Author: Editor
ချင်းပြည်နယ် မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ယန္တရားလည်ပတ်မှု ရပ်တန့်စေရန်အတွက် မတူပီမြို့သို့ စက်သုံးဆီသယ်ယူခွင့်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Matupi) က ပိတ်ပင်ထားသည်ဟု သိရသည်။ ပြီးခဲ့သည့်နိုဝင်ဘာလ ၂၅ ရက်နေ့ကစ၍ စက်သုံးဆီသယ်ယူခွင့်ကို CDF-Matupi က ပိတ်ပင်ထားခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကားဖြင့် ယာဉ်မလှည့်နိုင်အောင်၊ ထိုးစစ်ဆင်လာသည့်အခါ ယာဉ်အသုံးမပြုနိုင်ရန်နှင့် စစ်တပ် စက်ယန္တရားများ မလည်ပတ်နိုင်အောင်တားဆီးခြင်းဖြစ်သည်ဟု CDF-Matupi တပ်ရင်း (၂) မှ ပြန်ကြားရေးတာဝန်ခံကေ ပြာသည်။ “စစ်တပ်ယန္တရားမလည်ပတ်နိုင်အောင်ပေါ့၊ ဒီဇယ်ဆီတွေ ဓာတ်ဆီတွေပိတ်တယ်၊ ကျနော်တို့ကပေးမဝင်ခိုင်းဘူး၊ အဓိကတော့ စစ်သားတွေ ကားတွေနဲ့ယာဉ်မလှည့်နိုင်အောင်၊ ကျနော်တို့ဘက်ကိုထိုးစစ်ဆင်လာတဲ့အခါကျရင် ယာဉ်တွေဘာတွေအသုံးပြုလို့မရအောင်ပေါ့၊ အဓိကတော့ ဆီတွေကိုပိတ်ထားရတာပေါ့” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံ ကပြောသည်။ CDF-Matupi တပ်ဖွဲ့အနေဖြင့် ဟားခါး – မတူပီလမ်းမှတဆင့် တက်လာသော ကုန်ကားများကို စစ်ဆေး များပြုလုပ်ကာ စစ်ကောင်စီတပ်ရင်းအတွက် သယ်ဆောင်လာသော ကုန်ပစ္စည်းများတွေ့ရှိပါက ကျေးရွာ ပြည်သူများထံ ပြန်လည် ရောင်းချပေးစေသည့်အပြင် တစ်ပတ်အတွင်း စက်သုံးဆီပေပါ နှစ်ရာနီးပါးကို ဖမ်းဆီးထားကြောင်း ၎င်းကဆက်ပြောသည်။ “ဆီက ကျွန်တော်တို့ ပိတ်တဲ့ဟာက တပတ်အတွင်းကို ဂါလံ ငါးဆယ်ဆံ့ ပေပါပေါင်း ၁၇၀ ကျော်တော့ရှိပြီ၊ ဆီတွေကို အပိုင်သိမ်းဖို့ ရည်ရွယ်ချက်မရှိဘူး မြို့ထဲကိုဆီမရောက်ဖို့ဖြစ်တော့ ကားသမားတွေကို ပြန်ပေးတယ်၊ ရွာခံတွေကို သူတို့သတ်မှတ်တဲ့စျေးနဲ့ သူတို့ရောင်းတယ်ပိုတဲ့ဟာကျတော့ သူတို့ပြန်သယ်သွားပေါ့၊ အခု ၆၀ ကျော်လောက်ပဲကျန်တယ်” ဟု CDF-Matupi တပ်ရင်း (၂) မှ ပြန်ကြားရေးတာ ဝန်ခံက ဆက်ပြောသည်။ စစ်ကောင်စီတပ်သည်…
Read More
မြန်မာ့နွေဦးတော်လှန်းရေးအတွက် တီးတိန်မြို့မှ ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်သည့်အသက် ၃၈ နှစ်အရွယ် Pa Cin Sian Sum သည် ဒီဇင်ဘာ ၅ ရက် မနက်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ကျဆုံးသွားသည်ဟု သိရသည်။ Pa Cin Sian Sum သည် သူညအိပ်တည်းခိုသည့် တီးတိန်မြို့ မြို့မရပ်ကွက်တွင် ယနေနံနက်ပိုင်းမိုးမလင်းမီအချိန်တွင် အမည်မသိလက်နက်ကိုင်တစ်စုမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့ဒေသခံတစ်ဦးက ပြောသည်။ “သူက သူ့အိမ်မှာမအိပ်ရဲဘူး တခြားအိမ်မှာအိပ်တယ်၊ အဲဒီအိပ်တဲ့နေရာမှာ လက်နက်ကိ်ုင်အဖွဲ့အစည်းက လာပြီး သူ့ကိုရှာတာလို့ပြောတယ်၊ လက်နက်ကိုင် ၂ ယောက်က သူအိပ်တဲ့နေရာကိုသွားပြီးတော့မှ စကားအပြန်အလှန်ပြောပြီး သေနတ်နဲ့နှစ်ချက်ပစ်ခံရတာလို့သိရတယ်” ဟု တီးတိန်ဒေသခံကပြောသည်။ Pa Cin Sian Sum အား လုပ်ကြံသတ်ဖြတ်သူများမှာ မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို မသိရသော်လည်း မြန်မာ့နွေဦး တော်လှန်ရေးအား ဆန့်ကျင်တိုက်ခိုက်နေသောအဖွဲ့အစည်းတစ်ခု၏ လက်ချက်ဖြစ်သည်ဟု ဇိုမီးဖက်ဒရယ်အစည်းအရုံး (Zomi Federal Union – PDF Zoland) က ထုတ်ပြန်သည်။ ယခုကဲ့သို့ အကြမ်းဖက်မှုနှင့် အနိုင်ကျင့်စော်ကားမှုများအား ZFU/PDF-Zoland အနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း၊ အဆိုပါလုပ်ကြံပစ်ခတ်မှုဖြစ်စဉ်တွင် နွေဦးတော်လှန်ရေးအား တိုက်ခိုက်နေသော တာဝန်ရှိအဖွဲ့အစည်းနှင့် ကိုယ်ထိလက်ရောက်ကျူးလွန်သူ နှစ်ဦးကိုလည်း သိရှိထားပြီး မတရားသတ်ဖြတ်ခံရခြင်းအကြောင်းရင်းအား စုံစမ်းဖော်ထုတ်ကာ တရားမျှတမှုရရှိသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု Zomi Federal Union – PDF Zoland ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Pa Cin Sian Sum သည် စစ်အာဏာရှင်ဆန့်ကျင်သည့် တီးတိန်မြို့မှ…
Read More
စစ်ကိုင်းတိုင်း၊ ကလေးမြို့လေဆိပ်ကို မနက်ဖြန်ဒီဇင်ဘာလ ၆ ရက်နေ့ကစ၍ လေယာဉ်ပြေးဆွဲမှု အဝင်/အထွက်အားလုံး ရက်အကန့်အသတ်မရှိပိတ်လိုက်သည်ဟု သိရသည်။ “ကလေးလေဆိပ်ကိုပိတ်တာ အဝင်လည်းမရ အထွက်လည်းမရ ဘာကြောင့်ပိတ်လဲဆိုတာ ရုံးကနေလည်းမပြောနိုင်သေးဘူး၊ ဒီညနေ ၅ နာရီခွဲမှသတင်းသိရတယ်ဆိုတော့ ကျမတို ့လည်း မနက်ဖြန်ပြန်မယ့် ခရီးသည်တွေကို တချိန်လုံးဖုန်းခေါ်နေတာ” ဟု ကလေးမြို့မှ လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကလေးမြို့လေဆိပ်ကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ကပ်ရောဂါကြောင့် ရက်ပေါင်းအတော်ကြာပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့်အောက်တိုဘာလ ၂၇ ရက်နေ့ကမှ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ယောနယ်တဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ကာ ကလေး-ဂန့်ဂေါ ကားလမ်းများအသုံးပြုမရဖြစ်နေပြီး ကလေး-ကလေးဝ ယာကြီးကားလမ်းသည်လည်း အစစ်အဆေးတင်းကြပ်ကာ ကားခစျေးနှုန်းမြင့်တက်နေမှုများကြောင့် ခရီးသွားပြည်သူများသည် လေကြောင် းဖြင့် ပိုမိုသွားလာနေကြသည်။ ကလေးလေဆိပ်သည် ကလေး ကဘော်ဒေသနှင့် ချင်းပြည်နယ်မှ ပြည်သူများအတွက် ပြည်မဘက်ခရီးသွားရာတွင် အဓိကအသုံးပြုသည့်လေဆိပ်ဖြစ်သည်။ ကလေးမြို့သည် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်နေသည့် မြို့တစ်မြို့ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ကလေးတောင်ပိုင်းရှိ ကျေးရွာအတော်များများမှ လူနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြသည်။
Read More
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကျေးရွာများတွင်ပြည်သူ့စစ်ဖွဲ့စည်းရန် အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင်နေပြီး ယင်းအတွက်တစ်ရွာလျှင်အနည်းဆုံး ၁၅ ဦးနှုန်းဖြင့် လူဦးရေစာရင်းကောက်ခံခိုင်းနေသည်ဟု စုံစမ်းသိရှိရသည်။ ပလက်ဝမြို့အခြေစိုက် (၂၈၉) တပ်ရင်းမှ တပ်မမှူးသည် ပလက်ဝမြို့အနီးတဝိုက်ကျေးရွာ ၉ ရွာမှ တာဝန်ခံပုဂ္ဂိုလ်များအား နိုဝင်ဘာလ ၂၆ ရက်နေ့က ခေါ်ယူတွေ့ဆုံကာ မိမိတို့ကျေးရွာအသီးသီ၌ ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက် လူဦးရေအနည်းများပေါ်မူတည်၍ တစ်ရွာလျှင် လူဦးရေ ၁၅ မှ ၃၀ ဦးစီစာရင်းကောက်ခံကာ ဒီဇင်ဘာလ ၃ ရက်နေ့နောက်ဆုံးထား စာရင်းပေးရမည်ဟု ပြောဆိုခဲ့ကြောင်း အမည်မဖော်လိုသည့်ရွာသားတစ်ဦးကပြောသည်။ “၂၈၉ တပ်ရင်းမှာ တပ်မှူးကိုယ်တိုင်က အစည်းအဝေးခေါ်တယ်၊ မိမိကျေးရွာကို လုံခြုံဖို့ ကာကွယ်ဖို့ ပြည်သူ့စစ်ဖွဲ့ဖို့ ပြောထားတယ်၊ ရွာနည်းရင်နည်းသလို များရင်များသလို ကျနော်တို့ရွာဆိုရင် အမာခံအတွက် ၁၀ ဦး၊ အရန်အတွက် ၂၀ စုစုပေါင်း ၃၀ ကောက်ခိုင်းထားတယ်၊ မဖြစ်မနေတင်ပေးရမှာပဲ” ဟု အဆိုပါရွာသားကပြောသည်။ အာဏာသိမ်းစစ်ကောင်စီသည် ပလက်ဝမြို့နယ် ကျေးရွာအားလုံးတွင် ပြည်သူ့စစ်ဖွဲ့စည်းမည်ဟု သိရပြီး ယခုလောလော ဆယ်တွင် ပလက်ဝမြို့အနီးတစ်ဝိုက်ကျေးရွာများဖြစ်သည့် အောက်မီးလက်ဝ၊ လောင်းဂဒိုး၊ စိမ်းစင်း၊ ငပွေ၊ အန်ခို၊ စီဖလောင်း၊ တမန်းသား၊ ကင်ဝနှင့် ကျော်ရွာစသည့် ၉ ရွာတွင် စတင်ဖွဲ့စည်းရန်စီစဉ်နေခြင်းဖြစ်သည်။ ယင်းအတွက် အသက် ၁၈ နှစ်မှ ၅၀ နှစ်အကြားရှိ ရွာသားများ၏ စာရင်းကို ယနေ့နောက်ဆုံးထား၍ (၂၈၉) တပ်ရင်းမှ တပ်မမှူးထံသို့ပို့ဆောင်ပြီးနောက် ပြည်သူ့စစ်အခြေခံစစ်သင်တန်းများလာရောက်ပို့ချပေးမည်ဖြစ်ကြောင်း ရွာသားက ဆက်ပြောသည်။ “စာရင်းပို့ပေးပြီဆိုရင် သူတို့က မိမိရွာကိုလာပြီးမှ ပြည်သူ့စစ်အခြေခံသင်တန်းကို လာသင်ပေးမယ်လို့ပြောတာပဲ၊…
Read More
ချင်းပြည်နယ် မတူပီမြို့အခြေစိုက် ခလရ ၁၄၀ တပ်ရင်းတွင် စစ်ကောင်စီတပ်သားအချင်းချင်းသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံကာ သုံးပွင့်အဆင့်ရှိသည့် ဗိုလ်ကြီးတစ်ဦးနှင့် ၎င်း၏ ကိုယ်ရေးအရာရှိတစ်ဦး သေဆုံးမှု နိုဝင်ဘာလ ၂၆ ရက်နေ့ညက ဖြစ်ပွားခဲ့သည်ဟု တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က မတူပီမြို့နယ် ဖနိုင်-ငလိုင်ကျေးရွာအကြားတွင်တည်ရှိသော ခရိုင်ထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါညတွင် ၁၄၀ တပ်ရင်းအတွင်း ယခုကဲ့သို့ အချင်းချင်းပစ်ခတ်လုပ်ကြံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တပ်နှင့်နီးစပ်သည့် သတင်းရစ်မြစ်တစ်ဦးက ပြောသည်။ “အဲဒီတိုက်ပွဲဖြစ်တဲ့ညမှာပဲ တပ်ထဲမှာ သူတို့ အချင်းချင်းစိတ်ဝမ်းခွဲပြီး ပစ်ခတ်လို့ သုံးပွင့်ဗိုလ်နဲ့ သူကိုယ်ရေးအရာရှိက အဲ့မှာပဲ ပွဲချင်းသေတယ်၊ ၃ ယောက်ကေတာ့ အဆိပ်သင့်ပြီးတော့ အခု တပ်တွင်းဆေးရုံမှာပဲရှိနေတယ်” ဟု ၎င်းက ပြောသည်။ အာဏာသိမ်းစစ်ကောင်စီသည် တပ်တွင်း အချင်းချင်းပစ်ခတ်လုပ်ကြံမှုနှင့်ပတ်သက်၍ ထုတ်ပြန်လေ့မရှိသကဲ့သို့ ခိုနူမ်းသုန်သတင်းဌာနအနေဖြင့်လည်း ယင်းဖြစ်စဉ်အပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ သို့သော်လည်း မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများတွင် တပ်တွင်းလုပ်ကြံမှု ယခင်ကလည်း ဖြစ်ပွားလေ့ရှိသည်။ မတူပီမြို့မှ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကမူ သုံးပွင့်ဗိုလ်နှင့် ၎င်း၏ ကိုယ်ရေးအရာရှိသေဆုံးမှုမှာ မှန်ကန်သော်လည်း တပ်တွင်း အချင်းချင်းပစ်ခတ်မှုကြောင့်မဟုတ်ပဲ အရက်ရှားပါးပြီး အရက်ပျံသောက်သုံးမှုကြောင့် ဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ခိုနူမ်းသုန်ကိုပြောသည်။ “အရက်ပျံသောက်ပြီးမှ ဆုံးသွားတယ်လို့သိရတယ်၊ မတူပီမှာ အရက်လုံးဝရှားတယ်လေ၊ အရက်လုံးဝမရတော့ဘူး၊ ဒါကြောင့် အရက်ပျံသောက်တာနဲ့ သေတယ်လို့ပဲကြားတယ်၊ သတင်းအမှောင်ချတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်” ဟု ၎င်းကပြောသည်။ မတူပီမြို့တွင် ပြီးခဲ့သည့် သြဂုတ်လ…
Read More
ချင်းပြည်နယ် ထန်တလန်မြို့တွင် ယမန်နေ့(နိုဝင်ဘာလ ၂၇)ညက လောင်ကျွမ်းခဲ့သည့် မီးကြောင့် ဘုရားကျောင်း တစ်ကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါး ထပ်မံပြာကျခဲ့ရသည်ဟု သိရသည်။ ထန်တလန်မြို့ပေါ်ရှိ ဇုန်မုန်၊ စိုက်ပျိူးရေးနှင့် လုံတီာလ် စသည့်ရပ်ကွက် ၃ ခုတွင် စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယမန်နေ့ညနေပိုင်းကစ၍ မီးစတင်လောင်ကျွမ်းကာ တညလုံးလောင်ကျွမ်းပြီးနောက် စိန့်နိကောလပ်ဘုရားကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ် ၉၆ အိမ်ခြေ လောင်ကျွမ်းပြာကျခဲ့သည်ဟု Thantlang Placement Affairs Committee ၏ ထုတ်ပြန်ချက်အရသိရသည်။ ယမန်နေ့ညက လောင်ကျွမ်းသည့် ထန်တလန်မီးသည် နောက်တစ်နေ့မနက်ပိုင်းတွင် မီးငြိမ်းသွားခဲ့သော်လည်း ယနေ့မွန်းလွဲပိုင်း ၂ နာရီကျော်ကျော်ခန့်တွင် မီးပြန်လောင်ပြီး ယခုသတင်းရေးချိန်ထိဆက်လက်လောင်ကျွမ်းနေဆဲဟု သိရသည်။ အိမ်ခြေ နှစ်ထောင်ကျော်ခန့်ရှိသော ထန်တလန်မြို့တွင် ပြီးခဲ့သည့်စက်တင်ဘာလမှစ၍ ယနေ့ထိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် ရှိှု့မီးကြောင့် လူနေအိမ်မီးလောင်ကျွမ်းမှု ၉ ကြိမ်မြောက်ရှိသွားပြီဖြစ်ကာ ဘုရားကျောင်း ၄ ကျောင်းအပါအဝင် အိမ်ခြေ ၃၅၀ ကျော်လောင်ကျွမ်းပြာကျခဲ့ပြီးဖြစ်သည်။
Read More
Read More
Unicode ချင်းပြည်နယ်၊ ဟားခါးမြို့တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ညက မြို့တွင်း နေရာသုံးနေရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့မှုရှိခဲ့ပြီးနောက် ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်ညနေပို်င်းတွင် စစ်ကောင်စီတပ်ဖွဲ့များမှ CDM ကျောင်းဆရာမ ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။ “ ဟိုနေ့က ရပ်ကွက်ထဲမှာ ပစ်ပြီးနောက်နေ့မှာ လူ ၅ ဦးကိုဖမ်းသွားတယ်။ ၂ ယောက်က ရွေး ကောက်ပွဲကော်မရှင်ရုံးက အမျိုးသား အဲ့နှစ်ယောက်ကို အစိုးရဝန်းထမ်းအိမ်ယာမှာ သွားဖမ်းတာ။ နောက်တစ်ယောက်က ခြင်းလုံးခတ်သွားတဲ့ MPT အရောင်းကိုယ်စားလှယ်တစ်ယောက်၊ CDM ကျောင်းဆရာမ ၂ ဦးလည်းပါတယ်” ဟု ဟားခါးမြို့ခံတစ်ဦးကပြောသည်။ လက်ရှိတွင် အဆိုပါဖမ်းဆီးခံရသူများကို ဟားခါးမြို့ ရဲစခန်းတွင်ထိန်းသိမ်းထားပြီး ရဲစခန်းတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသူ အများအပြားလည်းရှိနေကြောင်းသိရသည်။ ယနေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် ဟားခါးမြို့ အပြင်ဖ က်တစ်နေရာတွင် မွန်းလွဲ ၁၂ နာရီကစတင်ကာ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိမရှိမသိရပေ။ Zawgyi ဟားခါးမြို့တွင် CDM ကျောင်းဆရာမ ၂ ဦးအပါအဝင် ၅ ဦးဖမ်းဆီးခံရ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ညက မြို့တွင်း နေရာသုံးနေရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့မှုရှိခဲ့ပြီးနောက် ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များမှ CDM ကျောင်းဆရာမ ၂ ဦးအပါအဝင် ပြည်သူ ၅…
Read More
Unicode ခရစ်ယာန်ဘာသာဝင်များ၏ အထွဋ်အမြတ်ထားရှိသော ခရစ္စမတ်ပွဲတော်ကို လက်ရှိကြုံတွေ့နေရသောနိုင်ငံရေးအခြေ အနေများကြောင့် ယခုနှစ်တွင် ကျင်းပတော့မည်မဟုတ်ကြောင်း ဟားခါးမြို့နယ် ခရစ်ယာန် ဂိုဏ်းပေါင်းစုံများမှ ထုတ်ပြ န်ထားသည်ဟု သိရသည်။ ခရစ်ယာန်ဘာသာဝင် ၉၀ ရာခိုင်နှုန်းခန့်နေထိုင်သည့် ချင်းပြည်နယ်တွင် ယေရှုမွေးပွားသော ဒီဇင်ဘာလ ၂၅ ရက်နေ့ ကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာဖြင့် မြို့နယ်အသီးသီးတွင် ကျင်းပလေ့ရှိသော်လည်း ယခုနှစ်မှာမူ နိုင်ငံရေးအခြေ အနေကြောင့် ဟားခါးမြို့နယ်တွင် ကျင်းပဖြစ်မည်မဟုတ်ကြောင်း အမည်မဖော်လိုသော ဟားခါးမြို့မှ ဓမ္မအမှုတော် ဆောင် ပါစတာတစ်ဦးကပြောသည်။ “တော်လှန်ရေးကလည်းရှိသေးတယ်။ မြို့ထဲမှာ ပစ်ခတ်တာမျိုးက ရှိသေးတယ်။ မနှစ်ကတော့ တော်လှန်ရေးအတွက်ဘ ယ်သူမှ လက်နက်မကိုင်ကြသေးပေမယ့် ဒီနှစ်မှ စကိုင်တယ်ဆိုတော့ ဘယ်လိုလုပ် ကျွန်တော်တို့ သားသမီးတွေ တောထဲ မှာရှိနေတယ်။ သေမလားရှင်မလားဆိုပြီး ခက်ခက်ခဲခဲနဲ့ နေထိုင်တဲ့အချိန်မှာ မိဘတွေက ဘယ်လိုလုပ်အိမ်မှာ ပွဲတော်ကို ဆင်နွဲရဲမှာလဲ” ဟု ပါစတာကပြောသည်။ ခရစ္စမတ်ပွဲတော်နှင့်ပတ်သက်၍ ဘုရားကျောင်း၊ ပလ္လင်၊ ဆိုင်းဘုတ်အလှဆင်ခြင်းနှင့် အိမ်အတွင်းပိုင်းအလှဆင်ခြင်းတို့သာ ပြုလုပ်ရန်ကြရန်၊ ကျေးရွာ၊ ရပ်ကွက်အတွင်း လမ်း အလှဆင်ခြင်း၊ အသင်းတော်နှင့် ရပ်ကွက်များတွင် ခရစ္စမတ်နေ့စုဝေး ဝတ်ပြုဆုတောင်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်း၊ နှစ်သစ်ကူးပွဲကျင်းပခြင်းများမပြုလုပ်ကြရန်၊ ဓမ္မအမှု တော်ဆောင်များမှာ လည်း ရုံးနှင့် အခြားနေရာတို့တွင် ခရစ္စမတ်ပွဲ ဖိတ်ကြားခံရမည်ဆိုပါက မပါဝင်ရန် ဟားခါးမြို့နယ် ခရစ်ယာန်ဂိုဏ်ပေါင်းစုံမှ ထုတ်ပြန်ထားသည်။ ဟားခါးမြို့မှ ပါစတာတစ်ဦးကလည်း “ နိုင်ငံရေးအခြေအနေမကောင်းတဲ့အခါကြတော့ လုပ်မယ်ဆိုရင်လည်း နည်းနည်း တော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်တော့ ဒီနှစ်တော့ လုပ်တာထက်မလုပ်တာက ပိုကောင်း မယ်လို့…
Read More