Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာကုန်ပစ္စည်းများတင်သွင်းမှုကို မီဇိုရမ်မော်တော်ယာဉ်အသင်းတစ်ခုက ပိတ်ပင်ထားမြစ်

မြန်မာကုန်ပစ္စည်းများတင်သွင်းမှုကို မီဇိုရမ်မော်တော်ယာဉ်အသင်းတစ်ခုက ပိတ်ပင်ထားမြစ်

0
By Editor on July 17, 2022 Khonumthung

ချင်းပြည်နယ် ရိခေါဒရ်မြို့ အမှတ် ၂ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးကတဆင့် မီဇိုရမ်ပြည်နယ်ကို ဝင်ရောက်မည့် မြန်မာဘက်က ကုန်ပစ္စည်းများအားလုံးကို ကျန်ဖိုင်းခရိုင် မော်တော်ယာဉ်များအသင်းက ဇူလိုင်လ ဒုတိယပတ်ကစ၍ ပိတ်ပင်ထားမြစ်ထားသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသည့် မြန်မာကုန်ပစ္စည်းများအနက် ကွမ်းသီးခြောက်တစ်ခုတည်းကိုသာ တရားမဝင်ပစ္စည်းအနေဖြင့်သတ်မှတ်ကာ မီဇိုရမ်အစိုးရက ပိတ်ပင်ထားဆီးထားသည့်အပေါ် ကျန်ဖိုင်းခရိုင် မော်တော်ယာဉ်များအသင်းက မကျေနပ်သည့်အတွက် ယခုကဲ့သို့ နယ်စပ်ကတဆင့် ဝင်လာမည့် မြန်မာကုန်ပစ္စည်းများအားလုံးကို ဇူလိုင် ၁၃ ရက်နေ့ကစ၍ ပိတ်ပင်ထားမြစ်လိုက်ကြခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး ချင်းပြည်နယ် ရိခေါဒါရ်မြို့ဒေသခံတစ်ဦးက “ဘာမှတင်ပို့လို့မရဘူး ဘယ်ကုန်ပစ္စည်းမဆို သရက်သီး၊ ကွမ်းရွက်ကအစ ဘာမှသယ်လို့မရဘူး ခရီးစောင်အိတ်ပါ အကုန်စစ်တယ်၊ ကုန်စမ်းပါမကျန်အောင်အ ကုန်ပိတ်တော့ အတော်လေး ဒုက္ခဖြစ်နေကြတယ်” ဟု ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်ကတင့် မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်သည့်ကုန်ပစ္စည်းအားလုံးနီးပါးသည် တရားဝင်နည်းလမ်းဖြင့် ဝင်ရောက်လာခြင်းမဟုတ်ဘဲ ယင်းကုန်ပစ္စည်းများအနက် ကွမ်းသီးခြောက်ကိုသာ ဖမ်းဆီးအရေးယူမှုပြုလုပ်ခြင်းသည် တရားမျှတမှုမရှိသည့်အပြင် ကျန်ဖိုင်းခရိုင်အတွင်းရှိ ပြည်သူများအား ခွဲခြားဖိနှိပ်မှုတစ်ခုဖြစ်သည်ဟု ကျန်ဖိုင်းခရိုင် မော်တော်ယာဉ်များအသင်းက ဆိုသည်။

ကျန်ဖိုင်းခရိုင်သည် အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်နှင့်ထိစပ်နေသော ဒေသဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးမှတဆင့် မီဇိုရမ်ပြည်နယ် မြို့နယ်အသီးသီးသို့ ပို့ဆောင်မည့် မြန်မာကုန်ပစ္စည်းများအားလုံးသည် ကျန်ဖိုင်းမြို့ကို ဖြတ်သန်းသွားလာကြရသည်။

ယခုလက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် ကျန်ဖိုင်းမြို့သို့သွားသည့် Melbuk နှင့် Mualkawi ကျေးရွာတွင် စစ်ဆေးရေးဂိတ်များထားရှိကြသည့်အပြင် ကျန်ဖိုင်းမြို့ အထွက်တွင်လည်း စစ်ဆေးရေးဂိတ်ထားရှိကာ ကျန်ဖိုင်းမြို့ကို ဝင်လာမည့် ကုန်ပစ္စည်းနှင့် ကျန်ဖိုင်းမြို့မှ ထွက်ခွါမည့် မြန်မာကုန်ပစ္စည်းအားလုံးကို ပိတ်ပင်ထားကြသည်။

ကျန်ဖိုင်းခရိုင် မော်တော်ယာဉ်များအသင်းအနေဖြင့် ကွမ်းသီးခြောက်များအား လွတ်လပ်စွာသယ်ယူခွင့်ပြုရန် မီဇိုရမ်အစိုးရကို တောင်းဆိုထားကြပြီး ၎င်းတို့၏ တောင်းဆိုချက်မရမရချင်း မြန်မာကုန်ပစ္စည်းများကို ပိတ်ပင်သွားမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.