Author: Editor

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် အောက်တိုဘာလ ၃၁ ရက်နေ့က CDF-Mindat ၏ ချူံခိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး ယင်းသည် စစ်ကောင်စီမှ ထန်တလန်မြို့အား မီးရှို့ဖျက်ဆီးမှုအတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု CDF-Mindat ကထုတ်ပြန်သည်။ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်က မင်းတပ်မြို့‌ပေါ် စိချဲ့လမ်းဆုံအနီးတွင် ကင်းလှည့်လာသော စကစတပ်များကို CDF-MINDAT က ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ ၈ ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူကိုယောမာန်ကပြောသည်။ “အစကတော့ အရှိန်ယူမယ် စီမံခန့်ခွဲမယ် တိုက်ခိုက်မယ်ပေါ့နော် ထန်တလန်ကိစ္စလည်းပေါ်လာတော့ ချက်ချင်း တစ်ခုခုတုံ့ပြန်ရင်ကောင်းမယ် ဆိုပြီးမှပေါ့နော် အချိန်မနှောင်းခင်ပေါ့လေ လုပ်ဖြစ်သွားတာပေါ့ ကျနော်တို့ အပြန်အလှန်ပ စ်ကြတာ နာရီဝက်လောက်ကြာမယ် ကျနော်တို့ဘက်ကတော့ တစ်ယောက်က ကျည်ဆံယှက်ထိသွားတာပေါ့နော် ပွန်းပဲ့ ဒဏ်ရာလောက်ပါပဲ၊ ဟိုဘက်(စကစ)ကတော့ အနည်းဆုံး ၈ ယောက်လောက် ဒဏ်ရာရတယ်၊ ၃ ယောက်လောက်က သေဆုံးသွားတယ် အလောင်းတွေဆွဲထုတ်သွားတယ်” ဟု ကိုယောမာန်ကပြောသည်။ အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် စိချဲ့လမ်းဆုံ အနီးရှိ ဘုရားကျောင်တစ်ကျောင်းနှင့် လူနေအိမ်တစ်လုံးထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့်အောက်တိုဘာလ ၂၉ ရက်နေ့က ထန်တလန်မြို့ပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က မီးရှို့မှုကြောင့် ဘုရားကျောင်း ၂ ကျောင်းအပါအဝင် လူနေအိမ် ၁၆၄ အိမ်လောင်ကျွမ်းပြာကျခဲ့ပြီး ယင်းကိစ္စအတွက် စစ်ကောင်စီကို CDF-Mindat က ပထမဆုံး လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Read More

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့များ၏ ရှို ့ ့မီးကြောင့် ယနေ့မနက်ပိုင်းအထိ ဘုရားကျောင်း ၂ ​ကျောင်းအပါအဝင် လူနေအိမ် ၁၆၀ ကျော် လောင်ကျွမ်းပြာကျခဲ့ပြီး လက်ရှိတွင် မီးညွန့်ကျိုုးကာ အရှိန်လျော့နည်းသွားပြီဟု ထန်တလန် ဒေသခံတစ်ဦးက ပြောသည်။ “အခုတော့ မီးက နည်းနည်းတော့စငြိမ်လာပြီ သူ့ဘာသာသူငြိမ်လာပြီ မီးကတော့နည်းနည်းတော့ကျန်သေး တာပေါ့။” ဟု ထန်တလန် ဒေသခံတစ်ဦး ကပြောသည်။ အဆိုပါမီးလောင်မှုကြောင့် Church On The Rock ဘုရားကျောင်း၊ Presbyterian Church ဘုရား ကျောင်း နှစ်ကျောင်းနှင့် ထန်တလန်မြို့တွင် အကြီးဆုံးနှစ်ခြင်းအသင်းတော်ရုံးချုပ်အပါအဝင် လူ​နေအိမ် ၁၆၃ အိမ်မီးလောင်ပြာကျ သွားသည်ဟု သိရသည်။ ထန်တလန်မြို့တွင် အိမ်ထောင်စု ၁၅၀၀ စု လူဦးရေ တစ်သောင်းဝန်း ကျင်ခန့်ရှိသော်လည်း မြို့ခံပြည်သူအားလုံးနီးပါးသည် စက်တင်ဘာလကစတင်ပြီး မြို့ကိုစွန့်ခွာပြီး ကျေးလက်ဒေသနှင့် အိန္ဒိယနိုင်ငံတို့တွင် စစ်ဘေးတိမ်းရှောင်နေကြစဉ် စစ်ကောင်စီက လူ​နေအိမ်များကို ဒုတိယအကြိမ်မီးရှို ့ခဲ့ခြင်းဖြစ်သည်။

Read More

Indian Christian Women’s Movement (ICWM), Mizoram Unit အဖွဲ့မှ မီဇိုရမ်ရောက် စစ်ဘေးရှောင်များ အတွက် ငွေကြေးအပြင် လိုအပ်သည့်အသုံးဆောင်ပစ္စည်းများစွာကို မီဇိုရမ်အခြေစိုက် စစ်ဘေးရှောက်ကူညီရေး အသင်း Myanmar Refugee Relief Committee (MRRC) အဖွဲ့ထံ အောက်တိုဘာ ၂၇ ရက်နေ့က ပေးအပ်ခဲ့သည်။ အခမ်းအနားကို Bawngkawn Presbyterian အသင်းတော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး လှူဒါန်းသော ငွေကြေးနှင့်ပစ္စည်း များကို MRRC ဘဏ္ဍာထိန်း Pu Liansanga က လက်ခံခဲ့သည်။ ICWM အဖွဲ့မှ Myanmar Refugee Relief Committee (MRRC) အဖွဲ့ထံ ရူပီး ၈၃၁၂၀၊ အဝတ်အစား၊ အိုးခွက်ပန်ကန်၊ စောင်၊ အစားအစာ အားလုံး အိတ် ၅၀၀ ကျော် ပေးအပ်လှူဒါန်းခဲ့သည်။ Indian Christian Wonen’s Movement (ICWM) အဖွဲ့သည် အိန္ဒိယနိုင်ငံရှိ Protestant အသင်းတော်နှင့် Roman Catholic အသင်းတော် အမျိုးသမီးများမှ ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မီဇိုရမ်တွင်လည်း Unit တစ်ခုအနေဖြင့် ရပ်တည်သည်။

Read More

မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များထဲမှ အထက်တန်းကျောင်းနေရွယ် ကလေးငယ်များ ပညာဆက်လက်သင်ကြားခွင့်ကို မီဇိုရမ်အစိုးရမှ အောက်တိုဘာ ၂၈ ရက်နေ့က တရားဝင်ခွင့်ပြုလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ Mizoram Board of School Education (MBSE) ထုတ်ပြန်ချက်အရ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးရှောင်များတွင် အထက်တန်းအရွယ် အများအပြားရှိနေသည့်အတွက် ယခုလို တရားဝင်ခွင့်ပြုလိုက်ရခြင်းဖြစ်ပြီး Registration form ကို နိုဝင်ဘာ ၁၀ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ Registration ပြုလုပ်လိုသူများအနေဖြင့် ကိုယ်နေထိုင်သည့် ကျေးရွာ၊ ရပ်ကွက် Local Council, Young Mizo Association (YMA) ဥက္ကဌထံ စစ်ဘေးရှောင်အမှန် အကန်ဖြစ်ကြောင်း အထောက်အထားပါရှိရမည်ဖြစ်ပြီး အခြားသော document များရှိပါက ထည့်သွင်းရမည်ဖြစ်သည်။ ` Registration fee ကို အထက်တန်းအနေဖြင့် ရူပီး ၁၀၀၊ အထက်တန်းလွန် ၁၂ တန်းအနေဖြင့် ရူပီး ၂၀၀ ပေးရမည်ဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့နောက်ဆုံးထား တင်သွင်းရမည် ဖြစ်သည်။ နိုဝင်ဘာ ၁၀ ရက်နေ့ကျော်လွန်ပါက လက်ခံမည်မဟုတ်တော့ကြောင်း ဖော်ပြထားသည်။ အဆိုပါ Registration ကို MBSE ရုံး အိုက်ဇောလ်နှင့် MBSE Regional Office, Lunglei တို့တွင် တင်သွင်းရမည်ဖြစ်ပြီး Registration form ကို MBSE official website www.mbse.edu.in တွင် download လုပ်လို့ရသည်။ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ…

Read More

မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ အာဏာသိမ်းယူခဲ့ပြီးနောက် နိုင်ငံ​ရေးအ​ခြေ​နေ​ကြောင့် မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင် ခိုလှုံလာကြသော စစ်ဘေးရှောင်များအား ညီအကိုရင်းသဖွယ် ကူညီဆောင်ရွက်ပေးသော မီဇိုရမ်အပေါ် ချင်းလူမျိုးကိုယ်စားသော်လည်းကောင်း၊ နိုင်ငံကိုယ်စားသော်လည်းကောင်း အထူးကျေးဇူးတင်ရှိကြောင်း မီဇိုရမ်တွင်ရောက်ရှိနေသည့် ချင်းပြည်နယ် ဝန်ကြီးချုပ်​ဟောင်း ဆလိုင်းလျန်လွယ်က ပြောသည်။ ယနေ့အောက်တိုဘာ ၂၉ ရက်တွင် မီဇိုရမ်ပြည်နယ် အိုက်​ဇောလ်မြို့၌ ကျင်းပပြုလုပ်သည့် (၁၉) ကြိမ်မြောက် Mizo Students’ Union General Conference တွင် Guest of honour အဖြစ် တက်​ရောက်​သော ဆလိုင်းလျန်လွယ်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအခြေအနေမှာ တိတိကျကျ ပြောဆိုလို့မရသေးသည့် အတွက် စိတ်ရှည်ရှည်ဖြင့် စစ်ဘေးရှောင်များအား ဆက်လက်ကူညီပေးကြရန်၊ စစ်ဘေးရှောင်များထဲတွင်လည်း ပြစ်မှုကျူးလွန်မှုများ ရှိလာနိုင်သည့်အတွက် ညီအကိုရင်းသဖွယ် နားလည်ခွင့်လွတ်ပေးကြရန် ဆလိုင်းလျန်လွယ်က တောင်းပန်ပြောဆိုခဲ့သည်။ Mizo Students’ Union ဥက္ကဌ Pu Lalmuanzuala ကလည်း တတ်နိုင်သည့်ဘက်ကနေ စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စစ်ဘေးရှောင်များအား စားနပ်ရိက္ခာပြတ်လတ်ခံမှာမဟုတ်ကြောင်း ပြောသည်။ မီဇိုးလူမျိုးများလည်း စစ်​ရေးပဋိပက္ခ​ကြောင့် ယခင်က မြန်မာနိုင်ငံတွင် အများအပြားထွက်ပြေးတိမ်ရှောင်ခဲ့ရကြောင်း ထိုအချိန်တွင် ချင်းလူမျိုးများက မီဇိုးလူမျိုးများကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးခဲ့သည့်အပေါ် မိမိတို့အနေဖြင့် မမေ့​သေးကြောင်း၊ ယခုအခါ မီဇိုရမ်ရောက် စစ်ဘေးရှောင်များကို ပြန်လည်ကူညီဆောင်ရွက်ပေးခြင်းသည် မိမိတို့၏တာဝန်ဖြစ်သည်ဟု Mizo Students’ Union ဥက္ကဌက ပြောသည်။

Read More

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၁၀ နာရီခန့်က စစ်ကောင်စီမှ မြို့တွင်း နေရာခြောက်နေရာတွင် မီးရှို့ခြင်းကြောင့် လူနေအိမ်အလုံး ၃၀ ကျော် လောင်ကျွမ်းပျက်စီးသွားသည်ဟု ထန်တလန်မြို့ခံတစ်ဦးက ပြောသည်။ “ထန်တလန်ဖက်တော်တော်ဆိုးရွားနေတယ် ဒီမနက် ၁၀ နာရီလောက်ကနေပြီး စစ်ကောင်စီတွေက မြို့မစျေးနီးက CB ဘဏ်ကနေတနေရာ၊ ၁နာရီခွဲမှာအခု TBC ဘုရားကျောင်းအနီးပတ်ဝန်းကျင် ၅ ​နေရာမှာ အိမ်တွေကိုမီးရှို့တယ်။မီးငြိမ်းသတ်တဲ့လူကမရှိဘူး မီးကမငြိမ်းသေးဘူး။ အိမ်က ၂၀-၃၀ ကြား လောင်ကျွမ်းတယ် ဆက်တိုက်လောင်းကျွမ်းမယ့်အခြေအနေမျိုးဖြစ်နေတယ်။” ဟု ထန်တလန်မြို့ ခံတစ်ဦးကပြောသည်။ အဆိုပါမီးလောင်မှုကို မီးငြိမ်သတ်ရန် ပြည်သူများမရှိသည့်အပြင် မီးငြိမ်းသတ်ရန်သွားရောက်မည်ဆို ပါက စစ်ကောင်စီဘက်က ပစ်ခတ်ခံရနိုင်သောကြောင့် မည်သူမှမသွားရဲကြပဲ ဆက်လက်လောင်ကျွမ်းနေဆဲဟုသိရသည်။ ထန်တလန် မြို့မစျေးရပ်ကွက် CB ဘဏ်အနီးရှိ လူနေအိမ်များ မီးစတင်လောင်ကျွမ်းခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် စတင်လောင်းကျွမ်းခဲ့ခြင်းဖြစ်ပြီး မွန်းလွဲပိုင်းမီးလောင်ခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့တို့ကိုယ်တိုင်မှ စတင်မီးရှို့ခဲ့ခြင်းကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထန်တလန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း လူနေအိမ် ၁၉ လုံး မီးလောင်ခဲ့သည့်အပြင် မီးငြိမ်းသတ်ရန်သွားသော ပါစတာတစ်ဦးကိုလည်း စစ်ကောင်စီက ပစ်သတ်ခဲ့ပြီးပြီးနောက် မြို့ခံပြည်သူအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်တွင် ၂ နှစ်နီးပါး စစ်ဘေးခိုလှုံနေကြသော စစ်ဘေးရှောင်ပြည်သူတချို့ကို အောက်တိုဘာလ ၂၆ ရက်မှစတင်ပြီး စစ်ကောင်စီက မိမိနေရပ်သို့ ပြန်ခိုင်းနေပြီဟု အမည်မဖော်လိုသည့် စစ်ဘေးရှောင်စခန်း တာဝန်ခံတစ်ဦးထံမှ သိရသည်။ “တချို့ရွာတွေက ၂၆ ရက်နေ့ကစပြန်ကြပြီ၊ ၉ ရွာပဲ ပြန်အုံးမယ် ပထမဦးစားပေးအနေနဲ့ပြန်ခိုင်းတာ။ ကျန်တဲ့သူတွေက များသေးတယ်။ မပြန်တဲ့သူတွေက ၃ ထောင်ကျော်ကျန်မယ် သူတို့က ပျက်စီးအိမ်နဲ့ ပြုပြင်အိမ်တွေအတွက် သူတို့ထောက်ပံ့ ကြေးမရသေးလို့မလွှတ်သေးတာပါ။ အခုက ပိုက်ဆံရပြီဆိုတော့ ပြန်ဖို့အစီစဉ်ဖြစ်သွားပြီ” စစ်ဘေးရှောင်စခန်း တာဝန်ခံတစ်ဦးက ပြောသည်။ ပလက်ဝမြို့အခြေစိုက် ခလရ ၂၈၉ တပ်ရင်းမှ တပ်ရင်းမှူးက ပလက်ဝမြို့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ စက်တင်ဘာလကုန်ပိုင်းက အစည်းအဝေးခေါ်ယူပြီး နေရပ်ပြန်ရေးကိစ္စပြောဆို ဆွေးနွေးခဲ့ပြီးနောက် ပျက်စီးသွားသည့်နေအိမ်များ ပြန်လည်ဆောက်လုပ်ပြုပြင်ရန် အောက်တိုဘာလ ၁၇ ရက်နေ့က စစ်ဘေးရှောင်အချိူ့ကို ထောက်ပံ့ကြေး စတင်ပေးအပ်ကာ ယခုကဲ့သို့ နေရပ်ပြန်ခိုင်းခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီမှ ပလက်ဝမြို့ စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေပေးရာတွင် နေအိမ်များ ပြန်လည်ပြုပြင်ရန် တစ်အိမ်ထောင်လျှင် ပြုပြင်စရိတ်အဖြစ် ငွေကျပ် ၃၈၆,၀၀၀၊ ပျက်စီးသွားသော နေအိမ်များ အသစ်ပြန်လည် ဆောက်လုပ်ရန် စရိတ်အဖြစ် ၅၈၆,၀၀၀ ကျပ်ဖြင့်ထောက်ပ့ံပေးခဲ့ကြောင်း သိရသည်။ ပလက်ဝမြို့စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီမှ နေအိမ်များဆောက်လုပ်ပြုပြင်ရန်ဟုဆိုကာ ငွေကြေး အနည်းငယ် ထောက်ပံ့ပေးပြီး အိမ်ပြန်ခိုင်းသည့်အပြင် မြေမြုပ်မိုင်းအန္တရာယ်အပါအဝင် လမ်းပန်း ဆက်သွယ်ရေးအခက်ခဲများကြောင့် နေရပ်ပြန် ပြည်သူများစိုးရိမ်မှုများရှိနေသည်ဟု စစ်ဘေးရှောင်တစ်ဦး ကပြောသည်။ “အခုလောလောဆယ်က လမ်းပန်းဆက်သွယ်ရေးလည်းမကောင်းဘူးဆိုတော့ နည်းနည်းတော့ပြောရ ခက်တာပေါ့၊ လမ်းပန်းဆက်သွယ်ရေးမကောင်းဘူးဆိုတော့။ လောလောဆယ် ဘောင်ဝဖက်မှာလည်း…

Read More

Chinland Defense Force – Matupi ရဲ့ ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်မေးမြန်းထားပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်မှာ အာဏသိမ်းစစ်ကောင်စီက စစ်အင်အားတဖြည်းဖြည်းတိုးချဲ့လာနေပြီး ယခုပွင့်လင်းရာသီအတွင်း အရှိန်အဟုတ်နဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေဖြစ်ပွားမှာကို စိုးရိမ်ကြတဲ့အတွက် မတူပီမြို့ပေါ်နဲ့ အနီးနားပတ်ဝန်းကျင်ကျေးရွာက ထောင်နဲ့ချီတဲ့ဒေသခံပြည်သူတွေဟာ မိမိနေရပ်အိုးအိမ်တွေစွန့်ခွါပြီးတော့ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ မတူပီမြို့နယ်ဟာ စစ်ဗျူဟာအခြေချစခန်းတည်ရှိရာမြို့ဖြစ်သလို ခမရ ၃၀၄/ ၁၄၀ တပ်ရင်း၊ ၃၀၉ ထပ်တိုးတပ်ရင်းတွေ အခြေစိုက်ရာဖြစ်တဲ့အပြင် ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီက ပြည်မဘက်ကနေ တပ်အင်အားအလုံးအရင်းနဲ့ တိုးချဲ့လာ နေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး Chinland Defense Force – Matupi ရဲ့ ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး- ခုလက်ရှိ မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခြေအနေကို အရင်ဆုံးပြောပြပေးပါဦး။ ဖြေ- မတူပီမြို့နယ်မှာ စစ်ဘေးရှောင်လူဦးရေတွေက တဖြည်းဖြည်းနဲ့ များလာတယ်။ မင်းတပ်နဲ့ မတူ ပီကြား မတူပီမြို့ရဲ့ အရှေ့ဘက်ပိုင်း ခြန်းပြန်းတို့၊ ဟားတူးတို့၊ မွန်တုန်တို့ကျေးရွာတွေတော်တော်များ များ ပြည်သူတွေကတော့ ရွာတွေမှာ မရှိသလောက်ဖြစ်ပြီ အဲ့ဖက်ကပြည်သူတွေကတော့ တောထဲ တွေမှာ စစ်ဘေးရှောင်တာရှိတယ်။ နီးစပ်ရာ ဆွေမျိုးတွေ ရှိတဲ့ရွာတွေမှာ အတူတကွပူးပေါင််း နေ ထိုင်တာရှိတယ်။ ဒါလက်ရှိ မတူပီမြို့ရဲ့ အရှေ့ဖက်ပိုင်းပေါ့။ အခုမတူပီမြို့ရဲ့ေ မြာက်ဘက်ပိုင်းတော့ ဖနိုင်တောင်ဖက်ကတော့ လောလောဆယ် ဖနိုင်နဲ့ ငလိုင်ဖက်မှာ ပြည်သူတွေမရှိသလောက် ဖြစ်တယ်။ ဒီဖက်ကပြည်သူတွေက နီးစပ်ရာရွာမှာ ပြောင်းရွေ့နေထိုင်တာရှိတယ်။ တချို့က လွတ်မြောက်နယ် မြေကို ထွက်ပြေးတိမ်းရှောင်တဲ့အနေအထားမှာရှိတယ်။ ထိုနည်းတူပဲ မြို့မှာရှိတဲ့ပြည်သူတော်တော် များများလည်း လက်ရှိမှာ…

Read More

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခံထားရသော ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်တွင် စစ် ကောင်စီက ဆန်ရောင်း ဝယ်ခွင့်ကန့်သတ်ထားပြီး ဆန်သယ်ယူမည်ဆိုပါက မင်းတပ်မြို့ထွေအုပ်ရုံးမှတဆင့် တပ်ရင်းမှုးထံတင်ပြကာ ၎င်း၏ ခွင့်ပြုချက်ဖြင့်သာ ဆန်၊ ရိက္ခာများကို မြို့ပေါ်တွင် သယ်ယူခွင့်ပြုသည်ဟု သိရသည်။ “အရင်လို ဆန်တွေ ရောင်းလို့မရသေးဘူး။ မင်းတပ်ကတော့ မာရှာယ်လောထုတ်ထားတော့ သူတို့ အမိန့်အတိုင်း လုပ်ရ တာလေ၊ ဆန်က ဘယ်သူမှ မရောင်းရဲဘူး ရောင်းရင်စစ်တပ်ကဖမ်းမှာ။ စစ်တပ်က တောထဲရောက်မှာစိုးရိမ်တဲ့ အနေအထား အဲ့လိုမျိုးပုံစံဖြစ်တယ်။ အကယ်၍ ဆန်ဝယ်ချင်ရင် ထွေအုပ်ရုံးကိုစာတင်ပြီး ထွေအုပ်က တပ်ရင်းမှုးစီပြန်တင် သူကခွင့်ပြုမှ ဆန်သယ်လို့ရတယ်။” ဟု လက်ရှိ မင်းတပ်မြို့တွင်နေထိုင်သူ တစ်ဦးကပြောသည်။ စစ်ကောင်စီသည် မင်းတပ်မြို့ကို မေလ ၁၃ ရက်နေ့ကတည်းက စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့ပြီးသည့် နောက်ပိုင်းတွင် မင်းတပ်ဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုပြင်းထန်လာကာ စစ်ကောင်စီမှ ဆန်အပါအဝင်၊ အခြားသောရိက္ခာများသယ်ယူခွင့် ကန့်သတ်ထားခြင်းကြောင့် မင်းတပ်မြို့ပေါ်တွင်လည်း ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေခြင်းဖြစ်သည်။ မင်းတပ်မြို့ပေါ်ရှိပြည်သူများသည် ခရလ (၂၇၄) တပ်ရင်းမှုး၏ ခွင့်ပြုချက်ဖြင့်သာ မကွေးတိုင်း ယောနယ်၊ ပခုက္ကူနှင့် ပေါက်တို့တွင် ရိက္ခာများသယ်ယူခွင့်ရှိကြသော်လည်း ဆန်များကို အကန့်အသတ်ဖြင့်ဝယ်ယူရသည့်အပြင် ဓာတ်ဆီများကိုလည်း သယ်ယူခွင့်မပြုကြောင်းနှင့် ကုန်ပစ္စည်းများကို စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများလည်းရှိနေကြောင်းသိရသည်။ မြို့ပေါ်တွင် ဆန်ရောင်းသည့် ကုန်သည်မရှိသောကြောင့် ပြည်သူများသည် မိမိတို့နည်းလမ်းဖြင့် ယောနယ်တို့တွင် သွားရောက်ဝယ်ယူစားသုံးနေရကြောင်းကိုလည်း မင်းတပ်မြို့ မိ/မြို့ဖ တစ်ဦးက ခိုနူမ်းသုန်ကို ပြောသည်။ “အစားအသောက်ကလည်း ဘာမှလောလောဆယ်ကတော့ တရားဝင်ရောင်းတဲ့ကုန်သည်လည်းမရှိ ခွင့်လည်းမပြုကြဘူး။ မြို့ထဲမှာနေတဲ့သူတွေကတော့…

Read More

ဆလိုင်းထန် မြို့ကို ဘယ်တော့မှ စွန့်ခွာမသွားဟု ဆုံးဖြတ်ထားသော်လည်း မတတ်နိုင်တော့သည့်အဆုံး ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရသည်ဟု ထန်တလန်ဒေသခံ အသက် (၄၀) ကျော်အရွယ် ကိုရှန်က ပြောသည်။ “မချမ်းသာသော်လည်း ပျော်ပါသည်” ဟု ဆိုင်းဘုတ်ထောင်ထားသည့် ထန်တလန်မြို့သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ (၄၉၆၂) တွင် တည်ရှိပြီး အေးချမ်းသည့်ဒေသတစ်ခုဖြစ်သော်လည်း ယခုအခါ မြို့ပျက်ကြီးအလား အသွင်ပြောင်းနေပြီဟုလည်း ၎င်းက ပြောသည်။ “အခုတော့ အာဏာရူးတဲ့သူတွေကြောင့် ဘယ်သူမှ မပျော်နိုင်တော့ဘူး” ဟု ကိုရှန်က သူ့ခံစားချက်ကို ပြောပြသည်။ အသက် (၄၀) ကျော်အရွယ်အထိ အေးချမ်းမှုကို ခံစားခဲ့ရသူဖြစ်ပြီး မြို့ကို ချစ်စိတ်ဖြင့် အခြားသူများစွန့်ခွာနေကြသော်လည်း မိမိကတော့ ဖြစ်အောင်နေမည်ဟု စိတ်ကူးကာ မိသားစုဝင်များကိုသာ ဘေးလွတ်ရာ ပို့ဆောင်ခဲ့သည်။ သို့သော် ညဘက်တွင် သေနတ်သံများ မကြာခဏ ကြားရသည့်အပြင် စစ်ကောင်စီအဖွဲ့ဝင်များသည် မြို့တွင်းဝင်ရောက်ကာ နေအိမ်များကို မွှေနှောက်ရှာဖွေခြင်းပြုလုပ်သဖြင့် အသတ်ခံရမည့်အရေးလည်း ရှိနေပြန်သည်။ “ဒါ့အပြင် အရေးကြီးတာက ပြည်သူတွေ ရှိနေရင် CDF တွေအတွက် လုပ်ရကိုင်ရတာ အခက်အခဲ ဖြစ်မယ်ဆိုပြီးတော့ ပထမဆုံးအကြိမ် စစ်ဘေးရှောင်အဖြစ် ရောက်ရှိခဲ့တာပါပဲ” ဟု ကိုရှန်က သူ့အတွေ့အကြုံကို ပြောပြသည်။ အေးချမ်းသည့် ချင်းပြည်နယ်သည် စစ်အာဏာသိမ်းပြီးချိန်မှစ၍ မငြိမ်သက်မှုများ ဖြစ်လာကာ နောက်ဆုံး မြို့ကို စွန့်ခွာ ထွက်ပြေးမှုများလည်း ရှိလာခဲ့သည်။ ချင်းပြည်နယ်၌ ထန်တလန်မြို့သည် ပထမဆုံး ပြည်သူများ စွန့်ခွာထွက်ပြေးရသည့်မြို့တော့ မဟုတ်ပေ။ ပထမဆုံး စွန့်ခွာထွက်ပြေးခံရသည့်မြို့မှာ မင်းတပ်မြို့ဖြစ်ပြီး ဒေသခံများမှာ…

Read More