Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့တွင် CDF များက နေအိမ်များအား ထပ်မံမီးရှို့ဆိုတဲ့သတင်း

ထန်တလန်မြို့တွင် CDF များက နေအိမ်များအား ထပ်မံမီးရှို့ဆိုတဲ့သတင်း

0
By Editor on May 26, 2022 Headline

ဒီသတင်းအမှားကို Fifty Two News ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့်လူမှုကွန်ယက်စာမျက်နှာကနေ မေလ ၂၄ ရက်နေ့က ရေးသားထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

Fifty Two News လူမှုကွန်ယက်စာမျက်နှာမှာ “ထန်တလန်မြို့တွင် လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းစဉ် CDF အကြမ်းဖက်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲ့များထိခိုက်မှုမရှိဘဲ အကြမ်းဖက် CDF-Thantlang လက်မောင်းတံဆိတ်ပါ ကျား ၂ လောင်းနှင့်အတူ အိန္ဒိယနိုင်ငံထုတ်ပြောင်းချောသေနတ် ၁ လက်၊ ကျည် ၅ တောင့်၊ လက်လုပ်မိုင်း ၄ လုံးတို့အား သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက် CDF များထွက်ပြေးရာလမ်းကြောင်းရှိ ပြည်သူပိုင်နေအိမ်များမီးရှို့ဖျက်ဆီးသွားကြောင်းသိရပါသည်’’ ဟု ဖော်ပြထားတာဖြစ်ပါတယ်။

ထန်တလန်မြို့မှာ မေလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် CDF-Thantlang တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုမှာ မှန်ကန်ပေမယ့် CDF-Thantlang ဘက်က အကျဆုံးမရှိခဲ့သလို စစ်ကောင်စီဘက်ကသာ ၆ ယောက်သေဆုံးခဲ့တာဖြစ်တယ်လို့ CDF-Thantlang က တရားဝင်ထုတ်ပြန်ထားပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်ကို အောက်ပါလင့်မှာကြည့်ရှုနိုင်ပါတယ်။

Link https://www.facebook.com/100491915475960/posts/375929524598863/

အဲဒီတိုက်ပွဲဖြစ်စဉ်မှာ CDF-Thantlang ဘက်က ကျဆုံးမှုမရှိဘဲ သူတို့ရဲဘော် ၄ ဦး မပြင်းထန်သောဒဏ်ရာအနည်း ငယ်ရရှိခဲ့ကြတယ်လို့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထန်တလန်မြို့အမှတ် ၁ ရက်ကွက်က မီးမလောင်သေးတဲ့နေအိမ်တွေကို အိမ်တိုင်း လိုလိုမီးရှိုခဲ့တာကြောင့် အိမ်အတော်များများလောင်ကျွမ်းပြာကျခဲ့ရတယ်လို့ CDF-Thantlang ရဲ့ထုတ်ပြန်ချ က်မှာဖော်ပြထားပါတယ်။

ဒါကြောင့် Fifty Two News မှာတင်ထားတဲ့ “ ထန်တလန်မြို့ကို CDF တွေက ထပ်မံမီးရှို့’’ ဆိုတဲ့ပိုစ့်ဟာ သတင်းအမှား သာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေကိုတိုင်က မီးရှိှုခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ထန်တလန်မြို့ကို လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်စက်တင်ဘာလကစလို့ ယခုချိန်ထိ အနည်းဆုံး ၂၈ ကြိမ်ခန့် မီးရှို့ခဲ့ကြပြီး ထန်တလန်မြို့ပေါ်က ဘုရားကျောင်း ၈ ကျောင်းအပါအဝင် လူနေအိမ်ခြေ တစ်ထောင်ကျော် မီးလောင်ပြာကျခဲ့ရပြီးဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်ကို Thantlang Placement Affairs Committee- IDPs Help လူမှုကွန်ယက်စာမျက်နှာမှာလည်း သွားရောက်ကြည့်ရှု့နိုင်ပါတယ်။

Link https://www.facebook.com/108100014858517/posts/255112670157250/

နိုင်ငံရေးမတည်ငြိမ်မှုများကြားမှာ သတင်းတုသတင်းအမှားများဟာနေ့စဉ်လိုလို ထွက်ပေါ်လျက်ရှိပါတယ်။ စာဖတ်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနများမှ သတင်းတွေကိုသာဖတ်ရှုဖို့တိုက်တွန်း လိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.