Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရွာထဲကို ရိက္ခာသွားသယ်သည့် စစ်ဘေးရှောင် ချင်းလူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်

ရွာထဲကို ရိက္ခာသွားသယ်သည့် စစ်ဘေးရှောင် ချင်းလူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်

0
By Editor on April 14, 2022 Khonumthung

ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်ရှိ မှန်တောကျေးရွာမှ စစ်ဘေးရှောင်ချင်းလူငယ် ၃ ဦးသည် ရွာထဲသို့ ရိက္ခာသွားယူနေစဉ် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“သူတို့က တောထဲကနေ ရွာထဲကို ရိက္ခာပြန်ယူတာ စကစတွေလာတာ တယောက်နဲ့တယောက် အချိတ်အ ဆက်မမိကြတာထင်တယ်သူတို့ကိုဖမ်းတာ၊ ရွာထိပ်မှာပဲ သူတို့ ၃ ယောက်စလုံးအသတ်ခံရတာ၊ နှစ်ယောက်က ညီကိုအရင်းတွေ” ဟု မှန်တောဒေသခံတစ်ဦးက ပြောသည်။

အသတ်ခံရသည့် ချင်းလူငယ် ၃ ဦးမှာ Salai Ni Dun Sang (၁၉ နှစ်) Pu Thang Bik (၂၉ နှစ်)နှင့် Pa Lian Thio (၃၁ နှစ်) တို့ ဖြစ်ကြသည်။

၎င်းတို့ ၃ ဦးသည် ရွာထဲသို့ ရိက္ခာပြန်သွားယူသည့်အချိန် ဧပြီလ ၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းနှင့် တိုးမိကာ အဖမ်းခံရခြင်းဖြစ်ပြီး ဧပြီလ ၉ ရက်နေ့တွင် ရွာထိပ်သို့ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

မှန်တောကျေးရွာသည် ကလေးမြို့မှ ၃၅ မိုင်ခန့်ကွာဝေးပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအားလုံးသည် ရွာကိုစွန့်ခွါ၍ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေသည်မှာ ၂ လခန့်ရှိပြီဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.