများနှင့် အရေးပေါ်အစည်းအဝေးများပြုလုပ်ကာ ယခုလက်ရှိရင်ဆိုင်နေရသော အခက်အခဲများ ဖြေရှင်းနိုင်ရေး ဆောင်ရွက်လျှက်ရှိသည်ဟု သူ၏ Instagram လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။ နိုဝင်ဘာလ…

Read More

FactCheck အဲ့သတင်းအမှားကို Ko Sitt ဆိုတဲ့အကောင့်ကနေပြီး “၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ ည ၉ နာရီခန့်တွင် မြိတ်-ထားဝယ်ကားလမ်း၊ မိုင်တိုင်အမှတ် (၅၂) အနီး၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်း ကျေးရွာ အနီးတွင် မြိတ်ဘက်မှ ထားဝယ်ဘက်သို့ ထွက်ခွာလာသော အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး စီးနင်းလိုက်ပါလာသည့် ဖောကား ၁ စီးအား PDF အကြမ်းဖက်အဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခြင်းအပြင် လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ပြည်သူ ၄ ဦး ဒဏ်ရာရပြီး ၎င်းတို့အနက် ၂ ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။ ဒဏ်ရာရ ပြည်သူများအား သရက်ချောင်းမြို့နယ်၊ ရငဲတိုက်နယ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူလျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား ပြင်းထန်စွာ တိုက်ခိုက်ခဲ့သော PDF အကြမ်းဖက်သမားများ ဆုတ်ခွာရာသို့ တပ်မတော်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဆက်လက်ပြီး “ပြည်သူ့ကာကွယ်ရေးတပ်အမည်ခံ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ယခုကဲ့သို့ အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် အကြမ်းဖက် တိုက်ခိုက် _တ်ဖြတ်ခြင်းများ ကျူးလွန်နေမှုများကြောင့် ပြည်သူအများမှ ရွံရှာမုန်းတီးနေကြကြောင်း သိရပြီး ၎င်းတို့လှုပ်ရှားမှုသတင်းများရပါက နီးစပ်ရာ တပ်မတော်စစ်ကြောင်းနှင့် လုံခြုံရေးအဖွဲ့များထံ သတင်းပေးပို့ကြပါရန် တိုက်တွန်းလိုက်ရပါသည်။” လို့ရေးသားထားတာဖြစ်ပါတယ်။ ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ညီနောင်မဟာမိတ်များအဖွဲ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး အဲဒီဖြစ်စဉ်မှာ ပြည်သူလူထုစီးလာတဲ့ ကားမဟုတ်ဘဲ စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီး တွေမောင်းနှင်လာတဲ့ကားကို တိုက်ခိုက်တာသာဖြစ်တယ်လို့ ဆိုပါတယ်။ ညီနောင်မဟာမိတ်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ “ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊…

Read More