Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာစစ်ဘေးရှောင်များအတွက် ကျပ်သိန်း ၇၅၀၀ ကျော်တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာပစ္စည်း လွဲအပ်ခြင်းအစီစဉ် မီဇိုရမ်တွင်ကျင်းပ

မြန်မာစစ်ဘေးရှောင်များအတွက် ကျပ်သိန်း ၇၅၀၀ ကျော်တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာပစ္စည်း လွဲအပ်ခြင်းအစီစဉ် မီဇိုရမ်တွင်ကျင်းပ

0
By Editor on August 12, 2022 Khonumthung

မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေကြသော မြန်မာစစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှုကူညီနိင်ရန် အမေရိကန်ပြည်ထောင်စုမှရောက်ရှိလာသော Project-Mizoram ‘22 ၏ ဆေးဘက်ဆိုင်ရာပစ္စည်းများအား လွဲအပ်ခြင်းအခမ်းအနားကို သြဂုတ်လ ၁၀ ရက်နေ့က အိုင်ဇောလ်မြို့ Floria ဟိုတယ်တွင် ကျင်းပခဲ့ကြသည်။

Project-Mizoram စီမံကိန်းသည် အမေရိကန်အခြေစိုက် ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးထောက်ပံ့ကူညီရေးအသင်း Project C.U.R.E၊ မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ချုပ်-မီဇိုရမ် (MRRC-M)၊ Mizo Student Union (MSU)၊ R2P Myanmar Way၊ အိုင်ဇောင်မြို့ရှိ BN Hospital၊ Research Center Mizoram၊ Arizona Falam Christian Church နင့် Chin Baptist Association North America စသည့် အဖွဲ့စည်းများမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများသည် ကျပ်သိန်းပေါင်း ၇၅၀၀ ကျော်တန်ဖိုးရှိကြောင်းသိရပြီး၊ ကျန်းမာရေးအတွက်ဆေးဝါးနှင့် အခြားသော အစားအသောက်ပိုင်းဆိုင်ရာ ထောက်ပံ့မှု စီမံကိန်းများလည်း ရှိသေးကြောင်း သိရသည်။

ယင်း Project-Mizoram ‘22 မှရရှိသော ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများကို မီဇိုးကျောင်းသားများအသင်း (MSU) နင့် မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့-မီဇိုရမ် (MRRC-M) တို့အဖွဲ့ထံ လွဲအပ်ပြီး၊ အချို့သော ကျန်းမာရေးစစ်ဆေးရေးစက်ပစ္စည်းများကို အိုင်ဇောင်မြို့ရှိ BN ဆေးရုံသို့ လွဲအပ်ပေးခဲ့ကြသည်။

ထိုအခမ်းအနားတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga လည်းတက်ရောက်လာပြီး မြန်မာစစ်ဘေးရှောင်ပြည်သူများအား ဆက်လက်ကူညီသွားမည်ဖြစ်ဖြစ်ကြောင်း အိန္ဒိယဗဟိုအစိုးရကိုလည်း ယခုထက်မက ဖိအားပေးတိုက်တွန်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယင်းအခမ်းအနားတွင် ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဆလိုင်းလျန်လွယ်၊ လွှတ်တော်ကိုယ်စားလှယ်အချိူ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ယခုလက်ရှိ မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော် ၄ သောင်းနီးပါးခန့် ခိုလုံနေကြရပြီး မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့၊ အရက်ဖက်လူမှုအဖွဲ့အစည်းများက ကူညီစောင့်ရှောက်မှုပေးနေကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.