ချင်းပြည်နယ်၊ ဟားခါးမြို့ ကျောဘုတ်ရပ်ကွက်တွင်နေထိုင်သော သိက္ခာတော်ရဆရာတော်် ဦးဗန်ကျဲမ်၏နေအိမ်ကို စစ်ကောင်စီက နိုင်ငံပိုင်အဖြစ်နှင့် ချိတ်ပိတ်သိမ်းဆည်းလိုက်သည်ဟု ဒေသခံများထံမှ သိရသည်။ ဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက် သုသာန်အုတ်ဂူတစ်ခုတွင် အောက်တိုဘာလ ၂၈ ရက်နေ့က စစ်ကောင်စီက လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိခဲ့မှုနှင့်စပ်လျဉ်း၍ ပတ်သက်ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲပြီး ဆရာတော်ဦးဗန်ကျဲမ်ကို ဖမ်းဆီးရန်ရှာဖွေကာ ဖမ်းဆီးနိုင်ခြင်းမရှိသည့်အတွက် ၎င်း၏နေအိမ်ကို ယခုကဲ့သို့ချိတ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု ဟားခါးမြို့ဒေသခံတစ်ဦးက ပြောသည်။ “အဲဒီအုတ်ဂူမှာ လက်နက်တွေ စကစက ဖမ်းတဲ့နောက်ပိုင်းမှာ သူ့ကို မသင်္ကာဖြစ်ကြတာပေါ့ ဘာလို့လဲဆိုတော့ သူက အဲဒီကျောဘုတ်ရပ်ကွက်မှာ လူငယ်ပိုင်းမှာရော၊ ကိုဗစ်-၁၉ ကော်မတီပိုင်းမှာကော ဦးစီးဦးဆောင်သူဖြစ်တယ်၊ တော်တော် တက်တက်ကြွကြွ လှုပ်ရှားတဲ့သူဖြစ်တယ် ဒါကြောင့်သူ့ကို မသင်္ကာဖြစ်ကြတာပေါ့ တိုင်တဲ့သူတွေရှိလားတော့မသိဘူး” ဟု ဟားခါးဒေသခံက ပြောသည်။ ဦးဗန်ကျဲမ်သည် ကျောဘုတ်ရပ်ကွက် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၏ သိက္ခာတော်ရ ဆရာတော်တစ်ပါးဖြစ်သည်။ ကျောဘုတ်ရပ်ကွက်ရှိ သချိူင်းဝင်းအတွင်း အုတ်ဂူတစ်ခုတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့က တစ်လုံးထိုးသေနတ် ၁၇ လက်၊ PVC ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းမျိူးစုံ ၈၄ လုံးနှင့် ကျည်ကာအင်္ကျီ ၇ ထည်ကို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီက အောက်တိုဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ချင်းအမျိူးသားတပ်ဦး CNF ဒု-ဥက္ကဌလည်းဖြစ် အမျိူးသားညီညွတ်ရေးအစိုးရ NUG ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၏ ဟားခါးမြို့နေအိမ်ကိုလည်း စစ်ကောင်စီက အောက်တိုဘာလ ၃၀ ရက်နေ့က ချိတ်ပိတ်ခံခဲ့ရပြီးဖြစ်သည်။
Author: Editor
ကလေးမြို့တောင်ပိုင်းဒေသတွင် နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်မှစတင်၍ PDF (Kalay)၊ CNDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက ပန်းမွန်ချောင်းတံတားအနီး ကျောက်ခွဲစက်တွင် စခန်းချထားသော စစ်ကောင်စီတပ်ဖွဲ့ကို စစ်ကြောင်း ၂ ကြောင်းဖြင့် ညှပ်ပိတ်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက်ပိုင်း ၁၁ နာရီခွဲအထိ တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် ကလေးမြို့ဘက်မှ စစ်ကူတက်လာသော စစ်ကောင်စီယာဉ်တန်းအား စည်သာနှင့် နတ်မြောင်းရွာအကြားတွင် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထပ်မံစစ်ကြောင်းလျှောက်တက်လာသော စစ်ကောင်စီတပ်သားများကို နတ်မြောင်းရွာအနီးတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပိတ်ဆို့၍ တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲများနှင့် မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် ကလေးမြို့စစ်ဆေးရုံသို့ စစ်သားအလောင်း ၄၇ လောင်း ရောက်ရှိခဲ့ကြောင်း အတည်ပြုသိရှိရသည်ဟု PDF (Kalay) က ထုတ်ပြန်ထားသည်။ နတ်ချောင်းရွာနှင့် နတ်မြောင်းရွာအတွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်၍ ပြည်သူတစ်ဦးကျဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကာ ချောင်းခွရာမှ နေအိမ် ၃ လုံးကိုလည်း စစ်ကောင်စီက မီးရှို့ခဲ့သည်ဟု သိရသည်။
ကလေးမြို့နယ် တောင်ပိုင်းဒေသ နတ်ချောင်းကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီနှင့် PDF-Kalay တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီဘက်က အကျအဆုံးများပြီး အထိနာနေကြောင်း သိရသည်။ “သူတို့ဘက်ကအရင်စပစ်တာပေါ့နော် မနက် ၇ နာရီထက်စော်မယ်ထင်တယ် တိုက်ပွဲအခြေအနေကတော့ ကျနော်တို့ ဖက်ကနည်းနည်းပြန်ဆုတ်သွားပါပြီ စစ်တပ်ဘက်က ရွာတွေကို မီးရှို့ထားတယ် ချောင်းခွက အိမ်နှစ်လုံးပါသွားတယ်၊ တိုက်ပွဲက ကျနော် PDF ဘက်အထိအခိုက်မရှိဘူး သူတို့ဘက်က ၄၀ ကျော်လောက်ထိတယ်၊ ဒဏ်ရာရရှိသူတော့များတယ်” ဟု PDF-Kalay မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ကလေးမြို့တောင်ပိုင်းဒေသတွင် နိုဝင်ဘာလ ၂ ရက်နေ့ကစ၍ စစ်ကောင်စီနှင့် PDF-Kalay ကလေးတပ်ဖွဲ့ အကြား အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်များအပေါ် လက်နက်ကြီးများကြရောက်ကာ ဒေသခံပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ ကလေးမြို့မှ ၁၅ မိုင်ခန့်ကွာဝေးသော ကလေး-ဂန့်ဂေါကားလမ်းမပေါ်တွင်တည်ရှိသည့် နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းဂွ စသည့်ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့များက ထိုးစစ်ဆင်ကာ လက်နက်ကြီးများပစ်ခတ်မှုကြောင့် လူနေအိမ်များအပေါ် ကျရောက်ကာ ထိခိုက်သေဆုံးမှုများလည်းရှိသည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့မနက် တိုက်ပွဲတွင် စစ်ကောင်ဘက်မှ လက်နက်ကြီး အချက် ၅၀ နီးပါးအသုံးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် အောက်တိုဘာလ ၃၁ ရက်နေ့က CDF-Mindat ၏ ချူံခိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး ယင်းသည် စစ်ကောင်စီမှ ထန်တလန်မြို့အား မီးရှို့ဖျက်ဆီးမှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု CDF-Mindat ကထုတ်ပြန်သည်။ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်က မင်းတပ်မြို့ပေါ် စိချဲ့လမ်းဆုံအနီးတွင် ကင်းလှည့်လာသော စကစတပ်များကို CDF-MINDAT က ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ ၈ ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူကိုယောမာန်ကပြောသည်။ “အစကတော့ အရှိန်ယူမယ် စီမံခန့်ခွဲမယ် တိုက်ခိုက်မယ်ပေါ့နော် ထန်တလန်ကိစ္စလည်းပေါ်လာတော့ ချက်ချင်း တစ်ခုခုတုံ့ပြန်ရင်ကောင်းမယ် ဆိုပြီးမှပေါ့နော် အချိန်မနှောင်းခင်ပေါ့လေ လုပ်ဖြစ်သွားတာပေါ့ ကျနော်တို့ အပြန်အလှန်ပ စ်ကြတာ နာရီဝက်လောက်ကြာမယ် ကျနော်တို့ဘက်ကတော့ တစ်ယောက်က ကျည်ဆံယှက်ထိသွားတာပေါ့နော် ပွန်းပဲ့ ဒဏ်ရာလောက်ပါပဲ၊ ဟိုဘက်(စကစ)ကတော့ အနည်းဆုံး ၈ ယောက်လောက် ဒဏ်ရာရတယ်၊ ၃ ယောက်လောက်က သေဆုံးသွားတယ် အလောင်းတွေဆွဲထုတ်သွားတယ်” ဟု ကိုယောမာန်ကပြောသည်။ အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် စိချဲ့လမ်းဆုံ အနီးရှိ ဘုရားကျောင်တစ်ကျောင်းနှင့် လူနေအိမ်တစ်လုံးထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့်အောက်တိုဘာလ ၂၉ ရက်နေ့က ထန်တလန်မြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က မီးရှို့မှုကြောင့် ဘုရားကျောင်း ၂ ကျောင်းအပါအဝင် လူနေအိမ် ၁၆၄ အိမ်လောင်ကျွမ်းပြာကျခဲ့ပြီး ယင်းကိစ္စအတွက် စစ်ကောင်စီကို CDF-Mindat က ပထမဆုံး လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့များ၏ ရှို ့ ့မီးကြောင့် ယနေ့မနက်ပိုင်းအထိ ဘုရားကျောင်း ၂ ကျောင်းအပါအဝင် လူနေအိမ် ၁၆၀ ကျော် လောင်ကျွမ်းပြာကျခဲ့ပြီး လက်ရှိတွင် မီးညွန့်ကျိုုးကာ အရှိန်လျော့နည်းသွားပြီဟု ထန်တလန် ဒေသခံတစ်ဦးက ပြောသည်။ “အခုတော့ မီးက နည်းနည်းတော့စငြိမ်လာပြီ သူ့ဘာသာသူငြိမ်လာပြီ မီးကတော့နည်းနည်းတော့ကျန်သေး တာပေါ့။” ဟု ထန်တလန် ဒေသခံတစ်ဦး ကပြောသည်။ အဆိုပါမီးလောင်မှုကြောင့် Church On The Rock ဘုရားကျောင်း၊ Presbyterian Church ဘုရား ကျောင်း နှစ်ကျောင်းနှင့် ထန်တလန်မြို့တွင် အကြီးဆုံးနှစ်ခြင်းအသင်းတော်ရုံးချုပ်အပါအဝင် လူနေအိမ် ၁၆၃ အိမ်မီးလောင်ပြာကျ သွားသည်ဟု သိရသည်။ ထန်တလန်မြို့တွင် အိမ်ထောင်စု ၁၅၀၀ စု လူဦးရေ တစ်သောင်းဝန်း ကျင်ခန့်ရှိသော်လည်း မြို့ခံပြည်သူအားလုံးနီးပါးသည် စက်တင်ဘာလကစတင်ပြီး မြို့ကိုစွန့်ခွာပြီး ကျေးလက်ဒေသနှင့် အိန္ဒိယနိုင်ငံတို့တွင် စစ်ဘေးတိမ်းရှောင်နေကြစဉ် စစ်ကောင်စီက လူနေအိမ်များကို ဒုတိယအကြိမ်မီးရှို ့ခဲ့ခြင်းဖြစ်သည်။
Indian Christian Women’s Movement (ICWM), Mizoram Unit အဖွဲ့မှ မီဇိုရမ်ရောက် စစ်ဘေးရှောင်များ အတွက် ငွေကြေးအပြင် လိုအပ်သည့်အသုံးဆောင်ပစ္စည်းများစွာကို မီဇိုရမ်အခြေစိုက် စစ်ဘေးရှောက်ကူညီရေး အသင်း Myanmar Refugee Relief Committee (MRRC) အဖွဲ့ထံ အောက်တိုဘာ ၂၇ ရက်နေ့က ပေးအပ်ခဲ့သည်။ အခမ်းအနားကို Bawngkawn Presbyterian အသင်းတော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး လှူဒါန်းသော ငွေကြေးနှင့်ပစ္စည်း များကို MRRC ဘဏ္ဍာထိန်း Pu Liansanga က လက်ခံခဲ့သည်။ ICWM အဖွဲ့မှ Myanmar Refugee Relief Committee (MRRC) အဖွဲ့ထံ ရူပီး ၈၃၁၂၀၊ အဝတ်အစား၊ အိုးခွက်ပန်ကန်၊ စောင်၊ အစားအစာ အားလုံး အိတ် ၅၀၀ ကျော် ပေးအပ်လှူဒါန်းခဲ့သည်။ Indian Christian Wonen’s Movement (ICWM) အဖွဲ့သည် အိန္ဒိယနိုင်ငံရှိ Protestant အသင်းတော်နှင့် Roman Catholic အသင်းတော် အမျိုးသမီးများမှ ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မီဇိုရမ်တွင်လည်း Unit တစ်ခုအနေဖြင့် ရပ်တည်သည်။
မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များထဲမှ အထက်တန်းကျောင်းနေရွယ် ကလေးငယ်များ ပညာဆက်လက်သင်ကြားခွင့်ကို မီဇိုရမ်အစိုးရမှ အောက်တိုဘာ ၂၈ ရက်နေ့က တရားဝင်ခွင့်ပြုလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ Mizoram Board of School Education (MBSE) ထုတ်ပြန်ချက်အရ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးရှောင်များတွင် အထက်တန်းအရွယ် အများအပြားရှိနေသည့်အတွက် ယခုလို တရားဝင်ခွင့်ပြုလိုက်ရခြင်းဖြစ်ပြီး Registration form ကို နိုဝင်ဘာ ၁၀ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ Registration ပြုလုပ်လိုသူများအနေဖြင့် ကိုယ်နေထိုင်သည့် ကျေးရွာ၊ ရပ်ကွက် Local Council, Young Mizo Association (YMA) ဥက္ကဌထံ စစ်ဘေးရှောင်အမှန် အကန်ဖြစ်ကြောင်း အထောက်အထားပါရှိရမည်ဖြစ်ပြီး အခြားသော document များရှိပါက ထည့်သွင်းရမည်ဖြစ်သည်။ ` Registration fee ကို အထက်တန်းအနေဖြင့် ရူပီး ၁၀၀၊ အထက်တန်းလွန် ၁၂ တန်းအနေဖြင့် ရူပီး ၂၀၀ ပေးရမည်ဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့နောက်ဆုံးထား တင်သွင်းရမည် ဖြစ်သည်။ နိုဝင်ဘာ ၁၀ ရက်နေ့ကျော်လွန်ပါက လက်ခံမည်မဟုတ်တော့ကြောင်း ဖော်ပြထားသည်။ အဆိုပါ Registration ကို MBSE ရုံး အိုက်ဇောလ်နှင့် MBSE Regional Office, Lunglei တို့တွင် တင်သွင်းရမည်ဖြစ်ပြီး Registration form ကို MBSE official website www.mbse.edu.in တွင် download လုပ်လို့ရသည်။ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ…
မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ အာဏာသိမ်းယူခဲ့ပြီးနောက် နိုင်ငံရေးအခြေနေကြောင့် မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင် ခိုလှုံလာကြသော စစ်ဘေးရှောင်များအား ညီအကိုရင်းသဖွယ် ကူညီဆောင်ရွက်ပေးသော မီဇိုရမ်အပေါ် ချင်းလူမျိုးကိုယ်စားသော်လည်းကောင်း၊ နိုင်ငံကိုယ်စားသော်လည်းကောင်း အထူးကျေးဇူးတင်ရှိကြောင်း မီဇိုရမ်တွင်ရောက်ရှိနေသည့် ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်က ပြောသည်။ ယနေ့အောက်တိုဘာ ၂၉ ရက်တွင် မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့၌ ကျင်းပပြုလုပ်သည့် (၁၉) ကြိမ်မြောက် Mizo Students’ Union General Conference တွင် Guest of honour အဖြစ် တက်ရောက်သော ဆလိုင်းလျန်လွယ်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအခြေအနေမှာ တိတိကျကျ ပြောဆိုလို့မရသေးသည့် အတွက် စိတ်ရှည်ရှည်ဖြင့် စစ်ဘေးရှောင်များအား ဆက်လက်ကူညီပေးကြရန်၊ စစ်ဘေးရှောင်များထဲတွင်လည်း ပြစ်မှုကျူးလွန်မှုများ ရှိလာနိုင်သည့်အတွက် ညီအကိုရင်းသဖွယ် နားလည်ခွင့်လွတ်ပေးကြရန် ဆလိုင်းလျန်လွယ်က တောင်းပန်ပြောဆိုခဲ့သည်။ Mizo Students’ Union ဥက္ကဌ Pu Lalmuanzuala ကလည်း တတ်နိုင်သည့်ဘက်ကနေ စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စစ်ဘေးရှောင်များအား စားနပ်ရိက္ခာပြတ်လတ်ခံမှာမဟုတ်ကြောင်း ပြောသည်။ မီဇိုးလူမျိုးများလည်း စစ်ရေးပဋိပက္ခကြောင့် ယခင်က မြန်မာနိုင်ငံတွင် အများအပြားထွက်ပြေးတိမ်ရှောင်ခဲ့ရကြောင်း ထိုအချိန်တွင် ချင်းလူမျိုးများက မီဇိုးလူမျိုးများကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးခဲ့သည့်အပေါ် မိမိတို့အနေဖြင့် မမေ့သေးကြောင်း၊ ယခုအခါ မီဇိုရမ်ရောက် စစ်ဘေးရှောင်များကို ပြန်လည်ကူညီဆောင်ရွက်ပေးခြင်းသည် မိမိတို့၏တာဝန်ဖြစ်သည်ဟု Mizo Students’ Union ဥက္ကဌက ပြောသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၁၀ နာရီခန့်က စစ်ကောင်စီမှ မြို့တွင်း နေရာခြောက်နေရာတွင် မီးရှို့ခြင်းကြောင့် လူနေအိမ်အလုံး ၃၀ ကျော် လောင်ကျွမ်းပျက်စီးသွားသည်ဟု ထန်တလန်မြို့ခံတစ်ဦးက ပြောသည်။ “ထန်တလန်ဖက်တော်တော်ဆိုးရွားနေတယ် ဒီမနက် ၁၀ နာရီလောက်ကနေပြီး စစ်ကောင်စီတွေက မြို့မစျေးနီးက CB ဘဏ်ကနေတနေရာ၊ ၁နာရီခွဲမှာအခု TBC ဘုရားကျောင်းအနီးပတ်ဝန်းကျင် ၅ နေရာမှာ အိမ်တွေကိုမီးရှို့တယ်။မီးငြိမ်းသတ်တဲ့လူကမရှိဘူး မီးကမငြိမ်းသေးဘူး။ အိမ်က ၂၀-၃၀ ကြား လောင်ကျွမ်းတယ် ဆက်တိုက်လောင်းကျွမ်းမယ့်အခြေအနေမျိုးဖြစ်နေတယ်။” ဟု ထန်တလန်မြို့ ခံတစ်ဦးကပြောသည်။ အဆိုပါမီးလောင်မှုကို မီးငြိမ်သတ်ရန် ပြည်သူများမရှိသည့်အပြင် မီးငြိမ်းသတ်ရန်သွားရောက်မည်ဆို ပါက စစ်ကောင်စီဘက်က ပစ်ခတ်ခံရနိုင်သောကြောင့် မည်သူမှမသွားရဲကြပဲ ဆက်လက်လောင်ကျွမ်းနေဆဲဟုသိရသည်။ ထန်တလန် မြို့မစျေးရပ်ကွက် CB ဘဏ်အနီးရှိ လူနေအိမ်များ မီးစတင်လောင်ကျွမ်းခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် စတင်လောင်းကျွမ်းခဲ့ခြင်းဖြစ်ပြီး မွန်းလွဲပိုင်းမီးလောင်ခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့တို့ကိုယ်တိုင်မှ စတင်မီးရှို့ခဲ့ခြင်းကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထန်တလန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း လူနေအိမ် ၁၉ လုံး မီးလောင်ခဲ့သည့်အပြင် မီးငြိမ်းသတ်ရန်သွားသော ပါစတာတစ်ဦးကိုလည်း စစ်ကောင်စီက ပစ်သတ်ခဲ့ပြီးပြီးနောက် မြို့ခံပြည်သူအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်တွင် ၂ နှစ်နီးပါး စစ်ဘေးခိုလှုံနေကြသော စစ်ဘေးရှောင်ပြည်သူတချို့ကို အောက်တိုဘာလ ၂၆ ရက်မှစတင်ပြီး စစ်ကောင်စီက မိမိနေရပ်သို့ ပြန်ခိုင်းနေပြီဟု အမည်မဖော်လိုသည့် စစ်ဘေးရှောင်စခန်း တာဝန်ခံတစ်ဦးထံမှ သိရသည်။ “တချို့ရွာတွေက ၂၆ ရက်နေ့ကစပြန်ကြပြီ၊ ၉ ရွာပဲ ပြန်အုံးမယ် ပထမဦးစားပေးအနေနဲ့ပြန်ခိုင်းတာ။ ကျန်တဲ့သူတွေက များသေးတယ်။ မပြန်တဲ့သူတွေက ၃ ထောင်ကျော်ကျန်မယ် သူတို့က ပျက်စီးအိမ်နဲ့ ပြုပြင်အိမ်တွေအတွက် သူတို့ထောက်ပံ့ ကြေးမရသေးလို့မလွှတ်သေးတာပါ။ အခုက ပိုက်ဆံရပြီဆိုတော့ ပြန်ဖို့အစီစဉ်ဖြစ်သွားပြီ” စစ်ဘေးရှောင်စခန်း တာဝန်ခံတစ်ဦးက ပြောသည်။ ပလက်ဝမြို့အခြေစိုက် ခလရ ၂၈၉ တပ်ရင်းမှ တပ်ရင်းမှူးက ပလက်ဝမြို့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စက်တင်ဘာလကုန်ပိုင်းက အစည်းအဝေးခေါ်ယူပြီး နေရပ်ပြန်ရေးကိစ္စပြောဆို ဆွေးနွေးခဲ့ပြီးနောက် ပျက်စီးသွားသည့်နေအိမ်များ ပြန်လည်ဆောက်လုပ်ပြုပြင်ရန် အောက်တိုဘာလ ၁၇ ရက်နေ့က စစ်ဘေးရှောင်အချိူ့ကို ထောက်ပံ့ကြေး စတင်ပေးအပ်ကာ ယခုကဲ့သို့ နေရပ်ပြန်ခိုင်းခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီမှ ပလက်ဝမြို့ စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေပေးရာတွင် နေအိမ်များ ပြန်လည်ပြုပြင်ရန် တစ်အိမ်ထောင်လျှင် ပြုပြင်စရိတ်အဖြစ် ငွေကျပ် ၃၈၆,၀၀၀၊ ပျက်စီးသွားသော နေအိမ်များ အသစ်ပြန်လည် ဆောက်လုပ်ရန် စရိတ်အဖြစ် ၅၈၆,၀၀၀ ကျပ်ဖြင့်ထောက်ပ့ံပေးခဲ့ကြောင်း သိရသည်။ ပလက်ဝမြို့စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီမှ နေအိမ်များဆောက်လုပ်ပြုပြင်ရန်ဟုဆိုကာ ငွေကြေး အနည်းငယ် ထောက်ပံ့ပေးပြီး အိမ်ပြန်ခိုင်းသည့်အပြင် မြေမြုပ်မိုင်းအန္တရာယ်အပါအဝင် လမ်းပန်း ဆက်သွယ်ရေးအခက်ခဲများကြောင့် နေရပ်ပြန် ပြည်သူများစိုးရိမ်မှုများရှိနေသည်ဟု စစ်ဘေးရှောင်တစ်ဦး ကပြောသည်။ “အခုလောလောဆယ်က လမ်းပန်းဆက်သွယ်ရေးလည်းမကောင်းဘူးဆိုတော့ နည်းနည်းတော့ပြောရ ခက်တာပေါ့၊ လမ်းပန်းဆက်သွယ်ရေးမကောင်းဘူးဆိုတော့။ လောလောဆယ် ဘောင်ဝဖက်မှာလည်း…